← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈) သူတို့အစီအစဉ်

လှည့်ပတ်ကြံစည်တတ်သည့် လူယုတ်မာများသည်ကား နှစ်စဉ်နှစ်တိုင်း ရှိနေကျဖြစ်သော်လည်း၊ ယခုနှစ်တွင်မူ ပုံမှန်ထက် ပို၍ များပြားနေသကဲ့သို့ ရှိသည်။

ချန်ချင်းယွီသည် ယွမ်ဟောက်ဖုန်းနှင့် လီလင်းလင်းတို့ကို အလွန် ရွံရှာစက်ဆုပ်လှပေသည်။

အထူးသဖြင့် သူမကို ပေါ်ပေါ်ထင်ထင် မျက်စိကျနေသည့် ယွမ်ဟောက်ဖုန်းကြောင့် သူမ သာ၍ပင် ရွံရှာမိ၏။ လူတိုင်း ပိုက်ဆံရှာချင်ကြသည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ အမြဲတမ်း အကွက်ချောင်းနေသည့် မျက်လုံးများဖြင့် သူတစ်ပါးအပေါ် တစ်ဖဝါးမလွတ် တမင်စောင်းကြည့်နေခြင်းမှာမူ အမှန်တကယ် အောက်တန်းကျလွန်းလှသည်။

ချန်ချင်းယွီ ပွင့်လင်းပြတ်သားသူဖြစ်ရာ၊ သူမ စိတ်ထဲမှနေ၍ အကြိမ်ကြိမ်ပင် ကျိန်ဆဲပြီး ဖြစ်၏။

နွေရာသီကျောင်းပိတ်ရက် ရောက်ရှိလာသည်နှင့်အမျှ ချန်ချင်းယွီ၏ လက်ကျန်ကုန်ပစ္စည်းများအားလုံး ရောင်းကုန်သွားခဲ့ပြီ ဖြစ်သည်။ ဤအရာများသည် ဆောင်းတွင်းဝတ်အထည်များ မဟုတ်ဘဲ၊ နှစ်သစ်ကူးပြီးနောက် တောင်ပိုင်းမှ သူမ သွားရောက်ယူဆောင်လာခဲ့သည့် ကုန်ပစ္စည်းများ ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် ဤတစ်ခေါက် ရောင်းရနှုန်းမှာ ပြီးခဲ့သည့်အကြိမ်ထက် အနည်းငယ် နှေးကွေးသော်လည်း၊ ၎င်းမှာ ပုံမှန်သာ ဖြစ်သည်။ ပထမအချက်မှာ ချန်ချင်းယွီသည် လအတော်ကြာအောင် ရောင်းချနိုင်ရန် ပမာဏအမြောက်အမြား ဝယ်ယူခဲ့ခြင်းကြောင့် ဖြစ်၏။ ဒုတိယအချက်မှာ ယခုအခါ ကိုယ်ပိုင်ဈေးသည်လေးများ ပိုမိုများပြားလာသဖြင့် ဝယ်ယူသူများအတွက် ရွေးချယ်စရာ ပိုများလာပြီး အရောင်းသွက်နှုန်းမှာ ယခင်လောက် မမြန်ဆန်တော့ခြင်းကား သဘာဝကျပေသည်။

သို့သော်လည်း ပိုက်ဆံရှာရခြင်းမှာ အလွန်ပင် အကျိုးအမြတ် များပြားနေဆဲ ဖြစ်၏။

ယနေ့ခေတ်ကာလတွင် အဝတ်အထည်လုပ်ငန်းမှရသော အကျိုးအမြတ်မှာ အိမ်ခြံမြေလုပ်ငန်းထက်ပင် သာလွန်နေသေးသည်။

အိမ်ခြံမြေ သို့မဟုတ် ရှေးဟောင်းပစ္စည်းများမှတစ်ဆင့် ပိုက်ဆံရှာရန်မှာ အချိန်ယူရသော်လည်း၊ အဝတ်အထည်

ရောင်းချခြင်းမှာမူ ချက်ချင်းလက်ငင်း အကျိုးအမြတ်ရရှိရန် သေချာစေ၏။

သူမအနေဖြင့် ဆိုင်တစ်ဆိုင် ဖွင့်လှစ်မည့်အစား အဘယ်ကြောင့် လေတိုက်နေပူထဲ၌ လမ်းဘေးဈေးဆိုင်လေး ဖွင့်ထားရသနည်းဟုဆိုလျှင်….

အကြောင်းမှာ လက်ရှိကျင့်သုံးနေသော မူဝါဒမှာ ထိုသို့လုပ်ဆောင်ရန် ပေါ်ပေါ်ထင်ထင် ခွင့်မပြုသေးသောကြောင့် ဖြစ်သည်။ ၁၉၇၉ ခုနှစ်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒအကြောင်း လူအများ ပြောဆိုနေကြသော်လည်း၊ ပတ်ဝန်းကျင် အခြေအနေမှာ တစ်ညတာအတွင်း ပြောင်းလဲသွားနိုင်ခြင်း မရှိဘဲ နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

အစစ်အမှန်နှင့် လုံးဝဥဿုံ ပြောင်းလဲမှုကြီးမှာ အနည်းဆုံး ၁၉၈၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းလောက်ရောက်မှသာ စတင်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ချန်ချင်းယွီသည် လက်ရှိပတ်ဝန်းကျင် အခြေအနေကို ဆန့်ကျင်တော်လှန်ခြင်း မပြုဘဲ၊ တိတ်တဆိတ် ပိုက်ဆံရှာနေရခြင်းကိုသာ သဘောကျနှစ်ခြိုက်နေခဲ့၏။

သူမသည် အစွမ်းထက်လှသည့် စွမ်းအားရှင်တစ်ဦး မဟုတ်သဖြင့် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းကြီး သိရှိနားလည်ထားသည်။

သူမသည် သန်မာသော်လည်း ရေဆန်ကို ဆန်၍ မလှော်ချင်ပေ။

သူမသည် ဤခေတ်ကာလ၏ အကျိုးကျေးဇူးများကို ကောင်းကောင်းကြီး ခံစားရရှိပြီး ဖြစ်၏။

မူလအကြောင်းအရာသို့ ပြန်သွားရလျှင်၊ ချန်ချင်းယွီသည် ဤကုန်ပစ္စည်းအသုတ်ကို ရောင်းချပြီးသည်နှင့် ဆောင်းဦးနှင့် ဆောင်းတွင်းဝတ် အထည်များကို ထပ်မံဖြည့်တင်းရပေမည်။ သူမသည် အလောတကြီး ထွက်ခွာရန် မလိုချေ၊ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်သည် ပိုက်ဆံ၏ကျွန် မဖြစ်သင့်ပေ။ ထိုစကားမျိုးကိုမူ ချမ်းသာသောသူများသာ ရဲရဲဝံ့ဝံ့ ပြောဆိုရဲကြသည်။

ဥပမာအားဖြင့် "ကျွန်မက ပိုက်ဆံကို စိတ်မဝင်စားပါဘူး" ဟု ပြောဆိုသကဲ့သို့ပင်။ ဆင်းရဲသူတစ်ဦး ထိုသို့ပြောလျှင် ခေါင်းမာခြင်းဟု ခေါ်ပြီး၊ ချမ်းသာသူတစ်ဦး ပြောလျှင်မူ... ကဲ... ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် သူမမှာချမ်းသာနေပြီ ဖြစ်၏။

ချန်ချင်းယွီ ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ ပြောရလျှင် သူမသည် လမ်းဘေးဈေးဆိုင် ဖွင့်လှစ်ခဲ့သည်မှာ တစ်နှစ်ခွဲခန့်သာ ရှိသေးသော်လည်း၊ သူမ၏ အိတ်ကပ်ထဲတွင် ဂဏန်းခုနစ်လုံး (သန်းချီ) ရှိနေပြီ ဖြစ်သည်။ ဤသည်မှာ နှစ်သန်းကျော်တန်ဖိုးရှိ၏.. ထို့အပြင် သူမတွင် ရှေးဟောင်းပစ္စည်းများ အပြည့်ထည့်ထားသည့် သံသေတ္တာကြီးတစ်လုံးလည်း ရှိသေးသည်။

အကယ်၍ ထိုပစ္စည်းများဝယ်ယူရန် မသုံးစွဲခဲ့ပါက သူမ၏ စုဆောင်းငွေမှာ သုံးသန်းကျော်အထိ ရှိနေပေလိမ့်မည်။

ဤလုပ်ငန်းသည် မည်မျှအထိ အကျိုးအမြတ်များပြားကြောင်းကို ကောင်းကောင်းကြီး သက်သေပြနေပေသည်။

လတ်တလော၌ ချန်ချင်းယွီ အနားယူနေခဲ့သော်လည်း သူမသည် ငြိမ်ငြိမ်ဆိတ်ဆိတ် နေတတ်သူမျိုး မဟုတ်ပေ။ သူမ စိတ်ထဲတွင် တွေးတောနေခဲ့သော အကြံတစ်ခုရှိကာ… တစ်နှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်မပြောဖြစ်ခဲ့သော ကိစ္စတစ်ခု ရှိသည်။ ယခုမူ သူမသည် ယောက္ခမဖြစ်သူအား နောက်ဆုံးတွင် ဖွင့်ဟပြောဆိုလိုက်လေ၏။

"ဘာပြောလိုက်တယ်... အုတ်ဂူ ရွှေ့ပြောင်းမလို့ ဟုတ်လား"

ချန်ချင်းယွီ ခေါင်းညိတ်ပြလျက်

"ဟုတ်ကဲ့အမေ၊ ကျွန်မ ကျန့်ဝမ်ရဲ့ ဂူကို တောင်ပေါ်က ကျွန်မရဲ့ အဘိုးအဘွားတွေရဲ့ အုတ်ဂူရှိတဲ့နေရာဆီ ရွှေ့ချင်လို့ပါ။"

အဘွားကြီးကျောက်: "..."

"ဘာဖြစ်လို့လဲအေ"

ချန်ချင်းယွီ : "ကျွန်မ အဘိုးအဘွားတွေရဲ့ ဂူနေရာကို အရင်တုန်းက ဖုန်းရွှေဆရာ တစ်ယောက်က ရွေးချယ်ပေးခဲ့တာပါ၊ တကယ့်ကို ကောင်းမွန်တဲ့ ဖုန်းရွှေ မြေနေရာကောင်းတစ်ခု ဖြစ်လို့ပါ။"

ယင်းမှာ လိမ်ညာပြောဆိုနေခြင်း မဟုတ်ပေ… တကယ်ပင် ဖြစ်သည်။

အဘွားကြီးကျောက် : "..."

ချန်ချင်းယွီ : "နောက်ထပ် အကြောင်းပြချက်တစ်ခုကတော့ ကျန့်ဝမ်ရဲ့ လက်ရှိနေရာက တောနက်ကြီးထဲမှာ မဟုတ်ဘဲ လူတွေ ဖြတ်သွားလာနေကြတုန်းပဲလို့ ခံစားရလို့ပါ။ မုဆိုးတွေလည်း တစ်ခါတရံ အဲဒီကို သွားတတ်ကြတော့ တကယ့်ကို နှောင့်ယှက်မှုတွေ များလွန်းတယ်လို့ ထင်မိလို့ပါ။ အကယ်၍ ရွှေ့လိုက်မယ်ဆိုရင် ကျွန်မအတွက်လည်း ပိုပြီး အဆင်ပြေသွားမှာပါ။ ဂူတစ်ခုကို ဒီအတိုင်း စိတ်ထင်တိုင်း လျှောက်ရွှေ့ဖို့ မသင့်တော်ဘူးဆိုတာ သိပေမဲ့၊ ကောင်းကောင်းမွန်မွန် ကိုင်တွယ်ပေးနိုင်မယ့် ကျွမ်းကျင်သူတစ်ယောက်ကို ရှာပြီး လုပ်လို့ရတာပဲလေ။ ပြောင်းလဲလိုက်တာက တကယ့်ကို အရာအားလုံးကို ပိုပြီး လွယ်ကူသွားစေပါလိမ့်မယ်။"

အဘွားကြီးကျောက် ခဏမျှ တွေးတောပြီးနောက် ပြတ်ပြတ်သားသားပင်

"ငါ ညည်းစကားအတိုင်း နားထောင်ပါ့မယ်။ ဒါပေမဲ့ ငါ့ယောက်ျားအိုကြီးရဲ့ ဂူကိုပါ အဲဒီကို တစ်ပါတည်း ရွှေ့လိုက်ကြရအောင်၊ ဒါမှ နေရာနှစ်ခုကို ဟိုပြေးဒီပြေး သွားနေစရာ မလိုတော့ဘူးပေါ့။ ဒါ့အပြင် ညည်းယောက္ခမရဲ့ လက်ရှိ မြေချထားတဲ့နေရာက မကောင်းဘူးလို့လည်း ငါသံသယဝင်မိတယ်၊ မဟုတ်ရင် ဘာလို့ သူ့သားအပေါ် အကျိုးမပြုရတာလဲ"

ချန်ချင်းယွီ : "..."

အဘွားကြီးကျောက်မှာ စကားပြောရ အလွန်လွယ်ကူလှပေသည်။

သို့သော် အဓိကမှာ ချန်ချင်းယွီ၏ စကားများ အဓိပ္ပာယ်ရှိသည်ကို အဘွားကြီးကျောက် သိနားလည်သောကြောင့် ဖြစ်၏။

ကျေးလက်တောရွာများမှ မြို့ပေါ်သို့ ပြန်လာကြသူများ ပိုမိုများပြားလာသည်နှင့်အမျှ အလုပ်လက်မဲ့ဖြစ်သူများလည်း များပြားလာပြီး၊ လမ်းမများပေါ်တွင် လေလွင့်နေသူများနှင့် မြို့ဆင်ခြေဖုံးများသို့ တောလိုက်ထွက်သူများ သာ၍ပင် များပြားလာခဲ့သည်။ လူအများစုမှာ သုသာန်အုတ်ဂူများကို ရှောင်ကြဉ်အပ်သော အရာအဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်သော်လည်း၊ ပရမ်းပတာ လုပ်တတ်သော ဒုက္ခပေးသူများကား အမြဲတမ်း ရှိနေတတ်၏။

၎င်းတို့သည် တကယ်ပင် သေလွန်သူတို့၏ အေးချမ်းဆိတ်ငြိမ်မှုကို နှောင့်ယှက်ဖျက်ဆီးကြသည်။

ထို့ကြောင့် ချန်ချင်းယွီ စတင်ပြောဆိုလာသောအခါ အဘွားကြီးကျောက် သဘာဝကျစွာပင် သဘောတူခဲ့ခြင်း ဖြစ်၏။

"ဒါဆိုရင် ညည်းကော ဘယ်လိုထင်လဲ..."

ချန်ချင်းယွီ : "ဘယ်နေ့က ပိုကောင်းမလဲဆိုတာကို ကျွန်မ သွားပြီး စုံစမ်းမေးမြန်းကြည့်ပါဦးမယ်၊ ဒါပေမဲ့ တစ္ဆေပွဲတော်က မကြာခင် ရောက်တော့မှာဆိုတော့ လပြည့်နေ့ (၇ လပိုင်း ၁၅ ရက်နေ့) မှာတော့ အုတ်ဂူကို သေချာပေါက် ရွှေ့လို့မရဘူး၊ အဲဒါက မသင့်တော်ဘူးထင်တယ်"

"လုံးဝ မဖြစ်ဘူး။"

အဘွားကြီးကျောက် : "တစ္ဆေပွဲတော်နေ့ကိုတော့ လုံးဝ ရွေးလို့မဖြစ်ဘူး၊ အဲဒီနေ့က စိတ်ထင်တိုင်း လျှောက်ပြောင်းရမယ့် နေ့ရက်မျိုး မဟုတ်ဘူး"

ချန်ချင်းယွီ ခေါင်းညိတ်ပြလျက်

"ကျွန်မ သိပါတယ်"

"ဒါဆို တို့တွေ ဂူရွှေ့တဲ့ အထိမ်းအမှတ်အနေနဲ့ လူတိုင်းကို ထမင်းကျွေးဖို့ လိုမလား။"

ချန်ချင်းယွီ ခေါင်းခါပြကာ

"မလိုပါဘူး၊ ဒီလိုကိစ္စတွေကိုတော့ တိတ်တဆိတ်ပဲ ပြီးသွားစေချင်ပါတယ်"

"ညည်း သဘောအတိုင်းပဲ လုပ်ပါအေ။"

ယောက္ခမနှင့် ချွေးမ နှစ်ဦးစလုံး သဘောတူညီမှု ရရှိသွားကြပြီးနောက်၊ ချန်ချင်းယွီ ချက်ချင်းပင် အလုပ်ရှုပ်သွားတော့သည်။

ချန်ချင်းယွီသည် ဝင်းထဲ၌ လက်ချိုးရေတွက်နိုင်လောက်သော ချမ်းသာသူများထဲမှ တစ်ဦး ဖြစ်နေသည်ကို ထည့်တွက်လျှင်… သူမ မည်မျှအထိ ပိုက်ဆံရှာနိုင်သည်ကို မည်သူမျှ သေသေချာချာ မသိကြသော်ငြား၊ သူမသည် သေချာပေါက် ချမ်းသာကြွယ်ဝသော လူစုထဲတွင် ပါဝင်နေ၏။

ချန်ချင်းယွီ၊ ချိုက်မင်မင်နှင့် ရှောင်ထောင်းတို့သည် ပထမဆုံး စတင်၍ လမ်းဘေးဈေးဆိုင် ဖွင့်လှစ်ခဲ့ကြသူများ ဖြစ်ကြသဖြင့် ၎င်းတို့၏ ဝင်ငွေမှာ အခြားသူများထက် သေချာပေါက် ပိုမိုကောင်းမွန်ပေသည်။ လူအများမှာ ယခင်၌ ကောင်းကောင်းနားမလည်ခဲ့ကြသော်လည်း၊ ယွမ်ဟောက်ဖုန်းနှင့် အခြားသူများမှာ အလုပ်မှ ထုတ်ပယ်ခံရပြီးနောက် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်လာကြသဖြင့် ၎င်းတို့လည်း သဘာဝကျစွာပင် သိရှိသွားကြ၏။

သူမ မည်မျှအထိ ပိုက်ဆံရရှိမည်ကို သေသေချာချာ မသိနိုင်သော်လည်း၊ ပိုက်ဆံရရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။ ယောက္ခမ မာကျန့်ယီ၏ နောက်ခံရှိသော မိသားစုကြီးဖြစ်သည့် ချိုက်မင်မင်နှင့် ယောကျ်ားသား အများစုရှိသော မိသားစုကြီးဖြစ်သည့် ရှောင်ထောင်းတို့နှင့် နှိုင်းယှဉ်လျှင်၊ ချန်ချင်းယွီသည် တကယ်ပင် အနိုင်ကျင့်ရန် သို့မဟုတ် အမြတ်ထုတ်ရန် အလွယ်ကူဆုံး ပစ်မှတ်တစ်ခု ဖြစ်နေ၏။

အဘွားကြီးကျောက် မည်မျှပင် အစွမ်းထက်၊ ကြမ်းတမ်းပါစေ… လက်တွေ့အခြေအနေမှာ ထိုသို့ပင် ဖြစ်သည်။

ထို့ကြောင့်ပင် အခြားသူများမှ ပညာရပ်တစ်ခုခုကို သင်ယူလိုလျှင်ပင် ချန်ချင်းယွီကိုသာ တမင်စောင်းကြည့် မျက်စိကျနေကြခြင်း ဖြစ်ပြီး၊

အခြားမည်သူ့ကိုမျှ မကြည့်ကြချေ။

သို့သော်လည်း ချန်ချင်းယွီသည် ပုံမှန်လမ်းစဉ်အတိုင်း မလျှောက်လှမ်းပေ။ သူမသည် ကုန်ပစ္စည်းများအားလုံး ရောင်းကုန်သွားခဲ့ပြီ ဖြစ်သော်လည်း၊ ကုန်ပစ္စည်းများ ထပ်မံဖြည့်တင်းရန်အတွက် ထွက်ခွာခြင်း မရှိသေးချေ။

မကြာသေးမီအတွင်း ချန်ချင်းယွီ၏ အဝင်အထွက် အသွားအလာများမှာ အိမ်နီးနားချင်းများကို အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားစေသည်။ တစ်နေ့သော မွန်းလွဲပိုင်းအချိန်၌ လူတိုင်း ဝင်းထဲတွင် ထိုင်ကာ စကားစမြည်ပြောရင်း အပူရှောင်နေကြစဉ်၊ ပိုင်ဖုန်းရှန်းသည် ချန်ချင်းယွီတစ်ယောက် အဝတ်ဖြူထုပ်တစ်ထုပ်ကို သယ်ဆောင်လာသည်ကို မြင်တွေ့သွားသဖြင့် အံ့အားသင့်စွာ မေးမြန်းလိုက်၏။

"ချင်းယွီလေး... ညည်း ဒီရက်ပိုင်း ဘာတွေအလုပ်ရှုပ်နေတာလဲ။ ညည်းနဲ့ ညည်းယောက္ခမ နှစ်ယောက်တည်းပဲ အလုပ်လုပ်နေကြသလိုပဲနော်"

ချန်ချင်းယွီ ခပ်ပါးပါး ပြုံးလိုက်ရင်း

"ကျွန်မတို့အိမ်က အုတ်ဂူရွှေ့မလို့ပါ ဒေါ်လေး၊ အဲဒါတွေအတွက် တိုင်ပင်ပြင်ဆင်နေကြတာပါ"

"ဘာပြောတယ်..."

ချန်ချင်းယွီ : "အုတ်ဂူရွှေ့မလို့ပါ။"

လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လုံးဝကို နားမလည်နိုင်အောင် ဖြစ်သွားကြသည်။

ချန်ချင်းယွီမှာမူ ဘာမှမဖြစ်သကဲ့သို့ အေးဆေးစွာဖြင့်ပင်

"ဒေါ်လေးတို့ ဆက်ပြောကြဦးလေ၊ ကျွန်မတို့ အလုပ်များနေလို့"

အမှန်အတိုင်း ပြောရလျှင် အုတ်ဂူရွှေ့ပြောင်းမည့်အကြောင်း ပြောဆိုလိုက်ခြင်းမှာ မလွဲမသွေပင် ပြီးခဲ့သည့်နှစ်မှ သရဲတစ္ဆေဇာတ်လမ်းကို ပြန်လည်အမှတ်ရသွားစေ၏။ ထူးဆန်းသည်မှာ ချန်ရိကျွင်း သေဆုံးသွားပြီးကတည်းက သရဲတစ္ဆေကောလာဟလများ ထပ်မံထွက်ပေါ်မလာတော့ခြင်းပင် ဖြစ်သည်။

သို့သော်လည်း ထိုကောလာဟလများ မရှိတော့သည့်တိုင်အောင်၊ တစ္ဆေများ ထပ်မံပေါ်မလာတော့ခြင်းကြောင့်ပင် လူတိုင်း သရဲတစ္ဆေ တကယ်ရှိသည်ဟု ပိုမိုစွဲမြဲစွာ ယုံကြည်သွားကြ၏။

ဒါက သေချာပေါက် ကံကြမ္မာရဲ့ လက်စားချေမှုပဲ ….

ဘာပဲဖြစ်ဖြစ် ချန်ရိကျွင်း၏ တကယ့်ရုပ်ဆိုးအကျည်းတန်လှသော သရုပ်မှန် ပေါ်သွားခဲ့ပြီ မဟုတ်လော။

သို့ရာတွင် ချန်ချင်းယွီ ရုတ်တရက် အုတ်ဂူရွှေ့မည့်သတင်းကို ပြောပြလိုက်သောအခါ လူတိုင်း ထိုအကြောင်းကို ပြန်လည်တွေးတောမိသွားကြသည်။

"သေပြီးသားလူ အေးအေးချမ်းချမ်း သင်္ဂြိုဟ်ထားတာကိုပဲ၊ သူမက ဘာလို့ ဒီလောက်တောင် ပြာယာခတ်ပြီး ကမောက်ကမတွေ လျှောက်လုပ်နေရတာလဲ"

အဘွားကြီးဝမ် နှာခေါင်းရှုံ့လျက် ခနဲ့လိုက်သည်။

သူမမှာ ပိုက်ဆံ ပြတ်လပ်သွားကတည်းက ယခင်ကဲ့သို့ မာန်တက်မနေနိုင်တော့ကာ အတင်းအဖျင်းပြောတတ်သော အဘွားကြီးတစ်ဦး ဖြစ်သွားခဲ့ရ၏။

ရှီကျန့်ရှန်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး

"တောက်... တောက်... တောက်။ ညည်း သေချင်ရင် တစ်ယောက်တည်း သွားသေစမ်းပါ၊ ငါ့ကို လာပြီး ဆွဲမထည့်နဲ့။ 'ကမောက်ကမတွေ လျှောက်လုပ်နေရတာလဲ' ဆိုတာ ဘာစကားလဲ။ အဲဒီလို လျှောက်မပြောနဲ့"

အဘွားကြီးဝမ် : "ညည်း... ညည်းကတော့ တကယ့် လူဆန်းပဲ..."

ရှီကျန့်ရှန်းသည် သရဲတစ္ဆေများကို အယုံကြည်ဆုံးဖြစ်ရာ

"ချင်းယွီလေးတို့က ဒါကိုလုပ်ဖို့ သူတို့မှာ အကြောင်းပြချက် ရှိလို့ပေါ့၊ ငါကတော့ ဒါက အဆင်ပြေပါတယ်လို့ ထင်တယ်"

အခြားသူများ: "..."

ပိုင်ဖုန်းရှန်း : "ညည်း... ညည်း သရဲကြောက်လို့မလား"

ရှီကျန့်ရှန်း : "ညည်းတို့ကော မကြောက်ကြဘူးလား။ ဘာပဲဖြစ်ဖြစ် ညည်းတို့ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ ငါကတော့ ကြောက်တယ်။ ချန်ရိကျွင်းတောင် သရဲမြင်ပြီးမှ သေသွားတာလေ။ သူတွေ့ခဲ့တဲ့ သရဲက ဘယ်သူလဲ။ ချန်ချင်းယွီရဲ့ အမေအရင်းပဲဥစ္စာ။ အမေဖြစ်သူက သမီးကို ကာကွယ်ပေးမှာပေါ့။ ဒီလို နမိတ်မကောင်းတဲ့ စကားမျိုးတွေကို ဆက်မပြောကြပါနဲ့တော့။"

အခြားသူများ : "..."

ပိုင်ဖုန်းရှန်း : "ငါတို့လည်း ဘာမှ မပြောပါဘူးအေ၊ ဒီလောက်အထိလည်း စိတ်မလှုပ်ရှားစမ်းပါနဲ့။"

နွေရာသီ၏ အလယ်ဗဟို ပူပြင်းလှသောအချိန် ဖြစ်သော်လည်း၊ ရှီကျန့်ရှန်း၏ စကားများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူးဆန်းစွာ အေးစိမ့်သွားသည့်နှယ် ခံစားလိုက်ရ၏။ လျှပ်စစ်ပန်ကာကို မဖွင့်ထားလျှင်ပင် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထကာ ချမ်းစိမ့်စိမ့် ဖြစ်သွားရသည်။

ရှီကျန့်ရှန်း : "ငါက ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။ ငါက ဒုတိယဝင်းထဲမှာ နေတာလေ။ ဘာပဲဖြစ်ဖြစ် ညည်းတို့ကတော့ နားလည်မှာ မဟုတ်ပါဘူး။ ချင်းယွီလေးက သူမ သဘောနဲ့သူ ဒါကိုလုပ်နေတာပဲ၊ တို့တွေ ထပ်ပြီး မပြောကြရအောင်။"

"အဲဒါလည်း ဟုတ်တာပဲ၊ တို့တွေနဲ့လည်း ဘာမှ မဆိုင်တာပဲဟာ။"

"ဒါပေါ့။"

လူအုပ်စုသည် အချင်းချင်း တိုးတိုးတိုးတိုးဖြင့် ပြောဆိုလိုက်ကြသည်။ လူတိုင်းတွင် ကိုယ်စီအတွေးများ ရှိကြသော်လည်း၊ အသက်အရွယ် ရလာကြသည်နှင့်အမျှ အချို့သူများမှာ ထိုအရာများကို တကယ်ပင် ယုံကြည်ကြသဖြင့် ဤကိစ္စနှင့် ပတ်သက်၍ အထူးတလည် ထပ်မံ၍ မပြောရဲကြတော့ချေ။ ယွမ်ဟောက်ဖုန်းပင်လျှင် ဘာမှမပြောရဲတော့ပေ။ သူသည် သူမတို့ထံမှ ပညာရပ်အချို့ကို သင်ယူချင်သော်လည်း၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးတွင်မူ လုံးဝ စွက်ဖက်၍ မရနိုင်ချေ။

ယွမ်ဟောက်ဖုန်းသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း၊ အလုပ်တစ်ခုခုကို လုပ်ဆောင်ရာတွင် အမြဲတမ်း ရည်ရွယ်ချက်ရှိရှိ လုပ်တတ်သူ ဖြစ်၏။ သူသည် မိမိအတွက် ဘာအကျိုးအမြတ်မှ မရရှိဘဲ သူတစ်ပါးကို သက်သက်မဲ့ အန္တရာယ်ပြုမည့် လူစားမျိုး မဟုတ်ပေ။

သို့သော်လည်း အဘွားကြီးဟွမ်မှာမူ အိမ်သို့ ပြန်ရောက်သောအခါ ပွစိပွစိ ရေရွတ်လိုက်သည်။

"သူတို့တွေ ဘာတွေ လျှောက်ပြောနေကြတာလဲ။ အားလုံးက ကြောက်နေကြတာလား။ တကယ့်ကို လူရယ်စရာတွေပဲ။ ငါကတော့ ဘယ်လို သရဲတစ္ဆေ ခြောက်လှန့်မှုကိုမှ မကြောက်ဘူး။ ဘယ်လို မိန်းမသရဲကများ ချန်ချင်းယွီကို တကယ်ကြီး ကာကွယ်ပေးနိုင်မလဲဆိုတာ ငါတော့ လုံးဝ မယုံဘူး"

သူမသည်လည်း ဤကဲ့သို့သော အရာများကို သေချာပေါက် ရှောင်ကြဉ်အပ်သောအရာအဖြစ် စိတ်ထဲ၌ စိုးရိမ်ပူပန်နေသော်လည်း၊ အိမ်ထဲတွင်မူ အစွမ်းပြကာ ကြွားလုံးထုတ်နေဆဲ ဖြစ်၏။

ထိုနေ့မှာ တနင်္ဂနွေနေ့ ဖြစ်သဖြင့် ကျန်းရှင်းဖှတစ်ယောက် အိမ်၌ အားလပ်ရက်အဖြစ် အနားယူနေပြီး၊ ကုတင်ပေါ်တွင် လှဲလျက် အတွေးများလွန်နေသည်။

"အမေကလည်း ဘာတွေ တစ်ယောက်တည်း ပွစိပွစိ ပြောနေပြန်တာလဲ"

သူ မတင်မကျ လှမ်းမေးလိုက်၏။

"မုဆိုးမလေးအကြောင်း ပြောနေတာလေ။ သူမတို့အိမ်က အုတ်ဂူတွေ ရွှေ့ကြမလို့တဲ့။ တကယ်ပဲ ပိုက်ဆံတွေကို အလကား ဖြုန်းတီးနေတာ။ ဘာလို့ ဒီလိုတွေ လျှောက်လုပ်နေရတာလဲ မသိပါဘူး။ အော်... ဒါနဲ့ နေပါဦး၊ နင်ကော ဒီနေ့ ဘာလို့ အပြင်မသွားတာလဲ။"

သေချာသည်မှာ၊ ကျန်းရှင်းဖှတစ်ယောက် အားလပ်ချိန်ရတိုင်း ချစ်သူရည်းစား ရရှိရန် မျှော်လင့်ချက်ဖြင့် အပြင်သို့ အမြဲတမ်း လှည့်လည်သွားလာတတ်၏။

ကျန်းရှင်းဖှ မနှစ်မြို့သော လေသံဖြင့်

"ကျွန်တော်က ဘယ်ကို သွားရဦးမှာလဲ။ ကျွန်တော့်ရဲ့ တကယ့်ကို ကောင်းမွန်လှတဲ့ ရည်းစားလေးကို ကျောက်ရုံက ဖျက်ဆီးပစ်လိုက်တာလေ။ အခုဆို အရင်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာကို လူအတော်များများ သိကုန်ကြပြီ။ ကျွန်တော်က ဘာလုပ်ရတော့မှာလဲ"

ဤစွပ်စွဲချက်မှာ ကျောက်ရုံအပေါ် အနည်းငယ် မတရားရာ ကျပေသည်။

ကျောက်ရုံသည် သူ့ကို တိုင်တန်းစွပ်စွဲပြစ်တင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ သူနှင့် ထိုမိန်းကလေးမှာ လတ်တလောမှသာ ဆုံတွေ့ဖူးကြခြင်းဖြစ်ပြီး အိမ်ထောင်ရေးကိစ္စကို ဆွေးနွေးတိုင်ပင်ရမည့် အဆင့်သို့ပင် မရောက်ရှိသေးပေ။ ထို့အပြင် သူသည် အလွန်အမင်း ကြွားလုံးထုတ်ထားခဲ့ဖူးရာ အကယ်၍ ၎င်းတို့ လက်ထပ်ဖြစ်ခဲ့ကြလျှင်ပင် လိမ်လည်လှည့်ဖြားသည့် အိမ်ထောင်ရေးတစ်ခုသာ ဖြစ်လာပေလိမ့်မည်။ ထိုအမျိုးသမီးသည် တောသူမလေးတစ်ဦး ဖြစ်သော်လည်း အူကြောင်ကြောင်နိုင်သူ မဟုတ်ပေ။

ကျန်းရှင်းဖှတွင် ယောကျ်ားချင်းပင် ရှုပ်ပွေသည့် အရှုပ်ထုပ်များ ရှိနေသည်ကို မြင်တွေ့သွားပြီးနောက်တွင်မူ သူမသည် သူ့အနီးသို့ပင် ကပ်ဝံ့တော့မည် မဟုတ်ချေ။

သူမအနေဖြင့် သူ့ကို သွားရောက်၍ မပတ်သက်ဝံ့ပေ။

သူမသည် အလျင်အမြန်ပင် ထွက်ခွါသွားခဲ့၏။

ကျန်းရှင်းဖှသည် သူမနောက်သို့ တကောက်ကောက်လိုက်၍ ထပ်မံနှောင့်ယှက်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်၊ အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေးသည် သူ့ကို ခွေးနှင့် တိုက်ခဲ့သောကြောင့် ဖြစ်၏။

သူသည် ထိုအမျိုးသမီး၏ သွေးအေးလှသော သစ္စာဖောက်ဖျက်မှုကို နာကျည်းနေပြီး၊ မိမိ၏ အစီအစဉ်များကို ဖျက်ဆီးပစ်ခဲ့သည့် ကျောက်ရုံကိုလည်း အလွန်မုန်းတီးနေခဲ့သည်။

သူသည် သူမကို ထပ်ခါတလဲလဲ သွားရောက်နှောင့်ယှက်ခဲ့သော်လည်း၊ သူမသည်လည်း အလျှော့ပေးမည့်သူမျိုး မဟုတ်ကာ၊ ရပ်ကွက်ကော်မတီသို့ တန်းတန်းမတ်မတ် သွားရောက်ကာ ငိုယိုအော်ဟစ်၍ သောင်းကျန်းခဲ့သဖြင့် ကျန်းရှင်းဖှသည် နောက်ဆုံးတွင် လမ်းဆုံလမ်းခွရုံး၏ နာမည်ပျက်စာရင်းသို့ သွင်းခြင်း ခံလိုက်ရ၏။ ဤသည်မှာ ထိုအမျိုးသမီး၏ အပြစ်မဟုတ်ချေ၊ ဘာပဲဖြစ်ဖြစ် ကျန်းရှင်းဖှသည် သူမ၏ ကျေးရွာရှိ လူများကိုပါ လိုက်လံနှောင့်ယှက်နေခဲ့ခြင်းကြောင့် ဖြစ်ရာ မည်သူမျှ သည်းမခံနိုင် ဖြစ်ရ၏။

ကျန်းရှင်းဖှ၏ နာမည်မှာ သာ၍ ဆိုးရွားလာခဲ့သည်။ လက်တလော သူ အပြင်ထွက်သည့်အခါတိုင်း ပျိုပျိုမေများသည် သူ့ကို မြင်သည်နှင့် တိမ်းရှောင်သွားကြ၏။ သာ၍ ဆိုးသည်မှာ အသက်လေးဆယ်ကျော်အရွယ်ခန့်ရှိသည့် ကွာရှင်းထားသော အမျိုးသမီးတစ်ဦးပင်လျှင် သူ့ကို မြင်သောအခါ အစွမ်းကုန် အမြန်နှုန်းဖြင့် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

တောက်... တကယ့်ကိုပဲ..

သူမက သူ့ကို ဘယ်လိုလူများ ထင်နေလို့လဲ…။

ဤဖြစ်ရပ်များကြောင့် ကျန်းရှင်းဖှသည် တစ်နေ့ထက်တစ်နေ့ သာ၍ စိတ်ပျက်အားမရ ဖြစ်လာခဲ့ပြီး၊ မကြာသေးမီ အားလပ်ရက်များတွင်ပင် အပြင်သို့ မထွက်ချင်တော့ချေ။

အပြင်ထွက်လို့ကော ဘာထူးမှာလဲ…

ဘာပဲဖြစ်ဖြစ် သူသည် အိမ်ထောင်ဖက်တစ်ဦးကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

အဘွားကြီးဟွမ်လည်း မကျေမနပ်ဖြစ်ကာ

"ကျောက်ရုံစုတ်ကတော့ တကယ့် မိန်းမပျက်ပဲ။ နာမည်ပျက်ရုံတင်မကဘူး၊ ကိုယ်ကျင့်တရားလည်း မရှိဘူး။ သူမက ဘယ်လိုလုပ်ပြီး ဒီလိုမျိုးတွေ လုပ်ရက်ရတာလဲ။ တို့တွေ အိမ်ထောင်ဖက် ရှာခါနီးလေးတင်ရှိသေးတယ်၊ သူမက အကုန်လုံးကို ဖျက်ဆီးပစ်လိုက်တာ။ စောင့်နေလိုက်စမ်းပါ၊ သူမ ပြန်လာတဲ့အခါကျရင် ငါ သေချာပေါက် သင်ခန်းစာပေးဦးမယ်"

ကျန်းရှင်းဖှ : "ဒါတွေ ပြောနေလို့ကော ဘာထူးမှာလဲ"

အဘွားကြီးဟွမ်သည်လည်း စိုးရိမ်ပူပန်နေခဲ့သည်။ လွန်ခဲ့သော နှစ်

ပေါင်းများစွာ၌ သူမ၏ သားဖြစ်သူ ကွာရှင်းခဲ့စဉ် သားဖြစ်သူအတွက် ပိုမိုကောင်းမွန်သော အမျိုးသမီးတစ်ဦးကို သေချာပေါက် ရှာဖွေပေးမည်ဟု သူမ ကတိသစ္စာ ပြုခဲ့ဖူး၏။ သို့သော် ယခုမူ ထိုသို့ ဖြစ်မလာခဲ့ပေ။ နှစ်အတော်ကြာ ဖြတ်သန်းခဲ့ပြီးပြီ ဖြစ်သော်လည်း သူမ၏ သားဖြစ်သူ၏ နာမည်မှာ တစ်နေ့ထက်တစ်နေ့ ပို၍သာ ပျက်စီးလာခဲ့သည်။

ဇနီးကောင်းတစ်ဦးကို ရှာဖွေရန်မှာ အလှမ်းဝေးလှသော အိပ်မက်တစ်ခု ဖြစ်နေပုံရ၏။

"နင်ကော အပျိုလေးတွေကိုပဲ လိုက်ရှာနေတာကို ရပ်လိုက်ရင် ဘယ်လိုလဲ။ ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ နားထောင်လို့ မကောင်းပေမဲ့၊ အခြေအနေကောင်းရင်တော့ သိပ်ပြီး မဆိုးလှပါဘူး။"

အဘွားကြီးဟွမ်သည် ထိုအခါမှ ချန်ချင်းယွီကို တွေးမိသွားပြီး

"တကယ်တော့ မုဆိုးမလေးက နည်းနည်းတော့ လက်ဝင်ပေမဲ့၊ နင်နဲ့ဆိုရင်တော့ တော်ရုံတန်ရုံ လိုက်ဖက်တဲ့ အိမ်ထောင်ဖက်တစ်ယောက် ဖြစ်နိုင်တာပဲ။ နင် ဒါကို စဉ်းစားကြည့်ရင် ဘယ်လိုလဲ။ အဆိုးဆုံးအခြေအနေရောက်ရင်တောင် တို့တွေ သူမမိသားစုဆီကနေ အခွင့်ကောင်းယူပြီးမှ ကွာရှင်းလိုက်ပြီး ပိုကောင်းတဲ့သူကို ထပ်ရှာလို့ရတာပဲ။ သူမကို နင့်အတွက် နှစ်အနည်းငယ်လောက် ပိုက်ဆံရှာခိုင်းလိုက်ပေါ့အေ။ နင် ချမ်းသာလာတဲ့အခါ ဘယ်လိုမိန်းမမျိုးကိုမဆို ရှာလို့မရဘဲ နေမလား"

ယခုအခါ "တို့ အလုပ်သမားတွေမှာ အစွမ်းရှိတယ်" ဆိုပြီး ဂုဏ်ယူမနေကြတော့ပေ… ပိုက်ဆံကို မမက်သူ မည်သူရှိမည်နည်း။

ကောင်းမွန်သော လူနေမှုဘဝသည် လက်တကမ်းအကွာတွင် ရှိနေ၏။

သူတို့ အမဲသားစားနေကြစဉ် မိမိတို့ ဟင်းရွက်စားနေရသည်ဆိုပါက….

အခြေအနေမှာ မက်လောက်စရာတည်း။

အဘွားကြီးဟွမ် : "ဒီမုဆိုးမလေးက ထူးထူးခြားခြား ကံကောင်းပုံမရပေမဲ့၊ ပိုက်ဆံတော့ ရှာနိုင်သားပဲ။ အကယ်၍ သူမသာ တို့မိသားစုထဲ လက်ထပ်ဝင်လာရင် ငါသူမကို နည်းနည်းလောက် လေ့ကျင့်ပေးလိုက်ရုံနဲ့ အရာရာ အဆင်ပြေသွားမှာပါ။ သား... နင်က အပျိုစင်လေးတစ်ယောက်ကိုပဲ ရှာချင်နေမှန်း ငါသိပါတယ်၊ ဒါပေမဲ့ ဒီဘက်ခေတ်မှာ မိန်းကလေးတွေက တကယ့်ကို ရုပ်ဝတ္ထုမက်ကြတယ်၊ အရည်အချင်းကို ဂရုမစိုက်ကြဘဲ အခြေအနေကောင်းတွေကိုပဲ ကြည့်ကြတာ။ တို့တွေ ကိုယ့်ဘေးနားက လူတွေကိုပဲ ဘာလို့ ပြန်မကြည့်ရမှာလဲ။ အနည်းဆုံးတော့ တို့တွေ သူတို့ရဲ့ နောက်ခံကို သိရတာပေါ့၊ မဟုတ်ဘူးလား"

ကျန်းရှင်းဖှ ရုတ်တရက် မတ်တပ်ထိုင်လိုက်ပြီး

"အမေပြောတာ တကယ်ပဲ ဟုတ်တယ်"

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ ငြိမ်သက်နေခဲ့သော်လည်း၊ သူ၏ လူငယ်ဘဝ၌ ချန်ချင်းယွီအပေါ် သေချာပေါက် စိတ်ဝင်စားမှု ရှိခဲ့ဖူးသည်။

အဘွားကြီးဟွမ်သည် သူမ၏ လှပသော ရုပ်ရည်သွင်ပြင်ကို မနှစ်သက်ဘဲ မြေခွေးမလေးတစ်ကောင်ဟု သတ်မှတ်ခဲ့ဖူး၏။

သို့သော်…

ဘယ်ယောကျ်ားကများ ရုပ်ရည်ကို ဂရုမစိုက်ဘဲ နေပါ့မလဲ…

ကျန်းရှင်းဖှသည် သူမကို လက်ထပ်ယူရန် အလွန်ပင် စိတ်အားထက်သန်နေခဲ့ပြီ ဖြစ်သော်လည်း၊ မာန်တင်းလျက်

"ကျွန်တော်လည်း မတတ်သာလို့ သဘောတူလိုက်ရတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူမကို လက်ထပ်လိုက်ရင် ကျွန်တော်တို့ မိသားစုရဲ့ အခြေအနေက ပိုပြီး ကောင်းမွန်လာမှာပဲ။ တို့တွေ သူမကို တီဗီတစ်လုံး ဝယ်ခိုင်းရမယ်၊ ကာလာတီဗီပေါ့၊ သူတို့အိမ်က တီဗီထက် ပိုကောင်းတာပေါ့။ ရေဒီယို၊ စက်ဘီး၊ လျှပ်စစ်ပန်ကာ... ဒါတွေအားလုံး တို့တွေ လိုအပ်တယ်။ အော်... ပြီးတော့ အဝတ်လျှော်စက်လည်း ပါရမယ်နော်။ အဘွားကြီးကျောက်က အမြဲတမ်း ကြွားလုံးထုတ်နေတာ၊ တို့တွေလည်း တစ်လုံး လိုအပ်တာပေါ့၊ ဒါဆို အမေလည်း အဝတ်တွေကို လက်နဲ့ လျှော်နေစရာ မလိုတော့ဘူး။ အကယ်၍ သူမသာ တို့မိသားစုထဲ လက်ထပ်ဝင်လာရင် အကျိုးကျေးဇူးတွေ အများကြီး ရရှိမှာပဲ။ ကျွန်တော်ကတော့ ဝမ်းသာအားရ သဘောတူတာပေါ့။"

သို့သော်…

"အမေလည်း သူမတို့အိမ်ရဲ့ အခြေအနေကို သိတာပဲ၊ သူမရဲ့ ယောက္ခမက..."

အဘွားကြီးဟွမ် : "တောက်... ကျောက်တာ့ရာက မိန်းမပျက်တစ်ယောက်ပါအေ၊ သူမက ဘာမို့လို့လဲ။ အသက်လည်း ကြီးလှပြီဖြစ်တာကို အမြဲတမ်း ဝင်ဝင်စွက်ဖက်နေတာ၊ တကယ့် မိန်းမကြမ်းကြီး။ ငါက သူမကို ကြောက်လိမ့်မယ်လို့ ထင်လို့လား"

အဘွားကြီးဟွမ်သည် ကျန်းရှင်းဖှ၏ ပြောစကားများကို ကြားပြီးနောက် စိတ်ကူးယဉ်ကာ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး အားတက်သရော ပြောဆိုလိုက်၏။

"ငါ သူမကို နင့်အတွက် ကိုင်တွယ်ပေးပါ့မယ်။ တို့တွေ ချန်ချင်းယွီကိုသာ အမိဖမ်းဆုပ်ကိုင်ထားနိုင်ရင် သူမ ဘာလုပ်နိုင်ဦးမှာလဲ။ ယောက္ခမဟောင်းတစ်ယောက်က တကယ်ပဲ ချွေးမရဲ့ နောက်အိမ်ထောင်ပြုမှုကို လိုက်ပြီး ချုပ်ကိုင်နိုင်လို့လား။ ငါ သူမကို တရားစွဲပစ်မယ်.."

ကျန်းရှင်းဖှ ကျေနပ်စွာ ခေါင်းညိတ်ပြလျက်

"အမေက ဒီလိုပြောမှတော့ ကျွန်တော်လည်း မကြောက်တော့ဘူး"

"နင်က ဘာကို ကြောက်နေရတာလဲ။ ငါက အဲ့မိန်းမကြီးကို ဘယ်တုန်းက ကြောက်ဖူးလို့လဲ။ သူမက ဘာကောင်မို့လို့လဲ။"

သူ ခဏမျှ တုံ့ဆိုင်းသွားသည်။

အဘွားကြီးဟွမ် : "ဒါပေမဲ့ ချန်ချင်းယွီက သဘောတူချင်မှ တူမှာနော်... ဘယ်အမျိုးသမီးမဆို ကိုယ့်သားသမီးရဲ့ အနာဂတ် ကောင်းစားရေးကို မတွေးဘဲ မနေနိုင်ဘူးလေ"

ကျန်းရှင်းဖှ : "အမေ... ကျွန်တော့်ကို ကူညီပေးပါဦး..."

အဘွားကြီးဟွမ်

ခဏမျှ တွေးတောပြီးနောက် ဆိုလိုက်ကာ

"မိန်းမတွေ... ဘယ်မိန်းမကများ တစ်သက်လုံး တစ်ယောက်တည်း ဖြတ်သန်းချင်ပါ့မလဲ။ ငါ့အမြင်ကတော့ သူမလည်း တစ်ယောက်တည်း မနေချင်

လောက်ဘူး၊ ဒါပေမဲ့ မိန်းမကြမ်းကြီး ကျောက်တာ့ရာကို စိုးရိမ်နေလို့ ဖြစ်လိမ့်မယ်"

ကျန်းရှင်းဖှ ခေါင်းယမ်းပြလျက် ပြန်ပြောလိုက်သည်။

"သူမနဲ့ လင်းကျန့်ဝမ်တို့ရဲ့ ဆက်ဆံရေးက တကယ့်ကို ကောင်းမွန်ခဲ့တာဗျ"

လင်းကျန့်ဝမ်နှင့် ချန်ချင်းယွီတို့အကြား နက်ရှိုင်းသော သံယောဇဉ်ရှိခဲ့သည်မှာ မည်သူမျှ ငြင်းပယ်၍မရနိုင်သော အမှန်တရား ဖြစ်သည်။ ဝင်းထဲတွင် ချန်ချင်းယွီကို အမုန်းဆုံးဖြစ်သည့်လူပင်လျှင် သူမ လင်းကျွန့်ဝမ်အပေါ် သံယောဇဉ်မရှိဟု မပြောရဲပေ။ ချန်ချင်းယွီ နောက်အိမ်ထောင်ပြုချင်နေသည်ဟူသော အဆိုကိုမူ မည်သူမျှ ယုံကြည်ကြမည်မဟုတ်သည်မှာ သေချာ၏။

ဘာပဲဖြစ်ဖြစ်... အဘွားကြီးကျောက်ကဲ့သို့ စိတ်ပုပ်စုန်းမကြီးပင်လျှင် လင်းကျန့်ဝမ်၏ မိခင်ဖြစ်နေ၍သာ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခြင်း ခံနေရသည် မဟုတ်လော့။

အဲ့မိန်းမကြီးမှာ ဘာအရည်အချင်းရှိလို့ ဒီလိုခံစားခွင့် ရနေရတာလဲ…လင်းကျန့်ဝမ်ဆိုတဲ့ သားတစ်ယောက်ရှိနေလို့ မဟုတ်ဘူးလား…သူမက ရွှေဆွဲကြိုးတစ်ကုံးတောင် ရထားသေးတယ်…။

ကျန်းရှင်းဖှသည် မိမိကိုယ်တိုင် လူကောင်းတစ်ယောက် မဟုတ်သော်လည်း ဤအချက်ကို ကောင်းကောင်းကြီး သိရှိသည်။

"သူမက တကယ်ကြီး နောက်အိမ်ထောင်ပြုဖို့ သဘောတူချင်မှ တူမှာနော်..."

အဘွားကြီးဟွမ် မျက်စိစောင်းကြည့်လျက်

"ဘာလို့ သဘောမတူရမှာလဲ။ ဘယ်မိန်းမကမှ ယောကျ်ားမလိုချင်ဘဲ နေပါ့မလား။ ငါ့အမြင်တော့ သူမက ဟန်ဆောင်နေတာ၊ စိတ်ထဲမှာတော့ တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့ မိန်းမ ဖြစ်လိမ့်မယ်"

"အမေကလည်း ဒါတွေပြောနေလို့ ဘာထူးမှာလဲ။ ဘယ်လိုလုပ်ရင် အောင်မြင်မလဲဆိုတာကိုပဲ ပြောပြစမ်းပါ.."

သူ ဒါကို မစဉ်းစားခဲ့ဖူးလို့လား၊ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူးမဟုတ်လား…

အောင်မြင်ဖို့ နေနေသာသာ၊ ဆုံးရှုံးနစ်နာမှုတွေပဲ တော်တော်လေး ကြုံခဲ့ရတာလေ…

အဘွားကြီးဟွမ် စိတ်ဓာတ်ကျစွာဖြင့်

"သူမဆီ တန်းသွားပြီး ရှာလိုက်ရုံပေါ့၊ သူမက ဘယ်လိုလုပ် ငြင်းရဲမှာလဲ"

ကျန်းရှင်းဖှ စိတ်ပျက်လက်ပျက်ဖြင့် ကုတင်ပေါ်သို့ ပြန်လှဲချလိုက်ရင်း

"အမေ... အမေက ဒီလိုပဲ လျှောက်ပြောနေမယ်ဆိုရင်တော့ ထားလိုက်တော့ဗျာ၊ ကောင်းမွန်တဲ့ လူနေမှုဘဝကိုလည်း မေ့ပစ်လိုက်တော့၊ ကျွန်တော်လည်း ဘယ်သူ့ကိုမှ ရှာမနေတော့ဘူး။ အမေပြောနေတာတွေက သောက်တလွဲတွေ.. အဲဒါက တကယ် ဖြစ်နိုင်တယ်လို့ ထင်လို့လား"

အဘွားကြီးဟွမ်သည် မိမိ၏စကားများမှာ အနည်းငယ် လွန်ကဲသွားသည်ကို သိသော်လည်း သူမကိုယ်သူမ မှားသည်ဟု မထင်ချေ။

ဘယ်မိန်းမကများ လက်မထပ်

ချင်ဘဲ နေပါ့မလား…

သူမကိုယ်တိုင်လည်း အဘိုးကြီးကျန်းကို နောက်အိမ်ထောင်မပြုဖို့ သေကောင်ပေါင်းလဲ မက်မောခဲ့တာပဲဥစ္စာ… မြေခွေးမလေးတွေက ဘာတွေ လာပြီး ဟန်ဆောင်နေကြတာလဲ..

သူမသည် လင်သေထားသည့် မိန်းမတစ်ဦးဖြစ်ရာ၊ ပုံမှန်အလုပ်အကိုင်ရှိပြီး တည်ငြိမ်သည့် အလုပ်သမားတစ်ဦးဖြစ်သော မိမိ၏သားနှင့် ညားရမည်မှာ သေချာပေါက် ကံကောင်းခြင်း ဖြစ်သည်။

သူမက ဘာလို့ မကျေမနပ် ဖြစ်နေရဦးမှာလဲ…။

သို့သော်လည်း သေချာစဉ်းစားကြည့်ပြီးနောက်တွင်မူ မိမိအတွေး မမှားသော်လည်း မုဆိုးမငယ်လေး အနည်းငယ် ခေါင်းမာတတ်သည်မှာ အမှန်ပင် ဖြစ်၏။ ထို့အပြင် အဘွားကြီးကျောက်မှာ ကိုင်တွယ်ရခက်ခဲသော မိန်းမကြီးဖြစ်သည်မှာလည်း အမှန်ပင် ဖြစ်သည်။

သူမ ခဏမျှ တွေးတောပြီးနောက်

"သား... မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ် (အပျိုစင်ဘဝ) က အရေးကြီးဆုံးပဲ။ တို့တွေ ဆန်ဖျက် ဆန်ခါ (မလွှဲမရှောင်သာတဲ့ အခြေအနေ) ဖြစ်အောင် အရင်လုပ်လိုက်ကြရအောင်။ တစ်ကြိမ်ပဲ ဖြစ်ပျက်သွားတာနဲ့ သူမ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ လက်ခံရတော့မှာပဲ"

ကျန်းရှင်းဖှသည် ရုတ်တရက် ပြန်ထထိုင်လိုက်ရင်း

"အမေ... ဘာကို ဆိုလိုတာလဲ။ တို့တွေ ဘယ်လိုလုပ်ကြမလဲ"

အဘွားကြီးဟွမ် : "အတင်းအဓမ္မတော့ သုံးလို့မရဘူး။ တစ်ယောက်ယောက် သိသွားရင် တို့တွေ ဒုက္ခရောက်လိမ့်မယ်။"

အကြောင်းမှာ သူတို့ဝင်းထဲတွင် အရာရှိများနှင့် ယခင်၌ ဆုံတွေ့ဖူးပြီး ဖြစ်သလို၊ ကျောက်ရုံပင်လျှင် ထောင်ချခြင်း ခံခဲ့ရဖူးသဖြင့် သူမသည် တကယ်ပင် အတင်းအဓမ္မ မလုပ်ဝံ့ပေ။ သို့သော်လည်း သူမ ဆိုလိုက်ကာ

"တို့တွေ ဆေးတစ်မျိုးမျိုး ရှာလို့ရတာပဲ။ အဲဒီကျရင် ဘယ်သူက မှားတယ်၊ ဘယ်သူက မှန်တယ်ဆိုတာ ပြောရခက်သွားပြီလေ။ သူမက နင့်ရဲ့ လက်ခုပ်ထဲကရေ ဖြစ်သွားမှာ မဟုတ်ဘူးလား"

ကျန်းရှင်းဖှ၏ မျက်လုံးများ ဝင်းပသွားကာ

"ဒါကတော့ အလုပ်ဖြစ်နိုင်တယ်"

အဘွားကြီးဟွမ် : "ကျောက်တုံးလမ်းကြားဘက်မှာ တိရစ္ဆာန်ဆရာဝန်တစ်ယောက် ရှိတာ ငါမှတ်မိတယ်။ တိရစ္ဆာန်ဆရာဝန်တွေကို အထင်မသေးနဲ့ဦး၊ သူတို့ဆီမှာ တိရစ္ဆာန်တွေအတွက် သီးသန့်သုံးတဲ့ ဆေးဝါးမျိုးစုံ ရှိတတ်ကြတယ်။ စဉ်းစားကြည့်ဦးလေ၊ တိရစ္ဆာန်ကြီးတွေကိုတောင် လဲပြိုအောင် လုပ်နိုင်ရင် မုဆိုးမငယ်လေးတစ်ယောက်ကို သေချာပေါက် လဲပြိုစေနိုင်တာပေါ့။ ငါ သူမအတွက် ဆေးသွားယူပေးမယ်၊ အဲဒီကျရင် နင် ကြိုက်သလို လုပ်လို့ရပြီ"

ကျန်းရှင်းဖှ ဝမ်းသာအားရ အော်ဟစ်လိုက်၏။

"တကယ့်ကို ကောင်းတာပဲ.."

သူသည် အတိုင်းထက်အလွန် ဝမ်းမြောက်သွားကာ

"အမေ... အမေက ကျွန်တော့်အပေါ် အကောင်းဆုံးဆိုတာ ကျွန်တော် သိသားပဲ"

အဘွားကြီးဟွမ် ; "သူမ ဒီရက်ပိုင်း အပြင်ကို ခဏခဏ ထွက်နေတယ် မဟုတ်လား။ တို့တွေ သူမ တစ်ယောက်တည်း ဖြစ်မယ့်အချိန်ကို စောင့်ကြတာပေါ့။ အဲဒါက အကွက်ကွင်းပဲ။ ဝင်းထဲမှာဆိုရင်တော့ မလုံခြုံဘူး။ သူမ အပြင်ထွက်တဲ့အချိန်ကျမှ အခွင့်အရေး ရှာကြမယ်။ ငါ အရင်ဆုံး ဆေးသွားယူလိုက်မယ်၊ ပြီးရင် သူမကို သတိလစ်သွားအောင် လုပ်ဖို့ အခွင့်အရေးရှာပြီး ဆေးတိုက်လိုက်မယ်၊ အဲဒီနောက်ကျရင်တော့ နင်က... ဟဲဟဲ"

"အမေ သဘောအတိုင်းပဲ လုပ်ပါ"

ကျန်းရှင်းဖှသည်လည်း ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ သူသည် ဤကဲ့သို့သော အရာမျိုးကို တောအပြင်ဘက် (စိမ်းလန်းသော နေရာ) တွင် တစ်ခါမျှ မစမ်းသပ်ဖူးသေးချေ။

မိခင်နှင့် သားဖြစ်သူ နှစ်ဦးစလုံးသည် အနာဂတ်၏ ကောင်းမွန်သော လူနေမှုဘဝကို ကြိုတင်စိတ်ကူးယဉ်ကာ အလွန်ပင် မာန်တက်နေကြလေ၏။ ပိုက်ဆံ သုံးစွဲခွင့် ရရှိမည့်အပြင်၊ မိမိတို့ စိတ်တိုင်းကျ ချုပ်ကိုင်နိုင်မည့်သူနှင့် အိမ်မှုကိစ္စအားလုံးကို လုပ်ပေးမည့်သူတစ်ဦးကိုပါ ရရှိတော့မည် မဟုတ်လော့။ အဘွားကြီးဟွမ်သည် အလွန်ပင် မာန်တက်နေခဲ့သည်။ ဤအရာများအပြင်၊ သောင်းကျန်းသူ မိန်းမကြီး အဘွားကြီးကျောက်အနေဖြင့်လည်း နောင်တွင် လူတကာရှေ့၌ ကြွားလုံးထုတ်နိုင်တော့မည် မဟုတ်ဟု တွေးကာ သူမ တိတ်တဆိတ် ဝမ်းသာနေခဲ့၏။

ထိုအခါ၌ မိမိသည် လူတိုင်း၏ ရှေ့မှောက်တွင် အစွမ်းပြ ကြွားဝါနိုင်ပေလိမ့်မည်။

အဘွားကြီးဟွမ်သည် အလွန်ပင် ဂုဏ်ယူဝင့်ကြွားစွာဖြင့်

"ဒါဆိုရင် ငါ အခုပဲ အပြင်ထွက်ပြီး နင့်အတွက် ဆေးသွားရှာပေးမယ်"

"ဟုတ်ကဲ့ အမေ။"

ကျန်းရှင်းဖှသည် အလွန်ပင် ဝမ်းသာအားရဖြစ်ကာ လက်နှစ်ဖက်ကို ပွတ်သပ်နေခဲ့သည်။

"ဒါပေမဲ့ ဒီကိစ္စကို နင့်အဖေကိုတော့ လုံးဝ သွားမပြောနဲ့ဦးနော်။ နင့်အဖေကတော့ သိတဲ့အတိုင်းပဲ၊ အသက်ကြီးလာလေ သတ္တိနည်းလာလေပဲ။ အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် သူ တော်တော်လေး လန့်သွားတာ။ အခုဆို သူက ဘာမှ အသုံးမကျတော့ဘူး။ သူသာ သိရင် နင့်ကို သေချာပေါက် တားလိမ့်မယ်။ သူ့ကို လုံးဝ မပြောနဲ့။"

"ဟုတ်ကဲ့၊ မပြောပါဘူး။"

သူတို့နှစ်ဦးစလုံးသည် မျက်နှာများ ဝင်းပလျက် ပျော်ရွှင်နေကြစဉ်၊ ရုတ်တရက် "ဒုန်း" ခနဲ မြည်သံတစ်ခုကို ကြားလိုက်ရ၏။ အဘွားကြီးဟွမ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး တံခါးအပြင်သို့ အပြေးအလွှား ထွက်လာခဲ့ရာ၊ ယွမ်ဟောက်မင်တစ်ယောက် စိတ်မသက်မသာ အနေခက်ဟန်ဖြင့် မတ်တပ်ရပ်နေသည်ကို ချက်ချင်းပင် မြင်တွေ့လိုက်ရသည်။ သူ တစ်ခုခုကို ကြားသွားခဲ့သည်မှာ ထင်ရှားလှပေ၏။

အဘွားကြီးဟွမ် ချက်ချင်းပင် ငေါက်ငမ်း၍ မေးမြန်းလိုက်သည်။

"နင် ဘယ်လောက်တောင် ကြားသွားလဲ.."

ယွမ်ဟောက်မင် : "အစ်မကြီး... ကျွန်တော် ဘာကို ပြောနေမှန်း လုံးဝ မသိပါဘူး။ ကျွန်တော်က အဘိုးကြီးကျန်းကို လာရှာတာပါ။ အခုတင်ပဲ ရောက်တာဆိုတော့ ဘာမှ မကြားမိပါဘူး။"

အမှန်တကယ်၌ သူ အားလုံးကို ကောင်းကောင်းကြီး ကြားလိုက်ရခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခင်၌ ကျန်းရှင်းဖှသည် သူ့ကို အိမ်သာကျင်းထဲသို့ အကြိမ်ကြိမ် ကန်ချခဲ့ဖူးသဖြင့် တကယ့်ကို အရှက်တကွဲ အကျိုးနည်း ဖြစ်စေခဲ့သောကြောင့်၊ သူသည် ကျန်းမိသားစုကို အမြဲတမ်း မျက်စိဒေါက်ထောက် စောင့်ကြည့်နေခဲ့၏။ ကလဲ့စားချေရန် အလွန်ပင် စိတ်အားထက်သန်နေသဖြင့် သံသယဖြစ်ဖွယ်ရာ တစ်ခုခုရှိလျှင် တိတ်တဆိတ် ချောင်းမြောင်းနေတတ်သည်။

သူသည် ရက်အနည်းငယ်လျှင်တစ်ကြိမ် ထောင့်စွန်းတစ်ခု၌ပင် လာရောက်ပုန်းအောင်း နေတတ်၏။

မမျှော်လင့်ဘဲ၊ သူသည် ကြီးမားလှသော လျှို့ဝှက်ချက်ကြီးတစ်ခုကို တကယ်ပင် စုံစမ်းသိရှိသွားခဲ့ပြီ ဖြစ်သည်.. သူသည် အတိုင်းထက်အလွန် ဝမ်းမြောက်သွားကာ ၎င်းတို့ကို ချက်ချင်းပင် အကောင်အထည်ဖော် လုပ်ဆောင်စေချင်လှပြီ ဖြစ်၏။

ပထမအချက်မှာ အဘွားကြီးကျောက်၏ မောက်မာဝင့်ကြွားမှုကို သင်ခန်းစာပေးရန်အတွက် ဖြစ်သည်။ ဒုတိယနှင့် အရေးအကြီးဆုံးအချက်မှာ ကျန်းရှင်းဖှကို သတင်းပို့ တိုင်ကြားရန်အတွက် ဖြစ်၏။

သူတို့ အောင်မြင်သွားသည့်

အချိန်ကျမှ သူ အခွင့်ကောင်းယူပြီး တိုင်ကြားပစ်မည် ဖြစ်သည်။

ဟဲဟဲ... ကျန်းရှင်းဖှနဲ့ သူ့အမေက ဥပဒေလက်လှမ်းမမီဘဲ လွတ်မြောက်နိုင်မယ်လို့ ထင်နေကြတာလား… သွားကြစမ်းပါစေ..

သူတို့က သူ့အပေါ် လက်ရဲဇက်ရဲ လုပ်ဝံ့ခဲ့ကြတာပဲ၊ သူ သေချာပေါက် လက်တုံ့ပြန်ရမှာပေါ့…။

ပြီးခဲ့သည့်နှစ်အတွင်း သူသည် ထိုလူများ၏ ကန်ချခြင်းကို အနည်းဆုံး အကြိမ်နှစ်ဆယ်ထက်မနည်း ခံခဲ့ရဖူးသဖြင့် နီးစပ်ရာဝန်းကျင်တွင် "အိမ်သာကျင်းဘုရင်" ဟူ၍ပင် နာမည်ကျော်ကြားခဲ့ရသည်။

လူယုတ်မာကောင်တွေ…။

ကျန်းရှင်းဖှမှာ အများဆုံး လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ၊ သူ အရာအားလုံးကို မှတ်မိနေခဲ့၏။ သို့မဟုတ်လျှင် ဤမျှအထိ ပြင်းထန်လှသော ကလဲ့စားချေမှုကို အလိုရှိနေမည် မဟုတ်ပေ။

သူ တွေးမိလေလေ၊ သာ၍ပင် စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး သူ၏မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တဖျတ်ဖျတ် တောက်ပနေခဲ့သည်။ သို့သော်လည်း... သူ မတော်တဆ အသံမြည်အောင် လုပ်မိသွားခဲ့၏။

အို..

အဘွားကြီးဟွမ်သည် သူ့နောက်သို့ အမှီလိုက်လာပြီး စူးစူးဝါးဝါး စိုက်ကြည့်လျက်

"ဟန်ဆောင်မနေနဲ့ဦး.. နင် အကုန်လုံး ကြားသွားတယ်ဆိုတာ ငါသိတယ်၊ မဟုတ်ဘူးလား"

ယွမ်ဟောက်မင် မျက်နှာချိုသွေးကာ ရယ်မောလိုက်ရင်း

"အစ်မကြီး... ဘာတွေ လျှောက်ပြောနေတာလဲ။ ကျွန်တော် အခုလေးတင် ရောက်တာပါ။ အစ်မကြီးတို့က ဘာတွေပြောနေလို့ ကျွန်တော် ကြားသွားမှာကို ကြောက်နေရတာလဲ။ အဲဒါဆိုရင်လည်း နောက်တစ်ခေါက် ပြန်ပြောပြပါဦးလား။ ပိုက်ဆံအကြောင်းတွေ တိုင်ပင်နေကြတာလား။ ကျွန်တော် တကယ်ပဲ ဘာမှ မကြားမိပါဘူး"

အဘွားကြီးဟွမ်သည် လျှို့ဝှက်တတ်သော လူစားမျိုး မဟုတ်သဖြင့် ဤစကားကို ကြားရသောအခါ စိတ်ထဲ၌ အနည်းငယ် ယုံကြည်သွားမိသည်။

သူမသည် ယွမ်ဟောက်မင်ကို အပေါ်အောက် အကဲခတ် စိုက်ကြည့်လိုက်၏။

ယွမ်ဟောက်မင် : "အကယ်၍ ပိုက်ဆံအကြောင်းဆိုရင်တော့ သေသေချာချာ သိမ်းဆည်းထားတာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော် တကယ်ပဲ ဘာမှ မကြားပါဘူး။ ပိုက်ဆံပျောက်သွားရင်တော့ ကျွန်တော့်ကို လာပြီး အပြစ်မတင်ပါနဲ့ဦး။ ကျွန်တော်တော့ အလကား အစွပ်စွဲမခံနိုင်ဘူးနော်"

ထိုအချိန်တွင် ကျန်းရှင်းဖှသည်လည်း အပြင်သို့ ထွက်လာခဲ့သည်။ သူ ယွမ်ဟောက်မင်ကို စိုက်ကြည့်လျက် ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ခြိမ်းခြောက်လိုက်၏။

"သေချာနားထောင်စမ်း၊ ခင်များ ဘာပဲ ကြားကြား ဘာမှမကြားသလိုပဲ နေလိုက်။ အကယ်၍ ခင်များ ကျုပ်ကို ဒုက္ခပေးဖို့ ဒါတွေကို လိုက်ပြီး အတင်းအဖျင်း ပြောဝံ့မယ်ဆိုရင်တော့ ကျုပ် ခင်များအပေါ် အားနာနေမှာ မဟုတ်ဘူး။ အဲဒီကျရင် ခင်များအိမ်သာကျင်းထဲ အကန်ခံရရုံတင်မကဘဲ ပိုပြီး ဆိုးသွားလိမ့်မယ်"

"မင်း.."

ယွမ်ဟောက်မင် ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။

ကျန်းရှင်းဖှ နှာခေါင်းရှုံ့လျက်

"ထွက်သွားစမ်း.."

သူသည် ယွမ်ဟောက်မင်ကို မိမိအား အန္တရာယ်ပြုနိုင်မည့်သူတစ်ဦးအဖြစ် ထည့်ပင်မတွက်ပေ။

ယွမ်ဟောက်မင်မှာ သူ့ကို ယှဉ်နိုင်စွမ်းမရှိချေ၊ သို့မဟုတ်လျှင် ဤမျှအထိ ပြင်းပြင်းထန်ထန် အရိုက်

ခံထားရမည် မဟုတ်ပေ။

ကျန်းရှင်းဖှ မေ့လျော့နေပုံရသည်မှာ ယွမ်ဟောက်မင်သည် ကျောက်ရုံ ပြဿနာရှာထားခဲ့ပြီး မိမိတို့မိသားစုမှာ လတ်တလောတွင် လူအများ၏ အာရုံစိုက်မှုကို ခံနေရသောကြောင့်သာ သူ့ကို တိုက်ရိုက်မတိုက်ခိုက်ဝံ့ခြင်း ဖြစ်သည်။ ထို့အပြင် ယွမ်ဟောက်မင်သည် ကွယ်ရာ၌သာ ပြဿနာရှာ ကုန်းချောတတ်သူဖြစ်ပြီး၊ ရှေ့တန်းမှနေ၍ အစပျိုးတတ်သူ မဟုတ်ချေ။

သူသည် တိုက်ရိုက် တိုက်ခိုက်မည့်သူမျိုး၍ပင်…။

သူ ကျန်းရှင်းဖှကို အေးစက်စွာ စိုက်ကြည့်နေစဉ်၊ ကျန်းရှင်းဖှ လက်သီးကို လက်မြှောက်ပြလျက်

"ဘာလဲ... ချမလို့လား"

ယွမ်ဟောက်မင်: "ဟွန့်.."

သူသည် လှည့်ထွက်သွားခဲ့တော့သည်။

လူယုတ်မာကောင်တွေ၊ မင်းတို့ စောင့်နေလိုက်ကြစမ်းပါ၊ သေချာပေါက် အလှည့်ရောက်စေရမယ်..

သူသည် ကျန်းရှင်းဖှနှင့် သူ၏မိခင်တို့ ထောင်ထဲသို့ ရောက်သွားမည့်အခြေအနေကို တွေးမိပြီးနောက်၊ ကျောက်တာ့ရာနှင့် သူမ၏ ချွေးမတို့ ကြုံတွေ့ရမည့် ဒုက္ခဆိုးများကိုပါ ဆက်စပ်တွေးတောမိကာ သူ၏မျက်နှာပေါ်တွင် ကောက်ကျစ်လှသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။

ချန်ချင်းယွီ ဒုက္ခရောက်မည့်အရေးမှာ ယွမ်ဟောက်မင်ကို အလွန်ပင် စိတ်လှုပ်ရှားစေသည်။

အကယ်၍ ချန်ချင်းယွီ၏ အဖေနှင့် ကျောက်ရုံတို့အကြား ဖြစ်ပွားခဲ့သော ရှုပ်ထွေးလှသည့် အရှုပ်ထုပ်သာ မရှိခဲ့လျှင် ဤကဲ့သို့သော ကိစ္စရပ်များ ဖြစ်လာလိမ့်မည် မဟုတ်ချေ။ အကယ်၍ ထို မိန်းမပျက် ချန်ချင်းယွီသာ ဟယ်အမည်ရှိသော ယောကျ်ားကို မြှူဆွယ်မဖြားယောင်းခဲ့လျှင် ကျောက်ရုံအနေဖြင့် ဤမျှအထိ စွန့်စားရလိမ့်မည် မဟုတ်ပေ။ထို့ကြောင့် အရာအားလုံး၏ အစမှာ ချန်ချင်းယွီကြောင့်သာ ဖြစ်သည်။

သို့သော်လည်း ချန်ချင်းယွီမှာမူ အဆင်ပြေပြေနှင့် ပိုက်ဆံများစွာကိုပင် ရှာဖွေနိုင်နေဆဲဖြစ်ရာ၊ ကောင်းကင်ကြီးသည် တကယ်ပင် မျက်စိမရှိလှပေ။

ကံကောင်းထောက်မစွာဖြင့်၊ ယခုမူ သူမ၏ အလှည့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

အားလုံးမှာ သူ၏ ရန်သူများဖြစ်ကြပြီး၊ အားလုံး သေချာပေါက် ကံဆိုးကြတော့မည် ဖြစ်သည်။ ယွမ်ဟောက်မင်သည် ထိုအကြောင်းကို တွေးမိရုံမျှဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်နေခဲ့၏။

သူသည် အပွင့်အခဲကို ဆွတ်ခူးရန်အတွက်သာ စောင့်ဆိုင်းနေခဲ့သည်။

အဘွားကြီးဟွမ်နှင့် သူမ၏ သားဖြစ်သူ ထို လူအ အဖျင်းနှစ်ဦးစလုံးသည် မိမိတို့ ယွမ်ဟောက်မင်ကို ခြောက်လှန့် ထိန်းချုပ်နိုင်ခဲ့ပြီဟု ထင်မှတ်ကာ ကိုယ့်ကိုယ်ကိုယ် အလွန်ပင် ကျေနပ်အားရနေကြတော့သည်။

အဘွားကြီးဟွမ်သည် ပျော်ရွှင်ရွှင်လန်းစွာဖြင့် အပြင်သို့ ထွက်သွားခဲ့၏။ မိခင်နှင့်သား နှစ်ဦးစလုံး အလွန်ပင် သဘောတူညီမှု ရရှိခဲ့ကြသော်လည်း ချန်ချင်းယွီသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကိုမူ ၎င်းတို့ လုံးဝ မသိရှိကြချေ။

အချိန်ကူးပြောင်းလာသူ ဟူသော ကြီးမားလှသည့် လျှို့ဝှက်ချက်ကြီး ရှိနေသောကြောင့် ချန်ချင်းယွီသည် အစစအရာရာတွင် အလွန်အမင်း သတိကြီးစွာ ထားတတ်သူ ဖြစ်သည်။

နှစ်ရက်ပင် မကြာလိုက်ပေ… ကျန်းရှင်းဖှနှင့် အဘွားကြီးဟွမ်တို့ ချန်ချင်းယွီနောက်သို့ တိတ်တဆိတ် လိုက်ခဲ့ကြရာ၊ ချက်ချင်းဆိုသလို သူမ၏ ရိပ်မိခြင်းကို ခံလိုက်ရ၏။

အမှန်ပင်… သူမသည် အိမ်တံခါးဝမှ အပြင်သို့ ခြေလှမ်းစလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက် နောက်မှလိုက်နေသည်ကို သတိပြုမိလိုက်ခြင်း ဖြစ်သည်...။

ချန်ချင်းယွီ ဤရက်ပိုင်းအတွင်း တော်တော်လေး အလုပ်ရှုပ်နေခဲ့၏။ အုတ်ဂူရွှေ့ပြောင်းခြင်းမှာ အရာရာ စေ့စပ်သေချာရန် လိုအပ်လှသည့် ကိစ္စရပ်တစ်ခုဖြစ်ရာ ပစ္စည်းပစ္စယအမျိုးမျိုးကို ကြိုတင်ပြင်ဆင်ထားရသည်။ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့သည်လည်း ကိုယ်စီတာဝန်ယူကာ လုပ်ဆောင်နေကြ၏။ နံနက်စောစောအချိန်၌ ချန်ချင်းယွီသည် အပြင်သို့ ထွက်လာခဲ့ရာတွင် တစ်စုံတစ်ဦး သူမနောက်သို့ လိုက်နေသည်ကို ချက်ချင်းပင် အာရုံရလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် သူမအနေဖြင့် နောက်ယောင်ခံလိုက်ခြင်း ခံရသည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ ဝမ်ကျန့်ကော်နှင့် ယွမ်ဟောက်ဖုန်းတို့သည် လိမ္မာပါးနပ်ကြပြီး အဝေးမှနေသာ လှမ်း၍ အကဲခတ်တတ်ကြသည်။

၎င်းတို့မှာ သူမ ကုန်ပစ္စည်းများကို မည်သို့ရောင်းချလဲဆိုသည်ကို ကြည့်ပြီး အတွေ့အကြုံယူ သင်ယူချင်ရုံသာ ဖြစ်သဖြင့်၊ နေရာတကာ တကောက်ကောက် လိုက်နေစရာ မလိုပေ။ သို့သော် အဘွားကြီးဟွမ်မှာမူ ချန်ချင်းယွီနောက်သို့ ကပ်လျက်ကို လိုက်နေခြင်း ဖြစ်သည်။

ချန်ချင်းယွီ : "တကယ့်ကို အဆင့်အတန်းမရှိတဲ့ အပေါစား နည်းလမ်းကြီးပဲ.."

သူမသည် လမ်းကွေ့တစ်ခုသို့ ရောက်သောအခါ၊ ချက်ချင်းပင် နံရံပေါ်သို့ ပေါ့ပါးသွက်လက်စွာ ခုန်တက်လိုက်ပြီး အသာလေး ဝပ်စိမ့်ကာ ငုံ့ကြည့်နေလိုက်၏။

သူမတွင် မည်သို့သော ရွှေလက်ချောင်းမျှ မရှိစေဦးတော့… သူမ၏ သွက်လက်ဖျတ်လတ်သော ကိုယ်လက်လှုပ်ရှားမှု စွမ်းရည်ကိုမူ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။ အချိန်ကူးပြောင်းလာသူတစ်ဦး ဖြစ်သော်လည်း သူမ၌ မည်သည့်စွမ်းအားထူးမှ မပါလာခဲ့သည်မှာ အံ့ဩစရာ မဟုတ်တန်ရာ…။ သူမသည် မွေးရာပါပင် သန်မာထက်မြက်သူတစ်ဦး ဖြစ်နေ၍ ဖြစ်လိမ့်မည်။

ချန်ချင်းယွီ နံရံပေါ်၌ ဝပ်နေစဉ်၊ ကျန်းရှင်းဖှနှင့် သူ၏မိခင်တို့သည် အမြန်ပြေးလိုက်လာကြပြီး ချက်ချင်းပင် ပျာပျာသလဲ ဖြစ်သွားကြကာ

"သူမ ဘယ်ရောက်သွားတာလဲ။ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပျောက်သွားရတာလဲ"

ကျန်းရှင်းဖှ မကျေမနပ်ဖြင့် ပြစ်တင်ပြောဆိုလိုက်သည်။

"အမေ့ကြောင့်ပေါ့၊ လမ်းလျှောက်တာ အဲလောက်တောင် နှေးနေရလား။ ကြည့်စမ်း... အခုတော့ လူပျောက်သွားပြီ"

သူ ဒေါသတကြီးဖြင့်

"လူလည်း ပျောက်သွားပြီ၊ ကျွန်တော့်ရဲ့ တစ်နေ့တာလုံးလည်း အလကား ဖြစ်သွားပြီ။ ဒီနေ့ အလုပ်ကနေ အားလပ်ရက် ယူထားရတာ တကယ်ပဲ အလကား ဖြစ်သွားတာပဲ"

အဘွားကြီးဟွမ်လည်း မျက်နှာပျက်ပျက်ဖြင့်

"ငါလည်း ဒီလိုဖြစ်မယ်လို့ မထင်ထားဘူးလေ၊ ဒီမိန်းမပျက်မလေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြန်မြန် လျှောက်နိုင်ရတာလဲ။ သွားရှာကြရအောင်၊ မိန်းမတစ်ယောက်က ဒီလောက်အထိ မြန်မြန် လျှောက်နိုင်မယ်လို့ ငါမယုံဘူး။ သား... စိတ်မပူပါနဲ့၊ နင် လိုချင်တယ်ဆိုရင် အမေက သေချာပေါက် ကူညီပေးမှာပါ။ ဒီနေ့ မရရင် မနက်ဖြန်ပေါ့။ သူမက တို့အိမ်ထဲကို လက်ထပ်ဝင်လာရမှာကိုပဲ ဂုဏ်ယူသင့်နေပြီ"

ကျန်းရှင်းဖှ :"ဒါဆိုရင်လည်း မြန်မြန်သွားရအောင်။ နေပါဦး... အမေယူလာတဲ့ ဆေးကော တကယ်ပဲ အဆင်ပြေရဲ့လား။ အခု လူနောက်လိုက်တာ လွဲသွားသလိုမျိုး ဆေးကလည်း ထပ်ပြီး မလွဲပါစေနဲ့ဦး"

"စိတ်ချပါ၊ လုံးဝ အဆင်ပြေတယ်။"

အဘွားကြီးဟွမ် : "ငါ အပြင်းဆုံးဆေးကို ယူလာတာ။ ဒါက ဝက်မအိုကြီးတွေကို တိုက်ဖို့ သီးသန့်ထုတ်ထားတဲ့ ဆေးပဲ၊ တကယ့်ကို အာနိသင် ထက်မြက်လွန်းလို့ သူမကို သေချာပေါက် ရာဂစိတ်တွေ ကြွတက်လာစေမှာပါ"

ကျန်းရှင်းဖှ : "သွားကြစို့၊ သူမကို သွားရှာရအောင်"

နံရံပေါ်ရှိ ချန်ချင်းယွီ၏ မျက်နှာမှာမူ အလွန်ပင် မည်းမှောင်နေခဲ့ပြီ ဖြစ်သည်။

သူမအနေဖြင့် ဤမျှအထိ သိသိသာသာ ယုတ်မာရိုင်းစိုင်းလှသော လူစားမျိုးနှင့် မဆုံတွေ့ရသည်မှာ တော်တော်လေး ကြာခဲ့ပြီ ဖြစ်၏။

သို့သော်လည်း ဤလူယုတ်မာနှစ်ဦးမှာ ကျန်းရှင်းဖှနှင့် သူ၏မိခင် ဖြစ်နေသဖြင့် အံ့ဩစရာမရှိပေ။

ကျန်းရှင်းဖှဟူသော လူယုတ်မာကောင်သည် ဤကဲ့သို့သော ယုတ်မာလှသော အတွေးများကို စိတ်ထဲ၌ သိမ်းဆည်းထားခဲ့သည်မှာ တော်တော်လေး ကြာခဲ့ပြီဖြစ်တန်ရာ၏။ သူမအနေဖြင့် ယခင်က သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးနိုင်ခဲ့ပြီဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း လူတစ်ယောက်သည် တကယ်ပင် ယုတ်မာပတ်စက်ပါက၊ သူ၏ မွေးရာပါပင်ကိုယ်သဘာဝမှာ မည်သည့်အခါမျှ ပြောင်းလဲသွားမည် မဟုတ်သည်ကို မမျှော်လင့်ဘဲ နားလည်လိုက်ရ၏။

မျက်နှာဖုံးစွပ်၍ ဟန်ဆောင်နေသည်ဖြစ်စေ… သူသည် လူယုတ်မာတစ်ဦးသာ ဖြစ်နေဆဲပင်။

သူသည် အချိန်အကြာကြီး ရိုးရိုးသားသား နေနိုင်မည့်သူ မဟုတ်ပေ။

ကျန်းရှင်းဖှနှင့် အဘွားကြီးဟွမ်တို့သည် ဟိုဟိုဒီဒီ လိုက်လံရှာဖွေနေကြသော်လည်း မတွေ့သဖြင့်၊ တကယ့်ကို စိတ်ပျက်အားလျော့ကာ မျက်နှာပျက်နေကြပြီး

"တကယ့်ကို စိတ်ညစ်ဖို့ကောင်းလိုက်တာ၊ အစကတည်းက တကယ်ပဲ အဆင်မပြေဘူး"

"ရပါတယ်... ရပါတယ် သားရဲ့၊ စိတ်မပူပါနဲ့၊ အမေ ရှိနေတာပဲဟာ။ သုံးရက်အတွင်းမှာ နင် လိုချင်တာကို ရစေရမယ်လို့ အမေ အာမခံပါတယ်"

"အမေ ပြောတာနော်။"

"အေးပါ... အမေ ကတိပေးတယ်"

ချန်ချင်းယွီသည် ၎င်းတို့နှစ်ဦးကို အေးစက်စွာ စိုက်ကြည့်နေပြီးနောက် ခေါင်းငုံ့ကာ ခေတ္တမျှ ငြိမ်သက်သွားပြီးမှ ခေါင်းပြန်မော့၍ ခပ်ဟဟ လှောင်ရယ်လိုက်မိသည်။

သူမကို လာပြီး ဉာဏ်ဆင်ကြံစည်ကြတယ်ပေါ့လေ…။

ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် စိတ်ကောင်းနှလုံးကောင်း ရှိပြနေခဲ့သည်မှာ တော်တော်လေး ကြာသွားခဲ့ပြီဟု ခံစားလိုက်ရ၏။

သူမသည် ကျန်းရှင်းဖှနှင့် မိခင်ဖြစ်သူတို့ကို မျက်ခြေဖြတ်ကာ လှည့်ထွက်ခဲ့သော်လည်း ပစ္စည်းများ သွားရောက်မဝယ်ယူတော့ဘဲ ဝင်းကြီးဆီသို့သာ တဖန် ပြန်ကွေ့လာခဲ့သည်။ သို့သော် ဝင်းထဲသို့ တိုက်ရိုက်မဝင်ဘဲ ကျန်းမိသားစုအိမ်၏ ခေါင်မိုးပေါ်သို့သာ သာသာယာယာ တက်သွားလိုက်၏။ နံနက်ပိုင်းအချိန်တွင် ဝင်းထဲ၌ အလုပ်မသွားသော အမျိုးသမီးထုနှင့် နွေရာသီကျောင်းပိတ်ရက် ရောက်နေသည့် ကလေးငယ်များသာ ရှိကြပြီး အားလုံးသည် ဒုတိယမြောက်ဝင်းထဲ၌ စုဝေးနေကြသည်။

ကျန်းရှင်းဖှသည် အလုပ်မှ ခွင့်ယူထားခဲ့သဖြင့် အိမ်ထဲ၌ လှဲလျောင်းနေသော်လည်း မျက်နှာအမူအရာမှာမူ များစွာ မကောင်းလှပေ။

အစကတည်းက အဆင်မပြေဖြစ်ခဲ့ရရာ မည်သို့လုပ်ပြီး စိတ်ကြည်လင်နိုင်ပမည်နည်း။

"အမေကပဲ သေချာပေါက် အောင်မြင်ရမယ်လို့ ပြောခဲ့တာ။ ငါက လူသူကင်းရှင်းတဲ့ လမ်းကြားကျရင် သူမကို သတိလစ်အောင် ရိုက်ပစ်မယ်လို့ တွေးထားတာကို... အခုတော့ ကြည့်စမ်း၊ လူလည်း ပျောက်သွားပြီ"

တတွတ်တွတ် ရေရွတ်ငြီးတွားနေခဲ့သည်။

အဘွားကြီးဟွမ် : "မလောပါနဲ့၊ မလောပါနဲ့ဦး။ တစ်ရက် နှစ်ရက်လောက် နောက်ကျတာနဲ့ ဘာမှ ထူးမသွားပါဘူးအေ"

ကျန်းရှင်းဖှ : "ဘာလို့ မထူးရမှာလဲ။ ကျွန်တော် အသည်းအသန် လိုချင်နေပြီဗျ.."

သူသည် မကျေမနပ် ညည်းညူပြောဆိုပြီးနောက်

"မဖြစ်သေးပါဘူး၊ ဆေးကို ကျွန်တော့်ဆီပဲ ပေးထားပြီး ထပ်စစ်ဆေးခိုင်းဦး။ အမေ လုပ်တာကို ကျွန်တော် လုံးဝ စိတ်မချဘူး"

အဘွားကြီးဟွမ် : "နင်ကတော့လေ... ရော့၊ ဒီမှာ။ ကြည့်စမ်း... တစ်ထုပ်လုံး အပြည့်ပဲ ရှိသေးတယ်"

"ဒီဆေးက တကယ်ပဲ အာနိသင်ရှိရဲ့လား"

"ငါ ဘယ်နှခေါက် ပြောရဦးမလဲ၊ သေချာပေါက် အာနိသင်ရှိတယ်၊ နင် စိတ်ချလက်ချသာ နေစမ်းပါ"

အဘွားကြီးဟွမ်သည် သားဖြစ်သူ၏ မယုံသင်္ကာဖြစ်မှုကို အလွန်မကျေမနပ်ဖြစ်လျက်

"နင်ကတော့ အမြဲတမ်း အတွေးလွန်နေတာပဲ"

"ဟွန့်။"

ချန်ချင်းယွီသည် သူတို့သားအမိ ထိုဆေးထုပ်ကို စားပွဲပေါ်သို့ တင်လိုက်သည်ကို ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေခဲ့သည်။

သူတို့၏ နည်းလမ်းဟောင်းအတိုင်း သူတို့ကိုပဲ ကတုံ့ကပြန် တုံ့ပြန်လိုက်ရင် ဘယ်လိုလဲ…

မှန်တယ်၊ ဒီလိုပဲ လုပ်ရမယ်…

ကိုယ့်ဖာသာ ငြိမ်ငြိမ်မနေဘဲ လာပြီး ရန်စတာကိုး…

ချန်ချင်းယွီ ဆေးထုပ်ကို စိုက်ကြည့်လျက် မည်သို့မည်ပုံ လက်ဝယ်ရရှိအောင် ပြုလုပ်ရမည်ဆိုသည်ကို တွေးတောနေသည်၊ အခွင့်သာသည့်အချိန်ကျမှ ထိုလူယုတ်မာနှစ်ဦးကို အတင်းအဓမ္မ တိုက်ပစ်ကာ ၎င်းတို့ မည်သို့ဖြစ်သွားမည်ကို စောင့်ကြည့်ရပေမည်။

"ဟေး... သား၊ တို့တွေ မနေ့က ဆွေးနွေးခဲ့တဲ့ ကိစ္စတွေကို ယွမ်ဟောက်မင်က တကယ်ပဲ ကြားသွားတာလား၊ မကြားသွားဘူးလား။ သူ တို့တွေကို သစ္စာဖောက်ပြီး သွားတိုင်မှာကို ငါ တကယ် စိုးရိမ်တယ်"

"သူ ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ မကြားချင်ယောင်ဆောင်နေမှာပါ။ အမေ မေ့သွားပြီလား။ ကျောက်ရုံနဲ့ ခိုးစားခဲ့တာက ချန်ရိကျွင်းလေ။ ချန်ရိကျွင်းက ဘယ်သူလဲ၊ ချန်ချင်းယွီရဲ့ အဖေလေ။ ယွမ်ဟောက်မင်က ဂျိုပေါက်ခံခဲ့ရတာဆိုတော့ နာကျည်းမနေဘူးလား။ သူ မကြားရင် ပိုကောင်းတာပေါ့၊ ကြားသွားခဲ့ရင်တောင် ကျွန်တော်တို့အကြောင်းကို လိုက်ပြောနေမှာ မဟုတ်ဘူး"

"အေး... နင် ပြောတာလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ချန်ချင်းယွီဆိုတဲ့ မိန်းမပျက်မလေး တို့အိမ်ထဲ ရောက်လာတဲ့အခါကျရင်တော့ တို့တွေ သေချာ စောင့်ကြည့်ရမယ်၊ သူမအဖေလိုမျိုး လိုက်မလုပ်မိအောင်လို့ပေါ့။ အပေါ်ယံ အဆောက်အအုံက မဖြောင့်မတ်ရင် အောက်ခြေလည်း ယိုင်နဲ့တတ်တာမို့ သူမရဲ့ ခါးစည်းကြိုး (ကိုယ်ကျင့်တရား) ကို သေချာ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားရမယ်"

"ဒါကိုတော့ အမေ လုံးဝ စိတ်ချလိုက်စမ်းပါ"

ချန်ချင်းယွီ လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။

သောက်ကျိုးနည်း ကောင်တွေ..

ချန်ချင်းယွီသည် ရင်ထဲ၌ ဆဲရေးတိုင်းထွာသံများဖြင့် ပြည့်နှက်သွားကာ မဆဲဘဲမနေနိုင် ဖြစ်သွားရသည်။

တကယ်ပင် ယုတ်မာကောက်ကျစ်လှသော လူယုတ်မာများကို အနည်းငယ်မျှပင် ညှာတာထောက်ထား၍ မရနိုင်ပေ။

ဤကျန်းရှင်းဖှဆိုသည့်ကောင်သည် တကယ့်ကို အညှီအဟောက်ကောင်သာ ဖြစ်၏။

သို့သော် ယွမ်ဟောက်မင်ပါ ဤကိစ္စကို သိရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် ယွမ်ဟောက်မင်၏ အကျင့်စရိုက်ကို အတိုင်းအတာတစ်ခုအထိ အကဲခတ်မိသည်ဟု ထင်မှတ်ထားခဲ့သော်ငြား ထိုကောင်သည် သူတပါးကို အသုံးချကာ မိမိကိုယ်တိုင်မူ ကြားမှ အသီးအပွင့် ဆွတ်ခူးချင်သည့် ကောက်ကျစ်စဉ်းလဲသော လူစားမျိုးသာ ဖြစ်၏။

သူ လုပ်ဆောင်ခဲ့သမျှ ကိစ္စရပ်အားလုံးမှာ ကျောက်ရုံ၏ အရှိန်အဝါကို အမှီပြုထားခြင်း ဖြစ်သည်။

တကယ်ကိုပဲ ဘာကောင်မှ မဟုတ်သည့်အရာပင်…

ချန်ချင်းယွီ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိ၏။ ယွမ်ဟောက်မင်ဟူသော ထိုလူညစ်ကောင်သည် တကယ့်ကို အထိနာတာ နည်းနေသေးပုံရသည်။ လမ်းဟောင်းအတိုင်း အောက်သို့ ပြန်ကျသွားသည့် ခံစားချက်မျိုးကို ပြန်လည်သင်ကြားပေးရန် လိုအပ်နေပုံရ၏။

သို့သော်လည်း ယခုအချိန်တွင် အဓိက အရေးကြီးဆုံးအရာမှာ ကျန်းမိသားစုဝင်များကို ကိုင်တွယ်ရန်ပင် ဖြစ်သည်။

အဘွားကြီးဟွမ်သည် မျက်နှာကြီးတင်းကာ တတွတ်တွတ် ရေရွတ်ငြီးတွားရင်း ကောက်ကျစ်လှသော အကြံဆိုးများကို တစ်ခုပြီးတစ်ခု ထုတ်နေ၏။

"နင် တကယ်ကြီး အသည်းအသန် ဖြစ်နေတယ်ဆိုရင် တို့တွေ ဒီညပဲ အကောင်အထည်ဖော်ကြမယ်။ ငါသိသလောက်တော့ ချန်ချင်းယွီက အိမ်မှာ ဆီးအိုး သုံးလေ့မရှိဘူး၊ အမြဲတမ်း အပြင်က အများသုံးအိမ်သာကိုပဲ သွားတတ်တာ။ တို့တွေ ချောင်းမြောင်းပြီး ဒီအခွင့်အရေးကို လက်ဆုပ်လက်ကိုင် ပြုလုပ်နိုင်ရင် အကောင်းဆုံးပဲ။ မိုးချုပ်တဲ့အချိန်ကျမှ သူမ အပြင်ထွက်လာတာနဲ့ တစ်ပြိုင်နက် တို့တွေ သူမကို သတိလစ်သွားအောင် ရိုက်ပစ်မယ်.. အဲဒီကျရင် သူမက နင့်ကို မြှူဆွယ်ဖြားယောင်းပါတယ်လို့ ပြောရင်တောင် ရတာပဲ.. ဘာပဲဖြစ်ဖြစ် တို့တွေ ကိစ္စကို သေသေချာချာ လက်ဦးမှု ရယူထားရမယ်။"

ကျန်းရှင်းဖှ : "ဒီလိုလုပ်ရင်လည်း ရတာပဲ။"

သူသည် တကယ်ပင် အသည်းအသန် ဖြစ်နေခဲ့၏။

ဘာပဲဖြစ်ဖြစ်၊ ဤမျှလောက် နှစ်ပေါင်းများစွာအထိ ခြောက်သွေ့ (မိန်းမကင်းဝေး) နေခဲ့ရသဖြင့် ထိုအကြောင်းကို မပြောလျှင်သာနေမည်၊ ပြောမိသည်နှင့်တစ်ပြိုင်နက် မအောင့်နိုင်မအင်းနိုင်အောင် စိတ်လှုပ်ရှားနေရသည်။

"ဒါဆိုရင်လည်း နင် ခဏလောက် အိပ်စက်အနားယူလိုက်ဦး၊ တို့တွေ ညကျမှ လှုပ်ရှားကြမယ်။"

ကျန်းရှင်းဖှသည် ကုတင်ပေါ်သို့ တဖန် ပြန်လှဲချလိုက်ရင်း

"ကောင်းပြီ အမေ၊ အမေ့သဘောအတိုင်းပဲ လုပ်ကြစို့။ ဒါဆိုရင် ကျွန်တော် ခဏလောက် မှေးလိုက်ဦးမယ်၊ အားအင်ပြည့်ဝနေမှ ဖြစ်မှာ။ အမေ နေ့လယ်ကျရင် ပေါက်စီ ပေါင်းပေးဦးနော်၊ ပေါက်စီလေးစားရမှ ကျွန်တော်လည်း အားအင်ရှိမှာ"

အဘွားကြီးဟွမ် အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း

"အေးပါ... ငါ အခုပဲ ဂျုံနယ်လိုက်တော့မယ်..."

သူမ ဟိုဟိုဒီဒီ အလုပ်ရှုပ်နေရင်း

"ငါလည်း ဗိုက်နည်းနည်း အောင့်လာသလိုပဲ။ တော်သေးတာပေါ့ အိမ်ပြန်ရောက်နေလို့၊ မဟုတ်ရင် ငါတော့..."

ထိုသို့ တတွတ်တွတ် ပြောဆိုရင်း အပြင်သို့ ထွက်သွားခဲ့၏။

ဤရက်စက်ယုတ်မာလှသော မိခင်နှင့်သား နှစ်ဦးစလုံးမှာ တကယ့်ကို လူကောင်းမဟုတ်ကြသော်လည်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေကြသည်မှာ အမှန်ပင် ဖြစ်သည်။ ဆေးထုပ်ကို စားပွဲပေါ်တွင် ထိုအတိုင်း ပစ်ထားခဲ့ကြရာ စိုးရိမ်ပူပန်စိတ် အနည်းငယ်မျှ ရှိပုံမရချေ။ သို့သော်လည်း စဉ်းစားကြည့်လျှင် အဘိုးကြီးကျန်းမှာ အလုပ်သွားနေသဖြင့် ပြန်မရောက်သေးသလို၊ ကျန်းမုန့်မုန့်မှာလည်း နွေရာသီကျောင်းပိတ်ရက်အတွင်း အပြင်၌သာ အမြဲတမ်း လျှောက်လည်နေတတ်ပြီး မိုးမချုပ်မချင်း အိမ်ပြန်လာမည့်သူ မဟုတ်ပေ။

ဤမိန်းကလေးမှာ လူကြီးများထက်ပင် ပိုမိုအလုပ်ရှုပ်နေခဲ့၏။

ထို့ကြောင့် မိသားစုဝင်များ မှားယွင်းယူငင်မိမည်ကို ၎င်းတို့ လုံးဝ စိုးရိမ်စရာမလိုခြင်း ဖြစ်သည်။

ချန်ချင်းယွီသည် ခေတ္တမျှ စောင့်ဆိုင်းနေခဲ့ပြီး၊ စတုတ္ထမြောက်ဝင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်ကို မြင်သောအခါမှ ခေါင်မိုးပေါ်မှ ဆင်းသက်ခဲ့၏။ သူမသည် အသံမထွက်အောင် အသာအယာ အိမ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး၊ ကျန်းရှင်းဖှမှာ ဟောက်သံပင် ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။ ချန်ချင်းယွီ စားပွဲပေါ်ရှိ ဆေးထုပ်ကို ယူဆောင်လျက် အပြင်ဘက် မီးဖိုချောင်ဆီသို့ အမြန် လျှောက်လှမ်းသွားခဲ့သည်။

ဟဲဟဲ..

ဂျုံနယ်နေတာနဲ့ အတော်ပဲပေါ့..

သူမသည် စိုးစိမျှ အားနာမနေဘဲ ဆေးမှုန့်အားလုံးကို ဂျုံစိမ်းထဲသို့ သွန်ထည့်လျက် ရောမွှေပစ်လိုက်သည်။

အကယ်၍ ဤဆေးသည် အတုဖြစ်ပါက ၎င်းတို့ ကံကောင်းသွားခြင်းဖြစ်ပြီး၊ တကယ်ကြီး အစစ်ဖြစ်နေပါမူ... ဟဲဟဲ..

ချန်ချင်းယွီသည် ၎င်းတို့၏ ရယ်စရာပြကွက်ကို စောင့်ကြည့်ရန်သာ ပြင်ဆင်လိုက်၏။ ဆေးမှုန့်မှာ အဖြူရောင်ဖြစ်သဖြင့် ချန်ချင်းယွီသည် ဂျုံမှုန့်အနည်းငယ်ကို ဆေးထုပ်ဟောင်းထဲသို့ ပြန်လည်ထည့်သွင်းကာ စားပွဲပေါ်သို့ မူလအတိုင်း ပြန်လည်တင်ထားလိုက်သည်။ ၎င်းတို့ ရိပ်မိသွားမည်ကို သူမ လုံးဝ စိုးရိမ်မနေချေ။ အဘွားကြီးဟွမ်နှင့် ကျန်းရှင်းဖှတို့သည် စေ့စပ်သေချာသော အကျင့်စရိုက် ရှိကြသူများ မဟုတ်ပေ။ အိမ်နီးနားချင်းဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ၊ ဤလူနှစ်ဦးသည် ကြမ်းတမ်းပြီး အသေးအဖွဲကိစ္စများကို သတိမမူတတ်ကြသည်ကို သူမ ကောင်းစွာ သိရှိသည်။

ပြောရမည်ဆိုလျှင် အရာအားလုံး အဆင်ပြေချောမွေ့လွန်းနေခြင်းမှာလည်း ဤလူနှစ်ဦး လုပ်ဆောင်မှု ကြမ်းတမ်းပြီး မည်သည့်အစီအစဉ်မျှ သေချာမရှိကြခြင်းကြောင့်လည်း ပါဝင်၏။

ချန်ချင်းယွီ အိမ်ထဲမှ အမြန် ထွက်လာခဲ့ပြီး၊ ထိုအိမ်မှ ပေါက်စီများကို အခြားသူများ မှားယွင်းစားမိမည်ကိုလည်း စိုးရိမ်ပူပန်ခြင်းမရှိချေ။

ဟဲဟဲ..

ယခင်အတိုင်းပင်... နှစ်ပေါင်းများစွာ အိမ်နီးနားချင်း ဖြစ်ခဲ့ကြသဖြင့် အဘွားကြီးဟွမ် မည်မျှအထိ ကပ်စေးနှဲတတ်သည်ကို သူမ ကောင်းစွာ သိရှိသည်။

အဘိုးကြီးကျန်းနှင့် ကျန်းမုန့်မုန့်တို့မှလွဲ၍ အခြားသူများ ဤပေါက်စီကို စားခွင့်ရရှိရန် မဖြစ်နိုင်ပေ။

၎င်းတို့နှစ်ဦးစလုံး အိမ်မှာ မရှိကြသဖြင့် ပြဿနာမရှိချေ။

အမှန်အတိုင်း ပြောရလျှင် ချန်ချင်းယွီသည် အဘိုးကြီးကျန်းကိုလည်း များစွာ မနှစ်သက်လှချေ၊ ထိုအဘိုးကြီးသည်လည်း ကောင်းလှသောသူ မဟုတ်ပေ။ သူမအနေဖြင့် ကျန်းမုန့်မုန့်ဟူသော ကလေးငယ်တစ်ဦးတည်းသာ မှားယွင်းမစားမိစေရန် ဂရုစိုက်ရမည်ဖြစ်ပြီး ကျန်သူများကိုမူ ဂရုစိုက်နေမည် မဟုတ်ပေ။

ချန်ချင်းယွီသည် တစ်ပါးသူအား မိမိကို ကြံစည်သည့်အတိုင်း

တုံ့ပြန်တတ်သော်လည်း၊ ကျန်းမုန့်မုန့်သည် ကျန်းမိသားစုဝင်များကဲ့သို့ ကိုယ်ကျင့်တရား ကင်းမဲ့လွန်းလှသူ မဟုတ်သဖြင့် ကလေးသူငယ်အပေါ်တွင်မူ လက်ရဲဇက်ရဲ ပြုလုပ်မည် မဟုတ်ပေ။

ကျန်းမုန့်မုန့် မည်ကဲ့သို့သော အကျင့်စရိုက် ရှိပါစေ၊ အဓိကမှာ သူမသည် ချန်ချင်းယွီ၏အိမ်မှ ပစ္စည်းများကို ခိုးယူခြင်းမရှိသလို၊ ယခုကိစ္စတွင်လည်း မပါဝင်ပေ။

ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားပြီးနောက်၊ ဝင်းထဲသို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်၊ အကယ်၍ ကျန်းမုန့်မုန့် တကယ် ပြန်လာခဲ့ပါက သူမအနေဖြင့် တားဆီးပေးနိုင်မည် ဖြစ်သည်။

ဘုရားရေ... သူမက တကယ်ပဲ အကောင်းဆုံးသော ချန်ချင်းယွီ ဖြစ်နေပါလား…

ကိုယ်ကျင့်တရား အကောင်းဆုံးသော ချန်ချင်းယွီလေးပေါ့..

ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် တိတ်တဆိတ် ချီးကျူးလိုက်ပြီးနောက်၊ ခေါင်မိုးပေါ်မှ အမြန်ဆင်းကာ အပြင်ဘက်သို့ တစ်ပတ်လှည့်လျက် ဝင်းအိမ်ကြီးဆီသို့ အမြန်ပြန်လာခဲ့၏။ လမ်းကြားဝသို့ ရောက်သောအခါ ယွမ်ဟောက်မင်လည်း ပြန်လာသည်ကို တွေ့လိုက်ရသည်။ သူသည် ချန်ချင်းယွီကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသော်လည်း၊ ချက်ချင်းပင် စိတ်ကို ပြန်လည်

ထိန်းချုပ်လျက် နှုတ်ဆက်လိုက်၏။

"ရှောင်ချန်ရေ.. အပြင်ကို ပစ္စည်းသွားဝယ်တာလား"

ချန်ချင်းယွီ : "ဟုတ်ကဲ့ရှင့်၊ ဦးလေးကကော ဒီနေ့ အလုပ်မသွားဘူးလား။"

ဟန်ဆောင်အပြုံးများဖြင့် အပြန်အလှန် နှုတ်ဆက်နေကြခြင်း ဖြစ်သည်။

နှစ်ဦးစလုံးသည် စိတ်ထဲ၌ ကိုယ်စီ အကြံစည်များ ရှိနေကြ၏။

ယွမ်ဟောက်မင် ဟန်ကိုယ်ဖို့ တည်ငြိမ်စွာဖြင့်

"ငါ နည်းနည်း နေမကောင်းလို့၊ အိမ်ပြန်ပြီး ခဏလှဲမလို့ပါ"

၎င်းတို့နှစ်ဦးသည် တစ်ဦးနောက်တစ်ဦး ဝင်းအိမ်ကြီးထဲသို့ ဝင်ရောက်လာကြရာ၊ အဒေါ်ကြီးမေ့မှာ

"ဟယ်... နင် ဘာလို့ ပြန်လာတာလဲ။ အလုပ်မသွားဘူးလား"

အဒေါ်ကြီးမေ့သည် ဝင်းကြီးထဲ၌ ယွမ်မိသားစုနှင့် ကြီးမားသော ပဋိပက္ခ မရှိကြသည့် အနည်းငယ်သော မိသားစုဝင်များထဲမှ တစ်ဦး ဖြစ်၏။

ကျောက်ရုံ ပြဿနာရှာခဲ့သော်လည်း၊ လမ်းဘေးဈေးရောင်းခြင်း ကိစ္စမှာ ကြီးမားလှသည် မဟုတ်သဖြင့်… သဘာဝကျစွာပင် သက်ရောက်မှု မရှိပေ။

"ကျွန်တော် နည်းနည်း နေမကောင်းလို့၊ ဒါကြောင့် ဒီနေ့ တစ်ဝက် ခွင့်ယူလိုက်တာပါ။"

ယွမ်ဟောက်မင် တစ်ဦးတည်း အနောက်ဘက်သို့ လျှောက်သွားခဲ့ရာ၊ ချန်ချင်းယွီမှာမူ ထိုင်ချလိုက်ပြီး မေးမြန်းလိုက်သည်။

"ဒေါ်လေးမေ့ရှင့်... မက်မွန်သီးအကြီးကြီးပုံ ပေါက်စီတွေ အော်ဒါမှာလို့ရတဲ့နေရာ သိလားဟင်။ ထူးထူးခြားခြား အကြီးကြီးတွေလေ၊ သချိုင်းမြေ သွားကန်တော့ဖို့ သုံးမလို့ပါ။ နေရာတော်တော်များများ ရှာကြည့်ပေမယ့် လုပ်ပေးနိုင်တဲ့သူ မတွေ့လို့ပါ"

"ဒီလိုအရာမျိုးကို လိုအပ်လို့လား။"

ချန်ချင်းယွီ ခေါင်းငြိမ့်ပြလျက်

"ဟုတ်ကဲ့ လိုအပ်ပါတယ်၊ အဲဒီဘက်က ကိစ္စတွေ စီစဉ်ပေးတဲ့သူက ဒါမျိုး လိုအပ်တယ်လို့ ပြောလို့ပါ"

ချန်ချင်းယွီသည်လည်း ဤအရာများကို ကောင်းစွာ နားမလည်ချေ။

"ကိုယ့်ဖာသာ ပေါင်းလိုက်ပါလား။"

ချန်ချင်းယွီ : "ပေါင်းရတာ အဆင်မပြေလို့ပါ၊ ထူးထူးခြားခြား အကြီးကြီးတွေဆိုတော့ ကျက်ဖို့က တော်တော်ခက်တယ်လေ။ ကျွန်မသေချာ မလုပ်တတ်ဘူး။"

အဒေါ်ကြီးမေ့ : "ဒါဆိုရင် ငါ လုပ်ပေးမယ်လေ၊ ဂျုံဖိုးအပါအဝင် ငါ့ကို တစ်ယွမ်ပေးလိုက်။"

ချန်ချင်းယွီ : "နှစ်ယွမ်ပေးပါ့မယ်၊ ကျွန်မ လိုချင်တာက ထူးထူးခြားခြား အကြီးကြီးဖြစ်ရမယ်နော်။ ဒေါ်လေးက ဂျုံကို ချွေတာချင်လို့ သေးသေးလေးပဲ လုပ်ပေးရင်တော့ မရဘူးနော်။"

"ဟဲ့... ဒီကလေးကတော့လေ၊ ဒါမျိုးကို စိုးရိမ်နေရသေးတယ်။ ရတယ်... နှစ်ယွမ်ပေး၊ နင့်စိတ်တိုင်းကျ ဖြစ်စေရမယ်၊ ငါ သေသေချာချာ လုပ်ပေးပါ့မယ်။"

အဒေါ်ကြီးမေ့သည် ဝင်းကြီးထဲ၌ အတင်းအဖျင်း အပြောဆုံးသူ ဖြစ်သော်လည်း၊ အလုပ်လုပ်ရာတွင်မူ အတက်ကြွဆုံး ဖြစ်၏။ သူမသည် မည်သို့သော အလုပ်မျိုးကိုမဆို လက်ခံလုပ်ကိုင်ပေးတတ်သည်။

ဆင်းရဲဖူးသူများသာလျှင် ပိုက်ဆံရှာဖွေရခြင်းမှာ မည်မျှအရေးကြီးသည်ကို ကောင်းစွာ နားလည်ကြပေလိမ့်မည်။

၎င်းတို့နှစ်ဦး တိုင်ပင်ဆွေးနွေးနေကြစဉ်၊ ယွမ်ဟောက်မင်သည် နံရံထောင့်၌ ရပ်တန့်ကာ တိတ်တဆိတ် ချောင်းမြောင်းနားထောင်ပြီးနောက်မှ စိတ်အေးလက်အေးဖြင့် အိမ်သို့ ပြန်သွားခဲ့သည်။ အမှန်တကယ်တမ်း သူသည် ချန်ချင်းယွီကို အလွန် လိမ္မာပါးနပ်သူတစ်ဦးဟု ထင်မြင်ထားသည်၊ လူအတစ်ဦးမှာ စီးပွားရေးလုပ်ပြီး ပိုက်ဆံများစွာ ရှာဖွေနိုင်မည် မဟုတ်ပေ။

သေချာပေါက် ထက်မြက်သူတစ်ဦး ဖြစ်ရပေမည်၊ ထို့ကြောင့် သူသည် အဘွားကြီးဟွမ်တို့၏ အကြံအစည်များကို ချန်ချင်းယွီ ရိပ်မိသွားမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

ဘာပဲဖြစ်ဖြစ်၊ အဘွားကြီးဟွမ်နှင့် သားဖြစ်သူတို့မှာ အလုပ်လုပ်ရာတွင် သပ်ရပ်သွက်လက်သူများ မဟုတ်ကြချေ။

သူသည် ချန်ချင်းယွီ ဘေးကင်းရန်ကင်း ဖြစ်နေသည်ကို မလိုလားသူတည်း။

ဒုက္ခရောက်ကြစမ်းပါ၊ အားလုံး ဒုက္ခရောက်ကြမှသာ ကောင်းလိမ့်မယ်…။

လူတိုင်း ဒုက္ခရောက်မှသာ သူ ပျော်ရွှင်နိုင်မည် ဖြစ်သည်..

သူသည် ချန်ချင်းယွီ တစ်စုံတစ်ခုကို ရိပ်မိသွားမည်ကို စိုးရိမ်နေသော်လည်း၊ ချန်ချင်းယွီ၏ ပုံစံကို ကြည့်ရသည်မှာ ပုံမှန်အတိုင်းပင် ရှိနေသေးသည်။ သူသည် စိတ်အနည်းငယ် အေးသွားမိပြီး စတုတ္ထမြောက်ဝင်းဆီသို့ တဖန် ပြန်လည်ရောက်ရှိလာခဲ့၏။ ထိုအချိန်၌ အဘွားကြီးဟွမ်သည် ဂျုံနယ်ပြီး စောင့်ဆိုင်းနေချိန် ဖြစ်သည်။

သူမသည် ယွမ်ဟောက်မင်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် သတိကြီးစွာ ထားလျက်

"နင် ဘာလာလုပ်တာလဲ"

ယွမ်ဟောက်မင် : "ကျွန်တော် ဘာမှ မဟုတ်ပါဘူး၊ ဒီလိုပဲ... နည်းနည်း နေမကောင်းလို့၊ အိမ်မှာ အအေးမိ ပျောက်ဆေးများ ရှိမလားလို့ လာမေးတာပါ။"

"မရှိဘူး၊ မရှိဘူး။ နင့်မျက်နှာက တကယ်ပဲ အရေထူတာပဲ၊ တို့အိမ်အထိ လာပြီး ဆေးလာချေးရဲသေးတယ်။ ဘာကောင်လဲမသိဘူး.. ထွက်သွားစမ်း၊ ငါတို့အိမ်မှာ မရှိဘူး။"

ယွမ်ဟောက်မင် : "ဒါဆိုရင်လည်း ရပါတယ်၊ ကျွန်တော် အဒေါ်ကြီးမေ့တို့ဆီ သွားမေးကြည့်လိုက်ပါ့မယ်။ ရှောင်ချန်လည်း ရှေ့ဝင်းထဲမှာ ရှိနေတော့ သူမတို့အိမ်မှာ ရှိနိုင်မလား မသိဘူးနော်။"

အဘွားကြီးဟွမ် : "ဘာ၊ နင် ဘယ်သူ့ကို ပြောလိုက်တာလဲ။ ရှောင်ချန်လား။ မုဆိုးမငယ်လေး ပြန်ရောက်နေပြီလား။"

ယွမ်ဟောက်မင်သည် မသိချင်ယောင်ဆောင်လျက်

"ဟုတ်ကဲ့၊ ကျွန်တော် ခုနက ပြန်လာတုန်းက လမ်းမှာ ဆုံခဲ့တာ။ သူမက အပြင်ကနေ ပြန်လာတာ၊ မက်မွန်သီးအကြီးကြီးတွေ ဝယ်မလို့ဆိုပြီး လုပ်ပေးမယ့်သူ ရှာမတွေ့လို့ ပြန်လာတာတဲ့"

(သွားကြစမ်းပါ၊ မြန်မြန်သွားပြီး ချန်ချင်းယွီကို ကြံစည်ကြစမ်းပါ၊ ခွေးအချင်းချင်း ကိုက်ကြစမ်းပါ၊ အားလုံးပဲ ဒုက္ခလှလှ ကြုံကြစမ်းပါ)

အဘွားကြီးဟွမ် : "သူမ ပြန်ရောက်နေပြီပေါ့~"

သူမ၏ မျက်လုံးများမှာ ဝိုင်းစက်သွားခဲ့သည်။

ယွမ်ဟောက်မင်သည် "သတင်းပေးခြင်း" ပြီးဆုံးသွားသောအခါ၊ နေမကောင်းဟန်ဆောင်လျက် ဦးခေါင်းကို ပွတ်သပ်ရင်း

"ကျွန်တော် ပြန်ပြီး ခဏလှဲလိုက်ဦးမယ်"

အဘွားကြီးဟွမ်သည် ယွမ်ဟောက်မင်ကို ဂရုမစိုက်ပေ။

သူမ နှာခေါင်းရှုံ့လျက် ချန်ချင်းယွီကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကိုသာ စဉ်းစားခန်းဖွင့်နေ၏။ ယွမ်ဟောက်မင်မှာမူ မိမိ၏ အကြံအောင်မြင်သဖြင့် ဝမ်းသာအားရဖြစ်ကာ နေမကောင်းဟန်ဆောင်လျက် အိမ်သို့ ပြန်လာခဲ့သော်လည်း၊ အလယ်ဝင်းသို့ ရောက်သောအခါ ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်မိလေသည်။

ထိုအချိန်၌ ချန်ချင်းယွီသည် အိမ်သို့ ပြန်ရောက်နေပြီဖြစ်ရာ၊ သူမသည် အနောက်ဘက်ပြတင်းပေါက်မှတစ်ဆင့် ယွမ်ဟောက်မင်၏ ထိုကဲ့သို့သော ယုတ်မာလှသည့် အမူအရာကို ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေခဲ့တော့သည်...။

All Chapters