← Chapters

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း(247)

ဤအရိပ်ကြီး၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ဘေးပတ်ဝန်းကျင်ရှိ အိမ်နိမ့်လေးများထက် ပိုမိုမြင့်မားနေပြီး မြူများကြောင့် ပုံသဏ္ဌာန်ကတော့ ပျောက်ကွယ်နေ၏။

ထိုသတ္တဝါကြီး ပြေးလွှားလာသည့်အချိန်တွင်တော့ လေတိုက်နှုန်းကြောင့် ပတ်ဝန်းကျင်မှ မြူဖြူများက လွင့်စင်သွားသည့်အတွက် ၎င်း၏ ပုံသဏ္ဍာန်အကြမ်းထည်ကို မြင်တွေ့နိုင်သည်။

ဤဧရာမ သတ္တဝါကြီးက အနည်းဆုံး လေးမီတာခန့် မြင့်မားမည်ဟု ခန့်မှန်းရပြီး သန္ဓေပြောင်းဂေါ်ရီလာနှင့် အရွယ်အစား တူသော်လည်း ပို၍ ရန်လိုပုံရ၏။

မြူထု၏ လှုံ့ဆော်မှုကြောင့် သူက လူသားတို့၏ မြို့ရွာများကို တက်ကြွစွာ ကျူးကျော်လာခဲ့လေပြီ။

နောက်တစ်စက္ကန့်တွင် မြို့တံခါးအနီးရှိ အဆောက်အအုံများက ထိုဧရာမ သားရဲကြီး၏ ပြင်းထန်သော ဝင်တိုက်မိမှုကို ခံလိုက်ရလေသည်။

အနည်းငယ်နိမ့်သော အိမ်လေးများမှာတော့ ၎င်း၏ ဧရာမ ခန္ဓာကိုယ်အောက်တွင် ပြိုလဲသွားကြရလေ၏။

အဆောက်အအုံများ ပြိုကျသံများနှင့်အတူ လူများလည်း နင်းခြေခံရကာ သေဆုံးသွားပုံရပြီး အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာတော့သည်။

ယင်ရိလျိုအနေဖြင့် မူလက လော့ကျားခရိုင်မှ အချိန်မီ ထွက်ခွာရန်အတွက် ရည်ရွယ်ခဲ့၏။

သို့သော် အကူအညီမဲ့နေသော သာမန်လူများက ထိတ်လန့်တကြားဖြင့်ပြေးလွှားရင်း နင်းခြေခံရမှုကြောင့် သေဆုံးနေရသည်ကို တွေ့မြင်နေခဲ့ရ၏။

သူမက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်မိကာ အံကို တင်းတင်းကြိတ်ပြီး တုံ့ဆိုင်းမှုမရှိဘဲ လှည့်ပြန်ခဲ့သည်။

သူမ၏ ခန္ဓာကိုယ်ကတော့ အိမ်ခေါင်မိုးများ၏အပေါ်တွင် လျင်မြန်သော ပျံလွှားငှက်တစ်ကောင်ကဲ့သို့ ပျံသန်းနေခဲ့ကာ ထူထပ်သော မြူထုထဲရှိ ဧရာမ သားရဲကြီးထံသို့ ဦးတည်သွားတော့၏။

သူမ၏ အရွယ်အစားက ဧရာမ သန္ဓေပြောင်း သားရဲကြီးနှင့် ယှဉ်ပါက အလွန်ပင်သေးငယ်လွန်းသည်။

သူမက သားရဲကြီးက သောင်းကျန်းနေသော အလယ်ဗဟိုသို့ ချဉ်းကပ်သွားသည့်အချိန်တွင် မြူများ၏ ကြား၌ အဆောက်အအုံများကို ဖျက်ဆီးပြီး လူသားများကို နင်းခြေနေသော ထိုသတ္တဝါကို ရှင်းလင်းစွာ မြင်တွေ့လာရ၏။

၎င်းက သွေးဆာနေသော မျက်လုံးများရှိသည့် ထူးဆန်းသော သန္ဓေပြောင်း တိရစ္ဆာန်တစ်ကောင် ဖြစ်၏။

သူ၏ ကြီးမားသော ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက ခြေလက်များကတော့ အလွန်တိုတောင်းလွန်းသည်။

သူ၏ ဦးခေါင်းနှင့် မျက်နှာက အလွန်အမင်းကြီးမားပြီး ရုပ်ဆိုးနေကာ တစ်နည်းနည်းဖြင့် ပုံပျက်နေသကဲ့သို့ ထူးဆန်းနေ၏။

မျက်နှာ၊ နှာခေါင်းနှင့် ပါးစပ်တို့က ပြားချပ်၍ ပြူးထွက်နေပြီး ပါးစပ်၏ ဘေးတွင်တော့ ကြီးမား၍ ကွေးတက်နေသော အစွယ်တစ်စုံ ရှိနေသည်။

ဤအစွယ်များက ၎င်း၏ အဓိက တိုက်ခိုက်ရေး လက်နက်ဖြစ်ကြောင်းကို ထင်ရှားပေ၏။

လူသားများသာမက ခိုင်ခံ့သော အဆောက်အအုံများပင်လျှင် ဤကဲ့သို့ အစွယ်များနှင့် ရင်ဆိုင်ရပါက ပြားပြားဝပ်သွားခဲ့ရလေ၏။

ယင်ရိလျို သေသေချာချာ ကြည့်လိုက်သည့်အချိန်တွင် ဧရာမအစွယ်ကြီးများ၏ အောက်တွင် သေးငယ်သော်လည်း ထက်မြက်သော သွားတစ်စုံက ရှိနေသည်ကို သတိပြုမိလိုက်လေ၏။

၎င်းတို့က ခိုင်ခံ့သော အစွယ်ကြီးများထက်ပင် ပို၍ ချွန်ထက်ပုံရသည်။

ထိုသတ္တဝါ၏ ထူးဆန်းသော ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီးနောက်တွင် ၎င်းက မည်သည့်သတနဝါဖြစ်ကြောင်းကို သူမက မှတ်မိသွားခဲ့သည်။

တောဝက်များဆိုသည်မှာ အလွန် ရန်လိုသော တောရိုင်းတိရစ္ဆာန်များ ဖြစ်ကြ၏။

အိမ်မွေးဝက်များနှင့်မတူဘဲ သူတို့တွင် အဖုအထစ်များရှိနေပြီး ကျားသစ်ကဲ့သို့သော သတ္တဝါများ၏ ခန္ဓာကိုယ်ကိုပင် အစွယ်ဖြင့် ထိုးဖောက်နိုင်စွမ်းရှိကြသည်။

ယုတ္တိဗေဒအရ ဤကဲ့သို့ သတ္တဝါမျိုးက တိဗက်ဒေသတွင် မရှိနိုင်ပေ။

သို့သော် ကမ္ဘာပျက်ကပ်ပြီးနောက် ပတ်ဝန်းကျင်က အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး တောရိုင်းတိရစ္ဆာန်များနှင့် သန္ဓေပြောင်း သတ္တဝါမျိုးစုံက ဦးတည်ချက်မရှိ ရွှေ့ပြောင်းနေထိုင်လာကြခြင်း ဖြစ်သည်။

ထို့ကြောင့် လူနေကျဲပါးသော တိဗက်ဒေသများတွင် ဤကဲ့သို့ လမ်းမှားလာသော သတ္တဝါ တစ်ကောင်၊ နှစ်ကောင် တွေ့ရှိရခြင်းက အံ့သြစရာ မဟုတ်ပေ။

သို့သော် ဤဧရာမ သန္ဓေပြောင်း သားရဲကြီးက ထူထပ်သော မြူထုကြောင့် သောင်းကျန်းလာသည့်အချိန်တွင် အတော်လေး ပြဿနာတက်စရာ ဖြစ်လာခဲ့၏။

ယင်ရိလျိုက ထိုသားရဲကြီးနှင့် အတော်လေး ဝေးသော အကွာအဝေးတွင် နေလိုက်လေသည်။

ချီထူဓားက အနီးကပ်တိုက်ခိုက်ရေး လက်နက်ဖြစ်ပြီး သူမ အကျွမ်းကျင်ဆုံး လက်နက်လည်း ဖြစ်၏။

သို့သော် အခြေအနေက မသဲကွဲသေးဘဲ ရန်သူကလည်း အလွန်ကြီးမားနေချိန်တွင် အနီးကပ်တိုက်ခိုက်ခြင်းက အလွန်အန္တရာယ်များလွန်းသည်။

သူမက တုံ့ဆိုင်းမနေဘဲ ဟင်းလင်းပြင်သိုလှောင်ခန်းထဲမှ လေးလံသော သေနတ်တစ်လက်ကို ထုတ်ယူလိုက်လေ၏။

သူမက မလှမ်းမကမ်းရှိ အိမ်ခေါင်မိုးပေါ်တွင် ပုန်းကွယ်လျက် လက်နက်ကို တပ်ဆင်လိုက်လေသည်။

ထို့နောက် ပြောင်းဝ၏ အရှေ့တွင် ကိုယ်ကို နှိမ့်ပြီး၊ မှန်ပြောင်းမှတစ်ဆင့် သောင်းကျန်းနေဆဲဖြစ်သော တောဝက်ကြီးကို ချိန်ရွယ်လိုက်လေ၏။

ကျင်းမိသားစု၏ မြေအောက်ခန်းမှ သူမက ယူဆောင်လာခဲ့သော လေးလံသည့် စက်ကိရိယာများနှင့် မြို့တော်Z တွင် ရရှိခဲ့သော ပြုပြင်ထားသည့် လက်နက်တချို့က ယင်ရိလျို၏ နေရာလွတ်ထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

သူမ ထိုလက်နတ်တို့ကို သုံးခဲ၏။

ယခု သူမက ထုတ်ယူလိုက်သောလက်နတ်က တစ်မီတာကျော် ရှည်လျားသော ပြောင်းဝကျယ် စနိုက်ပါ ရိုင်ဖယ်တစ်လက် ဖြစ်

သည်။

ဤရိုင်ဖယ်၏ ပြောင်းဝနှင့် အရွယ်အစားကို ကြည့်ရုံဖြင့်ပင် သာမန်လက်နက်ငယ်များထက် အဆပေါင်းများစွာ ပိုမို အားကောင်းကြောင်းကို သိနိုင်၏။

ဤကဲ့သို့သော စနိုက်ပါ ရိုင်ဖယ်များကို ယေဘုယျအားဖြင့် ဝေးလံသော အကွာအဝေးမှ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးရန်အတွက် အသုံးပြုကြ၏။

အလယ်အလတ်စား ယာဉ်များကိုပင် ဖောက်ထွက်နိုင်စွမ်း ရှိသည်။

သာမန် ပစ္စတိုသေနတ်များက ငါးမီတာခန့် ရှည်လျားသော တောဝက်ကြီး၏ ထူထဲသော အရေခွံကို ဖောက်နိုင်လိမ့်မည် မဟုတ်ပေ။

ယင်ရိလျို၏ လက်ဖဝါးများတွင် ချွေးစေးများက ထွက်လာခဲ့၏။

သူမက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်များကို အဝတ်နှင့် သုတ်လိုက်လေသည်။

အိမ်ဝန်းထဲတွင် ရှိနေခဲ့ချိန်က ကျင်းယန်က သူမကို သေနတ်ပစ်နည်း သင်ပေးခဲ့ဖူး၏။

သို့သော် သူမအတွက် အဝေးပစ်တိုက်ခိုက်မှုများ၏ မရေရာမှုနှင့် ထိမှန်နှုန်း နည်းပါးမှုတို့ကြောင့် သေနတ်က သူမနှင့် သိပ်မကိုက်ညီပေ။

ထိုအစား ပို၍ အန္တရာယ်များပုံရသော်လည်း ဓားကဲ့သို့သော အနီးကပ်တိုက်ခိုက်ရေး လက်နက်များက သူမနှင့် ပို၍ သင့်တော်သည်။

သို့သော် ကောင်းကောင်း မသုံးတတ်ခြင်းက လုံးဝ မသုံးနိုင်ခြင်းကို မဆိုလိုပါချေ။ မည်သို့ပင်ဖြစ်စေ လက်ရှိ၌ ထူထပ်သော မြူများကြောင့် အရှေ့မြင်ကွင်း ပိတ်ဆို့နေသောကြောင့် မှန်ပြောင်းထဲတွင် အလွန် ဝေဝါးနေခဲ့၏။

သန္ဓေပြောင်း သားရဲ၏ အားနည်းချက်ကို မထိမှန်မည်ကို စိုးရိမ်သောကြောင့် ယင်ရိလျိုက အကြိမ်ကြိမ် တုံ့ဆိုင်းနေမိသည်။

သူမက လက်ရှိတွင် သန္ဓေပြောင်း တောဝက်ကြီး၏ နှလုံးသားတည့်တည့်တွင် တည်နေရာ ယူထား၏။

သို့သော် ဤနေရာကို ဖောက်ထွက်နိုင်မည်လားဆိုသည်ကို မသေချာပေ။

အကယ်၍ ပြင်းထန်သော ဒဏ်ရာကို မပေးနိုင်ခဲ့ပါက ဤကြမ်းတမ်းသော သားရဲကြီးကို ပို၍ဒေါသထွက်အောင် ဆွပေးလိုက်သကဲ့သို့သာ ဖြစ်သွားပေလိမ့်မည်။

သူမ၏ ပတ်ဝန်းကျင်တွင် အကာအကွယ်ဟူ၍ မည်သည့်အရာမှမရှိပေ။

အကယ်၍ သန္ဓေပြောင်း တောဝက်ကြီးကသာ သူ၏ဒေါသများကို သူမရှိနေရာဘက်သို့ ပုံချလိုက်ပါက ထွက်ပြေးရန်အတွက်ပင် ခက်ခဲပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ယင်ရိလျိုက သူမ၏ အသင်းဖော်များ၏ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ဤကဲ့သို့သော ဧရာမ သားရဲကြီးကို တစ်ယောက်တည်း ရင်ဆိုင်ရခြင်းက အလွန်ပင် ခက်ခဲကြောင်းကို ပို၍ နက်ရှိုင်းစွာ သဘောပေါက်သွားခဲ့၏။

ထိုအချိန်မှာပင် သူမ၏ အထက်ကောင်းကင်ယံ၌ သေနတ်ပစ်သံများနှင့် သတ္တုချင်း ထိခိုက်သံများက ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ပြင်းထန်လွန်းသော တိုက်ခိုက်မှုများက ဥက္ကာခဲများကဲ့သို့ သန္ဓေပြောင်း တောဝက်ကြီး၏အပေါ်သို့ ကျရောက်သွား၏။

ယင်ရိလျို၏ မြင်ကွင်းထဲ၌ တောဝက်ကြီး၏ အရေခွံများက ထိုအဆက်မပြတ် တိုက်ခိုက်မှုများကြောင့် သွေးချင်းချင်းနီသော အပေါက်များ ဖြစ်သွားခဲ့၏။

သူမက ခေါင်းကိုမော့ကြည့်လိုက်လျှင် သူမ၏ အထက်တွင် သန္ဓေပြောင်း တောဝက်ကြီးထံသို့ ဦးတည်၍ ပြေးလွှားနေကြသော ဆင့်ကဲပြောင်းလဲသူတစ်စုကို တွေ့လိုက်ရသည်။

တချို့က အတော်လေးကို စနစ်ကျသော အကာအကွယ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး တချို့က တိဗက်ရိုးရာ ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။

ဤလူများက ဤမြို့နယ်အခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ပေလိမ့်မည်။

ခေတ်သစ် လူသားဆင့်ကဲပြောင်းလဲမှု အုပ်စုများတွင် ငှက်ကဲ့သို့ သန္ဓေပြောင်းလဲသူများ သို့မဟုတ် ငှက်ဗီဇပါသော ဆင့်ကဲပြောင်းလဲသူများက မရှိမဖြစ် အသင်းဖော်များ ဖြစ်ကြ၏။

သူတို့က အသင်းဖော်များကို ကျယ်ပြောလွန်းသော ကောင်းကင်ယံသို့ ခေါ်ဆောင်သွားနိုင်ပြီး ရန်သူ၏ တိုက်ခိုက်မှုများကို ပို၍ လျင်မြန်စွာ တိုက်ခိုက်ခြင်းနှင့် ရှောင်တိမ်းခြင်းများကို ပြုလုပ်နိုင်သည်။

ထိုအချိန်တွင် ဝေဟင်၌ရှိနေသော ဧရာမငှက်ကြီးတစ်ကောင်က သူ၏ အသင်းဖော်များကို သန္ဓေပြောင်း တောဝက်ကြီးနှင့် နီးကပ်စွာ သယ်ဆောင်လာပြီး ထူထပ်သော မြူထုထဲရှိ ဧရာမ သတ္တဝါကြီး၏ အပေါ်သို့ ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေလေသည်။

သူတို့ထဲမှ တချို့က သေနတ်များကို ကိုင်ဆောင်ထားပြီး တချို့က ထူးခြားသော ဆင့်ကဲပြောင်းလဲနိုင်စွမ်းများကို ရှိကြသည့်အတွက် သူတို့၏ စုပေါင်းတိုက်ခိုက်မှု စွမ်းအားက တစ်ဦးတည်း တိုက်ခိုက်သည်ထက် များစွာပိုမို၍ အားကောင်းနေ၏။

အပင်ကဲ့သို့ သန္ဓေပြောင်းလဲနေသော ဆင့်ကဲပြောင်းလဲသူ တစ်ဦး၏ ခန္ဓာကိုယ်က သစ်ကိုင်းများဖြင့် ဖုံးလွှမ်းနေပြီး တောက်ပသော အနီရောင် အသီးများက အဆက်မပြတ် သီးပွင့်လာသည်။

သူက ၎င်းတို့ကို သစ်ကိုင်းကဲ့သို့သော လက်မောင်းများဖြင့် ဝှေ့ယမ်းလျက် သန္ဓေပြောင်း တောဝက်ကြီးထံသို့ ပစ်ပေါက်နေ၏။

အနီရောင် အသီးများက သန္ဓေပြောင်း တောဝက်ကြီး၏ ဒဏ်ရာများပေါ်တွင် ပေါက်ကွဲသွားပြီးနောက် အတွင်းမှ တိုက်စားတတ်သော အရည်များက တောဝက်၏ အရေခွံကို လောင်ကျွမ်းစေသည်။

ထိုဧရာမ သတ္တဝါကြီးက အဆက်မပြတ် ရရှိနေသော ဒဏ်ရာနှင့် နာကျင်မှုကြောင့် ပိုမို ရူးသွပ်လာပြီး နားကွဲမတတ် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်ဘေ၏။

ပတ်ဝန်းကျင်ရှိ အဆောက်အအုံများက သူကြောင့် လုံးဝကို ပျက်စီးသွားခဲ့လေပြီ။

ဤဆင့်ကဲပြောင်းလဲသူများက တောဝက်ကို မြို့ထဲသို့ ဆက်လက် မဝင်ရောက်နိုင်ရန်နှင့် မြို့ထဲရှိ သာမန်လူများကို မထိခိုက်စေရန်အတွက် သူတို့၏ နည်းလမ်းများဖြင့် တားဆီးနေကြသည်။

သို့သော် သူတို့၏ တိုက်ခိုက်မှုများက သန္ဓေပြောင်း တောဝက်ကြီး၏ ထူထဲ၍ မာကျောသော အရေခွံကိုသာ ဖောက်ထွက်နိုင်ပြီး အပေါ်ယံဒဏ်ရာများကိုသာ ပေးနိုင်ခဲ့သည်။ ပြင်းထန်သော ဒဏ်ရာကို မပေးနိုင်ပေ။

ထိုအစား သားရဲကြီးကို ပို၍ပင် ရူးသွပ်လာစေရန်အတွက် ဆွပေးလိုက်သကဲ့သို့ ဖြစ်နေ

၏။

ထူထပ်သော မြူဖြူများက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားပြီး တစ်စုံတစ်ယောက်က တိုက်ပွဲကို လမ်းညွှန်ရန်အတွက် တိဗက်ဘာသာဖြင့် အော်ဟစ်နေသည်။

သူတို့က မြူများ၏ ကြားတွင် သားရဲကြီး၏ အားနည်းချက်ကို မမြင်နိုင်ကြဘဲ ၎င်း၏ ပုံရိပ်ကိုသာ ချိန်ရွယ်လျက် ပြင်းထန်ထူထပ်သော ပစ်ခတ်မှုများဖြင့် တောဝက်ကို အနောက်သို့ ဆုတ်သွားစေရန်အတွက် အားထုတ်နေကြသည်။

ယင်ရိလျိုက သူမ၏ အနောက်သို့ လှည့်ကြည့်လိုက်လေ၏။ မြို့ထဲရှိ ဆင့်ကဲပြောင်းလဲသူများက အခြေစိုက်စခန်းရှိ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေပြီး ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားရန်အတွက်ပြောနေသည်ကို တွေ့လိုက်ရ၏။

အကြောင်းမှာ ဤတိုက်ခိုက်နေသော ဆင့်ကဲပြောင်းလဲသူများကလည်း အချိန်အတော်ကြာ တောင့်ခံနိုင်တော့မည် မဟုတ်သောကြောင့်ပင်။

သူတို့၏ ဆင့်ကဲပြောင်းလဲနိုင်စွမ်းများက ပြင်းထန်သော တိုက်ခိုက်မှုများ၏ အောက်တွင် တဖြည်းဖြည်း အားနည်းလာပြီး သေနတ်ကို ကိုင်ဆောင်ထားသူများ၏ ကျည်အိမ်များကလည်း ကုန်လုနီးပါး ဖြစ်လာခဲ့၏။

သူတို့က မြို့ထဲရှိ လူများကို အသက်ရှင်သန်ခွင့် အခွင့်အရေးကို ပိုမို၍ ရရှိစေရန်အတွက် အသက်နှင့်ရင်း၍ တောင့်ခံနေကြခြင်း ဖြစ်ပေသည်။

*

All Chapters