နိုးထလာခြင်း
Vol. 93 Ch. 1269
ဝမ်လင်းခုနစ်ရောင်စုံနယ်မြေသို့ ဝင်လာခဲ့ချိန်က စရေတွက်လျင် အချိန်မြန်ဆန်စွာ စီးဆင်း၍ နှစ်ပေါင်း (၉၉) နှစ်ရှိလာခဲ့ပေပြီ။
ထိုနှစ်ပေါင်း(၉၉)နှစ်အတွင်း မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် တုန်လှူပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ နတ်လေးပါးကလန်က အင်အားအပြည့်ဖြင့် လှုပ်ရှားလာခဲ့ကာ ကျင့်ကြံခြင်းမဟာမိတ်မှ အကြွင်းအကျန်အင်အားစုများရှိ လာရောက်၍ အမိန့်ပေးခဲ့သည်။အလုံးစုံကောင်းကင်မှ စစ်တပ်ကို ပြန်နှင်ထုတ်ဖို့အတွက် သူတို့က အလောင်းကောင်ကလန်ကိုလည်း အတင်းအကြပ် အတူပါဝင် လုပ်ဆောင်ခိုင်းခဲ့၏။
ကနဦးတုန်းက အလောင်းကောင်ကလန်သည် ဤကိစ္စတွင် ပါဝင်ရန် စိတ်ကူး မရှိခဲ့ပေ။ သူတို့က မဟာမိတ်နှင့်အလုံးစုံကောင်းကင် နှစ်ဖက်လုံးကနေ အမြတ်ထုတ်ရန် အကြံကိုသာ ကိုင်ဆွဲထားခဲ့၏။
အလောင်းကောင်ကလန်က အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ မဟာမိတ်အပေါ် ကျူးကျော်လာခဲ့သည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ သူတို့ အရေးစိုက်သည်က စစ်ပွဲအတွင်း အလောင်းခန္ဓာကိုယ်များ ဝယ်ယူရောင်းချမည့် အကျိုးအမြတ်ကိုသာ ဖြစ်၏။
အလောင်းကောင်ကလန်က စစ်ပွဲကို ထာဝရ ဖြစ်ပွားနေစေရန်ပင် မျှော်လင့်ခဲ့ကြသည်။
သို့ရာတွင် ထိုအကြံများသည် လူတစ်ယောက်ကြောင့် ပျက်စီးခဲ့ရသည်။ ထိုသူက အဇူရာနဂါးနတ်အင်ပါယာ ဖြစ်၏။ နတ်အင်ပါယာက အလောင်းကောင်ကလန်သို့ သွား၍ အကြီးအကဲများစွာကို ကိုယ်တိုင် သတ်ပစ်ကာ အလောင်းကောင်ဘုရင်များကိုလည်း ဒဏ်ရာ အပြင်းအထန် ရစေခဲ့သည်။ သို့အတွက်ကြောင့် ကလောင်းကောင်ကလန်၏ ကလန်ခေါင်းဆောင် ပထမအလောင်းကောင်ဘုရင်ပါ ထွက်လာခဲ့ရသည်။ သူတို့နှစ်ယောက်ကြား တိုက်ပွဲက ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့လေသည်။
အဆုံးသပ်တွင် ပထမအလောင်းဘုရင် လုံးဝရှုံးနိမ့်သွား၏။ အဇူရာနဂါးနတ်အင်ပါယာထံ၌ အခြားရည်ရွယ်ချက် မရှိခဲ့ပါက သူ့အဖို့ ပထမအလောင်းဘုရင်ကို သတ်ပစ်ရန် ခက်ခဲလှမည် မဟုတ်ပေ။
ထိုတိုက်ပွဲက အလောင်းကောင်ကလန်တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး နတ်လေးပါးကလန်၏ အစွမ်းကိုလည်း သိရှိသွားစေသည်။ သူတို့သည် အဇူရာနဂါးနတ်အင်ပါယာကို အလွန်အမင်း ကြောက်ရွှံသွားကြ၏။ သို့နှင့် နတ်လေးပါးကလန်၏အမိန့်ကို နာခံကာ အလောင်းကောင်ကလန်သည် အလုံးစုံကောင်းကင်ကို တိုက်ခိုက်မည့်စစ်ပွဲအတွင်း ပါဝင်ခဲ့ရတော့သည်။
ကြယ်အဖွဲ့အစည်းနှစ်ခုအကြား တိုက်ပွဲကြီး ဖြစ်၏။ ထိုစစ်ပွဲအတွင်း ထာဆန်သည် နိုးထလာ၍ ဟင်္သာပြဒါးဂြိုဟ်ပတ်လည်ရှိ အစီအရင်ကို ချိုးဖျက်သည်။
သူထွက်ပေါ်လာမှုက အလုံးစုံကောင်းကင်ကို တုန်လှုပ်စေခဲ့သည်။ ထွက်ပေါ်လာသည်နှင့် ထာဆန်က သူ့စိတ်အခြေအနေအတိုင်း လုပ်ဆောင်တော့သည်။ သူနိုးထလာပြီးနောက် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူအချို့က သူ့အား ရန်စခဲ့၏။ ထိုအခါ သူသည် တိုက်ပွဲကွင်းပြင်ထံ ဦးတည်ဝင်လာကာ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူထောင်သောင်းချီကို သတ်ပစ်လေ၏။
ထိုသို့ သတ်ဖြတ်ခဲ့ပြီးနောက် သူက စကားတစ်ခွန်းချန်၍ ထွက်လာခဲ့သည်။
"မင်းတို့က အားနည်းလွန်းတယ်..."
အရှင်လုဖူ(တတိယအဆင့်ကျင့်ကြံသူ)အပါအဝင် အလုံးစုံကောင်းကင်၏ မည်သည့်ကျင့်ကြံသူကမျှ ထာဆန်နောက်သို့ မလိုက်ဝံ့ကြချေ။ အရှင်လုဖူကိုယ်တိုင် မဟာမိတ်နှင့် အလွန်ဝေးသောနေရာအထိ ထွက်ပြေးခဲ့ရပြီး သူသည် ခြေတစ်လှမ်းပင် လှမ်းမလာဝံ့တော့ပေ။
ကံကောင်းစွာဖြင့် ထာဆန်သည် မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် ကြာမြင့်စွာ မနေခဲ့ပေ။ ဦးဆုံးအနေဖြင့် သူသည် နတ်လေးပါးကလန်ထံ သွားခဲ့၏။ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် သူ့ရှေးဟောင်းနတ်ဘုရားကြယ်များ၏ စွမ်းအားတို့ဖြင့် ထာဆန်က အဇူရာနဂါးနတ်အင်ပါယာကို တစ်ချက်တည်းဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့သည်။ သူက နတ်လေးပါးကလန်၏ကြယ်မြေများကိုလည်း ဖျက်စီးခဲ့ကာ မရေမတွက်နိုင်သော အက်ကြောင်းများစွာ ထင်ကျန်စေခဲ့သည်။ သို့ရာတွင် သူက အဇူရာနဂါးနတ်အင်ပါယာကိုတော့ မသတ်ခဲ့ဘဲ တစ်ခွန်းသာ ပြောခဲ့၏။
"မင်းက ပျော့လွန်းတယ်..."
ဟင်္သာငှက်နတ်ကလန် ပိုင်ဆိုင်သည့် ထာဝရတောက်လောင်နေသော မီးတောက်များသည်လည်း ထာဆန်၏လက်တစ်ဝှေ့ယမ်းရုံဖြင့် ငြှိမ်းသေသွားခဲ့တော့သည်။
"ဒီမီးတောက်တွေက စိတ်ရှုပ်ဖို့ ကောင်းတယ်..."
ဟင်္သာငှက်နတ်ကလန်၏ မည်သည့်ကလန်ဝင်ကမျှ ဒေါသထွက်ကာ စကားတစ်ခွန်း မဟဝံ့ခဲ့ချေ။
ထို့နောက် ထာဆန်က ထွက်ခွာလာခဲ့ပြီး တောက်ပသောလေဟာနယ်နယ်မြေသို့ သွား၍ ၎င်းနေရာမှ အဘိုးအိုနှင့် တိုက်ခိုက်ခဲ့သည်။ သည်အဘိုးအိုကို သူ့ကြယ်များထဲမှ တစ်လုံးအဖြစ် ချိပ်ပိတ်ပစ်ခဲ့ပြီးနောက် သူက နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို သုံး၍ တောက်ပသောလေဟာနယ်နယ်မြေကို ပြိုပျက်စေခဲ့သည်။
မရေမတွက်နိုင်သောနှစ်ပေါင်းများစွာ တည်တံ့ခဲ့သည် တောက်ပသောလေဟာနယ်နယ်မြေသည် ပျောက်ကွယ်သွားတော့သည်။ ၎င်းနယ်မြေက မှတ်ဥာဏ်များထဲ၌သာ ထင်ကျန်တော့မည့်နေရာ ဖြစ်သွားခဲ့လေပြီ။
မူပင်းမေ၏ခန္ဓာကိုယ်လည်း ပျက်စီးသွားခဲ့၏။ သူမ၏မူလစိတ်ဝိညာဥ်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး သူမ ပျောက်သွားခဲ့သည်။ ထာဆန်က သူမနောက်သို့ လိုက်ဖို့ မလိုခဲ့ပေ။ သူက သူမအပေါ်တွင် အမှတ်အသား ချန်ကာ သူမကို ထွက်သွားခွင့် ပြုခဲ့ခြင်းပင်။
သိပ်မကြာခင်တွင် ဝမ်လင်းကို ရှာမတွေ့၍ ထာဆန်ဒေါသထွက်လာခဲ့သည်။ သူ့ဒေါသက အလောင်းကောင်ကလန် အပေါ်သို့ ပုန်ကျခဲ့၏။ မရေမတွက်နိုင်သောလူများစွာ သေဆုံးခဲ့ရသည်။ ထို့နောက် ထာဆန် ထွက်လာခဲ့တော့၏။
ထာဆန် နောက်ဆုံးသွားခဲ့သည့် နေရာမှာ ချိပ်ပိတ်မိုးကောင်းကင်ဘုံနယ်မြေ ဖြစ်၏။ မိုးကောင်းကင်ဘုံနယ်မြေ ပတ်လည်ရှိ ချိပ်ပိတ်ထားမှုကို ရင်ဆိုင်ရသည့်အခါ ပထမဆုံးအကြိမ်အဖြစ် ထာဆန် အလေးအနက် ဖြစ်သွားသည်။ သို့သော် ထိုလေးနက်မှုက သူ့မောက်မာမှုနှင့်ဂုဏ်ဝင့်မှုကို ပိုထင်ရှားလာစေ၏။
သူက တိုက်ခိုက်ရန်ဟန်ပြင်စဥ် ကောင်းကင်ဘုံအင်ပါယာ ချင်းလင်သည် မိုးကောင်းကင်ဘုံနယ်မြေ အပြင်သို့ ထွက်လာ၏။ သူတို့နှစ်ယောက်က အချိန်အတန်ကြာအောင် အမည်မသိအကြောင်းအရာများ ပြောဆိုခဲ့ကြ၏။ ထို့နောက် ထာဆန်က ခေါင်းညိတ်၍ မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ ထွက်သွားတော့သည်။
သူသည် သူ ဝါးမြိုရမည့်လူကို လိုက်ရှာခြင်းပင်။
သို့ရာတွင် အနှီလူက သည်လောကတွင် ပျောက်ကွယ်နေဟန် တူ၏။ ထာဆန် မည်မျှရှာဖွေပါစေ သူသည် ထိုသူ့အရိပ်အယောင်ကိုပင် မတွေ့ရချေ။
ထာဆန် ထွက်ပေါ်လာခြင်းက မဟာမိတ်ကြယ်အဖွဲ့အစည်းကို အကြီးအကျယ် လှုတ်ခတ် တုန်လှုပ်စေခဲ့သည်။ အလားတူ တည်ငြိမ်မှုလည်း ရှိသွားစေသည်။ ထာဆန်ကြောင့် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများမှာ သူတို့ကိုယ်ပိုင်ကြယ်အဖွဲ့အစည်းဆီသို့ ပြန်ဆုတ်သွားကြရ၏။ ထာဆန်ကြောင့် နှစ်ပေါင်းရာချီ ဖြစ်ပွားနေသော စစ်ပွဲလည်း အဆုံးသပ်သွားခဲ့သည်။
ထာဆန် ထွက်မသွားခင် ကြယ်အဖွဲ့အစည်းတစ်ခုလုံး တုန်လှုပ်စေသည့် ဟိန်းသံတစ်သံ ပဲ့တင် ထပ်ကျန်ခဲ့ပေသည်။
"ဝမ်လင်း...မင်း ဘယ်ငရဲ ရောက်နေတာလဲ.. "
အလားတူပင် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း မိုလျိုကုန်းမြေပေါ်တွင်လည်း လုယန်ဖေထံမှ စကားသံ ထွက်ပေါ်လေ၏။
"စီနီယာ...သင် ဘယ်မှာလဲ...။ပင်မကလန်ပြိုင်ပွဲက တစ်နှစ်ပဲ လိုတော့တယ်။ သင် ပြန်လာမှာလား..."
တိမ်ပင်လယ်ကြည်အဖွဲ့အစည်းတွင် ခရမ်းရောင်တာအိုကလန်သည် အလျင်အမြန် ဖွံ့ဖြိုးလာခဲ့ကာ သည်နှစ်တစ်ရာနှစ်ရာအတွင်း အဆင့်ငါးဒေသ၏ ထိပ်ဆုံးခြောက်ကလန်ထဲ တစ်ခု အပါအဝင် ဖြစ်လာခဲ့သည်။ သို့သော်ငြားလည်း လုယန်ကုံးကတော့ သည်နှစ်များအတွင်း ကြယ်များထံ အမြဲလိုလို ကြည့်ရှုနေခဲ့သည်။ တစ်ခုခုက သူ့ကို ဆင့်ခေါ်နေသည့်အလား။
သူ့နောက်သို့ အမြဲတစေ လိုက်ခဲ့သည့် အဘိုးအိုတစ်ယောက်သာ လုယန်ကုံး၏ခပ်တိုးတိုးပြောဆိုသံကို မကြာမကြာ ကြားရလေ၏။
"အစ်ကိုလု...ဟိုနှစ်များဆီက ငါတို့တာအိုဆွေးနွေးမှုကနေ ငါ့အတွက် အတော်လေး အကျိုးကျေးဇူး ရခဲ့တယ်။ ဒါပေမဲ့ ခု နှစ်တစ်ရာ ကုန်လွန်ခဲ့ပြီ...သင့်သတင်းကို ငါ ဘယ်လိုလုပ် မကြားသိရသေးတာလဲ။ ငါ့ကျင့်ကြံမှုကလည်း တိုးတက်လာခဲ့ပြီ။ ငါတို့ ထပ်ဆုံရင် ငါ သင်နဲ့ တာအိုအကြောင်း ထပ်ဆွေးနွေးချင်သေးတယ်..."
အလားတူပင် အဆင့်ကိုးဒေသတွင် နတ်ဆိုးကလန် တည်ရှိသောနေရာ၌ မြူများ ရစ်သိုင်းလျက် ရှိသည်။ထိုနေရာတွင် အပြာရောင်ဆံပင်နှင့် လီချန်မေက ဟင်းလင်းပြင်အက်ကြောင်းထဲရှိ သားရဲများကို သတ်ဖြတ်နေရင်း တည်တည်ငြိမ်ငြိမ် ရှိလေ၏။
သူမနှင့်အတူ လာခဲ့ကြသည့် ကလန်အမျိုးမျိုးမှ ကျင့်ကြံသူများသည် သည်အပြာရောင်ဆံပင်နှင့်အမျိုးသမီးကို ထိတ်လန့်ကြ၏။ တစ်ချိန်တည်းမှာပင် သူမအပေါ်သူတို့၏ ချစ်ရမ္မက်ကို ဖုံးကွယ်ထားကြသည်။
သည်ကျင့်ကြံသူများထဲ၌ ကျော်ကြားသူအများအပြား ပါဝင်ကြ၏။ အဆတ်မပြတ်သားရဲလှိုင်းများအောက်တွင် လူအများအပြားက သူတို့၏စွမ်းရည်များကို ပြသနေကြသည်။
ဤနှစ်တစ်ရာအတွင်း သားရဲများကို ခုခံရင်း ကျင့်ကြံသူများစွာ သေဆုံးခဲ့ကြသည်။နေ့စဥ်လိုလိုလည်း လူများ သေနေရသည်။
အချိန်ကြာလာသည်နှင့်အမျှ သားရဲလှိုင်းမှာ ပို၍ကြမ်းလာကာ ၎င်းတို့ကြား၌ အဆင့်ဆယ့်နှစ်သားရဲများ အပြည့်ဖြစ်လာသည်။
နတ်ဆိုးကလန်က လူများလည်း တိုက်ပွဲနေရာများတွင် ပေါ်လာကြသည်။ အလွန်နည်းပါးလှသည့် ကျင့်ကြံသူများကိုသာ နတ်ဆိုးကလန်က ထိုက်တန်သည်ဟု မှတ်ယူ၏။ သူတို့အမြင်၌ သည်လူများသည် ဤနေရာရှိ သားရဲများ အာရုံထွေပြားရုံလောက်ပဲ ပြုလုပ်နိုင်သည်ဟု ထင်မှတ်သည်၊
သို့သော်ငြားလည်း ဤနှစ်တစ်ရာနှစ်ရာအတွင်း နတ်ဆိုးကလန်၏ အသိအမှတ်ပြုခြင်း ခံရသူ လေးယောက် ရှိလာခဲ့သည်။ လီချန်မေက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
ကျင့်ကြံသူအားလုံးနီးပါးက လီချန်မေထံတွင် ရတနာတစ်ခု ပိုင်ဆိုင်ထားကြောင်း သိကြသည်။ ၎င်းက အလွန်အစွမ်းထက် မှော်စာလုံးများကို ရေးဆွဲနိုင်သည့် ရွှေရောင်စုတ်တံတစ်ချောင်းပင်။
လူများက ၎င်းစုတ်တံကို စူးစမ်းလေ့လာနိုင်ရန် ငှားသည့်အခါ လီချန်မေသည် ထိုသူများက နတ်ဆိုးကလန်မှ ဖြစ်နေလျင်ပင် ချက်ခြင်း ငြင်းပယ်ခဲ့သည်။ ရုတ်တရက် သူမ၏စိတ်နေစိတ်ထားက အလွန်ခေါင်းမာလာခဲ့၏။
တစ်ချီတွင် လီချန်မေသည် အဆင့်ဆယ့်နှစ်သားရဲများ ဝန်းရံပိတ်ဆို့ခြင်း ခံရကာ သူမသည် အပြင်းအထန်ဒဏ်ရာ ရ၍ မေ့မြောသွားသည်။ နတ်ဆိုးကလန်မှ သူများက သူမကို ကယ်တင်ပေးခဲ့ပြီး သိပ်မကြာခင် သတိပြန်လည်လာခဲ့သည်။ ထိုအခါ သူမသည် လူတိုင်းသတိပေးခြင်းကို ပယ်ချကာ ဆံပင်များရှုပ်ပွလျက်ဖြင့် တိုက်ပွဲကွင်းပြင်ဆီ ပြန်ဝင်လာခဲ့သည်။ သူမ ထိုကဲ့သို့ ပြုမူရခြင်းမှာ ရွှေရောင်စုတ်တံကို ပြန်ရယူဖို့အတွက်ပင်။
ထိုစဥ်မှစ၍ ကျင့်ကြံသူအားလုံးသည် ၎င်းရွှေရောင်စုတ်တံမှာ လီချန်မေ တန်ဖိုးအထားဆုံးအရာမှန်း သိသွားခဲ့ကြသည်။
"နင်...အခု...နင် ဘယ်မှာလဲ။ နှစ်တစ်ရာလောက် ကုန်လွန်ခဲ့ပြီ..."
သည်အခိုက်အတန့်၌ လီချန်မေသည် ဖြူရောသောမျက်နှာဖြင့် ရိုးစင်းသောကျင့်ကြံခြင်း စင်မြင့်တစ်ခုပေါ်တွင် ထိုင်လျက် ရှိ၏။ သူမက ဒဏ်ရာ ရထားသည့်ပုံ ပေါ်သည်။ သူမရှေ့၌ သားရဲများစွာသည် မြူများကို ဖြတ်သန်းတိုးဝင် လာကြပြီး ကျင့်ကြံသူများက ၎င်းတို့ကို နောက်ပြန်ဆုတ်စေရန် ဟန့်တားတိုက်ခိုက်ကြသည်။
သူမသည် တိုက်ပွဲ၏သတ်ဖြတ်မှုများနှင့် သားရဲဟိန်းသံများကို မေ့နေဟန် ရသည်။ သူမက ခေါင်းမော့ကာ အကွာအဝေးတစ်ခုထံ ကြည့်သည်။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အရိုင်းကုန်မြေနေရာတစ်ခု။ မူပင်းမေက သည်နေရာသို့ လွတ်မြောက်လာရန် တောက်ပသောလေဟာနယ်နယ်မြေ၏ လျှို့ဝှက်မန္တာန်ကို သုံး၍ ဟင်းလင်းပြင်အရံအတားကို ချိုးချက်ခဲ့ပေသည်။ သူမ၏အသွေးအသားတို့က တဖြည်းဖြည်းချင်း ပြန်ဖွဲ့စည်းနေ၏။
ထာဆန်ကြောင့် သူမဒဏ်ရာအပြင်းအထန် ရခဲ့ပြီး ခန္ဓာကိုယ် ဖျက်စီးခံရပြီးနောက် အချို့အကြောင်းပြချက်များအတွက် သူမသည် ဝမ်လင်းကို ထပ်တွေ့ချင်မိလာ၏။
"ဝမ်လင်း...နင် အဆင်ပြေရဲ့လား ငါ သိချင်မိတယ်..."
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းအတွင်း အရိုင်းကုန်းမြေတစ်ခု၏ လှိုဏ်ဂူအတွင်း မူပင်းမေသည် သူမ၏လှပသောမျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကာ ရှေ့တည့်တည့်သို့ ကြည့်သည်။ သူမ၏စိတ်နှလုံးထဲ၌ အရင်က လုံးဝမခံစားဖူးသည့် အထီးကျန်မှုကို ခံစားနေရ၏။
သူမသည် သည်သူစိမ်းသွင်ပြင် နေရာက အေးစက်လှသည်ဟု ခံစားမိသည်။ လှိုဏ်ဂူအပြင်ဘက်တွင်လည်း လေအေးတို့ တိုက်ခတ်နေဟန် တူ၏။ လှိုဏ်ဂူအပြင်ဘက်မှ အေးစက်စက်လေတိုက်သံကို နားထောင်ရချိန် သူမသည် ပို၍အေးစက်မှုကို ခံစားလိုက်ရသည်။
ခုနစ်ရောင်စုံအလင်းများ ပျောက်ကွယ်သွားချိန်မှစ၍ ခုနစ်ရောင်စုံနယ်မြေ မှောင်မိုက်နေတာ နှစ်တစ်ရာ ရှိလာခဲ့ပေပြီ။ ဝမ်လင်း၏မူလစိတ်ဝိညာဥ်နှင့် စိတ်ဝိညာဥ်တို့ ပျောက်ကွယ်သွားခဲ့သည့် နေရာတွင် ဆန်းကြယ်အားတစ်ခုက ထွေးခြုံထားကာ အပြင်လူများ ဝင်ရောက်လာနိုင်ရန် မဖြစ်နိုင်တော့ပေ။
အရှင်တိမ်စိတ်ဝိညာဥ်က ချိုးဖြတ်ရန် ကြိုးစားခဲ့သေး၏။ သို့သော် သူ မအောင်မြင်ခဲ့ပေ။ သူက အနီးအနားရှိ လှိုဏ်ဂူတစ်ခုကို ရှာကာ အပြင်ဘက်ရှိ အမှောင်ထုကို နှစ်တစ်ရာလောက် ငြိမ်သက်စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့ပေသည်။
ချန်ထျန်ကျွင်းနှင့်အစိမ်းရောင်ဝတ်စုံအဘွားအိုတို့သည်လည်း ဤအမှောင်ထုနယ်မြေထဲ အချိန်ကုန်ဆုံးနေရ၏။
သည်ဆန်းကြယ်အား ခြုံလွှမ်းထားသည့် တောင်ထိပ်တွင်တော့ မလှုပ်မယှက်အလောင်းခန္ဓာတစ်ခု လှဲလျောင်းလျက် ရှိ၏။ နှစ်ပေါင်းတစ်ရာနီးပါးသာ ကုန်လွန်ခဲ့သော်လည်း ၎င်းရှေးဟောင်းနတ်ဘုရားအလောင်းခန္ဓာပေါ်တွင် ဆွေးမြေ့ပြိုပျက်မှု အရိပ်အယောင် ရှိမနေပေ။
ခုနစ်ရောင်စုံအပင်များအတွက် အားသစ်လောင်းပေးရန် ဖန်တီးထားသော ဟင်းလင်းပြင်အက်ကြောင်းထဲ၌ အနီရောင်အပင်ထံမှ သစ်သီးသည် တဖြည်းဖြည်း ကြီးထွားလာ၏။ ၎င်းသည် ရင့်မှည့်ဖို့ အချိန်သိပ်မလိုတော့ဟန် ရသည်။
ယနေ့တွင် ထိုသစ်သီးအတွင်း နတ်ဘုရားအာရုံအကြွင်းအကျန်တစ်ခု ပေါ်လာ၏။ ကြည့်ရသည်မှာ ၎င်းက သစ်သီး၏စွမ်းအားကို စုပ်ယူနေဟန် တူသည်။ ၎င်းက ပုတီးစေ့တစ်ခု ဖြစ်လာသည့်အထိ တဖြည်းဖြည်း ကြီးထွားလာသည်။
ထိုပုတီးစေ့ပေါ်လာချိန်တွင် ဝမ်လင်းသည် ဖြည်းဖြည်းချင်း နိုးထလာလေသည်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကြောင့် မည်သူကမျှ သူ နိုးထလာခြင်းကို သတိမပြုမိပေ။ အပင်စိုက်ပျိုးသူပင် သစ်သီးအတွင်းရှိ တုန်လှုပ်ဖွယ်ပြောင်းလဲမှုကို သတိမပြုမိပေ။ ထိုပြောင်းလဲမှုကစကြဝဠာပါ တုန်ခါသွားအောင် ပြုလုပ်နိုင်ပေမည်။ ပြင်ပနယ်မြေနှင့်ချိတ်ပိတ်နယ်မြေနှစ်ခုလုံးအတွက် ကောင်းကင်နှင့်မြေကြီး လျှောက်လမ်းကို ပြောင်းလဲသွားဖို့ရာ လုံလောက်ပေသည်။
တစ်ခါတုန်းက ဤခုနစ်ရောင်စုံအပင်များကို ပြုစုပျိုးထောင်သူသည် သူ့လက်ချောင်းမှာ မီးဖြင့်မလောင်ကျွမ်းနိုင်ဟု ပြောခဲ့ဖူး၏။ ထိုသူက သည်အချက်အပေါ် အလွန်ယုံကြည်မှု ရှိခဲ့ပေသည်။ ယင်းယုံကြည်မှုက မည်မျှကြာကြာ ခံပါ့မည်နည်း။
***