← Chapters

အခန်း ၄၇၁

Vol. 41 Ch. 471

အခန်း ၄၇၁

Vol. 41 Ch. 471

အခန်း (၄၇၁)

စိတ်စွမ်းအား ကန့်သတ်ချက် တိုးတက်လာခြင်းမှာ မည်သည့်အခါမျှ ဆိုးရွားသောကိစ္စတစ်ခု မဟုတ်ပေ။

အမှတ်လေးဆယ် တိုးလာခြင်းက ရဲချီယန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကြီးမားစွာ အထောက်အကူပြုသည်ဟု ဆိုနိုင်ပေ၏။

"ဒါနဲ့... တခြားလူတွေ သူတို့ရဲ့ စိတ်စွမ်းအားကို ဘယ်လိုတိုးမြှင့်ကြသလဲဆိုတာ ငါ တစ်ခါမှ မမေးကြည့်ဖူးပါလား"

ဤလွင်တီးခေါင်ပြင် ကမ္ဘာကြီးထဲတွင် စိတ်စွမ်းအား အမှတ်တစ်ရာဆိုသည်မှာ လုံးဝ မလုံလောက်နိုင်မှန်း ရှင်းလင်းလှပေသည်။

ထိုအဆင့်မြင့် ရထားမောင်းနှင်သူများ၏ ကန့်သတ်ချက်များမှာ သူ့ထက် အဆပေါင်းများစွာ ပို၍မြင့်မားနေမည်မှာ အသေအချာပင်။

သို့ဆိုလျှင် ထိုလူများက မည်သို့ တိုးတက်အောင် လုပ်ဆောင်ကြသနည်း။

"ငါ မေးကြည့်လိုက်ရင် ကောင်းမလား"

သူငယ်ချင်းစာရင်းထဲရှိ အမည်များကို ကြည့်ရင်း ရဲချီယန်က ခေါင်းခါယမ်းလိုက်ကာ ထိုအတွေးကို ယာယီ ဖယ်ရှားလိုက်လေ၏။

"အခွင့်အရေးရမှပဲ မေးကြည့်တော့မယ်။ ဒါက ရထားအဆင့်နဲ့ သက်ဆိုင်နေမယ်လို့ ငါ အမြဲ ခံစားနေရတယ်"

"အို... ဟုတ်သားပဲ"

တစ်စုံတစ်ခုကို စဉ်းစားမိသွားသော ရဲချီယန်က ရယ်မောလိုက်ပြီး စနစ်မျက်နှာပြင်ကို မေးမြန်းလိုက်သည်။

"စနစ်... ရထားမောင်းနှင်သူတစ်ယောက်ရဲ့ ရထားအဆင့် တက်သွားတဲ့အခါ စိတ်စွမ်းအား ဒါမှမဟုတ် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတဲ့ မော်ဂျူးတွေ ရှိလာမှာလား။ ဒါမှမဟုတ် ဒီကန့်သတ်ချက်နှစ်ခုကို အဆင့်မြှင့် ရွေးချယ်စရာတွေထဲမှာ ဝယ်ယူလို့ရနိုင်မလား"

[အဆင့်မလုံလောက်သဖြင့် ဖြေကြား၍မရနိုင်ပါ]

"သြော်... နားလည်ပြီ။ တကယ်ပဲ ရှိနိုင်တာကိုး"

[...]

စနစ်က ဆက်လက် မတုံ့ပြန်တော့ပေ။

"ဟုတ်တော့ဟုတ်ပါတယ်... ဒါပေမဲ့ ဒီလိုမျိုး အဆင့်မြှင့် ရွေးချယ်စရာတွေက အဆင့်သုံးဆယ် ကျော်မှပဲ ပေါ်လာလောက်မှာမလား"

"အဆင့်သုံးဆယ်ဆိုတာ... အဝေးကြီး လိုနေသေးတယ်။ အဆင့်တက်တာ အရမ်း နှေးကွေးနေတုန်းပဲ"

ရဲချီယန်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ လက်ရှိအခြေအနေကို လုံးဝ ကျေနပ်မှု မရှိချေ။

သူက လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်သူတစ်ဦးဖြစ်ကြောင်း ရဲချီယန်ကိုယ်တိုင် ကောင်းစွာ သိရှိထားလေ၏။ ထိုအချက်ကို သူ ဘယ်သောအခါမျှ ငြင်းကွယ်မည်မဟုတ်ပေ။

"ထာဝရ ညဉ့်ယံ မြို့တော်ကို ဝင်ဖို့ နှစ်ရက် လိုသေးတယ်ဆိုရင်..."

[ဘီ ဘီ]

အသိပေးသံတစ်ခုက ရဲချီယန်၏ အတွေးများကို ဖြတ်တောက်သွားပြီး သူငယ်ချင်းစာရင်းထဲမှ ရင်းနှီးနေသော အမည်တစ်ခုက အနည်းငယ် လင်းလက်လာလေသည်။

ကျောက်လင် - "အစ်ကိုချီယန်... ဟို... ဟိုလေ... မွန်ရိုးဂျီနာဆိုတဲ့ အစ်မကြီးက ညီမကို နောက်နှစ်ရက်နေရင် ဆော်လမွန် မြို့တော် ဒါမှမဟုတ် ထာဝရ ညဉ့်ယံ မြို့တော်ကို လာပြီး အင်ပါယာအမိန့်တော် အဖွဲ့အစည်း ပွဲစဉ်တစ်ခုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားတယ်။ ညီမ လက်ခံလိုက်ရမလား"

သူမက အလွန် စိတ်လှုပ်ရှားနေပုံရပေသည်။

ဤသည်မှာ အင်ပါယာအမိန့်တော် အဖွဲ့အစည်းသို့ ဝင်ရောက်ပြီးနောက် ရဲချီယန်နှင့် ကျူရှင်းထူတို့မှလွဲ၍ ကျောက်လင် အဆက်အသွယ်ရခဲ့သော တတိယမြောက် အဖွဲ့ဝင်ပင်။

"ဆော်လမွန် မြို့တော်နဲ့ ထာဝရ ညဉ့်ယံ မြို့တော် နှစ်ခုလုံးမှာ အလွန် အန္တရာယ်များတဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်။ သွားဖို့ မသွားဖို့က မင်းအပေါ်မှာပဲ မူတည်တယ်"

"ညီမ သွားချင်တယ်"

ကျောက်လင်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ချေ။ အမှန်တကယ်တော့ ရဲချီယန်ကို မမေးမြန်းမီကတည်းက သူမ ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။ သူမ ပိုမို အစွမ်းထက်လာချင်ပြီး ပိုမြင့်မားသော ဘူတာရုံကမ္ဘာများဆီသို့ ဝင်ရောက်လိုပေသည်။ ကံဆိုးခြင်းများ ရောက်ရှိလာချိန်တွင် ရပ်တန့်ကာ အကာအကွယ်မဲ့ ဖြစ်မနေချင်ပေ။

"အို... ဒါဆို ဘာလို့ ငါ့ကို လာမေးနေသေးတာလဲ"

"ဟီးဟီး... ဒါပေမဲ့ ဘယ်မြို့ကို သွားရမလဲဆိုတာ ညီမ တကယ် မသိလို့ပါ။ အစ်ကိုချီယန် အကြံပေးပါဦး။ သြော်... ဒါနဲ့ ညီမရဲ့ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းက အခုလောလောဆယ် အတူတူလောက် ဖြစ်နေတယ်။ ကံကောင်းတာလည်း မဟုတ်ဘူး... ကံဆိုးတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ မြို့တော်ကို ရောက်သွားရင်တော့ ကံကောင်းမလား ကံဆိုးမလားဆိုတာ အတိအကျ ပေါ်လာလိမ့်မယ်"

"ထာဝရ ညဉ့်ယံ မြို့တော်က သွေးစုပ်ဖုတ်ကောင်တွေနဲ့ ပြည့်နှက်နေတာ။ မင်း အသွင်ယူထားနိုင်လို့လား"

"ဟင့်အင်း... ဒါဆို ညီမ ဆော်လမွန် မြို့တော်ကိုပဲ ရွေးလိုက်တော့မယ်။ အစ်ကိုချီယန်ရော ဘယ်သွားမှာလဲ"

"ခန့်မှန်းကြည့်လေ"

သူတို့နှစ်ဦး ခေတ္တမျှ စကားစမြည်ပြောဆိုဖြစ်ကြပြီး ပြီးခဲ့သည့်အကြိမ်က ပင်လယ်စွန်ရဲကျွန်းမှ ထွက်ခွာသွားသော ရထားမောင်းနှင်သူများနှင့် ပတ်သက်သည့် နောက်ဆက်တွဲ သတင်းများကိုလည်း ကျောက်လင်ထံမှတစ်ဆင့် ရဲချီယန် သိရှိလိုက်ရ၏။

လီရှောင်ရှန်း လုံးဝ သေဆုံးမသွားခဲ့ပေ။

အနည်းဆုံးတော့ သူငယ်ချင်းစာရင်းထဲရှိ သူ၏အမည်မှာ မီးခိုးရောင် ပြောင်းမသွားခဲ့ချေ။ ထိုကောင်လေးမှာ ယခု ထာဝရ ညဉ့်ယံ မြို့တော်တွင် ရှိနေလောက်ပေသည်။

ကျောက်အန်း၏ ငြိမ်းချမ်းရေး မဟာမိတ်အဖွဲ့မှာမူ ကြီးမားသောရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရလေ၏။

တစ်စုံတစ်ယောက်က သူတို့အသုတ်မှ ရထားမောင်းနှင်သူများကို [ရွှေရောင်ခေတ်] ဟု ခေါ်ဝေါ်ခဲ့ကြသည်။ မြို့တော်များစွာနှင့် အဖွဲ့အစည်းများစွာကလည်း ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်လာကြလေပြီ။ သူတို့၏ ပေါင်းစည်းထားသော ဇုန်မှလွဲ၍ အခြားသော လူသစ် ရထားမောင်းနှင်သူ သန်းပေါင်းများစွာမှာလည်း ယနေ့တိုင် အသက်ရှင်လျက်ရှိနေသေးကြောင်း မေ့ထား၍မရပေ။

ထိုအထဲတွင် ထူးခြားပြောင်မြောက်သော ပါရမီများနှင့် ထူးကဲသော ကံတရားကို ပိုင်ဆိုင်ထားသူများစွာလည်း ပါဝင်နေပေသည်။ အဘိုကာဒို အဖွဲ့ဝင် ပြောခဲ့သည့် စကားကို ရဲချီယန် မှတ်မိနေဆဲပင်။ သူတို့အသုတ်မှ ရထားမောင်းနှင်သူများထဲတွင် ယခင်ကထက် များစွာပိုသော ပါရမီရှင်များ ပါဝင်နေပေသည်။

နောက်ဆုံးတွင် ကျောက်လင်က သူမအကြောင်းကို ပြန်လည်ပြောပြလာ၏။

သူမ၏ ရထားအဆင့်မှာ ခုနစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရဲချီယန်မှလွဲ၍ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနှင့် စွန့်စားမှုများမှတစ်ဆင့် အမြန်ဆုံး အဆင့်တက်ခဲ့သော လူသစ် ရထားမောင်းနှင်သူများထဲတွင် သူမ ပါဝင်နေမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ အမြင့်ဆုံးပင် ဖြစ်နိုင်သေး၏။

"အစ်ကိုချီယန်ရဲ့ ရထားအဆင့်ကရော အခု ဘယ်လောက်ရှိနေပြီလဲ"

"ခန့်မှန်းကြည့်လေ"

"အင်း... ဆယ်လား။ ဒါမှမဟုတ် ဆယ့်တစ်လား"

အဆင့်မြင့်လာသည်နှင့်အမျှ အခက်အခဲများမှာ အဆမတန် တိုးလာကြောင်း သူမ ပိုမို သတိပြုမိလာပြီး အဆင့်မြှင့် ရွေးချယ်စရာများ ဝယ်ယူရန် ငွေစုရဦးမည်ဖြစ်သောကြောင့် ကျောက်လင်က တတ်နိုင်သမျှ အမြင့်ဆုံး ခန့်မှန်းလိုက်ခြင်းဖြစ်သည်။

"နီးစပ်ပါတယ်"

စကားပြောဆိုခြင်း အဆုံးသတ်သွားလေ၏။

ရဲချီယန်က ရထားပြတင်းပေါက်ကို ဖွင့်လိုက်သည်။

ယနေ့ ရာသီဥတုမှာ ဆိုးရွားနေဆဲဖြစ်ပြီး ယခင်ကထက်ပင် ပိုမိုဆိုးရွားနေသေး၏။ နေသာသော အရုပ်လေးမှာ လုံးဝ ပျက်စီးနေသည့်အလား လျှာထွက်ကာ ကိုယ်လုံးလေးမှာ ဖရိုဖရဲ ဖြစ်နေချေပြီ။

[ယနေ့ ရာသီဥတု - စူပါ · ဧရာမ လေဆင်နှာမောင်း]

[မနက်ဖြန် ရာသီဥတု - မေးခွန်းသင်္ကေတ လေပြင်း]

"မေးခွန်းသင်္ကေတနဲ့ လေပြင်းတဲ့လား။ တစ်ခုခု မှားယွင်းနေသလို ခံစားရတယ်..."

"ရာသီဥတုက... ငါ့ရဲ့ လေပြင်းကို အဟန့်အတားဖြစ်စေလိမ့်မယ်... တစ်ယောက်ယောက်ကများ ဒီလေဆင်နှာမောင်းတွေကို ဖန်တီးနေတာ ဒါမှမဟုတ် ထိန်းချုပ်နေတာလား"

"လွင်တီးခေါင်ပြင်မှာ ဘယ်သူက ဒီလိုလုပ်နိုင်မှာလဲ..."

အနက်ရောင် အရိပ်နှင့် မြူခိုးမီးခိုးရောင်တို့က ရဲချီယန်၏ စိတ်ထဲတွင် ဖြတ်ပြေးသွားလေ၏။

"လွင်တီးခေါင်ပြင် မျိုးစိတ်တွေရဲ့ အထွတ်အထိပ်... အစစ်အမှန် နတ်ဘုရား တစ်ပါးပါးလား"

ဂျုံးဂျုံးဂျက်ဂျက်... ဂျုံးဂျုံးဂျက်ဂျက်...

ဘီးများက လိမ့်ဆင်းသွားလေ၏။

သူက အဝေးဆီသို့ တိတ်ဆိတ်စွာ ကြည့်ရှုနေလိုက်သည်။ လွင်တီးခေါင်ပြင်၏ မိုးကုတ်စက်ဝိုင်းအလွန်တွင် တောင်တန်းကြီးတစ်ခုကဲ့သို့၊ ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့၊ ရူးသွပ်စွာ ဝေ့ဝဲနေသော ကန့်လန့်ကာကြီးတစ်ခုကဲ့သို့ စူပါ ဧရာမ လေဆင်နှာမောင်းကြီးက အရာအားလုံးကို ဝါးမျိုပစ်တော့မည့်အလား ဖြစ်နေပေသည်။

"အဆင့်မြင့် အသွင်ကူးပြောင်းဖို့ အချိန်ရောက်ပြီ"

ဘာပဲဖြစ်လာဖြစ်လာ ရင်ဆိုင်ဖြေရှင်းရုံသာဖြစ်သည်။ နည်းလမ်းဆိုတာ အမြဲတမ်း ရှိစမြဲပင်။ မနေ့က သူရရှိခဲ့သော နောက်ဆုံး အဆင့်မြှင့် ရွေးချယ်စရာ သုံးခုမှာ ရုပ်လုံးရုပ်ထည်ရှိပြီး အဆင့်မြင့် အသွင်ကူးပြောင်းခြင်းအတွက် အသုံးပြုနိုင်ပေသည်။

ပထမတစ်ခုမှ စတင်လိုက်ကြစို့။

[စက်ယန္တရား · ပုံဆောင်ခဲ နှလုံးသား]

ဆင်တူသော စက်ယန္တရားများကို ပေါင်းစပ်ခွင့်ပြုပေးသည့် အထူး အမြုတေတစ်ခုဖြစ်သည်။ ၎င်း၏ ပုံသဏ္ဌာန်မှာ အတွင်းဘက်တွင် စက်သွားများ လည်ပတ်နေသော ဖောက်ထွင်းမြင်ရသည့် ပုံဆောင်ခဲ နှလုံးသားတစ်ခုအလားပင်။

အနည်းငယ်ထိလိုက်သည်နှင့် ကွဲကြေသွားတော့မည့်အလား အလွန် ကျိုးပဲ့လွယ်သည့်ပုံ ပေါက်နေပေ၏။

"စလိုက်ကြရအောင်"

[ပါရမီကို အသက်သွင်းလိုက်ပါပြီ -- ]

[အဆင့်မြင့် အသွင်ကူးပြောင်းခြင်း]

တိတ်ဆိတ်သော ခပ်တိုးတိုး ရေရွတ်သံတစ်ခု။ မိုးပြာရောင် အလင်းတန်းတစ်ခုက ပုံဆောင်ခဲ နှလုံးသားကို အပြည့်အဝ လွှမ်းခြုံသွားလေတော့သည်။

[စိတ်စွမ်းအား - ၃၀၀ → ၂၄၀]

အမှတ်ခြောက်ဆယ်။

၎င်း၏ အလားအလာမှာ အမှန်တကယ်ပင် နိမ့်ကျလှသော်လည်း ရဲချီယန်ကမူ သူ၏ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း သုံးစွဲမှုမှာလည်း လျော့ကျသွားသကဲ့သို့ အမြဲ ခံစားနေရ၏။ ဤစိတ်စွမ်းအား ကန့်သတ်ချက် ၃၀၀ အမှတ်က မသိမသာသော အချုပ်အနှောင်အချို့ကို ချိုးဖျက်လိုက်သကဲ့သို့ပင်။ သိပ်မများသော်လည်း အပြောင်းအလဲတစ်ခု အမှန်တကယ် ရှိနေခဲ့ပေသည်။

[စက်ယန္တရား · ပုံဆောင်ခဲ နှလုံးသား → မဟာမိတ် · စက်ယန္တရား · ပုံဆောင်ခဲ နှလုံးသား]

[အသုံးပြုပြီးနောက် တပ်မှူးအဆင့် စက်ယန္တရားသည် ဆင်တူသော စက်ယန္တရား အရေအတွက်ပေါ် မူတည်၍ မဟာမိတ် ဒိုင်းလွှားတစ်ခုကို ရရှိမည်ဖြစ်သည်။ စက်ယန္တရားများ ပေါင်းစပ်သွားပြီးနောက် ဤဒိုင်းလွှားမှာ အဆပေါင်းများစွာ ပိုမို အားကောင်းလာမည်ဖြစ်သည်]

အလားအလာနည်းပါးသော ဤစွမ်းရည်မြှင့် ပစ္စည်းလေးမှာ အဆင့်မြင့် အသွင်ကူးပြောင်းပြီးနောက် သူ၏ မူလအာနိသင်ကို မပြောင်းလဲသွားဘဲ အပိုဒိုင်းလွှားတစ်ခုသာ ထပ်တိုးလာခဲ့လေသည်။

လန်စလော့နှင့် အဆုံးမဲ့ စက်ရုပ်စစ်သည်တော်တို့အတွက်မူ သူတို့၏ ရှင်သန်နိုင်စွမ်းကို ကြီးမားစွာ တိုးမြှင့်ပေးနိုင်ပေ၏။ ရဲချီယန်၏ အောက်ခြေ တိုက်ခိုက်ရေးအင်အားစုအနေဖြင့် ဆိုးရွားလှသည်တော့ မဟုတ်ချေ။

ထို့ကြောင့် နောက်ထပ် ဒုတိယမြောက် ပစ္စည်းဆီသို့ ဆက်သွားလိုက်သည်။

[ရထားတွဲ သီးသန့်စွမ်းရည် ကန့်သတ်ချက် စွမ်းရည်မြှင့် ကတ်ပြား]

All Chapters