← Chapters

အခန်း ၁၇၂၂

Vol. 123 Ch. 1722

အခန်း ၁၇၂၂

Vol. 123 Ch. 1722

အခန်း (၁၇၂၂) ထိုက်ရွှီးမူလနတ်ဘုရားက ကောင်းကင်နတ်ဘုရားကိုဖိနှိပ်နိုင်သည့် မဟာတာအိုစူးရှတေးသံ

ရန်ကျောက်ကဲသည် မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ရသေးခြင်း မရှိသေးပေ။ ထို့ကြောင့် သူ၏ အမတချီစွမ်းအားက ကောင်းကင်နတ်ဘုရားတစ်ပါးကို ထိခိုက်နာကျင်အောင် လုပ်နိုင်ရန် ခဲယဉ်းသည်။

သို့ပေသိ ခေါင်းကိုးလုံးပိုးကောင်က ရန်ကျောက်ကဲ၏တိုက်ကွက်တိုင်းကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲပေ။

သူက တိုက်ပွဲအသာစီးရရှိရန်အတွက် ရှိသမျှစွမ်းအားကို အားကုန်သုံးကာ ထုတ်သုံးရဦးမည် ဖြစ်၏။

ရန်ကျောက်ကဲတွင် ကောင်းကင်တက်လှမ်းဗုံနှင့် မူလပရမ်းပတာတူကဲ့သို့သော အမတမှော်ဝင်ပစ္စည်းများ ရှိနေသည်ကို သူ မေ့မထားပေ။

ရန်ကျောက်ကဲသာ သူ၏ခံစစ်စည်းအားလုံးကို ထိုးဖောက်ပြီး မူလပရမ်းပတာတူဖြင့် ရိုက်နှက်ချလိုက်ပါက သူသည်လည်း အရိပ်နတ်ဆိုး၏ခြေရာကို နင်းသွားပေလိမ့်မည်။

သူက အချိန်နှင့်နေရာကို စိတ်ကြိုက်ပြောင်းလဲနိုင်သည့် ကောင်းကင်နတ်ဘုရားစွမ်းအားကို အသုံးပြုပြီး ရန်ကျောက်ကဲ၏ တိုက်ကွက်များကို ရှောင်တိမ်းကာ ပြိုင်ဘက်နှင့် အကွာအဝေးတစ်ခု ဖန်တီးရန် ကြိုးပမ်းလိုက်သည်။

ခေါင်းကိုးလုံးပိုးကောင်က ဗလာနယ်ထဲသို့ လျှင်မြန်စွာ ရှောင်တိမ်းသွားပြီး တစ်ခဏအတွင်းမှာပင် ကိုယ်ပွားအရိပ်ပေါင်းများစွာကို ဖန်ဆင်းလိုက်သည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက ခြေတစ်လှမ်းသာနေခဲ့သည်ပင်။

သူက အမတမှော်ဝင်ပစ္စည်း ဖြစ်သော ကောင်းကင်တက်လှမ်းဗုံအား ဦးခေါင်းထက်သို့ ဆင့်ခေါ်လိုက်သည်။

စွမ်းအားလှိုင်းလုံးများဖြာထွက်နေသော ဗုံကြီးတစ်လုံး ထွက်ပေါ်လာသည့်တိုင် မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိသေးပေ။

မြင်ကွင်းကိုတွေ့သည်နှင့် သူ၏စိတ်ကူးများ အလုပ်ဖြစ်တော့မည် မဟုတ်ကြောင်း ခေါင်းကိုးလုံးပိုးကောင် နားလည်လိုက်သည်။

ကောင်းကင်တက်လှမ်းဗုံက သူ့ကိုတားဆီးထားမည်ဆိုပါက သူနှင့် ရန်ကျောက်ကဲကြား အကွာအဝေးတစ်ခု ဖန်တီးနိုင်တော့မည် မဟုတ်ပေ။

တိုက်ပွဲတွင် ရန်ကျောက်ကဲ၏ အသာစီးရနေမှုကို တားဆီးနိုင်မှသာလျှင် သူ့အနေဖြင့် အရှုံးမှ အနိုင်သို့ပြောင်းလဲရန် အခွင့်အရေးရရှိပေလိမ့်မည်။

ယခုတော့ ရန်ကျောက်ကဲက တိုက်ပွဲအသာစီးရထားပြီး ခေါင်းကိုးလုံးပိုးကောင်အား အနီးကပ်တိုက်ကွက်များဖြင့် ဖိအားပေးနေသည်။

ခေါင်းကိုးလုံးပိုးကောင်၏လက်ထဲတွင် လခြမ်းလှံရှည်ရှိနေသော်လည်း ရန်သူက အလွန်နီးကပ်နေသည်ဖြစ်ရာ ထိုလက်နက်ကို အသုံးပြုရန် ခက်ခဲနေရသည်။

ဟုတ်ပေ၏။

ထိုမဟာနတ်မိစ္ဆာတွင်လည်း ဤစိန်ခေါ်မှုကိုဖြေရှင်းရန် နည်းလမ်းရှိခဲ့သည်ပင်။

မူလက အသွားနှစ်ဖက်ပါသော လခြမ်းလှံရှည်က အလယ်တည့်တည့်မှ နှစ်ပိုင်းကွဲထွက်သွားပြီး လှံတိုနှစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ခေါင်းကိုးလုံးပိုးကောင်က လက်တစ်ဖက်စီတွင် လခြမ်းပုံစံ လှံတိုနှစ်လက်ကို ကိုင်ဆောင်လိုက်သည်။

သူက လက်ထဲမှ ငွေရောင်လှံတိုနှစ်လက်ကို ပေါင်းစပ်ပြီး ပြင်းထန်သော မုန်တိုင်းတစ်ခုဖန်တီးကာ ရန်ကျောက်ကဲအား လမ်းကြောင်းနှစ်ခုမှ ခုတ်ပိုင်းချကာ ပိတ်ဆို့လိုက်သည်။

ရန်ကျောက်ကဲက မလှုပ်ရှားဘဲ နေရာမှာပင် မတ်တတ်ရပ်နေပြီး သူ၏လက်နှစ်ဖက်ဖြင့် ဝင်ရောက်လာသည့် အလင်းတန်းနှစ်ခုအား ဘယ်ညာ တွန်းထုတ်လိုက်သည်။

စကြာဝဠာကိုပင် ဆုတ်ဖြဲပစ်နိုင်သည့် တန်ခိုးစွမ်းအားက ဘေးတစ်ဖက်တစ်ချက်ဆီသို့ ရိုက်ခတ်သွားပြီး ခေါင်းကိုးလုံးပိုးကောင်၏ လခြမ်းလှံတိုနှစ်လက်ကို လွင့်စင်သွားစေသည်။

ကြောက်မက်ဖွယ်ရာ မုန်တိုင်းကြီးမှာလည်း ရုတ်ချည်းပင် ရပ်တန့်သွားရ၏။

လှံတိုများလွင့်စင်ထွက်သွားသည်နှင့် ခေါင်းကိုးလုံးပိုးကောင်၏လက်များ တုန်ယင်သွားပြီး ထိပ်တိုက်တွေ့သည့် စွမ်းအားအရှိန်ကြောင့် ဘေးဘက်သို့ ပြန့်ကားသွားရသည်။

သို့ဖြစ်ရာ ခေါင်းကိုးလုံးပိုး‌ကောင်၏ရင်ဘတ်မှာ ရန်ကျောက်ကဲရှေ့တွင် ထပ်မံ၍ အကာအကွယ်မဲ့ ဖြစ်သွားရပြန်၏။

ဤသည်ကို သတိပြုမိသည်နှင့် နတ်မိစ္ဆာမဟာသူတော်စင်က နောက်ထပ် သိုင်းကွက်တစ်ခု ချက်ချင်းထုတ်ဖော်လိုက်သည့်တိုင် ရန်ကျောက်ကဲက သူ့ထက်ပိုမို မြန်ဆန်နေခဲ့သည်။

ရန်ကျောက်ကဲက ဘေးတစ်ဖက်တစ်ချက်သို့ ရိုက်ထုတ်လိုက်သည့် လက်ဝါးနှစ်ဖက်ကို လက်အုပ်ချီသည့်ပုံစံ အလယ်ဗဟိုတွင် ပြန်လည်စုစည်းလိုက်ပြီး ခေါင်းကိုးလုံးပိုးကောင်၏ ရင်ဘတ်ဆီသို့ ချက်ချင်းပင် ထိုးနှက်တိုက်ခိုက်လိုက်သည်။

သူ၏တိုက်ကွက်က လျှပ်စီးပမာလျှင်မြန်စွာဖြင့် ခေါင်းကိုးလုံးပိုးကောင်ဆီသို့ ဝင်ရောက်လာသည်။ နတ်မိစ္ဆာ မဟာသူတော်စင်မှာ လှံတိုနှစ်လက်ကို ပြန်လည်ဖမ်းဘူပြီး ရင်ဘတ်ရှေ့တွင် အလျှင်အမြန် ကာလိုက်ရသည်။

သို့သော် သူ၏လှုပ်ရှားမှုက ရန်ကျောက်ကဲထက် ခြေတစ်လှမ်းနောက်ကျနေခဲ့သည်။

ကမန်းကတန်းလှုပ်ရှားလိုက်ရခြင်းဖြစ်သဖြင့် သူ၏ခံစစ်က ခိုင်မာမှု မရှိခဲ့ပေ။

ရန်ကျောက်ကဲက လက်သီးနှစ်ချက်ကို ဆက်တိုက် ပစ်သွင်းလိုက်ရာ ပထမလက်သီးချက်က ခေါင်းကိုးလုံးပိုးကောင် ကာကွယ်ရန် အသုံးပြုထားသည့် လခြမ်းလှံတိုနှစ်လက်ကို လွင့်စင်ထွက်သွားစေပြီး နောက်ထပ်လက်သီးချက်ကတော့ ရင်ဝသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

ယခုတစ်ကြိမ်မှာတော့ ခေါင်းကိုးလုံးပိုးကောင်မှာ ခုခံရန် အချိန်မရတော့ပေ။

သူက ချက်ချင်းပင် လှံတိုနှစ်လက်ဖြင့် ရန်ကျောက်ကဲမျက်နှာအား ပစ်ပေါက်ချလိုက်သည်။

ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်အား အသာစောင်းလိုက်ပြီး လမ်ခြမ်းလှံတိုတစ်လက်ကို ရှောင်တိမ်းလိုက်ပြီး ကျန်တစ်လက်ကိုတော့ အခြားလက်တစ်ဖြင့် ပိတ်ဆို့တားဆီးလိုက်သည်။

လှံတိုကိုပိတ်ဆို့လိုက်ရင်းဖြင့်ပင် သူက ခေါင်းကိုးလုံးပိုးကောင်ထံသို့ လက်သီးတစ်ချက် ဆက်လက်ပစ်သွင်းလိုက်၏။

ခေါင်းကိုးလုံးပိုးကောင်၏ ဦးခေါင်း (၉)လုံးနှင့် မျက်လုံး (၁၈)လုံးထဲတွင်မူ ရက်စက်ကြမ်းကြုတ်သော အလင်းရောင်များ တောက်ပသွားသည်။

သူတို့နှစ်ယောက်လုံး ကျယ်လောင်သည့် ဟိန်းဟောက်သံများ ပြုလုပ်လိုက်ကြသည်။

ခေါင်းကိုးလုံးပိုးကောင်က ခန္ဓာကိုယ်ကို မူလအသွင်ပြောင်းလဲလိုက်သည်။ ရန်ကျောက်ကဲရှေ့တွင် အလွန်တရာကြီးမားလှသော ဦးခေါင်းကိုးလုံးရှိသည့် ငှက်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။

ထိုငှက်ကြီး၏ နက်မှောင်သောအတောင်ပံများက မိုးနှင့်မြေတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားသည်။

ဦးခေါင်းကိုးလုံးက တပြိုင်တည်းပင် စူးရှသည့်အော်မြည်သံများ ထုတ်လွှတ်လိုက်ပြီး ၊ ထိုအော်သံကြောင့် ကောင်းကင်ယံမှ ကြယ်တာရာများပင် ကြွေကျလာသည်။

မကြာမီ တိုက်ပွဲမြေပြင်ဆီသို့ ဥက္ကာခဲများက မိုးစက်မိုးပေါက်များပမာ ရွာသွန်းလာတော့၏။

ကောင်းကင်ကိုးထပ်လေပြင်းများသည်လည်း လှုပ်ရှားသောင်းကျန်းလာကာ နတ်မိစ္ဆာမဟာသူတော်စင်၏ တိုက်ခိုက်မှုက ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

ဗလာနယ်ထဲတွင် ပြင်းထန်သောလေပြင်းများ တစ်ခုနှင့်တစ်ခု ယှက်နွယ်သွားပြီး ထူးခြားဆန်းကျယ်ကာ ခန့်မှန်းရခက်သော အင်းသင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ခေါင်းကိုးလုံးပိုးကောင်မှာ အင်းသင်္ကေတ၏ အကူအညီဖြင့် ရန်ကျောက်ကဲ၏ လက်သီးချက်ကို ပိတ်ဆို့တားဆီးလိုက်နိုင်သည်။

ထိုအင်းသင်္ကေတက ကြေမွပျက်စီးသွားပြီး မရေမမတွက်နိုင်သည့် ဓားသွားပမာ လေပြင်းများအဖြစ် ပြောင်းလဲသွားကာ ရန်ကျောက်ကဲအား ဝိုင်းရံပိတ်ဆို့ထားလိုက်သည်။

ဤအခွင့်အရေးကို အသုံးချပြီး ခေါင်းကိုးလုံးပိုးကောင်က ရန်ကျောက်ကဲနှင့် အကွာအဝေးတစ်ခုဆီသို့ လျှင်မြန်စွာ ဆုတ်ခွာသွားသည်။

သို့တိုင် သူ၏ကြိုးစားမှုက အလကားပင် ဖြစ်ခဲ့ရသည်။

ရန်ကျောက်ကဲက ထိုက်ချင်အဆက်အနွယ် ထိပ်တန်းခံစစ်သိုင်းပညာနှစ်ရပ်ကို ပေါင်းစပ်အသုံးပြုလိုက်သည်။

တစ်ချိန်တည်းမှာပင် ယွိချင်အဆက်အနွယ်၏ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်ကို တစ်စုတစ်စည်းတည်း ပေါင်းစည်းလိုက်၏။

ဤသိုင်းပညာရပ်များ၏ပံ့ပိုးမှုဖြင့် ရန်ကျောက်ကဲက ဗလာနယ်ထဲမှ ပြင်းထန်သောမုန်တိုင်းအလယ် ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ခဲ့သည်။

သူက ခေါင်းကိုးလုံးပိုးကောင်အား ပြန်လည်အားမွေးခွင့်မပေးဘဲ တိုက်ကွက်တစ်ခုထပ်မံထုတ်ဖော်ကာ တပ်ကျပ်မကွာ လိုက်လံတိုက်ခိုက်လိုက်သည်။

ခေါင်းကိုးလုံးပိုးကောင်မှ ကန့်သတ်မှုကိုကျော်လွန်ပြီး သနားစဖွယ်အခြေအနေမျိုး ရောက်ရှိနေသည့်တိုင် သူ၏မျက်လုံးများထဲမှာတော့ ကောက်ကျစ်ရစက်သည့် အငွေ့အသက်များ ထင်ကျန်နေသေးသည်။

သူ၏ဦးခေါင်းကိုးလုံးက ရန်ကျောက်ကဲအား ပြင်းထန်သောလေပြင်းများဖြင့် မှုတ်ထုတ်လိုက်သည်။

ဦးခေါင်းရှစ်လုံးက ပုံမှန်အတိုင်းပင် ရှိနေသည့်တိုင် ဦးခေါင်းတစ်လုံးကတော့ ပါးစပ်မှ မီးလျှံများပင် မှုတ်ထုတ်လာသည်။ ထိုမီးလျှံများက ရွှေရောင်နှင့်အနီရောင်ရောစပ်ထားပြီး လှပခမ်းနားသလို စွမ်းအားလည်း ပြင်းထန်လှ၏။

ထိုမီးလျှံက ကနဦးကောင်းကင်မီးအနှစ်သာရဖြစ်ပြီး ကောင်းကင်ကိုးထပ်လေပြင်းနှင့် ပူး‌ပေါင်းတိုက်ခိုက်နိုင်စွမ်း ရှိသည်။ မီးတောက်မီးလျှံများကြောင့် လေက ပိုမိုပြင်းထန်လာပြီး လေပြင်းကြောင့် မီးလျှံက ပိုမိုအားကောင်းလာသည်။

လေနှင့်မီးတို့ ပေါင်းစပ်သွားသည်နှင့် တစ်ခဏအတွင်းမှာပင် ရွှေနီရောင် မီးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ မိုးကောင်းကင်ကိုပင် လောင်ကျွမ်းပြာကျသွားစေသည်။

ထိုမီးလျှံမုန်တိုင်းက အရာအားလုံးကို ဝါးမျိုပစ်တော့မည့်အလား ဗလာနယ်ကို လောင်မြိုက်ပစ်လိုက်သည်။

ရန်ကျောက်ကဲက တိုက်ပွဲအသာစီးရနေပြီး ပြိုင်ဘက်ကို ဖိနှိပ်တိုက်ခိုက်လျှက် အနိုင်ရရန် နီးကပ်နေချိန် ခေါင်းကိုးလုံးပိုးကောင်က ရုတ်တရက် အလှည့်အပြောင်း ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

ထိုခဏတွင် သူက ဝှက်ဖဲကို ထုတ်ဖော်ပြသလိုက်ပြီး တန်ခိုးစွမ်းအားကိုလည်း မြှင့်တင်လိုက်သည်။

သူက ရန်ကျောက်ကဲဘက်မှ ရန်သူကို ခပ်ပေါ့ပေါ့သဘောထားသွားစေရန် စီမံခဲ့ပြီး ၊ နောက်ဆုံးမှ အအေရးပါသော တိုက်ကွက်ကိုထုတ်လွှတ်တိုက်ခိုက်ကာ အောင်ပွဲခံရန် ကြံစည်လိုက်ခြင်းသာပင်။

ကနဦးကောင်းကင်မီးအနှစ်သာရနှင့် ပေါင်းစပ်သွားသော ကောင်းကင်ကိုးထပ်လေပြင်းများက ရေတွက်မရနိုင်သော ရွှေနီရောင်ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲထံသို့ ဝင်ရောက်လာကာ ခုတ်ပိုင်းချလိုက်သည်။

အစောပိုင်းတွင် ရန်ကျောက်ကဲက ခေါင်းကိုးလုံးပိုးကောင်အား ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး ကျရောက်လာသည့်တိုက်ကွက်တိုင်းကို ခံစစ်စွမ်းအား အပြည့်အဝဖြင့် ဖြေရှင်းခဲ့သည်။

ယခုတော့ ရန်သူ၏တိုက်စစ်က အရှိန်အဟုန်တစ်ခုအထိ ပိုမိုမြင့်တက်သွားခဲ့ပေပြီ။

ရန်ကျောက်ကဲအနေဖြင့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ရန်သူများ၏တိုက်ကွက်ဆိုပါက အရေးစိုက်နေမည် မဟုတ်ပေ။

သို့သော် ခေါင်းကိုးလုံးပိုးကောင်က ကောင်းကင်နတ်ဘုရားအဆင့်ရှိနေသူ ဖြစ်၏။

ရန်ကျောက်ကဲက ထိုက်ချင်အဆက်အနွယ် ထိပ်တန်းသိုင်းပညာနှစ်ရပ်ကို ပေါင်းစပ်ပြီး ယွိချင်အဆက်အနွယ် ပညာရပ်များဖြင့် အခြေခံအုတ်မြစ် ခိုင်မာအောင် ပြုလုပ်ထားသည့်တိုင် မုန်တိုင်းပမာ ကျရောက်လာသည့် ရွှေနီ‌ရောင်ဓားသွားများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

ဖန်းယွင်ရှန်း ၊ နီကျားနှင့် အခြားသူများ တာအိုသခင်’လုယာ’ ကို လှည့်ကြည့်လိုက်ကြသည်။

ဟုတ်ပေ၏။

တာအိုသခင်’လုယာ’ က ခေါင်းကိုးလုံးပိုးကောင်အား ကနဦးကောင်းကင်မီးအနှစ်သာရကို တိတ်တဆိတ်ပေးအပ်ထားခဲ့ပြီး သန့်စင်ရန်ကူညီပေးခဲ့သည်မှာ သေချာသလောက်ပင်။

တိုက်ပွဲမစခင်က ခေါင်းကိုးလုံးပိုးကောင် မည်မျှပင် မောက်မာထောင်လွှားသည့်စကားများ ပြောဆိုနေပါစေ သူရော တာအိုသခင်’လုယာ’ ပါ ပြီးပြည့်စုံသည့် ပြင်ဆင်မှုများ မပြုလုပ်ဘဲ ရန်ကျောက်ကဲကို ရင်မဆိုင်ရဲခဲ့ကြပေ။

သူတို့က စိတ်ထဲမှကြိတ်ပြီး ရန်ကျောက်ကဲကို အလွန်အမင်း အလေးဂရုပြုနေခဲ့ကြခြင်း ဖြစ်၏။

အဆုံးသတ်မှာတော့ ထိုနတ်မိစ္ဆာက အလှည့်အပြောင်းတစ်ခု ပြုလုပ်ရန်အတွက် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ပေပြီ။

ခေါင်းကိုးလုံးပိုးကောင်က အတောင်ပံများကိုခတ်ရင်း ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။ ရန်ကျောက်ကဲက တစ်ချက်ပင်‌ ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ခေါင်းကိုးလုံးပိုးကောင်ထံမှ ရွှေနီရောင်ဓားသွားများက မိုးသက်မုန်တိုင်းပမာ ပြင်းထန်စွာကျရေက်လာသည်ကို တွေ့မြင်ရသည့်တိုင် ရန်ကျောက်ကဲက စိုးရိမ်ပူပန်ခြင်းမရှိဘဲ ခဏအတွင်းမှာပင် တုံ့ပြန်လိုက်သည်။

ထိုက်ချင်အဆက်အနွယ် အထွတ်ထိပ်သိုင်းပညာဖြစ်သော ရှန်းထျန်းဝူထိုက်၏ ပြီးပြည့်စုံသည့် ထူးခြားဆန်းကြယ်မှုများအားလုံးကို ထုတ်ဖော်ပြသလိုက်သည်။

ရန်ကျောက်ကဲ၏ပုံရိပ်က အိပ်မက်ဆန်စွာ အတိုင်းအဆမရှိလွင့်မျောသွားပြီး ရုပ်လုံးပျောက်ကွယ်သွားကာ ဖောက်ထွင်းမြင်ရသည့်ပမာ ပြောင်းလဲသွားသည်။

မဟာတာအိုရုပ်ခန္ဓာအား ပြသလိုက်ခြင်းဖြစ်ပြီး ခေါင်းကိုးလုံးပိုးကောင်၏ တိုက်ကွက်များက ရန်ကျောက်ကဲကို ဘာတစ်ခုမှ မထိမှန်ဘဲ ဗလာနယ်ထဲသို့သာ ဝင်ရောက်သွားသည်။

ခေါင်းကိုးလုံးပိုးကောင် ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်းဆုတ်ခွာရန်ဟန်ပြင်လိုက်သော်လည်း ရန်ကျောက်ကဲထံမှ တေးသွားရွတ်ဆိုသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထိုတေးသွားက အလွန်ဆန်းကြယ်ပြီး ခန့်မှန်းရ ခက်လှသည်။

ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ခေါင်းကိုးလုံးပိုးကောင်သည်ပင် ထိုတေးသွားကို အပြည့်အဝနားမလည်နိုင်ခဲ့ပေ။

ထိုတေးသွားက မိုးမြေ မဖြစ်တည်ခင် ကနဦးကာလမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်းကိုသာ မရေမရာဖြင့် ခံစားလိုက်မိ၏။

ထိုတေးသွားကိုကြားသည်နှင့် ခေါင်းကိုးလုံးပိုးကောင် တုန်လှုပ်ချောက်ခြားသွားပြီး စိတ်ဝိညာဉ်နှင့် သိစိတ်သည်လည်း အလွန်အမင်း နှေးကွေးလေးလံသွားသည့်ပမာ ခံစားလိုက်ရသည်။

ဤသည်က ရန်ကျောက်ကဲ၏ မဟာတာအိုစူးရှတေးသံပင် ဖြစ်သည်။

ခေါင်းကိုးလုံးပိုးကောင်ကိုအသာထား ဘေးမှ တိုက်ပွဲကြည့်နေသူများသည်ပင် စိတ်အာရုံများ ပိတ်ဆို့သွားသည့်ပမာ ခံစားလိုက်ကြရသည်။

တစ်ခဏမျှကြာပြီးနောက် လူတိုင်း၏သိစိတ်များ ပြန်လည်ပွင့်လင်းလာသည့်တိုင် အားလုံးက အလွန်အမင်း ထိတ်လန့်အံ့သြသွားကြရသည်။

ထိုက်ရွှီးမူလနတ်ဘုရားများက မိမိတို့ထက် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများကို ဖိနှိပ်ရန် မဟာတာအိုစူးရှတေးသံ အသုံးပြုနိုင်ကြောင်း လူတိုင်းသိရှိထားကြသည်ပင်။

သို့သော် ထိုက်ရွှီးမူလနတ်ဘုရားတစ်ယောက်၏ မဟာတာအိုစူးရှတေးသံက ကောင်းကင်နတ်ဘုရားတစ်ပါးကို ပြန်လည်ဖိနှိပ်နိုင်သည်ဆိုခြင်းကတော့ ယခင်က တစ်ခါမှမရှိဘူးသေးသော မကြုံစဖူး ဖြစ်ရပ်ဆန်းပင် ဖြစ်တော့၏။

All Chapters