← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း(249)

ယင်ရိလျိုတစ်ယောက် အပြောင်းအရွှေ့လုပ်နေသော လူအုပ်ထဲတွင် ရောနှောပုန်းကွယ်နေခဲ့၏။

သူမက လူအများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် ဝတ်ရုံခေါင်းစွပ်ကို ဆောင်းပြီး မျက်နှာကိုလည်း ဖုံးအုပ်ထားသည့်အတွက် ဒုက္ခသည်များနှင့်အတူ ပါလာသူတစ်ဦးကဲ့သို့ ထင်ရသည်။

သူမအနေဖြင့် မြို့ထဲတွင် ရက်အနည်းငယ် ထပ်နေပြီးမှ ခရီးဆက်ရန်အတွက် စီစဉ်ထားလေသည်။

ယခင်က ဟိုတယ်ကို သူမ အတော်လေး သဘောကျခဲ့သည်။

ပိုင်ရှင်နှင့် အခန်း၏ အသုံးအဆောင်များကလည်း အတော်လေး ကောင်းမွန်သည်မဟုတ်ပါလား။

သို့သော် ထိုဟိုတယ်ရှိ တိဗက်လူငယ်ကို သူမဘက်မှ ဓားဖြင့် ချိန်ရွယ်ခဲ့သည်ကို ထောက်ထား၍ ထိုနေရာသို့ မပြန်တော့ဘဲ တခြားတစ်နေရာကို ရှာရန်အတွက်သာ ဆုံးဖြတ်လိုက်လေ၏။

မတိုင်မီက တိဗက်လူငယ်ကို သတိရမိသောကြောင့် သူမက ခေါင်းကို မော့ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်လေသည်။

အံ့သြစရာကောင်းစွာဖြင့် လူအုပ်ထဲတွင် ထိုဟိုတယ်မှ သက်လတ်ပိုင်း ဇနီးမောင်နှံကို တွေ့လိုက်ရသော်လည်း သန္ဓေပြောင်းပြီး သောင်းကျန်းနေခဲ့သော လူငယ်က သူတို့နှင့်အတူ ပါမလာခဲ့ပေ။

သူမက သူတို့ကို နှစ်ချက်မျှ လှမ်းကြည့်ပြီးနောက်တွင် အကြည့်လွှဲလိုက်ကာ စိုးရိမ်ပူပန်နေသော တိဗက်လူမျိုးများ၏ အနောက်သို့ လိုက်ပါ၍ မြို့ထဲသို့ ဝင်ခဲ့၏။

မြူများ၏ ကြားထဲမှ တိုက်ပွဲကပြီးဆုံးသွားခဲ့သော်လည်း ဆင့်ကဲပြောင်းလဲသူများက လမ်းများကို ပြုပြင်ခြင်း၊ အပျက်အစီးများကို ရှင်းလင်းခြင်းနှင့် ကျဆုံးသွားသော အသင်းဖော်များ၏ ရုပ်အလောင်းများကို သင်္ဂြိုဟ်ရန်အတွက် သယ်ဆောင်ခြင်းတို့ဖြင့် မနားတမ်း လုပ်ကိုင်နေကြရသည်။

ယင်ရိလျိုအနေဖြင့် ဟိုတယ်များကို လိုက်ရှာသော်လည်း ထူထပ်သော မြူများနှင့် လတ်တလော ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ်များကြောင့် ဟိုတယ်ပိုင်ရှင်များက တုန်လှုပ်နေကြဆဲဖြစ်ပြီး သူမ၏ တည်းခိုရန် တောင်းဆိုမှုကို ငြင်းပယ်ကြလေသည်။

ဆက်တိုက်ဆိုသကဲ့သို့ အဆင်မပြေမှုများနှင့် ကြုံတွေ့ရပြီးနောက် သူမ သက်ပြင်းချလိုက်မိပြီး အိမ်တစ်လုံး၏ ခေါင်မိုးပေါ်သို့ တိတ်တဆိတ် တက်ထိုင်ကာ အဝေးမှ အလုပ်ရှုပ်နေကြသော ဆင့်ကဲပြောင်းလဲသူများကို ငေးကြည့်နေမိ၏။

မြူထုကြီးက အမြန်ဆုံး ကင်းစင်သွားပြီး ပြည်မကြီးသို့ အမြန်ဆုံး ပြန်နိုင်ရန်အတွက်ကိုသာ သူမ ဆုတောင်းနေမိတော့၏။

သူမ အတွေးနယ်ချဲ့နေချိန်မှာပင် ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားခဲ့လေသည်။

အန္တရာယ်ရှိသော တောရိုင်းသားရဲတစ်ကောင်က သူမကို စောင့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏တစ်ကိုယ်လုံးကလည်း တုန်ယင်သွားရ၏။

သူမ၏ အာရုံခံစားမှုက အမြဲတစေ အလွန် တိကျသည်။

ဤကဲ့သို့ ကြက်သီးထဖွယ်ကောင်းသော ခံစားချက်မျိုးကို ရရှိပြီဆိုလျှင် သူမ၏ ပတ်ဝန်းကျင်တွင် အမှန်တကယ်ပင် အန္တရာယ်ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်၏။

ယင်ရိလျိုက ရုတ်တရက် ထရပ်လိုက်လေ၏။

သူမ၏ နားရွက်၏ အနောက်ဘက်တွင် တိုးညင်းသော အသက်ရှူသံတစ်ခုကို ခံစားလိုက်ရသည်။

တစ်စုံတစ်ယောက်က သူမ၏ အနောက်တွင် ရှိနေသကဲ့သို့ ခံစားလိုက်ရမှုကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခြမ်းက ထုံကျင်သွားခဲ့၏။

သူမက မျက်မှောင်ကြုတ်လျက် ချီထူ ဓားကိုဆွဲကာ အနောက်လှည့်၍ ပြင်းထန်စွာ ခုတ်လိုက်လေသည်။

သူမ၏ အနောက်တွင် ရုတ်တရက် ပေါ်ပေါက်လာသောသူက ကိုယ်ကို ယိမ်းလိုက်ပြီး ထိုတိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်လေ၏။

သို့သော် တစ်နည်းနည်းဖြင့် ထိုထက်မြက်သော ဓားသွားကို လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး သူ၏ အနီရင့်ရောင် မျက်လုံးများဖြင့် ယင်ရိလျိုကို စိုက်ကြည့်နေခဲ့သည်။

ထို့နောက်တွင် စက်ရုပ်ဆန်သည့် အသံဖြင့် ပြောလာလေ၏။

“အဲဒီ သန္ဓေပြောင်းသားရဲကို အပြတ်ရှင်းလိုက်တာက မင်းပဲ၊ ငါ မြင်လိုက်တယ်”

ဤအခိုက်အတန့်တွင် ယင်ရိလျိုတစ်ယောက် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

အကြောင်းရင်းက ရိုးရှင်းပေသည်။

သူမ၏ အနောက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ရုတ်တရက် ပေါ်ပေါက်လာသူမှာ ဟိုတယ်ပိုင်ရှင်၏ သားဖြစ်သူ၊ သူမကို အေးစက်စွာ စိုက်ကြည့်ခဲ့သော ထိုတိဗက်လူငယ်ပင် ဖြစ်နေသောကြောင့်ပင်။

သူက ယခင်ကထက် များစွာကြည့်ကောင်းနေလေပြီ။

သူ့ကို သေလုမတတ် ခံစားရစေသည့် ကြွက်သားများ တုန်ခါခြင်းက ပျောက်ကွယ်သွားပြီဖြစ်ပြီး၊ မျက်နှာပေါ်မှ နူးညံ့သော အမွှေးအမျှင်လေးများကလည်း ဆက်မပေါက်တော့ပေ။

သူ၏ မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းအောင် နက်မှောင်သည့် အနီရင့်ရောင်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သူက ယင်ရိလျိုကို အပြစ်ကင်းစင်ပြီး အန္တရာယ်မရှိသော အမူအရာဖြင့် ကြည့်နေ၏။

သူက ဝတ်ဆင်ထားခဲ့သော ပွယောင်းသော တိဗက်ဝတ်ရုံက ပျောက်ကွယ်နေပြီး သူ၏ ကြေးနီရောင် ရင်ဘတ်က ပေါ်လွင်နေကာရိုင်းစိုင်းသော အလှတရားတစ်ခုကိုဖော်ပြထားလေသည်။

သို့သော် သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက လူသားနှင့်မတူဘဲ သန်မာသော သားရဲနောက်ခြေတစ်စုံ ဖြစ်နေ၏။

သူ၏ ပေါင်များကို ရှည်လျားတောက်ပသော မီးခိုးရောင်ရွှေရောင် အမွှေးအမျှင်များက ဖုံးလွှမ်းထားသည်။

ထို့အပြင် သူ၏ ခြေသလုံးနှင့် ခွာများက သွယ်လျပြီး အားအင်အပြည့် ရှိနေ၏။

ယင်ရိလျိုက မြင်ဖူးသမျှသော လူတစ်ပိုင်း သားရဲတစ်ပိုင်း သတ္တဝါများထဲတွင် ဤတစ်ယောက်က အမှန်တကယ်ပင် ကြည့်ကောင်းသည်ဟုဆိုရမည်။

သို့သော် သူက ကျဆုံးသူ တစ်ဦးဖြစ်သွားပြီဆိုသည့် အချက်ကို ပြောင်းလဲ၍ မရနိုင်ပေ။

မှန်ပေသည်။

ဤတိဗက်လူငယ်က ယခင်ကတည်းက ထူးခြားသော ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်ခဲ့၏။

သို့သော် တတိယအကြိမ်မြောက် ဧရာမမြူထုကြီးထဲ၌ ကျဆုံးသူတစ်ဦးအဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့လေပြီ။

တခြားသော ဆင့်ကဲပြောင်းလဲသူ မည်မျှလောက်က ဤကဲ့သို့ အသွင်ပြောင်းသွားသည်ကို ယင်ရိလျို မသိသော်လည်း ဤကိစ္စ တိုက်ဆိုင်မှုမဟုတ်ကြောင်းကို သူမ သိထား၏။

ကမ္ဘာကြီးက အမှန်တကယ်ပင် ပြောင်းလဲလာလေပြီ။

ထိုကျဆုံးသူ လူငယ်လေးက သူမ၏ လက်နက်ကို အလွန်စိတ်ဝင်စားပုံရပြီး ခေါင်းကို အနည်းငယ် စောင်းလျက် ကြည့်နေလခဲ့သည်။

သူ၏ အပြစ်ကင်းစင်ပြီး ကလေးဆန်သော အမူအရာက ယခင်ကထက် များစွာ နူးညံ့နေသော်လည်း ပို၍လည်း ကြောက်စရာ ကောင်းနေခဲ့သည်။

“ဒါက မင်းရဲ့ လက်နက်လား၊ ဒီဓားအပါးလေးနဲ့လား၊ မဖြစ်နိုင်တာ၊ ဒါက တကယ်ပဲ ထက်မြက်တယ်ဆိုပေမဲ့ အဲဒီလို အရေခွံထူတဲ့ အကောင်ကြီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ဖို့ဆိုတာက မလွယ်ဘူးလေ”

ယင်ရိလျို၏ နဖူးမှ ချွေးများ စီးကျနေပြီး မျက်နှာဖုံးထဲသို့ ဝင်နေသည်ကို ခံစားနေရ၏။

ယေဘုယျအားဖြင့်ဆိုရလျှင် ကျဆုံးသူများဆိုသည်မှာလူသားအသိစိတ်က ပျောက်ကွယ်သွားကြသူများဖြစ်သည်။

သို့သော် လူသားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သန္ဓေပြောင်း သတ္တဝါများ၏ ထူးခြားချက်များကို သယ်ဆောင်ထားသည့် သတ္တဝါများလည်း ဖြစ်ကြသည်။

ဥပမာအားဖြင့် လူတစ်ပိုင်း သားရဲတစ်ပိုင်း သတ္တဝါမျိုး သို့မဟုတ် အသွင်မပြောင်းမီက အစိတ်အပိုင်းတချို့က ကျန်ရှိနေသော သတ္တဝါမျိုးပင် ဖြစ်၏။

သူတို့တွင် အများစုက သီးသန့်နေတတ်ကြပြီး တချို့က လူသားများ အပေါ်တွင် ရန်ငြိုးထားတတ်ကြသည်။

သူမ၏ရှေ့မှ လူကတော့ သူမကို ရန်ပြုမည့် အရိပ်အယောင် မပြနေခဲ့ပေ။ သို့သော်လည်း သူမက အလွန် သတိထားနေဆဲပင် ဖြစ်၏။

ဓားကို ဖိကိုင်ထားသောကြောင့် ထိုကျဆုံးသူ လူငယ်လေး၏ လက်ချောင်းများကြားမှ သွေးများက တဖြည်းဖြည်း စီးကျနေ၏။

ခဏအကြာတွင် သူ၏ မျက်လုံးများထဲမှ ထိုးဖောက်ကြည့်နေသည့် အနီရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် သူငယ်အိမ်၏ နက်ရှိုင်းသော နေရာသို့ ပြန်လည် နစ်မြုပ်သွားခဲ့သည်။

သူက ရုတ်တရက် အသိစိတ် ပြန်ဝင်လာပုံရပြီး ဓားကို ကိုင်ထားသည့် လက်ကို ချက်ချင်းလွှတ်ကာ အနောက်သို့ တစ်လှမ်းဆုတ်လိုက်လေ၏။

သူ၏ မျက်နှာကလည်း အတော်လေး အနေရခက်နေပုံ ပေါ်နေသည်။

လူငယ်လေးက လူသားနှင့်မတူသော သူ၏ ခြေထောက်များကို ငုံ့ကြည့်လိုက်ကာ လူသားပုံစံသို့ ပြန်လည်၍ ပြောင်းလဲချင်နေ၏။

သို့သော် ခန္ဓာကိုယ်ကို ဖုံးအုပ်ရန်အတွက် အဝတ်အစားများ မရှိသောကြောင့် မျက်နှာပျက်ပျက်နှင့်သာ ဤပုံစံအတိုင်း ဆက်နေလိုက်ရလေသည်။

သူမ၏ အရှေ့မှ လူက ပို၍ အနေရခက်လာသည်ကို ယင်ရိလျိုက သတိပြုမိသောကြောင့် ထူးဆန်းသကဲ့သို့ခံစားနေမိ၏။

ယုတ္တိဆန်ဆန်ပြောဆိုရလျှင် ကျဆုံးသူများမှာ တွေးခေါ်မှု နှေးကွေးပြီး ကိုယ်ချင်းစာစိတ် ကင်းမဲ့ရမည်။

သို့သော် ထိုလူ၏ မျက်နှာပျက်နေပုံနှင့် ယခင်က သူမ အအပေါ်တွင် ထားရှိခဲ့သော ရွံရှာသည့် အမူအရာမျိုးအရ သူ၏ ခန္ဓာကိုယ်၏ အောက်ပိုင်းကသာ သားရဲတစ်ပိုင်းဖြစ်မနေပါက ဤလူက သူမကို စနောက်နေသည်ဟုပင် ထင်မှတ်ရပေလိမ့်မည်။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက်တွင် ထိုလူငယ်က နောက်ဆုံးတွင် မျက်နှာသေနှင့် ပြောလိုက်လေ၏။

“နားလည်မှုမလွဲပါနဲ့၊ ငါ မင်းကို စိတ်မဝင်စားဘူး”

ယင်ရိလျိုအနေဖြင့် အလွန် ကြောင်အမ်းမနေခဲ့ပါက သူ့ကို မျက်စောင်း ထိုးမိပေလိမ့်မည်။

ဒါဆို သူက ငါ့ကို စိတ်ဝင်စားနေလို့လား။

အနေရခက်နေသော ထိုလူက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်ကို တွေ့မြင်လိုက်ရသောကြောင့် သူမလည်း အနည်းငယ် စိတ်အေးသွားခဲ့၏။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ထိုအမျိုးသားက ပုံမှန်ပြန်ဖြစ်သွားပြီးနောက် နက်ပြာရောင် ဝတ်ရုံကို ဝတ်ဆင်လျက် ခြေဗလာနှင့် ရှိနေသည်။

သူ၏ မျက်နှာပေါ်မှ ရွံရှာသော အမူအရာကလည်း သိသာစွာ လျော့ပါးသွားခဲ့လေပြီ။

ယင်ရိလျိုက သူ မသိရှိသော အရာများ၊ ဥပမာအားဖြင့် သူ၏ ခန္ဓာကိုယ် အပြောင်းအလဲများ၏ အကြောင်းကို သိရှိနေနိုင်ကြောင်းကို သူ သဘောပေါက်သွားသောကြောင့်ပင်။

ယခုမှသာ ထိုအမျိုးသား၏ နာမည်က ချန်ယန်ကျန်းချွီ ဖြစ်ကြောင်းကို ယင်ရိလျို သိလိုက်ရ၏။

အကယ်၍ ကမ္ဘာမပျက်ခဲ့ပါက သူက နာမည်ကြီး တိုင်းရင်းသား တက္ကသိုလ်တစ်ခုတွင် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦး ဖြစ်နေပေလိမ့်မည်။

သို့သော် သူက နွေဦးပွဲတော်အတွက် နေရပ်သို့ ပြန်လာချိန်တွင် ကမ္ဘာပျက်ကပ်ကြီးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ထိုနေရာရှိ လူကြီးအများစုက အယူသည်းမှု ပြင်းထန်ကြလေ၏။ သူ၏ မိဘများ အပါအဝင် လူတိုင်းက ကမ္ဘာပျက်ကပ်ဆိုသည်ကို နားမလည်နိုင်ကြပေ။

မိသားစု၏ လုံခြုံရေးအတွက် သူက လော့ကျားခရိုင်တွင်သာ တစ်နှစ်ကျော်ကြာအောင် နေထိုင်ခဲ့သောကြောင့် အပြင်လောက၏ အကြောင်းကို အနည်းငယ်သာ သိရှိလေသည်။

လော့ကျားခရိုင်က လူနေကျဲပါးပြီး အထီးကျန်သော ပတ်ဝန်းကျင်ရှိသည့် ဝေးလံသောမြို့ငယ်လေး ဖြစ်သောကြောင့် ဆင့်ကဲပြောင်းလဲသူများနှင့် သန္ဓေပြောင်း သားရဲများက အတော်လေး ရှားပါးလွန်းသည့်အတွက် အပြင်လောကထက် ပို၍ အေးချမ်း၏။

ချန်ယန်ကျန်းချွီအနေဖြင့် ယင်ရိလျိုအပေါ်တွင် အလွန် ရန်လိုခဲ့ခြင်းမှာ သူမက အခြေစိုက်စခန်း၏ အေးချမ်းမှုကို နှောင့်ယှက်ပြီး တိဗက်ရှိ သေမင်းတမန်ဇုန်ကို လာရောက် ရှာဖွေသူများကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သောကြောင့်ပင်။

ထိုစကားကို ကြားသည့်အချိန်တွင် ယင်ရိလျိုက မျက်ခုံးကိုအနည်းငယ် တွန့်ချိုးလိုက်ပြီး မေးလိုက်မိသည်။

“သေမင်းတမန်ဇုန် ဆိုတာက ဘာလဲ”

ချန်ယန်ကျန်းချွီက ယင်ရိလျိုကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်လေ၏။

“မင်းက တုံးအသလို လာလုပ်နေတာလား”

သူ့အနေဖြင့် ယင်ရိလျိုကို သေမင်းတမန်ဇုန်ကို လာရောက် ရှာဖွေသူအဖြစ် သတ်မှတ်ထားဆဲပင် ဖြစ်သည်။

ယင်ရိလျိုက ရှင်းပြခွင့် မရမီမှာပင် သူက ဆက်ပြောလိုက်လေ၏။

“သေမင်းတမန်ဇုန်ဆိုတာက လော့ကျားခရိုင်ကနေ မြောက်ဘက် လာဆာမြို့အထိ နယ်မြေကို ခေါ်တာ၊

လာဆာမြို့က အခု သေမင်းတမန်ဇုန် ဖြစ်သွားပြီ၊ ဧရာမ သန္ဓေပြောင်း လူစားပင်တွေ ဝိုင်းရံထားပြီးတော့ အတွင်းပိုင်းက ပိုပြီးတော့ အန္တရာယ်များတယ်၊

အပြင်ကလူက ဝင်လို့မရသလို၊ အထဲကလူကလည်း ထွက်လို့မရဘူး၊

အထဲမှာ ဘယ်သူကမှ ကျန်တော့မှာ မဟုတ်ဘူး၊ အဲဒါကြောင့်လည်း သေမင်းတမန်ဇုန်လို့ ခေါ်တာ”

*

All Chapters