← Chapters

အခန်း ၁၇၂၆

Vol. 123 Ch. 1726

အခန်း ၁၇၂၆

Vol. 123 Ch. 1726

အခန်း (၁၇၂၆) အတိတ်ကို ပြန်လည်အမှတ်ရခြင်း

ယန်ကျန်းက...

“မတူညီတဲ့ပုံစံနဲ့ ပြန်လည်ပေါ်ပေါက်လာတဲ့ ပြိုင်ဘက်ကင်းကောင်ကင်ကျမ်းစာအတွက် တာအိုဝါဒတစ်ခုလုံးအတွက် ဝမ်းသာစရာပဲ”

သူက ဆက်ပြောလိုက်သည်။

“ငါတို့ရဲ့ဆရာဘိုးဘိုးက ဒီပြိုင်ဘက်ကင်းကောင်းကင်းကျမ်းစာနဲ့ပဲ လောကကို ကျော်လွန်သွားခဲ့တာ ၊ ဒါကြောင့် တာအိုဝါဒမျိုးဆက်သစ်တွေ ဒီလမ်းကိုလျှောက်မယ်ဆိုရင် တာအိုအဓိပတိတွေ အာရုံစိုက်ခံရပြီး ဝိုင်းဝန်းတိုက်ခိုက်တာ ခံရနိုင်တယ် ၊ ဒါပေမဲ့ မိတ်ဆွေလေး’ရန်’ ကတော့ စန်းချင်း(၃)ပါး ပညာရပ်တွေကို ကျင့်ကြံပြီး ကိုယ်ပိုင်လမ်းကြောင်း ‌ဖောက်ထွက်နိုင်ခဲ့တယ် ၊ ဒါကြောင့် ဒီပြဿနာကို ရှောင်လွှဲနိုင်ခဲ့တာ တကယ်ကောင်းတဲ့ကိစ္စပါပဲ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒီအကြောင်းပြောဖို့ကတော့ အခုချိန်မှာ စောလွန်းပါသေးတယ်”

ယန်ကျန်းက...

"အခုချိန်ကတည်းက အနာဂတ်ကို ကြိုမတွေးထားဘူးဆိုရင်၊ တစ်နေ့နေ့မှာ ပြဿနာဖြစ်လာလိမ့်မယ်”

အားလုံးက ခေါင်းညိတ် သဘောတူလိုက်ကြသည်။

တာအိုဝါဒတွင် မွေးဖွားလာကြသူများပီပီ ဤအချက်ကို နက်နက်ရှိုင်းရှိုင်း ခံစားမိကြသည်။

ရန်ကျောက်ကဲသည်လည်း ယန်ကျန်း၏ စကားကို ထောက်ခံလိုက်၏။ သူ၏မျက်နှာသွင်ပြင်က တည်ငြိမ်နေသည့်တိုင် စိတ်ထဲတွင်တော့ လှိုင်းထန်လျှက် ရှိသည်။

သူက နဂိုကတည်းက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့်ပတ်သက်ပြီး သံသယရှိနေခဲ့သူ ဖြစ်သည်။

ထိုစဉ်က သူ့လက်ထဲတွင် သတင်းအချက်အလက် နည်းပါးလွန်းသဖြင့် အရာအားလုံက ဝေဝါးပြီး နားလည်ရခက်နေခဲ့ရသည်။

သူ့လက်ထဲတွင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ရရှိထားသည့် လျှို့ဝှက်ချက်ကို မည်သူ့ကိုမှ ပြောမပြရသည့်အကြောင်းရင်းမှာလည်း ထိုအချက်ကြောင့်ပင် ဖြစ်၏။

နောက်ပိုင်း ရန်ကျောက်ကဲ သတင်းအချက်အလက်များ ပိုမိုရရှိလာသည့်အခါ နှစ်ပေါင်းများစွာ သူ သတိထားနေထိုင်ခဲ့ခြင်းက မှန်ကန်သည့်ရွေးချယ်မှုဖြစ်ကြောင်း သိရှိလိုက်ရသည်။

သို့တိုင် အဖြေများက ပျောက်ဆုံးနေသေးသည်ဖြစ်ရာ သူ့အတွက် နက်နက်နဲနဲ တွေးတောစရာများ ရှိလာသည်။

ယခုနှစ်များအတွင်း လူတိုင်းက ကောင်းကင်ကျမ်းစာ (၉)စောင်ကို စုစည်းနိုင်ရန် မျှော်လင့်ခဲ့ကြသည်။

ထို့ပြင် စန်းချင်း(၃)ပါး ပညာရပ်များကို ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပြိုင်ဘက်ကင်းကောင်ကင်ကျမ်းစာကို ပြန်လည်ထုတ်ဖော် အပြီးသတ်ပေးပြီး အထွတ်ထိပ်အဆင့် ပညာရပ်ကို ဤလောကတွင် ပြန်လည်မိတ်ဆက်ပေးနိုင်ရန် အားလုံးက မျှော်လင့်ကြသည်။

ဤအချက်ကပင် ရန်ကျောက်ကဲကို အံ့အားသင့်စေခဲ့သည်။

အခြားသူများ၏အဆိုအရ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ပျောက်ဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။

ယွမ်စီထျန်းကျွင်း လောကကိုကျော်လွန်သွားပြီးနောက် ကျင့်ကြံသူများအနေဖြင့် ဤအထွတ်ထိပ်သိုင်းပညာကို မကျင့်ကြံနိုင်ခြင်းမဟုတ်ဘဲ ၊ မည်သို့ကျင့်ကြံရမည်ကို မသိရှိတော့ခြင်း ဖြစ်၏။

ဝူတန့်မယ်တော်နှင့် ထိုက်ယီကျန်းရန်ကတော့ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တွင် နေထိုင်သူများ မဟုတ်သည့်အတွက် ချွင်းချက်ဖြစ်နိုင်သည်။

ယန်ကျန်းသည်လည်း မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တွင် ရာထူးနေရာတစ်ခု ရရှိထားသော်လည်း အပြင်ဘက်မှ သူ၏ကိုယ်ပိုင်နေရာမှာပင် နေထိုင်ခဲ့သည်။

သူက ကောင်းကင်ဘုံနန်းတော်၏ တိုက်ရိုက်အမိန့်ကိုမခံယူဘဲ လွတ်လပ်စွာနေထိုင်သူဖြစ်သဖြင့် ကောင်းကင်ဘုံနန်းတော်၏ကိစ္စရပ်များကို များစွာသိရှိခြင်း မရှိပေ။

သို့သော် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့သည်ပင် ရန်ကျောက်ကဲက ဤကောင်းကင်ကျမ်းစာကို မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ သိုင်းကျမ်းစာကြည့်တိုက်မှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိကြဟန်မတူပေ။

သူတို့အားလုံးက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ လုံးဝပျောက်ဆုံးသွားပြီဟု ထင်မှတ်ထားခဲ့ကြသည်။

ထို့ကြောင့် ရန်ကျောက်ကဲက ပြောင်းပြန်လမ်းစဉ်ဖြင့် ဤကျမ်းစာကို အပြီးသတ်ထုတ်ဖော်ပေးနိုင်မည်ဟု အလွန်အကျွန် ယုံကြည်နေကြခြင်း ဖြစ်သည်။

ဤအချက်က အလွန်ပင် သံသယဖြစ်စရာ ကောင်းလှသည်။

ဤအချက်၏ နောက်ကွယ်တွင် မည်သည့်လျှို့ဝှက်ချက် ရှိနေသနည်းဟု ရန်ကျောက်ကဲ တွေးတောမိသည်။

မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တွင် ရာထူးတစ်ခုရရှိထားသည့် နီကျားသည်ပင် ကောင်းကင်ဘုံနန်းတော် သိုင်ကျမ်းစာကြည့်တိုက်တွင် ဤကျမ်းစာရှိနေကြောင်း မသိရှိခဲ့ပေ။

ဤအချက်က အလွန်အံ့အားသင့်စရာကောင်းပြီး ရန်ကျောက်ကဲ၏သံသယကို ပိုမိုခိုင်မာသွားစေသည်။

ဟုတ်ပေ၏။

နီကျား၏စကားများက တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ထက် ပိုမိုယုံကြည်အားထားရသည် မဟုတ်လား။

ရန်ကျောက်ကဲက စိတ်လှုပ်ရှားနေသည့်တိုင် အပြင်ပန်းတွင် တည်ငြိမ်လျှက် ရှိသည်။ အခြားသူများအမြင်တွင် သူ၏တုံ့ပြန်မှုက ပုံမှန်ပင် ဖြစ်နေခဲ့သည်။

နီကျားက...

“ဒါနဲ့ အစ်ကိုကြီး... ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နဲ့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာအပြင် ‌နောက်ထပ် သတင်းကောင်းတစ်ခုလည်း ရှိသေးတယ်”

ယန်ကျန်းက ပြုံးလိုက်ပြီး...

“အိုး... ဟုတ်လား ၊ အမြန်ပြောစမ်းပါဦး”

နီကျားက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ဘက်သို့လှည့်ပြီး မျက်စိတစ်ဖက်မှိတ်ပြလိုက်ရင်း...

“မိတ်ဆွေလေး’ရန်’ နဲ့ ဖန်းယွင်ရှန်းတို့ လက်ထပ်ကြတော့မယ်လေ ၊ အဲဒါက နောက်ထပ် ဝမ်းသာစရာသတင်းကောင်း မဟုတ်ဘူးလား”

ထိုစကားကြားတော့ ယန်ကျန်းက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့အား ချက်ချင်းပင် ဂုဏ်ပြုစကားဆိုလိုက်သည်။

“ဂုဏ်ပြုပါတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီလို လိုက်ဖက်ညီပြီး သိက္ခာနဲ့ပြည့်စုံတဲ့ စုံတွဲရဲ့မင်္ဂလာပွဲကို ငါကိုယ်တိုင် မဖြစ်မနေ တက်ရောက်ရမှာပေါ့”

ရန်ကျောက်ကဲက ယန်ကျန်းကို ပြုံးပြလိုက်ပြီး...

“အခြေအနေတွေက အေးအေးဆေးဆေးမရှိတာနဲ့ မင်္ဂလာပွဲကို မစီစဉ်နိုင်ခဲ့ဘူး ၊ အခုမှ ယွင်ရှန်းအတွက် ပြန်ဖြည့်ဆည်းပေးဖို့ အချိန်ရတာလေ”

ယန်ကျန်းက...

“ဒါဖြင့် ပြန်ကြရအောင် ၊ လမ်းမှာပဲ စကားပြောကြတာပေါ့”

သူက နီကျားကို လှမ်းကြည့်လိုက်ပြီး...

“ငါ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ဒဏ်ရာရအောင်လုပ်လိုက်တယ် ၊ ဒါကြောင့် မင်း သူ့ကို ထပ်စိန်‌ခေါ်လို့ ရမှာမဟုတ်တော့ဘူး ၊ ဒီတော့ သူ့ကို ပြဿနာသွားမရှာသေးဘဲ ခဏလောက် ငြိမ်ငြိမ်နေလိုက်ဦး”

နီကျားက...

“မိတ်ဆွေလေး’ရန်’ နဲ့ ဖန်းယွင်ရှန်းတို့ရဲ့ မင်္ဂလာပွဲပြီးရင်တော့ ကျွန်တော် သူ့ဆီပြန်သွားပြီး ဒုက္ခပေးရဦးမှာပဲ”

သူက ဆက်ပြောလိုက်သည်။

“ပြီးခဲ့တဲ့တိုက်ပွဲမှာ သူ့ရဲ့ ပင်လယ်ငြိမ်သက်ပုလဲတွေကို မသိမ်းယူလိုက်နိုင်တာ တကယ် နှမျောစရာကောင်းတယ် ၊ မဟုတ်ရင် အဲဒီပုလဲတွေကို မင်္ဂလာလက်ဖွဲ့ပေးနိုင်မှာ”

ရန်ကျောက်ကဲက နီကျားကိုလက်ညှိုးထိုးပြီး ပြုံးလျှက် စကားဆိုလိုက်သည်။

“နီကျားပြောတဲ့စကားကို မှတ်ထားလိုက်ပြီနော် ၊ အခုမရှိသေးတာ ကိစ္စမရှိဘူး ၊ နောက်မှပေးလည်း ရတယ်ဆိုတာ မှတ်ထားပေးပါ”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲအား “မနိုင်ဘူး” ဆိုသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

နီကျားကတော့ ရန်ကျောက်ကဲစကားကြောင့် စိတ်အနှောက်အယှက်မဖြစ်သည့်အပြင် ကျေနပ်စွာပင် ပြန်ပြောလိုက်သည်။

“ငါ သေချာပေါက် ဖြည့်ဆည်းပေးမှာပါ”

ထို့နောက် သူတို့အားလုံး ယဉ်ကျေးမှုအရ အနောက်ဘက်သူတော်စင်ဘုံဘက်သို့ လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ကြပြီး တာအိုစကြာဝဠာဆီသို့ ပြန်လာခဲ့ကြသည်။

အနောက်ဘက်သူတော်စင်ဘုံတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ မိုးကြိုးလျှပ်စီးဗုဒ္ဓ ၊ ကွမ်ယင်ဗောဓိသတ္တ ၊ ဖူရှန်ဗောဓိသတ္တ ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များက ရန်ကျောက်ကဲတို့အုပ်စု ထွက်ခွာသွားသည်ကို စကားတစ်ခွန်းမဆိုဘဲ ကြည့်ရှုနေခဲ့ကြသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပုံမှန်အတိုင်းပင် တည်ငြိမ်စွာရှိနေသော်လည်း သူ၏ဦးခေါင်းအနောက်ဘက်ရှိ ပြီးပြည့်စုံသည့် ဗုဒ္ဓရောင်ခြည်အလင်းတန်းကတော့ အချိန်မရွေး ငြိမ်းသတ်သွားတော့မည့်အလား မှိန်ဖျော့လျှက် ရှိသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သက်ပြင်းချလိုက်ရင်း...

“ကံမကောင်းစွာနဲ့ပဲ... အနိုင်ရဖို့ တစ်ကွက်အလိုမှာ လွဲချော်သွားခဲ့ရတယ် ၊ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရှာတွေ့ခဲ့ပေမဲ့ စန်းချင်း(၃)ပါး အဆက်အနွယ်တွေက ကြိုတင်ပြင်ဆင်ထားကြပုံရတယ်”

သူက ဆက်ပြောလိုက်သည်။

"နောက်ဆုံးတော့ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်လည်း စန်းချင်း(၃)ပါး အဆက်အနွယ်တွေ လက်ထဲကိုပဲ ရောက်သွားရပြန်ပြီ"

မဟာဉာဏ်အလင်းဗောဓိသတ္တက...

"ရှေးဟောင်းဗုဒ္ဓရဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုရှိပါသလဲ"

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

“စိုးရိမ်ပေးတဲ့အတွက် ဗောဓိသတ္တကို ကျေးဇူးတင်ပါတယ် ၊ ယန်ကျန်းရဲ့တိုက်ခိုက်မှုက သာမန်တော့ မဟုတ်ဘူး”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အရမ်းကာရော ထိခိုက်သွားတာမျိုးတော့ မရှိပါဘူး ၊ အချိန်အလုံအလောက် ကျန်နေသေးတာပဲလေ”

အခြားသော ဗုဒ္ဓများနှင့် ဗောဓိသတ္တများက ခေါင်းညိတ်လိုက်ကြသည်။

ပြန်လည်မွေးဖွားလာမည့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက လမ်းမှန်ဗုဒ္ဓဘာသာ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နှင့် ကြာပန်းစိမ်းရတနာအလံတို့ကို ရယူရန် ပူးပေါင်းဆောင်ရွက်မှု ပျက်ပြားသွားသည့်အတွက် ငရဲကိုးထပ်အနေဖြင့် အနောက်ဘက်သူတော်စင်ဘုံတွင်ရှိနေသည့် မြေကမ္ဘာနတ်ဆိုး အောင်မြင်စွာ ပြန်လည်မွေးဖွားလာရန်အတွက် အခြားနည်းလမ်း ရှာရတော့မည် ဖြစ်သည်။

ထို့ထက်ပိုသည်မှာ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် သူတို့လက်ထဲသို့ ရောက်ရှိလာခဲ့လျှင်ပင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေဖြင့် ဤကိစ္စကို ခဏမျှ အချိန်ဆွဲထားနိုင်သေးသည်။

သူက ငရဲကိုးထပ်နှင့်ပြုလုပ်သည့် အပေးအယူတွင် ပြောရေးဆိုခွင့်ရှိသူ ဖြစ်လေရာ နောက်တစ်ကြမ် ယှဉ်ပြိုင်မှုက မည်သည့်အချိန်စတင်မည်ကို ထိန်းချုပ်ထားနိုင်သည်။

ဤနည်းဖြင့် သူက ဒဏ်ရာပြန်လည်ကောင်းမွန်ရန် အချိန်ရသွားပေမည်။

ငရဲကိုးထပ်တို့အနေဖြင့် မြေကမ္ဘာနတ်ဆိုး ပြန်လည်မွေးဖွားရန်အတွက် သင့်တော်သည့် အခြားခန္ဓာကိုယ်မျိုးကို ရှာတွေ့သွားခဲ့ပါက အခြေအနေတစ်မျိုး ဖြစ်သွားပေမည်။

သို့သော်လည်း ထိုကဲ့သို့ ဖြစ်လာနိုင်ခြေမှာ အလွန်ပင် နည်းပါးလှသည်။

ယင်ယွီကျန်း၏ အဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း နှစ်ပေါင်း (၄၀၀) ကြာခဲ့ပြီ ဖြစ်သည်။

နတ်ဆိုးတစ်ပါး ပြန်လည်ဝင်စားရန် သင့်တော်သည့် ရုပ်ခန္ဓာပိုင်ရှင်မျိုးမှာ ရာစုနှစ်များစွာအတွင်း ပြန်လည်ထွက်ပေါ်လာရန်ပင် အလွန်ရှားပါးလှသည်။

ထို့ကြောင့် အချိန်တိုအတွင်း သင့်လျော်သည့် ရုပ်ခန္ဓာမျိုး ထပ်မံပေါ်ပေါက်လာရန်မှာ မဖြစ်နိုင်သလောက် နည်းပါးလှသည်။

ချန်ရွှမ်ကျုန်း ၊ ချူးဟွမ်နှင့် ချူးလီလီတို့ကဲ့သို့ အခြေအနေမျိုးကတော့ ရှားပါးလှပြီး သူတို့ကြားမှ အသက်အရွယ်ကွာခြားမှုကိုတော့ ပြောနေစရာ မလိုတော့‌ပေ။

ထိုသို့သာမဟုတ်ပါက အနောက်ဘက်သူတော်စင်ဘုံက ဤမြေကမ္ဘာနတ်ဆိုး ရုပ်ခန္ဓာပိုင်ဆိုင်သူကို အပေးအယူလုပ်ပြီး ငရဲကိုးထပ်အား ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရှာဖွေခိုင်းနိုင်မည် မဟုတ်ပေ။

ဇာတ်လမ်းတစ်ခုလုံး၏ အဓိကအရာက 'ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်' ပင် ဖြစ်သည်။

ဤတိုက်ပွဲတွင် အနောက်ဘက်သူတော်စင်ဘုံက ကြာပန်းစိမ်းရတနာအလံကို ဆုံးရှုံးလိုက်ရပြီး ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကိုလည်း ရယူနိုင်ခြင်းမရှိခဲ့သည့်အပြင် မဟာမာရူယိ ကို ထိန်းချုပ်နိုင်မည့် မိုးကြိုးလက်နက်ကိုပါ အသုံးပြုခဲ့ရသည်။

‌နောက်တစ်ကြိမ် မဟာမာရူယိနှင့် ရင်ဆိုင်ရပါက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ခေါင်းကိုက်ရပေလိမ့်မည်။

ဟုတ်ပေ၏။

နည်းလမ်းပျောက်ဆုံးသွားခြင်းတော့ မဟုတ်ခဲ့ပေ။

အဖြူရောင်ကြာပန်းသုခဘုံနှင့် ချန်စန်းရှင်းဟိုင်တွင် စကြာမုနိသရီရဓာတ်တော် တစ်ခုစီ ရှိနေသေးသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သက်ပြင်းချလိုက်ရင်း...

"မဟာမာရူယိ ပြန်ရောက်လာပြီလား"

ကွမ်ယင်ဗောဓိသတ္တက ခေါင်းခါယမ်းလိုက်ပြီး...

"မရောက်သေးပါဘူး"

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ခဏမျှ တွေးတောလိုက်ပြီး မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။

သူက မဟာဉာဏ်အလင်းဗောဓိသတ္တ ၊ ဖူရှန်ဗောဓိသတ္တနှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်ပြီး...

“ဒီတစ်ခေါက် ကြိုးစားပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်”

မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များက ခေါင်းခါယမ်းလိုက်ကြပြီး...

“ရှေး‌ဟောင်းဗုဒ္ဓက ယဉ်ကျေးလွန်းနေပါပြီ ၊ ကံမကောင်းစွာနဲ့ ငါတို့လည်း ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို ရအောင်မယူနိုင်ခဲ့ဘူး”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်အကြောင်း ဆက်မပြောတော့ဘဲ အခြေားမေးခွန်းတစ်ခု ထုတ်လိုက်သည်။

"လူငယ်ကောင်းကင်ဘုံအရှင် ရန်ကျောက်ကဲက ယွိချင်အဆက်အနွယ်ရဲ့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့ပြီလို့ ဗောဓိသတ္တတို့ပြောတာကို ကြားမိတယ်”

All Chapters