← Chapters

အခန်း ၁၇၂၃

Vol. 123 Ch. 1723

အခန်း ၁၇၂၃

Vol. 123 Ch. 1723

အခန်း (၁၇၂၃) ငါရိုက်ပစ်ဖို့အတွက်တော့ မလုံလောက်သေးဘူး

မဟာတာအိုစူးရှတေးသံ ထွက်ပေါ်လာချိန် နေရာတွင်ရှိနေသူတိုင်း အနည်းနှင့်အများဆိုသလို ရိုက်ခတ်ခံလိုက်ရသည်။

ဖန်းယွင်ရှန်း၊ နီကျား၊ တာအိုသခင်'လုယာ' နှင့် မူလစိတ်ဝိညာဉ်နတ်ဆိုးတို့ကိုတော့ မပြောပလောက်အောင်သာ သက်ရောက်မှု ရှိခဲ့သည်။

သို့တိုင် သူတို့က ခေါင်းကိုးလုံးပိုးကောင်ကဲ့သို့ ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းမျိုးမဟုတ်ဘဲ ဘေးနားတွင်ရှိနေကြသဖြင့် ဤမျှသာ ခံစားရခြင်း ဖြစ်၏။

ထို့ကြောင့် တာအိုသခင်'လုယာ' နှင့် မူလစိတ်ဝိညာဉ်နတ်ဆိုးတို့သည်ပင် ဤမဟာတာအိုစူးရှတေးသံကို အလေးအနက်ထားမိလိုက်ကြသည်။

နေရာတွင်ရှိနေသူများအားလုံးက ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူကို ပိုင်ဆိုင်ထားပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာ ရှိသေးသော ရန်ကျောက်ကဲအား တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် စူးစိုက်ကြည့်နေကြသည်။

ဤအခြေအနေက အံ့အားသင့်စရာကိုကျော်လွန်သည့် ထိတ်လန့်ခြောက်ခြားဖွယ်ရာ အခြေအနေ ဖြစ်သည်။

ဘေးကကြည့်နေသူများပင် ဤသို့ခံစားနေရလျှင် ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်နေသည့် ခေါင်းကိုးလုံးပိုးကောင်ကတော့ ပြောနေစရာပင် မလိုတော့ချေ။

ရန်ကျောက်ကဲ၏ မဟာတာအိုရုပ်ခန္ဓာက ခေါင်းကိုးလုံးပိုးကောင်၏ဝှက်ဖဲအား ချေပျက်ပစ်လိုက်ပေပြီ။

ထိုထက် ပိုဆိုးသည်မှာ မဟာတာအိုစူးရှတေးသံ၏ လွှမ်းမိုးမှုကြောင့် ခေါင်းကိုးလုံးပိုးကောင်၏ တုံ့ပြန်မှုမှာ အလွန်နှေးကွေးသွားခြင်း ဖြစ်သည်။

ရန်ကျောက်ကဲက သဏ္ဌန်မဲ့အခြေအနေသို့ ပြောင်းလဲသွားပြီး ရွှေနီရောင် မီးလျှံမုန်တိုင်းများကိုး အတားအဆီးမရှိ ဖြတ်ကျော်သွားခဲ့သည်။

သူက မျက်စိတစ်မှိတ်အတွင်းမှာပင် ခေါင်းကိုးလုံးပိုးကောင်ရှေ့သို့ ရောက်ရှိသွားပြီး ညှာတာမှုကင်းမဲ့စွာဖြင့် ပြိုင်ဘက်အား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ခေါင်းကိုးလုံးပိုးကောင် အချိန်မီ မရှောင်တိမ်းနိုင်တော့သဖြင့် ခန္ဓာကိုယ်ကို အနည်းငယ်စောင်းလိုက်ပြီး လက်ဝါးရိုက်ချက်ကိုခုခံရန် သူ၏အတောင်ပံတစ်ခုကို ပင့်မြှောက်လိုက်ရသည်။

သို့သော် ထိပ်တိုက်ရင်ဆိုင်မိသည့် အချိန်ခဏအတွင်းမှာပင် ရန်ကျောက်ကဲက သူ၏သဏ္ဌန်မဲ့ခန္ဓာကိုယ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ရန်ကျောက်ကဲ၏ပုံရိပ် ပြန်လည်ထင်ဟပ်လာသည်နှင့် ခေါင်းကိုးလုံးပိုးကောင်၏ပုံရိပ်က ဝေဝါးသွားပြီး ဖောက်ထွင်းမြင်နိုင်သည့် သဏ္ဍန်မဲ့ပုံရိပ်တစ်ခုပမာ ပြောင်းလဲသွားသည်။

သူတို့နှစ်ယောက်၏အခြေအနေက တစ်ခဏအတွင်း အပြန်အလှန် လဲလှယ်လိုက်သည့်ပမာ ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲ သဏ္ဌန်မဲ့ခန္ဓာကို ပိုင်ဆိုင်ထားစဉ်က လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်သော်လည်း ခေါင်းကိုးလုံးပိုးကောင် သဏ္ဌန်မဲ့ခန္ဓာအဖြစ် ပြောင်းလဲသွားသည့်အခါ လှုပ်ရှားနိုင်ခြင်းမရှိဘဲ နေရာမှာပင် အေးခဲလျှက် ရပ်တန့်သွားသည်။

သူ၏မျက်ဝန်းများက အသက်ဓာတ်စွမ်းအားများ ဆုံးရှုံးသွားသည့်ပမာ ဝေဝါးမှေးမှိန်သွားသည်။

“ဟင်...”

တာအိုသခင်'လုယာ'၊ မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် အခြားသူများအားလုံး အံ့သြတုန်လှုပ်စွာဖြင့် မြင်ကွင်းကို စူးစိုက်ကြည့်လိုက်ကြသည်။

ခေါင်းကိုးလုံးပိုးကောင်မှ နက်ရှိုင်းနတ်ဘုရားတစ်ပါးအဆင့်သို့ ကျဆင်းသွားပုံရပြီး ရန်ကျောက်ကဲ၏ မဟာတာအို စူးရှတေးသံဖြင့် အပြည့်အဝ ဖိနှိပ်ခံလိုက်ရသည်။

နတ်မိစ္ဆာ မဟာသူတော်စင်မှာ ရှင်းလင်းပြတ်သားသော အသိစိတ်ဖြင့် ဆက်လက်တွေးခေါ်နိုင်ခြင်း မရှိတော့ပေ။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာ ရှိသေးသော ရန်ကျောက်ကဲက ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ခေါင်းကိုးလုံးပိုးကောင်၏ စိတ်ဝိညာဉ်ကို အမှန်တကယ်ပင် ဖိနှိပ်လိုက်ပြီ ဖြစ်၏။

အချိန်ခဏအတွင်းမှာပင် ခေါင်းကိုးလုံးပိုးကောင် သဏ္ဌန်မဲ့အခြေအနေမှ ပြန်လည်လွတ်မြောက်သွားပြီး မူလခန္ဓာကိုယ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

အသက်ကင်းမဲ့နေသည့်မျက်ဝန်းများ တစ်ချက်တုန်ယင်သွားပြီး မကြာမီပင် အသိတရား ပြန်လည်ဝင်ရောက်လာခဲ့သည်။

သို့သော် ထိုမျှတိုတောင်းသည့် အချိန်‌လေးအတွင်းမှာပင် မိုးကောင်းကင်တစ်ခုလုံး ပြည့်နက်နေသည့်ပမာ ကြီးမားလွန်းသော ခေါင်းကိုးလုံးပိုးကောင်ထံသို့ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က ပြင်းထန်စွာ ကျရောက်လာသည်။

ကြီးမားလှသော ဦးခေါင်းကိုးလုံးငှက်ကြီး၏ပုံရိပ်က အစိတ်စိတ်အမွှာမွှာပျက်ဆီးသွားပြီး ပိုမိုသေးငယ်သည့် ခေါင်းကိုးလုံးငှက်တစ်ကောင် ထပ်မံထွက်ပေါ်လာသည်။

ထိုငှက်က ခေါင်းကိုးလုံးပိုးကောင်၏ အစစ်အမှန်ရုပ်ခန္ဓာပင် ဖြစ်၏။

ရန်ကျောက်ကဲက ညာဘက်လက်ဖြင့် ညာလက်ဖြင့် ခေါင်းကိုးလုံးပိုးကောင်၏ အတောင်ပံကို မြဲမြံစွာ ဖမ်းဆုပ်လိုက်ပြီးနောက် ဘယ်လက်ဖြင့် မူလပရမ်းပတာတူကို လွှဲရိုက်ချလိုက်သည်။

ငှက်ကြီး၏ ဦးခေါင်းတစ်လုံးက သွေးချင်းချင်းနီရဲကာ ပျက်ဆီးသွားပြီး ကျန်ဦးခေါင်းရှစ်လုံးက နာကျင်စွာ အော်ညည်းလိုက်သည်။

ရန်ကျောက်ကဲက...

“နောက်တစ်လုံး လာစမ်း”

မူလပရမ်းပတာတူက နောက်တစ်ကြိမ် ထပ်မံကျရောက်လာပြီး ခေါင်းကိုးလုံးပိုးကောင်၏ နောက်ထပ်ဦးခေါင်းတစ်လုံးကို ရိုက်ခွဲပစ်လိုက်ပြန်သည်။

ခေါင်းကိုးလုံးပိုးကောင်မှာ နာကျင်စွာ အော်ဟစ်ရင်း အတင်းအကျပ် ရုန်းကန်နေတော့သည်။

ရန်ကျောက်ကဲကတော့ သူ၏အတောင်ပံကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲပင်။

အပြန်အလှန် တွန်းကန်ဆန့်ကျင်သည့် စွမ်းအားနှစ်ခုကြားတွင် ငှက်မွှေးများက မိုးရေစက်များပမာ တဖွဲဖွဲ လွင့်စင်ကျလာသည်။

ခေါင်းကိုးလုံးပိုးကောင်က အတောင်တစ်ဖက်အပြတ်ခံကာ အတင်းအဓမ္မ ရုန်းထွက်လိုက်ပြီး အမြန်ဆုံး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ဤတိုက်ပွဲက အသက်နှင့်လဲရမည့်တိုက်ပွဲဖြစ်ကြောင်း လက်ခံထားကြသည့်တိုင် လက်ရှိအချိန်မှာတော့ ခေါင်းကိုးလုံးပိုးကောင်အနေဖြင့် ရန်ကျောက်ကဲအား ဆက်လက်ရင်ဆိုင်ရန် သတ္တိမရှိတော့ပေ။

ဟုတ်ပေ၏။

ဤတိုက်ပွဲက အသက်နှင့်ရင်းရသည့် တိုက်ပွဲဖြစ်သည်။

သို့သော် တကယ်တမ်း သေရမည့်သူက ရန်ကျောက်ကဲမဟုတ်ဘဲ သူကိုယ်တိုင် ဖြစ်နေခဲ့သည်။

ခေါင်းကိုးလုံးပိုးကောင်၏ ကြုံးဝါးအော်ဟစ်သံနှင့်အတူ ပြင်းထန်လှသော လေမုန်တိုင်းတစ်ခု တိုက်ခတ်လာသည်။ ထိုလေမုန်တိုင်းက ရန်ကျောက်ကဲ၏ဦးခေါင်းထက်မှ ကောင်းကင်တက်လှမ်းဗုံဆီသို့ ဦးတည်ဝင်ရောက်လာသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်က ရုတ်တရက် တောက်ပလာပြီး ဗလာနယ်ထဲတွင် ပုံရိပ်ယောင်များစွာ ကွဲထွက်သွားသည်။

ခေါင်းကိုးလုံးပိုးကောင်က အချိန်နှင့်နေရာ ဆုံမှတ်တိုင်းတွင် တပြိုင်တည်း တည်ရှိနေသည့်အလား ထင်မှတ်ရ၏။

ရန်ကျောက်ကဲ၏ မျက်ဝန်းအိမ်ထဲတွင်တော့ တောက်ပသည့် အစိမ်းရောင်အင်းသင်္ကေသများ ဆက်တိုက်ထွက်ပေါ်နေပြီး မနားတမ်း လင်းလက်လျှက် ရှိသည်။

သူက ခေါင်းကိုးလုံးပိုးကောင် ပြတ်တောက်သွားသည့် အတောင်ပံကို လွှင့်ပစ်လိုက်ပြီး လက်ထဲမှ အခြားသော ရတနာပစ္စည်းတစ်ခုကို ထပ်မံအသက်သွင်းလိုက်သည်။

ထိုရတနာပစ္စည်းက အလျား (၃)လက်မခန့်သာရှိသော သစ်သားတုတ်တစ်ချောင်း ဖြစ်သည်။ ထိုသစ်သားတုတ်ထက်တွင် သံကွင်း(၃)ကွင်းတပ်ဆင်ထားပြီး ရောင်စုံအလင်းတန်းများ ထွက်ပေါ်လျှက် ရှိ၏။

" ... ရတနာခုနစ်ပါးရွှေရောင်ကြာပန်း "

ထိုပစ္စည်းကိုမြင်သည်နှင့် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူအချို့ မနေနိုင်ဘဲ ရေရွတ်လိုက်မိကြသည်။

ရတနာခုနစ်ပါးရွှေရောင်ကြာပန်းဆိုသည်မှာ ဝန်စူးကောင်းကင်ဘုံအရှင်က ကျင်းကျား ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သော နဂါးချုပ်တိုင်ပင် ဖြစ်သည်။

ရန်ကျောက်ကဲ ကျင်းကျားကို အနိုင်ယူစဉ်က ဤရတနာကို ရယူခဲ့ခြင်း ဖြစ်၏။

တာအိုသခင်'လုယာ' မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထက်တွင် သက်တန့်ရောင်အလင်းတန်းတစ်ခု ခပ်ဖျော့ဖျော့ တောက်ပသွားသည်။

သို့ပေသိ နီကျားက လှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး လေမီးလျှံဘီးများကို နင်းလျက် တာအိုသခင်'လုယာ' ရန်ကျောက်ကဲအား ဝင်ရောက်မတိုက်ခိုက်စေရန် တားဆီးလိုက်သည်။

ကျန်ရှိနေသော နတ်မိစ္ဆာမျိုးနွယ်များ ၊ ငရဲကိုးထပ်မှ နတ်ဆိုးများနှင့် ဗုဒ္ဓဘာသာကိုယ်တော်များကလည်း လှုပ်ရှားရန် ပြင်ဆင်လိုက်ကြသည်။

အင်အားစုများအားလုံးက အချင်းချင်း သဘောထားမတူညီကြသည့်တိုင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၊ ကြာပန်းစိမ်းရတနာအလံနှင့် ရန်ကျောက်ကဲ ကိုယ်တိုင်တို့ကြောင့် သူ့ကိုဆန့်ကျင်ရန်အတွက် အားလုံးပူးပေါင်းလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ဖန်းယွင်ရှန်းနှင့် ဝူတန့်မယ်တော်တို့ကလည်း ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရန် ကြံစည်နေကြသော အင်အားစုများကို တားဆီးရန်အတွက် နီကျားနှင့် ပူးပေါင်းလိုက်ကြ၏။

ရန်ကျောက်ကဲကတော့ ပတ်ဝန်းကျင် အခြေအနေများကို လျစ်လျူရှုထားပုံရသည်။

သူက နဂါးချုပ်တိုင်ကို ပင့်မြှောက်လိုက်ရာ ၊ ထိုတိုင်က ဗလာနယ်ထဲတွင် တဖြည်းဖြည်း ကြီးမားလာသည်။

သစ်သားတိုင်ထက်မှ သံကွင်းငယ် (၃)ခုက ရောင်စုံစက်ဝန်း (၃)ခုအဖြစ်ပြောင်းလဲသွားပြီး ခေါင်းကိုးလုံးပိုးကောင်နောက်သို့လိုက်ကာ အမိအရ ဖမ်းဆီးတော့သည်။

ခေါင်းကိုးလုံးပိုးကောင်၏မျက်လုံးများမှာ ပြုတ်ထွက်လုမတတ် ပြူးကျယ်သွားသော်လည်း ဒဏ်ရာအပြင်းအထန်ရရှိထားသဖြင့် ရှောင်တိမ်းရန် နောက်ကျသွားခဲ့ပေပြီ။

အချုပ်အနှောင် စက်ဝန်းကွင်းများက သူ့ထံသို့ လျှင်မြန်စွာရောက်ရှိလာပြီး ဖမ်းချုပ်လိုက်တော့သည်။

အလင်းကွင်းတစ်ခုက သူ၏လည်ပင်းကိုရစ်ပတ်သွားပြီး ကျန်ရှိသည့် ဦးခေါင်း(၇)လုံးအား လှုပ်ရှားမရအောင် ပြုလုပ်လိုက်သည်။

ဒုတိယကွင်းက သူ၏ခန္ဓာကိုယ်အား ရစ်ပတ်ပိတ်ဆို့လိုက်ပြီး နောက်ဆုံးကွင်းကတော့ သူ၏ခြေထောက်နှင့်လက်များကို ချုပ်နှောင်လိုက်သည်။

ခေါင်းကိုးလုံးပိုးကောင်က အတင်းအကျပ် ရုန်းကန်လိုက်သော်လည်း သူက ရုန်းကန်လေ အလင်းကွင်းများက ပို၍တင်းကျပ်စွာ ဖိနှိပ်ဖျစ်ညှစ်လေ ဖြစ်သည်။

ခဏအတွင်းမှာပင် ရန်ကျောက်ကဲက သူ့နောက်သို့ အမီလိုက်လာပြီး မူလပရမ်းပတာတူကို ဆင့်ခေါ်ကာ ထပ်မံရိုက်ချလိုက်သည်။

“ဘုန်း...”

ကျယ်လောင်သော အသံကြီးနှင့်အတူ ခေါင်းကိုးလုံးပိုးကောင်၏ တတိယမြောက်ဦးခေါင်းမှာ သွေးချင်းချင်းနီရဲကာ ကွဲအက်သွားသည်။

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ငါပြောခဲ့တယ်လေ ၊ ထွက်ပြေးဖို့ မကြိုးစားနဲ့လို့”

ပြောပြီးသည်နှင့် သူက ခေါင်းကိုးလုံးပိုးကောင်၏ဦးခေါင်းများကို တစ်ခုပြီးတစ်ခု မနားတမ်း ဆက်တိုက်ရိုက်ခွဲပစ်လိုက်သည်။

ခေါင်းကိုးလုံးပိုးကောင်၏ ဦးခေါင်းကိုးလုံးစလုံး ကြေမွပျက်ဆီးသွားပါက သေချာပေါက် အသက်ပျောက်သွားမည်ပင်။

ယခု ရန်ကျောက်ကဲက သူ၏ဦးခေါင်း(၄)လုံးကို ဆက်တိုက်ရိုက်ခွဲလိုက်ပြီဖြစ်ရာ ထိုပိုးကောင်မှ သေလုမျောပါး ဖြစ်နေပေပြီ။

ကျန်ရှိနေသော ဦးခေါင်းငါးလုံးမှာလည်း အသက်ရှူပင် မဝကြတော့ပေ။

နဂါးချုပ်တိုင်ဖြင့် ချုပ်နှောင်ထားခြင်း မခံရလျှင်ပင် သူ့အနေဖြင့် ပြန်လည်ခုခံပြီး ထွက်ပြေးရန် အင်အားမရှိတော့ပေ။

ရန်ကျောက်ကဲက သူ့ကို လွှတ်ပေးမည်ဆိုလျှင်တောင်မှ ဒဏ်ရာပြင်းထန်သဖြင့် မကြာမီပင် သေဆုံးသွားရတော့မည် ဖြစ်၏။

တိုက်ပွဲက အနိုင်အရှုံး အပြတ်အသတ် ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့ပေပြီ။

ရန်ကျောက်ကဲက သနားညှာတာမှု လုံးဝမရှိခဲ့ပေ။

သူက...

“မင်းမှာ ဦး‌ခေါင်းတွေ ဘယ်လောက်များများ ငါရိုက်ပစ်ဖို့အတွက်တော့ မလုံလောက်သေးဘူး”

ထို့နောက် သူက နောက်ဆုံးတစ်ကြိမ် တူဖြင့်ထုနှက်လိုက်ပြီး နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်ကို အပြီးတိုင် သတ်ဖြတ်ပစ်လိုက်တော့သည်။

အလယ်ခေတ်တွင် တန်ခိုးသြဇာကြီးမားပြီး ‌သောင်းကျန်းခဲ့သည့် ထင်ရှားကျော်ကြားသော ခေါင်းကိုးလုံးမဟာသူတော်စင်မှာ ယခုတော့ သေဆုံးပျက်ဆီးသွားခဲ့ရပေပြီ။

အဖြူရောင်ကြာပန်းသုခဘုံမှ မျိုးဆက်သစ်ဓားဗုဒ္ဓဖြစ်သော ချွိစု၏ လမ်းစဉ်အတိုင်းပင် နတ်မိစ္ဆာမျိုးနွယ်မှ ခေါင်းကိုးလုံးပိုးကောင်သည်လည်း ရန်ကျောက်ကဲလက်ချက်ဖြင့် အသက်ပျောက်သွားခဲ့ရပေသည်။

အရိပ်နတ်ဆိုးက ရန်ကျောက်ကဲလက်ချက်ဖြင့် ရိုက်နှက်သတ်ဖြတ်ခံလိုက်ရသည့် ခေါင်းကိုးလုံးပိုးကောင်ကိုကြည့်လိုက်ရင်း...

"သူ့လက်ထဲမှာ နဂါးချုပ်တိုင် ရှိနေမယ်လို့ ထင်မထားမိဘူး”

သူက မချိပြုံးပြုံးလိုက်ပြီး...

“တော်သေးတယ်... အဲဒီပစ္စည်းက ငါ့အပေါ် သုံးလို့မရလို့ ၊ မဟုတ်ရင် ငါလည်း လွတ်မြောက်ဖို့ အတော်ခဲယဉ်းမှာပဲ”

“သူနဲ့အဖြူရောင်ကြာပန်းသုခဘုံတို့ကြားက ဆက်ဆံရေးအရဆိုရင် ငှားလာတာတော့ မဖြစ်နိုင်ဘူး ၊ ကြည့်ရတာ ကျင်းကျားလည်း သူ့လက်မှာ သေဆုံးသွားပြီထင်တယ်”

ထိုစကားကိုကြားတော့ မူလစိတ်ဝိညာဉ်နတ်ဆိုးက မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

အစောပိုင်းတွင် သူက ခေါင်းကိုးလုံးပိုးကောင်နှင့် ချွိစုတို့ကို ကူညီရန် ကြံစည်ထားခဲ့ပြီး လျှို့ဝှက်အစီအစဉ်များ ပြုလုပ်ထားခဲ့သေးသည်။

ဤလောကတွင် ပရိယာယ်ဆင်ရာတွင် သူ့ထက်တော်သူ မည်သူမှ မရှိပေ။

နီကျားသည်ပင် မကြာခင်က သူ အကွက်ဆင်ခြင်းကို ခံခဲ့ရသဖြင့် ယခု သူ့ကို သတိကြီးသောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေသည် မဟုတ်လား။

ရန်ကျောက်ကဲကတော့ နီကျားကဲ့သို့ ထင်ရှားသည့်စိတ်ပိုင်းဆိုင်ရာ အားနည်းချက်မျိုးမရှိသဖြင့် မူလစိတ်ဝိညာဉ်နတ်ဆိုးအတွက် လက်ဦးမှုရယူပြီး လှုပ်ရှားရန် မလွယ်ကူလှပေ။

မူလစိတ်ဝိညာဉ်နတ်ဆိုး ခဏမျှ တိတ်ဆိတ်သွားပြီးနောက်...

“ဒီနေ့တော့ အရာရာကို အမြင်ကျယ်ကျယ်နဲ့ တွေ့မြင်ခွင့်ရလိုက်တာပဲ”

All Chapters