← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း (၁၇၉) မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး

ယနေ့သည် ပိတ်ရက်မဟုတ်သဖြင့် ဝင်းအိမ်ကြီးထဲတွင် လူသိပ်မရှိပေ။

နေ့လယ်ခေါင်အချိန်ကြီး၌ အဘွားကြီးဟွမ်သည် အိမ်တွင် သီချင်းလေးတအေးအေးညည်းကာ ပေါက်စီ ပေါင်းနေခဲ့သည်၊ သူမသည် ချန်ချင်းယွီကို ကြံစည်ဉာဏ်ဆင်ရန် စိတ်ကူးနေသဖြင့် စိတ်အခြေအနေသည်ကား သေချာပေါက် ကောင်းမွန်နေပေလိမ့်မည်။

ပြောရမည်ဆိုလျှင် ချန်ချင်းယွီမှာ ရုပ်ရည်ချောမောလှပသူ ဖြစ်သော်လည်း၊ ဤခေတ်ကာလတွင် အလုပ်သမားပြည်သူလူထုသည်သာ အမွန်မြတ်ဆုံးဖြစ်ရာ ရုပ်လှရုံမျှဖြင့် ဘာမှ အရာမဝင်ချေ။ အမျိုးသားများမှာမူ သဘာဝကျစွာ သဘောကျကြမည်ဖြစ်သော်လည်း…. အိမ်ထောင်မှုကို နိုင်နင်းစွာ ထိန်းသိမ်းမည့်သူမျိုး မဟုတ်မည်ကို စိုးရိမ်ကြ၏။ လူကြီးမိဘများမှာ သာ၍ပင် သဘောမကျကြပေ။

ချန်ချင်းယွီသည် ယခုခေတ် ရိုးရာအလှအပစံနှုန်းမျိုး မဟုတ်ဘဲ၊ လှပသည်ကို လူတိုင်းသိကြသော်လည်း သူမ၏ မျက်လုံးကြီးကြီးနှင့် မေးရိုးသွယ်သွယ်ပုံစံမှာ အားနွဲ့ကာ လေတိုက်ရင်ပင် လဲတော့မည့်ပုံစံမျိုး ဖြစ်နေသဖြင့် မြေခွေးမလေး (မြူဆွယ်တတ်သူ) နှင့် တူလှသည်... သို့သော် ဤအရာများသည် အိမ်ထောင်မှုဘဝ နိုင်နင်းခြင်းနှင့် ဘာမှမဆိုင်ချေ။ လူကြီးမိဘများ နှစ်သက်သည်မှာ ဤကဲ့သို့သောအလှမျိုး မဟုတ်ပေ။

ယေဘုယျအားဖြင့် အမျိုးသားများ အိမ်ထောင်ပြုလျှင် ရှာဖွေလိုကြသည်မှာ အလုပ်လည်းလုပ်နိုင်၊ ကလေးလည်းထိန်းနိုင်၊ အိမ်မှုကိစ္စလည်း နိုင်နင်း၊ လူကြီးမိဘများကိုလည်း ပြုစုလုပ်ကျွေးနိုင်ပြီး ကလေးငယ်များကိုလည်း စောင့်ရှောက်နိုင်မည့်သူမျိုး ဖြစ်၏။ ၎င်းတို့ လိုချင်သည်မှာ ဤသို့သော အမျိုးကျွန်မမျိုး ဖြစ်သည်။

မိမိကိုယ်ကိုယ် ဘယ်လောက်ပင် မစွမ်းသာသည့်ကောင် ဖြစ်ပါစေ၊ အမျိုးကျွန်မထံမှမူ ရာနှုန်းပြည့်၊ ထောင်နှုန်းပြည့် ပေးဆပ်မှုကိုသာ လိုချင်ကြ၍။

ထို့ကြောင့် ချန်ချင်းယွီ ရုပ်လှသော်လည်း၊ တစ်ဖက်တွင် အဘွားကြီးကျောက်၏ ပြတ်သားကြမ်းတမ်းမှုကြောင့်၎င်း၊ တစ်ဖက်တွင်လည်း သူမကိုယ်တိုင်က "အလုပ်မလုပ်သော အမျိုးကျွန်မ" ဖြစ်နေခြင်းကြောင့်၎င်း၊ လူတိုင်း သူမကို ရှေ့တိုးရန် မစဉ်းစားရဲသည့် အကြောင်းရင်းများ ဖြစ်လာခဲ့သည်။ ၎င်းသည် သူမ၏မိသားစု ယခုအချိန်အထိ အေးအေးချမ်းချမ်း ရှိနေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်၏။ သို့သော် ယခုမူ အဘွားကြီးဟွမ်က ထိုသို့မတွေးတော့ပေ။

ဘာကြောင့်လဲ…

သေချာပေါက် ပိုက်ဆံကြောင့်ပင် ဖြစ်သည်။

အဘွားကြီးဟွမ် ကြံစည်နေသည်မှာ ပိုက်ဆံဖြစ်၏။ ချန်ချင်းယွီတွင် အမြဲတမ်းတရားဝင်အလုပ် မရှိသော်လည်း ပိုက်ဆံရှိသည်။ သူမ ပိုက်ဆံရှာနိုင်သဖြင့် အဘွားကြီးဟွမ် တကယ်ပင် စိတ်လှုပ်ရှားသွားရ၏။ အဘွားကြီးကျောက်၏ ကောင်းမွန်လှသော နေ့ရက်များကို သူမလည်း ဖြတ်သန်းချင်နေခဲ့သည်။

ဝင်းကြီးတစ်ခုတည်းက အဘွားအိုအချင်းချင်းပဲကို၊ သူမက ဘာဖြစ်လို့ အဘွားကြီးကျောက်ထက် နိမ့်ကျနေရမှာလဲ..

ဘာဖြစ်လို့လဲ..

အဘွားကြီးဟွမ် အလွန်အမင်း မနာလိုဖြစ်နေခဲ့ပြီး အဘွားကြီးကျောက်၏ ကောင်းမွန်သောနေ့ရက်များကို ချက်ချင်းပင် ဖျက်ဆီးပစ်ချင်နေ၏။

ချန်ချင်းယွီ ပိုက်ဆံရှာနိုင်ကတည်းက၊ သူမအနေဖြင့် ထိုမိန်းမကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားပြီး မိမိတို့မိသားစုအတွက် အလုပ်အကျွေးပြုစေချင်လှပြီ ဖြစ်သည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင်မူ သူမသည် သေချာပေါက် လက်ရဲဇက်ရဲ လုပ်ဆောင်ရန် ဆုံးဖြတ်ထားခဲ့၏။

မိခင်နှင့်သား နှစ်ဦးစလုံး ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်ကာ တက်ကြွနေကြပြီး…

အဘွားကြီးဟွမ် : "ဒီညပဲ တို့တွေ လှုပ်ရှားကြမယ်၊ နင် စိတ်သာချလိုက်စမ်းပါ၊ ဘာပြဿနာမှ မရှိစေရဘူး။ သူမလား? သူမကို ကိုင်တွယ်ရတာ ငါ့အတွက်တော့ ကြောင်ပေါက်လေးတစ်ကောင်ကို ကိုင်တွယ်ရသလိုပဲ လွယ်ပါတယ်။ တို့အိမ်ထဲ လက်ထပ်ဝင်လာတဲ့အခါကျရင်တော့၊ လင်ဟောင်းဘက်က ယောက္ခမနဲ့ ကလေးတွေကို လုံးဝ ပြန်မကြည့်ဖို့၊ အချိန်မှီ သားတစ်ယောက် မြန်မြန်မွေးဖို့ သူမကို ငါ သေသေချာချာ ပြောရမယ်"

ကျန်းရှင်းဖှ : "ဟုတ်တယ်၊ ကျွန်တော် ကျန်းရှင်းဖှမှာ သားမရှိလို့ လုံးဝမဖြစ်ဘူး။ တို့ ကျန်းမိသားစုရဲ့ မျိုးရိုးဆက်ခံဖို့ ကျွန်တော့်ကိုပဲ မျှော်လင့်နေကြတာ"

အဘွားကြီးဟွမ် : "နင် ဒီလိုတွေးတာ မှန်တာပေါ့၊ နင်လည်း အသက်မငယ်တော့ဘူး၊ သားတစ်ယောက် မြန်မြန်ရမှဖြစ်မယ်၊ အကောင်းဆုံးကတော့ အများကြီး မွေးပစ်လိုက်ဖို့ပဲ။ တစ်ယောက် နှစ်ယောက်ဆိုရင် နည်းတယ်လို့ ငါမထင်ဘူး၊ သုံးယောက် ငါးယောက်ဆိုရင်လည်း များတယ်လို့ မဆိုလိုပါဘူး။ ခုနစ်ယောက် ရှစ်ယောက်လောက် မွေးနိုင်ရင် ပိုတောင်ကောင်းသေးတယ်၊ အဲဒါဆိုရင် တို့ဝင်းအိမ်ကြီးထဲမှာ ထူးထူးခြားခြားအဖြစ်ဆုံး ဖြစ်သွားမှာ။ အခု ငါ ကျန်းမာရေးကောင်းတုန်းမှာ အများကြီး မွေးထားလိုက်၊ ငါ ကလေးထိန်းပေးမယ်။ ဒါပေမဲ့ ကလေးထိန်းပေးတာက သီးသန့်၊ ငါ့ကို ပေးမယ့်ပိုက်ဆံတော့ လျော့လို့မရဘူးနော်။ အဘွားကြီးကျောက် ဖြတ်သန်းနေရတဲ့ သုခစည်းစိမ်မျိုးကို ငါ သေချာပေါက် သူမထက် ပိုပြီး သာလွန်အောင် ဖြတ်သန်းရမယ်"

"အမေ စိတ်ချပါ၊ အဲဒီအချိန်ကျရင် တစ်လကို စားစရိတ် သုံးဆယ် (၃၀) ပေးမယ်။ ချန်ချင်းယွီကိုပဲ စိုက်ခိုင်းလိုက်မယ်"

ကျန်းရှင်းဖှ အားရပါးရနှင့် ဝင့်ကြွားစွာ ပြောဆိုလိုက်သည်။

အဘွားကြီးဟွမ် တခိခိ ရယ်မောလိုက်ရင်း

"ဒါ နင်ပြောတဲ့စကားနော်၊ နောက်မှ စကားပျက်လို့ မရဘူးနော်.."

"ဒါပေါ့၊ သေချာပေါက်ပဲပေါ့။"

သားအမိနှစ်ဦးစလုံး တခိခိနှင့် သဘောကျစွာ ရယ်မောလိုက်ကြသည်။ ဤနေ့လယ်စာမှာ မိမိတို့အတွက် အထူးပင် မြိန်လှပေ၏။

ကျန်းရှင်းဖှသည် ခေါင်းငုံ့ကာ ပေါက်စီကို ကိုက်ဝါးရင်း

"မေမေ... ဒီနေ့ ပေါက်စီက ဘာလို့ နည်းနည်း အနံ့ဆန်းနေတာလဲ"

"ဟုတ်လို့လား။"

အဘွားကြီးဟွမ်ကိုယ်တိုင်မူ ဘာမှ မထူးခြားဟု ခံစားရသဖြင့်

"ငါစားတာတော့ အဆင်ပြေသားပဲ၊ နင်ကတော့လေ တကယ့်ကို ဂျီးများလွန်းတာပဲ။ ငါက ဂျုံမှုန့်အစစ်နဲ့ လုပ်ထားတာကို၊ မကောင်းဘဲ နေပါ့မလား"

"ဒါဆိုရင်လည်း အမေလုပ်ထားတဲ့ ဟင်းကပဲ အနံ့ထွက်နေလို့ ဖြစ်လိမ့်မယ်။"

"ဟုတ်လို့လား၊ မဟုတ်ပါဘူး၊ ဒီအချဉ်နပ်က ဒီနှစ်မှ လုပ်ထားတာဆိုတော့ ပုပ်စရာ အကြောင်းမရှိပါဘူး။"

နှစ်ဦးစလုံးသည် တတွတ်တွတ်နှင့် ငြင်းခုံပြောဆိုနေကြ၏။

အနည်းငယ် အနံ့ဆန်းသည်ဟု ခံစားရသော်လည်း ကျန်းရှင်းဖှနှင့် အဘွားကြီးဟွမ်တို့မှာ အစားမလျော့ခဲ့ကြပေ။ ပေါက်စီတစ်အိုးလုံးတွင် နှစ်လုံးသာ ကျန်ရှိလေသည်။ ပူပြင်းလှသော နွေရာသီမွန်းတည့်ချိန်ဖြစ်ရာ စားသောက်ပြီးပြီးချင်း အိပ်ချင်မူးတူး ဖြစ်လာကြသဖြင့် မိခင်နှင့်သား နှစ်ဦးစလုံး အိပ်စက်

အနားယူလိုက်ကြ၏။

ဘာပဲဖြစ်ဖြစ် ညကျလျှင် အလုပ်ကြီးကိစ္စ ရှိနေသည်မဟုတ်ပါလော…

သူတို့နှစ်ဦးစလုံး မမြင်လိုက်သည့်အရာမှာ တစ်စုံတစ်ယောက်သည် အသံမထွက်စေဘဲ ကျန်ရှိနေသော ပေါက်စီနှစ်လုံးကို ခိုးယူသွားခဲ့ခြင်းပင် ဖြစ်သည်...။

ယွမ်ဟောက်မင်သည် ရယ်စရာပွဲကြီးပွဲကောင်းကို စောင့်ကြည့်ချင်သဖြင့် နေ့လယ်မတိုင်မီကတည်းက အလုပ်မှ ခွင့်ယူခဲ့ခြင်းဖြစ်၏။ အဘွားကြီးဟွမ်တို့ သားအမိ မည်သို့လုပ်ဆောင်ကြမည်ကို သေသေချာချာ မသိသော်လည်း၊ ယွမ်ဟောက်မင်မှာ အိမ်၌သာ အမိအရ စောင့်ဆိုင်းရန် ပြင်ဆင်ထားသည်၊ မည်သို့ဖြစ်စေ… ၎င်းတို့ ပြန်လာကြမည်သာ ဖြစ်သဖြင့် ထိုရယ်စရာပြကွက်ကို သေချာပေါက် ကြည့်ရပေလိမ့်မည်။

ယွမ်ဟောက်မင် ကောက်ကျစ်စဉ်းလဲစွာဖြင့် တတွတ်တွတ် ရေရွတ်နေခဲ့၏။

"ငါ့ကို တစ်ယောက်ပြီးတစ်ယောက် လာစော်ကားကြတယ်၊ အခုတော့ မင်းတို့ အချင်းချင်း ခွေးကိုက်သလို ကိုက်ကြရတော့မယ်၊ ငါကတော့ မင်းတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ တစ်ကောင်ပြီးတစ်ကောင် ထောင်ထဲဝင်ဖို့သာ ပြင်ထားကြတော့။ ဟဲဟဲ... ဖောက်ပြန်တဲ့ ဆက်ဆံရေးတွေ ရှုပ်ထွေးနေကြတာလား။ ငါ သေသေချာချာ ကူညီပေးရမပေါ့။ မင်းတို့ နာမည်ကြီးအောင် လုပ်ပေးမယ်။"

သူသည် အလွန်အမင်း မည်းမှောင်သော မျက်နှာထားဖြင့် အေးစက်စွာ ပြောဆိုလိုက်သည်။

"ကျန်းရှင်းဖှ... မင်း ငါ့ကို အိမ်သာကျင်းထဲ ကန်ချခဲ့တာ ဒီလောက်တောင် အကြိမ်များနေပြီကို၊ ကောင်းမွန်တဲ့ နေ့ရက်တွေကို ဖြတ်သန်းချင်နေသေးတယ်ပေါ့လေ။ ငါ မင်းကို ထောင်နန်းစံစေရမယ်။ မင်းတို့ သားအမိနှစ်ယောက်လုံး အတူတူ ထောင်ထဲဝင်ကြစမ်း"

သူသည် တွေးမိလေလေ သာ၍ပင် ကျေနပ်အားရလာလေဖြစ်ပြီး၊ ထိုမုဆိုးမငယ်လေး၏ အိမ်ကိုလည်း စူးစိုက်ကြည့်လျက် နှာခေါင်းရှုံ့ကာ

"ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်းလည်း မသိဘဲနဲ့၊ ဝင်းကြီးထဲမှာ လာပြီး ဆရာကြီးလုပ်ချင်နေသေးတယ်၊ ငါ့အိမ်ကို ဖိနှိပ်ထားနိုင်ရင် ပြီးရောပေါ့လေ။ တကယ့်ကို အဆင့်မရှိတဲ့ မိန်းမပျက်မ။ နင့်အဖေလုပ်ခဲ့တဲ့ အမှားတွေကို နင်ပဲ ပြန်ပေးဆပ်လိုက်စမ်း။ အဲဒီအချိန်ကျရင် အပျက်မဆိုတဲ့ နာမည်ဆိုးကြီးနဲ့ နင် ဘယ်လိုမျက်နှာမျိုးနဲ့ ရှင်သန်မလဲဆိုတာ ငါစောင့်ကြည့်မယ်.."

ယွမ်ဟောက်မင် သွေးအေးအေးဖြင့် တခိခိ ရယ်မောလိုက်ရာ တုန်လှုပ်ချောက်ချားစရာ ကောင်းလှသည်။

သူသည် ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ် မောင်နှမနှစ်ဦးကဲ့သို့ပင် ဖြစ်သည်၊ ယခင်၌ ကျောက်ရုံသည် အိမ်၏ပင်မမဏ္ဍိုင်ဖြစ်ပြီး ကိစ္စရပ်အားလုံးကို ရှေ့မှ မားမားမတ်မတ် ရင်ဆိုင်ပေးခဲ့သဖြင့် သူတို့အနေဖြင့် လက်ဖျားပင် မထိခဲ့ရဘဲ နာမည်ကောင်း ရရှိခဲ့ကြ၏။ သို့သော် ယခုအခါတွင်မူ ထိုသို့မဟုတ်တော့ချေ။

လူအများစု၏ မွေးရာပါပင်ကိုယ်

စရိုက်ဆိုးများမှာ တဖြည်းဖြည်း ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။

ယွမ်ဟောက်မင်သည် ဟန်ဆောင်ကောင်းသူ ဖြစ်သော်လည်း၊ ယခုအခါ အိမ်၌ တစ်ဦးတည်း ရှိနေသဖြင့် ဟန်ဆောင်နေစရာ မလိုတော့ပေ။

သူ၏ရင်ထဲ၌ အလွန်ပင် ကျေနပ်အားရပြီး စိတ်လှုပ်ရှားနေသော်လည်း၊ ဤကျန်းရှင်းဖှတို့ သားအမိ မည်သည့်အချိန်တွင် လှုပ်ရှားကြမည်ကိုမူ သေချာမခန့်မှန်းနိုင် ဖြစ်နေ၏။ သူကိုယ်တိုင်ပင် ချန်ချင်းယွီ ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းပေးခဲ့ပါလျက်၊ သူတို့ အဘယ်ကြောင့် မလှုပ်ရှားကြသေးသနည်း။

အပြင်မှာပဲ လုပ်ဆောင်ဖို့ စဉ်းစားနေကြတာလား၊ ဒါမှမဟုတ် တခြားအချိန်လား…

ဒင်းတို့က အရမ်းကို အသည်းအသန် ဖြစ်နေကြတာ မဟုတ်ဘူးလား။

ဂွီ... ဂွီ...

သူ၏ဝမ်းဗိုက်ထဲမှ ဆာလောင်သံများ ထွက်ပေါ်လာသဖြင့် ယွမ်ဟောက်မင်သည် အပြင်ဘက် မီးဖိုချောင်သို့ သွားရောက်ရှာဖွေလိုက်၍။ တကယ့်ကို အမှားကြီးမှားသွားခဲ့သည်၊ စားသောက်ဆိုင်တွင် ထမင်းစားပြီးမှ ပြန်လာခဲ့ရမည်ကို၊ အိမ်မှာ ဘာမှမရှိ... အာ့…

သူသည် မီးဖိုချောင်စင်ဘေးရှိ ခွက်ထဲတွင် ပေါက်စီအကြီးကြီး နှစ်လုံး ထည့်ထားသည်ကို တွေ့ရှိလိုက်သည်။

ဂျုံမှုန့်အစစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။

ယွမ်ဟောက်မင် : "တကယ်ပဲ... ဒီပေါက်စီတွေကို ဘာလို့ အပြင်မှာ ဒီအတိုင်း ပစ်ထားရတာလဲ၊ မစားရင်လည်း အုပ်ဆောင်းထဲ သေသေချာချာ ထည့်မထားဘူး၊ တစ်ယောက်မှ အလုပ်လုပ်တာ စနစ်မကျဘူး။ ကွမ်ထင်းထင်းဆိုတဲ့ မိန်းမက အိမ်ထောင်ထိန်းသိမ်းတဲ့နေရာမှာ ကျောက်ရုံကို လုံးဝမမှီဘူး။ ပေါ့ပျက်ပျက်နဲ့ ဘာတစ်ခုမှ စနစ်တကျ မလုပ်တတ်ဘူး။"

ပြဿနာရှိလျှင် ချွေးမဖြစ်သူကို အပြစ်တင်ရန်သာ စဉ်းစားတတ်သည်။

သူ နှာခေါင်းရှုံ့လိုက်မိ၏။

ကွမ်ထင်းထင်းအပေါ် အလွန်မကျေမနပ် ဖြစ်နေခဲ့သည်။

သို့သော် အတော်ပင် ဖြစ်သွားကာ… အပြင်ထွက်ပြီး ထမင်းဝယ်စားစရာ မလိုတော့ချေ။ သူသည် ပေါက်စီကို ကိုင်ကာ အပြင်ခန်းတွင် ထိုင်စားနေ၏။ နေ့လယ်ပိုင်းမှ အသစ်စက်စက် ပေါင်းထားသော ပေါက်စီဖြစ်သဖြင့် အရသာမှာ တော်တော်လေး ကောင်းမွန်သော်လည်း အနည်းငယ် အနံ့ဆန်းနေသလို ရှိသည်။ ယွမ်ဟောက်မင်သည်လည်း များစွာ တွေးမနေကာ ပိုမိုငြီးတွားပြောဆိုလိုက်သည်။

"ငါပြောသားပဲ... ဒီလိုအရာတွေကို သေသေချာချာ သိမ်းဆည်းထားရမယ်လို့၊ ကြည့်စမ်း... အပြင်မှာ ထားထားလို့ အနံ့တောင် မမှန်တော့ဘူး"

သူသည် ချွေးမဖြစ်သူအပေါ် သာ၍ပင် မကျေမနပ်ဖြစ်ကာ အိမ်ထောင်မှုကို ရှုပ်ပွနေအောင် လုပ်ဆောင်ထားသည်ဟု ထင်မြင်နေမိ၏။

ယွမ်ဟောက်မင် ပေါက်စီနှစ်လုံးစလုံးကို ကုန်အောင် စားပွဲတင်လိုက်ပြီး တံခါးဝတွင် ထိုင်ကာ ယပ်တောင် ခတ်နေခဲ့သည်။

သောက်ကျိုးနည်း... အဲဒီမုဆိုးမတစ်မိသားစုလုံး သူတပါး ကြံစည်မှုကို ခံရတာ တကယ်ကို ထိုက်တန်ပါတယ်… သူတို့မိသားစုက ဘာမို့လို့ ဒီလောက်အထိ အခွင့်အထူးခံရပြီး လျှပ်စစ်ပန်ကာတွေပါ သုံးနိုင်ရတာလဲ….

လူရှေ့သူရှေ့ ကြွားချင်လွန်းလို့ လေးလုံးတောင် ဝယ်ထားသေးတယ်.. တကယ့်ကို သေထိုက်တာပဲ။ ဒုက္ခရောက်စမ်း၊ သေချာပေါက် ဒုက္ခရောက်ရမယ်..

သူမတို့မိသားစု ဒုက္ခမရောက်ရင် ကမ္ဘာပျက်လိမ့်မယ်…။

ကိုယ့်ဖာသာ ဘာကောင်မှန်းမသိဘဲ လျှပ်စစ်ပန်ကာနဲ့ ထိုက်တန်လို့လား..

ယွမ်ဟောက်မင် တဖန် ပြတင်းပေါက်ဆီသို့ ကပ်သွားပြန်သည်၊ သူတို့အိမ်၏ အနောက်ပြတင်းပေါက်မှ ကြည့်လျှင် စတုတ္ထမြောက်ဝင်းကို လှမ်းမြင်ရ၏။

အဘွားကြီးဟွမ်နဲ့ ကျန်းရှင်းဖှဆိုတဲ့ လူအနှစ်ယောက်က ဘာလို့ အခုထိ လက်မရဲကြသေးတာလဲ၊ ဘာလို့ မလှုပ်ရှားကြသေးတာလဲ…။

ယွမ်ဟောက်မင် ကျန်းရှင်းဖှထက်ပင် ပိုမိုလောဆော်နေမိပြီး၊ အဘွားကြီးဟွမ်တို့ အလုပ်လုပ်ရာတွင် သွက်လက်မြန်ဆန်မှု မရှိခြင်းကို ရင်ထဲ ကသိကအောက် ဖြစ်နေမိသည်။ သူသည် အရှေ့ဘက်သို့ တစ်ပတ်လှည့်လည်ကြည့်ရှုလိုက်ရာ… အဘွားကြီးကျောက်၊ ရှောင်ကျားနှင့်ရှောင်ယွမ်တို့ပါ ပြန်ရောက်နေကြသည်ကို မြင်လိုက်ရသဖြင့် သာ၍ပင် စိတ်မချမ်းမသာ ဖြစ်သွားရ၏။

အရာအားလုံး ပျက်စီးသွားပြီ၊ အစက ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးလဲ၊ သူမ တစ်ယောက်တည်း ရှိနေတာကို။

အခုတော့ အကုန်လုံး လွဲချော်သွားပြီ…။

ယွမ်ဟောက်မင်သည် စိတ်ပျက်လက်ပျက်ဖြင့် အိမ်သို့ပြန်လာကာ

ဆက်တိုက် ဆဲရေးတိုင်းထွာနေခဲ့၏။

"ကံဆိုးမိုးမှောင်ကျတဲ့ ကျန်းရှင်းဖှ၊ တကယ့်ကို ငအကောင်၊ ကမ္ဘာကျော်တဲ့ ငတုံးငအကြီးပဲ.."

အဘွားကြီးကျောက် ပြတင်းပေါက် မှတစ်ဆင့် ယွမ်ဟောက်မင်ကို လှမ်းမြင်လိုက်ရသဖြင့် ထူးဆန်းသလို ဖြစ်သွားကာ

"ဒီကောင်က တို့အိမ်ဘက်ကို ဘာလို့ လှမ်းလှမ်းကြည့်နေရတာလဲ"

ချန်ချင်းယွီ : "ဘယ်သူသိမှာလဲရှင့်။"

သူမသည် ခပ်ဟဟ လှောင်ရယ်လိုက်မိသည်။ ယွမ်ဟောက်မင်သည် စေတနာကောင်း ရှိနေသူမဟုတ်မှန်း ကောင်းစွာသိသော်လည်း... ဟဲဟဲ။

သူမသည် သူတပါး၏ အနိုင်ကျင့်မှုကို ငြိမ်ခံနေမည့်သူ မဟုတ်ပေ။

ချန်ချင်းယွီ : "ရှောင်ကျား၊ ရှောင်ယွမ်... နေ့လယ်ကျရင် ယဉ်ကျေးမှုနန်းတော်ကို သွားကြဦးမှာလား။"

"သွားမှာပါ"

နွေရာသီကျောင်းပိတ်ရက် ရောက်နေသော်လည်း ကလေးများမှာ အလုပ်မနည်းလှကာ တစ်နေ့လုံး အိမ်တွင် ကပ်နေလေ့မရှိကြချေ။

"ဒါနဲ့... ကြည့်ရသလောက်တော့ ကျန်းမုန့်မုန့်က ကျောင်းပိတ်ကတည်းက မိုးလင်းကတည်းက ထွက်သွားလိုက်တာ မိုးချုပ်မှ ပြန်လာတာပဲ။ သူမ ဘာသွားလုပ်နေတာလဲ။"

ကလေးချင်းချင်း သတင်းမှာ အလွန်ပင် စုံလင်လှသဖြင့် ရှောင်ကျား ပြန်ဖြေလိုက်၏။

"သူမ မကြာသေးခင်က အလုပ်တစ်ခု ရှာတွေ့ထားတယ်၊ သူတပါးဆီကနေ ကတ်ဆက်တိပ်ခွေတွေကို တိတ်တဆိတ် ယူပြီး လိုက်ရောင်းပေးနေတာ"

ချန်ချင်းယွီ အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်မိသည်။

ရှောင်ယွမ်လည်း စူးစူးရှရှ အသံလေးဖြင့်

"ဒါကို သမီးလည်း သိတယ် ရှေ့ဝင်းက ဒေါ်လေးလင်းလင်းက သူတပါးဆီက တိပ်ခွေတွေ ယူရောင်းနေတာကို ကျန်းမုန့်မုန့် မြင်သွားတာ။ အဲဒါနဲ့ ကျန်းမုန်မုန်က ကုန်သည်ဆီကို ကိုယ်တိုင်သွားရှာပြီး သူမလည်း လိုက်ရောင်းတာ"

ချန်ချင်းယွီ: "မင်းတို့မောင်နှမ သိထားတာတွေက တော်တော်လေး များနေပါလား။"

"ဟိဟိ။"

ရှောင်ယွမ် တခိခိ ရယ်မောလိုက်ရင်း

"သမီးက အကုန်လုံး သိတာပေါ့။ ကျန်းမုန့်မုန့် ပြောသေးတယ်၊ သူမက ကျောင်း လုံးဝမတက်ချင်ဘူးတဲ့၊ အားလုံးက ကျောင်းတက်နေကြလို့သာ တက်နေရတာ၊ မဟုတ်ရင် ကျောင်းမတက်ဘဲ ပိုက်ဆံရှာဖို့ပဲ အာရုံစိုက်လိုက်ပြီတဲ့။ အစ်မမုန့်မုန့်က ဝင်ငွေ တော်တော်ကောင်းတယ်နော်၊ မနေ့တစ်နေ့ကတင် သူမ ကိတ်မုန့်ဝယ်ပြီး လမ်းဘေးမှာ ထိုင်စားပြီးမှ အိမ်ပြန်လာတာကို သမီး မြင်လိုက်သေးတယ်"

ချန်ချင်းယွီ: "..."

သေချာပေါက် ကျန်းမုန့်မုန့်ပါပဲ…

ကျန်းမုန့်မုန့်သည် ငယ်စဉ်ကတည်းက ပါးစပ်အတွက် (အစားအသောက်အတွက်) ကိုသာ အလေးထားဆုံး ဖြစ်သည်။ စားရသောက်ရဖို့သာ အရေးကြီးဆုံးဖြစ်ပြီး ကျန်သည့်အရာများမှာ လုံးဝ အရေးမကြီးပေ။

အဘွားကြီးကျောက်: "ဒီကလေးကတော့ ဘာပဲဖြစ်ဖြစ် အစားတစ်ခုပဲ သိတယ်၊ ကျန်တာကိုတော့ စိတ်မဝင်စားဘူး။"

ချန်ချင်းယွီသည် ပြုံးလိုက်မိပြီး၊ ဤအရာမှာ ကောင်းသလား မကောင်းဘူးလားဆိုသည်ကို ပြောရခက်သော်လည်း မည်သို့ပင်ဖြစ်စေ သူမနှင့် ဘာမှမဆိုင်ပေ။

ချန်ချင်းယွီ: "အမေ... မနက်ပိုင်းက သွားကြည့်တာ ဘယ်လိုလဲဟင်။ အဆင်ပြေရဲ့လား။"

သူမ၏ ယောက္ခမဖြစ်သူသည် နံနက်ပိုင်း အိမ်မှာမရှိဘဲ နာရေးပစ္စည်းဆိုင်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်၊ ကွယ်လွန်သူများအတွက် မီးရှို့ပူဇော်မည့် အသုံးအဆောင်ပစ္စည်းအချို့ကို သွားရောက်မှာယူရန် ဖြစ်၏။

"အားလုံး အဆင်ပြေသွားပါပြီ၊ စိတ်ချပါ။ သန်ဘက်ခါကျရင် သချိုက်းရွှေ့မယ်။"

ချန်ချင်းယွီ: "ဟုတ်ကဲ့။"

သူမသည် ရှောင်ကျားနှင့် ရှောင်

ယွမ်တို့ကို မှာကြားကာ

"သန်ဘက်ခါကျရင် အချိန်ဖယ်ထားကြနော်၊ တခြားကိစ္စတွေ မစီစဉ်ကြနဲ့ဦး"

"သားတို့ သိပါတယ်ရှင့်။"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း အားအင်အလွန်ပြည့်ဝသော ကလေးငယ်နှစ်ဦး ဖြစ်ကြသဖြင့်၊ နေ့လယ်စာ စားသောက်ပြီးနောက် အိပ်ပင်မအိပ်ဘဲ နေကာဦးထုပ်လေးများဆောင်း၊ လွယ်အိတ်လေးများလွယ်ကာ စက်ဘီးစီး၍ ထွက်သွားကြတော့သည်။

အဘွားကြီးကျောက် ညည်းတွားကာ

"ဒီကလေးတွေကတော့လေ... တကယ်ပဲ အပြင်က ပူအိုက်နေတာကို မသိကြဘူး"

ချန်ချင်းယွီ: "ဒါက ပိုကောင်းတာပေါ့ရှင့်။"

"သူတို့ နေ့လယ်ပိုင်း အိမ်မှာမရှိတာက ပိုပြီး ကောင်းတဲ့အချက်ပဲ"

အဘွားကြီးကျောက်သည် နားမလည်နိုင် ဖြစ်သွားရာ၊ ချန်ချင်းယွီ သူမ၏ နားအနီးသို့ ကပ်ကာ တိုးတိုးတိတ်တိတ် ပြောပြလိုက်၏။ အဘွားကြီးကျောက်သည် မျက်လုံးအစုံ ပြူးကျယ်သွားကာ ချက်ချင်းပင် ဆဲရေးတိုင်းထွာရန် ပြင်လိုက်သော်လည်း၊ ချန်ချင်းယွီ သူမ၏ ပါးစပ်ကို ပိတ်လိုက်ပြီး

"ဘာမှမသိချင်ယောင်ဆောင်နေလိုက်ပါ၊ ကျွန်မ သူတို့ကို ယုတ်မာတဲ့နည်းလမ်းအတိုင်း ပြန်ပြီး ပညာပေးထားပြီးပြီ" ဟ

အဘွားကြီးကျောက်၏ မျက်လုံးများမှာ သာ၍ပင် ပြူးကျယ်သွားပြီး၊ ချန်ချင်းယွီ ခပ်ဖွဖွ ပြုံးလျက်

"ကျွန်မက သူတပါး အနိုင်ကျင့်တာကို ငြိမ်ခံမယ့်သူလား။ ကျွန်မကို ကြံစည်ဖို့ဆိုရင် အဲဒီလောက် အရည်အချင်းတော့ ရှိဖို့လိုလိမ့်မယ်"

အဘွားကြီးကျောက် : "..."

သူမ စိုးရိမ်တကြီးဖြင့် တိုးတိုးလေး မေးမြန်းကာ

"အဆင်ပြေပါ့မလား။ လွဲချော်တာမျိုး မဖြစ်စေနဲ့နော်"

သူမ စေတနာကောင်း၍ မဟုတ်ပေ။ အဟက်.. သူမတို့အိမ်အထိ လာပြီး ကြံစည်ရဲသည်အထိ ကိုယ်ချင်းစာတရား ကင်းမဲ့နေကြသည်ကို၊ လူကိုယ်တိုင် သွားရောက်ပြီး နားထင်ကို မရိုက်မိသည်မှာပင် သူမ၏ နောက်ဆုံးသော ကရုဏာတရား ဖြစ်၏။

သူမ စိုးရိမ်သည်မှာ အခြားသူများဆီသို့ ကူးစက်သွားပြီး ကိစ္စရပ်များ ကြီးထွားကာ ရှင်းရခက်သွားမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။

ချန်ချင်းယွီ သူမကို တစ်ချက်စောင်းကြည့်ကာ

"အမေက အမြဲတမ်း သတ္တိကောင်းလှတာ မဟုတ်ဘူးလားရှင့်။ စိတ်ချပါ၊ ကျွန်မ စောင့်ကြည့်နေတာမို့ တခြားသူတွေကို မထိခိုက်စေရပါဘူး၊ ကျွန်မက အဲဒီလိုမျိုး လူစားမဟုတ်ပါဘူး"

အဘွားကြီးကျောက် စိတ်အေးသွားပြီး

"ဒါဆိုရင်တော့ ကောင်းပြီ၊ ဒီအောက်တန်းစားတွေက တို့မိသားစုရဲ့ အခြေအနေတွေ ကောင်းမွန်လာတာကို မနာလိုဖြစ်နေကြတာ၊ တကယ့်ကို အကျင့်ပျက်ခြစားတဲ့ ခွေးသူတောင်းစားတွေပဲ"

ချန်ချင်းယွီလည်း ၎င်းတို့သည် ဤအကြောင်းရင်းကြောင့် ဖြစ်သည်ကို ကောင်းစွာ သိရှိသည်၊ တကယ်ပင် စည်းစိမ်ဥစ္စာမှာ လူတို့၏ စိတ်နှလုံးကို လှုပ်ခတ်စေနိုင်သည်မဟုတ်လော။ အဘွားကြီးကျောက်၏ ကျော်ဇောမှုပင် မလုံလောက်တော့ပေ။ သို့သော်လည်း ကိစ္စမရှိချေ…

ဟက်… သူမအပေါ် လက်ရဲဇက်ရဲ ပြုလုပ်ရဲမှတော့ ကိုယ့်အကုသိုလ်ကံနဲ့ကိုယ် ကတုံ့ကပြန် ခံစားရတာကို အပြစ်မတင်နဲ့တော့…

ချန်ချင်းယွီ : "ဒီနေ့ နေ့လယ်ပိုင်းကျရင် ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်။"

အဘွားကြီးကျောက်သည် ခေတ္တမျှ ကြောင်အသွားပြီးမှ၊ ချက်ချင်းပင် ပြုံးရွှင်စွာဖြင့် ခေါင်းငြိမ့်ပြလျက်

"နင်ပြောတာ တကယ်မှန်တယ်၊ ဒီနေ့ နေ့လယ်ပိုင်းကျရင် သေချာပေါက် ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်"

အဘွားကြီးကျောက်သည် တွေးမိလေလေ ပို၍ သဘောကျလေဖြစ်ပြီး တခိခိ ရယ်မောနေမိသည်၊ အခြေအနေ မည်သို့ဖြစ်လာမည်ကို သေသေချာချာ မသိသော်လည်း ၎င်းတို့ မည်သည့်အရာကို စားသုံးထားကြသည်ကိုမူ သူမ ကောင်းစွာ သိရှိ၏။ သူမသည် တဟားဟားနှင့် ရယ်မောပြီးနောက်၊ ရုတ်တရက် သတိရကာ

"ဒါပေမဲ့ သူတို့ သားအမိနှစ်ယောက်တည်း အိမ်မှာ ရှိနေကြတာလေ၊ ဒါက ဒါက ဒါက..."

ချန်ချင်းယွီ : "ကျွန်မ သူတို့အတွက် မိတ်ဆွေကောင်းတစ်ယောက် ရှာပေးထားပြီးပြီ မဟုတ်လားရှင့်။"

အဘွားကြီးကျောက်သည် ချန်ချင်းယွီ ဆိုလိုသည့်အဓိပ္ပာယ်ကို ရုတ်တရက် သဘောပေါက်သွားပြီး သူမကို အကဲခတ်လျက် စိုးရိမ်တကြီး ကြည့်လိုက်မိသည်။

ယခုအခါတွင်မူ သူမ သေသေချာချာကို ပိုမိုသိရှိသွားခဲ့ပြီ ဖြစ်၏။ ချန်ချင်းယွီသည် တကယ့်ကို စိတ္တဇ အရူးမတစ်ဦးဖြစ်

သဖြင့် လုံးဝ စော်ကား၍ မဖြစ်ချေ။ လုံးဝကို မစော်ကားရဲတော့ပေ။

ထို့ကြောင့် ဤဝင်းကြီးထဲတွင် သူမတစ်ဦးတည်းသာ ချန်ချင်းယွီ၏ ရုပ်မှန်ကို သိရှိထားခြင်း ဖြစ်သည်..

အဘွားကြီးဟွမ်၊ ကျန်းရှင်းဖှနှင့် ယွမ်ဟောက်မင်တို့ သုံးဦးစလုံးမှာ သေချာပေါက် ပြဿနာတက်ကြတော့မည် ဖြစ်၏။

အမယ်လေး… ညည်းကတော့ တကယ့်ကို အားမနာတမ်း ပညာပေးလိုက်တာပဲ.. ကြောက်စရာကောင်းလိုက်တာ…

ဒါပေမဲ့လည်း... ခံရတာ ထိုက်တန်ပါတယ်..

မည်သူမဆို သူမ၏ အိုမင်းသောဘဝကို အေးချမ်းစွာ ဖြတ်သန်းမည့် အစီအစဉ်ကြီးကို ဖျက်ဆီးသူ၊ သူမ၏ ကောင်းမွန်လှသော နေ့ရက်များကို ဖျက်ဆီးသူမှန်သမျှသည် သူမ၏ ရန်သူဖြစ်ပြီး ဘယ်သောအခါမှ ခွင့်မလွှတ်နိုင်သော မဟာရန်သူတော်ကြီးများတည်း။

အဘွားကြီးကျောက် : "ငါကတော့ သူတို့ရဲ့ နိဂုံးဆိုးကိုပဲ ထိုင်စောင့်ကြည့်တော့မယ်။"

ချန်ချင်းယွီ ပခုံးတွန့်ပြလိုက်ပြီး အချိန်ကို လှမ်းကြည့်လိုက်သည်၊ ဤဆေး၏ အာနိသင်ကို သေသေချာချာ မသိသော်လည်း အချိန်အကြာကြီး စောင့်ရမည်မဟုတ်ဟု သူမ ခန့်မှန်းမိ၏။ ဘာပဲဖြစ်ဖြစ် ၎င်းတို့ လူကို သတိလစ်အောင်ရိုက်ပြီး ကြံစည်ရန် စိတ်ကူးထားကြသဖြင့် ဆေးအာနိသင်မှာ သေချာပေါက် ချက်ချင်းပြမည့် ဆေးမျိုးသာ ဖြစ်ရပေမည်။

ခန္ဓာကိုယ်ထဲသို့ စားသောက်ပြီး ဝင်ရောက်သွားသည်ဖြစ်ရာ၊ ဆေးအာနိသင် ပြရမည့်အချိန်မှာလည်း တော်တော်လေး နီးကပ်နေပြီဟု ချန်ချင်းယွီ ခန့်မှန်းလိုက်၏။

"ကျွန်မ အနောက်ဘက်ဝင်းဆီ ခဏသွားလိုက်ဦးမယ်"

အဘွားကြီးကျောက်: "????"

ချန်ချင်းယွီ : "ကျွန်မ အနောက်ဘက်ကို လျှောက်သွားမှ ယွမ်ဟောက်မင်က အနောက်ကနေ လိုက်ပြီး ပွဲကြည့်နိုင်မှာလေရှင့်။"

အဘွားကြီးကျောက် : "ဒါဆိုရင် ငါပဲ သွားလိုက်ပါ့မယ်။"

ချန်ချင်းယွီ : "မလိုပါဘူးရှင့်။ ကျွန်မ ဘာသာ သွားပါ့မယ်၊ ကျွန်မက ချိုက်မင်မင်ဆီကိုပဲ ပတ်သွားမှာ။ အမေသွားရင် အလုပ်မဖြစ်ဘူး။"

ချန်ချင်းယွီသည် တံခါးမှ တိုက်ရိုက်ထွက်ခွာလျက် အလယ်ဝင်းသို့ ရောက်သောအခါ ဟန်ဆောင်၍ ချောင်းအနည်းငယ် ဆိုးပြလိုက်သည်။ အိမ်ထဲတွင် လှဲလျောင်းနေသော ယွမ်ဟောက်မင်မှာမူ တစ်ကိုယ်လုံး ပူလောင်အိုက်စပ်ကာ စိတ်မသက်မသာ ဖြစ်နေခဲ့၏။ သူသည် စိတ်မကြည်မလင် ဖြစ်နေသဖြင့် အိပ်၍မပျော်ဘဲ ရှိနေစဉ် ရုတ်တရက် ချန်ချင်းယွီ၏ ချောင်းဆိုးသံကို ကြားလိုက်ရသဖြင့် လူးလဲထိုင်လိုက်မိတော့သည်။

သူသည် ချက်ချင်း အပြင်သို့ ထွက်လာခဲ့ရာ၊ လူကို မမြင်ရသော်လည်း စတုတ္ထမြောက်ဝင်းဘက်သို့ အမြန် လျှောက်လှမ်းသွားခဲ့၏။

ချန်ချင်းယွီက စတုတ္ထမြောက်ဝင်းကို သွားတာလား…။

ဒါဆိုရင်တော့ ခြံထဲက သိုးငယ်လေး ကျားတွင်းထဲ သက်ဆင်းတာပေါ့?

သူ့တစ်ကိုယ်လုံး ပူလောင်ကြွတက်နေသော်လည်း ပွဲကြီးပွဲကောင်းကို စောင့်ကြည့်ချင်သဖြင့် မအောင့်နိုင်မအင်းနိုင်ကာ ချက်ချင်း လိုက်သွားခဲ့သည်။ စိတ်ထဲတွင် ကျောက်ရုံ ထောင်ထဲရောက်သွားကတည်းက သူလည်း မိန်းမနှင့် ကင်းကွာနေခဲ့သည်မှာ ကြာပြီဖြစ်ရာ၊ ဤကဲ့သို့သော အရှုပ်အထုပ်မျိုးကို တွေးမိသည်နှင့် တစ်ပြိုင်နက် စိတ်လှုပ်ရှားလာပြီး သာ၍ပင် မအောင့်နိုင် ဖြစ်လာခဲ့၏။ သူသည် အနည်းငယ်မျှ တွန့်ဆုတ်မနေကာ၊ အနောက်ဘက်ဝင်းဆီသို့ လျှောက်သွားခဲ့တော့သည်။

ကိုယ်တိုင် ဘာမှမလုပ်ရစေဦးတော့၊ မျက်စိအစာကျွေးပြီး ကြည့်ရရုံမျှဖြင့်လည်း ကျေနပ်စရာ ကောင်းလှသည်မဟုတ်လော့…

သူ အမြန် လျှောက်သွားခဲ့သည်။

သို့သော် ထိုအချိန်တွင် ချန်ချင်းယွီသည် စတုတ္ထမြောက်ဝင်းသို့ လုံးဝ မသွားဘဲ၊ ချိုက်မင်မင်ဆီသို့သာ သွားရောက်ခဲ့ခြင်း ဖြစ်၏။

ချိုက်မင်မင်တို့ လင်မယားမှာလည်း လမ်းဘေးဈေးသည်များ ဖြစ်ကြသော်ငြား… နေ့လယ်ပိုင်းတွင် အိမ်ပြန်၍ အနားယူလေ့ရှိကြသည်၊ ပူပြင်းလှသော နွေရာသီမွန်းတည့်ချိန်တွင် အပြင်၌ ဟိုဟိုဒီဒီ သွားလာနေသူ မရှိသလောက်ပင် ဖြစ်သည်။

ချန်ချင်းယွီ: "အစ်မမင်မင်... အစ်မရဲ့ ကလေးတွေကောရှင့်။"

ချိုက်မင်မင် : "ငါ့ယောက္ခမအခန်းထဲမှာ နေ့လယ်စာစားပြီး အိပ်နေကြတယ်အေ။"

ချန်ချင်းယွီ : "ကျွန်မ အတွင်းခံအင်္ကျီနဲ့ ဘောင်းဘီအချို့ လာဝယ်မလို့ပါ၊ ပြီးခဲ့တဲ့ အပတ်က ပစ္စည်းအသစ်တွေ သွင်းထားတယ် မဟုတ်လား။"

ချိုက်မင်မင်: "ရှိတယ်... ရှိတယ်၊ လာလေ၊ ငါ လှပတဲ့ အရောင်အသွေး စုံစုံလင်လင် သွင်းထားတယ်၊ ခြေအိတ်ရှည်တွေပါ သွင်းထားသေးတယ်။ ဒါလေးကို ကြည့်ဦး၊ ခြေအိတ်ရှည်အရှည်ကြီး မဟုတ်ပေမယ့် တကယ့်ကို ကောင်းတယ်၊ ကတ္တီပါဖိနပ်တွေနဲ့ စီးရင် တကယ့်ကို လန်းနေရောပဲ။ နင် လိုချင်လား။"

ချန်ချင်းယွီ ခေါင်းခါပြလျက်

"ဒါတော့ တကယ် မလိုချင်ပါဘူးရှင့်။"

သူမအနေဖြင့် ကတ္တီပါဖိနပ်နှင့် ခြေအိတ်ရှည် တွဲစီးသည့် စတိုင်ကို တကယ်ပင် နားမလည်နိုင်ချေ။

သို့သော် ဤခေတ်ကာလတွင်မူ ၎င်းသည် ခေတ်အမီဆုံး ဝတ်စားဆင်ယင်မှု စံနှုန်း ဖြစ်နေဆဲပင်။

အမျိုးသမီးနှစ်ဦးသား စုဝေးလျက် ပစ္စည်းများကို စိတ်ကြိုက် ရွေးချယ်နေကြ၏။

ချန်ချင်းယွီ: "အစ်မရဲ့ ဈေးရောင်းရတာ အဆင်ပြေရဲ့လားရှင့်။ ကျွန်မ ထင်တာတော့ အခုတလော လမ်းဘေးဈေးသည်တွေ ပိုပြီး များလာသလိုပဲ။"

"အေးလေ... အရင်လိုတော့ မဟုတ်တော့ဘူးပေါ့၊ ဒါပေမယ့် တော်တော်လေးတော့ ကောင်းပါသေးတယ်။ ဘုရားရေ... ငါ နင့်ကို ပြောပြရဦးမယ်၊ ငါ့ဘဝမှာ ကိုယ်တိုင် ဒီလောက်အထိ ပိုက်ဆံအများကြီး ရှာနိုင်မယ်လို့ တစ်ခါမှ မတွေးဝံ့ခဲ့ဘူး။ နင် မသိပါဘူးအေ၊ ပြီးခဲ့တဲ့ နှစ်သစ်ကူးတုန်းက ငါ ငါ့ရဲ့ မိဘအိမ်ကို ပြန်ပြီး မောင်နှမတွေအားလုံးကို လည်ဆွဲပဝါအကြီးကြီးတွေ လက်ဆောင်ဝယ်ပေးခဲ့တာ၊ အားလုံးက အရမ်းကို ဝမ်းသာအားရ ဖြစ်သွားကြတာလေ... ပိုက်ဆံရှိတာ တကယ်ကို ကောင်းတာပဲနော်၊ ဆွေးမျိုးအချင်းချင်းအကြား သံယောဇဉ်တွေတောင် သာ၍ တိုးလာသလိုပဲ"

ချိုက်မင်မင်သည် ချန်ချင်းယွီနှင့် အလွန်ပင် ရင်းနှီးချစ်ခင်သူ ဖြစ်ပြီး ဈေးရောင်းသည့် နေရာချင်း မတူကြသော်လည်း ဝင်းကြီးတစ်ခုတည်းတွင် အတူနေထိုင်ကြသဖြင့် အဝင်အထွက် အလွန်များကြသည်။

သူမ ဆက်လက်၍ လှိုက်လှိုက်လှဲလှဲ ပြောကြားနေခဲ့၏။

"အရင်တုန်းကလည်း ငါ့မိဘအိမ်က လူတွေက ငါ့အပေါ် ကောင်းကြပါတယ်၊ ဒါပေမယ့် ငါ့ရဲ့ ယောင်းမတွေ စိတ်ထဲမှာတော့ အနည်းငယ် အဆင်မပြေတာမျိုး ရှိနိုင်တာပေါ့၊ ဘာပဲဖြစ်ဖြစ် မိဘတွေက ငါ့ကို ပိုပြီး ချစ်ခင်စောင့်ရှောက်ကြတော့ သူတို့လည်း ကိုယ်ပိုင် မိသားစုလေးအတွက် တွေးတောမိကြတာပေါ့။ ဒါပေါ့... သူတို့က စိတ်ပုပ်လို့ မဟုတ်ကြပါဘူး၊ ဒါပေမယ့် စိတ်ထဲမှာတော့ အနည်းနဲ့အများ မကျေနပ်တာမျိုး ရှိတတ်ကြတာပေါ့။ ဒါပေမယ့် အခုတော့ လုံးဝကို မတူတော့ဘူး၊ အဝေးမှာနေရင် ပိုပြီး လွမ်းဆွတ်ရတာကိုး.. ငါ အိမ်ပြန်သွားရင် ဘယ်လောက်တောင် ကြိုဆိုခြင်း ခံရလဲ နင် မသိပါဘူး။ ဒါတွေအားလုံးက နင် ငါ့ကို လမ်းပြပေးပြီး ပိုက်ဆံတူတူရှာခဲ့လို့ပေါ့အေ။ မဟုတ်ရင် ငါက အရင်အတိုင်း ဘာမှအသုံးမကျတဲ့ အိမ်ရှင်မတစ်ယောက်ပဲ ဖြစ်နေဦးမှာ"

ချိုက်မင်မင်သည် ဉာဏ်များတတ်သူတစ်ဦး မဟုတ်ကာ၊ စိတ်ထဲတွင် အရာရာကို အလင်းပွင့်နေသူ ဖြစ်၏။ သူမအနေဖြင့် ချန်ချင်းယွီနှင့်အတူ တောင်ပိုင်းသို့ သွားရောက်ခွင့်မရခဲ့ပါက မိမိဘဝ ဤမျှအထိ အောင်မြင်လာစရာ အကြောင်းမရှိသည်ကို ကောင်းစွာ သိရှိသည်။ ထို့ကြောင့် သူမသည် ချန်ချင်းယွီအပေါ် အထူးပင် ကျေးဇူးတင်ရှိနေခဲ့၏။ အကယ်၍ သူမသာ လမ်းမပြပေးခဲ့လျှင် မိမိ၌ ယခုကဲ့သို့ ကောင်းမွန်လှသော ဘဝမျိုး ရှိလာနိုင်မည် မဟုတ်ပေ။

ချန်ချင်းယွီ : "အစ်မကလည်း... ဒါတွေ ဘာလို့ လာပြောနေတာလဲရှင့်။ ကိုယ်တိုင်ကလည်း လုပ်နိုင်ကိုင်နိုင်လို့ပါ၊ ကောင်းသမျှအရာအားလုံးကို ကျွန်မအပေါ်ချည်းပဲ ပုံမချပါနဲ့ဦး။"

ချိုက်မင်မင်: "နင်ကတော့ ဒီလိုပြောမယ်ဆိုတာ ငါသိသားပဲ။ အေး... ဒါနဲ့ နင်တို့အိမ်က လျှပ်စစ်ပန်ကာက ဘယ်လောက်ပေးရလဲဟင်။ ငါလည်း တစ်လုံးလောက် ဝယ်ချင်လို့၊ နွေရာသီက တော်တော်လေး ပူအိုက်တာမို့ ယောက္ခမတွေအတွက် တစ်လုံးလောက် ဝယ်ပေးမလို့ စဉ်းစားထားတာ။"

ချန်ချင်းယွီ မျက်ခုံးပင့်လိုက်မိသည်။

ချိုက်မင်မင် : "သူတို့က ငါ့ကလေးတွေကို တစ်ပြားတစ်ချပ်မှ မယူဘဲ ကူထိန်းပေးကြတာလေ၊ ငါလည်း အကြင်နာတရား ကင်းမဲ့တဲ့သူ မဟုတ်ပါဘူးအေ။"

ချန်ချင်းယွီ : "လျှပ်စစ်ပန်ကာ ဝယ်ချင်တယ်ဆိုရင်တော့... နိုင်ငံခြားငွေလဲလက်မှတ်နဲ့ ယိုယိ့စတိုးမှာ သွားဝယ်ဖို့ အကြံပေးချင်ပါတယ်။ ကုန်ကျစရိတ် တွက်ကြည့်ရင်တော့ ကုန်တိုက်ကြီးတွေနဲ့ သိပ်မကွာလှပေမယ့်၊ ကျွန်မ ကြည့်ရသလောက်တော့ ယိုယိ့စတိုးက ပစ္စည်းတွေက အရည်အသွေး ပိုပြီး ကောင်းမွန်တယ်ရှင့်။"

သူမ နှုတ်ခမ်းကို တစ်ချက်စူပြလိုက်၏။

ချိုက်မင်မင် : "ဒီလိုကိုး။"

ချန်ချင်းယွီ : "ကျွန်မကတော့ ကုန်တိုက်ကနေပဲ ဝယ်လိုက်မိတာ၊ နောက်မှ ယိုယိ့စတိုးမှာ သွားတွေ့တော့ တကယ်ပဲ နောင်တရမိတယ်။ နိုင်ငံခြားငွေလဲလက်မှတ် လဲလှယ်ရတာ နည်းနည်း ပိုဈေးကြီးတယ်လို့ ထင်ရပေမယ့်၊ ကိုယ့်ဆီမှာလည်း စက်မှုကုန်စည်ဝယ်ယူခွင့်လက်မှတ် မရှိတော့ အတူတူပါပဲ၊ ပိုက်ဆံပေးပြီး လဲလှယ်ရတာချင်း တူတူပါပဲ။ နွေရာသီဆိုတော့ ဆောင်းရာသီနဲ့မတူဘဲ ပန်ကာဝယ်ဖို့ လက်မှတ်လဲလှယ်ရတာ သိပ်ပြီး ဈေးသက်သာမှာ မဟုတ်ဘူး။ တွက်ချက်ကြည့်ရင် ကုန်ကျစရိတ်ချင်း မကွာခြားလှတာမို့ နိုင်ငံခြားငွေလဲလက်မှတ်နဲ့ပဲ လဲလှယ်ဝယ်ယူလိုက်တာ ပိုကောင်းပါတယ်။ အဲဒီက ပစ္စည်းတွေက လက်ရာ ပိုသေသပ်တယ်..."

"ကောင်းပြီ၊ ငါ သဘောပေါက်ပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ်အေ၊ နင်ရှိနေလို့ တော်ပါသေးတယ်။ ငါ ယိုယိ့စတိုးကို တစ်ခါမှ မရောက်ဖူးဘူး၊ အဲဒီမှာ ပစ္စည်းတွေ အစုံအလင်ရှိပြီး တော်တော်ကောင်းတယ်လို့ ကြားဖူးတယ်ရှင့်။"

ချန်ချင်းယွီ ခေါင်းငြိမ့်ပြလျက်

"တကယ် ကောင်းပါတယ်၊ ပစ္စည်းတွေလည်း အများကြီးပဲ။ အစ်မ သွားကြည့်လိုက်ပါဦး၊ တို့တွေ ဗဟုသုတအမြင် ကျယ်လာတာပေါ့"

"ဟုတ်ပ။"

အမျိုးသမီးနှစ်ဦးစလုံး ရယ်မောပျော်ရွှင်စွာ စကားလက်ဆုံ ကျနေကြတော့သည်။

ထိုအချိန်တွင် ဝင်းကြီး၏ စတုတ္ထမြောက်ဝင်းသို့ ယွမ်ဟောက်မင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ သူသည် အသံမထွက်အောင် ခြေဖွနင်းလျက် ကျန်းမိသားစုအိမ်ဆီသို့ ကပ်သွားပြီး နားစွင့်လိုက်ရာ၊ ကျန်းအိမ်ထဲမှ အသက်ပြင်းပြင်းရှူသံများနှင့် ထူးဆန်းသော အသံများ ထွက်ပေါ်နေသဖြင့် ယွမ်ဟောက်မင်၏ စိတ်လုံးလုံး လှုပ်ရှားသွားခဲ့သည်။

သို့သော်လည်း...

ဒါက ညည်းညူအော်ဟစ်သံတွေပဲ ထွက်ပေါ်နေပြီး၊ တခြား အသံတွေက ဘာလို့ ထပ်မထွက်လာရတာလဲ…

အဆင်မပြေဖြစ်နေလို့လား..။

သူသည် မိမိ၏ တစ်ကိုယ်လုံး ပူလောင်ကြွတက်လာမှုကို ခံစားရသဖြင့် မအောင့်နိုင်ဘဲ ပြတင်းပေါက်မှတစ်ဆင့် ခေါင်းပြူ၍ ချောင်းကြည့်လိုက်ရာ~~~

ဟာ..

အဘွားကြီးဟွမ်သည် စွပ်ကျယ်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားလျက် ကုတင်ပေါ်၌ ဟိုလူးဒီလိမ့်ဖြင့် ရုန်းကန်လှုပ်ရှားနေလေသည်...။

ယွမ်ဟောက်မင် : "ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ...???"

သူ၏ ဦးနှောက်မှာ တဖြည်းဖြည်း ထုံထိုင်းလာပြီး ဝေဝေဝါးဝါး ဖြစ်လာခဲ့သည်၊ မျက်လုံးများပင် ကောင်းစွာ လည်ပတ်နိုင်စွမ်း မရှိတော့ပေ။

အဘွားကြီးဟွမ်မှာမူ ယခုအခါ ယွမ်ဟောက်မင်ထက်ပင် ရာဂစိတ်များ ဆယ်ဆမက ပိုမိုကြွတက်နေခဲ့ပြီဖြစ်၍ သူမ၌ မည်သည့်အသိတရားမျှ ကျန်ရှိမနေတော့ကာ အဆက်မပြတ် ငြီးတွားအော်ဟစ်နေ၏။ သူမ၏ အခြေအနေမှာ ယွမ်ဟောက်မင်ထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလှသည်။ ယွမ်ဟောက်မင်သည် ပေါက်စီနှစ်လုံးတည်းကိုသာ နောက်ကျမှ စားသုံးခဲ့ခြင်း ဖြစ်၏။

သို့သော် အဘွားကြီးဟွမ်သည်ကား ငါးလုံး ခြောက်လုံးမက စားသုံးခဲ့သဖြင့် အသိစိတ် လုံးဝလွတ်နေခဲ့ပြီ ဖြစ်သည်။

သူမသည် ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်မီးလျှံများအတွင်း ကျရောက်နေသကဲ့သို့ ပူလောင်လှသဖြင့် ဘာကိုမျှ မစဉ်းစားနိုင်ကာ တစ်ခုခုကို အသည်းအသန် လိုလားတောင့်တနေခဲ့၏။

အဘွားကြီးဟွမ် ကုတင်ပေါ်၌ ဟိုလိမ့်ဒီလိမ့် လုပ်နေရင်း၊ မျက်လုံးကို အသာအယာ မော့ကြည့်လိုက်ရာ ပြတင်းပေါက်မှ ချောင်းကြည့်နေသော မျက်နှာကြီးကို လှမ်းမြင်လိုက်ရသည်။

"အား.."

သူမသည် စူးစူးဝါးဝါး အော်ဟစ်လိုက်သော်လည်း၊ ချက်ချင်းပင် လူးလဲထ၍ ပြတင်းပေါက်ပြင်ပရှိ လူအား ဆာလောင်မွတ်သိပ်နေသော တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ စိုက်ကြည့်လျက် လက်လှမ်းပြလိုက်သည်။

ယွမ်ဟောက်မင်သည်လည်း အသိတရားများ တဖြည်းဖြည်း ကင်းမဲ့လာပြီး၊ တစ်ကိုယ်လုံး ပူလောင်ပေါက်ကွဲတော့မတတ် ခံစားနေရသဖြင့် အိမ်ထဲသို့ မဆင်မခြင် ဝင်ရောက်သွားခဲ့၏။ သူ ခြေလှမ်းစလှမ်းလိုက်သည်နှင့်

တစ်ပြိုင်နက်~~ ဝုန်း..

တစ်စုံတစ်ဦး၏ အားဖြင့် လှဲသိပ်ခြင်းကို ခံလိုက်ရသည်။

ကျန်းရှင်းဖှသည် မိမိအခန်းထဲမှ ထွက်လာပြီး ယွမ်ဟောက်မင်ကို လုံးထွေးဖက်လှဲလိုက်ခြင်း ဖြစ်၏။ ယွမ်ဟောက်မင်သည် ဤနှစ်ဦးထက်စာလျှင် အသိတရား အနည်းငယ် ကျန်ရှိနေသေးသဖြင့် ကျန်းရှင်းဖှကို အားကုန်ရုန်းကန်ကာ တွန်းဖယ်လိုက်ရင်း…

"ထွက်သွားစမ်း.."

သူသည် ယောက်ျား မိန်းမကိုမူ ခွဲခြားသိမြင်နိုင်သေးသည်။

သို့သော် ယွမ်ဟောက်မင်၏ အသိတရားမှာ ယောက်ျား မိန်းမ ခွဲခြားနိုင်ရုံမျှသာ ရှိတော့ပြီး ကျန်သည့်အရာများကိုမူ လုံးဝ မစဉ်းစားနိုင်တော့ပေ။ သူသည် ကျန်းရှင်းဖှကို ခြေဦးဖြင့် ကန်ထုတ်လိုက်ပြီး အခန်းထဲသို့ အတင်းဝင်သွားခဲ့သည်...။

ဝုန်း..

သူသည် တဖန် ပြန်လည် လှဲသိပ်ခြင်းကို ခံလိုက်ရပြန်၏။

ဤတစ်ကြိမ်တွင်မူ အဘွားကြီးဟွမ် ဖြစ်သည်..

အဘွားကြီးဟွမ်သည် ယွမ်ဟောက်မင်၏ အဝတ်အစားများကို ရူးသွပ်စွာ ဆွဲဖြဲနေခဲ့ရာ၊ ယွမ်ဟောက်မင်သည်လည်း မရုန်းကန်နိုင်တော့ဘဲ…

"နင်..."

မကြာမီအချိန်အတွင်း ၎င်းတို့နှစ်ဦးစလုံးထံမှ ပြင်းထန်လှသော ရှူရှိုက်သံများနှင့်အတူ အရှက်သိက္ခာမဲ့သော အသံဆိုးများ ထွက်ပေါ်လာခဲ့၏။ ကျန်းရှင်းဖှသည် ယိုင်တိုင်တိုင်ဖြင့် ထလာပြီး အခန်းထဲသို့ ထပ်မံဝင်ရောက်ရန် ကြိုးပမ်းစဉ်…

ဂွမ်း..

သူသည် နံရံနှင့် အရှိန်ပြင်းစွာ တိုက်မိသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျကာ သတိလစ်သွားခဲ့သည်။

ကျန်ရှိနေသော ၎င်းတို့နှစ်ဦးမှာမူ သာ၍ပင် အထိန်းအကွပ်မရှိ ရူးသွပ်လာကြ၏။ ယွမ်ဟောက်မင်သည် ပြီးခဲ့သည့်နှစ်၌ ဂျိုတပ်ခံရပြီး ကျောက်ရုံ ထောင်ထဲရောက်သွားကတည်းက တစ်ဦးတည်း အထီးကျန်စွာ နေထိုင်ခဲ့ရသည်မှာ တော်တော်လေး ကြာခဲ့ပြီဖြစ်သည်။ သူသည် ယောက်ျားတစ်ဦး ဖြစ်သဖြင့် ဤကဲ့သို့သောအရာများကို လိုလားတောင့်တနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း၊ ကျောက်ရုံကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် မလှုပ်ဝံ့ခဲ့ခြင်း ဖြစ်၏။

ယခုအခါတွင်မူ ဦးနှောက်ထဲ၌ မည်သည့်အတွေးမျှ မရှိတော့ကာ၊ ခန္ဓာကိုယ်၏ တောင်းဆိုမှုနောက်သို့သာ စိတ်လွတ်ကိုယ်လွတ် လိုက်ပါသွားခဲ့တော့သည်။ သူသည် ရူးသွပ်စွာ အော်ဟစ်ငြီးတွားနေသလို၊ အဘွားကြီးဟွမ်သည်လည်း ၎င်းနည်းတူပင် ဖြစ်၏။

ယွမ်ဟောက်မင်ကိုယ်တိုင်ပင် အထိန်းအကွပ်မရှိ ဖြစ်နေရလျှင်… အသက်အရွယ်ကြီးရင့်နေသော အဘိုးကြီးကျန်းနှင့် ဤကဲ့သို့သော ကိစ္စရပ်များ ကင်းဝေးနေခဲ့သည်မှာ ကြာပြီဖြစ်သည့် အဘွားကြီးဟွမ်အဖို့ ပို၍ပင် ဆိုဖွယ်ရာမရှိတော့ချေ။ သူမသည် လည်ချောင်းကွဲမတတ် စူးစူးဝါးဝါး အော်ဟစ်ညည်းတွားနေလေသည်။

"အား.. အား အား... အိုး~~~"

"အမေရေ... တကယ်ကို အားရှိတာပဲ......"

"အိုး အိုး အား~~~......"

ဆူညံပြင်းထန်လှသော အော်ဟစ်သံဆိုးကြီးများမှာ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာခဲ့ရာ၊ စတုတ္ထမြောက်ဝင်းအတွင်းရှိ အိမ်နီးနားချင်းများအားလုံး ချက်ချင်းပင် ငြိမ်သက်သွားကြပြီး၊ နားများကို စွင့်လိုက်ကြ၏။

လခွမ်း… ဒါက ဘာအသံကြီးလဲ…

နေ့ခင်းကြောင်တောင်ကြီး ဘာတွေ လုပ်နေကြတာလဲ…

အလုပ်လုပ်ရက် ဖြစ်သော်လည်း အချို့သောအိမ်များတွင် လူရှိနေကြသည်သာ…။

"အား... အမေရေ... နင်က တကယ်ကို ကောင်းတာပဲ... အား အား အား.."

အဘွားကြီးဟွမ်၏ သာယာကြည်နူးသံကြီးမှာ ကောင်းကင်ယံအထိ ပျံ့လွင့်သွားခဲ့သည်။

ယွမ်ဟောက်မင် : "ဟေးယို ဟေးယို အား.."

ဤအသံမှာလည်း မသေးလှပေ။

"ဘာဖြစ်တာလဲ။ နေပါဦး... နင် တစ်ခုခု အသံကြားလိုက်သလား။"

"ထင်ရတာတော့... ထင်ရတာတော့..."

"ဒါက အဘိုးကြီးကျန်းတို့ အိမ်ကနေ ထွက်လာတဲ့ အသံပဲ။ နေပါဦး... ဒီနေ့ အဘိုးကြီးကျန်းက အလုပ်သွားတယ်လေ.. အိမ်မှာက အဘွားကြီးဟွမ်နဲ့ ကျန်းရှင်းဖှပဲ ရှိရမှာ မဟုတ်ဘူးလား။"

"ဟဲ့... မဖြစ်နိုင်တာ။ ငါ့ကို လာပြီး မခြောက်လှန့်စမ်းနဲ့။"

"ဒါမျိုးတော့ မဟုတ်လောက်ပါဘူး၊ တခြားသူတွေ နေမှာပါ..."

"သောက်ကျိုးနည်း... တခြားသူတွေလည်း နေ့ခင်းကြောင်တောင်ကြီး ဒီလိုလုပ်လို့ မရဘူးလေ၊ ဒါက တကယ့်ကို..."

"ဒါမှမဟုတ် အဘိုးကြီးကျန်း ပြန်လာတာလား။"

"မဟုတ်ဘူး၊ အဘိုးကြီးကျန်း ပြန်မလာသေးဘူး။"

"ဒါ... ဒါက... ဘယ်လိုလုပ်မလဲ၊ သွားကြည့်ရအောင်၊ သွားကြည့်ကြတာပေါ့။ ဒါက တကယ်ကို ဘယ်လိုကိစ္စကြီးလဲမသိဘူး။"

၎င်းတို့နှစ်ဦး၏ အော်ဟစ်သံများမှာ အလွန်ပင် ကျယ်လောင်လှသဖြင့် လူတိုင်း အိမ်ပြင်သို့ အပြိုင်အဆိုင် ထွက်လာကြသည်၊ အပြင်သို့ ရောက်လာချိန်တွင်မူ ပိုမို၍ သဲသဲကွဲကွဲ ကြားလိုက်ရ၏။

ကြည့်ရသည်မှာ လူသားအချင်းချင်းအကြား အရင်းနှီးဆုံးနှင့် အချစ်ခင်ဆုံး ဆက်ဆံရေးမျိုးကို ပြုလုပ်နေကြခြင်း ဖြစ်ပေသည်..

ဆူညံလှသော တဖျန်းဖျန်း အသံဆိုးများလည်း ထွက်ပေါ်နေ၏။

ဘေးမှ ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီးမှာ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်ကာ ဆွံ့အမှင်တက်နေကြရှာသည်။

ဤကဲ့သို့သော အရှုပ်ထုပ်မျိုးကို မြင်ဖူးကြသော်လည်း ယခုကဲ့သို့ ကြမ်းတမ်းပြင်းထန်လှသည်မျိုးကိုမူ တစ်ခါမျှ မတွေ့ဖူးကြပေ။

စတုတ္ထမြောက်ဝင်းတင်မက၊ အလယ်ဝင်းအထိပါ အသံများ ပျံ့လွင့်နေခဲ့သည်။ ချိုက်မင်မင်နှင့် ချန်ချင်းယွီတို့ စကားပြောနေစဉ် အပြင်ဘက်မှ သဲ့သဲ့ကြားနေရသော အသံများကြောင့် ချိုက်မင်မင်သည် နားကို အသာအယာ နှိုက်လိုက်ရင်း

"ငါ နားကြားမမှားပါဘူးနော်။ တစ်စုံတစ်ယောက်က အဲဒီလိုကိစ္စမျိုး လုပ်နေကြတာလား"

ချန်ချင်းယွီ : "ပြောမနေနဲ့တော့အေ... မြန်မြန်သွားကြည့်ရအောင်.."

သူမသည်လည်း သွားရောက်၍ ရလဒ်ကို ကြည့်ချင်နေခဲ့၏။

ထိုဆေးမှာ သူမကိုယ်တိုင် ရှာဖွေထားခြင်း မဟုတ်ဘဲ အဘွားကြီးဟွမ်ကိုယ်တိုင် ပြင်ဆင်ထားခြင်း ဖြစ်ရာ၊ မည်မျှအထိ အာနိသင် ပြင်းထန်မည်ကို မည်သူသိနိုင်အံ့နည်း။ ချန်ချင်းယွီလည်း အာနိသင်မရှိ ဖြစ်သွားနိုင်သည်ဟု တွေးထားခဲ့သေးသည်။ အကယ်၍ အာနိသင်မရှိပါက ၎င်းတို့ ကံကောင်းသွားခြင်းဖြစ်ပြီး ကံကြမ္မာအရ လွတ်မြောက်သွားခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် အာနိသင်ရှိလျှင်မူ ၎င်းတို့၏ ကိုယ်ပြုသည့်ကံ ကိုယ်ပြန်ခံရခြင်းသာ ဖြစ်၏။

ယခုကြည့်ရသည်မှာ ဤဆေးသည် အလွန်ပင် အာနိသင် ထက်မြက်လှပေသည်။

ဤဆေးကို မိမိအပေါ် အသုံးပြုရန် ကြံစည်ခဲ့ကြသည်ဟု တွေးမိလိုက်သည်နှင့် ချန်ချင်းယွီ၏ မျက်ဝန်းအစုံမှာ သာ၍ပင် အေးစက်နက်ရှိုင်းသွားခဲ့၏။

သို့သော်လည်း သူမ၏မျက်နှာထက်တွင်မူ စူးစမ်းလိုစိတ်အပြည့်ဖြင့် ဟန်ဆောင်လျက်

"ကျွန်မ ယောက္ခမကို သွားခေါ်လိုက်ဦးမယ်"

"အေး... ဟုတ်သားပဲ။"

ဤဝင်းကြီးထဲတွင် ပွဲကြီးပွဲကောင်း ရှိလေရာ မည်သူမျှ နောက်ကျမကျန်ခဲ့ကြပေ။ မကြာမီအချိန်အတွင်း လူအားလုံး စတုတ္ထမြောက်ဝင်းသို့ တဟုန်ထိုး စုရုံးရောက်ရှိလာကြတော့သည်။ ဤစတုတ္ထမြောက်ဝင်းသည် ပုံမှန်အားဖြင့် ယခုကဲ့သို့ စည်ကားလေ့မရှိဘဲ ပွဲကြီးပွဲကောင်းရှိလျှင်ပင် အနောက်ဘက်အထိ လာကြည့်လေ့ မရှိကြပေ။

ဤတစ်ကြိမ်တွင်မူ တကယ့်ကို...

လူတိုင်း ပြတင်းပေါက်ဝတွင် တိုးဝှေ့လျက် ဝိုင်းကြည့်နေကြသဖြင့် ချန်ချင်းယွီပင် အတွင်းသို့ တိုးမဝင်နိုင်တော့ပေ။

အဘွားကြီးကျောက်သည် ရှေ့ဆုံးမှနေ၍ အတင်းတိုးဝှေ့ ဝင်ရောက်သွားခဲ့သည်။

ချန်ချင်းယွီ : "လူတိုင်း ပွဲကြည့်ရတာကို တကယ့်ကို စိတ်အားထက်သန်လွန်းကြတယ်နော်။"

မည်သူမျှ သူမကို ဂရုမစိုက်ကြသလို၊ နေရာလည်း ဖယ်မပေးကြချေ..

ဤကဲ့သို့သော ပွဲကြီးပွဲကောင်းမျိုးကို ခဏခဏ တွေ့နိုင်သည်မဟုတ်ရာ မည်သူမျှ လက်လွှတ်မခံဝံ့ကြပေ။

ချန်ချင်းယွီ အတင်းအဓမ္မ တွန်းဖယ်မဝင်ရဲသဖြင့် အနောက်ဘက်မှနေ၍ ဆောင့်ဆောင့်ပြီး ခုန်ကြည့်နေရ၏။

…ဟာ... တကယ်ပဲ၊ ရှငမတို့တွေ ကျွန်မကိုလည်း ပေးကြည့်ကြပါဦးလား…

လက်တွေ့တွင်မူ မရချေ..

လူတိုင်း ရှေ့တန်းနေရာများကို ဦးဦးဖျားဖျား ယူထားကြသဖြင့် နောက်မှရောက်လာသူများမှာ လုံးဝ တိုးဝင်နိုင်စွမ်း မရှိတော့ပေ။

ချန်ချင်းယွီနှင့် မတူသော အဘွားကြီးကျောက်မှာမူ ရှေ့ဆုံးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

အဘွားကြီးကျောက်သည် ပြတင်းပေါက်တွင် ကပ်လျက် စူးစိုက်ကြည့်နေပြီး၊ ဘေးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများမှာလည်း မျက်လုံးအစုံ ပြူးကျယ်လျက် ရှိနေကြသည်။ အခန်းတွင်းရှိ မြင်ကွင်းမှာ တကယ့်ကို တုန်လှုပ်ခြောက်ချားစရာ ကောင်းလှသည်မဟုတ်လော့။ အဘွားကြီးဟွမ်နှင့် ယွမ်ဟောက်မင်တို့ ဤကဲ့သို့ ပတ်သက်နေကြလိမ့်မည်ဟု မည်သူထင်မှတ်ထားအံ့နည်း။

အဘွားကြီးကျောက် မျက်လုံးကို ကစားလိုက်ရင်း

"ဒီနှစ်ယောက်က ဘယ်တုန်းကတည်းက ပတ်သက်နေကြတာလဲ။ တကယ့်ကို တော်ကြပါပေတယ်"

အဒေါ်ကြီးမေ့ : "ငါပြောသားပဲ... ဒီကောင်ကြီး ဘာလို့ အလုပ်မသွားဘဲ ခွင့်တိုင်ပြီး ပြန်လာတာလဲလို့၊ အဘိုးကြီးကျန်း အိမ်မှာမရှိတုန်း လာပြီး ကဲနေကြတာကိုး။"

အဒေါ်ကြီးမေ့သည်လည်း မည်သည့်အချိန်ကတည်းက တိုးဝင်လာသည်မသိရပေ…

အသက်ကြီးသူများမှာ သက်တူရွယ်တူ လူငယ်များထက် သွက်လက်မြန်ဆန်လှသည်ဟု ပြောရပေမည်။

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့ကဲ့သို့ လူငယ်များမှာ ရှေ့တန်းသို့ တိုးမဝင်နိုင်ကြသော်လည်း၊ ဤသက်ကြီးရွယ်အို အဘွားကြီးများမှာမူ တစ်ဦးထက်တစ်ဦး သွက်လက်စွာ တိုးဝင်နိုင်ကြသည်။

ချန်ချင်းယွီ အနောက်ဘက်မှနေ၍ အဒေါ်ကြီးမေ့၏ စကားကို ကြားလိုက်ရသောအခါ နှုတ်ခမ်းကို မသိမသာ စူလိုက်မိသည်။

"သူတို့က တကယ့်ကို ရဲတင်းလွန်းကြတယ်နော်။"

ချန်ချင်းယွီသည် အသံတိုးတိုးဖြင့် လေသံပစ်ပေးလိုက်၏။

သို့သော် ဤအချိန်တွင် မည်သူ မည်သည့်စကား ပြောသည်ကို အာရုံမစိုက်နိုင်ကြကာ၊ လူတိုင်းမှာ ဤမြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားလျက် ရှိနေကြသည်။

ဒါက တကယ့်ကို ဘာကိစ္စကြီးလဲ…

"ယွမ်ဟောက်မင်က ရူးသွားလို့ အဘွားကြီးဟွမ်ကို ရှာရတာလား… ဒါက တကယ့်ကို စည်းမဲ့ကမ်းမဲ့ ရှုပ်နေတာပဲ။ သူ့အိမ်ကလူတွေက ဘာဖြစ်လို့ တစ်ယောက်ပြီးတစ်ယောက် ဒီလိုတွေ ဖြစ်နေကြတာလဲ၊ တကယ့်ကို လက်လျှော့လိုက်ပြီ။"

"ဒါပေမယ့်လည်း ဒီလိုပြောလို့မရဘူးလေ၊ အဘွားကြီးဟွမ်နဲ့ အဘိုးကြီးကျန်းက ကွာရှင်းထားကြတာပဲ။ ယွမ်ဟောက်မင်မိန်းမ ကျောက်ရုံကလည်း ထောင်ထဲရောက်နေတာ၊ နေပါဦး... ယွမ်ဟောက်မင်နဲ့ ကျောက်ရုံက ကွာရှင်းပြီးကြပြီလား။"

"ဒါတော့ ဘယ်သူသိမှာလဲ၊ ဘာပဲဖြစ်ဖြစ် အဘိုးကြီးကျန်း ခေါင်းပေါ် ဂျိုပေါက်သွားတာကတော့ အမှန်ပဲ။ ကွာရှင်းထားရင်တောင် အရင်ကတည်းက ဂျိုပေါက်နေခဲ့တာ..."

လူတိုင်းသည် အခန်းထဲရှိလူများကို လန့်မသွားစေရန် အသံကို တိုးတိုးတိတ်တိတ် ရေရွတ်နေကြသော်လည်း၊ ပြောစရာစကားတစ်ခွန်းမျှ မကျန်အောင် အပြိုင်အဆိုင် ပြောဆိုနေကြသည်။

"ဒါနဲ့... ယွမ်ဟောက်မင်က တော်တော်လေး စွမ်းတာပဲနော်..."

"တကယ်ပဲ..."

အဟမ်း…

ယွမ်ဟောက်မင်သည် အခြားသော သာမန်အမျိုးသားများထက် အချိန်တော်တော်လေး ပိုမိုကြာမြင့်နေခဲ့သည်။ ဘေးမှ ကြည့်နေသော အဘွားကြီးအချို့မှာ စိတ်ထဲမှနေ၍ မိမိတို့အိမ်ရှိ အဘိုးကြီးများကို အရည်မရ အဖတ်မရ အသုံးမကျသူများဟု ကျိန်ဆဲနေကြလေ၏။

ယွမ်ဟောက်မင်ကို ကြည့်စမ်းပါဦး.. ကြည့်ပါဦး…

အဘွားကြီးဟွမ်တစ်ယောက် ယွမ်ဟောက်မင်ကို အဘယ်ကြောင့် လာပြီး မြူဆွယ်ရသည် ဆိုသည်မှာ အံ့ဩစရာ မရှိတော့ပေ။

တကယ့်ကို လျှပ်စီးလက်ပြီး မိုးကြိုးပစ်သည့်အလား ပြင်းထန်လှပေသည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့နှစ်ဦးမှာ အလွန်ပင် ကဲနေကြ၏။

ယွမ်ဟောက်မင်နှင့် အဘွားကြီးဟွမ်တို့မှာ ပတ်ဝန်းကျင်ကို လုံးဝ ဂရုမစိုက်နိုင်တော့ကာ၊ တစ်ကိုယ်လုံး အားအင်များ ပြည့်လျှံလျက် အားရပါးရ လုပ်ဆောင်နေကြတော့သည်။ ကမ္ဘာကြီး ပျက်စီးသွားရင်တောင် ဂရုမစိုက်နိုင်တော့သည့်အလားပင်…။ အခန်းတွင်းမှ အော်ဟစ်သံများနှင့် တဖျန်းဖျန်း အသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။ ချန်ချင်းယွီသည် လူအုပ်ကြီး၏ နောက်ကွယ်တွင် ရပ်နေရင်း ဤဆေးသည် တကယ့်ကို အာနိသင် ထက်မြက်လှသည်ဟု စိတ်ထဲမှ ချီးကျူးနေမိသည်။

သူမ မှတ်မိသလောက်တော့ အဘွားကြီးဟွမ် ဘယ်လိုပြောခဲ့သလဲ…

တိရစ္ဆာန်ကုဆေး (တိရစ္ဆာန်သုံး ဆေးဝါး) ဟု ပြောခဲ့သလိုပဲ…

မပြောကောင်းမဆိုကောင်း၊ တကယ့်ကို အံ့ဩစရာပဲ။

သေချာပေါက် တိရစ္ဆာန်တွေအတွက် သုံးတဲ့ဆေးမို့လို့ လုံးဝကို မတူတာ ဖြစ်မယ်…

ချန်ချင်းယွီခမျာ မျောက်တစ်ကောင်ကဲ့သို့ ဟိုဟိုဒီဒီ ခုန်ဆွဆွ လုပ်နေသော်လည်း၊ ရှေ့မှ လူအုပမကြီးများ ကွယ်နေသဖြင့် လုံးဝ မမြင်ရ ဖြစ်နေရှာ၏။

လည်ပင်းကြီးရှည်၍ ငိုချင်ချင်ပင် ဖြစ်လာမိသည်..

ကျွန်မကိုလည်း ရှေ့ပေးတိုးပြီး တစ်ချက်လောက် ကြည့်ခွင့်ပေးကြပါဦး..

ချန်ချင်းယွီ အားသုံး၍ လူများကို တွန်းဖယ်နိုင်သော်လည်း၊ အားကို မထိန်းနိုင်ဘဲ ဖြစ်သွားမည် စိုးရိမ်သဖြင့် ခုန်ပေါက်ရုံမျှသာ တတ်နိုင်တော့သည်။

ခုန်ပေါက်နေသော ကျားလေးအလားပင်…

ကျွန်မကိုလည်း ပေးကြည့်ကြပါဦးနော်..

ချန်ချင်းယွီခမျာ ရင်တလှပ်လှပ်ဖြင့် အသည်းအသန် ဖြစ်နေသော်လည်း၊ ဤအချိန်တွင် ဘေးလူများမှာမူ မျက်လုံးများ ပြူးကျယ်ကာ သွေးတိုးမတတ် စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ယွမ်ဟောက်မင်တစ်ယောက် ကျောက်ရုံကို မည်သို့ ဖမ်းစားထားနိုင်ခဲ့သည် ဆိုသည်မှာ မပြောဘဲ သိသာလှပေ၏။ ဤယောက်ျားသည် သေချာပေါက် စွမ်းဆောင်ရည်တစ်ခုခုတော့ ရှိပုံရသည်။ ယခင်၌ ယွမ်ဟောက်မင်သည် စာတတ်ပေတတ် တက်နွယ်ဖွားမို့လို့ဟု ထင်ခဲ့ကြသော်လည်း၊ ယခု လက်တွေ့ ကြည့်လိုက်ရသည့်အခါတွင်မူ ထိုမျှတင်မက၊ ဤကိစ္စရပ်တွင်လည်း အလွန်ပင် စွမ်းဆောင်နိုင်ရည် ရှိနေခြင်း ဖြစ်၏။

ဒါကတော့ တကယ်ပဲ အဘွားကြီးဟွမ်အတွက် အကြိုက်တွေ့သွားစေတာပေါ့…

အဘွားကြီးဟွမ်လို အဘွားကြီးက ဘယ်လို ကုသိုလ်ကံမျိုးမို့လို့ ဒီလို ကြုံရတာလဲ…။

တစ်ဖက်တွင်လည်း ရှီရှန်းသည် ပွဲထိုင်ကြည့်နေရင်း တစ်စုံတစ်ရာကို စဉ်းစားမိသွားဟန်ရှိသည်၊ ယွမ်ဟောက်မင် ဤမျှလောက်အထိ တော်လိမ့်မည်ဟု သူ မထင်ချေ။

ယောက်ျားအချင်းချင်းပဲ၊ ဘယ်သူ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ မသိဘဲ နေပါ့မလား…

အသက်အရွယ်အရ တော်တော်များများ အင်အားမရှိတော့သည်မှာ သဘာဝပင်။ သူ ထင်သည်မှာ ဤလူသည် သေချာပေါက် ဆေးသောက်ထားခြင်း ဖြစ်ရမည်။

သေချာပေါက်ပဲ..

တကယ့်ကို လှည့်ကွက်များလှတဲ့ ကောင်ကြီးပဲ။

ပျော်ပါးချင်လို့ သေသေချာချာ နည်းလမ်းရှာထားပြီး၊ လူတိုင်းက သူ့ကို အထင်ကြီးအောင် လုပ်နိုင်သေးတယ်ပေါ့…

ဒါနဲ့... သူ ဘာဆေးသောက်ထားတာလဲ… နောက်မှ သူ သွားရောက်စုံစမ်းရဦးမယ်…

အင်း... အသာအယာ မေးမြန်းကြည့်ရမည်။

ကောင်းတဲ့အရာရှိရင် အားလုံးကို မျှဝေခံစားသင့်တာပဲ မဟုတ်လား…။

ရှီရှန်း စိတ်ထဲတွင် အတွေးများ တဖွားဖွား ပေါ်ပေါက်နေသော်လည်း၊ အခန်းတွင်းရှိ ကိစ္စရပ်များမှာမူ ပြီးဆုံးမည့် အရိပ်အယောင် လုံးဝမရှိသေးပေ။ အဘွားကြီးဟွမ်နှင့် ယွမ်ဟောက်မင်တို့သည် အဆက်မပြတ် ငြီးတွားအော်ဟစ်နေကြပြီး မရပ်နားနိုင်ဖြစ်နေစဉ်၊ ၎င်းတို့၏ ဆူညံသံကြီးများကြောင့် ကြမ်းပြင်ပေါ်တွင် သတိလစ်နေသော ကျန်းရှင်းဖှမှာ နိုးလာခဲ့၏။

ကျန်းရှင်းဖှသည် ရုတ်တရက် ကုတင်အောက်မှနေ၍ သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ကုတင်ပေါ်သို့ တွားတက်လာရာ၊ ရှေ့ဆုံးမှ ကြည့်နေသူများမှာ အော်ဟစ်မိကြသည်။

"အမေရေ..."

ကျန်းရှင်းဖှသည် ယွမ်ဟောက်မင်ကို အတင်းလှမ်းဆွဲလိုက်ပြီး နှုတ်ခမ်းကို စူလျက် ကပ်သွားခေ၏။

"အား အား အား အား အား..."

အဘွားကြီးကျောက် : "ဘုရားရေ... ငါတော့ မျက်စိကန်းပါပြီ.."

မကြည့်ချင်တော့ဘူး၊ တကယ်ကို မကြည့်ချင်တော့ဘူးရှင့်..

ကျန်းရှင်းဖှက ယွမ်ဟောက်မင်ကို နမ်းလိုက်တာလား..

အား အား အား..

ဒါက တကယ့်ကို..

အဘွားကြီးကျောက် : "ဒါက တကယ့်ကို မျက်စိစပ်စရာကြီးပဲ၊ ငါ မကြည့်တော့ဘူး၊ တကယ်ကို မကြည့်တော့ဘူး။"

အဒေါ်ကြီးမေ့ : "သူက ယောက်ျားချင်း တကယ် စိတ်ဝင်စားတာပဲ၊ အာ... မဟုတ်သေးပါဘူး၊ ဒါက... ယွမ်ဟောက်မင်က အဘွားကြီးဟွမ် သားအမိနှစ်ယောက်စလုံးနဲ့ ပတ်သက်နေတာလား။ သူ ကစားတာကလည်း တော်တော်လေး ရက်စက်ပါလား။ အော့..."

အဘွားကြီးဝမ်: "အော့ အော့.."

အဘွားကြီးဝမ်သည် မိမိကိုယ်မိမိ အမြဲတစေ မြင့်မြတ်သူတစ်ဦးအဖြစ် ဟန်ဆောင်နေသူဖြစ်ရာ၊ ယခုအခါတွင်မူ စကားပင် မပြောနိုင်တော့ဘဲ ပျို့အန်၍ တဝေါ့ဝေါ့ ဖြစ်နေတော့သည်။ မသိလျှင် ကိုယ်ဝန်ရှိနေသည်ဟု ထင်ရလောက်၏။

"ဒီလူက ဘာတွေ လုပ်နေတာလဲ.."

ကျန်းရှင်းဖှသည် ယွမ်ဟောက်မင်ဆီသို့ အတင်းကပ်လျက် အလွန်ပင် ရွံရှာဖွယ်ကောင်းစွာ ပြုမူနေသည်။

ယွမ်ဟောက်မင် လက်သီးဖြင့် တစ်ချက် ထိုးပစ်လိုက်သလို၊ အဘွားကြီးဟွမ်သည်လည်း မိမိ၏ ပွဲကောင်းကို လာရောက်နှောင့်ယှက်သူရှိသဖြင့် အလွန်ဒေါသထွက်ကာ ခြေဦးဖြင့် တစ်ချက် ကန်ထုတ်လိုက်၏။

ခွပ်..

"အား အား အား အား.."

စူးစူးဝါးဝါး အော်သံနှင့်အတူ ကျန်းရှင်းဖှသည် ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ထပ်မံ၍ သတိလစ်သွားပြန်သည်။

"အမေရေ... အဘွားကြီးဟွမ် ကန်လိုက်တာ အဲဒီနေရာ (မျိုးပွားအင်္ဂါ) ကို မဟုတ်လား။"

"ကျိုးသွားပြီလား မသိဘူးနော်။"

"ဒါ... သူ့အိမ်က ဘယ်လိုအခြေအနေကြီးလဲ.."

"ဘာအခြေအနေပဲဖြစ်ဖြစ်၊ ဒီ သားအမိနှစ်ယောက်က တစ်ယောက်တည်းကို လုနေကြတာကတော့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြားဖူးဘူး။"

"ငါလည်း ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးပါဘူးအေ။"

ဤမျှအထိ ဖြစ်ပျက်နေသော်လည်း ကုတင်ပေါ်ရှိ ၎င်းတို့နှစ်ဦးမှာမူ လုံးဝ လမ်းခွဲခြင်းမရှိဘဲ ဆက်လက်၍ ပူးကပ်နေကြဆဲပင်။

"တို့တွေ ကျန်းရှင်းဖှကို အပြင်ဆွဲထုတ်ပြီး ဆေးရုံပို့ပေးဖို့ လိုမလားဟင်"

လူအုပ်ထဲမှ တစ်စုံတစ်ယောက် မေးလိုက်သည်။

အဘွားကြီးကျောက် : "ကြည့်ဦးလေ၊ သူက အဝတ်အစား တစ်ခုမှ မဝတ်ထားဘူး၊ ဆွဲထုတ်လာရင် အပျိုစင်တွေနဲ့ ဇနီးသည်ငယ်လေးတွေ အနေခက်ကုန်မှာပေါ့။ နောက်ပြီး ဆွဲထုတ်လာရင်းနဲ့ တစ်ခုခုဖြစ်သွားရင် သူတို့မိသားစုက တို့တွေကို လာပြီး အပြစ်ပုံချနေဦးမယ်။ ဘာပဲဖြစ်ဖြစ် လုပ်ချင်ရင်တော့ နင်တို့ဘာသာ လုပ်ကြ၊ ငါကတော့ လုံးဝမလုပ်ဘူး။ အပြစ်လာပုံချတာကို မခံချင်ဘူး၊ အဘွားကြီးဟွမ်ရဲ့ အကျင့်ကိုလည်း နင်တို့ သိတာပဲ။"

အဟမ်း။

ဒါလည်း ဟုတ်တာပဲ။

လူတိုင်း ချက်ချင်းပင် ထိုအကြံကို စွန့်လွှတ်လိုက်ကြ၏။

"ဘုရားရေ... ဒါတောင် ဆက်လုပ်နေကြတုန်းပဲ။ သူတို့ တကယ်ကို မပြတ်နိုင်ကြဘူးနော်။"

"မိုးခေါင်ရေရှား အက်ကွဲနေတဲ့ မြေကြီးပေါ် မိုးသည်းထန်စွာ ရွာသွန်းလိုက်သလိုပေါ့အေ.."

"ညည်းကတော့ စာပေစကားတွေနဲ့ သုံးနှုန်းလို့၊ နေပါဦး... တို့တွေ ဒါကို ပြောနေစရာ လိုလို့လား၊ သူတို့ ဒီလိုလုပ်တာက မသင့်တော်ဘူးလေ။"

"မသင့်တော်ရင် ဘာလုပ်မလဲ။ ရဲသွားခေါ်မလား။ တို့ဝင်းကြီးရဲ့ နာမည်က ပျက်စီးနေရတဲ့ကြားထဲ သာ၍ ပျက်စီးအောင် လုပ်မလို့လား။"

"သူတို့က တကယ့်ကို အရှက်မရှိလွန်းဘူး၊ တို့တွေ ဒီလောက်အထိ ဆူညံနေတာတောင် ဆက်လုပ်နေကြတုန်းပဲ။ တို့တွေကို လုံးဝ အရေးမစိုက်တာပဲ။"

အဘွားကြီးကျောက် : "သူတို့ တမင်တကာ လုပ်နေတာလား ဘယ်သူသိမှာလဲ။"

"ဟင်?"

အဘွားကြီးကျောက် : "ငါ ကြားတာတော့ ယွမ်ဟောက်မင်က မိန်းမနဲ့ ကွာရှင်းချင်နေတာ၊ ဒါပေမယ့် အိမ်က သဘောမတူဘူးတဲ့။ ဘယ်သူသိမှာလဲ... သူ တမင်တကာ ဒီလိုလုပ်ပြီး ကိစ္စတွေကို ကြီးထွားအောင်လုပ်ကာ ကလေးတွေကို ဖိအားပေးပြီး သဘောတူခိုင်းတာလည်း ဖြစ်နိုင်တာပဲ။"

ပိုင်ဖုန်းရှန်းသည် ရုတ်တရက် သဘောပေါက်သွားပြီး စဉ်းစားမိသွားကာ…

"အဘွားကြီးကျောက် ပြောတာ ဟုတ်တယ်၊ ငါလည်း ကြားဖူးတယ်၊ တို့တွေ အလယ်ဝင်းမှာ ရှိနေတုန်း ပြီးခဲ့တဲ့နှစ်က သူ့အိမ်မှာ ရန်ဖြစ်သံ ကြားလိုက်ရသေးတယ်၊ ယွမ်ဟောက်မင်က ကွာရှင်းချင်ပေမယ့် ကလေးတွေက သဘောမတူကြဘူးတဲ့။ ဟုတ်နိုင်တယ်... ဟုတ်နိုင်တယ်၊ ယွမ်ဟောက်မင်က တကယ့်ကို ရက်စက်တဲ့လူပဲ။ မိမိရဲ့ နာမည်ပျက်ရရင်တောင် ကွာရှင်းဖို့အထိ လုပ်တာကိုး"

"ဒါဆိုရင်တော့ သူက အရမ်းကို အတ္တကြီးလွန်းတာပေါ့၊ ဟောက်ဖုန်းကတော့ ကိစ္စမရှိပေမယ့်၊ ဟောက်ရွှယ်နဲ့ ဟောက်ယွဲ့ မိန်းကလေးနှစ်ယောက်က နောက်ပိုင်းကျရင် ဘယ်လိုလုပ်ပြီး အိမ်ထောင်ဖက် ရှာရတော့မလဲ။ အဖေကလည်း ဒီလို၊ အမေကလည်း ထောင်ထဲမှာဆိုတော့၊ သာမန်ရိုးသားတဲ့ မိသားစုတွေက ဘယ်သူက သူ့အိမ်နဲ့ ပတ်သက်ရဲတော့မလဲ။"

"ဒါပေါ့။"

"ဒါပေမယ့်လည်း ယွမ်ဟောက်မင်က တကယ်ကို တော်တာပဲနော်။"

လူတိုင်း အလွန်ကို တုန်လှုပ်ခြောက်ချားနေကြပြီ ဖြစ်သည်၊ ဤမျှလောက်အထိ အချိန်အကြာကြီး ဆူညံသောင်းကျန်းနေပြီး လူလည်း အပြင်မထွက်လာကြသဖြင့် အားလုံးလည်း တစ်ခုခု မူမမှန်တော့ဟု ခံစားမိနေကြသည်။ သို့သော် ဤကိစ္စမျိုးမှာ သူတို့ ဝင်ရောက်စွက်ဖက်နိုင်သည့်အရာ မဟုတ်ပေ။ သူတို့ ဘာတွေဖြစ်နေကြသည်ကို မည်သူသိနိုင်မည်နည်း။

ပိုင်ဖုန်းရှန်းသည် ဝင်းကြီးကို စီမံခန့်ခွဲရသည့် တာဝန်ခံ၏ အိမ်ထောင်ရှင်မပီပီ ဦးဆောင်၍

"စက်ရုံကိုသွားပြီး အဘိုးကြီးကျန်းကို သွားခေါ်လိုက်ကြပါဦး၊ ပြီးတော့ ဟောက်ဖုန်းကိုလည်း သွားခေါ်လိုက်ဦး"

"ယွမ်ဟောက်ဖုန်းက အပြင်မှာ လမ်းဘေးဈေးသွားရောင်းနေတာ၊ ဘယ်နားသွားရှာရမှာလဲအေ။"

"ဒါဆိုရင် ဟောက်ရွှယ်ကို ခေါ်လိုက်လေ။"

"ဟောက်ရွှယ်ကို ဘာလို့ သွားခေါ်ရမှာလဲ၊ သူက အပျိုစင်လေးလေ၊ အိမ်ထောင်လည်း မပြုရသေးဘဲနဲ့ ကိုယ့်ရဲ့ အဖေအရင်းရဲ့ ကာမကိစ္စ အရှုပ်တော်ပုံကို လာပြီး ဖြေရှင်းနိုင်ပါ့မလား။ ဒီအခြေအနေကို ကြည့်ဦး၊ သူလည်း မဖြေရှင်းနိုင်ပါဘူး။"

ချန်ချင်းယွီသည် အခွင့်ကောင်းယူကာ ဝင်ပြောလိုက်ရင်း

"ယွမ်ဟောက်ဖုန်းကိုပဲ သွားခေါ်တာ ပိုကောင်းပါတယ်၊ သူက ပုံမှန်

အားဖြင့် ချန်းမန်နားမှာ ရှိတတ်တယ်ရှင့်"

"ဒါလည်း ဟုတ်တာပဲ၊ ဟောက်ဖုန်းကိုပဲ သွားခေါ်ကြစို့၊ မိန်းကလေးတစ်ယောက်ကတော့ တကယ်ကို ဝင်ပြီး မဖြေရှင်းနိုင်ဘူး။"

အခန်းထဲမှ အသံဆိုးများမှာအဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်ရာ… အဘွားကြီးကျောက် ဆိုမိ၏။

"သူတို့ တကယ့်ကို တော်ကြပါပေတယ်၊ ဒါလေးနဲ့တင် ဒီလောက်ထိ အားစိုက်နေကြတာလား။ သံတုတ်ကြီးကို အပ်ဖြစ်အောင်အထိ မဆုတ်မနစ် ကြိုးစားနေကြတာလား"

"ညည်းကလည်း လျှောက်မပြောပါနဲ့ဦး။"

"ငါက ဘာလို့ မပြောနိုင်ရမှာလဲ၊ ဒါက တကယ့်ကို သံတုတ်ကြီး အပ်ဖြစ်အောင် ကြိုးစားနေကြတာပဲဥစ္စာ။"

"သူတို့ လုပ်နေကြတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။"

"ငါ့အိမ်က အဘိုးကြီးသာ သူ့ရဲ့ ဆယ်ပုံတစ်ပုံလောက် စွမ်းရင်ပဲ ငါတော့ ခိုးပြီး ပျော်နေမိမှာ။"

"ညည်းတို့ ပြောရရင်... ယွမ်ဟောက်မင်က ဒီလောက်အထိ စွမ်းတာကို၊ ကျောက်ရုံက ဘာလို့ မရောင့်ရဲနိုင်ဘဲ ဖြစ်နေရတာလဲ။ တကယ်ကို စဉ်းစားလို့ မရဘူး၊ ဒီလောက်ကောင်းတာကို အပြင်မှာ သွားပြီး အရှုပ်ရှာသေးတယ်၊ တကယ့်ကို မိုက်မဲတာပဲ။"

ဤအိမ်ထောင်သည် အမျိုးသမီးကြီးများမှာ စကားပြောရာတွင် တစ်

စက်လေးမျှ ရှက်ရွံ့ခြင်းမရှိကာ၊ တစ်ယောက်တစ်ပေါက် အပြိုင်အဆိုင် ပြောဆိုနေကြလေသည်။

ချန်ချင်းယွီမှာမူ ယခင်အတိုင်း ရှေ့တန်းသို့ တိုးမဝင်နိုင်သေးပေ။

သူမမှာ နေရာတစ်ခုရှာပြီး ပုရွက်ဆိတ် အရေအတွက် ထိုင်ရေတွက်ရတော့မတတ် ဖြစ်နေ၏။

တိရစ္ဆာန်ကုဆရာဝန်က တိရစ္ဆာန်တွေအတွက် သုံးတဲ့ဆေးကတော့ သေချာပေါက်ကို မတူတာ အမှန်ပဲ…

ချန်ချင်းယွီသည် ဤပွဲကြီးပွဲကောင်းကို ကြည့်ရင်း စိတ်ထဲတွင် အလွန်ပင် ကျေနပ်အားရနေမိသည်။

ဟဲဟဲ... ဒါက နင်တို့ဘာသာ ပြင်ဆင်ထားတဲ့အရာပဲ၊ နင်တို့ဘာသာ ကောင်းကောင်းကြီး ခံစားကြပေဦးတော့…။

"ဖယ်ပေးကြပါဦး၊ အားလုံးပဲ ဖယ်ပေးကြပါဦး၊ အဘိုးကြီးကျန်း ပြန်လာပြီ။"

အဘိုးကြီးကျန်းသည်လည်း မိမိအိမ်တွင် ဤမျှအထိ ကြီးမားသော ကိစ္စရပ်ကြီး ဖြစ်ပျက်နေလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့မိရှာပေ။ သူသည် ယနေ့တွင် ပုံမှန်အတိုင်း အလုပ်လုပ်နေဆဲဖြစ်ပြီး၊ ကောင်းကောင်းမွန်မွန် လုပ်ကိုင်နေစဉ် ရုတ်တရက် တစ်စုံတစ်ယောက် လာရောက်ခေါ်ယူကာ အိမ်တွင် ပြဿနာတက်နေသဖြင့် အမြန်ပြန်ရန် ပြောခဲ့ခြင်း ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် အဘိုးကြီးကျန်းသည် ကျန်းမုန့်မုန့်တစ်ယောက် စီဒီခွေအတုများ ရောင်းချမှု သို့မဟုတ် ခေတ်ပေါ် တေးဂီတများ ဖြန့်ဝေမှုကြောင့် ရဲဖမ်းခံရသည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။

သို့သော် လမ်းတစ်လျှောက်တွင် လူများ၏ စကားစပြတ် သနားကရုဏာသက်နေသော မျက်လုံးများအောက်၌၊ အဘွားကြီးဟွမ်တစ်ယောက် အိမ်တွင် ဖောက်ပြန်နေခြင်းဖြစ်ကြောင်း သူ သိရှိသွားခဲ့ရသည်။

အိမ်မှာတင်..

ဖောက်ပြန်နေတာ..

ဒါက လူလုပ်မယ့် အလုပ်မျိုးလား…။

အမှန်တကယ်တမ်း အဘိုးကြီးကျန်းသည် အဘွားကြီးဟွမ်နှင့် ကျန်းရှင်းဖှတို့ တစ်စုံတစ်ရာကို ကြံစည်နေကြသည်ကို သိရှိသော်လည်း မသိချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်၏။ အကျိုးအမြတ်ရှိလျှင် မိမိလည်း တစ်စုတစ်စည်း ရရှိမည်ဖြစ်ပြီး၊ အကယ်၍ ပြဿနာတက်လာလျှင်လည်း မိမိဘာမှမသိရှိပါဟု လွှဲချနိုင်ရန်အတွက် သူသည် မမေးမြန်းကာ အမြဲတစေ မသိနားမလည်ဟန် ဆောင်နေခဲ့ခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကိစ္စက ပေါ်ပေါက်လာမှာပဲလေ…

သို့သော်လည်း အဘွားကြီးဟွမ်တစ်ယောက် အပြင်၌ ယောက်ျားတစ်ယောက် ရှိနေလိမ့်မည်ဟု သူ မည်သို့မျှ မျှော်လင့်မထားခဲ့မိချေ။

သူတို့က သူတစ်ပါးကို တွက်ချက်ကြံစည်နေကြတာ မဟုတ်ဘဲ၊ သူ့ ခေါင်းပေါ်ကို ဂျိုလာပေါက်အောင် လုပ်နေကြတာလား…

အဘိုးကြီးကျန်းသည် ချက်ချင်းပင် စိတ်အခြေအနေ လုံးဝပျက်ပြားသွားပြီး ဒေါသအလိပ်လိပ် ထွက်ကာ သွေးရူးသွေးတန်း ဖြစ်သွားခဲ့သည်။

သူသည် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့ပြီး လမ်းတစ်လျှောက်ရှိ လူအားလုံး မိမိ၏ ဦးခေါင်းထက်ကို စိုက်ကြည့်နေကြသကဲ့သို့ ခံစားရ၏။

ထို… ဂျိုပေါက်နေသည့် အစိမ်းရောင်ဦးထုပ်ကြီးကို ကြည့်နေကြသကဲ့သို့ပင်..

အဘိုးကြီးကျန်းသည် ဒေါသတကြီး အော်ဟစ်လျက် အိမ်သို့ ပြေးဝင်လာရာ၊ စတုတ္ထမြောက်ဝင်းထဲတွင် လူပေါင်း အနည်းဆုံး ရာဂဏန်းနီးပါး ရှိနေပြီး ဘေးပတ်ဝန်းကျင်မှပါ ပွဲလာကြည့်သူများဖြင့် စည်ကားနေသည်ကို မြင်လိုက်ရသည်။

အဘိုးကြီးကျန်း၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး အတင်းတိုးဝင်လျက် အော်ဟစ်လိုက်၏။

"အားလုံး ဖယ်ပေးကြစမ်း.."

သူ၏ ဟိန်းဟောက်သံကြီးကြောင့် လူအုပ်ကြီးသည် ချက်ချင်းပင် လမ်းတစ်ခု ဖယ်ပေးလိုက်ကြတော့သည်။

အဘိုးကြီးကျန်း တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ပြေးဝင်သွားရာ၊ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးအစုံ ပြူးထွက်မတတ် ဖြစ်သွားခဲ့၏။

သူမနှင့် ကွာရှင်းထားသော်လည်း အဘွားကြီးဟွမ်၏ စားဝတ်နေရေးအားလုံးမှာ မိမိအပေါ်တွင်သာ မှီခိုနေရခြင်း ဖြစ်သည်။

သူမက ဘယ်လိုသတ္တိနဲ့ ငါ့ခေါင်းပေါ်ကို ဂျိုလာတပ်ရဲတာလဲ…

သူသည် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားပြီး ယွမ်ဟောက်မင်ကို အတင်းဆွဲကာ လွှဲရိုက်လိုက်လေ၏။

"လူယုတ်မာကောင်၊ ပုံမှန်ဆိုရင်တော့ ယဉ်ကျေးပျံနှံ့တဲ့ ပညာတတ်လိုလိုနဲ့ တို့ဝင်းထဲမှာ ငါနဲ့ ညီအစ်ကိုလို ပေါင်းပြီးတော့၊ အခုကျတော့ ငါ့အိမ်ထဲအထိ လာပြီး မိန်းမခိုးနေတာလား၊ လူယုတ်မာကောင်၊ စိတ်ပုပ်စုတ်တဲ့ကောင်၊ ငါ မင်းကို ရိုက်သတ်မယ်။ ငါ မင်းကို ရိုက်သတ်ပစ်မယ်.."

ခွပ် ခွပ် ခွပ်..

လက်သီးချက်များမှာ ယွမ်ဟောက်မင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ရာ၊ ယွမ်ဟောက်မင်မှာ အသိစိတ် ဝေဝေဝါးဝါးဖြင့် တိမ်းရှောင်ရင်း အဘွားကြီးဟွမ်၏ ကိုယ်ပေါ်သို့ ထပ်မံ၍ မှီတွယ်ရန် ကြိုးပမ်းနေသည်။

အဘွားကြီးဟွမ်မှာမူ သာယာကြည်နူးနေဆဲအချိန်တွင် တစ်စုံတစ်ဦး၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသဖြင့် အလွန်ဒေါသထွက်ကာ ရှေ့သို့ တိုးလျက် ကုတ်ခြစ်တော့၏။

အဘိုးကြီးကျန်း : "အား.."

သူသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။

"နင်... နင်... နင်က ဒီလို ဖောက်ပြန်တဲ့ လင်ငယ်အတွက်နဲ့ ငါ့ကိုပါ ပြန်ပြီး လက်ပါရဲတယ်ပေါ့။ ငါ နင့်ကို ရိုက်သတ်မယ်.."

အဘိုးကြီးကျန်းနှင့် အဘွားကြီးဟွမ်တို့မှာ တစ်ဦးနှင့်တစ်ဦး လုံးထွေးသတ်ပုတ်ကြလေ၏။

အဘိုးကြီးကျန်း ဒေါသတကြီး အော်ဟစ်ကာ

"ငါပြောသားပဲ... နင် ဘာလို့ နေ့တိုင်း ငါ့ကို အစိမ်းရောင် ဟင်းလျာတွေပဲ ချက်ကျွေးနေတာလဲလို့ (တရုတ်ယဉ်ကျေးမှုအရ အစိမ်းရောင်ဟင်းလျာ = ဂျိုပေါက်ခြင်းကို သရော်ခြင်း)၊ နင် တမင်တကာ ငါ့ကို လာပြီး လှောင်ပြောင်နေတာကိုး။ နင်လို မိန်းမယုတ်မ… တစ်သက်လုံး ပေါင်းလာတာတောင် နင့်ရဲ့ ရုပ်မှန်ကို ငါ မမြင်ခဲ့မိဘူး။ အံ့ဩစရာ မရှိတော့ပါဘူး... မနေ့ကလည်း နင် ငါ့ကို ကြက်သွန်မြိတ်ဟင်းချက်ကျွေးတယ်၊ မနေ့တစ်နေ့ကလည်း မုန်ညင်းစိမ်း၊ ဟိုတစ်နေ့ကလည်း ဟင်းနုနွယ်စိမ်း။ နင် နေ့တိုင်း အစိမ်းရောင်တွေနဲ့ ငါ့ကို လာပြီး အရွဲ့တိုက် လှောင်ပြောင်နေတာကိုး။ နင်လို မိန်းမပျက်မကြီး..."

အဘွားကြီးဟွမ်သည် အသိတရား ကင်းမဲ့နေသော်လည်း၊ မိမိ၏ သာယာမှုကို နှောင့်ယှက်ပြီး မိမိအပေါ် လက်ပါလာသူအား အလွယ်တကူ လွှတ်ပေးရန် စိတ်ကူးမရှိချေ။

သူမသည် မဆင်မခြင် ကန်ကျောက်လိုက်ပြီး လက်သည်းများဖြင့် နေရာအနှံ့ ကုတ်ခြစ်နေခဲ့သည်။

အဘိုးကြီးကျန်းသည် အားဖြင့် သူမကို တွန်းဖယ်လိုက်၏။ အဘွားကြီးဟွမ်သည် ဝုန်းခနဲ ကြမ်းပြင်ပေါ်ရှိ ကျန်းရှင်းဖှ၏ ကိုယ်ပေါ်သို့ ပြုတ်ကျသွားခဲ့ရာ၊ သူမသည် ချက်ချင်း ပြန်လည် ထိုင်လိုက်ပြီး ကျန်းရှင်းဖှ၏ ကိုယ်ကို နင်းလျက် ဆက်လက်၍ တိုက်ခိုက်နေခဲ့သည်။

"ဘုရားရေ... အဘွားကြီးဟွမ်က သူ့ရဲ့ သားအရင်းကို နင်းသတ်မိတော့မှာပဲ ထင်တယ်အေ။"

"လျှောက်မပြောပါနဲ့ဦး၊ ညည်း မမြင်ဘူးလား၊ အဘိုးကြီးကျန်းလည်း နင်းနေတာပဲလေ။"

ဒါကတော့ တကယ့် မိဘအရင်းတွေပါပဲ…. နှစ်ဦးစလုံး ဒေါသမျက်စိ အမှောင်ကျလျက် သတ်ပုတ်နေကြသဖြင့် ကြမ်းပြင်ပေါ်တွင် လှဲနေသော သားဖြစ်သူကို ဂရုမစိုက်နိုင်တော့ဘဲ အသည်းအသန် နင်းမိနေကြသည်။

မည်သူမျှ အရှုံးမပေးကြပေ..

ယွမ်ဟောက်မင် : "မင်း သူမကို လွှတ်လိုက်စမ်း..."

အဘိုးကြီးကျန်း : "အား အား အား အား.. ယွမ်ဟောက်မင်၊ နင်တို့ ဖောက်ပြန်တဲ့ကောင် နှစ်ယောက်စလုံး၊ ငါ နင်တို့ နှစ်ယောက်လုံးကို သတ်ပစ်မယ်.."

သူသည် လက်တစ်ဖက်စီဖြင့် ၎င်းတို့နှစ်ဦးစလုံးကို ဆွဲကိုင်လျက် တစ်ဦးနှင့်တစ်ဦး တိုက်မိအောင် အရှိန်ပြင်းစွာ စောင့်ပစ်လိုက်တော့သည်။

"ငါ နင်တို့နဲ့ အသေအကြေ ချပစ်မယ်......"

All Chapters