အခန်း ၁၇၂၄
Vol. 123 Ch. 1724
အခန်း (၁၇၂၄) သုံးပွဲတိုက် သုံးပွဲအနိုင်ရ
ခဏမျှ စဉ်းစားပြီးနောက် မူလစိတ်ဝိညာဉ်နတ်ဆိုးက ပြတ်သားစွာဖြင့်...
“ဒီကိစ္စကတော့ ဒီမှာတင် ပြီးပြီပေါ့”
အရိပ်နတ်ဆိုးက...
“အခြေအနေကတော့ တကယ်မဟန်ဘူးပဲ ၊ ဒါပေမဲ့ ငါတို့ဘက်က ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ဒါမှမဟုတ် ကြာပန်းစိမ်းရတနာအလံကို မရခဲ့ရင် အနောက်ဘက်သူတော်စင်ဘုံနဲ့ ဘယ်လိုဆက်လုပ်ကြမလဲ”
သူက ဆက်ပြောလိုက်သည်။
“ငါတို့လက်ထဲက ဆင်စွယ်ရောင်တိမ်တိုက်အလံနဲ့ လဲလှယ်လိုက်ဖို့တော့ မဟုတ်လောက်ဘူးမလား”
မူလစိတ်ဝိညာဉ်နတ်ဆိုးက...
“နောက်တစ်နည်း စဉ်းစားကြည့်ကြတာပေါ့”
သူက ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်ပြီး...
“သူက ပြိုင်ဘက်ကင်း ကောင်းကင်ကျမ်းစာအသုံးပြုပြီး မင်းရဲ့ အရိပ်ကိုယ်ပွားပညာကို ဖျက်ဆီးပစ်လိုက်တာကိုက အတော်လေး နားမလည်နိုင်စရာ ကောင်းနေပြီ”
အရိပ်နတ်ဆိုးက ခေါင်းညိတ် အတည်ပြုလိုက်သည်။
ထို့နောက် မူလစိတ်ဝိညာဉ်နတ်ဆိုးက ရန်ကျောက်ကဲအား လက်နှစ်ဆုပ်လျှက် နှုတ်ဆက်လိုက်၏
“လူငယ်ကောင်းကင်ဘုံအရှင်ရဲ့ ဒီနေ့စွမ်းဆောင်ရည်ကို မြင်တွေ့လိုက်ရတာ တန်ဖိုးရှိပါတယ်”
သူက ဆက်ပြောလိုက်သည်။
“ဒီနေ့ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နဲ့ ပတ်သက်တဲ့ကိစ္စက ပြီးဆုံးသွားပြီဆိုတော့ ကျုပ်တို့လည်း ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး ၊ ဒီမှာပဲ နှုတ်ဆက်ခဲ့ပါရစေ ၊ နောက်မှ ပြန်ဆုံကြတာပေါ့”
မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် အရိပ်နတ်ဆိုးတို့ ဦးဆောင်သည့် ငရဲကိုးထပ်မှ ထိပ်တန်းမဟာနတ်ဆိုးများ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီး အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားကြသည်။
မြင်ကွင်းကိုကြည့်ရင်း မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များ သက်ပြင်းချလိုက်ကြသည်။
သူတို့ဖြင့် ယာယီမဟာမိတ်ဖွဲ့ထားသော နတ်ဆိုးအုပ်စု ထွက်ခွာသွားခဲ့ပြီ မဟုတ်ပါလား။
သူတို့အားလုံး လပ်အုပ်ချီလိုက်ကြပြီး..
“အော်မီတော်ဖော်”
ထို့နောက် ဗုဒ္ဓရောင်ခြည်အလင်းတန်းများ ယိမ်းခါလှုပ်ရှားသွားပြီး သုခဘုံမှ ဗုဒ္ဓအားလုံးတို့လည်း ဆုတ်ခွာသွားကြကာ သူတို့ပုံရိပ်များသည်လည်း လေထုထဲတွင် ပျောက်ကွယ်သွားသည်။
အနောက်ဘက်သူတော်စင်ဘုံက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ရှိမည့်နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကလည်း အခြားအဖွဲ့အစည်းများ၏ အာရုံကို လွှဲဖယ်ပေးရန်အတွက် နီကျား၏ စိန်ခေါ်မှုကို လက်ခံခဲ့သည်။
သို့သော် အဆုံးသတ်မှာတော့ သူတို့၏အစိ
နောက်ဆုံးတွင်မူ သူတို့၏အစီအစဉ်မှာ ရေပြင်ပေါ်ရှိ အရိပ်အယောင်တစ်ခုကဲ့သို့သာ ဖြစ်နေခဲ့ပြီး လေထဲမှ ပူဖောင်းတစ်ခုပမာ ပျက်သုဉ်းသွားရရှာသည်။
လက်ရှိတွင် အနောက်ဘက်သူတော်စင်ဘုံတွင် ယန်ကျန်းနှင့် တိုက်ခိုက်နေသည့် မငြိမ်းသောမီးအိမ် ရှေးဟောင်းဗုဒ္ဓ ဘာဖြစ်သွားကြောင်း မသိရသေးပေ။
အကယ်၍ ယန်ကျန်းသာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါက အနောက်ဘက်သူတော်စင်ဘုံအနေဖြင့် မည်သည့်အကျိုးအမြတ်မှ မရရှိဘဲ အရှုံးနှင့်သာ ရင်ဆိုင်ရပေမည်။
တွေးကြည့်ရုံဖြင့်ပင် သူတို့အတွက် စိတ်ဓာတ်ကျစရာ ကောင်းလှသည်။
ရန်ကျောက်ကဲက မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရယ်မောလိုက်ပြီး...
“ဧည့်ဝတ်ကျေပွန်တဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ နောက်တစ်ခါ ပြန်ဆုံကြတာပေါ့”
သူက ဆက်ပြောလိုက်သည်။
“ဘယ်လောက်တောင် အချိန်အခါသင့်လိုက်သလဲ ၊ ဒီတစ်ခေါက် ကျူတောပင်လယ်ကောင်းကင်ဘုံကို ပြန်ရောက်ရင် ကျွန်တော့်ချစ်သူနဲ့ မင်္ဂလာဆောင်တော့မှာ ၊ ဒီကမိတ်ဆွေတွေကိုလည်း စိတ်ရင်းနဲ့ ဖိတ်ကြားလိုက်ပါတယ် ၊ ကျေးဇူးပြုပြီး ငါ့ရဲ့စိတ်ရင်းကို မငြင်းပယ်စေချင်ဘူး”
ထိုအချိန် ဖန်းယွင်ရှန်းက ငြိမ်သက်စွာဖြင့် ရန်ကျောက်ကဲဘေးနားသို့ ရောက်ရှိလာသည်။
သူတို့နှစ်ယောက် ဘေးချင်းယှဉ်ရပ်နေသည်ကို မြင်လိုက်ရသည့်အခါ မူလစိတ်ဝိညာဉ်နတ်ဆိုး ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသူများ တိတ်ဆိတ်ငြိမ်သက်နေမိကြသည်။
ထို့နောက် သူတို့က ဂုဏ်ပြုစကားဆိုလိုက်ကြသည်။
“နှစ်ယောက်လုံးအတွက် ဂုဏ်ပြုပါတယ် ၊ ငါတို့ဘက်က မင်္ဂလာလက်ဖွဲ့တွေ ပို့ပေးလိုက်ပါ့မယ် ၊ ဒါပေမဲ့ မင်္ဂလာပွဲကိုတော့ ကိုယ်တိုင်မတက်ရောက်နိုင်တာ ခွင့်လွှတ်ပေးပါ လူငယ်ကောင်းကင်ဘုံအရှင်”
ထို့နောက် အားလုံး ဗလာနယ်ထဲတွင် ပျောက်ကွယ်သွားကြတော့သည်။
ပွဲသိမ်းသွားပြီ ဖြစ်သည်။
ရန်ကျောက်ကဲက ခေါင်းကိုးလုံးပိုးကောင်၏အလောင်းကို ပြန်ပေးရန် ရည်ရွယ်ချက်မရှိကြောင်း ရိပ်မိသည့်အတွက် တာအိုသခင်'လုယာ'က ပေါ့ပါးစွာ ပြောလိုက်သည်။
“ကျုပ်လည်း မင်းတို့နှစ်ယောက်အတွက် ဂုဏ်ပြုပါတယ် ၊ မင်းပြောသလို ထပ်ဆုံကြတာပေါ့ ၊ အလျင်လိုစရာ မရှိပါဘူး...”
တာအိုဝါဒက လူအင်အားနည်းသယောင် ထင်မှတ်ရသော်လည်း ဤနေရာတွင် ရှိနေသူများက သာမန်လူများ မဟုတ်ကြပေ။
ငရဲကိုးထပ်မှ နတ်ဆိုးများရော လမ်းမှန်ဗုဒ္ဓဘာသာဘက်မှသူများပါ နောက်ဆုတ်သွားကြပြီ ဖြစ်သည်။
တာအိုသခင်'လုယာ' ကဲ့သို့ နတ်မိစ္ဆာမျိုးနွယ်မှ တန်ခိုးစွမ်းအားရှင်များသည်လည်း ဤနေရာတွင် ဆက်နေရန် အစီအစဉ်မရှိတော့ပေ။
ပို၍အရေးကြီးသည်မှာ အခြားသော တာအိုဝါဒ၏ ထိပ်တန်းပုဂ္ဂိုလ်များ အချိန်မရွေး ရောက်လာနိုင်ခြင်းဖြစ်သည်။
အထူးသဖြင့် ယန်ကျန်းနှင့် စောမင်ကျန့်တို့ ရောက်လာနိုင်သည့်အတွက် တာအိုသခင်'လုယာ' က သူတို့ကို သတိထားနေရသည်။
နတ်မိစ္ဆာမျိုးနွယ်များအနေဖြင့် တာအိုဝါဒနှင့် အလုံးစုံစစ်ခင်းရန် အစီအစဉ်မရှိချေ။
ယနေ့ ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ပြီး ချန်စန်းရှင်းဟိုင်က အနောက်ဘက်သူတော်စင်ဘုံထက် ပို၍ဆုံးရှုံးနစ်နာမှု များခဲ့သည်။
နတ်မိစ္ဆာမျိုးနွယ်ဘက်မှ ခေါင်းကိုးလုံး မဟာသူတော်စင်ကို ဆုံးရှုံးခဲ့ပြီး အဖြူရောင်ကြာပန်းသုခဘုံကတော့ ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓနှင့် ချွိစုတို့ကဲ့သို့ ထူးချွန်သူများကို ဆုံးရှုံးခဲ့ရသည်။
အထူးသဖြင့် ချွိစု၏ ကျဆုံးမှုက ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။
အဖြူရောင်ကြာပန်းသုခဘုံမှ ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူများက အမတခုံရုံးထက် လူအင်အား ပိုများနေသေးသော်လည်း အမတခုံရုံးဘက်တွင် အိပ်မက်ကောင်းကင်ဘုံအရှင်’ဝမ်ကွမ်း’ ရှိနေသေးသည်။
ခါတိုင်း ချွိစုက သူ့ကိုတားဆီးပေးခဲ့သည်။
ယခု ချွိစု မရှိတော့သည်ဖြစ်ရာ စစ်ပွဲ၏အလှည့်အပြောင်းမှာလည်း ပြောင်းလဲသွားပေမည်။
တာအိုသခင်'လုယာ'နှင့် ခေါင်းကိုးလုံးပိုးကောင်တို့က ကြာပွင့်ဖြန့်ကျက်ဗုဒ္ဓ သေဆုံးသွားကြောင်း အဖြူရောင်ကြာပန်းသုခဘုံမှတစ်ဆင့် ကြားသိလိုက်ရသည်။
သို့သော် နဂါးချုပ်တိုင် ပျက်ဆီးသွားသလား ၊ ရန်ကျောက်ကဲလက်ထဲ ရောက်ရှိသွားသလားဆိုသည်ကိုတော့ မည်သူမှ မသိရှိကြပေ။
ရန်ကျောက်ကဲနှင့် ကျင်းကျားတို့၏ တိုက်ပွဲသေးစိတ်ကိုလည်း မည်သူမှ သိရှိခဲ့ခြင်း မရှိပေ။
သူတို့က နဂါးချုပ်တိုင် ရန်ကျောက်ကဲလက်ထဲ ရောက်ရှိသွားမည်ကို စိုးရိမ်နေသော်လည်း ရန်ကျောက်ကဲက ဤမျှတိုတောင်းသောအချိန်အတွင်း ဤလက်နက်ကို ပြန်လည်သန့်စင်ပြီး အပြည့်အဝ အသုံးပြုနိုင်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ရန်ကျောက်ကဲ၏ မဟာတာအိုစူးရှတေးသံနှင့် တာအိုခန္ဓာပင် ဖြစ်သည်။
မဟုတ်ပါက နဂါးချုပ်တိုင်တစ်ခုတည်းဖြင့် ခေါင်းကိုးလုံးပိုးကောင်ကို ထိုမျှပြင်းထန်အောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲ ဤမျှကြမ်းကြောင်း ကြိုသိပါက ခေါင်းကိုးလုံးပိုးကောင်အနေဖြင့် အသက်စွန့်ပြီး တိုက်ခိုက်ခဲ့မည် မဟုတ်ပေ။
ပို၍ဆိုးသည်မှာ သူက ရန်ကျောက်ကဲကို အနိုင်ယူရန်အတွက် ကနဦးကောင်းကင် မီးလျှံအနှစ်သာရကို အသုံးပြုမိအောင် ဆွဲဆောင်ခံလိုက်ရခြင်း ဖြစ်၏။
“တာအိုဝါဒရဲ့ ထိုက်ချင်အဆက်အနွယ်မှာ အလားတူ နည်းလမ်းတွေ ရှိပေမယ့်... ရန်ကျောက်ကဲ ရှန်းထျန်းဝူထိုက် ထိုးထွင်းသိမြင်မှုတွေကို သူ့ရဲ့သိုင်းပညာထဲမှာ ပေါင်းစပ်ထည့်သွင်းထားတာပဲ”
တာအိုသခင်’လုယာ’ တွေးတောလိုက်သည်။
“ပြီးတော့ သူ့ရဲ့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာက...”
တာအိုသခင်'လုယာ' က မူလစိတ်ဝိညာဉ်နတ်ဆိုးက အရင်ဆုံးထွက်ခွာသွားခြင်းအပေါ် သံသယရှိနေခဲ့သည်။
သူက စိတ်ထဲမှအတွေးများကို တည်ငြိမ်စေပြီး နတ်မိစ္ဆာအုပ်စုအား အမိန့်ပေးကာ ထိုနေရာမှ ဖြည်းဖြည်းချင်း လူစုခွဲ ထွက်ခွာသွားသည်။
ရန်ကျောက်ကဲနှင့် တာအိုဝါဒဘက်မှလူများက သူတို့ကို လိုက်လံတိုက်ခိုက်ခြင်း မပြုကြပေ။
နီကျားက စိတ်မြန်လက်မြန်ရှိသူဖြစ်၍ အနည်းငယ် မကျေမနပ်ဖြစ်နေသော်လည်း ရန်သူများက သူတို့ကို ဖိအားပေးရန် ခဏမျှ ပူးပေါင်းနေကြခြင်းဖြစ်ကြောင်း သတိပြုလိုက်မိသည်။
ဘာပဲဖြစ်ဖြစ် သူတို့အတွက်တော့ အရှုံးမရှိခဲ့ပေ။
ထို့ပြင် ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကိုလည်း ရရှိပြီးဖြစ်ရာ အကျိုးအမြန်များစွာရနေသဖြင့် နီကျား တိုက်ခိုက်လိုစိတ်ကို ဖိနှိပ်လိုက်သည်။
သူက အနောက်ဘက်သူတော်စင်ဘုံရှိ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ အခြေအနေကိုသာ ပို၍ သိချင်နမိသည်။
ရန်ကျောက်ကဲက နဂါးချုပ်တိုင်နှင့် အခြားရတနာပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး...
“အခွင့်အရေးရှာပြီး ယန်ကျန်းကို သွားတွေ့ကြတာပေါ့”
သူက ဆက်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူ အနောက်ဘက် သူတော်စင်ဘုံမှာပဲ ရှိနေသေးမှာမလား”
ရန်ကျောက်ကဲတို့ ချက်ချင်းပင် ခရီးနှင်လာကြပြီး အနောက်ဘက်သူတော်စင်ဘုံ အပြင်ဘက် ဗလာနယ်ထဲသို့ ရောက်ရှိလာကြသည်။
နီကျားက ရန်ကျောက်ကဲအား လေးစားဟန်ဖြင့် စကားဆိုလိုက်သည်။
“မိတ်ဆွေလေး’ရန်’ က စန်းချင်း(၃)ပါး ကျင့်စဉ်တွေကို တပြိုင်တည်းကျင့်ကြံထားတာ တကယ့်ကို အံ့သြစရာပဲ ၊ ငါ့ကို တကယ်ပဲ အမြင်ကျယ်သွားစေတယ်”
သူက မာနကြီးသူဖြစ်သော်လည်း သူကိုယ်တိုင် ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူကို ရရှိပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင် ရှိစဉ်က အခြေအနေကို ပြန်လည်စဉ်းစားမိပြီး ရန်ကျောက်ကဲ၏အောင်မြင်မှုကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။
နီကျားက အံ့အားသင့်စွာဖြင့်...
“မိတ်ဆွေလေးရဲ့ အရည်အချင်းက အစ်ကိုကြီးယန်ကျန်းရဲ့ ယင်ယန်နက်ရှိုင်းကျင့်စဉ် အထွတ်ထိပ်အဆင့်ထက်တောင် ပိုပြီးသာနေသေးတယ်”
သူက ဆက်ပြောလိုက်သည်။
“အခုဆိုရင် မိတ်ဆွေလေး ကိုယ်တိုင်တီထွင်ဖန်တီးထားတဲ့ ထိပ်တန်းသိုင်းပညာရပ်တွေ ဘယ်လောက်တောင် ရှိနေပြီလဲ”
ယန်ကျန်း၏ ယင်ယန်နက်ရှိုင်းကျင့်စဉ်မှာ သမိုင်းတစ်လျှောက် ဖန်ဆင်းခြင်းနှင့် ပြောင်းလဲခြင်းအတတ်တွင် အထက်မြက်ဆုံး ထိပ်တန်းသိုင်းပညာတစ်ရပ် ဖြစ်သည်။
ထိုပညာရပ်၏ ရုပ်သွင်ပြောင်းလဲနိုင်ခြင်းက မှော်ဆန်လွန်းလှသည်။ ထို့ပြင် တိုက်စစ်စွမ်းအားတွင်လည်း အလွန်ထက်မြက်၏။
ထိုသိုင်းပညာက ရန်သူ၏အားနည်းချက်ကို တိုက်ရိုက်ပစ်မှတ်ထားပြီး မည်သည့်ပတ်ဝန်းကျင်တွင်မဆို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်သည်။
ထိုသိုင်းပညာ အသုံးပြုခြင်းဖြင့် မည်သည့်အခါမှ အရာမထင်ဖြစ်သည်ဟူ၍ မရှိခဲ့ပေ။
ယခင်က နတ်ဘုရားသတ်ဖြတ်ဓားပျံက ယန်ကျန်းအတွက် အားနည်းချက် ဖြစ်ခဲ့သည်။
သို့သော် ယန်ကျန်းက သူ၏တန်ခိုးစွမ်းအားဖြင့် ထိုအားနည်းချက်ကို ဖုံးကွယ်ထားနိုင်ခဲ့သည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် ယန်ကျန်းက အားသာချက်များရှိလာပြီး အားနည်းချက်ကို အနိုင်ယူကာ သူ၏ ဝိညာဉ်စွမ်းအားသည်လည်း ပိုမိုအားကောင်းလာခဲ့သည်။
ယခုဆိုလျှင် သူ့အနေဖြင့် နတ်ဘုရားသုတ်သင်ဓားပျံကိုပင် ကြောက်ရွံ့နေစရာ မလိုတော့ပေ။
ယနေ့ ရန်ကျောက်ကဲ၏တိုက်ပွဲများကို ကြည့်ရှုပြီးနောက် ထိုလူငယ်၏လက်ထဲတွင် ထိပ်တန်းသိုင်းပညာအစုံအလင် ပိုင်ဆိုင်ထားပြီး သိုင်းဟန်များစွာကိုလည်း ကျွမ်းကျင်ပိုင်နိုင်ကြောင်း သိရှိသွားသည်။
အရိပ်နတ်ဆိုး ၊ ချွိစု ၊ ခေါင်းကိုးလုံးပိုးကောင်တို့နှင့် တိုက်ခိုက်ခြင်းများတွင် ရန်ကျောက်ကဲ၏တိုက်ခိုက်ပုံက တစ်ခုနှင့်တစ်ခု တူညီခြင်း မရှိပေ။
နီကျားအနေဖြင့် ရန်ကျောက်ကဲ၏ အားနည်းချက်ကိုပင် ရှာမတွေ့နိုင်ခဲ့သဖြင့် တအံ့တသြ ဖြစ်ခဲ့ရသည်။
ဝူတန့်မယ်တော်ကတော့ အခြားသော ရှုထောင့်တစ်ခုမှနေပြီး စိုးရိမ်စွာဖြင့် မေးမြန်းလိုက်သည်။
“မိတ်ဆွေလေး’ရန်’... မင်းက ကောင်းကင်ကျမ်းစာတွေကို ပြောင်းပြန် ပြန်လေ့လာပြီး ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အောင်မြင်အောင် ကျင့်ကြံလိုက်တာလား”