← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း(250)

တစ်ချိန်က စည်ကားခဲ့သော နေရောင်ခြည်မြို့တော်ကြီးက ယခုအချိန်တွင် လူအများ၏ နှလုံးသားကို ထိတ်လန့်စေသော သေမင်းတမန်ဇုန်ဖြစ်သွားရလေပြီ။

ဤအကြောင်းကိုတွေးမိလျှင် မည်သူက ဝမ်းမနည်းဘဲ နေနိုင်ပါမည်နည်း။

သို့သော် မည်သည့်နေရာမှ စတင်ခဲ့ကြောင်းကို မသိသော သတင်းများအရ ထိုသေမင်းတမန်ဇုန်ထဲသို့ မည်သူကမျှ မဝင်နိုင်၊ မထွက်နိုင်ရခြင်း၏ အကြောင်းက ထိုနေရာတွင် အန္တရာယ်ရှိသော သန္ဓေပြောင်း သတ္တဝါများစွာက ရှိနေရုံသာမက ကမ္ဘာပျက်ကပ်မှ ရတနာများလည်း ဝှက်ထားသောကြောင့် ဖြစ်သည်ဟု ကောလာဟလများက ထွက်ပေါ်နေခဲ့၏။

ထိုရတနာကြောင့်ပင် သန္ဓေပြောင်း သတ္တဝါများက ပိုမို၍ သန်မာလာကြပြီး သူတို့က သေမင်းတမန်ဇုန်ထဲတွင်သာ ခိုအောင်းနေကြကာအပြင်သို့ မထွက်လိုကြခြင်းဖြစ်သည်။

သူတို့က ဤနယ်မြေကို ထာဝစဉ် စောင့်ရှောက်လိုပြီး မကောင်းသော ရည်ရွယ်ချက်ရှိသူများကို မဝင်ရောက်နိုင်ရန်အတွက် တားဆီးလိုသောကြောင့်ဖြစ်၏။

ထိုစကားများကို ကြားရသည့်အချိန်တွင် ယင်ရိလျို၏ စိတ်ထဲတွင် အကြံတစ်ခု ရသွားခဲ့သည်။

ဤရတနာဟု ခေါ်ဆိုနေသောပစ္စည်းက မူလရင်းမြစ် ကျောက်တုံးဖြစ်နိုင်ချေ ရှိ၏။

အကယ်၍ လာဆာမြို့ရှိ သန္ဓေပြောင်းသတ္တဝါများက တခြားနေရာများထက် ပို၍လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနေပြီး ပိုမိုသန်မာနေပါက ထိုနေရာတွင် မူလကျောက်တုံးရှိနေနိုင်သည့် ရာခိုင်နှုန်းက အလွန် များသည်။

သို့သော် သူမက ယခုအချိန်တွင် ထိုကိစ္စများကို ဂရုမစိုက်နိုင်သေးပေ။

သူမ ဂရုစိုက်သည်က မည်သည့်အချိန်တွင် မြူများ ကင်းစင်သွားပြီး တိဗက်မှ ထွက်ခွာနိုင်မည့် ခရီးစဉ်ကို စတင်နိုင်မလဲ ဆိုသည်ကိုသာ ဖြစ်၏။

ချန်ယန်ကျန်းချွီ၏အကျင့်များက မဆိုးလွန်းသောကြောင့် ယင်ရိလျိုက သူမ သိထားသမျှ ကျရှုံးသူများ အကြောင်းကို ပြောပြလိုက်ပြီး သူ့ကိုယ်သူ ဂရုစိုက်ရန် အကြံပြုလိုက်လေသည်။

မတိုင်ခင်က သူ၏ အပြုအမူများက တတိယအကြိမ်မြောက် မြူထုကြောင့် သန္ဓေပြောင်းသွားခြင်းသာဖြစ်သည်။

သူက ကျရှုံးသူတစ်ဦး ဖြစ်သွားခဲ့သော်လည်း သာမန်ကျရှုံးသူများနှင့် မတူသကဲ့သို့၊ အသိစိတ်နှစ်ခုက လုံးဝ ပေါင်းစပ်သွားသည့် ထျန်းထျန်း၏ အခြေအနေမျိုးနှင့်လည်း မတူနေခဲ့ပေ။

လက်ရှိတွင် သူ၌ အသိစိတ်က နှစ်ခု ကွဲထွက်လျက်ရှိနေ၏။

တစ်ခုက သူကိုယ်တိုင်၏ အသိစိတ်ဖြစ်ပြီး လတ်တလောတွင် ထိုအသိစိတ်က လွှမ်းမိုးထားဆဲ ဖြစ်သည်။

တစ်ခုကတော့ သူ၏အတွင်းဘက်ရှိ သန္ဓေပြောင်း သတ္တဝါ၏ အသိစိတ်ဖြစ်၏။

ထိုအသိစိတ်က ရံဖန်ရံခါတွင် သူ၏ ခန္ဓာကိုယ်နှင့် အသိစိတ်ကို ထိန်းချုပ်ပြီး ထိန်းချုပ်၍မရသော၊ လူသားမျိုးနွယ်ကို ဆန့်ကျင်သော သို့မဟုတ် လူမှုပတ်ဝန်းကျင်ကို ဆန့်ကျင်သော လုပ်ရပ်များကို လုပ်ဆောင်ပေလိမ့်မည်။

သူ ယင်ရိလျို၏ အနောက်ဘက်တွင် ရုတ်တရက် ပေါ်ပေါက်လာသည့်အချိန်က သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော အသိစိတ်မှာ သန္ဓေပြောင်း သတ္တဝါ၏ အသိစိတ်ပဖြစ်ပေသည်။

ယင်ရိလျိုအနေဖြင့် ထိုသတ္တဝါက သူမ သန္ဓေပြောင်းတောဝက်ကြီးကို အမဲလိုက်နေသည်ကို မြင်တွေ့ခဲ့သောကြောင့် သူမက သူ့ကိုပါ ရန်ပြုမည်ကို စိုးရိမ်သည့်အတွက် သူမကို အရင်ဦးအောင် တိုက်ခိုက်လိုခြင်း ဖြစ်လိမ့်မည်ဟုခန့်မှန်းမိသည်။

ထိုအချိန်မှာပင် ချန်ယန်ကျန်းချွီက သူ၏ ခန္ဓာကိုယ်ကို ပြန်လည်၍ ထိန်းချုပ်နိုင်ခဲ့သည်။

ယင်ရိလျိုက မျက်နှာပျက်ယွင်းနေသော ထိုလူငယ်ကို ကြည့် ဤသို့ပြောလိုက်လေ၏။

“ရှင် သတိထားဖို့တော့ လိုလိမ့်မယ်၊ ရှင့်ရဲ့အခုအခြေအနေက ထိန်းချုပ်လို့မရဘူး၊

ဘယ်အချိန်မှာ ရှင်က အသိစိတ်မဲ့တဲ့ ကျရှုံးသူတစ်ယောက် ဖြစ်သွားမလဲဆိုတာကိ မသိနိုင်ဘူး၊

အဲဒီအချိန်ကျရင် ရှင့်ရဲ့မိသားစု ဘေးကင်းဖို့ဆိုတာက ရှင့်ရဲ့ထိန်းချုပ်မှုအပြင်ဘက်ကို ရောက်သွားလိမ့်မယ်”

ချန်ယန်ကျန်းချွီကလည်း ဤအခြေအနေကို ထည့်သွင်းစဉ်းစားပြီးသား ဖြစ်ပေ၏။

သူ လော့ကျားခရိုင်တွင် နေထိုင်ရန်အတွက် ရွေးချယ်ခဲ့ခြင်းမှာ သူ၏မိဘများက ထိုနေရာတွင် ရှိနေသောကြောင့်သာဖြစ်သည်။

အန္တရာယ်ရှိသော သန္ဓေပြောင်းသတ္တဝါများက သူ၏မိဘများကို ရန်ပြုမည်ကို မလိုလားခဲ့ပေ။

သို့သော် ယခုအချိန်တွင် သူကိုယ်တိုင်ကပင် သူ၏မိဘများ အတွက် အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။ ဤအချက်က သူ့အတွက် လက်ခံနိုင်ရန်အတွက် ခက်ခဲလွန်းသည်။

ယင်ရိလျို အနည်းငယ်သိချင်လာမိ၏။

ချန်ယန်ကျန်းချွီ လူသားအသိစိတ်ကို ပြန်ဝင်လာသည့်အချိန်တွင် ထိုအမျိုးသားက သားရဲတစ်ကောင် သို့မဟုတ် ကိုယ်လုံးတီးဖြင့်လျှောက်သွားနေသူဟု အထင်မှားခံရပြီး အဖမ်းမခံရစေရန်အတွက် ယင်ရိလျိုက သူ၏ခန္ဓာကိုယ်ကိုဖုံးအုပ်ရန်အတွက် သူမ၏ ဝတ်ရုံကို ပေးခဲ့ဖူးသည်။

သို့သော် လမ်းခရီးတစ်လျှောက်တွင် စိတ်ဝင်စားစရာကောင်းသော အချက်တချို့ကို သူမ သတိပြုမိလိုက်လေ၏။

အကြောင်းပြချက်ကို မသိရပါဘဲ အခြေစိုက်စခန်းရှိ တိဗက်လူမျိုးတချို့က ဤလူငယ်လေးချန်ယန်ကျန်းချွီကို အတော်လေး လေးစားနေခဲ့ကြသည်။

သူမက ဤအကြောင်းကို တွေးတောမိပြီးနောက်တွင် သူ့ကို မေးမြန်းလိုက်လေသည်။

ချန်ယန်ကျန်းချွီကပြန်ဖြေခဲ့သည်။

“ကျွန်တော့်ရဲ့ နာမည်ကြောင့်ပါ”

ယင်ရိလျိုအနေဖြင့် နာမည်တစ်ခုက မည်သည့်အတွက်ကြောင့် ဤမျှ ထူးခြားနေရသနည်းဆိုသည်ကို နားမလည်နိုင်သေးပေ။

သူမက တိဗက်ဒေသ၏ ဓလေ့ထုံးတမ်းများကို မကျွမ်းကျင်ပေ။

တိဗက်တွင် သာမန်လူများတွင် မျိုးရိုးနာမည် မရှိကြပါချေ။ သူတို့၏ကလေးများအတွက် ကောင်းမွန်မင်္ဂလာရှိသော အဓိပ္ပာယ်ရသည့် စကားလုံးများကိုသာ နာမည်အဖြစ် ရွေးချယ်ပေးလေ့ရှိကြသည်။

ဤသည်က မိဘများ၏ ကောင်းချီးပင် ဖြစ်၏။

သို့သော် ထူးခြားသော အခြေအနေတချို့တွင် ဤသို့မဟုတ်ပေ။

ဥပမာအားဖြင့် အဆင့်မြင့်ရဟန်းတော်များ သို့မဟုတ် ရှေးခေတ်မှ ဘုရင်က ပေးသနားသော နယ်မြေ၏ နာမည်ကို မျိုးရိုးအမည်အဖြစ် အသုံးပြုခွင့်ရသည့် အမှုထမ်းကောင်းများ၏ အနွယ်ဝင်များ ဖြစ်ကြသည်။

ချန်ယန်ကျန်းချွီ၏ မိဘများက သာမန်လူများသာ ဖြစ်သော်လည်း သူ မွေးဖွားသည့်အချိန်တွင် ဒေသခံ ဆရာတော်ကြီးတစ်ပါးက သူ့တွင် ဘုရားပေးသော ကံပါလာပြီး ထူးခြားသော ကံကြမ္မာရှိသည်ဟု မိန့်ကြားခဲ့ဖူး၏။

သို့သော် မွေးရာပါရောဂါတစ်ခုနှင့် တခြားသော အကြောင်းအရာများကြောင့် သူ့ကို နာမည်တစ်ခုကို သာ ပေးခဲ့ပြီး ဗုဒ္ဓဘာသာဂိုဏ်းဝင်အဖြစ် လက်မခံခဲ့ပေ။

သို့သော် သူ၏နာမည်ကပင် ဂုဏ်ယူဖွယ်ရာတစ်ခု ဖြစ်နေခဲ့သည်။

အဆုံးတွင် ယင်ရိလျိုက ချန်ယန်ကျန်းချွီ၏ ဟိုတယ်တွင်ပင် တည်းခိုဖြစ်ခဲ့လေ၏။

ထိုသူက သူ၏မိဘများကို မည်သို့ပြောလိုက်သည်ကို မသိရသော်လည်း သက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးက သူမ၏ အပေါ်တွင် ပြန်လည်ဖော်ရွေလာကြ၏။

ထူထပ်သော မြူထုကြီး ကျရောက်နေသည့် စတုတ္ထမြောက်နေ့တွင် သန္ဓေပြောင်းသားရဲ အုပ်စု သုံးခုခန့်က လော့ကျားခရိုင် မြို့လေးသို့ လာရောက်၍ နှောင့်ယှက်ခဲ့ကြပြီ းလေပြီ။

ယင်ရိလျိုက ရံဖန်ရံခါတွင် ထိုသားရဲများကို တိုက်ထုတ်ရန်အတွက် ဒေသခံ ဆင့်ကဲပြောင်းလဲသူများကို တိတ်တဆိတ် ကူညီပေးခဲ့၏။

သို့သော် ထူထပ်သော မြူများ ကင်းစင်လာမည့် အရိပ်အယောင်ကို မပြသေးပေ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ယင်ရိလျို၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

သူမက အရွယ်ရောက်သည့် အရပ်အမြင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း သိသာထင်ရှားဆုံး အပြောင်းအလဲက သူမ၏ အမြင်အာရုံက တိုးတက်လာခြင်း ဖြစ်သည်။

နှေးကွေးသော်လည်း သူမ၏အမြင်က ကိုးမီတာခွဲခန့်အထိ ပိုတိုးလာရ၏။

ထိုအရာထက် သူမကို ပို၍ပင် အအံ့သြစေဆုံးသောအရာမှာ သူမက အမှန်တကယ်ပင် လူသားအမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ခြင်းပင်။

တတိယ မြောက်နေ့ညတွင် သူမ နိုးလာသည့် အချိန်၌ သူမ၏ ခေါင်းပေါ်မှ ယုန်နားရွက်များက ပျောက်ကွယ်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရ၏။

အိပ်ချင်မူးတူး ဖြစ်နေသော ယင်ရိလျိုတစ်ယောက် ဤအခြေအနေကြောင့် လန့်ဖျန့်သွားရပြီး မည်သည့်အရာကို လုပ်သင့်ကြောင်းမသိဘဲ အချိန်အတော်ကြာအောင် ကြောင်အမ်းနေခဲ့မိသည်။

သူမ အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးနောက်တွင်တော့ သူမ၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို ထိန်းချုပ်နိုင်စွမ်းရှိလာကြောင်းကို သိရှိသွားခဲ့၏။

သူမ၏ ယုန်နားရွက်များကို အလိုရှိသကဲ့သို့ ပုံစံပြောင်းနိုင်ရုံသာမက သူမ၏ တိုတောင်းသော အမြီးနှင့် ခြေသည်းများကိုပါ စိတ်ကြိုက် ပြောင်းလဲနိုင်သောကြောင့် သာမန်ဆင့်ကဲပြောင်းလဲသူတစ်ဦးနှင့် မကွာခြားတော့ပေ။

သူမ အနည်းငယ် စိတ်လှုပ်ရှားသွား၏။

အနည်းဆုံးတော့ သူမအနေဖြင့် သွားလေရာ နေရာတိုင်း၌ ဝတ်ရုံခေါင်းစွပ်ကို အမြဲဆောင်းနေစရာမလိုတော့ပေ။

ဘုရားသခင်သာ သိပေလိမ့်မည်။

သူမအနေဖြင့် ယုန်နားရွက်များကို ဖုံးကွယ်ရန်အတွက် နေ့တိုင်း ဝတ်ရုံခေါင်းစွပ်ကို ဆောင်းထားရသောကြောင့် သူလျှိုတစ်ယောက်နှင့်ပင် တူနေခဲ့ရသည်။

ယင်ရိလျိုက ဟိုတယ်ရှိ မှန်ထဲတွင် သူမ၏ အရွယ်ရောက်လာသော ပုံစံကို ကြည့်လိုက်မိသည်။

ကြွားဝါနေခြင်း မဟုတ်ပါချေ။

သူမက အမှန်တကယ်ပင်လှပလွန်းပေ၏။

မှန်ထဲရှိ ပုံရိပ်က (၁.၇၃) မီတာခန့် မြင့်မားပြီး သွယ်လျသော ခန္ဓာကိုယ်ရှိကာ လှပချောမောသည့် အငွေ့အသက်များ ရှိနေသည်။

သူမတွင် သေးငယ်သော မျက်နှာလေးရှိလာပြီး ပါးပြင်ပေါ်မှ ကလေးဆန်သော အဆီများကတော့ လုံးဝကိို ပျောက်ကွယ်သွားခဲ့လေပြီ။

သူမ၏ မျက်လုံးများကလည်း ကလေးဘဝကကဲ့သို့ ချစ်စရာကောင်းရုံသာ မဟုတ်တော့ဘဲ လှပသော မက်မွန်စေ့ပုံသဏ္ဌာန် မျက်လုံးများအဖြစ် အစားထိုးဝင်ရောက်လာပြီး ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ပုံစံမျိုးဖြစ်လာခဲ့သည်။

သူမ၏ အသွင်အပြင်များသာ ယခင်ကအတိုင်းရှိမနေခဲ့ပါက သူမက လုံးဝကို တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ဟုပင် သံသယဝင်မိပေလိမ့်မည်။

လုံးဝ အရွယ်ရောက်လာသည့် ခံစားချက်က စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းသော်လည်း ထိုစိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားချိန်တွင်တော့ ယင်ရိလျိုက အဓိပ္ပာယ်မရှိသကဲ့သို့ ခံစားလိုက်ရပြန်၏။

သူမက သူမ၏ အရွယ်ရောက်လာသော ပုံစံကို ကျင်းယန်ကိုသာ ပထမဆုံး မြင်တွေ့စေချင်ခဲ့သည်။

ထိုအချိန်ကျမှသာ သူမက ဂုဏ်ယူစွာဖြင့် ရင်ကိုမော့လျက် သူမက ကြီးပြင်းလာပြီဖြစ်ကြောင်းနှင့် ကလေးမဟုတ်တော့ကြောင်းကို ပြောပြနိုင်လိမ့်မည်။

သို့သော် ဤဆန္ဒက ယခုအချိန်တွင် ဖြည့်ဆည်းရန်အတွက် အလွန်ခက်ခဲနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

သူမက သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး လည်ပင်းမှ ဆွဲကြိုးလေးကို ဆုတ်ကိုင်ကြည့်လိုက်လေ၏။

သူမက ကျင်းယန် သူမ၏ အတွက် ထုလုပ်ပေးခဲ့သော ရွှံ့ယုန်ရုပ်လေးတွင် အပေါက်လေးတစ်ခုကို ဂရုတစိုက် ဖောက်လိုက်ပြီးနောက် သူမ၏ နေရာလွတ်ထဲတွင် စုဆောင်းထားသော သန္ဓေပြောင်းသားရဲ၏ အကြောစလေးတစ်ခုကို ပါးပါးလှီးကာ ဆွဲကြိုးအဖြစ် အသုံးပြုပြီး လည်ပင်းတွင် ဆွဲထားလိုက်လေသည်။

ဤနည်းဖြင့် သူမက မည်သည့်နေရာကိုပဲ ရောက်လာသည်ဖြစ်စေ ကျင်းယန်က သူမ၏ ဘေးတွင် အမြဲရှိနေသကဲ့သို့ ခံစားရပေလိမ့်မည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချန်ယန်ကျန်းချွီက သူ၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်းသတ္တဝါ၏ အသိစိတ်ကို ထိန်းချုပ်ရန်အတွက် နည်းလမ်းများကို ရှာဖွေနေခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

သူက အသိစိတ် လွတ်သွားသည့် အကြိမ်အနည်းငယ်တွင် ယင်ရိလျိုက သူ့အတွက် ဖုံးကွယ်ပေးခဲ့ရပြီး ဟိုတယ်ပိုင်ရှင် ဇနီးမောင်နှံကို မသိအောင် လျှို့ဝှက်ပေးထားခဲ့သည်။

ကံကောင်းစွာဖြင့် ချန်ယန်ကျန်းချွီ၏ ခန္ဓာကိုယ်ထဲရှိ သတ္တဝါ၏ အသိစိတ်က ဝူဝေ့ရုန်၏ ခန္ဓာကိုယ်ထဲရှိ အသိစိတ်ကဲ့သို့ လူသားမျိုးနွယ်ကို ဆန့်ကျင်လိုစိတ် မရှိခဲ့ပေ။

ထိုအစား ထိုအသိစိတ်က ထျန်းထျန်း၏ အစောပိုင်းအခြေအနေနှင့် ဆင်တူပြီး လူသားများအပေါ်တွင် ကိုယ်ချင်းစာစိတ်ရှိသောကြောင့် လူသားများ၏ အကြောင်းကို အထူးတလည် စိတ်ဝင်စားနေခဲ့သည်။

*

All Chapters