← Chapters

အခန်း ၃၃၉

Vol. 34 Ch. 339

အခန်း ၃၃၉

Vol. 34 Ch. 339

အပိုင်း ၃၃၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ရဲတိုက်ကို အသစ်တစ်ဖန် ပြန်လည် မွမ်းမံထားပြီး ဈေးကြီးသော သိုးမွေး ကော်ဇောများဖြင့် ခင်းကျင်းထားသည်။ နေရာအနှံ့၌ မရေမတွက်နိုင်သော သလင်းကျောက် မီးဆိုင်းများ ချိတ်ဆွဲထားပြီး နံရံများပေါ်၌ ဧရာမ ပန်းချီကားချပ်များကိုပင် ချိတ်ဆွဲထား၏။

ရိုးရှင်းသော ခန်းမဆောင်လေးမှာ အလွန် ခမ်းနားထည်ဝါစွာ အလှဆင်ခံထားရပြီး မြို့စားကြီး ကျိထင်၏ အိမ်တော်ထက်ပင် သာလွန်နေသေးသည်။

ဤသည်မှာ ဆိုလွန်၏ ရဲတိုက်ဖြစ်သော်လည်း ယခုအခါ အာရှီလော့က သခင်တစ်ယောက်အလား ပြုမူနေသည်။

ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ ရဲတိုက် ခန်းမဆောင်၏ ကော်ဇောပေါ်၌ အမျိုးသမီး အများအပြား လဲလျောင်းနေကြခြင်းပင်။

အမည်းရောင်၊ အဖြူရောင်၊ အညိုရောင်၊ အရှေ့တိုင်း အမျိုးသမီး အစရှိသဖြင့် အသားအရောင် အမျိုးမျိုး ရှိကြပြီး အားလုံးမှာ ကိုယ်ပိုင်ထူးခြားချက်များဖြင့် ဆွဲဆောင်မှု ရှိနေသည်။

ထိုအချိန်တွင် အာရှီလော့ လက်ဖျောက်တစ်ချက်တီးလိုက်သည်။

ချက်ချင်းပင် နှင်းအလား ဖြူဖွေးနေသော ခွေးလေး နှစ်ကောင် လျင်မြန်စွာ ပြေးလာပြီး သူ၏ ခြေထောက်ကို ပွတ်သီးပွတ်သပ် လုပ်ကာ လျှာလေးများထုတ်၍ ဖားယားလိုက်ကြသည်။

“ဒါက မြို့စားမင်း ဆိုလွန်ပဲ... သူ့ကို မြန်မြန် သွားပြုစုကြ”

အာရှီလော့ အမိန့်ပေးလိုက်သည်။

ခွေးလေး နှစ်ကောင်က ဆိုလွန်၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ခုန်တက်လာပြီး ဆိုလွန်၏ အဝတ်အစားများကို သွားများဖြင့် ကိုက်ဖြဲရန် ကြိုးစားကြတော့သည်။

ထိုအချိန်၌ ဆိုလွန် အလွန် ထိတ်လန့်သွားလေပြီ။ ဤခွေးနှစ်ကောင်မှာ လူစင်စစ်တွေ ဖြစ်နေသောကြောင့်ပင်။

သေးသွယ် လှပသော မိန်းကလေး နှစ်ဦးကို ခွေးအရေခွံများဖြင့် ဖုံးအုပ်ထားပြီး အနောက်၌ ခွေးအမြီးများပင် တပ်ဆင်ထားသည်။

သေချာ မကြည့်ပါက လူမှန်း မသိရှိနိုင်ချေ။ အသံထွက်သည်ဖြစ်စေ၊ အမြီးနန့်ကာ အနားသို့ ကပ်လာသည်ဖြစ်စေ၊ လှုပ်ရှားနေချိန်၌ဖြစ်စေ အစစ်အမှန် ခွေးများနှင့် လုံးဝ တူညီနေ၏။

ထို့အပြင် ထိုမိန်းကလေး နှစ်ဦး၏ မျက်နှာများမှာ ပြိုင်ဘက်ကင်းလောက်အောင် အပြစ်ကင်းစင်လှပနေသည်ကို ဆိုလွန် သတိထားမိလိုက်သည်။

သူတို့က ဆိုလွန်ကို ပြုစုချိန်၌ လက်များကို လုံးဝ အသုံးမပြုဘဲ ခြေလက်လေးဖက်စလုံး မြေပြင်ပေါ်၌ အပြည့်အဝ ထောက်ထားကာ ပါးစပ်ဖြင့်သာ လုပ်ဆောင်နေကြသည်။

သူတို့ကိုယ်သူတို့ လူဖြစ်ကြောင်း မေ့သွားပြီး ခွေးတစ်ကောင်အဖြစ် အပြည့်အဝ ခံယူထားသည့်အလားပင်။

“ငါ့ရဲ့ ဒီခွေးနှစ်ကောင်က တော်တော်လေး ကောင်းတယ်... ရှစ်နှစ်လောက် လေ့ကျင့်ပေးထားရတာ... တခြားသူတွေကို ဘယ်တော့မှ ပေးမဆော့ဖူးဘူး... “

“ဒီယောက်ဖက မင်းကို ချစ်လို့ ဒီနှစ်ရက်အတွင်း မင်းကို ပေးဆော့မလို့လေ... “

အာရှီလော့ သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။

“မင်း တစ်သက်လုံး မမေ့နိုင်ဖြစ်သွားမယ် ဆိုတာကို ငါ အာမခံတယ်... အဲ့ဒီ ခံစားချက်က လုံးဝ...”

သူက ထိုခံစားချက်ကို ဖော်ပြရန် စကားလုံး ရှာမတွေ့တော့သည့်အလား ရပ်တန့်သွားပြီးနောက် ဝိညာဉ်များကို ရောင်းစားရသည့် ခံစားချက်မျိုးဟုသာ ခြုံငုံ ဖော်ပြလိုက်၏။

“လာ... လာ... လာ... ရွှေဒင်္ဂါး တစ်ထောင်... မင်း သုံးမိနစ်လောက် တောင့်ခံနိုင်မယ်လို့ ငါ လောင်းတယ်”

အာရှီလော့ လက်ယပ်ခေါ်လိုက်ရာ ချက်ချင်းပင် လှပသော အမျိုးသမီး သုံးဦးက မြေပြင်ပေါ်၌ ဒူးထောက်လိုက်ပြီး အာရှီလော့ သက်တောင့်သက်သာ ထိုင်နိုင်ရန် မိန်းမချော ကုလားထိုင် တစ်လုံးအဖြစ် ပုံဖော်ပေးလိုက်ကြသည်။

ထို့နောက် အလွန် လှပကာ ဆွဲဆောင်မှုရှိသော တိုင်းတစ်ပါး သွေးနှော မိန်းကလေး တစ်ဦးက သူ၏ အရှေ့၌ ဒူးထောက်ကာ အစွမ်းကုန် ဖားယား ပြုစုပေးတော့သည်။

ထိုမြင်ကွင်း အားလုံးကို မြင်တွေ့လိုက်ရသောအခါ ဆိုလွန် တကယ်ကို လုံးဝ ထိတ်လန့်သွားရသည်။

ထိုမျှအထိ အသုံးအဖြုန်းကြီးကာ ယိုယွင်းပျက်စီးနေသည်မှာ အဓိပ္ပာယ်မဲ့လွန်းလှ၏။ မင်းသား ကျိလီ ပင် ဤမျှ သောက်စား ပျော်ပါးသည့် ဘဝမျိုး မရှိခဲ့ချေ။

“ငါ့ရဲ့ ဒီရွှေရောင် ကြောင်လေးကို သဘောကျသွားတာလား”

အာရှီလော့က သူမ၏ ရွှေရောင် ဆံပင်များကို ဆွဲကိုင်ကာ ပြောလိုက်သည်။

“ဒါက ညသစ်ခွ မြို့စားနယ်မြေက မြို့စားကြီး တစ်ယောက်ရဲ့ သမီးလေ... မင်း သဘောကျရင် မင်းလည်း ဆော့လို့ ရတယ်... “

“အဲ့လိုမှ မဟုတ်ရင်လည်း သူ့အပေါ်မှာ ငါတို့ ပြိုင်ကြမလား... ဘယ်သူက ပိုကြမ်းလဲဆိုတာ ကြည့်ရအောင်”

ဤလူ၏ အရှက်မရှိမှုက သွေးဆူသွားစေရန် လုံလောက်လှသည်။

ဆိုလွန် ခွေးမလေး နှစ်ကောင်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး မေးလိုက်၏။

“အမွေဆက်ခံသူ အာရှီလော့ ... ခင်ဗျား ဘာလာလုပ်တာလဲ”

အာရှီလော့ ပေါ့ပါးစွာပင်ပြန်ဖြေလိုက်သည်။

“မင်းရဲ့ အစ်မကို လာခေါ်တာလေ... ငါ့ဇနီးကို အိမ်ပြန်ခေါ်သွားမလို့”

ဆိုလွန် သူ့ကိုအေးစက်စွာကြည့်ကာ မေးလိုက်၏။

“ခင်ဗျားက ဒီလိုပုံစံနဲ့ သူ့ကို အိမ်ပြန်ခေါ်မလို့လား”

အာရှီလော့ ပုခုံးတွန့်ပြကာပြန်မေးလိုက်သည်။

“ဘာလို့ မရရမှာလဲ... ငါ့လို ယောက်ျားတစ်ယောက်က တစ်လောကလုံးက မိန်းမချောလေးတွေကို မသိမ်းပိုက်သင့်ဘူးလား...”

“မင်းရဲ့ အစ်မက ငါ့ရဲ့ တစ်ဦးတည်းသော ဇနီးလေ... နောက်ပိုင်း ရိုရန်မြို့ရဲ့ သခင်မ ဖြစ်လာမှာပဲ... ဘာတွေ မကျေနပ်စရာ ရှိသေးလို့လဲ... ယောက်ျားတစ်ယောက်က ပျော်ပျော်ပါးပါး နေတာ အပြစ်လား”

ဆိုလွန် မေးလိုက်သည်။

“ငါ့အစ်မ ဘယ်မှာလဲ”

အာရှီလော့ ခေါင်းမော့ကာ ဖြေလိုက်၏။

“ရဲတိုက် အပေါ်ဆုံးထပ်မှာ... သူ့ကို မြန်မြန် မြှောက်ပေးလိုက်... ငါနဲ့အတူ ရိုရန်မြို့ကို ပြန်ရအောင်လို့”

ဆိုလွန် သူ့ကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ရဲတိုက် အပေါ်ဆုံးထပ်ဆီသို့ လျှောက်သွားသည်။

သူ ယာယီ ဒေါသမထွက်သေးချေ။ အဘယ်ကြောင့်ဆိုသော် ဆိုနင်ပင်းထံမှ လုံလောက်သော သတင်းအချက်အလက်များ ရယူရန် လိုအပ်သောကြောင့်ပင်။

အာရှီလော့ မျက်လုံးမှိတ်ကာ ရွှေရောင် ဆံပင်ပိုင်ရှင်လေး၏ ပြုစုမှုကို ခံယူနေစဉ် ရုတ်တရက် ဓားကောက် စစ်သည်တစ်ဦးက သူ၏ အမျိုးသမီးကို ကြည့်နေပြီး အသက်ရှူ မြန်ဆန်နေသည်ကို မြင်လိုက်ရသည်။

“ဘာကြည့်နေတာလဲ”

အာရှီလော့ မျက်လုံးများမှေးကျဉ်းကာမေးလိုက်သည်။

“သခင်... ကျွန်တော်... ကျွန်တော်...”

ထို ဓားကောက် စစ်သည် ချက်ချင်းပင် ဒူးထောက်ကျသွား၏။

“ထစမ်း... ထစမ်း...”

အာရှီလော့ မတ်တတ်ရပ်ကာ ရွှေရောင် ဆံပင်ပိုင်ရှင်လေးကို ထိုစစ်သည်အရှေ့သို့ ဆွဲခေါ်လာပြီး ပြောလိုက်သည်။

“ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ကြည့်ရတာ ကြိုက်တာ ပုံမှန်ပဲလေ... ဒီလောက် လှတဲ့ မိန်းမကို ဘယ်သူက မကြည့်ချင်ဘဲ နေမှာလဲ... သဘာဝကျကျ ကြည့်ချင်မှာပေါ့”

“ဟုတ်... ဟုတ်ကဲ့ပါ...”

ထို ဓားကောက် စစ်သည်က တုန်ရီသော အကြည့်များဖြင့် ရွှေရောင် ဆံပင်ပိုင်ရှင်လေး၏ ခန္ဓာကိုယ်ကို ခိုးကြည့်လိုက်၏။

ဤအမျိုးသမီးမှာ ညသစ်ခွ မြို့စားနယ်မြေမှ အထက်တန်းလွှာ၏ သမီးဖြစ်ပြီး မြင့်မြတ်သော အဆင့်အတန်းရှိသည့် မိန်းမချောလေး ဖြစ်သည်။ သူတို့ကဲ့သို့ စစ်သည်များ အနေဖြင့် တစ်သက်လုံး မော့ကြည့်၍ပင် မရနိုင်သလို ခန္ဓာကိုယ်ကို ကြည့်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

သို့သော် ယခုအခါ အာရှီလော့၏ ကျေးဇူးကြောင့် သူ ဝဝလင်လင် ကြည့်ခွင့်ရနေလေပြီ။

“လှလား... ကြည့်ရတာ အားရရဲ့လား”

အာရှီလော့ ပြုံးကာ မေးလိုက်သည်။

“လှပါတယ်... ကြည့်ရတာ အားရပါတယ်”

ထို ဓားကောက် စစ်သည်က ရမ္မက်ကြီးစွာဖြင့် ပြန်ဖြေ၏။

အာရှီလော့ ခေါင်းငြိမ့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ကြွေးကြော်လိုက်သည်။

“ငါက တကယ်ကို မွေးရာပါ သခင်တစ်ယောက်ပဲ”

ထို့နောက် ထိုစစ်သည်၏ ခါးမှဓားကောက်ကို ဆွဲထုတ်ကာ ပြင်းထန်စွာ တစ်ချက် ခုတ်ပိုင်းလိုက်၏။

စစ်သည်တစ်ယောက် ခေတ္တမျှ မှင်သက်သွားပြီးနောက် စူးရှစွာ အော်ဟစ်လိုက်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ယောက်ျား ပီသမှု သင်္ကေတ ခုတ်ပိုင်းခံလိုက်ရသောကြောင့်ပင်။

သွေးများ ရေပန်းအလား ပန်းထွက်လာကာ လူးလှိမ့်နေရလေပြီ။

အာရှီလော့ သူ့ရှေ့၌ လူးလှိမ့် ရုန်းကန်နေသူကို အလွန် ကျေနပ်စွာ ကြည့်နေပြီး ဘေးပတ်ဝန်းကျင်ရှိ အမျိုးသမီးများနှင့် စစ်သည်များကို ပြောလိုက်သည်။

“လာ... လာ... လာ... ငါတို့ လောင်းကြေးထပ်ကြမယ်... သူ ဆယ့်ငါးမိနစ်အတွင်း သွေးထွက်လွန်ပြီး သေသွားမယ်လို့ ငါ လောင်းတယ်”

ထို့နောက် သူက ရွှေဒင်္ဂါးများကို စားပွဲပေါ်၌ တင်လိုက်ပြီး သဲနာရီ တစ်ခုကိုပါ စားပွဲပေါ်၌ တင်ထားလိုက်သည်။

“လောင်းကြ... လောင်းကြ... သဲနာရီ မကုန်ခင် သူ မသေသေးရင် စားပွဲပေါ်က ရွှေဒင်္ဂါးတွေက မင်းတို့အပိုင်ပဲ”

အာရှီလော့ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။

ဘေးနားရှိ လှပသော အမျိုးသမီးတစ်ဦးက ညည်းတွားလိုက်သည်။

“သခင်... ကျွန်မတို့ဆီမှာလောင်းစရာ ရွှေဒင်္ဂါးမှ မရှိတာ”

“အဲ့ဒါဆို အမွေးတွေ နှုတ်ပြီး လောင်းကြေး လုပ်ကြ... အမွေးတစ်ပင်ကို ရွှေဒင်္ဂါး တစ်ပြားနဲ့ လဲမယ်”

သူမတို့၏ခန္ဓာကိုယ်အပေါ်အောက်သေချာကြည့်ပြီးနောက် အာရှီလော့ ပြောလိုက်ခြင်းပင်။

ထို့နောက် လှပသော အမျိုးသမီး အချို့က လောင်းကြေးများ ထုတ်လာကြပြီး မြေပြင်ပေါ်၌ စူးရှစွာ အော်ဟစ် လူးလှိမ့်နေသော ဓားကောက် စစ်သည်၏ သေဆုံးချိန်ကို လောင်းကြေးထပ်ကြတော့၏။

သို့သော် အခန်းထဲရှိ အခြား ဓားကောက် စစ်သည်များမှာ ဘေးဘီသို့ပင် မကြည့်ရဲဘဲ ဘာမှ မမြင်လိုက်ရသကဲ့သို့ ရပ်နေကြသည်။

……

ရဲတိုက် အပေါ်ဆုံးထပ်သို့ ရောက်ရှိချိန်၌ မျက်နှာတစ်ခုလုံး ဖြူရော် ပိန်ချုံးနေသော ဆိုနင်ပင်းက ဆိုလွန်၏ ရင်ခွင်ထဲသို့ အပြင်းအထန် တိုးဝင်လာသည်။

“မောင်လေး... နောက်ဆုံးတော့ ပြန်ရောက်လာပြီ... မင်း ပြန်ရောက်လာပြီပဲ...”

ဆိုနင်ပင်း၏ ရေခဲတမျှ အေးစက်နေသော ခန္ဓာကိုယ်လေးမှာ အပြင်းအထန်တုန်ယင်လာတော့သည်။

ဆိုလွန် အလျင်အမြန် ဖက်ထားလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“အင်း..ကျွန်တော် ပြန်ရောက်လာပြီ အမ... မကြောက်နဲ့တော့နော်... ကျွန်တော် တကယ်ပြန်ရောက်လာပြီ”

ထိုအခါမှ ဆိုနင်ပင်းလည်း တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် နူးညံ့သောအသံဖြင့် မေးလိုက်သည်။

“ငါတို့ နိုင်ပြီလား... ထျန်းရွှေမြို့ကို ပြန်ယူနိုင်ပြီလား”

ဆိုလွန် ခေါင်းညိတ်လိုက်၏။

ဆိုနင်ပင်း ချက်ချင်းပင် အလွန်အမင်း ဝမ်းသာသွားကာ ပြောလိုက်သည်။

“ကောင်းတယ်... ကောင်းတယ်... မောင်လေး တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်နေတာ”

“ငါ နေ့တိုင်း အိပ်မက်ဆိုးတွေ မက်နေတယ်လေ”

ထိုစကားကြားသောအခါ ဆိုလွန်၏အကြည့်များ နူးညံ့သွားသည်။

“ကျွန်တော် အဆင်ပြေပါတယ်... စစ်ဆင်ရေးက အရမ်း ချောမွေ့ခဲ့တယ်... ကျွန်တော်တို့ဘက်က အထိအခိုက် လုံးဝ မရှိခဲ့ဘူး”

“အဲ့ဒါဆို တော်သေးတာပေါ့... တော်သေးတာပေါ့...”

ဆိုနင်ပင်း သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်သည်။

ဆိုလွန် မေးလိုက်၏။

“အစ်မ... အောက်က အာရှီလော့ က ဘာလို့ရောက်နေတာလဲ... အစ်မနဲ့ သူနဲ့ကြားမှာ ဘာတွေ ဖြစ်ခဲ့တာလဲ”

ဆိုနင်ပင်း၏ လှပသော မျက်နှာလေး ပြောင်းလဲသွားပြီး အံကြိတ်ကာ ပြောလိုက်သည်။

“ဒီယောက်ျားက မိစ္ဆာကောင်ပဲ”

ထို့နောက် ဆိုနင်ပင်းတစ်ယောက် သူမနှင့် အာရှီလော့တို့ အကြား ဖြစ်ပျက်ခဲ့သမျှကို အစမှအဆုံး ပြောပြတော့သည်။

……

အာရှီလော့၊ရိုရန်မြို့၏ သခင်လေး။

ရိုရန်မြို့မှာ နုလန် ဘုရင့်နိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိပြီး ညသစ်ခွ မြို့စားနယ်မြေနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည်။ အာရှီလော့၏ဖခင်မှာ နုလန် ဘုရင့်နိုင်ငံ၏ အကြီးဆုံး မြေပိုင်ရှင်ဖြစ်ပြီး အပြည့်အဝ ထိန်းချုပ်ထားနိုင်သော နယ်မြေမှာ မိုင်တစ်ထောင်ခန့် ကျယ်ဝန်း၏။

ထျန်းရွှေမြို့ ဆိုမျိုးနွယ်စု၌ မိုင်ငါးရာခန့် ကျယ်ဝန်းသော နယ်မြေ ရှိပြီး နိုင်ငံအတွင်း ထိပ်တန်း မြေပိုင်ရှင်ကြီးများထဲတွင် ပါဝင်သည်။ သို့သော် ရိုရန်မြို့၏ နယ်မြေမှာ ထျန်းရွှေမြို့ထက် ငါးဆခန့် ပိုမို ကျယ်ဝန်းပြီး ပြည်သူ နှစ်သန်းကျော်နှင့် တပ်ဖွဲ့ဝင် တစ်သိန်းကျော် ရှိသည်။

ထို့အပြင် ရိုရန်မြို့သည် လွတ်လပ်သော အစွမ်းအထက်ဆုံး မြေပိုင်ရှင်လည်း ဖြစ်၏။ အာရှီ မိသားစုက ကျိ ဘုရင်မျိုးနွယ်စုကို သစ္စာခံလာခဲ့သည်မှာ ဆယ့်ငါးနှစ်ပင် မပြည့်သေးချေ။

ထို့ကြောင့် ယခုအချိန်အထိ နုလန် ဘုရင့်နိုင်ငံ၏ ရိုရန်မြို့အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ သုည နီးပါးပင် ဖြစ်သည်။

ယခင်က ရိုရန်မြို့သည် ညသစ်ခွ မြို့စားနယ်မြေ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ထိုအချိန်က နယ်မြေအကျယ်အဝန်းမှာ ယခု၏ လေးပုံတစ်ပုံခန့်သာ ရှိကာ ထျန်းရွှေမြို့နှင့် တူညီလုနီးပါးရှိသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ရိုရန်မြို့ အာရှီ မိသားစုသည် ညသစ်ခွ မြို့စားနယ်မြေကို ပုန်ကန်ခဲ့ကာ ပတ်ဝန်းကျင် နယ်မြေများကို စတင် ကျူးကျော်ပြီး အဆက်မပြတ် တိုးချဲ့ခဲ့သည်။

ညသစ်ခွ မြို့စားနယ်မြေက တစ်နိုင်ငံလုံး၏ အင်အားကို အသုံးပြုကာ ရိုရန်မြို့၏ပုန်ကန်မှုကို နှိမ်နင်းရန် တပ်ဖွဲ့ဝင် သုံးသိန်းခန့် စေလွှတ်တိုက်ခိုက်ခဲ့သည်။

ရိုရန်မြို့၏ မြင်းစီးသူရဲများမှာ တစ်နိုင်ငံလုံး၌ ကျော်ကြားသော်လည်း ထိုအချိန်က အာရှီ မိသားစု၌ မိုင်ငါးရာခန့် ကျယ်ဝန်းသော နယ်မြေနှင့် တပ်ဖွဲ့ဝင် နှစ်သောင်းသာ ရှိသေးသည်။

သို့သည်ပင် နှစ်သောင်း နှင့် သုံးသိန်း ယှဉ်ပြိုင်ရာတွင် အာရှီ မိသားစုက ချက်ချင်း မရှုံးနိမ့်ခဲ့ချေ။

ထိုသည်က အာရှီ မိသားစု၏စစ်ရေးစွမ်းရည်ကို ရှင်းလင်းစွာ ဖော်ပြနေ၏။

အပိုင်း ၃၃၉ ပြီး။

All Chapters