← Chapters

အခန်း ၃၃၆

Vol. 34 Ch. 336

အခန်း ၃၃၆

Vol. 34 Ch. 336

အပိုင်း ၃၃၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

နောက်ဆုံးတွက် အသက်ရှင်လိုစိတ်က ထျန်းရွှေမြို့ ပုန်ကန်သူ တပ်သားများကို အပြည့်အဝ စုစည်းသွားစေပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။

“ညီအစ်ကိုတို့... ငါတို့ မြို့စားမင်း ဆိုလွန်ဆီ ထွက်ပြီး လက်နက်ချကြမယ်... အထဲမှာ ဆက်နေရင် အဲ့ဒီ မဟူရာ ခွေးတွေနဲ့ လင်ဟိုင် တပ်ဖွဲ့တွေက ငါတို့ကို အကုန် သတ်ပစ်လိမ့်မယ်”

ချက်ချင်းပင် ထျန်းရွှေမြို့ ပုန်ကန်သူ တပ်သား လေးထောင်ကျော်က အလိုအလျောက် စုစည်းသွားကြပြီးနောက် ရဲတိုက်၏ ဧရာမ တံခါးကြီးဆီသို့ အစွမ်းကုန် ပြေးဝင်သွားကြသည်။

ထျန်းရွှေမြို့ နယ်မြေမှ ပုန်ကန်သူ တပ်သားများ၏ တိုက်ခိုက်နိုင်စွမ်းမှာ အားအနည်းဆုံးဖြစ်ခဲ့သည်။ လွန်ခဲ့သည့် အချိန်အနည်းငယ်က ပုန်ကန် အုံကြွမှုအတွင်း၌ မဟူရာ တပ်ဖွဲ့ တစ်ထောင်ကျော်က ပုန်ကန်သူ တပ်သား လေးထောင်ကို ဖိနှိပ် တိုက်ခိုက်နိုင်ခဲ့၏။

သို့သော် ယခုအခါ အသက်ရှင်လိုစိတ်ကြောင့် ထျန်းရွှေမြို့ ပုန်ကန်သူ တပ်သားများမှ ပေါက်ကွဲထွက်လာသည့် အင်အားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ထို့ကြောင့် လင်ဟိုင် တပ်ဖွဲ့နှင့် မဟူရာ တပ်ဖွဲ့တို့ မခုခံနိုင်ကြ‌တော့ဘဲ ပုန်ကန်သူတပ်သားများ ရဲတိုက် တံခါးကြီးဆီသို့ ပြေးဝင်သွားသည်ကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေလိုက်ရတော့သည်။

ရဲတိုက် တံခါးကြီးကို ကာကွယ် စောင့်ကြပ်နေသူများမှာ အဆင့်မြင့်စစ်သည် အချို့ ဖြစ်ကြ၏။

ထျန်းရွှေမြို့ နယ်မြေမှ ပုန်ကန်သူ တပ်သားများ ပြေးဝင်လာသည်ကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

“မင်းတို့ ဘာလုပ်ရဲလို့လဲ... နောက်ဆုတ်ကြ”

သို့သော် နောက်တစ်စက္ကန့်၌ ထောင်ချီသော ပုန်ကန်သူ တပ်သားများက ဒီရေလှိုင်းများအလား အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြရာ ထို အဆင့်မြင့်စစ်သည် အချို့ လူလှိုင်းအောက်တွင် နစ်မြုပ်သွားတော့၏။

တံခါးစောင့်နေသည့် အဆင့်မြင့်စစ်သည် အချို့မှာ ရူးသွပ်စွာ ဝိုင်းဝန်း တိုက်ခိုက်ခံရမှုအောက်တွင် အသားစများအဖြစ် အရှင်လတ်လတ် ခုတ်ပိုင်းခံလိုက်ရသည်။

ထို့နောက် လူအချို့က တံခါးမင်းတုပ်များကို အလျင်အမြန် ဆွဲဖြုတ်လိုက်ပြီး ရဲတိုက်၏ ဧရာမ တံခါးကြီးကို တွန်းဖွင့်လိုက်ကြကာ ဒီရေလှိုင်းများအလား ပြင်ပသို့ ထွက်လာကြသည်။

“မြို့စားမင်း... ငါတို့ လက်နက်ချပါတယ်... ငါတို့ လက်နက်ချပါတယ်...”

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ပုန်ကန်သူ တပ်သား လေးထောင်ကျော်လုံး လက်နက် ဖြုတ်သိမ်းခံလိုက်ရပြီး လေ့ကျင့်ရေးကွင်းထဲ၌ ဆောင့်ကြောင့် ထိုင်နေကြသည်။

သို့သော် ထိုအချိန်၌ ရဲတိုက်၏ ပြတင်းပေါက်များနှင့် အပေါက်များမှ မီးခိုးလုံးကြီးများ လွင့်ပျံထွက်ပေါ်လာသည်။

ဆိုလွန် အံ့ဩသွားသည်။

ရဲတိုက်အထဲ၌ မည်သည့်အရာများဖြစ်ပျက်နေပါသနည်း။ အဘယ်ကြောင့် မီးခိုးလုံးကြီးများ အလွန်အကျွံထွက်ပေါ်နေရသနည်း။ ရဲတိုက်ထဲမှာ မီးလောင်နေပါသလော။

လက်နက်ချထားသည့် ပုန်ကန်သူ တပ်သားတစ်ဦးက လက်မြှောက်ကာ လျှောက်တင်လာသည်။

“မြို့စားမင်း... ကျွန်တော်တို့ ရဲတိုက်ထဲက ထွက်လာတော့ မြေအောက် သိုလှောင်ရုံကို မီးရှို့ခဲ့ပါတယ်... အထဲက ရိက္ခာတွေ အကုန် လောင်ကုန်ပါပြီ... ကျွန်တော်တို့... ကျွန်တော်တို့က အကျိုးပြုချင်လို့ပါ”

ဆိုလွန် မနေနိုင်ဘဲ မှင်သက်သွားရသည်။ ဤ ပုန်ကန်သူ တပ်သားများမှာ တကယ်ကို အသုံးမကျသည့် အုပ်စုများဖြစ်၏။ အလုပ်မဖြစ်သော်လည်း ပြဿနာရှာရာတွင်တော့ ကျွမ်းကျင်အဆင့်ပင်။

“လာကြစမ်း... ဒီလူကို ရွှေဒင်္ဂါး ဆယ်ပြား ဆုချလိုက်... ရိက္ခာတွေကို မီးရှို့တဲ့ နေရာမှာ ပါဝင်ခဲ့တဲ့ သူတိုင်းကို ရွှေဒင်္ဂါး သုံးပြားစီ ဆုချမယ်”

ထိုစကားကြောင့် ထို ပုန်ကန်သူ တပ်သား ခေါင်းဆောင်မှာ ဝမ်းသာလွန်း၍ သတိလစ်မတတ် ဖြစ်သွားရသည်။

……

ညနေစောင်းအချိန်၌ နိုင်အာက စစ်သည် တစ်ရာကျော်ကို ဦးဆောင်ကာ ကျိနင်၊ ထူလင်းတိ၊ ကွေ့ချင်းကျုံးနှင့် အခြား သုံ့ပန်းများကို ဖမ်းဆီး၍ ရဲတိုက်၏ အရှေ့သို့ ရောက်ရှိလာသည်။

“မဟူရာ တပ်ဖွဲ့... လင်ဟိုင် တပ်ဖွဲ့... မင်းတို့ရဲ့ သခင်တွေ အဖမ်းခံလိုက်ရပြီ... အထဲက ရိက္ခာတွေ အကုန်လုံးလည်း မီးလောင်ကုန်ပြီ... အခုချက်ချင်း ထွက်ပြီး လက်နက်ချကြစမ်း”

တပ်မှူး တွမ် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

ချက်ချင်းပင် ရဲတိုက်ထဲမှ မျက်လုံးများစွာ ထွက်ပေါ်လာပြီး အဆင့်အတန်း မြင့်မားလှသည့် မင်းသမီး ကျိနင်၊ သခင်လေး ကွေ့ချင်းကျုံးတို့ ဆိုလွန်၏ သုံ့ပန်းများအဖြစ် အပြည့်အဝ ကျဆင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

မဟူရာ တပ်ဖွဲ့နှင့် လင်ဟိုင် တပ်ဖွဲ့မှ အရာရှိများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး သက်ပြင်းရှည်တစ်ချက်ချမိလိုက်သည်။

ဆက်လက် ခုခံနေလည်း အဓိပ္ပာယ် မရှိတော့ချေ။ လက်နက်ချခြင်းဖြင့် အညံ့ခံရမည်သာ။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် မဟူရာ တပ်ဖွဲ့ဝင် တစ်ထောင်ကျော်နှင့် လင်ဟိုင် တပ်ဖွဲ့ဝင် နှစ်ထောင်ကျော်တို့ လက်နက်များကို ပစ်ချကာ ရဲတိုက်ထဲမှ ထွက်လာပြီး ဆိုလွန်ထံသို့ တရားဝင် လက်နက်ချ အညံ့ခံကြလေပြီ။

သို့ဖြင့် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ထျန်းရွှေမြို့ စစ်ပွဲကြီး ပြီးဆုံးသွားကာ ဆိုလွန် အပြည့်အဝ အောင်ပွဲခံတော့သည်။

……

ညပိုင်း၌ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ် တစ်ခုလုံး ပျော်ရွှင်မှု ပင်လယ်ပြင်ကြီးထဲ ကျဆင်းသွားပြီး ကြီးမားလှသည့် အောင်ပွဲကြီးကို ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံနေကြသည်။

သန်းခေါင်ယံအချိန်၌ ဆိုလွန် အနည်းငယ် မူးယစ်နေပြီး ဝိုင်ပုလင်းကို ကိုင်ဆောင်လျက် ရဲတိုက်ထဲရှိ အခန်းတစ်ခန်းထဲသို့ ဝင်ရောက်လာသည်။

ထူလင်းတိမှာ သွေးကြောများ ပိတ်ဆို့ခံထားရပြီး ခြေလက်လေးဖက်စလုံးကို ကုတင်ပေါ်၌ ဆွဲဆန့်ချည်နှောင်ခံထားရသည်။ ယခုအခါ သူမသည် အလွန် အကြည့်ရဆိုးလှသည့် 大 စာလုံးပုံစံ ဖြစ်နေ၏။

ဆိုလွန် ဝင်လာသည်ကို မြင်သောအခါ ထူလင်းတိ၏ မျက်နှာ ချက်ချင်းဖြူရော်သွားသည်။

ဆိုလွန် ရှေ့သို့တိုးလာပြီး သူမ၏ ပါးကို ညှစ်ကာ မေးလိုက်သည်။

“ထူလင်းတိ... ဒီနေ့လို နေ့ရက်မျိုးရောက်လာမယ်လို့ မင်း မထင်ထားဘူးမလား”

ထူလင်းတိ အေးစက်သောအသံဖြင့် ပြန်မေးလိုက်၏။

“ဆိုလွန်... နင် ဘာလုပ်ချင်တာလဲ”

ဆိုလွန် ပြုံးလိုက်သည်။

“ဒီဘဝရဲ့ ဝဋ်လည်မှုက တကယ် မြန်တာပဲ... လွန်ခဲ့တဲ့ နှစ်လက မင်း ငါ့ကိုအသေအလဲ နှိပ်စက်ခဲ့တယ်လေ... အခုတော့ မင်းအလှည့် ရောက်ပြီပေါ့”

ထိုစကားများကြောင့် ထူလင်းတိတစ်ယောက် ကျောရိုးတစ်လျှောက်စိမ့်တက်သွားလေပြီ။

….

ဆိုလွန် ဝိုင်တစ်ခွက် အပြည့်ငှဲ့ကာ ထူလင်းတိ၏ ပါးစပ်နား တေ့ပေးလိုက်သည်။

“ပါးစပ်ဟ”

ထူလင်းတိ ဆိုလွန်ကို စိုက်ကြည့်နေပြီးနောက် ပါးစပ်ဟလိုက်ရာ ဆိုလွန်က ဝိုင်တစ်ခွက်လုံးကို လောင်းထည့်ပေးလိုက်သည်။

ဝိုင်တစ်ခွက်လုံး သောက်ပြီးသွားသောအခါ ထူလင်းတိ၏ သတ္တိများ ပိုမို ကြီးမားလာပုံရပြီး အေးစက်စွာ စိန်ခေါ်လိုက်သည်။

“နင် ငါ့ကို ဘယ်လို နှိပ်စက်ချင်လဲ... လာစမ်းပါ... ငါ မျက်မှောင်တစ်ချက် ကုတ်သွားရင် မိန်းမပျက်က မွေးတဲ့သူပဲ”

ဆိုလွန် မတ်တတ်ရပ်ကာ ကုတင်ပေါ်ရှိ ထူလင်းတိကို ခါးညွှတ် အရိုအသေပေးလိုက်သည်။

“ပထမဆုံးအနေနဲ့ မင်းရဲ့ ကလေးဘဝတုန်းက ငါပေးခဲ့တဲ့ နာကျင်မှုတွေအတွက် တောင်းပန်ချင်တယ်”

ထူလင်းတိ အံ့ဩသွားသည်။

“နင် ဘာတွေ လာနောက်နေတာလဲ”

ဆိုလွန် ဆက်ပြောလာ၏။

“တကယ်တော့ အရင်တစ်ခေါက် လမ်းခရီးမှာ မင်း ငါ့ကို နေ့ရက်ပေါင်းများစွာ နှိပ်စက်ခဲ့ပေမဲ့ ငါ မင်းကို မမုန်းခဲ့ပါဘူး... “

“အံတုဖို့၊ ကလဲ့စားချေဖို့လည်း မတွေးခဲ့ဘူး... ပြီးတော့ အဲ့ဒီနေ့က မင်း ငါ့ကို သင်းမကွပ်ခဲ့ဘူး... မျက်လုံးလည်း မဖောက်ထုတ်ခဲ့ဘူး... အချုပ်ပြောရရင် ငါ့အတွက် ပျက်စီးစေမယ့် ထိခိုက်မှုမျိုး မလုပ်ခဲ့ဘူးလေ...”

“ငါက ကလေးဘဝတုန်းက မသိနားမလည်ဘဲ မင်းကို နာကျင်အောင် လုပ်ခဲ့တာမို့ ကြီးလာတော့ ငါ့ကို ပြန်ကလဲ့စားချေတာ ပုံမှန်ပါပဲ”

အနည်းငယ် မူးယစ်နေသည့် ဆိုလွန်၏ အသံကို ကြားရသောအခါ ထူလင်းတိ၏ မျက်နှာအရောင် ပြောင်းလဲသွားတော့သည်။

ဆိုလွန် ဆက်ပြော၏။

“ဒါကြောင့် မင်းကို ငါ မမုန်းသလို ပြန်ကလဲ့စားချေဖို့လည်း မတွေးခဲ့ဘူး... ဒါပေမဲ့... ဒီတစ်ခေါက် မင်းက အရာရှိတွေကို ဦးဆောင်ပြီး ငါ့ ထျန်းရွှေမြို့ နယ်မြေကို ဝင်ရောက် ကျူးကျော်လာခဲ့တယ်...”

“တကယ်လို့ မင်းကိုသာ ဒီအတိုင်း လွှတ်ပေးလိုက်ရင် နောက်ပိုင်း လူတိုင်းက ငါ့ခေါင်းပေါ် တက်အီးပါ ၊ သေးပေါက် လုပ်ကြလိမ့်မယ်... ငါ့ရန်သူတွေကို သင်ခန်းစာ ပေးရမယ်”

ဆိုလွန်၏စကားအဆုံး၌ ထူလင်းတိတစ်ယောက် တစ်ကိုယ်လုံး လှုပ်ရှား၍ မရတော့ကြောင်း သတိထားမိလိုက်သည်။ သို့သော် အာရုံခံနိုင်စွမ်းများက ယခင်အတိုင်း အပြည့်အဝ ရှိနေဆဲပင်။

ထူလင်းတိ စူးရှသောအသံဖြင့် ပြောလိုက်၏။

“နင်... နင် ဝိုင်ထဲမှာ ဆေးခတ်ထားတာပဲ”

ဆိုလွန် ပြုံးလိုက်သည်။

“ဟုတ်တယ်... နောက်ပိုင်းကျရင် အရမ်း နာကျင်ရမှာမို့ မင်း ရုန်းကန်နေတာကို တားဆီးဖို့ လိုအပ်တယ်လို့ ငါ ထင်လို့လေ”

ထို့နောက် ဆိုလွန် ကုတင်ပေါ်သို့ တက်ကာ ထူလင်းတိ၏ ခါးပေါ်၌ ခွထိုင်ပြီး သူမ၏ တစ်ကိုယ်လုံးရှိ အဝတ်အစားများကို ဆွဲဖြဲလိုက်သည်။

ဖြူစင်သွယ်လျသော်လည်း ကျန်းမာကြံ့ခိုင်သည့် ခန္ဓာကိုယ်လေး အပြည့်အဝပေါ်ထွက်လာ၏။ ထို့နောက် ခြေလက်လေးဖက်ရှိ ကြိုးများကို ဖြည်ပေးကာ သူမ၏ ခန္ဓာကိုယ်လေးကို မှောက်ခုံ လှည့်ပေးလိုက်သည်။

သူ၏ အကြည့်များက ဘယ်ဘက် တင်ပါးပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာ၌ စာလုံးအချို့ ရွဲ့စောင်းစွာ ရေးသားထားသည်။

စာလုံးများမှာ-ဆိုလွန် ဤနေရာသို့ လာရောက်လည်ပတ်သည် ဟူ၍ဖြစ်၏။

ထူလင်းတိ စူးရှသောအသံဖြင့် အော်ဟစ်လိုက်သည်။

“ဆိုလွန်... နင် တိရစ္ဆာန်ကောင်... နင် လုပ်ချင်တာ လုပ်စမ်း... ငါ ခွေးကိုက်ခံရတယ်လို့ သဘောထားလိုက်မယ်”

သူမ လုံးဝ လှုပ်ရှား၍ မရသော်လည်း တစ်ကိုယ်လုံး၏ အာရုံခံနိုင်စွမ်းများက အလွန် ထိခိုက်လွယ်နေပြီး တစ်ကိုယ်လုံးရှိ မွေးညင်းပေါက်များပင် ထောင်မတ်နေလေပြီ။

ဆိုလွန် ထူလင်းတိ၏ တစ်ကိုယ်လုံးကို ပွတ်သပ်ကာ ပြောလိုက်သည်။

“ရှုံးနိမ့်တဲ့ မိန်းမတွေက မတရားကျင့် သတ်ဖြတ်ခံရမှာပဲ... ဒါက နှစ်ထောင်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ ဓလေ့တစ်ခုလေ...”

“ပြီးတော့ စကားပုံတစ်ခု ရှိတယ်... မိန်းမတစ်ယောက်ရဲ့ နှလုံးသားထဲ ဝင်ချင်ရင် အနီးဆုံးနေရာက ဒီနေရာကို ဖြတ်သွားရတယ် တဲ့”

ဆိုလွန် လက်လှမ်းကာ သူမ၏ ဘယ်ဘက်တင်ပါးလေးကို ဆုပ်နယ်လိုက်သည်။ ချက်ချင်းပင် ထူလင်းတိ၏ ခန္ဓာကိုယ်လေး ပြင်းထန်စွာ တုန်ယင်သွားပြီး အကြောက်လွန်သွားတော့သည်။

ဆိုလွန် ဆက်ပြောလာသည်။

“လူတွေက ပြောသေးတယ်... မိန်းမတစ်ယောက်က သူ့ရဲ့ ပထမဆုံး ယောက်ျားကို မေ့ဖို့ အမြဲတမ်း ခက်ခဲတတ်တယ် တဲ့... ငါကတော့ ဒါက တော်တော်လေး အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်... ဒါကြောင့် အကောင်းဆုံး အပြစ်ပေးတဲ့ နည်းလမ်းက မင်းကို မတရားကျင့်ပြီး မင်းနှလုံးသားထဲမှာ အိပ်မက်ဆိုးတစ်ခု ထပ်ထည့်ပေးဖို့ပဲ”

ထူလင်းတိ အသံပြဲကြီးဖြင့် အော်ဟစ်လိုက်၏။

“လာလေ... လာစမ်း... နင် ငါ့ကို မတရားမကျင့်ရင် နင်က ငါ့မြေးပဲ”

ဆိုလွန် နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

“ငါ တကယ်ပဲ အဲ့ဒီလို လုပ်ဖို့ စီစဉ်ထားတာ... ဒီလို ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဖိအားတွေကို ငါ ဂရုမစိုက်ဘူး... ရှုံးနိမ့်တဲ့ မိန်းမတစ်ယောက်ကို မတရားကျင့်တာက ဘာများ အရေးကြီးလို့လဲ”

ထို့နောက် လက်တစ်ဖက်ဖြင့် သူမ၏ တင်ပါးပေါ်သို့ အပြင်းအထန် ရိုက်ချလိုက်ကာ ဆက်လက် ဆုပ်နယ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူမ၏မေးကိုအနောက်သို့ဆွဲယူကာ နှာခေါင်းလေးကို နမ်းရှိုက်လိုက်သည်။

“ဒီလောက် လှတဲ့ မိန်းမချောလေးက ဘာလို့ အနံ့ဆိုး ထွက်နေရတာလဲ...မင်း ရေမချိုးတာ နှစ်ရက် သုံးရက်လောက် ရှိနေပြီနဲ့တူတယ်...”

ထူလင်းတိ ဆဲဆိုလိုက်၏။

“ခွေးကောင်... ခွေးကောင်... နင်က လူယုတ်မာပဲ”

သူမ အစွမ်းကုန် ရုန်းကန်သော်လည်း လုံးဝ လှုပ်ရှား၍ မရချေ။

ဆိုလွန် သက်ပြင်းချလိုက်သည်။

“နှမြောစရာပဲ... အိမ်ကမိန်းမက ငါ့ကို ကျိနင်နဲ့ မင်းကို သတ်လို့မရဘူးလို့ ပြောထားတယ်...”

“မင်း သိပါတယ်... နိုင်အာရဲ့ သိုင်းပညာက အရမ်း မြင့်တယ်... ငါ စကားနားမထောင်ရင် သူ ငါ့ကို သေမတတ် ရိုက်လိမ့်မယ်... ထူလင်းတိကို ငါ အတူအိပ်ခဲ့ပေမဲ့ ငါ့နှလုံးသားကတော့ မင်းဆီမှာပါ လို့ သွားပြောလို့ မရဘူးလေ... အဲ့လိုပြောရင် သူ ငါ့ကို တကယ် ထိုးကျိတ်လိမ့်မယ်”

ဆိုလွန် အဓိပ္ပာယ်မရှိစွာ ညည်းညူလိုက်သည်။

“အား... အိမ်ထောင်မပြုရသေးခင်ကတည်းက မိန်းမကြောက်တဲ့သူ ဖြစ်နေပြီ... ထူလင်းတိ... ငါ ဘယ်လို လုပ်ရမလဲ”

ထို့နောက် ဆိုလွန် ထက်မြက်လှသည့် ဓားမြှောင်တစ်လက်နှင့် ထူးဆန်းသော သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။

သေတ္တာကိုဖွင့်လိုက်သောအခါ အထဲ၌ အနီ၊ အမည်း၊ အဖြူ၊ အဝါ၊ လိမ္မော်၊ အပြာ၊ ခရမ်း စသည့် အရည်များ ပါဝင်နေသောအကန့်ငယ်လေးများ ထွက်ပေါ်လာသည်။

ထူလင်းတိ ထိုအရာကို မြင်သောအခါ ချက်ချင်းပင် တုန်ယင်စူးရှသောအသံဖြင့် အော်ဟစ်လိုက်၏။

“ဆိုလွန်... ငါ့ကို သတ်လိုက်... ငါ့ကို သတ်လိုက်ပါ”

အဘယ်ကြောင့်ဆိုသော် ထိုအရာမှာ အရိုးထွင်းအရည် ရောစပ်ထားသည့် ဆေးရောင်ဖြစ်ကြောင်း သူမ မြင်လိုက်ရသောကြောင့်ပင်။ အရေပြားပေါ် စွန်းထင်းသွားသည်နှင့် တစ်ပြိုင်နက် မည်သို့မျှ ဆေးကြော၍ ရနိုင်မည်မဟုတ်တော့ချေ။ အရေခွံ ခွာချလိုက်လျှင်ပင် အသုံးမဝင်ဘဲ ထိုအရည်က အရိုးထဲအထိ တိုက်ရိုက် စိမ့်ဝင်သွားမည် ဖြစ်သည်။

အပိုင်း ၃၃၆ ပြီး။

All Chapters