အခန်း ၃၃၇
Vol. 34 Ch. 337
အပိုင်း ၃၃၇
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
အရိုးထွင်းစုတ်တံမှာ အထူး ကျောက်စိမ်းတစ်မျိုး ဖြစ်ပြီး ထိုအရည်မျိုးထဲတွင် ခြောက်လကျော်ကြာ စိမ်ထားခြင်း ဖြစ်သည်။
ဆိုလွန် ထူလင်းတိ၏ ခန္ဓာကိုယ်လေးကို ပက်လက် ပြန်လှန်လိုက်ရာ သူ့အား မျက်နှာချင်းဆိုင် ဖြစ်သွား၏။
ဆိုလွန်၏ အကြည့်များက သူမ၏ ညာဘက် ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာ၌ ထင်ရှားသော အမာရွတ်တစ်ခု ရှိနေသည်။ ထိုအမာရွတ်မှာ ဆိုလွန်၏ ဓားဖြင့် ထိုးဖောက်ခဲ့ခြင်းပင်။
“မင်းရဲ့ ရင်ဘတ်က တကယ်ကို ပြန့်ပြူးနေတာပဲ... ဒါပေမဲ့ တော်တော်လေး ချပ်ရပ်ပြီး ချစ်စရာကောင်းပါတယ်”
ဆိုလွန် ထူလင်းတိ၏ ရင်ဘတ်ပေါ်ရှိ အမာရွတ်ကို ညင်သာစွာ ပွတ်သပ်ကာ ပြောလိုက်သည်။
“နာလား... သေချာပေါက် နာမှာပေါ့... ဒါပေမဲ့ စိတ်အေးအေးထားပါ... ဒီကနေ့က ပိုနာလိမ့်မယ်”
ထို့နောက် ဆိုလွန် ဓားမြှောင်ထိပ်ဖူးကို အရိုးထွင်းအရည်ထဲ အပြည့်အဝ နှစ်လိုက်ပြီး ထူလင်းတိ၏ ရင်ဘတ်ပေါ်သို့ လျင်မြန်စွာ ထိုးစိုက်လိုက်၏။ သဘာဝကျစွာပင် ဓားဖြင့် ထိုးဖောက်ခြင်း မဟုတ်ဘဲ တက်တူး ထိုးခြင်းသာ ဖြစ်တော့သည်။
…
ဆိုလွန်၏ လက်များက ထူလင်းတိ၏ကိုယ်ပေါ်တွင် မြန်ဆန်စွာလှုပ်ရှားနေပြီး အရိုးထွင်းစုတ်တံ၏ ဓားမြှောင်ထိပ်ဖူးကလျင်မြန်စွာ ထိုးစိုက်နေသည်။ တစ်ချက် ထိုးလိုက်တိုင်း အစက်တစ်ခု ဖြစ်ပေါ်သွား၏။
အရည်ပြားအပေါ်ရှိ အရိုးထွင်းအရည်များက အသားနှင့် သွေးများထဲသို့ အပြည့်အဝ စိမ့်ဝင်သွားကာ အရိုးထဲအထိပင် ရောက်ရှိသွားသည်။
ထူလင်းတိ အစွမ်းကုန် အော်ဟစ်လိုက်သည်။
“ဆိုလွန်... ငါ့ကို သတ်လိုက်... ငါ့ကို သတ်လိုက်”
သူမ အစွမ်းကုန် ရုန်းကန်သော်လည်း လုံးဝ လှုပ်ရှား၍ မရချေ။
ဆိုလွန် လျင်မြန်စွာ တက်တူး ထိုးနေပြီး အရိုးထွင်းအရည်များကို အဆက်မပြတ် နှစ်ယူကာ အစက်တစ်ခုစီတိုင်းကို အရိုးထဲအထိ စိမ့်ဝင်စေပြီး အရောင်များကိုလည်း အဆက်မပြတ် ပြောင်းလဲနေသည်။
သူက အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ပန်းချီဆွဲရာတွင် ပထမတန်းစား ဖြစ်သည်။ သို့သော် လူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်၌ ပထမဆုံးအကြိမ် ပန်းချီဆွဲခြင်းဖြစ်ပြီး တက်တူး ပန်းချီဆွဲခြင်းလည်း ဖြစ်နေပြန် သည်။ ထို့ကြောင့် သူ အာရုံစူးစိုက်ကာ အပြည့်အဝ နစ်မြုပ်နေတော့သည်။
သို့သော် သူ၏လက်ရာမှာ အလွန် ကြီးမားလှပြီး သူမ၏ တစ်ကိုယ်လုံး နီးပါးကိုနေရာယူထားသည်။ ကလေးဘဝတုန်းက ရွဲ့စောင်းစွာ ရေးသားခဲ့သည့် ဆိုလွန် ဤနေရာသို့ လာရောက်လည်ပတ်သည် ဆိုသည့် စာတန်းနှင့် လုံးဝ နှိုင်းယှဉ်၍ မရချေ။
အရေပြားကို ထိုးဖောက်ပြီးနောက် အရိုးထွင်းအရည်များက အသားနှင့် သွေးများထဲသို့ စိမ့်ဝင်သွားရာ ပုံမှန်မဟုတ်သော ပြင်းထန်သည့် နာကျင်မှုကို ဖြစ်ပေါ်စေ၏။
ထူလင်းတိ အစွမ်းကုန် အော်ဟစ်နေရာ လည်ချောင်းများပင် ကွဲအက်နေလေပြီ။ ဆဲဆိုနိုင်သမျှ အရာအားလုံးကိုလည်း သူမ အပြည့်အဝ အသုံးပြုခဲ့ပြီး ဖြစ်သည်။
ထို ပြင်းထန်သော နာကျင်မှုနှင့် ဆင်းရဲဒုက္ခက သူမကို တကယ်ကို နက်ရှိုင်းသော ဝမ်းနည်းကြေကွဲမှုထဲ ကျဆင်းသွားစေသည်။ အရိုးထွင်းအရည်များက ဒဏ်ရာမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ စိမ့်ဝင်သွားချိန်၌ နာကျင်မှု၊ ယားယံမှုများက လူကို အပြည့်အဝ ယူကြုံးမရ ဖြစ်သွားစေ၏။
ဤယားယံမှုက အရိုးထဲအထိ စိမ့်ဝင်ကာ ရိုးတွင်းခြင်ဆီအထိ ရောက်ရှိသွားပြီး စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
ထူလင်းတိ လှုပ်ရှား၍ မရချေ။ တစ်ကိုယ်လုံးမှ ချွေးများ အဆက်မပြတ် ထွက်ပေါ်လာပြီး အရိုးခိုက်မတတ် ယားယံမှုကြောင့် သွားကြိတ်ကာ သွေးထွက်သည်အထိ ခံစားနေရတော့သည်။
နှစ်နာရီ၊ လေးနာရီ၊ ခြောက်နာရီ။
ထူလင်းတိ အော်ဟစ်ရလွန်း၍ မောပန်းသွားသလို ဆိုလွန်လည်း များစွာ ပင်ပန်းသွားလေပြီ။ နောက်ဆုံး၌ သူ၏ လက်ရာ ပြီးစီးသွား၏။
ယခုအချိန်၌ ထူလင်းတိမှာ နာကျင်မှုနှင့် အရိုးခိုက်မတတ် ယားယံမှုကြောင့် ထုံကျဉ်ကာ ခွေခွေလေး ဖြစ်နေသည်။
ဆိုလွန် ဧရာမ ကြေးမုံပြင်ကြီး တစ်ချပ်ကို ယူဆောင်လာပြီး ထူလင်းတိ၏ အရှေ့၌ ချထားကာ ပြောလိုက်သည်။
“လာ... ငါ့ရဲ့ လက်ရာသစ်ကို ကြည့်လိုက်ပါဦး”
ထူလင်းတိ တစ်ချက် ကြည့်လိုက်သောအခါ သတိလစ်မတတ် ဖြစ်သွားရသည်။ ဧရာမ တက်တူးကြီးက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး နေရာယူထား၏။
တက်တူး၏ ပုံဖော်ထားမှုမှာ တစ်ကိုယ်လုံး ဝတ်လစ်စလစ် ဖြစ်နေသည့် အမျိုးသားတစ်ဦးပုံပင်။ ထိုအမျိုးသားမှာ ယှဉ်ပြိုင်နိုင်စွမ်း မရှိအောင် ချောမောယုတ်မာသော အသွင်အပြင်ရှိသည့် ဆိုလွန်ဖြစ်၏။
ထို့အပြင် သုံးဖက်မြင် ပုံတူဆွဲသည့် နည်းလမ်းကို အသုံးပြု၍ တက်တူး ထိုးထားခြင်းသဖြင့် အပြည့်အဝ အသက်ဝင်နေပြီး ပုံနှိပ်တုံး ရိုက်နှိပ်ထားသည့်အလား ဖြစ်နေသည်။
ထူလင်းတိ၏ ရင်ဘတ်ပေါ်၌ ထိုးထားသည်မှာ ဆိုလွန်၏ မျက်နှာဖြစ်ပြီး ချောမောကာ ယုတ်မာသည့် အငွေ့အသက်များ ပါဝင်နေသည်။
ရင်ဘတ်မှ ဝမ်းဗိုက်အောက်ပိုင်းအထိ ထိုးထားသည်မှာ ဆိုလွန်၏ အပေါ်ပိုင်း ဖြစ်၏။ သို့သော် သူမ၏ ပြည့်တင်း ဝိုင်းစက်နေသော ပေါင်တံနှစ်ဖက်ပေါ်၌မူ ဆိုလွန်၏ ခြေထောက် နှစ်ဖက်ကို ထိုးထားသည်။ အကယ်၍ သူမ၏ ခြေထောက်ကို ကားလိုက်ပါက တက်တူးပေါ်ရှိ ဆိုလွန်၏ ခြေထောက်များကလည်း ကားသွားမည် ဖြစ်သည်။
လည်ပင်းမှ ဒူးခေါင်းအထက်အထိ သူမ၏ တစ်ကိုယ်လုံးမှာ ဆိုလွန်၏ တက်တူးဖြင့် အပြည့်အဝ နေရာယူခံလိုက်ရလေပြီ။
ယှဉ်ပြိုင်နိုင်စွမ်း မရှိအောင် အသက်ဝင်နေသည့် ဆိုလွန်က သူမ၏ ခန္ဓာကိုယ်ပေါ်၌ အပြည့်အဝ ထွင်းထုခံထားရပြီး အရိုးထဲအထိ စိမ့်ဝင်သွားသဖြင့် ဖျက်ပစ်ရန် မဖြစ်နိုင်တော့ချေ။ ဤအရာက သူမ၏ ခန္ဓာကိုယ်ကို ထူးခြားသည့် လှပခမ်းနားမှု တစ်မျိုး ရှိနေသကဲ့သို့ ဖြစ်သွားစေသည်။
ယနေ့မှစ၍ ထူလင်းတိ မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ ဆိုလွန်၏ အရိပ်က တစ္ဆေတစ်ကောင်အလား အရိပ်လို ကပ်ပါနေမည်ဖြစ်ကာ ထာဝရ ဖယ်ရှား၍ မရနိုင်တော့ပေ။
“အားး......”
ထူလင်းတိ အစွမ်းကုန် အော်ဟစ်တော့သည်။
ဤမိစ္ဆာကောင်သည် အသက်ရှစ်နှစ် အရွယ်တုန်းက သူမ၏ တင်ပါးပေါ်၌ စာလုံးအချို့ကို ရွဲ့စောင်းစွာ ရေးသားခဲ့သည်။ ယခုမူ သူမ၏ တစ်ကိုယ်လုံးပေါ်၌ ဖျက်ပစ်၍ မရနိုင်သော တက်တူး အမှတ်အသားကို ချန်ထားခဲ့ပြီး တစ်သက်လုံး ဖယ်ရှား၍ မရနိုင်တော့ချေ။
ထူလင်းတိ အံကြိတ်ကာ သွေးထွက်သည်အထိ အစွမ်းကုန် အော်ဟစ်လိုက်သည်။
“ဆိုလွန်... နင် မိစ္ဆာကောင်... ငါ နင့်ကို သေချာပေါက် အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်မယ်... အပိုင်းပိုင်းအစစ...”
သူမ မငိုဖူးသော်လည်း မျက်ရည်များ စီးကျလာလေပြီ။
တင်ပါးပေါ်၌ ထိုစာလုံးများ ရှိနေသောကြောင့် သူမ အိမ်ထောင်ပြု၍ မရခဲ့ချေ။ ယခု တစ်ကိုယ်လုံး၌ တက်တူး ရှိနေသဖြင့် သူမ တစ်သက်လုံး လူလုံးထွက်ပြ၍ ရနိုင်တော့မည် မဟုတ်ပေ။
ဆိုလွန် ဆိုသည့် မိစ္ဆာကောင်က သူမ၏ အရိုးထဲအထိ စိမ့်ဝင်သွားသည့် အိပ်မက်ဆိုးတစ်ခုနှင့် တူညီလှ၏။
ဆိုလွန် ပြုံးကာ ပြောလိုက်သည်။
“ဒါနဲ့ စောစောက အရိုးထွင်းအရည် ဆေးရောင်ထဲမှာ တခြား အထူး အဆိပ်အချို့ကိုပါ ထည့်ထားခဲ့တယ်...”
“ဥပမာအနေနဲ့ ခြောက်နာရီကြာတိုင်း အဲ့ဒီ ငရဲလို အရိုးခိုက်မတတ် ယားယံမှု ပေါ်လာလိမ့်မယ်... အရိုးထဲကနေ စိမ့်ထွက်လာတဲ့ အဲ့ဒီယားယံမှုက ကုတ်လို့မရဘူး... မင်း ကိုယ့်အရေခွံကိုယ် ပြန်ဆွဲဖြဲချင်လာအောင် လုပ်လိမ့်မယ်”
ထိုစကားကြောင့် ထူလင်းတိ ချက်ချင်း သေချင်စိတ် ပေါက်သွားသည်။ စောစောက ထို အရိုးခိုက်မတတ် ယားယံမှုက ငရဲကဲ့သို့ ဆင်းရဲဒုက္ခ အပြည့်အဝ ဖြစ်ပြီး ထက်မြက်သော စုတ်တံဖြင့် ယားယံနေသည့် နေရာမှ အသားများကို ခြစ်ထုတ်ပစ်ချင်လောက်အောင်ပင်။
သို့သော် ယခု ဆိုလွန်က ထို ကြောက်မက်ဖွယ် ဆင်းရဲဒုက္ခကို နေ့တိုင်း လေးကြိမ် ခံစားရမည်ဟု ပြောနေသည်။
“ငါ့ကို သတ်လိုက်... ဆိုလွန် နင် မိစ္ဆာကောင်... ငါ့ကို သတ်လိုက်ပါတော့ဟာ...”
ဆိုလွန် သူမ၏စကားကိုဂရုမစိုက်ဘဲ ဆက်ပြောလာ၏။
“တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ လက်ရာပဲ... မင်းလည်း သိပါတယ်... အနုပညာဆိုတာ တန်ဖိုးဖြတ်လို့ မရဘူးလေ... ငါက ဒီတက်တူး ပုံတူကို အခက်အခဲတွေ အများကြီးကြားက ဖန်တီးခဲ့တာမို့ ပိုက်ဆံတောင်းရမှာပဲ...”
“အင်း.. မင်းအဖေဆီကနေ ရွှေဒင်္ဂါး သုံးသောင်း တောင်းမယ်... သဘာဝကျကျပဲ မင်းကိုပါ အဆင်ပြေပြေ ဝယ်သွားလို့ရတာပေါ့”
“ဆိုလွန်... နင် မိစ္ဆာကောင်... ငါ့ကို သတ်လိုက်... ငါ့ကို သတ်လိုက်ပါတော့ကွာ...”
ထူလင်းတိ ထိုစကားကိုသာ ထပ်ခါတလဲလဲ အော်ဟစ်နေတော့သည်။
ဆိုလွန် မထီမဲ့မြင် ပြုံးလိုက်သည်။
“အဆင်သင့်လို့ တစ်ခုလောက် ပြောပြရဦးမယ်... စောစောက မင်းကို တက်တူး ထိုးပေးနေတုန်း အရမ်းကောင်းလွန်းလို့ မင်းခန္ဓာကိုယ်တစ်ခုလုံး တုန်တောင် တုန်နေသေးတယ်... “
“ကြည့်ရတာ မင်းရဲ့ အရိုးထဲမှာလည်း တကယ်ကို အောက်တန်းကျနေတာပဲနော်”
အားရပါးလုပ်ချင်တာလုပ်ပြီးနောက် ဆိုလွန်တစ်ယောက် ထွက်သွားလေပြီ။ သဘာဝကျစွာပင် ပိုအရေးကြီးသည်မှာ ကျိနင်ပင်။
ဆိုလွန်က သူမကို နှစ်ရက်ခန့် နေလှန်းထားမည်ဖြစ်ပြီး ထို့နောက်မှ မည်သို့ ကိုင်တွယ်ရမည်ကို ဆုံးဖြတ်ရန် ကြံရွယ်ထားသည်။
......
ရဲတိုက်၏ အမြင့်ဆုံး ခေါင်မိုးပြန့်ပေါ်၌ ယန်ယန် တစ်ယောက်တည်း ညအမှောင်ထဲတွင် အရက်သောက်နေ၏။
ဆိုလွန် ရှေ့သို့တိုးသွားကာ မေးလိုက်သည်။
“သေဆုံးသွားတဲ့ ညီအစ်ကိုတွေကို လွမ်းဆွတ်နေတာလား”
ယန်ယန် ခေါင်းရမ်းလိုက်သည်။
“စစ်မြေပြင်မှာ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက အရမ်း ပုံမှန်ပါပဲ... လွမ်းဆွတ်နေရမယ်ဆိုရင် ဘယ်မှာ အချိန် အလုံအလောက် ရှိမှာလဲ”
ဆိုလွန် သူ၏အရက်အိုးကိုဆွဲယူကာ တစ်ကျိုက်သောက်လိုက်ရင်းမှ ပြောလိုက်သည်။
“ကျေးဇူးပဲ... ခင်ဗျားသာ အန္တရာယ်ကို မစွန့်စားခဲ့ရင် ကျိနင်၊ ထူလင်းတိနဲ့ အခြားသူတွေကို ကျွန်တော် ဖမ်းမိမှာ မဟုတ်ဘူး... ရန်သူ အားလုံးကို အပြည့်အဝ ဖမ်းဆီးနိုင်မှာ မဟုတ်ဘူး”
ယန်ယန်က ကြီးမားသည့် အန္တရာယ်ကို စွန့်စားကာ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို တိုက်ခိုက်ခဲ့သဖြင့် ဆိုလွန်က ရန်သူကို ပိုက်ကွန် တစ်ချက်တည်းဖြင့် အပြည့်အဝ ဖမ်းဆီးနိုင်ခဲ့၏။
ထိုသို့မဟုတ်လျှင် ကျိနင်က တပ်များကို ဦးဆောင်ကာ ယန်ယန်၏ တပ်စခန်းကြီးကို တိုက်ခိုက်ချိန်၌ ရှုံးနိမ့်သွားမည်ဆိုလျှင်ပင် ရန်သူအများစုမှာ ထွက်ပြေး လွတ်မြောက်နိုင်သေးသည်။
သို့သော် ယန်ယန်က ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို အရင်ဆုံး တိုက်ခိုက်ခဲ့သဖြင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများမှာ အလွန်များပြားလှသည်။ ငွေရောင်ဝံပုလွေ စစ်တပ်အတွက် ကောင်းကင်လောက်ကြီးမားသော ထိခိုက်သေဆုံးမှုများကို ယူဆောင်လာခဲ့ခြင်းပင်။
ယန်ယန် ရုတ်တရက် မေးလိုက်၏။
“နောက်ပိုင်း ဘယ်လို စီစဉ်ထားလဲ”
ဆိုလွန် ကောင်းကင်ကိုမော့ကြည့်ရင်းမှ ပြန်ဖြေသည်။
“ငွေရောင်ဝံပုလွေ စစ်တပ်က အဆင့်မြင့်စစ်သည်တွေထဲမှာ အကျိုးဆောင်မှု အကြီးမားဆုံး ဆယ်ယောက်ကို ရွေးချယ်ပြီး အဆင့်မြင့်စစ်သည် မြေပိုင်ရှင်အဖြစ် ဘွဲ့တံဆိပ် ချီးမြှင့်မယ်... “
“ပြီးတော့ ဆိုမျိုးနွယ်စုက စစ်သည် ဒါဇင်ပေါင်းများစွာကို ခင်ဗျားရဲ့ ငွေရောင်ဝံပုလွေ စစ်တပ်ထဲ ဝင်စေပြီး အဆင့်မြင့် အရာရှိတွေ ဖြစ်လာကြလိမ့်မယ်”
ဤသည်မှာ သဲရောနှောခြင်းပင်။ ဆိုလွန်က ငွေရောင်ဝံပုလွေ စစ်တပ် တစ်ခုလုံးကို ယန်ယန် တစ်ယောက်တည်း၏ လက်အောက်၌ အပြည့်အဝ ရှိနေစေရန် ခွင့်မပြုနိုင်ချေ။
သို့သော် ဆိုလွန်က တကယ့် လူကြမ်းတစ်ယောက်ဖြစ်ရာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
ယန်ယန် မည်သို့မျှ ငြင်းဆန်ခြင်းမပြုဘဲခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
ဆိုလွန် မေးလိုက်၏။
“ယောက္ခမကြီးကရော ဘယ်လို စီစဉ်ထားလဲ... ထျန်းရွှေမြို့ စစ်ဘက်ရဲ့ အမြင့်ဆုံး စစ်သေနာပတိချုပ် ဖြစ်လာချင်လား”
ယန်ယန် ခေါင်းရမ်းလိုက်သည်။
“မင်းနဲ့ ငါ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်မရကြဘူး... ငါ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်မှာပဲ နေပြီး မင်းအတွက် တောင်ဘက် တံခါးကို စောင့်ပေးမယ်”
ဆိုလွန်လည်း သူ၏အကြံပြုချက်ကိုမငြင်းဆန်ပါချေ။
“ကောင်းပြီ... ခင်ဗျားက လူငါးထောင်ကို ဦးဆောင်ပြီး ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ကို စောင့်... ဦးလေး တွမ် က လူငါးထောင်ကို ဦးဆောင်ပြီး လူရိုင်း ချောက်ကမ်းပါး ခံတပ်ကို စောင့်ပေါ့”
ယန်ယန် ပြောလိုက်သည်။
“မင်း မျှော်လင့်တဲ့အတိုင်းပါ သခင်... နိုင်အာကရော”
ဆိုလွန် ရှင်းပြလိုက်၏။
“ခင်ဗျားက ထျန်းရွှေ မြို့စောင့်တပ်ကို မကွပ်ကဲချင်ဘူးဆိုတော့ သူမကိုပဲ လုပ်ခိုင်းရတော့မှာပေါ့”
ယန်ယန် အရက်ကိုဆိုလွန့်လက်ထဲမှပြန်ဆွဲယူ၍ သောက်လိုက်ကာ စိတ်ပျက်လက်ပျက် ပြောလာသည်။
“ငါ့ရဲ့ မွေးရာပါ စရိုက်က လွတ်လပ်တာပဲ... ဘုရင်ဖြစ်နေရင်တောင် ဘယ်သူ့ကိုမှ သစ္စာမခံချင်ဘူး... အသက်ကြီးလာမှ ထိပ်ဝမှာ ပြည်တည်နေတဲ့ မင်းလို ကောင်စုတ်လေးကို သစ္စာခံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ဆိုလွန် ပြုံးလိုက်သည်။
“ကျွန်တော့်မှာ သမီးရှိရင် ခင်ဗျားရဲ့ စိတ်ပျက်မှုကို ကိုယ်ရေးကိုယ်တာ ကျေးဇူးတစ်ခုအနေနဲ့ တုံ့ပြန်ပေးမှာပါ”
ယန်ယန် သက်ပြင်းချလိုက်သည်။
“ဒါလည်း ကောင်းပါတယ်... လက်အောက်က ညီအစ်ကိုတွေ အခြေတကျ ဖြစ်သွားတာပေါ့”
ထို့နောက် လူနှစ်ယောက်လုံး ခေတ္တမျှတိတ်ဆိတ်သွားကြသည်။
အပိုင်း ၃၃၇ ပြီး။