← Chapters

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း(241)

ယင်ရိလျိုတစ်ယောက် ကီလိုမီတာ အတော်ကြာအောင် လမ်းလျှောက်ပြီးနောက်တွင် သဲသောင်ပြင်ပေါ်တွင် တချို့သော ရေမှော်ပင်များက သန်စွမ်းစွာ ပေါက်ရောက်နေသည်ကို တွေ့ရ၏။

သို့သော် ယင်ရိလျိုက လူသားတို့၏ အရိပ်အယောင်ကို မတွေ့ရှိရသေးပေ။

သူမက သူမ၏ သိုလှောင်ခန်းထဲမှ ဝတ်ရုံအသစ်နှင့် မျက်နှာဖုံးတို့ကို ထုတ်ယူကာ လေမဝင်နိုင်သော ထမင်းထုပ်ကဲ့သို့ သူ့ကိုယ်သူ လုံခြုံစွာ ထုပ်ပိုးထားလိုက်လေ၏။

အကူအညီမဲ့စွာ တစ်ဦးတည်း ရှိနေခြင်းက အန္တရာယ် များလွန်းသည်ဖြစ်သည်။

သူမသာ အမျိုးသမီးဖြစ်ကြောင်းကို သိရှိသွားပါက အခြေအနေများက ပို၍ ရှုပ်ထွေးသွားနိုင်၏။

မကြာမီမှာပင် အနိမ့်တန်း အဆောက်အအုံများက တဖြည်းဖြည်း မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့လေပြီ။ ၎င်းတို့၏ ယိုယွင်းပျက်စီးနေသော အခြေအနေကို ကြည့်ကာ ယင်ရိလျိုက မလုံခြုံမှုကို ခံစားလိုက်ရသည်။

ဤကဲ့သို့သော အိမ်မျိုးက တရုတ်နိုင်ငံတွင် မရှိသလောက်ပင်။

ထို့ကြောင့် သူမက အလွန်ဝေးလံသော နေရာတစ်ခုသို့ ရောက်ရှိနေပုံ ရသည်။

မြင့်မားသော အပင်များက တဖြည်းဖြည်း များပြားလာပြီး ဝတ်ရုံ၏ အောက်တွင် ဝှက်ထားသော သူမ၏ နားရွက်များက လူသားတို့၏ စကားသံကို ကြားလာရ၏။

မနီးမဝေးတွင် လူသားတို့ အခြေချ နေထိုင်သည့် နေရာတစ်ခု ရှိနေပုံ ရသည်။

သူမ၏ ခန္ဓာကိုယ်က ပြန်လည်ကျန်းမာမလာသေးပေ။

နောက်ကျောဘက်မှ ဒဏ်ရာတွင် အသားသစ်များက ထွက်ပေါ်နေပြီ ဖြစ်ကာ ပတ်တီးနှင့် အဝတ်အစားတို့၏ ပွတ်တိုက်မှုကြောင့် ထုံကျဉ် ယားယံနေသောကြောင့် သူမအနေဖြင့် လက်လှမ်း၍ ကုတ်ဖဲ့ချင်စိတ် ဖြစ်နေသည်။

ယင်ရိလျိုက ယားယံမှုကို အတင်းအကျပ်အောင့်အည်းထားရပြီး၊ ဧရာမအာရဇ်အပင်ကြီး တစ်ပင်၏ နောက်တွင် ပုန်းအောင်းကာ အရှေ့ဘက်မှ လူသားတို့၏ အခြေချစခန်းကို အကဲခတ်လိုက်လေ၏သည်။

မြင်ကွင်းတစ်ဆုံးတွင် အလွန်တွင် မြင့်မားသော တဲအိမ်ကြီးတစ်ခုကို မြင်တွေ့ရ၏။

ဤသည်မှာ အခြေချစခန်း၏ အစွန်ဆုံးတွင် တည်ဆောက်ထားသော ကင်းမျှော်စင်နှင့် တူသော်လည်း တည်ဆောက်ပုံကတော့ အလွန် ညံ့ဖျင်းလွန်းသည်။

အကယ်၍ ဧရာမ သန္ဓေပြောင်းသားရဲတစ်ကောင်ကသာ ဝင်တိုက်လိုက်ပါက ကင်းမျှော်စင် တစ်ခုလုံးက ပြိုကျသွားပေလိမ့်မည်။

အထက်တွင် လူနှစ်ဦးက ကင်းလှည့်နေသည်။

ရာသီဥတုက ဆောင်းဦးကာလကဲ့သို့ မအေးသော်လည်း၊ နွေဦးရာသီ၏ နွေးထွေးမှုကလည်း သိပ်ပြီး ရရှိပုံမရပေ။

ယင်ရိလျိုကဲ့သို့ အအေးဒဏ်ကို မခံစားရသူများမှလွဲ၍ လူအများစုက အေးစက်သော လေဒဏ်ကို ကာကွယ်ရန်အတွက် ထူထဲသော ဂွမ်းအင်္ကျီများကို ဝတ်ဆင်ထားကြ၏။

ကင်းလှည့်သမား နှစ်ဦးက စက်သေနတ်များကို အရှေ့တွင် တပ်ဆင်ထားသည်။

သို့သော် သူတို့၏ ခန္ဓာကိုယ် အထက်ပိုင်းကို သစ်ကိုင်းများဖြင့် ဖုံးအုပ်ထားသောကြောင့် မျက်နှာများကို မမြင်ရပေ။

ယင်ရိလျိုက ဤအခြေစိုက်စခန်းက ပေထင်ထက်ပင် ပို၍ သေးငယ် လိမ့်မည်ဟု ခန့်မှန်းလိုက်လေ၏။

အဆောက်အအုံ၏ ဧရိယာက သေးငယ်ခြင်းမျိုး မဟုတ်ဘဲ သူတို့၏ ဗိသုကာဆိုင်ရာ ကာကွယ်ရေးစနစ်များက အလွန်အခြေခံကျလွန်းကာ တရုတ်နိုင်ငံရှိ အဆင့်မြင့် စစ်ရေး အခြေစိုက်စခန်းများနှင့် မနှိုင်းယှဉ်နိုင်ခြင်းပင်။

သူမက ခဏတာ တုန့်ဆုတ်နေပြီးနောက်၊ အနီးကပ်သို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်လေ၏။

အခြေစိုက်စခန်းသို့ ချဉ်းကပ်သွားသည့်အချိန်တွင် ယင်ရိလျိုက ဆင့်ကဲပြောင်းလဲသူ လူသားတချို့မှ သားကောင်များကို သယ်ဆောင်ကာ မြို့တံခါးအတွင်း၊ အပြင်သို့ သွားလာနေကြသည်ကို မြင်တွေ့ရသည်။

ထိုလူများ၏ အသားအရောင်က ဝါသော်လည်း၊ သူမ လုံးဝကို နားမလည်နိုင်သော ဘာသာစကားဖြင့် ဗလုံးဗထွေး ပြောဆိုနေကြ၏။

သူမက စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားသော်လည်း၊ တရုတ်နိုင်ငံ၏ နယ်နိမိတ်ကို ကျော်ဖြတ်လာခဲ့ရသည်ကို လက်တွေ့သိရှိလိုက်ရသည့်အချိန်တွင် အနည်းငယ် ထိတ်လန့်သွားမိသည်။

အခြေစိုက်စခန်း၏ လူဦးရေကို စစ်ဆေးမှုမှာ အလွန်လျော့ရဲနေသည်ကို မြင်ရသောကြောင့် ယင်ရိလျိုလည်း ခေါင်းကိုငုံ့ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်သွားလေ၏။

သူမ အထဲသို့ ရောက်သွားသည့်တိုင်အောင် မည်သူကမျှ တားဆီးခြင်းကို မပြုခဲ့ပေ။

ဤသည်မှာ တခြား ကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားရသည်။

အခြေစိုက်စခန်း တစ်ခုလုံးက အလွန် ကျပ်ညပ်ကာ ပြည့်နှက်နေပြီး ညစ်ပတ်လွန်းသော အနိမ့်တန်း အဆောက်အအုံများက နေရာအနှံ့တွင် ရှိနေ၏။

ငတ်မွတ်၍ ပိန်ချုံးနေသော သာမန်လူများက သူမ နားမလည်သော ဘာသာစကားဖြင့် စကားပြောရင်း လှုပ်ရှားသွားလာနေကြသည်။

ယင်ရိလျို၏ ဝတ်စားဆင်ယင်မှုက ဤအခြေစိုက်စခန်းတွင် အံဝင်ခွင်ကျ ဖြစ်ပုံမရပေ။

ထို့ကြောင့် ပတ်ဝန်းကျင်ရှိ လူအများအပြားက ထိုထူးဆန်းသော လူကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။

သူမက အရပ် (၁.၇) မီတာခန့် ရှိသောကြောင်း အရပ်ပုသော သာမန် အမျိုးသားတချို့နှင့် သိပ်မကွာခြားလှပေ။

ထို့ပြင် ဝတ်ရုံ၏ အောက်မှ သူမ၏ နားရွက်များကြောင့် သူမကို ပို၍ အရပ်မြင့်မားသကဲ့သို့ ထင်ရစေသည်။

ပိန်ပါးသည့် ကောင်လေးတစ်ဦးက ခေါင်းငုံ့၍လမ်းလျှောက်လာလေ၏။

သူက တခြားသော လမ်းသွားလမ်းလာများကဲ့သို့ပင် ယင်ရိလျိုထံသို့ တိတ်တဆိတ် လျှောက်လာခဲ့သည်။

သူ၏ အဝတ်အစားများက အလွန် ပါးလွှာလွန်းသည်။ ယင်ရိလျို၏ အနားသို့ ရောက်သည့်အချိန်တွင်တော့ သူ၏ ပိန်လှီသော ပုခုံးဖြင့် သူမ၏ ပုခုံးကို တိုက်မိသွားခဲ့သည်။

ယင်ရိလျိုက သူ့ကို ထူမရန်အတွက် ဗီဇအသိစိတ်အရ လက်လှမ်းလိုက်သော်လည်း သူမ၏ လက်က အေးစက်၍ မာကြောသော တစ်စုံတစ်ခုကို ထိတွေ့မိသွားသည်။

ထိုကောင်လေးက တရုတ်စကားလည်း မဟုတ်၊ အင်္ဂလိပ်စကားလည်း မဟုတ်သော ထူးဆန်းသည့် ဘာသာစကားဖြင့် တစ်ခုခုကို ခပ်တိုးတိုး ရေရွတ်နေ၏။

“သတိထားဦး”

သူမက ပြောဆိုပြီး ထိုကောင်လေးကို ပုခုံးမှ ကိုင်၍ ထူမပေးရန်အတွက် ပြင်ဆင်လိုက်လေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ မျက်လုံးများက ချက်ချင်းပင် စူးရှသွားခဲ့ရ၏။

သူမက အရှေ့သို့ လက်လှမ်းပြီး ထိုကောင်လေး၏ လက်မောင်းကို ဖမ်းဆုပ်လိုက်ကာ ပြင်းထန်စွာ လိမ်ချပြီး မြေပြင်ပေါ်သို့ ဖိချလိုက်လေသည်။

ထိုကောင်လေးက ယင်ရိလျို၏ လှုပ်ရှားမှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားရပြီး မျက်နှာတွင်လည်း အလွန် နာကျင်နေသည့်အမူအရာကိုပြသလာသည်။

သူက လက်နှစ်ဖက်ကို စုပြီး ယင်ရိလျိုကို ဦးညွှတ်၍ အရိုအသေပြုလာသည်။

သူက အလွန် ပိန်လွန်းသောကြောင့် သူ၏ မျက်လုံးများက ထူးခြားစွာ ကြီးမားနေပြီး၊ သူ၏ ကောက်ကွေးသော ဆံပင်များကလည်း သူ့ကို သနားစရာကောင်း၍ အပြစ်ကင်းစင်ပုံ ဖြစ်စေသည်။ သူက သူမကို အဆက်မပြတ် တောင်းပန်နေပုံရ၏။

ယင်ရိလျိုက နားမလည်သော်လည်း ထိုဆံပင်ကောက်သည့်ကောင်လေး၏ ဆိုလိုရင်းကို ခန့်မှန်းနိုင်သည်။

သူမက သက်ပြင်းချပြီး မျက်မှောင်ကြုတ်ကာ ကောင်လေး၏ လက်မောင်းကို လွှတ်ပေးလိုက်လေ၏။

ထိုကလေးက အပြစ်ကင်းစင်ပြီး ရိုးသားပုံရသော်လည်း သူ၏ လှုပ်ရှားမှုများက အလွန်လျင်မြန်လွန်းပြီး သူမ၏ ဝတ်ရုံအောက်ရှိ ချီထူ ဓားကို ထိတွေ့သွားခဲ့သည်။

အကယ်၍ သူမတွင်သာ ထူးကဲသော အာရုံခံစားမှုနှင့် တုံ့ပြန်နိုင်စွမ်း မရှိခဲ့လျှင်၊ ဤကောင်လေး၏ အလစ်သုတ်ခြင်းကို ခံရပေလိမ့်မည်။

ယင်ရိလျိုက သူတို့ကို အပြစ်တင်ရန်အတွက် မရည်ရွယ်ပေ။

သူမက ဆင့်ကဲပြောင်းလဲနိုင်စွမ်း မရှိသော ဤသာမန်လူများ၏ အခြေအနေကို နားလည်ပေးနိုင်သည်။

သူတို့က အမဲမလိုက်နိုင်သောကြောင့် အခိုင်းအစေလုပ်၍သာ ငွေရှာကြရ၏။

သို့သော် ဤကဲ့သို့ သိသာစွာ နောက်ကျနေသော အခြေစိုက်စခန်းထဲမှ စခန်းခေါင်းဆောင်က သူတို့ကို ထောက်ပံ့ပေးနိုင်မည် မဟုတ်ပေ။

အထူးသဖြင့် ဤကောင်လေးက ကလေးငယ်တစ်ဦးသာ ဖြစ်သည်။

သူမက ကောင်လေး၏ ပုခုံးကို ပုတ်ပေးလိုက်ပြီး မတ်တပ်ရပ်ရန်အတွက် ကူညီပေးလိုက်လေ၏။

ထိုကောင်လေးက လက်အုပ်ချီပြီး သူ့၏ အမှားကို ဝန်ခံရန် အထပ်ထပ် ဦးညွှတ်နေသည်။

ထိုခဏတွင် ရုတ်တရက် သူက အရှေ့သို့ တိုးဝင်လိုက်ကာ သူ၏ အပြစ်ကင်းစင်သော မျက်လုံးများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့ပြီး ယင်ရိလျို၏ ခါးကို လှမ်း၍ ဆွဲကိုင်လိုက်လေသည်။

အရှေ့မှလူမှာ သေချာပေါက် အပြင်မှလာသူဖြစ်ပြီး တစ်ဦးတည်း ဖြစ်၏။

ထိုကောင်လေးက သူမထံမှသာ လုယက်နိုင်ပါက သူ ကောင်းစွာ မှတ်မိနေသော ဤအခြေစိုက်စခန်း၏ ရှုပ်ထွေးလွန်းသော လမ်းကြားများထဲတွင် အနောက်မှ လိုက်မည့်သူကို အလွယ်တကူ မျက်ခြေဖြတ်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။

ရရှိတော့မည့် ရတနာကို တွေးပြီး သူက အလွန်ကျေနပ်စွာ ပြုံးလိုက်မိ၏။

သို့သော် နောက်တစ်ခဏတွင် သေးသွယ်သော်လည်း အလွန် အစွမ်းထက်သော လက်တစ်ဖက်က သူ၏ ပုခုံးရိုးကို ဖမ်းဆုပ်လိုက်ပြီး၊ တခြား လက်တစ်ဖက်ဖြင့် သူ၏ လည်ချောင်းကို ညှစ်ကာ မြေပြင်ပေါ်သို့ ထပ်မံ၍ ပစ်ချလိုက်ပြန်၏။ အနားတွင် ဖုန်မှုန့်များ ထသွားခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ ထိုလူက အားကို အတော်ပင် အသုံးပြုခဲ့သောကြောင့် ကောင်လေး၏ ကျောပြင်က မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွား၏။

သူ၏ ညစ်ပတ်နေသော မျက်နှာလေးက နာကျင်မှုကြောင့် တွန့်ရှုံ့သွားပြီး၊ သူ ရန်မစသင့်သည့် လူကို ရန်စမိပြီဖြစ်ကြောင်းကို သိရှိသွားသည်။

ဆင့်ကဲပြောင်းလဲထားသော လူသားများက အခြေစိုက်စခန်းတွင် မြင့်မားသော အဆင့်အတန်းရှိကြပြီး ဒေါသထွက်တတ်ကြ၏။

ဤမျက်နှာဖုံးကိုစွပ်ထားသော လူက သူ့ကို လမ်းပေါ်တွင် သတ်ပစ်လျှင်ပင် မည်သူကမှဂရုစိုက်မည် မဟုတ်ပေ။

ဤသည်က ကြီးမားသော ကိစ္စ မဟုတ်ပေ။

ကောင်လေးက ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့သည်။

သူက အခြေစိုက်စခန်းတွင် ခိုးယူခြင်းဖြင့် အသက်မွေးသော်လည်း၊ အများအားဖြင့် တစ်ဦးတည်း လာသူများ သို့မဟုတ် အနိုင်ကျင့်ရ လွယ်ကူသော သာမန်လူများကိုသာ ပစ်မှတ်ထားလေ့ ရှိသည်။

သူ၏ ဆုံးဖြတ်ချက်ကလည်း မည်သည့်အချိန်တွင်မျှ မမှားယွင်းခဲ့ဖူးပေ။

လက်ရှိတွင် အရှေ့မှလူက အမှန်တကယ်ပင် ဒေါသထွက်နေပြီး သူ၏ လည်ပင်းကို ချိုးပစ်နိုင်သောခွန်အား ရှိကြောင်းကို သူ ခံစားရသည်။

သူက ယင်ရိလျို နားမလည်သော စကားများဖြင့် အသနားခံကာ တောင်းပန်နေခဲ့၏။

ယင်ရိလျို၏ အမူအရာက အနည်းငယ် ရှုပ်ထွေးနေသည်။

သူမက ခိုးယူမှုအတွက်ကြောင့် လူတစ်ယောက်ကို သတ်မည့်သူ မဟုတ်ပေ။

သူမ အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် သူမ၏ လက်ကို လွှတ်ပေးလိုက်လေသည်။

ထို့နောက် မြေပြင်ပေါ်မှ ကောင်လေးကလည်း ထရပ်ပြီး လိမ်ကောက်နေသော လမ်းကြားထဲသို့ အနောက်သို့လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့၏။

သူမ ခေါင်းကို လှည့်ကြည့်လိုက်သည့်အချိန်တွင် ပတ်ဝန်းကျင်ရှိ လူတိုင်းက သူမဘက်သို့ ကြည့်နေကြသည်ကို တွေ့ရသည်။

သို့သော် သူမ၏ အကြည့်နှင့် ဆုံသည့်အချိန်တွင် လူတိုင်းက မျက်နှာလွှဲသွားကြ၏။

“တခြားမြို့က လာတာလား”

ထိုအချိန်မှာပင် ယင်ရိလျိုက အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

ထိုသူက အင်္ဂလိပ်စကားကို ပြောနေခြင်းကြောင့် သူမ နားလည်နိုင်ပေသည်။

သူမက ခေါင်းကို လှည့်ကြည့်လိုက်သည့်အချိန်တွင် မနီးမဝေးတွင် အမျိုးသားနှစ်ဦး ရပ်နေပြီး သူမကို စိတ်ဝင်တစားဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

တစ်ဦးက ရွှေအိုရောင် ဆံပင်နှင့် ပြာလွင်သောမျက်လုံးများရှိပြီး ဂရိနတ်ဘုရားတစ်ပါးကဲ့သို့ လှပလွန်းကာ တခြားတစ်ဦးကတော့အာရှသား ဖြစ်၏။

အင်္ဂလိပ်စကားကိုပြောဆိုသူက ထိုနိုင်ငံခြားသား မဟုတ်ဘဲ အာရှသားပင် ဖြစ်ပေသည်။

သူမက ထိုအမျိုးသားနှစ်ဦးကို သတိထား၍ ကြည့်ရင်း သဘောတူသည့် အသံပြုလိုက်လေ၏။

ဤကဲ့သို့သော ယုံကြည်ရခက်သော ခေတ်ကာလ၌ သူမ၏ နေရပ်နှင့် ဝေးလံသော တိုင်းတစ်ပါးတွင် ရှိနေချိန်အတွင်း တစ်စုံတစ်ဦးက အပြင်ပန်းတွင် မည်မျှပင် ရိုးသားဖြူစင်ပုံ ပေါက်နေပါစေ မယုံကြည်သင့်ပေ။

လူတိုင်းက နောက်ကျောမှ ဓားနှင့် ထိုးနိုင်သည်။

“မင်းက တရုတ်လူမျိုးလား”

သူမကို အံ့အားသင့်စေသည်မှာ ထိုအမျိုးသားက တရုတ်ဘာသာစကားဖြင့် ထပ်မံ၍ မေးမြန်းလိုက်ခြင်းပင်။

သူမက အံ့အားသင့်စွာဖြင့် ထိုအမျိုးသားကို သေသေချာချာ စစ်ဆေးလိုက်လေသည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ်က တောင့်တင်းလွန်း၏။

သူတို့နှစ်ဦးက အဖွဲ့တစ်ခုတည်းမှ ဖြစ်ပုံရပြီး၊ ဆင်တူသော အဝတ်အစားများ၊ သားရေဖိနပ်များနှင့် အိတ်ကပ်ထဲ၌ သေနတ်များကို ဆောင်ထားကြသည်။

ယင်ရိလျိုက မည်သည်ကိုမျှ မသိရှိသော နေရာတွင် သူမ၏ တစ်နိုင်ငံတည်းသားကို တွေ့ရသောကြောင့် အတော်ပင် စိတ်လှုပ်ရှားသွားရ၏။

“မင်းလည်း တရုတ်လူမျိုးပဲလား”

သူမက သူမ၏ သတိထားမှုကို လျှော့ချလိုက်ပြီး မေးမြန်းလိုက်လေသည်။

*

All Chapters