← Chapters

အခန်း ၂၅၀၂

Vol. 178 Ch. 2502

အခန်း ၂၅၀၂

Vol. 178 Ch. 2502

အခန်း (၂၅၀၂)

အထောက်အထား လဲလှယ်ခြင်း

“ ဟုတ်ကဲ့ …” အနက်ရောင်ဝတ်စုံနှင့် လက်အောက်ငယ်သားက ခိုင်မာစွာ ဆိုလိုက်သည်။ “ ယာမာဂူချီဂိုဏ်းက မစ်ဆူအုပ်စုရဲ့ လက်အောက်ခံ အုပ်စုအနေနဲ့ ပေါင်းစည်းထားတယ် … အခု အာယာနဲ မစ်ဆူက ပြဿနာ တက်နေပြီဆိုတော့ သူတို့ကိုယ်သူတို့တောင် အနိုင်နိုင် ကာကွယ်နေရမယ့် အနေအထား ရောက်နေလောက်ပြီ …”

ဟာရာခါဝါ ရိုရှီဒါက ဘာမျှပြန်မပြောဘဲ စီးကရက်တစ်လိပ်ကို တိတ်တဆိတ် မီးညှိလိုက်၏။

“ အာဏာပိုင်တွေက အာယာနဲ မစ်ဆူကို ဘာမှ မလုပ်ရဲဘူး …” ဟာရာခါဝါ ရိုရှီဒါက မှတ်ချက်ပြုလိုက်ပြီး “ အဲ့ဒီ ရာထူးကြီးလှပါပြီဆိုတဲ့ နိုင်ငံရေးသမားတွေကို သူတို့ အဲ့ဒီနေရာရောက်လာအောင် အာယာနဲ မစ်ဆူကပဲ ပံ့ပိုးပေးထားတာ … သူတို့တွေ အာယာနဲ မစ်ဆူအပေါ် အကြွေးတွေ အများကြီး တင်နေတယ် … တကယ်လို့ အာယာနဲ မစ်ဆူသာ အဆုံးစွန်ထိ လက်တုံ့ပြန်လိုက်မယ်ဆိုရင် သူတို့တစ်ယောက်မှ ကောင်းကောင်း နေနိုင်မှာ မဟုတ်ဘူး …”

အနက်ရောင်ဝတ်စုံနှင့် လက်အောက်ငယ်သားက သူ့ဆိုလိုရင်းကို အပြည့်အဝ မဖမ်းဆုပ်မိပေ။

“ သူတို့က အာယာနဲ မစ်ဆူကို မဆန့်ကျင်ဝံ့ဘူးဆို အခု ဖမ်းဝရမ်းထုတ်လိုက်တာက ဘာအဓိပ္ပာယ်လဲ …”

“ ယာယီပဲနေမှာ …” ဟာရာခါဝါ ရိုရှီဒါက အာယာနဲ မစ်ဆူ၏ ဓာတ်ပုံကို မြှောက်ပြလိုက်ပြီး “ ကြေညာချက်ထဲမှာ အာယာနဲ မစ်ဆူကို ဖမ်းဝရမ်းထုတ်ထားတယ်ဆိုပြီး မရေးထားဘဲ … သူတို့ တကယ် နောက်ကလိုက်နေတဲ့လူက ဒီလူပဲ ဖြစ်ရမယ် ….”

“ ဒါဆို … ကျွန်တော်တို့တွေ ဒီအခွင့်အရေးကြီးကို ဒီတိုင်းပဲ လက်လွှတ်လိုက်ကြတော့မှာလား …..”

ဟာရာခါဝါ ရိုရှီဒါက ထိုင်ခုံနောက်သို့ ကျောမှီလိုက်ရင်း ဆေးလိပ် မီးခိုးငွေ့များကို တိတ်တဆိတ် ရှိုက်သွင်းကာ မိနစ်ဝက်လောက် အတွေးနက်သွားခဲ့၏။

“ အရင်ဆုံး လူစုစည်းပြီး ယာမာဂူချီဂိုဏ်းကို စမ်းသပ်တဲ့အနေနဲ့ တိုက်ခိုက်ကြည့်လိုက် … အထက်ကလူတွေက အာယာနဲ မစ်ဆူနဲ့ လုံးဝကြီး အဆက်ဖြတ်လိုက်တာတော့ မဟုတ်ဘူးဆိုပေမယ့် အခုချိန်က ငါတို့အတွက်တော့ အခွင့်အရေးကောင်းပဲ …”

“ ဒါဆိုလည်း ရှီဇူအိုကာ ကောင်တီကနေပဲ စလိုက်ပါမယ် …”

ဟာရာခါဝါ ရိုရှီဒါက ဓာတ်ပုံကို ကမ်းပေးလိုက်ပြီး “ ဒီပုံတွေကို ကော်ပီကူးလိုက် … တကယ်လို့ သူတို့ ပေါ်လာခဲ့ရင် အာဏာပိုင်တွေဆီ သတင်ပေးပြီး သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားလို့ရမယ် … ငါတို့အတွက်လည်း အကျိုးတော့မယုတ်ဘူး …”

“ နားလည်ပါပြီ …”

အနက်ရောင်ဝတ်စုံနှင့်လူက ဓာတ်ပုံကို ယူပြီး အပြင်သို့ ထွက်ခွာသွားခဲ့၏။

*****

ထိုအချိန်အခိုက်အတန့်၌ လင်းရီနှင့် အာယာနဲ မစ်ဆူတို့သည် ကားထဲတွင် ထိုင်နေကြပြီး သင့်လျော်သည့် ပစ်မှတ်တစ်ခု ထွက်ပေါ်လာမှာကို စောင့်ဆိုင်းလို့နေသည်။

အာယာနဲ မစ်ဆူအတွက်ကတော့ ယခုလိုမျိုး လင်းရီနှင့်အတူထိုင်ပြီး တစ်ယောက်၏ နှလုံးခုန်သံကို တစ်ယောက် ခံစားနိုင်သည်က သူမ အမြဲတမ်း အိပ်မက်မက်နေခဲ့ရသည့် အရာ ဖြစ်၏။

ယခု အခိုက်အတန့်လေးကိုပင် ထာဝရ တည်မြဲသွားစေချင်မိ၏။

“ တစ်ယောက်ယောက် ထွက်လာနေသလိုပဲ …”

လင်းရီ၏ အသံက အာယာနဲ မစ်ဆူကို တကယ့်လက်တွေ့ဘဝသို့ ပြန်လည် ခေါ်ဆောင်လာသည်။

သူမ၏ ကိုယ်ဟန်ကို ထိန်းညှိရင်း အနောက်တံခါးမှ လူလေးဦး ထွက်ပေါ်လာသည်ကို လှမ်းကြည့်လိုက်၏။

“ ပုံစံကြည့်ရသလောက်တော့ အီခဲဂါဝ အဖွဲ့အစည်းကနဲ့တူတယ် … ဒီအချိန်ကြီး ထွက်လာတယ်ဆိုတော့ ညလယ်စာ သွားစားကြမလို့လား မသိဘူး …”

လင်းရီ နာရီ တစ်ချက် ကြည့်လိုက်သည်။ “ ၃ နာရီ ကျော်နေပြီ .. ဒါကို စားဖို့ ထွက်လာတယ်ဆိုတော့ … သူတို့ရဲ့ အချိန်ဇယားက တစ်ခုခုတော့ တစ်ခုခုပဲ …”

“ ဒီလူတွေက ဘဝကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းကြတယ်လေ …” အာယာနဲ မစ်ဆူက မှတ်ချက်ပေးလိုက်ပြီး “ သူတို့ရဲ့ အလုပ်လုပ်တဲ့ အချိန်နဲ့ အနားယူချိန်တွေက လုံးဝ ပြောင်းပြန် … ပိုက်ဆံရှိရင် အပြင်ထွက် အကြီးအကျယ် သုံးဖြုန်းပြီး မရှိတဲ့ အချိန်ကျရင်တော့ တံခါးပိတ်ပြီး အိမ်ထဲ အောင်းနေမယ် … သူတို့တွေကို သာမန်လူတွေရဲ့ စံနှုန်းနဲ့ သွားပြီး အကဲဖြတ်လို့ မရဘူး ….”

“ မင်းမှန်တယ် …” လင်းရီ ရယ်ကျဲကျဲဖြင့် ပြန်ဖြေလိုက်၏။

“ တကယ်ပဲ သူတို့သာ မုန့်စားဖို့ ထွက်လာတယ်ဆိုရင်တော့ ငါတို့အတွက်တော့ အခွင့်အရေးကောင်းဖြစ်ပြီပဲ …”

“ သူတို့နောက် လိုက်သွားရင် လှုပ်ရှားဖို့ အခွင့်အရေး ရလာလိမ့်မယ် …” အာယာနဲ မစ်ဆူက အကြံပြုလိုက်၏။

နှစ်ဦးလုံး မလှုပ်ရှားကြသေးပေ။ ထိုအစား ကားအတွင်းမှ နေ၍ တစ်ဖက်၏ ရွေ့လျားမှုများကို အကဲခတ်နေကြလေသည်။

ထိုစဉ် … အနက်ရောင် ဝတ်စုံ ဝတ်ထားသည့် ကီတာဟာရာ ဆိုဆုခဲသည် ကားထဲရှိ လင်းရီကို သတိထားမိသွားခဲ့၏။

“ ဘာဖြစ်လို့လဲ ကီတာဟာရာစံ …”

“ အဲ့ကားကြည့်ရတာ နည်းနည်း ရင်းနှီးနေသလားလို့….”

ကီတာဟာရာ ဆိုဆုခဲက ဓာတ်ပုံတစ်ပုံကို ထုတ်ကြည့်လိုက်ပြီး အနီးနားတွင် ပါကင်ထိုးထားသည့် Sedan နှင့် နှိုင်းယှဉ်ကြည့်လိုက်၏။

သူ ကြည့်လေလေ၊ စိတ်ထဲ ပိုတူလာလေလေပင်။

“ ဟမ် … ဒီကားက အလိုရှိကြောင်း ကြေညာစာထဲက ကားနဲ့ တစ်ပုံစံတည်း တူနေတာပဲ …” တစ်ယောက်က ပြောလိုက်ပြီး “ ပြီးတော့ ကြည့်လိုက် … ကားထဲမှာလည်း လူနှစ်ယောက် ရှိနေတယ် … အဲ့အမျိုးသမီးက ပုံထဲက တစ်ယောက်နဲ့ တော်တော်လေး တူတယ်မထင်ဘူးလား …”

ကီတာဟာရာ ဆိုဆုခဲတို့ သုံးယောက်လုံး အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။ ဝမ်းသာအားရသည့် အရိပ်အယောင်များက သူတို့ မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။

“ အလိုရှိကြောင်း ကြေညာစာထဲမှာတော့ သူတို့ကို ဖမ်းမိရင် ယန်း တစ်ဘီလီယမ် ဆုချီးမြင့်မယ်ဆိုပဲ … ကံကြမ္မာနတ်သမီးက ငါတို့ကို ကူညီပေးနေတာများလား …”

“ အခုကြည့်ရသလောက်ကတော့ တကယ် ဟုတ်နေတဲ့ပုံပဲ … ဒါပေမယ့် ငါတို့ကောင်‌တွေ အကူ မခေါ်သင့်ဘူးလား …”

“ စောက်ရူး … ၊ ဘာကိစ္စ ခေါ်ရမှာ …” ကီတာဟာရာ ဆိုဆုခဲက တင်းမာသည့် လေသံဖြင့် “ လူတွေအများကြီး ရောက်လာရင် ငါတို့ ရမယ့် ဝေစုလည်း နည်းသွားလိမ့်မယ် … ဘယ်ကောင့်မှ အသိပေးစရာ မလိုဘူး … အခု ရှိတဲ့ ငါတို့ လေးယောက်နဲ့တင် သူတို့နှစ်ယောက်ကို ကိုင်တွယ်ဖို့ လုံလောက်တယ် …”

“ ထောက်ခံတယ် … ကီတာဟာရာစံ ပြောတာ မှန်တယ် …”

စိတ်ပိုင်းဖြတ်ပြီးနောက် ကီတာဟာရာ ဆိုဆုခဲက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

“ ငါ့နောက် လိုက်ခဲ့ကြ …”

“ ဟုတ်ကဲ့ …”

လေးယောက်မှာ သတိကြီးစွာဖြင့် ချဉ်းကပ်လာခဲ့ကြ၏။

မိမိတို့ကိုယ်ကိုယ်ကို သားကောင်လိုက်သည့် မုဆိုးများဟု ထင်နေမိကြသော်လည်း တကယ့်လက်တွေ့တွင်တော့ သူတို့ကိုယ်တိုင်က အသတ်ခံရမည့် သိုးငယ်လေးများအဖြစ် သတ်မှတ်ခံထားရနေပြီးသား ဆိုတာကိုတော့ မသိရှိကြပေ။

ယင်းကလည်း ဂျပန်အစိုးရ၏ ထုတ်ပြန်ကြေညာချက် အမှားကြောင့်ပင်။

သူတို့တွေက အလိုရှိကြောင်း ကြေညာစာထဲတွင် လင်းရီသည် မည်မျှ အန္တရာယ်များသည့် လူဖြစ်ကြောင်းကို မရှင်းပြထားပေ။

ရလဒ် အနေဖြင့် လေးဦးလုံးက လင်းရီကို အရေးကြီးသည့် ရာဇဝတ်သားတစ်ယောက်အနေနဲ့သာ မှတ်ယူမိကြပြီး သူ့ စစ်မှန်သည့် အစွမ်းအစများအကြောင်း သတိမမူမိပေ။

ကီတာဟာရာ ဆိုဆုခဲတို့ ချဉ်းကပ်လာသည်ကို မြင်တော့ လင်းရီနှင့် အာယာနဲ မစ်ဆူတို့ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြ၏။

နှစ်ဦးလုံး၏ စိတ်ထဲ သင်္ကာမကင်း ဖြစ်သွားခဲ့ကြသည်။

ဤလေးယောက်၏ မျက်နှာအမူအရာများက သတိကြီးကြီးထားနေကြပြီး ညလယ်စာ သွားစားမည့်လူတွေပုံစံ ဟုတ်မနေဘဲ သူတို့ထံသို့ အထူးတလှယ် ပစ်မှတ်ထား ဦးတည်လာနေပုံပင်။

“ လူကြီးမင်းလင်း … တစ်ခုခုတော့ မူမမှန်ဘူးနော် …” အာယာနဲ မစ်ဆူက သတိထားသည့် လေသံဖြင့် တီးတိုးပြောဆိုလိုက်သည်။

“ ငါ သိတယ် … သူတို့ သတိပြုမိသွားပြီထင်တယ် …”

တစ်စက္ကန့်လေးမျှပင် အချိန်ဖြုန်းခြင်း မပြုပါဘဲ လင်းရီ ကားအင်ဂျင်ကို စက်နှိုး၍ မောင်းထွက်သွားခဲ့လိုက်၏။

လင်းရီ မောင်းထွက်ပြေးသွားတာကို မြင်တော့ ကီတာဟာရာ ဆိုဆုခဲနှင့် အခြားသူများမှာ ချက်ချင်းလက်ငင်း တုံ့ပြန်လာကြလေသည်။

“ အဲ့ကားက သံသယဖြစ်စရာပဲ … လိုက်ဖမ်းကြ …”

လေးဦးလုံး ကားကိုယ်စီထဲသို့ ဝင်ပြီး လင်းရီ မောင်းထွက်သွားသည့်နောက်သို့ လိုက်ပါလာခဲ့ကြသည်။

လင်းရီ၏ မျက်နှာအမူအရာမှာ လေးနက်တင်းမာနေသည်။ ဤသို့သော မြင်ကွင်းမျိုးကို သူ မျှော်လင့်မထားခဲ့ချေ။

သေချာသည်ကတော့ သူတို့တွေ အမှန်တကယ်ကို ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်၏။

သို့ပေမယ့် … သူတို့တွေ မြို့ထဲမှ ဤနေရာသို့ ရောက်လာချိန်အထိ နှစ်နာရီတင်းတင်းပင် မပြည့်သေးပေ။ သို့တိုင် သတင်းက ဤနေရာသို့တိုင် ရောက်လာနေလေပြီ။

ကောင်းသည့်ကိစ္စရပ်တော့ မဟုတ်ပေ။

အခုကြည့်ရသည်မှာတော့ တိုကျို တစ်မြို့လုံးသာလျှင် မဟုတ်ဘဲ တစ်နိုင်ငံလုံးကိုပါ လော့ဒေါင်း ချလိုက်သည့်ပုံပင်။

ရှေ့ဆက် ထွက်ပြေးရမည့် ခရီးစဉ်သည်လည်း ပိုပိုပြီး အန္တရာယ်များလာပေတော့မည်။

“ လူကြီးမင်းလင်း … သူတို့ မှီလာနေပြီ …” အာယာနဲ မစ်ဆူက နောက်ကြည့်မှန်မှတစ်ဆင့် ကြည့်ပြီး သတိပေးလိုက်၏။

“ ငါလိုချင်တဲ့အတိုင်း ကွက်တိပဲ … မဟုတ်ရင် ကားပြောင်းဖို့ အခွင့်အရေး ဘယ်ရတော့မှာ …” လင်းရီ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်၏။

အာယာနဲ မစ်ဆူမှာ အနည်းငယ် အံ့အားသင့်သွားပြီးမှ နောက်ဆုံးတွင်တော့ လင်းရီ၏ ရည်ရွယ်ချက်ကို သဘောပေါက်နားလည်သွားခဲ့တော့၏။

လမ်းဘေး လူမိုက် လေးယောက်လောက်လေးကတော့ လင်းရီအပေါ် မည်သို့မျှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ချေ။ သူလိုအပ်သည်က လှုပ်ရှားဖို့ နေရာကောင်းတစ်ခုပင်။

ဖြစ်ပျက်နေသည့် အရာအားလုံးက လင်းရီ၏ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေသဖြင့် သူမအတွက် မည်သည့် စိုးရိမ်ပူပန်စရာမျှ မရှိပေ။

အနောက်မှ လိုက်ပါလာသူများ တစ်ဖြည်းဖြည်း နီးကပ်လာတော့ လင်းရီသည် ရုတ်တရက်ဆိုသလို ကားကို အရှိန်တင်လိုက်ပြီး နေရာအကွာအဝေးတစ်ချို့ ဖန်တီးထားလိုက်သည်။ ထို့နောက် အရှိန်ကို တစ်ဖန် ပြန်လျှော့ချလိုက်ရင်း ၎င်းတို့ကို ရှေ့သို့ ဆက်လိုက်လာစေရန် တမင်ဆွဲဆောင်နေသည်။

ကီလိုမီတာ သုံးဆယ်လောက် ထွက်ပြေးပြီးနောက် လင်းရီသည် ကျေးလက် လမ်းကျဉ်းလေးတစ်ခုထဲသို့ မောင်းဝင်သွားပြီး အမှောင်ကျ၊ လူသူကင်းမဲ့သည့် တစ်နေရာ၌ ရပ်တန့်လိုက်၏။

“ ကားထဲမှာပဲ နေ … ဒီကိစ္စ ငါ ကိုင်တွယ်လိုက်မယ် …” လင်းရီ ပြောလိုက်သည်။

“ အိုကေ …”

အာယာနဲ မစ်ဆူ ပေါ့ပါးစွာ ခေါင်းညိတ်ပြလိုက်ပြီး တိတ်တိတ်လေး ထိုင်နေလိုက်၏။ လင်းရီ၏ အစွမ်းအစအပေါ် သူမ ယုံကြည်ချက် အပြည့်ရှိသည်။

ကားအပြင်ဘက်၌ …

လင်းရီသည် သူ့အင်္ကျီအဝတ်အစားများကို ချိန်ညှိပြီး ကားနံဘေးတွင် မတ်တပ်ရပ်နေလိုက်၏။

ခေတ္တကြာပြီးနောက် ကီတာဟာရာ ဆိုဆုခဲ၏ ကားက မီတာအနည်းငယ် အကွာတွင် ရပ်တန့်သွားခဲ့ပြီး လူလေးဦးလုံး ကားပေါ်မှ ဆင်းလာသည်။

သူတို့ရှေ့တွင် ရပ်နေသည့်လူက အလိုရှိကြောင်း ကြေညာစာထဲရှိ လူနဲ့ သိပ်မတူညီနေသည်ကို သတိထားမိလိုက်သည်။ သူ့ကြည့်ရသည်မှာ လုံးလုံးလျားလျား ပြောင်းလဲသွားဟန်ရ၏။

သို့သော် မောင်းသည့်ကားကတော့ တူညီနေသည်။

ထို့ပြင် ကားထဲ၌ ငယ်ရွယ်လှပသည့် အမျိုးသမီး တစ်ဦးရှိနေပြီး အာယာနဲ မစ်ဆူ၏ ပုံရိပ်နှင့်လည်း အနည်းငယ် ဆင်တူနေလျက်ရှိသည်။

“ ပြောစမ်း … မင်းတို့ကောင်တွေ ဘာကိစ္စ ငါ့နောက် လိုက်လာခဲ့တာ …” လင်းရီ အရင်မေးလိုက်၏။ သူ့လေသံက တည်တည်ငြိမ်ငြိမ်ပင်။

“ မင်းကို မေးချင်တာလေးတွေ နည်းနည်းရှိလို့ပါ …”

“ ငါ့လို သာမန်လူတစ်ယောက်ကို မင်းတို့က ဘာအကြောင်းတွေ မေးချင်တာ …”

“ ဟက် …” ကီတာဟာရာ ဆိုဆုခဲက နှာခေါင်းရှုံ့လိုက်ပြီး “ အဲ့တာကတော့ စကားပြောကြည့်ပြီးသွားရင် သိရမှာပေါ့ … မင်းဘက်က အသာတကြည် ပူးပေါင်းပေးတာ အကောင်းဆုံးပဲ …”

All Chapters