အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း (၁၈၀) ပရမ်းပတာတိုက်ပွဲ
အဘိုးကြီးကျန်းနှင့် အဘွားကြီးဟွမ်တို့မှာ ကြက်သွေးထိုးထားသကဲ့သို့ တကယ့်ကို ရူးသွပ်စွာ တိုက်ခိုက်နေကြလေသည်..
နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး အသည်းအသန် တိုက်ခိုက်ရင်း ရှေ့သို့ တိုးနေကြပြီး၊ အဘိုးကြီးကျန်းမှာ ဒေါသကြောင့် မျက်စိမှောင်ကျနေခဲ့ပြီ ဖြစ်၏။ မိမိကိုယ်တိုင် ခေါင်းပေါ် ဂျိုပေါက်သွားရသည်ကိုသာ တွေးပြီး နာကျည်းနေမိသည်။ ပေကျင်းမြို့မှ အမျိုးသားတစ်ယောက်အဖို့ ခေါင်းပေါ် ဂျိုပေါက်ရသည်မှာ မည်သို့မျှ မျက်နှာပြစရာ မရှိတော့ပေ၊ ပေကျင်းသားတို့၏ သဘာဝအရ သိက္ခာနှင့် မျက်နှာကိုသာ အလေးထားကြသည်မဟုတ်လော။
သူ၏ မျက်လုံးအစုံမှာ နီမြန်းနေခဲ့ပြီး ဤမိန်းမယုတ်မကို ရိုက်သတ်ပစ်ချင်စိတ်သာ ရှိလေ၏။ အဘွားကြီးဟွမ်သည်လည်း အရှုံးမပေးပေ၊ သူမ၏ တစ်ကိုယ်လုံးတွင် မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသည်၊ ဤအချိန်တွင် မိမိ၏ ကာမကိစ္စကို လာရောက်နှောင့်ယှက်နေသော အဘိုးကြီးကျန်းသည် လမ်းပိတ်နေသော ကျောက်တုံးကြီး သဖွယ် ဖြစ်နေသည်။ သူမသည် လက်မောင်းများကို ဝှေ့ယမ်းကာ၊ အဘိုးကြီးကျန်းကို အင်အားချင်းမပြိုင်နိုင်သဖြင့် မြွေလိမ်မြွေကောက် ပုံစံဖြင့် လျင်မြန်စွာ လှုပ်ရှားလျက် ချောင်းမြောင်းတိုက်ခိုက်နေခဲ့၏။
ယွမ်ဟောက်မင်သည်လည်း ၎င်းတို့အကြား၌ ရှိနေခဲ့ပြီး၊ တစ်ကိုယ်လုံးတွင် မဖြေဖျောက်နိုင်သော ပူလောင်မှုများ ပြည့်နှက်နေခဲ့သည်။ သူသည် အသိစိတ် ဝေဝေဝါးဝါး ဖြစ်နေသော်လည်း၊ ဆေးကို နည်းနည်းသာ စားသုံးခဲ့မိသဖြင့် ယောက်ျား မိန်းမကိုမူ ခွဲခြားသိမြင်နိုင်သေးရာ၊ အော်ဟစ်လျက် အဘွားကြီးဟွမ်ဘက်မှ ဝင်ရောက်ကူညီနေ၏။ နှစ်ယောက်တစ်ယောက် ချကြသော်လည်း အဘိုးကြီးကျန်းမှာ အနည်းငယ်မျှ အားနည်းသွားခြင်း မရှိပေ။
သူသည် စက်ရုံတွင် ကာယလုပ်အား စိုက်ထုတ်ရသည့် အလုပ်သမားတစ်ဦး ဖြစ်သည်၊ ယွမ်ဟောက်မင်ကဲ့သို့သော စာပေသမား သုံးချက်စား အကောင်နှင့် အဘွားကြီးဟွမ်ကဲ့သို့သော အဘွားကြီး ပေါင်းလိုက်လျှင်ပင် သူ့ကို ယှဉ်နိုင်စွမ်း မရှိပေ။
ထို့အပြင် ပြင်ပမှ လူများလည်း ဝင်ရောက်၍ မဖြန်ဖြေပေးကြသဖြင့် ၎င်းတို့ နှစ်ဦးမှာ သေချာပေါက် မယှဉ်နိုင်ဘဲ ဖြစ်နေသည်။
သူတို့ သုံးဦးမှာ တစ်ဦးနှင့်တစ်ဦး ခွဲမရအောင် လုံးထွေးသတ်ပုတ်နေကြစဉ်၊ ကြမ်းပြင်ပေါ်ရှိ ကျန်းရှင်းဖှ၏ ကိုယ်ပေါ်သို့ ခြေထောက်ဖြင့် မည်မျှအထိ နင်းမိသွားကြသည်မသိချေ။
မတတ်နိုင်ဘူးလေ… ဘယ်သူက သူ့ကို ကြမ်းပြင်ပေါ်မှာ လှဲနေခိုင်းလို့လဲ..။
ကျန်းရှင်းဖှမှာ နင်းခြေခံရလွန်းသဖြင့် တုန်တုန်ရီရီဖြင့် နိုးလာခဲ့ရပြီး၊ အနီးရှိ ခြေကျင်းဝတ်တစ်ခုကို အတင်းလှမ်းဖက်ကာ အမောတကောဖြင့် ဂွက်ခနဲ ကိုက်ပစ်လိုက်တော့သည်။
"အား.."
အဘိုးကြီးကျန်း အော်ဟစ်လိုက်မိ၏။
"တောက်.. မေနိုး ငါ့ကို ဘာလို့ လာကိုက်တာလဲ၊ တိရစ္ဆာန်ကောင်၊ သားမိုက်၊ ငါ မင်းကို အလကား ကျွေးမွေးထားမိတာပဲ၊ မင်းက မင်းအမေနဲ့ ဒီမျက်နှာဖြူကောင်တို့ အိမ်ထဲမှာ မဆင်မခြင် အရှုပ်ရှာနေတာကို ကူညီနေတာလား၊ မင်းက ငါ့သားရော ဟုတ်ရဲ့လား.."
အဘိုးကြီးကျန်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ကျန်းရှင်းဖှ: "အီး... အား... အိုး... ဝူး..."
သူသည် တဟီးဟီး ညည်းတွားရင်း ခြေကျင်းဝတ်ကို အတင်းဖက်ထားလျက် ခြေဖဝါးကို စတင်နမ်းရှုတ်နေ၏။
"လခွမ်း.."
"သူက ဒါ ဘာရောဂါတက်ထနေတာလဲ။"
"အမေရေ... ဒီကျန်းရှင်းဖှက ငါ့ကို အမြဲတမ်း သူ့အတွက် အိမ်ထောင်ဖက် ရှာပေးဖို့ လာပြောနေတာ၊ တော်သေးတာပေါ့ ငါ သူ့စကားကို နားမထောင်မိလို့။ အကယ်၍ ငါသာ ရှာပေးလိုက်ရင် သမီးမိန်းကလေးဘက်က နေ့တိုင်း ငါ့အိမ်ကို လာပြီး မှန်တွေ ခဲနဲ့ထုနေမှာ သေချာတယ်၊ ဒါက လူလုပ်တဲ့ အလုပ်မျိုးလား။ ဘုရားရေ... တကယ့်ကို ရူးသွပ်သွားကြပြီ၊ လုံးဝကို ရူးသွားကြတာပဲ။"
"ရူးရမှာလား၊ သူက အရင်ကတည်းက ဒီလိုအရာကို နှစ်သက်တာ မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကလည်း သူလျှိုနဲ့ အိမ်သာထဲမှာ... ဘာလဲ၊ နင်က သူတစ်ပါးက သူ့ကို မတရားစွပ်စွဲတာလို့ တကယ်ယုံနေတာလား။ သွားစမ်းပါ၊ ငါကြည့်ရသလောက်တော့ သူက ဒီလိုအရာကို တကယ် ဝါသနာပါတာ။ တကယ်ပဲ... အော့.."
"သူက ဒီလို ဝါသနာပါရင်တောင်၊ ငယ်ငယ်ချောချောလေးတွေကို ရှာတာဆိုရင် ငါ နားလည်ပေးနိုင်ပါသေးတယ်၊ ဒါပေမယ့် သူ့ရဲ့ အမြင်ကတော့ တကယ့်ကို ပြဿနာရှိနေတာပဲ။"
အဘိုးကြီးကျန်း ထပ်မံဟိန်းဟောက်ပြန်ကာ
"ကလိန်ကောင်၊ ငါ့ခြေဖနောင့်ကို ဘာလို့ လာနမ်းနေတာလဲ။ ရူးနေလား။ ဖယ်စမ်း.."
ခါထုတ်သော်လည်း ခါ၍မကျပါချေ...
အဘိုးကြီးကျန်း : "အား အား အား.. မင်း တမင်တကာ လုပ်နေတာမလား၊ မင်း သူတို့နဲ့ပေါင်းပြီး ငါ့ကို လာတိုက်ခိုက်နေတာလား။"
ဤစကားကို ကြားလိုက်ရသောအခါ အဘွားကြီးဟွမ်နှင့် ယွမ်ဟောက်မင်တို့သည် ချက်ချင်းပင် ရှေ့သို့ တိုး၍ တိုက်ခိုက်ကြပြန်၏။
ချန်ချင်းယွီမှာမူ ရင်တမမဖြင့် အသည်းအသန် ဖြစ်နေသော်လည်း ရှေ့သို့ တိုးမဝင်နိုင်ဘဲ ဖြစ်နေသည်၊ ရန်ပွဲ ပိုမိုပြင်းထန်လာသည်နှင့်အမျှ လူတိုင်း ရှေ့တန်းနေရာများကို ပိုမိုမြဲမြံစွာ ယူထားကြသဖြင့် နေရာမဖယ်ပေးကြတော့ပေ။
ချန်ချင်းယွီ : ‘တောက်…ငါသာ တစ်ချက်လောက် တွန်းလိုက်ရင် နင်တို့အားလုံး လွင့်ထွက်သွားမှာကို ယုံကြမလား။’
.. တကယ်ပဲ...
သူမ လှမ်းမေးလိုက်ကာ
"ဒါက သုံးယောက်တစ်ယောက် ချနေကြတာလား။ ဟုတ်လား ဟုတ်လား။"
"ဟုတ်တယ်အေ၊ ညည်းပြောကြည့်ဦး... ဒါက ဘာကိစ္စကြီးလဲမသိဘူး၊ သူ့မိသားစုက တကယ့်ကို..."
ချန်ချင်းယွီ၏ မျက်ဝန်းအစုံမှာ တောက်ပသွားပြီး ရေရွတ်လိုက်၏။
"သူရဲကောင်းသုံးဦး လွီပုကို တိုက်ခိုက်ခြင်း (သုံးယောက်တစ်ယောက် ဆိုင်တိုက်ခြင်း) ပဲ.."
ချက်ချင်းပင်၊ ပတ်ဝန်းကျင်ရှိ ဆူညံနေသော ဝေဖန်သံများမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ လူတိုင်း စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားကြသည်။
မကြာမီအချိန်အတွင်း လူတိုင်း ချန်ချင်းယွီကို လှည့်ကြည့်လိုက်ကြရာ၊ ၎င်းတို့၏ မျက်လုံးများမှာ အလွန်ပင် အဓိပ္ပာယ်ပြည့်ဝနေ၏။
ဘာတွေ လာပြီး 'သူရဲကောင်းသုံးဦး လွီပုကို တိုက်ခိုက်ခြင်း' လို့ သုံးနှုန်းနေတာလဲ၊ ဒါက ဒီလိုနေရာမှာ သုံးရမယ့် စကားလုံးမျိုးလား…။
အာ... ဒါပေမယ့်လည်း သုံးယောက်တစ်ယောက် တိုက်တာချင်းတော့ တူနေတာပဲ…။
သို့သော်လည်း….
သူတို့က ဘာကောင်မို့လို့ 'သူရဲကောင်းသုံးဦး လွီပုကို တိုက်ခိုက်ခြင်း' ဆိုတဲ့ စကားလုံးကြီးကို သွားပြီး စော်ကားရတာလဲ။
သို့သော် အများစုမှာ ဤတင်စားချက်ကား အတော်လေး တိုက်ဆိုင်လှသည်ဟု ခံစားမိကြသည်။
"တို့တွေ သွားပြီး ဖြန်ဖြေပေးရင် မကောင်းဘူးလား။"
"ညည်း ဖြန်ဖြေချင်ရင် သွားလေ၊ ငါကတော့ မရဲဘူး။ ညည်း မမြင်ဘူးလား။ အဘိုးကြီးကျန်းကလွဲရင် ကျန်တဲ့ သုံးယောက်စလုံးက အဝတ်အစား တစ်ခုမှ မဝတ်ထားကြဘူးလေဥစ္စာ။"
ဤမျှလောက် မျက်စိရှက်စရာကောင်းသော မရှုမလှမြင်ကွင်းမျိုးကို သာမန်လူဆိုလျှင် တကယ်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။ ထို့အပြင် မတော်တဆ လှမ်းကိုင်မိသွားလျှင်လည်း ရွံရှာလွန်းသဖြင့် အော့အန်မိမည့်အခြေအနေမျိုး ဖြစ်သည်။ မြင်ကွင်းကား တကယ့်ကို ရွံစရာကောင်းလှ၏။ မျက်စိရှက်စရာ၊ အလွန်ပင် မျက်စိရှက်စရာကောင်းသော်လည်း စိတ်ထဲမှမူ မကြည့်ဘဲ မနေနိုင်ကြချေ..
အမျိုးသမီးငယ်များမှာမူ လက်ဝါးဖြင့် မျက်လုံးများကို အုပ်ထားကြသော်လည်း လက်ချောင်းများကြားတွင်မူ အပေါက်များ ချန်ထားကြ၏။
ရှေ့ဆုံးတန်းမှ အဘွားကြီးများသည်ကား ထိုအရာများကို ဂရုမစိုက်ကြပေ။
ကြည့်တာကြည့်တာပဲ၊ ငါ့ကို ဘာလုပ်နိုင်မှာလဲဟူသည့် အလား..
သို့သော်လည်း ဝင်ရောက်ဖြန်ဖြေပေးရန်မူ လုံးဝ တွေးပင်မတွေးကြချေ။
အခန်းတွင်း၌မူ တဖျန်းဖျန်း၊ တဒုန်းဒုန်း၊ တဂျိမ်းဂျိမ်းဖြင့် တိုက်ပွဲ ပြင်းထန်လှပြီး၊ အသံကြီးအသံငယ်မျိုးစုံမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
အဘိုးကြီးကျန်းသည် နောက်ဆုံးတွင် သားဖြစ်သူကို ကန်ထုတ်လိုက်
နိုင်ပြီး ဆဲရေးလိုက်၏။
"မင်းလို အသုံးမကျတဲ့ကောင်၊ လစ်စမ်း.."
ကျန်းရှင်းဖှသည် သူ၏မျိုးပွားအင်္ဂါကို ဆုပ်ကိုင်လျက် ကြမ်းပြင်ပေါ်တွင် လောက်ကောင်တစ်ကောင်ကဲ့သို့ ဟိုလိမ့်ဒီလိမ့် တွန့်လိမ်နေခဲ့၏။ သူ့ခမျာ ခြေထောက်ဖြင့် မည်မျှအထိ အကန်ခံလိုက်ရပြီး မည်မျှအထိ အနင်းခံလိုက်ရသည်ကိုပင် မသိတော့ပေ။ အဘွားကြီးဟွမ်သည် လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ အဘိုးကြီးကျန်း၏မျက်နှာကို ကုတ်ခြစ်ရာများ ဖြစ်သွားအောင် ကုတ်ခြစ်ပစ်လိုက်သည်။
အဘိုးကြီးကျန်းလည်း အားနာမနေတော့ဘဲ မိမိဇနီးဟောင်း၏ ဆံပင်များကို အတင်းဆွဲကာ ဆွဲဆုတ်တော့သည်..
တစ်ခါတစ်ရံတွင်လည်း အားလပ်ချိန်လုကာ ယွမ်ဟောက်မင်ကို ပါးရိုက်ချက်အချို့ ကျွေးလိုက်သေး၏။
ဖြန်း ဖြန်း ဖြန်း..
ပါးရိုက်သံကြီးများမှာ တကယ့်ကို ဟိန်းထွက်နေခဲ့သည်။
အဘွားကြီးကျောက် ညည်းတွားလိုက်ကာ
"ယွမ်ဟောက်မင်ကလည်း အသုံးမကျလိုက်တာ၊ သူက အဘိုးကြီးကျန်းထက် ခြောက်နှစ်၊ ခုနစ်နှစ်လောက် ငယ်တာကို၊ ဒါကို လုံးဝ ပြန်မချနိုင်ဘူးလား။"
အဘွားကြီးဝမ် တံတွေးကို မျိုချလိုက်ရင်း
"စောစောက အားအင်တွေ အကုန်သုံးလိုက်လို့ ခြေထောက်တွေ နုံးခွေနေတာ ဖြစ်လိမ့်မယ်"
အဘွားကြီးကျောက် : "ဘာ အားအင်ကုန်တာလဲ၊ ငါကြည့်ရသလောက်တော့ သူက အားနွဲ့တဲ့ ကြက်ပေါက်စပဲ။"
အဘွားကြီးကျောက်သည် ရန်ပွဲအတွေ့အကြုံ အလွန်များသူအဖြစ် နာမည်ကြီးရာ၊ သူမမှာ…
"ဒီလူတွေ ရန်ဖြစ်တာက တကယ့်ကို ပရော်ဖက်ရှင်နယ်မကျဘူး၊ ဘာလို့ ဒီလိုမျိုး ချနေကြတာလဲ။ ယောက်ျားချင်း ချရင် အဲဒီနေရာကိုပဲ ကန်ရတယ်၊ တစ်ချက်တည်းနဲ့ တန်းလဲသွားစေရမယ်၊ ချက်ချင်း မှောက်ခုံလဲသွားမှာပဲ။ ပြီးမှ အခွင့်ကောင်းယူပြီး ရှေ့တိုး၊ မျက်လုံးကိုနှိုက်၊ လည်ပင်းကိုညှစ်၊ ဥကိုကန်၊ ဒီလို ရန်ဖြစ်ခြင်း သုံးဆင့်ကွက်ကိုတောင် မသိကြဘူး၊ တကယ့်ကို အူတူတူနိုင်လွန်းတယ်။"
အခြားသူများ: "..."
အဘွားကြီးကျောက် : "အဘိုးကြီးကျန်းကလည်း အသုံးမကျဘူး၊ အားပဲရှိပြီး နည်းစနစ်မရှိဘူး၊ တောက်တောက်.. နောက်ဆုတ်၊ နောက်ဆုတ်၊ ဘယ်ဘက်ရှောင်၊ ညာဘက်ဝိုက်လက်သီး... အေး... ဟုတ်ပြီ၊ ဟုတ်ပြီ။ တွေ့လား... လူဆိုတာ အားကိုးသက်သက်နဲ့တင် မရဘူး၊ အားလည်းရှိ နည်းစနစ်လည်းရှိရင် စောစောစီးစီး ပြီးသွားပြီ၊ ဒီလောက်ထိ ကြာနေပါဦးမလား။"
ပိုင်ဖုန်းရှန်း : "ညည်း စကားနည်းနည်း လျှော့ပြောပါဦး၊ လျှောက်ပြီး လမ်းညွှန်မနေပါနဲ့တော့။"
အဘွားကြီးကျောက် လက်မလျှော့ဟန်ဖြင့်
"ငါက ဘာလို့ လျှောက်လမ်းညွှန်ရမှာလဲ၊ ငါပြောတာ မဟုတ်လို့လား။"
"တို့တွေက သူတို့ကို ရပ်တန့်အောင် ဖြောင်းဖျရမှာလေ။"
"ညည်းပြောလည်း သူတို့က နားထောင်မှာ မဟုတ်ဘူး။"
အဘွားကြီးကျောက်သည် ပိုင်ဖုန်းရှန်းတစ်ယောက် အတွေးလွန်နေသည်ဟု ခံစားရသည်။
ဝင်းကြီးကို စီမံရတဲ့ တာဝန်ခံရဲ့ အိမ်ထောင်ရှင်မဖြစ်လည်း ဘာဖြစ်လဲ၊ ညည်းပြောရင် သူတို့က နားထောင်မှာမို့လို့လား…။
အဘွားကြီးကျောက် : "ဘာပဲဖြစ်ဖြစ် ချကြပါစေ၊ တို့တွေနဲ့လည်း မဆိုင်ဘူး၊ ပွဲကြည့်ရတာကတော့ အမြဲတမ်း ရတာပဲ။"
အမှန်အတိုင်း ပြောရလျှင် အဘွားကြီးကျောက်၏ ဤစကားကို လူတိုင်း လက်ခံကြသည်၊ ဤကဲ့သို့သောအခြေအနေမျိုးတွင် မည်သူ ဝင်ရောက်ကူညီရဲမည်နည်း၊ ပွဲကြည့်ရုံမျှသာ တတ်နိုင်ကြသည်၊ တကယ်သွားကူညီပါက အထိနာသွားနိုင်၏။
အခန်းထဲက လူများ၏ အခြေအနေကိုလည်း ကြည့်ဦးလေ။
ကြောက်စရာကောင်းလိုက်တာ..
ဤကဲ့သို့ ရန်ဖြစ်နေသည့်ကြားမှပင် ယွမ်ဟောက်မင်သည် သူ၏ တောက်လောင်နေသော ရမ္မက်ဇောကို မထိန်းနိုင်ဘဲ အဘွားကြီးဟွမ်၏ တင်ပါးကို လှမ်းဆွဲကာ အနားသို့ ကပ်၍ ပွတ်သီးပွတ်သပ် လုပ်နေသေးသည်။
အဘွားကြီးဟွမ်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်ရာ၊ သူမ၏ မျက်နှာထက်တွင် အလွန်ပင် ကျေနပ်နှစ်သိမ့်နေသော အရိပ်အယောင်များ ရှိနေခဲ့၏။
အဘိုးကြီးကျန်း : "အား အား အား အား.. နင်တို့ ဖောက်ပြန်တဲ့ကောင် နှစ်ယောက်၊ ငါ နင်တို့နှစ်ယောက်လုံးကို သတ်ပစ်မယ်၊ ငါ့မျက်စိရှေ့တင် မဆင်မခြင် လုပ်ရဲကြတယ်ပေါ့.."
အဘိုးကြီးကျန်း လုံးဝ စိတ်အခြေအနေ ပျက်ပြားသွားခဲ့၏။
"မင်းတို့လို လူယုတ်မာတွေ.. ဒါက တမင်တကာ စိန်ခေါ်နေတာပဲ.. ငါ မင်းတို့ကို အသေသတ်ပစ်မယ်.."
သူသည် ရူးသွပ်စွာ ရှေ့သို့ တိုးဝင်သွားပြီး လက်ချောင်းဖြင့် ယွမ်ဟောက်မင်၏ နှာခေါင်းပေါက်ထဲသို့ အတင်းထိုးထည့်လိုက်ပြီး… ရွံရှာဖွယ်ကောင်းလှသဖြင့် ပြန်လည်အော်ဟစ်မိပြန်သည်...
အဘိုးကြီးကျန်းမှာ တကယ့်ကို လုံးဝ စိတ်ပျက်အားငယ်နေခဲ့ပြီ ဖြစ်သည်။
သူသည် ဒေါသကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေခဲ့၏။
သူတို့မှာ တစ်ဦးနှင့်တစ်ဦး ခွဲမရအောင် လုံးထွေးသတ်ပုတ်နေကြရာ၊ ဤမြင်ကွင်းကို ကြည့်ရင်း ဘေးလူများမှာလည်း အသက်ကို တရှူးရှူး ရှူသွင်းမိကြသည်။ ဤမြင်ကွင်းမှာ တကယ့်ကို ကြောက်စရာကောင်းလှသည်ဟု ခံစားမိကြ၏။ သို့သော်လည်း လူတိုင်း ရိပ်မိကြသည်မှာ ယွမ်ဟောက်မင်၊ အဘွားကြီးဟွမ်နှင့် ကျန်းရှင်းဖှတို့ သုံးဦးစလုံး၏ အခြေအနေမှာ မူမမှန်ပေ။
ကာမဇော မည်မျှပင် ထကြွနေပါစေ၊ ယခုကဲ့သို့ အခြေအနေမျိုးတွင် ဤအရာကို ဆက်လက်လုပ်ဆောင်နေကြသည်မှာ မဖြစ်နိုင်ချေ..
ထို့အပြင် အဘိုးကြီးကျန်းပင် ပြန်ရောက်နေပြီ ဖြစ်၏။
ဤအခြေအနေတွင် အရှက်ရကာ ဒူးထောက်တောင်းပန်ရမည့်အစား ဆက်လက်၍ ကဲနေကြသေးသည်။
ဒါက လူလုပ်တဲ့ အလုပ်မျိုးလား…
တကယ့်ကို မသင့်တော်လှပေ..
ထို့ကြောင့် လူတိုင်း ကိစ္စတစ်ခုခု မူမမှန်သည်ကို ရိပ်မိကြပြီး၊ မူမမှန်ဟု ခံစားမိသောကြောင့်ပင် ဝင်ရောက်မစွက်ဖက်ရဲကြခြင်း ဖြစ်သည်.. မိမိတို့ပါ ပတ်သက်သွားမည်ကို စိုးရိမ်ကြ၏။
အခန်းထဲတွင်မူ လုံးထွေးသတ်ပုတ်သံများနှင့် ချောင်းဆိုးသံများက...
ဘာပဲဖြစ်ဖြစ် တကယ့်ကို ပရမ်းပတာ ဖြစ်နေခဲ့သည်၊ ပျိုပျိုအိုအို ဇနီးသည်ငယ်လေးများနှင့် အပျိုစင်လေးများမှာ စောစောကတည်းက အပြင်သို့ တွန်းထုတ်ခြင်း ခံထားရသည်။ ဤမျှလောက် မျက်စိရှက်စရာကောင်းသော အရာများကို မကြည့်လျှင် ပိုကောင်းပေ၏။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကောင်းသောအရာများကိုသာ ကြည့်သင့်သည်။ လူတိုင်းလည်း ရှေ့တိုးပြီး ကြည့်ရန် ရှက်နေကြပြီး… အဓိကမှာ ခိုးကြည့်မိသည့် အနည်းငယ်၌ပင် တကယ့်ကို မျက်စိရှက်စရာ ကောင်းလွန်းသောကြောင့် ဖြစ်သည်..
အဟမ်း... လူအုပ်ကြီးနောက်မှ လိုက်ရုံသာ တတ်နိုင်၏။ ရှေ့သို့ မတိုးဝံ့ပေ။
ဒါပေမဲ့… အိုး… ရှေ့ဆုံးတန်းကတော့ အဘိုးကြီး အဘွားကြီးတွေရဲ့ နယ်မြေကြီးပေါ့….
ချန်ချင်းယွီ: "ဟိုး... အမေရေ၊ အမေရေ..."
ချိုက်မင်မင် : "နင်လည်း ထူးဆန်းတဲ့ အသံတွေ လာမလုပ်ပါနဲ့ဦး၊ ဘုရားရေ... ဒါကို ဘယ်လို ဇာတ်သိမ်းရမလဲ မသိတော့ဘူး။"
ချန်ချင်းယွီ : "ဘယ်လို ဇာတ်သိမ်းရမှာလဲ။ ယွမ်ဟောက်ဖုန်းကို သွားခေါ်ခိုင်းထားတယ် မဟုတ်လား။ သူက ကိုယ့်ရဲ့ အဖေအရင်းကို ပစ်ထားပါ့မလား။ တို့တွေက ပြင်ပလူတွေပဲ၊ သူတို့ကမှ မိသားစုအရင်းတွေဥစ္စာ။"
"ဒါလည်း ဟုတ်တာပဲ။"
အမှန်၌ ပုံမှန်ဆိုလျှင် ချန်ချင်းယွီသည် ယခုကဲ့သို့ ပွဲကြီးပွဲကောင်း ကြည့်ရန် ဤမျှအထိ တက်ကြွလှုပ်ရှားသူ မဟုတ်ချေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ မတူညီပေ။ ဤတစ်ကြိမ်သည် "ကိုယ်ပြုသည့်ကံ ကိုယ်ပြန်ခံရခြင်း (အသွားရှိလျှင် အပြန်ရှိစတမ်း)" ဖြစ်သဖြင့် သူမတွင် စိတ်အားထက်သန်မှု အနည်းငယ် ပိုနေခြင်း ဖြစ်၏။ ရလဒ်ကို သေသေချာချာ ကြည့်ရပေမည်..
ဤလူများ ဤကဲ့သို့သော ဆေးမျိုးကို မိမိအား တိုက်ကျွေးရန် ကြံစည်ခဲ့ကြသည်ဖြစ်ရာ…
ယောက်ျားတွေပဲဖြစ်ဖြစ် မိန်းမတွေပဲဖြစ်ဖြစ် ဘယ်သူမှ သည်းခံနိုင်မှာ မဟုတ်ဘူး…
ဘာပဲဖြစ်ဖြစ် ချန်ချင်းယွီသည် အနိုင်ကျင့်ခံရုံမျှဖြင့် ငြိမ်ခံနေမည့်သူ မဟုတ်ပေ။
သူမသည် အခန်းထဲမှ ပစ္စည်းများ ရိုက်ခွဲသံများကို ကြားလိုက်ရသောအခါ ပြုံးရွှင်မှုများ ပိုမိုကြီးထွားလာခဲ့သည်။
ချကြ၊ ချကြ၊ မသေမချင်းသာ အသည်းအသန် ချကြပေတော့…
သေချာပေါက် အစပျိုးစရာ တစ်ခုခုရှိရုံမျှဖြင့်၊ ကိစ္စရပ်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဇက်ကြိုးပြတ်သွားသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ ရှုပ်ထွေးပွေလီစွာ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို ကြုံဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့သဖြင့် သူမသည် အလွန်ပင် တည်ငြိမ်စွာ ရပ်ကြည့်နေခဲ့၏။
ချန်ချင်းယွီတို့ကဲ့သို့ လူငယ်အမျိုးသမီးများမှာမူ အနောက်ဘက်တွင် ရပ်လျက် စုရုံးကာ တစ်ဦးနှင့်တစ်ဦး အတင်းအဖျင်းများ အပြိုင်အဆိုင် ပြောဆိုနေကြသည်။
"သူ့အိမ်ကလူတွေက အရှက်မရှိကြတော့ဘူးလား။ နောင်ကျရင် ဘယ်လိုလုပ်ကြမလဲ၊ ညည်းတို့ပြောကြည့်ဦး... ဒီလိုကိစ္စမျိုး ပေါ်ပေါက်လာတော့ တို့ဝင်းကြီးရဲ့ နာမည်က ပိုပြီး ပျက်စီးသွားပြီ။ အခုဆိုရင် တခြားလူတွေက ငါ ဘယ်မှာနေလဲလို့ လာမေးရင် ငါတောင် ထုတ်ပြောဖို့ ရှက်မိတယ်၊ တကယ့်ကို အရှက်ရစရာပဲ။"
"ဒါဆိုရင်လည်း ဘာလုပ်လို့ရမှာလဲ၊ သူတို့ကို မောင်းထုတ်လို့မှ မရတာ.. ဒါပေမယ့် သူတို့ကတော့ တကယ့်ကို မလွယ်ဘူး။"
"ဒါပေါ့၊ တကယ့်ကိုပဲ... နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလိုအရာကို လုပ်နေကြတာ။ ဖောက်ပြန်တယ်ဆိုရင်တောင် နှစ်ယောက် တိုးတိုးတိတ်တိတ် လုပ်ကြပါလား၊ နေ့ခင်းကြောင်တောင်ကြီးမှာ ဒါက ဘာကိစ္စကြီးလဲ။"
ချန်ချင်းယွီ ခပ်အေးအေး လေသံဖြင့် ဝင်ပြောလိုက်ကာ
"ညဘက်ကျရင်လည်း မရဘူးလေအေ၊ ညဘက်ကျရင် အဘိုးကြီးကျန်း အလုပ်က ပြန်လာပြီလေ။ ယွမ်မိသားစုကလူတွေလည်း အိမ်ပြန်ရောက်ကုန်မှာပေါ့။ အဲဒီကျရင် အမိဖမ်းခံရဖို့ပဲ ရှိတာပေါ့။ ခိုးပြီးလုပ်တာဆိုတော့ နေ့ခင်းဘက်က အသင့်တော်ဆုံးပဲလေ၊ အလုပ်သွားတဲ့လူတွေ အိမ်မှာမရှိကြဘူးဥစ္စာ။"
"အံ့ဩစရာ မရှိတော့ပါဘူး... ယွမ်ဟောက်မင် ခွင့်တိုင်တာ၊ တကယ့်ကိုပဲ... လှည့်ကွက်တွေ များလှချေလား။"
"ဒါပေါ့။"
လူတိုင်း ဆွေးနွေးနေကြစဉ် ရုတ်တရက် ယောက်ျားတစ်ယောက် အသည်းအသန် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
"ဟောက်ဖုန်း ပြန်လာပြီ.."
ယွမ်ဟောက်ဖုန်းသည် ချွေးပြန်နေသည်အထိ ပြေးလာခဲ့ခြင်းဖြစ်ပြီး၊ သူ၏အနောက်တွင် လီလင်းလင်း လိုက်ပါလာခဲ့၏။ ချန်ချင်းယွီ မျက်ခုံးကို ပင့်လိုက်ရင်း ပွဲကောင်းကို မျှော်လင့်တကြီး စောင့်ကြည့်နေလိုက်သည်။
"ဟောက်ဖုန်း... နင် မြန်မြန် ဝင်ထိန်းပါဦး၊ နင့်အဖေကို ကြည့်ဦး... အမေရေ... လခွမ်းပဲ~"
"မြန်မြန်လုပ်၊ နင့်အဖေ အရိုက်ခံရလို့ သေတော့မယ်။"
"အဘိုးကြီးကျန်းက အရင်ဆုံး ပြန်ရောက်လာပြီး လူကို ရိုက်နှက်နေတာ၊ နင့်အဖေကလည်း နေ့ခင်းကြောင်တောင်ကြီးမှာ အိမ်ထဲအထိ တက်ပြီး ဒါကို လုပ်နေတာဆိုတော့၊ အဘိုးကြီးကျန်းကို လုံးဝ အရေးမစိုက်တာပဲ..."
...
လူတိုင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြစဉ် ယွမ်ဟောက်ဖုန်းသည် လူအုပ်ကို တွန်းဖယ်ကာ ရှေ့သို့ တိုးသွားခဲ့သည်၊ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူ အသက်ရှူပင် မှားသွားမတတ် ဖြစ်သွားပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။
"အဖေ.. ခင်များတို့ ဘာတွေ လုပ်နေကြတာလဲ.."
အခန်းထဲရှိလူများမှာမူ ဘာမှမကြားရသည့်အလား ရှိနေကြသည်၊ အော်... မကြားရသည်မှာလည်း သဘာဝကျပေသည်။
အသိစိတ် ဝေဝေဝါးဝါး ဖြစ်နေတဲ့လူတွေက ဘာကို သိမှာလဲ..
အဘိုးကြီးကျန်းမှာ သာ၍ပင် ဂရုမစိုက်ချေ။
မင်းက ဘာကောင်မို့လို့လဲ..
"ခင်များတို့ မြန်မြန် ရပ်ကြပါဦး၊ အဖေ... မြန်မြန် အဝတ်အစား ဝတ်စမ်းပါ၊ အပြင်မှာ လူတွေ အများကြီး ရှိနေတယ်..."
ဘာတွေလာပြောနေတာလဲ… မသိဘူး မသိဘူး… မသိချင်ဘူး…။
အခန်းတွင်း၌မူ ဆက်လက်၍ ပရမ်းပတာ ဖြစ်နေပြီး၊ လမ်းခွဲမည့် အရိပ်အယောင် လုံးဝ မရှိသေးချေ။
တော်သေးသည်မှာ ၎င်းတို့ဝင်းကြီးသည် သိက္ခာကို အနည်းငယ် ငဲ့ညှာသောကြောင့် ရဲကို သွားမတိုင်ကြခြင်း ဖြစ်သည်။ မဟုတ်ပါက ၎င်းတို့ သုံးဦးစလုံး ထောင်ထဲရောက်ပြီး သံတိုင်နောက်၌ မျက်ရည်များကို သီဆိုနေကြရပေလိမ့်မည်။ ယွမ်ဟောက်ဖုန်းမှာ ခြောက်ခြားလွန်းသဖြင့် ရူးတော့မတတ် ဖြစ်နေခဲ့သည်၊ သူသည် အခန်းထဲသို့ ချက်ချင်း ပြေးဝင်သွားခဲ့၏။
တားဆီးရမည်၊ သေချာပေါက် တားဆီးရမည်..
"အား.."
ယွမ်ဟောက်ဖုန်း ဝင်သွားရုံမျှရှိသေး… အဘွားကြီးဟွမ်၏ အတင်းဆွဲကာ နမ်းရှုတ်ခြင်းကို ခံလိုက်ရသည်။
ယွမ်ဟောက်ဖုန်း ရူးသွားခဲ့ရ၏….
"အား အား အား အား.. အမေရေ... အား အား အား အား... ငါတော့ ညစ်ပတ်သွားပြီ.. ခင်များလို ရူးနေတဲ့ မိန်းမကြီး၊ ဘာတွေ လာလုပ်နေတာလဲ.. အော့ အော့ အော့.."
လီလင်းလင်းသည် ရင်ကွဲမတတ် အော်ဟစ်လိုက်ကာ
"အစ်ကိုဟောက်ဖုန်း.."
သူမသည် ဝင်းထဲကို လှည်းကျင်းသည့် တံမြက်စည်း အကြီးစားကြီးကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး၊ ရှေ့သို့ ပြေးဝင်လျက် တဖျန်းဖျန်း ရိုက်နှက်တော့သည်၊ မည်သူမည်ဝါဖြစ်သည်ကို ဂရုမစိုက်ဘဲ မြင်သမျှလူကို လျှောက်ရိုက်နေ၏။
"အစ်ကိုဟောက်ဖုန်း... မြန်မြန်ပြေး.."
ယွမ်ဟောက်ဖုန်းသည် မိမိ၏ အဖေအရင်းကို အတင်းဆွဲခေါ်ရန် ကြိုးပမ်းသော်လည်း၊ ယွမ်ဟောက်မင်းမှာ လှည့်လျက် သူ့ကို ပါးတစ်ချက် လွှဲရိုက်လိုက်သည်။
ဖြန်း..
ဒီပါးရိုက်ချက်ကြီးကတော့ တကယ့်ကို ပြင်းထန်လှပါဘိ..
ယွမ်ဟောက်ဖုန်းမှာ အရိုက်ခံလိုက်ရသဖြင့် မျက်စိထဲတွင် ကြယ်များ ပင် မြင်သွားခဲ့ရပြီး၊ ယွမ်ဟောက်မင်မှာမူ အဘွားကြီးဟွမ်၏ ကိုယ်ပေါ်သို့ ချက်ချင်း ထပ်မံ၍ လှမ်းအုပ်လိုက်ပြန်ရာ၊ ဖော်ပြ၍ မရနိုင်သော မြင်ကွင်းဖြစ်ရန် တစ်လှမ်းမျှသာ လိုတော့၏။
လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းကို သတ္တိရှိရှိ ကယ်ဆယ်လိုက်ရင်း
"မြန်မြန်သွားရအောင်၊ သူတို့ အရူးအမူရ သတ်ပုတ်နေကြပြီ..."
ကျန်းရှင်းဖှသည် လီလင်းလင်း၏ ခြေထောက်ကို ထပ်မံ၍ အတင်းလှမ်းဖက်ပြန်ရာ၊ လီလင်းလင်း အလန့်တကြား အော်လိုက်မိ၏။
"အား.."
သူမသည် ဖောင်းခနဲ ဖောင်းခနဲ ခြေထောက်ဖြင့် ကျန်းရှင်းဖှကို ကန်ထုတ်လိုက်ပြီး၊ မိမိ၏ လက်နက် (တံမြက်စည်း)ကို အားကိုးလျက် ဒယိမ်းဒယိုင်ဖြင့် လွတ်မြောက်လာခဲ့ရကာ၊ အပြင်သို့ ရောက်ရှိချိန်တွင် တဟောဟောဖြင့် နံရံကို မှီလျက် အမောဖြေနေရသည်။
အဘွားကြီးကျောက် : "တွေ့လား... တွေ့လား၊ ငါ ဘာပြောခဲ့လဲ။ မဆင်မခြင် ဝင်ပြီး မတားဆွဲပါနဲ့လို့ ပြောသားပဲ။ ကြည့်ဦးလေ... ဟောက်ဖုန်းက သားအရင်း ဖြစ်တာတောင် အရိုက်ခံလိုက်ရသေးတာပဲ။"
သူမ မကောင်းသော ရည်ရွယ်ချက်ဖြင့် ထပ်မံမေးမြန်းလိုက်ပြန်သည်။
"ဟောက်ဖုန်း... အဘွားကြီးဟွမ်ရဲ့ နမ်းတာကို ခံလိုက်ရတာ ဘယ်လို ခံစားရလဲအေ။"
ယွမ်ဟောက်ဖုန်း : "အော့.."
သူ တည်တင်းစွာဖြင့်
"အဒေါ်ကြီး... ဒီအကြောင်းကို မပြောဘဲ နေလို့မရဘူးလား"
အဘွားကြီးကျောက် : "ငါက ဒီအတိုင်း မေးကြည့်တာပါ၊ နင်က တကယ်ပဲ အနမ်းခံလိုက်ရတာပဲဥစ္စာ။"
သူမ ကောလာဟလ လျှောက်လွှင့်နေခြင်း မဟုတ်ပေ။
ယွမ်ဟောက်ဖုန်း၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး နာကျည်းစွာဖြင့် မေးလိုက်၏။
"ခင်များတို့အားလုံးက ဒီအတိုင်း ရပ်ကြည့်နေပြီး ဘာမှ ဝင်မကူညီကြဘူးလား။"
ဤစကားမှာ တကယ့်ကို နားဝင်မချိုလှချေ။
ဤတစ်ကြိမ်တွင်မူ အဘွားကြီးကျောက် ဝင်ရောက်ရန်တွေ့ရန်ပင် မလိုတော့ကာ… ရှီရှန်းတို့ကဲ့သို့ ပွဲလာကြည့်နေသည့် အဘိုးကြီးများပင် ထိုစကားကို အလွန် နားမခံသာ ဖြစ်သွားကြသဖြင့် တိုက်ရိုက်ပင် ပြန်လည်ပြောဆိုလိုက်ကြ၏။
"တို့တွေက ဘာကောင်မို့လို့လဲ။ တို့တွေက ဘာလို့ ဝင်ထိန်းရမှာလဲ။ နောက်ပြီး တို့တွေက ထိန်းလို့ရော ရမှာမို့လို့လား။ မင်းကိုယ်တိုင်လည်း အထဲကို ဝင်သွားခဲ့တာပဲ၊ ဘယ်လိုအခြေအနေလဲဆိုတာ မသိဘူးလား။ တစ်ယောက်မှ အဝတ်အစား မဝတ်ထားကြဘူး၊ တို့တွေရဲ့ အရှက်သိက္ခာနဲ့ သန့်ရှင်းစင်ကြယ်မှုကလည်း တော်တော်လေး အရေးကြီးသေးတယ်ကွ။"
"ဟုတ်တယ်… သူတို့က အဝတ်အစားတောင် မဝတ်ထားကြတာ၊ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘယ်သူမှ အထဲမဝင်ရဲဘူး။ အဲဒါကို ကိုင်လိုက်မိရင် ဘယ်လောက်တောင် ရွံစရာကောင်းလိုက်မလဲ။ မင်းကိုယ်တိုင်ကတော့ ကိစ္စမရှိဘူးပေါ့၊ အနမ်းခံရလည်း ခံရတာပဲ။ ငါကတော့ မရဘူး၊ ငါ့မှာလည်း သိက္ခာရှိသေးတယ်၊ ငါက ယောက်ျားကြီးတန်မဲ့ အဘွားကြီးတစ်ယောက်ရဲ့ စော်ကားမှုကို မခံချင်ဘူး။"
"ဒါပေါ့။"
ယွမ်ဟောက်ဖုန်းမှာ ဒေါသကြောင့် ပေါက်ကွဲတော့မတတ် ဖြစ်နေသော်လည်း၊ လူအားလုံးကို လိုက်ပြီး မပြစ်မှားရဲပေ။ မည်သို့ဆိုစေကာမူ လူတိုင်းလည်း "လူကြီးလူကောင်းဆန်ဆန်" ပြုမူပေးခဲ့ကြသည် မဟုတ်လော့။ …. အကယ်၍သာ ရဲကို တိုက်ရိုက် သွားတိုင်လိုက်ပါက ၎င်းတို့အားလုံး ထောင်ထဲဝင်သွားကြရမည် ဖြစ်သည်။ ရဲကို လှမ်းမခေါ်ခဲ့ကြခြင်းမှာပင် တော်တော်လေး အဆင်ပြေနေပြီ ဖြစ်၏။
သို့သော်လည်း စိတ်ထဲတွင်မူ အလွန်ပင် ဒေါသထွက်နေဆဲဖြစ်သည်၊ ဘာပဲဖြစ်ဖြစ် လူတိုင်းသာ စုပေါင်းပြီး ဝင်ရောက်တားဆီးပါက မည်သို့မျှ အထိနာစရာ အကြောင်းမရှိသည် မဟုတ်ပေ။
သူတို့ ဝင်မကူညီချင်ကြရုံသက်သက်သာ ဖြစ်၏။
သူ့စိတ်ထဲတွင် နာကျည်းနေသော်လည်း အပြင်ပန်းတွင်မူ ထုတ်မပြဝံ့ချေ။
သို့သော် လီလင်းလင်းမှာ သူ့ကိုယ်စား စကားထွက်ပြောပေးလိုက်သည်။
"ရှင်တို့တွေ ဘာလို့ ဒီလောက်တောင် အတ္တကြီးကြတာလဲ၊ ရှင်တို့အားလုံး စုပြီး ဝင်တားလို့ရတာပဲလေ။ ရှင်တို့သာ စုပြီး ဝင်တားရင် စောစောစီးစီး ပြီးသွားပြီ၊ အစ်ကိုဟောက်ဖုန်း ပြန်လာပြီး ဖြေရှင်းနေစရာတောင် လိုမှာမဟုတ်ဘူး။ အားလုံးက ဝင်းကြီးတစ်ခုတည်းက အိမ်နီးနားချင်းတွေပဲကို၊ ရှင်တို့ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပွဲထိုင်ကြည့်နေနိုင်ရတာလဲ။ အိမ်နီးနားချင်း အချင်းချင်း အကြင်နာတရား ကော ရှိကြသေးရဲ့လား။"
"ညည်းစကားကလည်း ပြောတတ်လိုက်တာ၊ သူတို့က ဒီလိုတွေ ဖြစ်ပျက်နေတာကို တို့တွေက ဘာကိစ္စနဲ့ စုပြီး ဝင်တားရမှာလဲ။ တို့တွေက အတ္တကြီးတယ်ဟုတ်လား။ ညည်းက ဘာကောင်မမို့လို့ တို့တွေကို လာပြီး ဒီလိုပြောရတာလဲ။ ဒါက ညည်းနဲ့ ဘာဆိုင်လို့လဲ။ ညည်းမှာ အရည်အချင်းရှိရင် ညည်းဘာသာ ဝင်ကူညီပါလား။ ညည်းကိုယ်တိုင်လည်း အထဲကနေ အရှက်တကွဲ ပြေးထွက်လာရတာ မဟုတ်ဘူးလား။ ဒီနေရာမှာ လာပြီး လူကောင်းလုပ်မနေနဲ့”
“နင် ယွမ်ဟောက်ဖုန်းအပေါ် မျက်နှာလိုမျက်နှာရ လုပ်ချင်တာက နင့်ကိစ္စပဲ၊ တို့တွေကတော့ နင်လို မိန်းမပျက်မျိုး မဟုတ်ဘူး။ သူတစ်ပါးကို အတ္တကြီးတယ်လို့ မဆဲခင်မှာ မိမိကိုယ်မိမိ ဘာကောင်မလဲဆိုတာ အရင်ပြန်ကြည့်ဦး၊ ကိုယ်တိုင်လည်း အပြစ်တွေနဲ့ မည်းပုပ်နေပြီးတော့ တကယ့် လူကုံထံကြီးလိုလို ဘာတွေ လာဟန်ဆောင်နေတာလဲ"
အဘွားကြီးကျောက် လီလင်းလင်း၏ တန်ဖိုးမရှိလှသော ပုံစံကို တကယ့်ကို ကြည့်မရသဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။
လီလင်းလင်း မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းကို ကိုက်လိုက်ပြီး
"ကျွန်မက... ကျွန်မက တို့တွေက အိမ်နီးနားချင်းတွေမို့လို့..."
"အိမ်နီးနားချင်းဖြစ်တော့ ဘာဖြစ်လဲ။ တို့တွေက နင့်အမေလား နင့်အဖေလား၊ နင့်စကားကို နားထောင်ရအောင်။ နင့်အမေအရင်းတောင် ဘာမှမပြောဘဲ နေတာကို၊ နင်က ဘာကိစ္စနဲ့ ဒီနေရာမှာ လာပြီး ဆရာကြီးလုပ်နေတာလဲ။"
ပြောရလျှင် လင်စန်းရှင်းသည်လည်း ထိုနေရာတွင် ရှိနေခဲ့ပြီး ပွဲကို အားရပါးရ ကြည့်နေခြင်း ဖြစ်သည်။
ဤအချိန်တွင် လီလင်းလင်း ပြောနေသည့် စကားများကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာအမူအရာသည်လည်း အလွန်ပင် ကြည့်ရဆိုးသွားခဲ့၏။
အဘွားကြီးကျောက် : "လင်စန်းရှင်း... ညည်း ဘာပြောမလဲ။"
လင်စန်းရှင်းသည် ဤသမီးဖြစ်သူကြောင့် ဒေါသထွက်လွန်းသဖြင့် သေတော့မတတ် ဖြစ်နေရ၏။
ဘာဖြစ်လို့များ ယွမ်ဟောက်ဖုန်း ဆိုသည့် သစ်ကိုင်းခြောက်ကြီးပေါ်မှာတင် အသေပုဆိုးခြုံချင်နေရတာလဲ… သမီးမိန်းကလေးဆိုတာ ကြီးလာရင် သူတစ်ပါးအိမ်သား ဖြစ်သွားတာပဲလို့ ပြောကြတာ…
တကယ်ပဲ၊ တော်သေးတာပေါ့ မိမိက သားတစ်ယောက်ရအောင် အတင်းကြိုးစားခဲ့လို့… မဟုတ်ရင် သမီးကိုပဲ အားကိုးနေရင် ဒီတစ်သက်တော့ သွားပြီ…
ထို့ကြောင့် သားရှိခြင်းမှာ သေချာပေါက် ပိုကောင်း၏။
လင်စန်းရှင်း : "လင်းလင်း... နင် အခုချက်ချင်း အိမ်ပြန်စမ်း။"
လီလင်းလင်း : "မပြန်ဘူး။"
သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။
"အမေ... အမေကလည်း ဘာလို့ ဒီလိုပြောရတာလဲ၊ အစ်ကိုဟောက်ဖုန်းကို ကူညီပေးပါဦး၊ ဝင်ပြီး ရန်ပွဲကို ဖြန်ဖြေပေးပါဦးနော်၊ ဟုတ်ပြီလား။"
ဟိုး..
လူတိုင်း လင်စန်းရှင်းထံသို့ လှည့်ကြည့်လိုက်ကြသည်။
နင့်ရဲ့ သမီးကတော့ နင့်ထက်တောင် ဆရာကျနေပါလားအေ…
ယောက်ျားတစ်ယောက်အတွက်နဲ့ ဒီလောက်အထိ ပေးဆပ်ရဲတာ၊ ညည်းတို့မိသားစုက တကယ့်ကို အစွမ်းထက်ကြပါတယ်…
သာမန်အမျိုးသမီးတွေဆိုရင် လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး…
ဤလီလင်းလင်းမှာ မိမိ၏ အမေအရင်းကိုပင် ရှေ့တန်းတင်ပြီး တွန်းထုတ်ရဲလေသည်။
လင်စန်းရှင်း၏ မျက်နှာမှာ သာ၍ပင် ပျက်ယွင်းသွားပြီး ကျိန်ဆဲလိုက်လေ၏။
"နင်လို သမီးမိုက်၊ နင် အခု ဘာတွေ လျှောက်ပြောနေလဲဆိုတာ သိရဲ့လား။ နင့်ကိုယ်နင် အခု ပြန်ကြည့်ဦး၊ နင် အခု လူရုပ်မှ ပေါက်သေးရဲ့လား။"
"အမေ... သမီးသိပါတယ်၊ အမေ သဘောမတူဘူးဆိုတာ သမီးသိပါတယ်၊ ဒါပေမယ့် သမီးကို ယုံကြည်ပေးပါ၊ တစ်နေ့ကျရင် သမီးလုပ်ခဲ့တာတွေ အားလုံး မှန်ကန်တယ်ဆိုတာ အမေ သိလာမှာပါ။ သမီးလုပ်ခဲ့တာတွေ အားလုံး တကယ် မှန်ပါတယ်။ သမီးကို တစ်ကြိမ်လောက် ကူညီပေးပါဦးနော်။ နောင်ကျရင် သမီး အမေအပေါ် ကောင်းကောင်း လုပ်ကျွေးပါ့မယ်..."
လင်စန်းရှင်း လှောင်ပြောင်
သရော်စွာဖြင့်
"ငါ အခု လုပ်နိုင်ကိုင်နိုင်ရှိနေတုန်းတောင် နင်က ငါ့အပေါ် မလုပ်ကျွေးချင်ဘဲ ငါ့စကားကို နားမထောင်ဘူး။ အိုမင်းတဲ့ဘဝအကြောင်းကို လာပြောနေသေးတယ်၊ ငါ အိုသွားတဲ့အချိန်ကျရင် နင်က ငါ့ကို ပိုပြီးအထင်သေးနေမှာပေါ့"
သူမ စက်ဆုပ်ရွံရှာစွာဖြင့် ဆက်ပြောကာ
"ငါပြောသားပဲ... သမီးမိန်းကလေးဆိုတာ အားကိုးလို့မရဘူး၊ သားမွေးမှပဲ အိုတဲ့အခါ အားကိုးရတယ်ဆိုတာ နည်းနည်းမှ မမှားဘူး။ နင် အခု လုပ်နေတဲ့ အောက်တန်းကျတဲ့ ကိစ္စတွေကို ပြန်ကြည့်ဦး"
"အမေ.."
"ငါ့ကို အမေလို့ လာမခေါ်နဲ့၊ နင့်မျက်စိထဲမှာ ယွမ်ဟောက်ဖုန်းပဲ ရှိနေတာ၊ ငါ့ကို လာခေါ်နေစရာ ဘာလိုသေးလဲ။ ငါ့မှာ နင်လို အူတူတူနိုင်တဲ့ သမီးမျိုး မရှိဘူး။"
"အမေ... အမေက တကယ်ပဲ ဒီလောက်အထိ အသည်းမာပြီး ရက်စက်ရတာလဲ။ သမီးကမှ အမေရဲ့ သမီးအရင်းလေ၊ အဲဒီကလေးကတော့ လမ်းဘေးက ကောက်ရတဲ့ မျိုးမစစ်လေးတင်မကဘဲ၊ ကြီးပြင်းလာနိုင်မလားတောင် မသိရတဲ့ ရောဂါသည်ကောင်လေးပဲကို၊ အမေက ဘယ်လိုလုပ်ပြီး..."
ဖြန်း..
လင်စန်းရှင်းသည် ရုတ်တရက် ဒေါသများ ဝုန်းခနဲ ကြွတက်လာသဖြင့် ရှေ့သို့ တိုးကာ လီလင်းလင်း၏ ပါးကို အရှိန်ပြင်းစွာ လွှဲရိုက်လိုက်တော့သည်။
"နင်လို မိန်းမယုတ်မ၊ နင် အခုချက်ချင်း လစ်စမ်း။ ဒီနေ့ပဲ အိမ်ကနေ ဆင်းသွားတော့၊ ဒီအိမ်က နင့်ကို ပေးမနေဘူး။ နင်က ငါ့ရဲ့ သားလေးကိုပါ လာပြီး ကျိန်ဆဲရဲတယ်ပေါ့၊ နင့်ရဲ့ ပါးစပ်သရမ်းမှုကို ငါ သွန်သင်ရဦးမယ်၊ နင် ဘာတွေ လာပြီး မဆင်မခြင် လျှောက်ပြောနေတာလဲ..."
ထိုသားငယ်လေးသည် လင်းစန်းရှင်း၏ အထိမခံသော အသည်းနှလုံး ဖြစ်၏။ သူမသည် သားရချင်လွန်းသဖြင့် ရူးမတတ် ဖြစ်ခဲ့ရပြီး၊ ယခု သားတစ်ယောက် ရရှိထားပြီဖြစ်ရာ သမီးဖြစ်သူမှာ ဘာမျှ အရေးမပါတော့ချေ။
သူမသည် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားပြီး လီလင်းလင်း၏ ဆံပင်များကို အတင်းဆွဲကာ ပါးများကို တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ဆင့်ရိုက်လေသည်။
"နင်လို စိတ်ပုပ်တဲ့ သမီးမိုက်၊ ငါက ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုပြီး ကြီးပြင်းအောင် စောင့်ရှောက်ခဲ့တယ်၊ ကျေးလက်ဆင်းပြီး အလုပ်လုပ်ရမှာကိုတောင် ကာကွယ်ပေးခဲ့တယ်၊ အခုကျတော့ နင်က ငါ့ကို ဒီလို ပြန်လုပ်တယ်ပေါ့။ ငါ နင့်စိတ်တိုင်းမကျတာနဲ့တင် ငါ့ကို ကျိန်ဆဲတယ်၊ နင့်မောင်လေးကိုပါ လာပြီး ကျိန်ဆဲသေးတယ်။ နင်လို အသိတရားမရှိတဲ့ ကောင်မ၊ အဲဒီလောက်အထိ လိမ္မာတဲ့ ကလေးလေးကို နင်က ဒီလောက်တောင် ရန်ငြိုးထားရလား။ နင် သူ့ကို မကြိုက်ဘူးဆိုတာ ငါမသိဘူး ထင်နေလား။ နင် သူ့ကို ကြည့်တဲ့ မျက်လုံးတွေထဲမှာ အဆိပ်တွေ ပြည့်နေတာပဲ။ နင် သူ့ကို ရန်ရှာမှာကိုတောင် ငါ စိုးရိမ်နေရတာ။ အရင်တုန်းကလည်း ငါ့ရဲ့ အိမ်ကို လိမ်ညာယူပြီး ယောက်ျားဆီ သွားပုံချချင်နေတာ၊ အခုကျတော့ ဒီလောက်အထိ ယုတ်မာတဲ့ စကားတွေကိုပါ ပြောထွက်လာတယ်၊ နင်က တကယ့်ကို လူမဟုတ်တဲ့အကောင်မပဲ..."
ဖြန်း ဖြန်း ဖြန်း..
လင်စန်းရှင်းသည် ရူးသွပ်သွားသည့်အလား ဖြစ်နေခဲ့သည်၊ သူမတစ်သက်လုံး တောင်းတခဲ့သည်မှာ သားတစ်ယောက်ရရှိရန်ဖြစ်ရာ၊ လီလင်းလင်း ဤကဲ့သို့သော စကားမျိုးကို ပြောထွက်လိုက်ခြင်းမှာ လင်စန်းရှင်းကို ချက်ချင်းပင် လုံးဝစိတ်ပျက်အားငယ်သွားစေ၏။
လီလင်းလင်း ကျေးလက်သို့ မဆင်းခဲ့ရခြင်းမှာ သူမ ကာကွယ်ပေးခဲ့၍ မဟုတ်သော်လည်း၊ ထိုကောင်းမှုကို မိမိကိုယ်မိမိ ပုံဖော်ကာ ဂုဏ်တင်ရန်အတွက်မူ ဝန်လေးမနေပေ။
"ငယ်ငယ်ကတည်းက တို့အိမ်မှာ ကလေးဆိုလို့ နင်တစ်ယောက်တည်း ရှိခဲ့တာ၊ တို့တွေ နင့်အပေါ် ဘယ်လောက်တောင် ကောင်းကောင်းမွန်မွန် လုပ်ခဲ့လဲဆိုတာ နင်ဘာသာ ပြန်ပြောစမ်း.. အခုကျတော့ နင်က ယောက်ျားတစ်ယောက်အတွက်နဲ့ မိသားစုတစ်ခုလုံးကို ရန်သူလိုသဘောထားတယ်၊ နင့်မောင်လေးကိုပါ လာပြီး ကျိန်ဆဲရဲသေးတယ်။ နင့်မောင်လေးက နောင်ကျရင် နင့်ကို ကျောထောက်နောက်ခံပြုပေးနိုင်မယ့်သူဟဲ့။ ငါကြည့်ရသလောက်တော့ နင် ဘာမှ နားမလည်ဘူး။ နင် သူ့အပေါ် မနာလိုဖြစ်နေတာကို ငါမသိဘူး ထင်နေလား။ နင် ဘာလို့ ဒီလောက်တောင် စိတ်ပုပ်ရတာလဲ။ အကယ်၍ သူသာ တစ်ခုခုဖြစ်သွားရင် ငါ နင့်ကို အလွတ်မပေးဘူး.. ငါ နင့်ကို သေချာပေါက် ခွင့်မလွှတ်ဘူး.."
လင်စန်းရှင်းသည် သမီးဖြစ်သူ၏ဆံပင်ကို ဆွဲကာ တဖုန်းဖုန်ရ ထုရိုက်တော့သည်၊ လီလင်းလင်းမှာမူ ခေါင်းကိုကာကွယ်ထားလျက် မိမိကိုယ်မိမိ စောင့်ရှောက်ရင်း အဆက်မပြတ် တိမ်းရှောင်နေခဲ့သည်။
"သမီး မလုပ်ပါဘူး... သမီး မဟုတ်ပါဘူး..."
"နင်က ငါမသိဘူး ထင်နေလား။ ငါ နင့်ကို ရိုက်သတ်ပစ်မယ်..."
နှစ်ဦးစလုံးသည် ဤသို့ဖြင့် အသည်းအသန် သတ်ပုတ်ကြ၏။
ယွမ်ဟောက်ဖုန်း ရှေ့သို့ တိုးလာခဲ့ကာ
"ခင်များတို့ မြန်မြန် လူခွဲကြပါဦး၊ ဒါ ဘာလုပ်နေကြတာလဲ၊ ခင်များတို့... အား.."
လင်စန်းရှင်းသည် ယွမ်ဟောက်ဖုန်း၏ပါးကို ရက်ရက်စက်စက် ဖြန်းခနဲ လွှဲရိုက်လိုက်ပြီး ကျိန်ဆဲတော့သည်။
"နင်လို အရှက်မရှိတဲ့ တိရစ္ဆာန်ကောင်၊ ငါ့သမီးက နင့်ကြောင့်မို့လို့ ပျက်စီးသွားတာ၊ နင်က ဘာကိစ္စနဲ့ ဒီနေရာမှာ လာပြီး လူကောင်းလုပ်နေတာလဲ။ ငါ နင့်ကို ရိုက်သတ်မယ်..."
လင်စန်းရှင်းသည် အဘွားကြီးကျောက် သင်ကြားပေးခဲ့သော ရန်ဖြစ်ခြင်း သုံးဆင့်ကွက်ကို သတိရသွားကာ၊ တိုက်ရိုက်ပင် တတိယအဆင့်ကို ဦးတည်လျက် ခြေထောက်ကို အားဖြင့် မြှောက်ကာ ကန်ပစ်လိုက်၏။
ဒုန်း..
"ငါ နင်လို ယောက်ျားယုတ်ကို အစွမ်းကုန် ဖြုတ်ပစ်မယ်.."
ယွမ်ဟောက်ဖုန်း : "အား.."
သူသည် မိမိ၏ မျိုးပွားအင်္ဂါကို ဆုပ်ကိုင်လျက် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင် ချသွားခဲ့ရသည်။
လင်စန်းရှင်း : "ငါ နင့်ကို ရိုက်သတ်မယ်..."
"အား.. အမေ... ဘာလုပ်နေတာလဲ၊ မြန်မြန် ဖယ်စမ်းပါ၊ ဘာလို့ အစ်ကိုဟောက်ဖုန်းကို လာပြီး အနိုင်ကျင့်နေတာလဲ၊ အမေ ရူးနေလား..."
လီလင်းလင်း အားဖြင့် တွန်းလိုက်ရာ၊ လင်စန်းရှင်းသည် ဖင်ထိုင်လျက် ကြမ်းပြင်ပေါ်သို့ ဝုန်း ခနဲ ပြုတ်ကျသွားခဲ့သည်။ သူမသည် မယုံကြည်နိုင်စွာဖြင့် သမီးဖြစ်သူကို စိုက်ကြည့်လိုက်ပြီး၊ ချက်ချင်းပင် သတိဝင်လာကာ အော်ဟစ်ငိုယိုတော့၏။
"နင်လို ကျေးဇူးကန်းတဲ့ကောင်မ၊ နင်လို အရှက်မရှိတဲ့ကောင်မ၊ နင် အားကိုးလို့မရဘူးဆိုတာ ငါသိသားပဲ၊ နင်လို သမီးမိုက်က လူမဟုတ်ဘူး..."
လင်စန်းရှင်း သွေးရူးသွေးတန်းဖြင့် အော်ဟစ်ကျိန်ဆဲနေသည်။
သူမ တကယ့်ကို လုံးဝ စိတ်ပျက်အားငယ်သွားရ၏။ ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးမှာမူ အခြေအနေကို ချက်ချင်း သဘောမပေါက်နိုင်သေးခင်မှာပင် ၎င်းတို့ သားအမိနှစ်ဦးမှာ အသည်းအသန် ချနေကြပြီဖြစ်ရာ၊ ဒါကတော့...
ချန်ချင်းယွီသည်လည်း ခေါင်းကို ကုတ်မိသွားသည်။
နင်တို့ သားအမိနှစ်ယောက်က ဘာလို့ ထပြီး ချနေကြတာလဲ…
ယခုမူ ၎င်းတို့ဝင်းကြီးသည် တကယ့်ကို စည်ကားလှပေသည်၊ အခန်းထဲရော အခန်းပြင်ပါ တဒုန်းဒုန်း တဖျန်းဖျန်းဖြင့် အပြိုင်အဆိုင် ချနေကြသည်။
သူမသည် မိမိကိုယ်မိမိ အက်ရှင်ကားထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့သည်ဟုပင် ထင်မှတ်မိတော့၏။
အံ့ဩစရာ မရှိတော့ပါ၊ အံ့ဩစရာ မရှိတော့ပါဘူး... သူမ ဤကဲ့သို့သော ကိုယ်ခံပညာ အစွမ်းအစဖြင့် ကူးပြောင်းလာခဲ့ခြင်းသည် အံ့ဩသင့်ဖွယ် မဟုတ်တော့ပေ။ သာမန်လူတစ်ယောက်သာ ဆိုပါက ယခုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
တကယ့်ကို၊ တကယ့်ကို ကြမ်းတမ်းလွန်းလှသည်တကား။
"ဟယ်... မဟုတ်သေးပါဘူး၊ သူတို့ သားအမိနှစ်ယောက်က ဘာလို့ ထချနေကြတာလဲအေ။"
"ယွမ်ဟောက်ဖုန်းကြောင့်ပေါ့၊ တကယ့်ကို မိန်းမဖျက်မကြီးပဲ။"
"ယောက်ျားကြီးတန်မဲ့ မိန်းမဖျက်မလို့ မခေါ်သင့်ဘူး။"
"ဘာပဲခေါ်ခေါ်၊ သူကတော့ ပြဿနာအိုးပဲ၊ ကြည့်ဦးလေ... သူတစ်ပါးမိသားစုကို ဘယ်လောက်တောင် ရှုပ်ပွအောင် လုပ်နေလဲ၊ ပြီးတော့ မောင်နှမတွေပါလို့ လာပြောသေးတယ်၊ တို့တွေကို အူတူတူ ထင်နေတာလား၊ သူတို့ကို မရိပ်မိဘူးများ မှတ်နေလား။ ဟဲဟဲ.."
ပတ်ဝန်းကျင်တွင် ထပ်မံ၍ ပရမ်းပတာ ဖြစ်သွားသော်လည်း မည်သူမျှ ရှေ့သို့ ဝင်မတားကြပေ။
တွေ့တယ် မဟုတ်လား… စောစော၌ ဝင်ရောက်ဖြန်ဖြေပေးသော နှစ်ဦးစလုံးမှာမူ အသစ်စက်စက် တိုက်ပွဲကွင်းပြင်သစ်သို့ ရောက်ရှိသွားကြပြီ ဖြစ်ရာ၊ ဤကိစ္စကို မည်သို့ ဖြေရှင်းရပါအံ့နည်း။
လူတိုင်း ဤသားအမိနှစ်ဦး၏ ရုတ်တရက် ရန်ပွဲကြောင့် တုန်လှုပ်နေကြစဉ်၊ အဘိုးကြီးကျန်းသည် ရုတ်တရက် အာ ခနဲ တစ်ချက်အော်ဟစ်ကာ၊ ဝုန်း ခနဲ တံခါးအပြင်ဘက်သို့ လွင့်ထွက်လာခဲ့သည်။
"အဘိုးကြီးကျန်း.."
အဘိုးကြီးကျန်း တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ရ၏။
အဘိုးကြီးကျန်းမှာ အလွန်ပင် အရှက်ရလွန်းသဖြင့် ရူးတော့မတတ် ဖြစ်နေခဲ့ပြီး
"ငါ့ကို တွဲထူကြစမ်း၊ ငါ ဆက်ပြီး ချနိုင်သေးတယ်.."
"အဘိုးကြီးကျန်း... ထပ်ပြီး အထဲမဝင်ပါနဲ့တော့။"
"ဟုတ်ပ၊ ဒါက ဘာကိစ္စကြီးလဲမသိဘူး။ ဦးလေးလည်း အသက်ကြီးလှပြီပဲ၊ တို့တွေ အနည်းနဲ့အများတော့... လခွမ်း.."
လူတိုင်း အဘိုးကြီးကျန်းကို ဖျောင်းဖျနေကြစဉ်၊ အခန်းထဲမှမူ တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရသည်။
ထို... ထို... ထိုအသံမျိုး၊ အားလုံးလည်း နားလည်ကြပါလိမ့်မည်။
"ဒီလောက်အထိ အသည်းအသန် ချနေကြတာတောင်၊ ဒါကို ဆက်ပြီး လုပ်နိုင်သေးတာလား။"
ဒါက ဘယ်လို စိတ်ဓာတ်မျိုးပါလိမ့်…
"သူတို့က ဒီလောက်အထိကို ရမ္မက်ဇော ထကြွနေကြတာလား။"
ယခုအချိန်တွင် ယွမ်ဟောက်ဖုန်း ချက်ချင်းပင် အော်ပြောလိုက်သည်။
"သေချာပေါက် အထင်လွဲတာ ရှိနေပါလိမ့်မယ်၊ ကိစ္စက သေချာပေါက် အထင်လွဲစရာ ရှိနေပါတယ်၊ မတော်တဆမှု တစ်ခုခု ဖြစ်ရပါမယ်၊ မဟုတ်ရင် ဒီလိုမျိုး ဖြစ်လာစရာ အကြောင်းမရှိဘူး။ ကျွန်တော့်အဖေတို့က ဘယ်လောက်ပဲ မိုက်မဲပါစေ၊ ဒီလိုအခြေအနေမျိုးမှာ ဒါကို ဆက်လုပ်နေကြမှာ မဟုတ်ဘူး၊ သေချာပေါက် တစ်စုံတစ်ယောက်က ထောင်ချောက်ဆင်ပြီး နှိပ်စက်တာ ဖြစ်ရမယ်။"
ချန်ချင်းယွီ အသံကျယ်ကျယ်ဖြင့် ဝင်ပြောလိုက်၏။
"ဒါဆိုရင်လည်း ရဲကို လှမ်းခေါ်လိုက်လေရှင့်၊ ရဲကို လာပြီး စုံစမ်းစစ်ဆေးခိုင်းလိုက်၊ ကိစ္စက ဘာလဲဆိုတာ အတိအကျ သိရတော့ တို့အားလုံးလည်း စိတ်အေးရတာပေါ့။"
အဘွားကြီးကျောက် ချက်ချင်း ထောက်ခံလိုက်သည်။
"ဟုတ်ပ၊ တို့တွေက စောစောက နင်တို့မိသားစုရဲ့ ဂုဏ်သိက္ခာကို ငဲ့လို့ ရဲကို သွားမတိုင်ခဲ့တာ၊ နင်က ပြဿနာရှိတယ်လို့ ပြောနေမှတော့ ရဲကိုပဲ ခေါ်ပြီး စုံစမ်းစစ်ဆေးခိုင်းလိုက်ကြစို့။ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ ကြည့်ရတာပေါ့၊ သူတို့ တကယ်ပဲ သူတစ်ပါးရဲ့ လုပ်ကြံမှုကို ခံရတာလား၊ ဒါမှမဟုတ် မိမိတို့ဘာသာ ဆန်းဆန်းပြားပြား ကဲချင်လို့ ဆေးတွေ ဘာတွေ စားထားတာလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ ဒါက ပြောရခက်တယ်မဟုတ်လား။ တို့တွေကိုလည်း အိမ်နီးနားချင်း အကြင်နာတရား မရှိဘူးလို့ လာမပြောနိုင်တော့ဘူး၊ ရဲကို ခေါ်လိုက်ရင် အားလုံး စိတ်အေးရတာပေါ့၊ မဟုတ်ရင် တစ်ခုခုဆို တို့လည်း စိတ်မချဘူး။"
"ကျွန်မလည်း အဘွားကြီးကျောက်တို့ ပြောတာ မှန်တယ်လို့ ထင်တယ်၊ သေသေချာချာ စုံစမ်းလိုက်တာက ပိုကောင်းပါတယ်၊ အကယ်၍ တကယ်ပဲ တစ်စုံတစ်ယောက်က ကြံစည်တာဆိုရင် အရမ်း အန္တရာယ်များတာပေါ့။ ဒီလိုကိစ္စမျိုးကို မဆင်မခြင် လျှောက်လုပ်လို့ မရဘူး၊ ရဲကိုပဲ ခေါ်လိုက်တာ အကောင်းဆုံးပဲ။"
"ဟုတ်တယ်။ ဒါက အဆင်ပြေတယ်၊ ကျွန်တော်လည်း သဘောတူတယ်။"
လူတိုင်း ရဲကို ခေါ်ရန် သဘောတူညီကြ၏။
ယွမ်ဟောက်ဖုန်းသည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်၊ မည်သို့ပင်ဖြစ်စေ၊ သူသည် ဤအရာကို လုံးဝ သဘောမတူနိုင်ချေ။
အကယ်၍... အကယ်၍သာ...
အကယ်၍ ရဲတကယ် ရောက်လာပြီး မိမိအဖေ၏ ဤအရှုပ်တော်ပုံကြီးကို အတည်ပြုချက် ချလိုက်ပါက၊ နောက်တစ်ကြိမ် ထပ်ပြီး ထောင်ထဲဝင်သွားရလျှင် မည်သို့လုပ်အံ့နည်း။
သူ့အမေသည်လည်း လူမှုရေးဖောက်ပြန်မှုနှင့် ထောင်ထဲဝင်သွားရခြင်း ဖြစ်ပြီး၊ အကယ်၍ သူ့အဖေပါ ဤကိစ္စကြောင့် ထောင်ထဲထပ်ဝင်ရပါက သူ့မိသားစုမှာ လူတောတိုးရတော့မည် မဟုတ်ပေ။ ပေကျင်းမြို့မှာ ဆက်နေရန်ပင် မဖြစ်နိုင်တော့ကာ ကွမ်ထင်းထင်းသည်လည်း ကွာရှင်းပြတ်စဲသွားနိုင်ခြေ ရှိသည်။
၎င်းတို့ ဇနီးမောင်နှံ အချစ်ရေး အတော်လေး ကောင်းမွန်ကြသည် ဆိုသော်လည်း၊ ယွမ်ဟောက်ဖုန်းအနေဖြင့် မိမိဇနီးသည်မှာ ဒုက္ခအတူခံပေးလိမ့်မည်ဟု ရဲရဲဝံ့ဝံ့ မပြောရဲပေ။
"မဖြစ်ဘူး.."
သူ အသံကျယ်ကျယ်ဖြင့်
"မဖြစ်ဘူး၊ ရဲကို သွားမခေါ်နိုင်ဘူး၊ ဒါက တို့ဝင်းကြီးရဲ့ ကိုယ်ပိုင်ကိစ္စပဲ၊ ရဲကို ဘာလို့ သွားခေါ်ရမှာလဲ"
အဘွားကြီးကျောက် နှာခေါင်းရှုံ့လျက် သရော်လိုက်၏။
"ရဲကို မခေါ်ရင် တို့တွေက ပိုလို့တောင် စိတ်မချရသေးတယ်။ နင့်အဖေနဲ့ အဘွားကြီးဟွမ်တို့ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူသိမှာလဲ၊ နောင်ကျရင် မိမိတို့ရဲ့ အရှုပ်ထုတ်တွေကို ခါချချင်လို့ တစ်စုံတစ်ယောက်က ထောင်ချောက်ဆင်တာပါလို့ ထပ်ပြောပြီး တို့အိမ်နီးနားချင်းတွေအပေါ် ပုတ်ခတ်လာရင် တို့တွေပဲ အလကားနေရင်း အညစ်အကြေး ပက်ခံရသလို ဖြစ်ကုန်မှာပေါ့။"
"လခွမ်း.. ဒါက ပြောရခက်တယ်အေ၊ သူတို့မိသားစုက ကိုယ့်ဘာသာ သန့်ရှင်းအောင် လုပ်ဖို့အတွက်ဆိုရင် မဆင်မခြင် လျှောက်ပြောလာနိုင်ခြေ တကယ်ရှိတယ်။"
"ငါကြည့်ရသလောက်တော့ ရဲကိုပဲ ခေါ်ရမယ်၊ သေသေချာချာ စုံစမ်းလိုက်မှ တို့တွေလည်း စိတ်အေးရမှာ။"
"မရဘူး၊ ဒါက လုံးဝမဖြစ်ဘူး၊ အဲလိုဆိုရင် ကျွန်တော့်အဖေရဲ့ နာမည်က ဘယ်လိုလုပ်မလဲ။ ဒီလိုကိစ္စမျိုးက တို့ဝင်းကြီးရဲ့..."
ချန်ချင်းယွီ : "ဒါက တို့ဝင်းကြီးရဲ့ ကိစ္စမဟုတ်ပါဘူးရှင့်၊ ဒီလောက် ကြီးမားတဲ့ ကိစ္စကြီးကို ဘယ်သူက တို့ဝင်းကြီးရဲ့ ကိစ္စပါလို့ ရဲရဲဝံ့ဝံ့ ပြောရဲမှာလဲ။ နောက်ပြီး ဒါက ဝင်းကြီးထဲက ကိစ္စ ဟုတ်မဟုတ်ဆိုတာ တခြားလူတွေမသိရင်တောင် နင့်မိသားစုက အသိဆုံး မဟုတ်ဘူးလား။ တို့တွေက နင့်မိသားစုရဲ့ ဒုက္ခပေးတာကို ခံရမှာ စိုးရိမ်နေတာ။ နင်ကတော့ တစ်ခွန်းမကျန် မတရားစွပ်စွဲခံရတာပါလို့ ပြောနေပြီးတော့ ရဲကျတော့လည်း လုံးဝ အခေါ်မခံဘူး၊ တကယ့်ကို လူတွေ နားမလည်နိုင်အောင် လုပ်နေတာပဲ။"
"ဟုတ်တယ်"
လူတိုင်း ယွမ်ဟောက်ဖုန်းကို သံသယ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။
လင်စန်းရှင်း သူ့ကို ဖိပြောလိုက်ကာ
"ငါကြည့်ရသလောက်တော့ သူက သူ့အဖေနဲ့ အဘွားကြီးဟွမ်တို့ ဖောက်ပြန်နေတာကို အစောကြီးကတည်းက သိနေပြီး ဒီနေရာမှာ ကာကွယ်ပေးနေတာ။ ဘာတစ်စုံတစ်ယောက်က ထောင်ချောက်ဆင်တာလဲ၊ ငါကြည့်ရသလောက်တော့ သူတို့မိသားစုက မူလကတည်းက ဒီလိုမျိုးပဲ၊ အခု ကိစ္စက ကြီးကျယ်သွားတာ မြင်တော့မှ တို့တွေကို လာပြီး အရူးလုပ်ပြနေတာ။"
ချန်ချင်းယွီ လင်စန်းရှင်းထံသို့ လှည့်ကြည့်လိုက်ရာ၊ လင်စန်းရှင်းသည် ယွမ်မိသားစုကို တကယ့်ကို နာကျည်းမုန်းတီးနေပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။
သို့သော် လင်စန်းရှင်း၏ ဤသံသယဖြစ်မှုကို လူတိုင်း အလွန်ပင် လက်ခံကြ၏။
"လင်စန်းရှင်းပြောတာ ကျိုးကြောင်းဆီလျော်တယ်။"
"ကျွန်မလည်း ကျိုးကြောင်းဆီလျော်တယ်လို့ ထင်တယ်။"
ချန်ချင်းယွီ : "ဒီလောက် ကြီးမားတဲ့ ကိစ္စကြီးကို တို့တွေကတော့ တိုးတိုးတိတ်တိတ် မဖြေရှင်းရဲပါဘူး။"
"ကျွန်တော် ဘာမှမသိပါဘူး၊ ကျွန်တော်လည်း ခင်များတို့လိုပဲ ဝေဝေဝါးဝါး ဖြစ်နေတာပါ၊ ဒါပေမယ့် ကြည့်ဦးလေ... သူတို့ အခန်းထဲမှာ အခုထိ... အကယ်၍ ပုံမှန်ဆိုရင် ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ လူတိုင်း ရဲကိုခေါ်ပြီး စုံစမ်းချင်ကြတာကို ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ကျွန်တော့်မိသားစုမှာ ဒီနှစ်နှစ်အတွင်း ကိစ္စတွေက မနည်းတော့ဘူး။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ရဲတွေနဲ့ ဆက်ဆံရမှာကို တကယ် ကြောက်လှပါပြီ။ ဘာကိစ္စမှ မရှိရင်တောင် သူတို့ နေ့တိုင်း အိမ်ကို လာနေကြရင် ကျွန်တော်တို့မိသားစုရဲ့ နာမည်အတွက် မကောင်းဘူး။ ကျွန်တော့်ရဲ့ ညီမနှစ်ယောက်လုံးလည်း အိမ်ထောင်မပြုရသေးဘူး၊ ကျွန်တော် သူတို့အတွက် မတွေးပေးလို့ မရဘူး၊ လူတိုင်းကို တောင်းပန်ပါတယ်။ ရဲကို သွားမခေါ်ကြပါနဲ့တော့ဗျာ။"
ယွမ်ဟောက်ဖုန်း သက်ပြင်းတစ်ချက်ကို အောင့်ကာ ရှူလိုက်ပြီး မိမိ၏ မာနကို နှိမ့်ချလိုက်သည်။
လီလင်းလင်းမှာမူ ရင်ကွဲမတတ် ခံစားရသဖြင့် မူးလဲတော့မတတ် ဖြစ်သွားခဲ့ရ၏။ မိမိကိုယ်တိုင် အရိုက်ခံရစဉ်၌ပင် ဤမျှလောက် စိတ်မကောင်းမဖြစ်ခဲ့ချေ၊ သူမသည် ဖုန်း ခနဲ ဒူးထောက်ချလိုက်ပြီး အသနားခံတော့သည်။
"လူတိုင်းကို တောင်းပန်ပါတယ်၊ ရဲကို သွားမခေါ်ကြပါနဲ့၊ အစ်ကိုဟောက်ဖုန်းကို ကူညီတဲ့အနေနဲ့ ပေးဆပ်ပေးကြပါ၊ ဟုတ်ပြီလား။ တောင်းပန်ပါတယ်။ သူ တကယ့်ကို ခက်ခဲပြီး မတရားတာတွေကို ခံစားနေရလို့ပါ။ တကယ်ပါ၊ သူ တကယ့်ကို မလွယ်ကူလှပါဘူး"
လင်စန်းရှင်း : "နင်လို သမီးမိုက်၊ နင်လို သမီးမိုက်၊ နင်လို သမီးမိုက်ကြီး..."
သူမသည် မည်သို့ဆဲရမှန်းပင် မသိတော့ကာ… ဤတစ်ခွန်းတည်းကိုသာ ထပ်ခါတလဲလဲ ပြောဆိုရင်း ဒေါသကြောင့် မူးလဲတော့မတတ် ဖြစ်နေခဲ့သည်။
လီလင်းလင်းမှာမူ ဂရုမစိုက်ဘဲ ဦးခေါင်းကို ကြမ်းပြင်နှင့် စတင်
တိုက်၍ ကန်တော့တော့၏။
"လူတိုင်းကို တောင်းပန်ပါတယ်၊ ကျွန်မ လူတိုင်းကို တောင်းပန်ပါတယ်၊ အစ်ကိုဟောက်ဖုန်းတို့ မိသားစုကို အခွင့်အရေးတစ်ခု ပေးကြပါဦး၊ ရဲကို သွားမခေါ်ပါနဲ့... တကယ်ပဲ တောင်းပန်ပါတယ်..."
"အာ... ဒါကတော့..."
"နင် ဒါ ဘာလုပ်နေတာလဲ၊ မြန်မြန်ထစမ်း၊ ဒါက ခေတ်ဟောင်းလူ့အဖွဲ့အစည်းမှ မဟုတ်တာ..."
"ဟုတ်ပ၊ နင် ဦးခေါင်းကို ကြမ်းပြင်နဲ့ လာမတိုက်ပါနဲ့တော့၊ ဒါက တို့တွေကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား။ တို့တွေက မခံနိုင်ပါဘူး၊ ပြီးတော့ နင် ဒါ ဘာလုပ်နေတာလဲ..."
"မတိုက်နဲ့တော့၊ မတိုက်နဲ့တော့..."
လူတိုင်း တစ်ယောက်တစ်ပေါက် ပြောဆိုရင်း လင်စန်းရှင်းကို သနားကရုဏာ မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
လင်စန်းရှင်းသည် သားရချင်လွန်းသဖြင့် အနည်းငယ် စိတ်နောက်နေသည် ဆိုသော်လည်း၊ လီလင်းလင်းသည်လည်း တကယ့်ကို ရူးသွပ်လှ၏။ ယောက်ျားတစ်ယောက်အတွက်နှင့် ယခုကဲ့သို့ ဒူးထောက်ကာ ဦးခေါင်းဖြင့် ကြမ်းပြင်ကို တိုက်၍ အသနားခံနေခြင်းမှာ…
ဘာသဘောပါလိမ့်…
ချန်ချင်းယွီသည်လည်း လီလင်းလင်း ဤအဆင့်အထိ ပြုလုပ်နိုင်လိမ့်မည်ဟု မထင်မှတ်ထားသဖြင့် စကားမဆိုနိုင် ဖြစ်နေမိသည်။
လူတိုင်း သူမကို အချစ်ရူးဟု ပြောကြပြီး၊ သူမကိုယ်တိုင်လည်း လင်းကျန့်ဝမ်အပေါ် သံယောဇဉ်ရှိကြောင်း ဝန်ခံပါသည်၊ သို့သော် သူမတွင် ငါးမှတ်မျှသာ ရှိလျှင်ပင် ဆယ်မှတ်အထိ ပုံကြီးချဲ့ပြလေ့ရှိသည်မှာ မိမိမိသားစု၏ လူနေမှုဘဝကို အဆင်ပြေချောမွေ့စေရန် ဖြစ်၏။ သူမသည် မာမိသားစု၏ ဒုတိယသမီးဖြစ်သူမှာ မည်မျှအထိ အချစ်ရူး ဖြစ်ခဲ့ဖူးကြောင်း၊ နာမည်ကြီး တက္ကသိုလ်မှ ဘွဲ့ရထားသော်လည်း ကောင်းမွန်သောအလုပ်ကို စွန့်လွှတ်ကာ ယောက်ျားတစ်ယောက်နောက်သို့ ဝေးလံခေါင်သီသော တောတောင်လျှိုမြောင်ထဲအထိ လိုက်သွားခဲ့ပြီး နှစ်ပေါင်း ဆယ်ဂဏန်းကြာသည်အထိ အိမ်မပြန်ခဲ့ကြောင်း အမြဲကြားဖူးခဲ့သည်။ ရလဒ်အနေဖြင့် ထိုယောက်ျားမှာ သူမနှင့် အတူမနေလိုဘဲ လက်မထပ်ခဲ့သဖြင့် ယခုထက်ထိ အိမ်ထောင်မကျသေးပေ။
ဤကိစ္စကို ချန်ချင်းယွီ တွေးမိလေလေ လှည့်ကွက်တစ်ခုခု ရှိနေသည်ဟု ခံစားရလေလေဖြစ်ရာ၊ ထိုမိန်းကလေးသည် သေချာပေါက် အချစ်ရူး ဖြစ်ရမည်ဟု သူမ မပြောရဲပေ။
သို့သော်လည်း၊ သို့သော်လည်း... ဤလီလင်းလင်းသည်ကား သူမ မြင်တွေ့ဖူးသမျှထဲတွင် တကယ့်ကို အစစ်အမှန်ဆုံး၊ အပြည့်ဝဆုံး အချစ်ရူး ဖြစ်ပေသည်။
ဒါကတော့ ဝမ်ပေါင်ချွမ်း (လင်စောင့်သော မိန်းမမြတ်) ကိုယ်တိုင် လာကြည့်ရင်တောင် 'အစ်မကြီး' လို့ ခေါ်ရမည့် အခြေအနေမျိုးပါပဲ…
"တောင်းပန်ပါတယ်..."
လီလင်းလင်းသည် ဦးခေါင်းကို ဆက်လက်၍ ကြမ်းပြင်နှင့် တိုက်နေဆဲဖြစ်သည်။
ပိုင်ဖုန်းရှန်း : "ကဲပါ ကဲပါ... ဒီလိုလုပ်ကြစို့၊ တို့တွေ လောလောဆယ် မဖြေရှင်းကြသေးဘဲ ဝင်းထဲကလူတွေ အလုပ်ကနေ ပြန်ဆင်းလာတာကိုပဲ စောင့်ကြရအောင်။ ဒီလိုကိစ္စမျိုးကို တို့တွေလည်း မဖြေရှင်းတတ်ပါဘူး။"
လီလင်းလင်း : "မရဘူး၊ ဒေါ်လေးပိုင် ကျွန်မကို ကတိပေးပါ၊ ဦးလေးမာကို ရဲမခေါ်ဖို့ ဖျောင်းဖျပေးမယ်လို့ ကတိပေးပါ..."
ပိုင်ဖုန်းရှန်း၏ မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး
"ဒီကောင်မလေးကတော့ ဘယ်လိုဖြစ်နေတာလဲ၊ ဘာလို့ ဒီလိုမျိုး လုပ်နေရတာလဲ"
ချန်ချင်းယွီ နှာခေါင်းရှုံ့လိုက်မိသည်။
သေချာပေါက် သူမတို့မိသားစုက
အဲ့လိုလူတွေမို့လို့ အခွင့်အရေးပေးလေလေ ပိုဆိုးလေလေပဲ၊ အခုထိ စာရိတ္တပိုင်းအရ လာပြီး အကျပ်ကိုင်ချင်နေသေးတယ်…
"နင် ပါးစပ်ပိတ်ထားစမ်းပါ၊ အလုပ်သွားတဲ့လူတွေ ပြန်ရောက်လာရင် ဝင်းကြီးတစ်ခုလုံး အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်မယ်.."
"ဟုတ်တယ်။"
တခြားဝင်းကြီးများဆိုလျှင် ဝင်းကြီးတစ်ခုလုံး အစည်းအဝေးလုပ်ရသည်ကို အလွန်ဝါသနာပါကြသော်လည်း ၎င်းတို့ဝင်းကြီးမှာမူ ထိုသို့မဟုတ်ဘဲ ပုံမှန်အားဖြင့် လုပ်ခဲလှသည်။ မာကျန့်ယီသည် အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး လူအများကို ပြစ်မှားမိမည့် ကိစ္စမျိုးကို တကယ်ပင် မလုပ်ချင်ပေ။
ထို့ကြောင့် ၎င်းတို့ဝင်းကြီးသည် နှစ်ကုန်ပိုင်းတွင်သာ တစ်ကြိမ် ပြုလုပ်လေ့ရှိပြီး အခြားအချိန်များတွင်မူ အခြေခံအားဖြင့် မရှိသလောက်ပင် ဖြစ်၏။
သို့သော် ယခုတစ်ကြိမ်တွင်မူ ပိုင်ဖုန်းရှန်းသည် မိမိတို့မိသားစုအပေါ် ဒုက္ခပုံမချချင်တော့ပေ။
ဤလီလင်းလင်းသည် တကယ့်ကို အလိုက်ကန်းဆိုးမသိလွန်းလှချေ။
ပိုင်ဖုန်းရှန်း ထပ်မံ၍ တစ်ခုခု မပြောရသေးခင်မှာပင် လီလင်းလင်း တစ်ဖန် စကားဆိုပြန်သည်။
"ရှင်တို့တွေ တကယ့်ကို အတ္တကြီးလွန်းကြတယ်..."
"နင် ပါးစပ်ပိတ်ထားစမ်း.."
ပြိုင်တူ အော်ဟစ်လိုက်ကြသော အသံကြီးများ ပေါ်ထွက်လာ၏။
တကယ်ပါပဲ… လင်စန်းရှင်း သူမကို မရိုက်လျှင်ပင် လူတိုင်း ဝင်ပြီး တီးချင်နေကြပြီ ဖြစ်သည်၊ သူမသည် တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်းလှသည်။
"တကယ့်ကိုပဲ... သူက ဘာကောင်မို့လို့လဲ။"
"ဒီအခန်းထဲက အသံတွေက အခုထိ မရပ်သေးဘူးလား။"
"မရပ်သေးဘူးအေ၊ ဒါကတော့ တကယ့်ကို သံချောင်းကို အပ်ဖြစ်အောင် သွေးနေကြတာပဲ။"
"မပြောနဲ့တော့၊ အဘိုးကြီးကျန်းကို ကြည့်ဦး..."
အဘိုးကြီးကျန်းသည် တံခါးအပြင်ဘက်သို့ အရိုက်ခံထုတ်လိုက်ရပြီးနောက် ထပ်မံ၍ ဝင်မသွားတော့ဘဲ၊ တံခါးဝတွင် ရပ်လျက် ဒယိမ်းဒယိုင်ဖြင့် ဝိညာဉ်ပင် လွင့်တော့မတတ် ဖြစ်နေခဲ့၏။
ချန်ချင်းယွီ လျှာသပ်လိုက်မိသည်။
သေချာပေါက် လင်ငယ်နေတဲ့ အရှက်ခွဲမှုက ယောက်ျားရင့်မကြီးတွေကို တကယ့်ကို ဒူးထောက်သွားစေနိုင်တာပဲ…
အော်... မဟုတ်သေးပါဘူး၊ ယွမ်ဟောက်မင်လည်း ဂျိုအတပ်ခံလိုက်ရတာပဲ၊ ဒါပေမယ့် သူကတော့ ဘာမှမဖြစ်သလိုပဲဥစ္စာ။
သေချာပေါက် ယွမ်ဟောက်မင်ကမှ စိတ်ဓာတ်ပိုပြတ်သားတာ…
ချန်ချင်းယွီသည် ဟိုကြည့်ဒီကြည့် လုပ်နေစဉ်၊ အဘွားကြီးကျောက် ချန်ချင်းယွီ၏အနားသို့ တိုးကပ်လာပြီး
"ညည်း ရှေ့ကို သွားမကြည့်နဲ့တော့၊ တကယ်ပါပဲ... ရွံစရာကောင်းလွန်းလို့ ငါတောင် အော့အန်ချင်နေပြီ၊ အများကြီး ထပ်ကြည့်ရင် မျက်စိကန်းသွားလိမ့်မယ်၊ ငါက ညည်းကောင်းဖို့အတွက် ပြောတာ။ ငါက ဒီလောက်အသက်ကြီးနေပြီဖြစ်တာတောင် ဒါကို မြင်လိုက်ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းတယ် (တုန်လှုပ်စရာ ကောင်းလွန်းတယ်)။ ငါ ဒီညတော့ ဘာမှ စားနိုင်တော့မှာ မဟုတ်ဘူးလို့ ခံစားရတယ်။ ရွံစရာကြီး.."
"ဒီစကားက မှန်တယ်၊ တကယ်ကို ရွံစရာကောင်းတာ..."
လူတိုင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြစဉ်၊ အဘိုးကြီးကျန်းသည် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ချလိုက်ပြီး ဟီးဟီးဟူးဟူး ဖြင့် အော်ဟစ်ငိုယိုတော့သည်။
ရှီရှန်း : "ကျန်းကြီးရာ... ခင်များလည်း စိတ်မဆင်းရဲပါနဲ့တော့၊ ပြန်တွေးကြည့်ရင် တကယ်တော့ ဘာမှမဖြစ်ပါဘူး၊ ခင်များတို့က ကွာရှင်းထားကြပြီပဲဥစ္စာ၊ ဂျိုက ခင်များခေါင်းပေါ် ရောက်နေတာမှ မဟုတ်တာ။"
"ဟုတ်ပ၊ နင်တို့ ကွာရှင်းထားကြပြီပဲကို၊ နင်လည်း ဒီလောက်အထိ စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး..."
အဘိုးကြီးကျန်း : "ငါက သနားဖို့ကောင်းပါတယ်ဟ.."
အခန်းထဲမှ အသံများ အဆက်မပြတ် ထွက်ပေါ်နေဆဲဖြစ်ရာ၊ ၎င်းမှာ အဘိုးကြီးကျန်းကို သာ၍ပင် စိတ်ဆိုးဒေါသထွက်စေကာ အော်ဟစ်ငိုယိုစေ၏။
ပြောစရာပင် မလိုတော့ချေ၊ ယခုအချိန်တွင် လူတိုင်း သေချာပေါက် ကောက်ချက်ချလိုက်ကြသည်မှာ… ထိုအခန်းထဲမှ လူများသည် ဆေးစားထားကြခြင်း ဖြစ်၏။
အကယ်၍ ဆေးမစားထားပါက ဤမျှလောက် ကြာရှည်နိုင်ပါ့မလား၊ ဤမျှလောက် ခွဲမရအောင် လုံးထွေးနေနိုင်ပါ့မလား၊ ဤမျှလောက် ရမ္မက်ဇော ကြွနေနိုင်ပါ့မလား...
ဘာပဲဖြစ်ဖြစ် ဤအခြေအနေသည် သေချာပေါက် ဆေးစားထားခြင်း ဖြစ်ရမည်။
သို့သော်လည်း ၎င်းကို တစ်စုံတစ်ယောက် ထောင်ချောက်ဆင် နှိပ်စက်ထားခြင်း ဖြစ်သည်ဟူ၍မူ အတပ်မပြောနိုင်ပေ။
ဘာကြောင့်လဲဆိုသော်… ၎င်းတို့ဘာသာ ဆေးဝယ်စားကြခြင်းလည်း ဖြစ်နိုင်သည်သာ။
ဒါက ပြောရခက်တယ်လေ…
အချို့ယောက်ျားများသည် မစွမ်းလျှင် ဆေးအချို့ ဝယ်စားလေ့ရှိကြသည်မှာ မရှိသည်မဟုတ်ပေ၊ ရှိရုံတင်မက အတော်လေးပင် များပြားလှ၏။
ထို့ကြောင့် မည်သူမျှ ဝင်ရောက်မစွက်ဖက်ကြကာ၊ ကိစ္စရပ်များ ပြီးဆုံးသွားမည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြသည်။ ဤသို့ဖြင့် လူတိုင်း အလုပ်မှ ပြန်ဆင်းလာသည့် အချိန်အထိ စောင့်လိုက်ရတော့သည်...
မှန်၏… ညနေစောင်း အလုပ်ဆင်းချိန် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
တကယ့်ကို ပုံကြီးချဲလွန်းသည်ဟု မထင်စေလိုပေ…
နာရီပေါင်းများစွာကြာအောင် လုံးဝ မရပ်မနား လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
မူးလဲမတတ် ဖြစ်သွားသည့်တိုင်အောင် ဆက်လက် ပြုလုပ်နေခဲ့ကြ၏။
အဘွားကြီးဟွမ်၊ ယွမ်ဟောက်မင်နှင့် တစ်လျှောက်လုံး ဒဏ်ရာရနေခဲ့သည့် ကျန်းရှင်းဖှ သုံးဦးစလုံးမှာ လုံးဝ မူးလဲသွားကြပြီ ဖြစ်သည်။
ဝင်းကြီးထဲမှ အများပြည်သူ လူထုကြီးမှာ မိမိတို့ဝင်းကြီး၏ အကြီးမားဆုံးသော ပွဲကြီးပွဲကောင်းမှာ ဤအရာပင် ဖြစ်သည်ဟု သတ်မှတ်လိုက်ကြတော့၏။
လူတိုင်းသည် တစ်ယောက်ပြီးတစ်ယောက် စတုတ္ထဝင်းထဲသို့ စုရုံးရောက်ရှိလာကြကာ… အလုပ်ဆင်းပြီး ပြန်ရောက်လာကြသော မာကျန့်ယီတို့တစ်စုမှာမူ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အမှင်တက်ကုန်ကြတော့သည်။
တကယ့်ကို အံ့ဩမှင်တက်သွားကြခြင်း ဖြစ်၏။
ဒါက ဘာကိစ္စကြီးလဲမသိဘူး..
မာကျန့်ယီသည် အသိတရား အနည်းငယ် ရှိသေးသဖြင့်
"မြန်မြန်လုပ်ကြစို့၊ လူတွေ မူးလဲသွားတာ ဘယ်လောက်ကြာပြီလဲ။ နင်တို့က ဘာလို့ ဒီအတိုင်း ပစ်ထားကြတာလဲ။ မြန်မြန် ဆေးရုံပို့ကြစမ်း.."
လခွမ်းပဲ..
တစ်ယောက်ချင်းစီက အရိုက်ခံရလို့ ဒဏ်ရာတွေရထားတဲ့အပြင် ဒီလောက် ကြာရှည်ကဲနေကြတာ၊ ဆေးရုံကို မြန်မြန်မပို့ရင် ရုတ်တရက် နှလုံးရပ်ပြီး သေကုန်မှဖြင့် ဘယ်လိုလုပ်မလဲ…
"သူတို့ ဖြစ်ပျက်နေတာကို တို့တွေက ဘယ်လိုလုပ်ပြီး သွားကိုင်ရဲမှာလဲ။ ရွံလည်းရွံစရာကောင်းသလို အဲဒါကြီးလည်း ဖြစ်နေတာကို။ နောက်ပြီး သူ့အိမ်ကလူတွေလည်း နေရာမှာ ရှိနေတာပဲ၊ သူတို့မိသားစုဝင်တွေတောင် ဝင်မလုပ်တာ..."
ဤကဲ့သို့သော မြင်ကွင်းမျိုးကို မည်သူ ကိုင်တွယ်ရဲမည်နည်း။
အားလုံး ပြဿနာပတ်သက်မိမှာကို စိုးရိမ်နေကြ၏။
ဒါက သာမန်ရန်ပွဲမျိုးမှ မဟုတ်တာ… နောက်ပြီး ကာယကံရှင်တွေရဲ့ ဆွေမျိုးသားချင်းတွေ ရှိနေတာတောင် ဝင်မထိန်းကြဘူးဥစ္စာ။
"ကဲပါ ကဲပါ... မပြောကြနဲ့တော့၊ မြန်မြန် ဝင်ကူကြစို့။"
ဝမ်တာ့ချွေတို့ကဲ့သို့ သန်မာသော ယောက်ျားကြီးများအားလုံး ဝင်ရောက်ကူညီကြတော့သည်။
ဝမ်တာ့ချွေသည် ရင်တထိတ်ထိတ်ဖြင့် သက်ပြင်းချရင်း
"ငါလည်း မြန်မြန် အိမ်ထောင်ဖက် ရှာရတော့မယ်၊ ငါ မြန်မြန်လုပ်ရမယ်... အဘွားကြီးဟွမ်က ဒီမနက်တင် ငါ့ကို တစ်ချက် လှမ်းကြည့်သွားသေးတယ်၊ အမေရေ... တကယ့်ကို အန္တရာယ်များလွန်းတယ်။ ငါ မြန်မြန် အိမ်ထောင်ပြုမှဖြစ်မယ်။ ငါ တကယ် မြန်မြန်လုပ်ရတော့မယ်"
"သူတို့ကို အိမ်ရာခင်းစောင်နဲ့ အရင်ပတ်လိုက်ဦး၊ ဒီအတိုင်းဆို ဘယ်လိုလုပ် သွားလို့ရမှာလဲ။"
"ဟုတ်တယ်၊ ဟုတ်တယ်။"
မကြာမီပင်၊ ထိုသူများကို လက်တွန်းလှည်းပေါ်သို့ မတင်လိုက်ကြပြီး၊ လူအုပ်ကြီးသည် အုန်းအုန်းကျွက်ကျွက်ဖြင့် ထွက်ခွါသွားကြ၏။
တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့် လျှောက်ရိုက်ခံရသော လူအချို့ဖြစ်သည့် အဘိုးကြီးကျန်း၊ လီလင်းလင်းနှင့် ယွမ်ဟောက်ဖုန်းတို့သည်လည်း မျက်နှာတစ်ခုလုံး ဖူးယောင်ညိုမည်းနေကြပြီး၊ အဘိုးကြီးကျန်းမှာ ဒဏ်ရာအပြင်းထန်ဆုံးဖြစ်ကာ ခြေတစ်လှမ်းချင်းစီကို ထော့နဲ့ထော့နဲ့ဖြင့် လျှောက်နေရသည်။
ချန်ချင်းယွီသည်လည်း ပွဲကောင်းကို လိုက်ကြည့်ချင်သော်လည်း၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ပြန်မရောက်သေးသဖြင့် မတတ်သာဘဲ နောင်တရစွာဖြင့် ကျန်ရစ်ခဲ့ရ၏။ ယခုအချိန်တွင် ကလေးများကို သူတစ်ပါးထံ အပ်နှံထား၍ မရပေ။ အကြောင်းမူကား လူတိုင်း ဆေးရုံသို့ သွားရောက်ကာ ပွဲကြည့်နေကြ၍တည်း။ တကယ့်ကို အားလုံး သွားကြခြင်း ဖြစ်သည်.. ဝင်းကြီးကို သော့ခတ်ထားခဲ့ချင်စိတ်ပင် ပေါက်နေကြသည်။
ချန်ချင်းယွီ : "ကလေးတွေကြောင့် ငါ ပွဲကောင်းကြီးနဲ့ လွဲရပြီ။"
တကယ့်ကို အချိန်နှောင့်နှေးသွားရ၏။
အဘွားကြီးကျောက်မှာ ထိုအရာများကို ဂရုမစိုက်ဘဲ လူအုပ်နောက်သို့ ချက်ချင်း အပြေးလိုက်သွားတော့သည်။
ချန်ချင်းယွီခမျာ မျှော်လင့်တကြီးဖြင့် လက်ကလေးလှမ်းပြရင်း ကျန်ရစ်ခဲ့သည်...
သူမလည်း တကယ် သွားချင်တာပေါ့..
လင်စန်းရှင်းပင်လျှင် ကလေးကိုပွေ့ချီကာ နောက်မှ လိုက်သွားခဲ့သည်၊ ဤပွဲကောင်းကိုမူ သေချာပေါက် မလွတ်တမ်း ကြည့်ရပေမည်။
ချန်ချင်းယွီ သက်ပြင်းချလိုက်မိ၏။
"ကဲပါ... နင်တို့အားလုံး သွားကြပေါ့၊ ငါပဲ အိမ်မှာ နေခဲ့တော့မယ်။"
သူမသည် ထိုလူများကို နှိမ်နင်းလိုက်ရသဖြင့် စိတ်ထဲတွင် အလွန်ပင် စိမ့်ကနဲ နေအောင် ကျေနပ်ပျော်ရွှင်နေခဲ့သည်။
မိမိကိုယ်မိမိ လက်ချက်ပြင်းထန်သွားသည်ဟုလည်း သူမ မခံစားရပေ။
ဟဲဟဲ... ဒါက ဘာဟုတ်သေးလို့လဲ။ သူတို့ကလည်း သူမအပေါ် ကြံစည်တုန်းက ညှာတာခဲ့ကြတာမှ မဟုတ်တာ…
ချန်ချင်းယွီ အိမ်တွင် တစ်ဦးတည်း ရှိနေခဲ့ရာ၊ ဝင်းအိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
ချန်ချင်းယွီသည် တီဗီကို ဖွင့်လိုက်ရာ၊ ထိုအချိန်တွင် ကလေးအစီအစဉ်ကို ထုတ်လွှင့်နေ၏။
"မေမေ... သမီးတို့ ပြန်ရောက်ပြီ.."
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အိမ်ထဲသို့ ဝင်လာသည်နှင့် လှမ်းအော်လိုက်ကြပြီး၊ ကလေးသဘာဝအတိုင်း စူးစမ်းလိုစိတ်ဖြင့် မေးမြန်းကြသည်။
"ဝင်းထဲမှာ ဘာလို့ လူတစ်ယောက်မှ မရှိတာလဲဟင်။ စက်ရုံမှာ ရုပ်ရှင်သွားကြည့်ကြတာလား။ ဒီနေ့ ရုပ်ရှင်ပြတာလားဟင်။"
ချန်ချင်းယွီ : "မဟုတ်ပါဘူး၊ သူတို့အားလုံး ဆေးရုံကို သွားကြတာ။ တို့ဝင်းကြီးထဲမှာ နေ့ခင်းက ရန်ပွဲတွေဖြစ်လို့၊ အားလုံးက ဆေးရုံကို ပွဲသွားကြည့်... အဲ... လူနာတွေကို သွားပြီး ဂရုစိုက်ပေးကြတာ။"
ရှောင်ကျား၊ ရှောင်ယွမ်: "..."
နားလည်သွားပါပြီ…
ချန်ချင်းယွီ ကလေးများကို ကြည့်လိုက်ရင်း
"ငါက နင်တို့ကို စောင့်နေရလို့၊ မဟုတ်ရင် ငါလည်း သွားလိုက်ပြီ"
ရှောင်ကျား : "မေမေ သွားချင်ရင် သွားလေ၊ သားတို့ဘာသာ အိမ်မှာ နေခဲ့လို့ရပါတယ်။"
ချန်ချင်းယွီ ခေါင်းခါလိုက်ကာ
"မဖြစ်ပါဘူး၊ မင်းတို့က ငယ်သေးတယ်၊ ဝင်းထဲမှာလည်း လူအနည်းငယ်ပဲ ကျန်တော့တာ၊ အကုန်လုံးနီးပါး ထွက်သွားကြပြီ။ ဝင်းထဲမှာ လူမရှိတော့ ငါ စိတ်မချဘူး။"
"မေမေ... သမီးတို့ နေ့ခင်းက ယဉ်ကျေးမှုနန်းတော်က ပန်းချီသင်တန်းကို သွားပြီး နားထောင်ခဲ့ကြတယ်၊ သမီးတို့ ပန်းချီသင်လို့ ရမလားဟင်။"
ချန်ချင်းယွီ : "ရတာပေါ့၊ မင်းတို့ သင်ချင်ရင် သင်ကြလေ။"
ချန်ချင်းယွီသည် ဘယ်သောအခါမှ ကလေးများကို ဖိအားမပေးကာ၊ ကလေးများ သင်ယူလိုသမျှကို အမြဲ သဘောတူလေ့ရှိသည်။ ထူးချွန်ထက်မြက်သည့် လူတော်ကြီးဖြစ်လာရန်လည်း အတင်းအကျပ် မတောင်းဆိုပေ… နှစ်သက်သရွေ့ သင်ယူနိုင်ခွင့် ပေးထား၏။
သူမသည် ကလေးများကို အလွန်အမင်း တွန်းအားပေးသည့် မိခင်မျိုးမဟုတ်ကာ… မိမိကိုယ်မိမိသာ တင်းကျပ်စွာ တွန်းအားပေးလေ့ရှိသည်။
ထို့အပြင် သူမ၏ မိသားစုမှာ အလွန်ပင် ချမ်းသာကြွယ်ဝသည်ဖြစ်ရာ၊ ကလေးများ၏ စရိုက်လက္ခဏာ လမ်းမလွဲသွားသရွေ့၊ မည်သည့် ဝါသနာနှင့် စိတ်ပါဝင်စားမှုမျိုးရှိရှိ အားလုံး ဖြစ်နိုင်၏။ ပိုက်ဆံလည်း မပြတ်လပ်ပေ။ ကလေးဘဝ ကြီးပြင်းမှုကာလကို စုံလင်ပြည့်စုံအောင် ဖြတ်သန်းခွင့်ရခြင်းသည်…
ဘယ်လောက်တောင် ကောင်းလိုက်သလဲ..
ကြီးပြင်းလာပြီး နောက်ကြောင်းပြန်တွေးကြည့်သည့်အခါတွင်လည်း အလွန်ပင် ပြည့်စုံပျော်ရွှင်စရာကောင်းသည်ဟု ခံစားရပေလိမ့်မည်။
သူမတွင်မူ လှပသော ကလေးဘဝနှင့် လူငယ်ဘဝ မရှိခဲ့ဖူး၍ သူမ၏ ကလေးများတွင်မူ သေချာပေါက် ရှိရပေမည်..
အော်... မဟုတ်သေးပါဘူး…
လူဆိုတာ အတိတ်ဘဝအကြောင်းကိုပဲ ခဏခဏ တွေးမနေသင့်ပါဘူးလေ…
သူမ ဤဘဝတွင် အမေမရှိ၊ ဖခင်ဆိုးသာ ရှိခဲ့သော်လည်း၊ အဘိုးနှင့်အဘွားများမှာ သူမအပေါ် အလွန်ပင် ကောင်းမွန်ခဲ့ကြသည်ဖြစ်ရာ၊ လူသည် ကောင်းကွက်ကိုသာ ကြည့်ရပေမည်။
အတိတ်ဟောင်းတွေကို တွေးမနေပါနဲ့တော့..
မည်သို့ပင်ဖြစ်စေ၊ ကလေးငယ်များမှာမူ လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ နေထိုင်နိုင်သည်..
ချန်ချင်းယွီ: "ဒါဆိုရင်လည်း မင်းတို့ နာမည်သွားပေးလိုက်ကြ၊ ဘာပစ္စည်းတွေ လိုအပ်လဲ၊ မနက်ဖြန် မေမေ မင်းတို့ကို လိုက်ဝယ်ပေးမယ် ဟုတ်ပြီလား။"
"ဟုတ်ကဲ့.."