← Chapters

အခန်း ၁၀၆၈

Vol. 72 Ch. 1068

အခန်း ၁၀၆၈

Vol. 72 Ch. 1068

အခန်း (၁၀၆၈) သက်တမ်း ၃၀၀၀။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘေးဒုက္ခကို ဓားဖြင့် ခုတ်ထစ်ဖြတ်ကျော်ခြင်း။ (၁)

"ဒါက ဇာတိမရဏတောင်ကြားပဲ။ ငါ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း အခက်အခဲကို ရင်ဆိုင်နေရတာပဲ"

စူးချန်ခုန်း အရာအားလုံးကို ပြန်လည် အမှတ်ရသွားသည်။ သူ၏ မျက်ဝန်းများတွင် ရှိနေသော ရှုပ်ထွေးမှုများမှာ လုံးဝ ပျောက်ကွယ်သွားပြီး မကြုံစဖူး ကြည်လင်သွားသည်။

ထို "နတ်ဘုရားစေတမန်" ကြောင့် သူသည် မိစ္ဆာသားရဲအဖြစ် ပြောင်းလဲခြင်း ခံခဲ့ရသည်။ မျှော်လင့်ချက် အနည်းငယ်ကို ရှာဖွေရန်အတွက် စူးချန်ခုန်းမှာ ဇာတိမရဏတောင်ကြားထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဝင်ရောက်လိုက်သည်နှင့် သူသည် မိမိကိုယ်ကိုပင် မေ့လျော့သွားသည့် အိပ်မက်ဆန်ဆန် အခြေအနေထဲသို့ ကျရောက်သွားခဲ့သည်။

"ဒါက ပုံရိပ်ယောင် မဟုတ်ဘူး။ ဒါက... ငါ့ရဲ့ သိစိတ်ပင်လယ်ထဲမှာပဲ"

စူးချန်ခုန်းသည် သူ၏ ပတ်ဝန်းကျင်တွင် လည်ပတ်နေသော အနရောက်င် မြူခိုးများကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် နားလည်သဘောပေါက်မှု အရိပ်အယောင်များ ပေါ်လာသည်။ သူ၏ ပတ်ဝန်းကျင် အရာအားလုံးမှာ သူ၏ သိစိတ်ပင်လယ်၏ ပုံရိပ်များသာ ဖြစ်သည်။

ထိုအနက်ရောင် မြူခိုးများမှာ မိစ္ဆာသားရဲ၏ စွမ်းအားများ ဖြစ်ပြီး သူ၏ အသိစိတ်ကို တဖြည်းဖြည်း တိုက်စားကာ သိမ်းပိုက်နေသည်။

ဤ "ကြေးဝါ အိမ်တော်" မှာ သူ၏ မူလဝိညာဉ် တည်ရှိရာ နေရာဖြစ်ပြီး သူ၏ စိတ်အသိထဲမှ နောက်ဆုံး ခိုလှုံရာ ဖြစ်သည်။ သို့သော် အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ မိစ္ဆာဝိညာဉ် တံဆိပ်မှာ သူ၏ ခန္ဓာကိုယ်ကို ဆက်လက် တိုက်စားနေပြီး သူ၏ မူလဝိညာဉ်ကိုလည်း ဖုံးကွယ်သွားစေကာ သူ၏ အထောက်အထားကို မေ့လျော့သွားစေသည်။ ယခုအခါ မူလဝိညာဉ်မှာ ဤမြေပြင်လေးကိုသာ ကာကွယ်နိုင်တော့ပြီး လုံးဝ တိုက်စားခံရတော့မည့် အခြေအနေတွင် ရှိနေသည်။

အိမ်တော်ထဲရှိ လူများမှာလည်း သူ၏ စိတ်အသိ၏ တစ်စိတ်တစ်ပိုင်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ နောက်ဆုံး အချိန်တွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား၌ စူးချန်ခုန်း၏ စွမ်းဆောင်ရည်မှာ အထွတ်အထိပ်သို့ ရောက်ရှိလာပြီး မူလဝိညာဉ်မှာ ပြန်လည် နိုးထလာကာ လက်ရှိ အခြေအနေကို သဘောပေါက်သွားသည်။

"ဒါက တကယ်ကို... အသက်ရှင်ဖို့ ခက်ခဲတဲ့ အခြေအနေပဲ။ ငါ့ရဲ့ မူလဝိညာဉ်က အများစုက တိုက်စားခံလိုက်ရပြီ"

စူးချန်ခုန်းသည် အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေသော သူ့လက်ကို ကြည့်လိုက်သည်။ သူသည် ဇာတိမရဏ တောင်ကြားထဲတွင် အချိန် အတော်ကြာနေခဲ့ပြီ ဖြစ်သည်။ ဤကာလအတွင်း သူ၏ ခန္ဓာကိုယ်နှင့် အသိစိတ်မှာ ၉၉ ရာခိုင်နှုန်းခန့် တိုက်စားခံလိုက်ရပြီ ဖြစ်သည်။ စူးချန်ခုန်းမှာ အချိန် များများစားစား မကျန်တော့ကြောင်း နားလည်လိုက်သည်။

မိစ္ဆာသားရဲ၏ စွမ်းအားက သူ၏ အသိစိတ်နှင့် မူလဝိညာဉ်ကို လုံးဝ တိုက်စားသွားပါက သူသည် လူသားတစ်ယောက် မဟုတ်တော့ဘဲ မိစ္ဆာသားရဲအဖြစ် အပြီးတိုင် ပြောင်းလဲသွားမည် ဖြစ်သည်။ ၎င်းမှာ သေခြင်းတရားနှင့် အတူတူပင် ဖြစ်သည်။

"ဒုန်း ဒုန်း ဒုန်း"

ပန်းပဲရုံ တံခါးကို ပြင်းထန်စွာ ထုရိုက်နေကြသည်။ အမည်းရောင် မြူခိုးများနှင့် မိစ္ဆာသားရဲများမှာ စူးချန်ခုန်း၏ စိတ်အသိကို လုံးဝ သိမ်းပိုက်ရန် ကြိုးစားနေကြသည်။ အပြင်ဘက်မှ မိစ္ဆာသားရဲများမှာ စူးချန်ခုန်း၏ မူလဝိညာဉ် နိုးထလာသည်ကို သိရှိသွားသဖြင့် စိတ်မရှည်တော့ပေ။ ယခင်က တည်ဆောက်ထားသော ငြိမ်းချမ်းသော လောကမှာ စူးချန်ခုန်းကို သတိမပြုမိစေရန်နှင့် တဖြည်းဖြည်း တိုက်စားရန်အတွက်သာ ဖြစ်သည်။

စူးချန်ခုန်း၏ မူလဝိညာဉ် နိုးထလာပြီး အရာအားလုံးကို အမှတ်ရသွားသော်လည်း လက်ရှိ အခြေအနေမှာ အလွန် အကူအညီမဲ့နေဆဲ ဖြစ်သည်။

"ဒီရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအခက်အခဲက... တကယ်ကို ကြောက်စရာကောင်းတာပဲ"

စူးချန်ခုန်း၏ နဖူးမှ ချွေးများ စီးကျလာသည်။

"အခု... ငါ့မှာ အခွင့်အရေး နည်းနည်း ရှိသေးတယ်"

စူးချန်ခုန်း၏ မျက်ဝန်းထဲတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ၏ စွမ်းဆောင်ရည်မှာ အံ့အားသင့်ဖွယ် အသွင်ပြောင်းခြင်းကို ဖြစ်ပေါ်စေခဲ့သည်။

အမည် - စူးချန်ခုန်း (အသက် ၄၇ နှစ်)

ကျန်ရှိနေသော သက်တမ်း - နှစ် ၃၀၀၀

စွမ်းရည် တန်ဖိုး - ၃၅၀ မှတ်

သူသည် ဇာတိမရဏတောင်ကြားထဲတွင် သုံးနှစ်ကြာ နေထိုင်ခဲ့ရသည်။ သူ၏ သက်တမ်းမှာ နှစ် ၃၀၀၀ အထိ မြင့်တက်လာခဲ့ပြီး သူ၏ စွမ်းဆောင်ရည်မှာလည်း မူလကထက် နှစ်ဆနီးပါး တိုးတက်လာခဲ့သည်။ ဤသည်မှာ သာမန်လူနှင့် ပါရမီရှင်တို့၏ ကွာခြားချက်ပင် ဖြစ်သည်။

"ဒုန်း ဒုန်း ဒုန်း"

ပန်းပဲရုံ တံခါးကို ဆက်တိုက် ထုနှက်နေပြီး အက်ကြောင်းများမှတစ်ဆင့် အနက်ရောင် မြူခိုးများ စိမ့်ဝင်လာသည်။

"အခု... ငါ့ရဲ့ မူလဝိညာဉ်က မှိန်ဖျော့နေပြီး ဒီလောက်များပြားတဲ့ မိစ္ဆာသားရဲတွေကို ငါ မခုတ်ထစ်နိုင်ဘူး။ ငါ့ရဲ့ မူလဝိညာဉ် အထွတ်အထိပ်မှာ ရှိနေရင်တောင် မိစ္ဆာသားရဲတွေ တိုက်စားထားတဲ့ အသိစိတ်တစ်ခုလုံးနဲ့ဆိုရင် ငါ သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး"

စူးချန်ခုန်း တိတ်တဆိတ် ရေရွတ်လိုက်သည်။ ဤအခြေအနေမှာ သေချာပေါက် သေဆုံးနိုင်သော အခြေအနေ ဖြစ်သည်။ သို့သော် စူးချန်ခုန်း၏ မျက်ဝန်းမှာ ပြတ်သားနေဆဲပင်။ နောက်ဆုံးအချိန်အထိ သူ အရှုံးမပေးပေ။

စူးချန်ခုန်းသည် သူ၏ ရှေ့ရှိ ပန်းပဲဖိုနှင့် ပုံသွင်းနေသည့် ဓားရှည်ကို ကြည့်လိုက်သည်။ ပန်းပဲရုံ ပတ်ပတ်လည်တွင် သံချေးတက်နေသော ဓားရှည်များ ရှိနေသည်။ ၎င်းတို့မှာ သူ၏ မူလဝိညာဉ် စွမ်းအားများ၏ ပုံရိပ်များ ဖြစ်ပြီး ဤနောက်ဆုံး ခိုလှုံရာကို ကာကွယ်ပေးထားခြင်း ဖြစ်သည်။

"ဒီဓားတွေက သံချေးတက်ပြီး မထက်တော့ရင်တောင် သူတို့ကို ထပ်ပြီး တောက်ပလာအောင် လုပ်မယ်"

စူးချန်ခုန်း၏ မျက်ဝန်းထဲတွင် မီးရောင်များ တောက်လောင်နေ၏။ သူသည် မိစ္ဆာသားရဲကဲ့သို့ ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာကျင်းလျက် တူကို ကိုင်ကာ သံချေးတက်နေသော ဓားကို ဆွဲယူပြီး ထုနှက်နေတော့သည်။

All Chapters