← Chapters

အခန်း ၃၃၅

Vol. 34 Ch. 335

အခန်း ၃၃၅

Vol. 34 Ch. 335

အခန်း ၃၃၅ ကံကြမ္မာ အခွင့်အရေး ဆယ့်နှစ်ခု

"ဟွမ်အစ်ကို မိုက်တယ်ကွာ..."

"မလွယ်ဘူးနော်... အရမ်းမိုက်တာပဲ..."

"ဒီတစ်ခါတော့ ရွှမ်ယွမ် နန်းတော် တစ်ခုလုံးရဲ့ ကံကြမ္မာ အခွင့်အရေးတွေ အကုန်လုံး ငါတို့ အစ်ကိုကြီး ပိုင်သွားပြီပေါ့..."

"ဟားဟား... ကံကြမ္မာ အခွင့်အရေး အကုန်လုံးကို ငါတို့ သိမ်းပိုက်လိုက်ပြီ... တွေးကြည့်လိုက်တာနဲ့တင် စိတ်လှုပ်ရှားလွန်းလို့ တုန်တောင် တုန်လာတယ်ကွာ..."

နောက်လိုက်များမှာ အောင်ပွဲခံ ပျော်ရွှင်နေကြပြီး အချိန်ကြာမြင့်စွာ ပြင်းထန်သော မှော်သားရဲ များကို သတ်ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပင်ပန်းနွမ်းနယ်မှုများမှာ လုံးဝ ပျောက်ကွယ်သွားလေသည်။

အဘယ်ကြောင့်ဆိုသော် မကြာမီ သူတို့သည် များပြားလှသော ကံကြမ္မာ အခွင့်အရေးများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့် ပင်ဖြစ်သည်။

ရွှမ်ယွမ် ဧကရာဇ်မင်း ကိုယ်တိုင် ဖန်တီး ချန်ထားခဲ့သော ကံကြမ္မာ အခွင့်အရေးများမှာ အမှိုက်များ ဖြစ်နေနိုင်ပါမည်လား။

သေချာပေါက် မဖြစ်နိုင်ချေ။ မည်သို့ပင်ဆိုစေ သူသည် ဧကရာဇ်မင်း တစ်ပါး ဖြစ်ရာ မျက်နှာပျက်ခံမည် မဟုတ်ချေ။

"အိုးဟွမ်... မင်း တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်..."

"မင်းနဲ့ ကုံးလျို့ နှစ်ယောက်က တကယ်ကို ငါ့ရဲ့ ထိပ်တန်း ညာလက်ရုံးတွေ ပါပဲလား..."

ကျိုးဟန် လည်း ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်လေသည်။

လေဟာနယ် သော့တံ ကျဆင်းလာစေရန် မည်မျှ ခက်ခဲကြောင်းကို သူ သိရှိထားသောကြောင့် ယခုကဲ့သို့ အလွန် ပျော်ရွှင်နေခြင်း ပင်ဖြစ်သည်။ သူ၏ ရင်ထဲတွင်လည်း သက်ပြင်းချနိုင်သွားပြီး ဤရလဒ်အပေါ် များစွာ ကျေနပ်နေမိလေသည်။

"အစ်ကိုကြီး မြှောက်ပြောလွန်းနေပါပြီ... အစ်ကိုကြီးအတွက် အလုပ်လုပ်ပေးရတာ ကျွန်တော်တို့ရဲ့ တာဝန်ပဲ မဟုတ်လား... နတ်ဘုရားသတ်ဖြတ်ခြင်း နန်းတော် က အဖွဲ့အစည်း တစ်ခုလေ... အနာဂတ်မှာ နတ်ဘုရားနဲ့ နတ်ဆိုး ကမ္ဘာမြေကြီး ပေါ်က အစွမ်းထက်ဆုံး အင်အားစုကြီး တစ်ခု ဖြစ်လာတာကို ကျွန်တော်တို့ မြင်ချင်တယ်..."

အိုးဟွမ် က နှိမ့်ချစွာဖြင့် ပြောလိုက်သော်လည်း သူ၏ အမူအရာတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေလေသည်။

သူသည် နတ်ဘုရားသတ်ဖြတ်ခြင်း နန်းတော် အတွင်းသို့ လုံးဝ ရောယှက် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။ ယခင်က သူသည် မိမိ၏ ကံကောင်းမှုများကို အားကိုးကာ အခြားသော အတွေးအချို့ ရှိကောင်း ရှိခဲ့နိုင်လေသည်။

သို့သော် အကြိမ်ကြိမ် အခါခါ ကျိုးဟန် ၏ ကောင်းကင်ကို ဆန့်ကျင်သော စွမ်းအားများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးနောက် ကျိုးဟန် ၏ ကိုယ်ရည်ကိုယ်သွေး နှင့် လုပ်ဆောင်မှု ပုံစံများက သူ့ကို လုံးဝ အညံ့ခံသွားစေခဲ့လေသည်။

ထို့ကြောင့် ထိုကဲ့သို့သော အတွေးမျိုးများ သူ၏ ရင်ထဲ၌ မရှိတော့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

အကယ်၍ သူ တစ်ယောက်တည်းသာ လှုပ်ရှားမည် ဆိုပါက အောင်မြင်မှု အချို့ ရရှိနိုင်မည် ဖြစ်သော်လည်း ကျိုးဟန် ၏ နောက်သို့ လိုက်ပါမည် ဆိုပါက ရရှိနိုင်မည့် အောင်မြင်မှုများမှာ အကန့်အသတ် မရှိနိုင်တော့ချေ။

အထူးသဖြင့် သူ ယခု ပိုင်ဆိုင်ထားသော အစွမ်းထက်သည့် ခွန်အားများမှာ မိမိကိုယ်ပိုင် ကြိုးစားအားထုတ်မှု သက်သက်ဖြင့်သာ ဆိုပါက ဤအဆင့်သို့ လုံးဝ ရောက်ရှိနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ကျိုးဟန် ၏ နောက်သို့ လိုက်ပါရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း အတွက် သူ၏ ရင်ထဲ၌ မိမိကိုယ်ကို တိတ်တဆိတ် ချီးကျူးနေမိပြီး အလွန် မှန်ကန်သော ဆုံးဖြတ်ချက် တစ်ခုအဖြစ် မှတ်ယူထားလေသည်။

"အစ်ကိုကြီး... ဒီချီးကျူးမှုက တော်တော် မိုက်တာပဲ... ကျွန်တော် သဘောကျတယ်..."

ကုံးလျို့ က ရယ်မောလိုက်လေသည်။ မည်သို့ပင်ဆိုစေ ထိပ်တန်း ညာလက်ရုံး ဆိုသည်မှာ အလွန် ကြီးကျယ် ခမ်းနားသော ချီးကျူးမှု ဖြစ်ရာ ဤကဲ့သို့ ချီးကျူးခံရသဖြင့် သဘာဝကျကျပင် အလွန် ပျော်ရွှင်နေမိလေသည်။

အဓိကအားဖြင့် ဤ လေဟာနယ် သော့တံ နှစ်ချောင်းမှာ ကုံးလျို့ နှင့် အိုးဟွမ် တို့ထံမှ ကျဆင်းလာခဲ့ခြင်း ဖြစ်ရာ သူတို့သည် ဤချီးကျူးမှုနှင့် ထိုက်တန်လှပေသည်။

"ငါ ကျုံးဟူ ကတော့ လက်မခံဘူးကွာ..."

"ငါလည်း အောင်မြင်မှုတွေ လုပ်ပြဦးမယ်..."

ကျားဖေးချိုး မှာ ဤတစ်ကြိမ်တွင် လုံလောက်သော လုပ်ဆောင်မှု မရှိခဲ့သဖြင့် ရင်ထဲတွင် အနည်းငယ် စိတ်ပျက် ညည်းညူနေလေသည်။ သို့သော် ကံကောင်းမှု အပိုင်းတွင် သူသည် အမှန်တကယ်ပင် အနည်းငယ် နိမ့်ကျနေသော်လည်း အခြားသူများထက်မူ များစွာ သာလွန်နေသေးလေသည်။

"မဆိုးဘူး... မင်းဆီမှာ ဒီလို စိတ်ဓာတ်မျိုး ရှိနေတာ ကောင်းတဲ့ကိစ္စပဲ..."

"မင်းရဲ့ စွမ်းဆောင်ရည် ကို ငါ မျှော်လင့်နေမယ်နော်..."

ကျိုးဟန် က အနည်းငယ် ပြုံး၍ ပြောလိုက်လေသည်။ ဂိုဏ်းအတွင်း၌ ဤကဲ့သို့ ကောင်းမွန်သော ယှဉ်ပြိုင်မှု လေထု ရှိနေခြင်းက နောက်လိုက်များ ၏ တိုးတက်မှုကို ပိုမို အထောက်အကူ ပြုနိုင်လေသည်။

ကျိုးဟန် သည်လည်း စိတ်အခြေအနေ အလွန် ကောင်းမွန်နေပြီး နောက်လိုက်များ နှင့်အတူ စကားစမြည် ပြောဆိုနေလေသည်။

စနစ် ၏ အချိန်ကို ကြည့်လိုက်ရာ မစ်ရှင် အချိန်ကန့်သတ်ချက် ဖြစ်သော ရှစ်နာရီ အတွက် ယခု နှစ်နာရီခန့်သာ ကုန်ဆုံးသွားသေးရာ အချိန် လုံလောက်စွာ ကျန်ရှိနေသေးလေသည်။

ကျိုးဟန် သည် လေဟာနယ် သော့တံ ကို ထုတ်ယူလိုက်ပြီး သော့တံ နှစ်ချောင်းကို ပေါင်းစပ်လိုက်ကာ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ် အတွင်းရှိ နဂါးဘုရင် ၏ သွေးမျိုးဆက် စွမ်းအားများကို လှုံ့ဆော်လိုက်လေသည်။ ဤသည်မှာ လေဟာနယ်ကို ဖွင့်လှစ်ရန် မရှိမဖြစ် လိုအပ်သော အခြေအနေ တစ်ရပ် ပင်ဖြစ်သည်။

ခရမ်းရွှေရောင် အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားပြီး အလင်းတန်းများ အားလုံး ဗလာကျင်းနေသော လေဟာနယ် အတွင်းသို့ စုစည်းသွားလေသည်။

ထူးဆန်းသော လေဟာနယ် လှိုင်းများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး လေဟာနယ် ၏ အတားအဆီးများမှာ တစ်စစီ အက်ကွဲ ပြိုကျသွားလေသည်။ ဆန့်ကျင်၍ မရနိုင်သော စွမ်းအားကြီး တစ်ခုက ၎င်းတို့ အားလုံးကို ဖျက်ဆီးပစ်လိုက်သည့်အလား ပင်ဖြစ်သည်။

ထို့နောက် ရောင်စုံ အလင်းတန်းများ ဖြာထွက်နေသော တံခါးကြီး တစ်ချပ် ထွက်ပေါ်လာပြီး အရောင်အသွေး စုံလင်စွာ အဆက်မပြတ် လှုပ်ရှားနေလေသည်။ မြူခိုးငွေ့များ လွှမ်းခြုံနေပြီး ၎င်းအတွင်းရှိ အံ့မခန်း ဖြစ်သော စွမ်းအားများကို ထုတ်ဖော် ပြသနေလေသည်။

"ရွှမ်ယွမ် နန်းတော် က ထွက်လာတဲ့ ပစ္စည်း ပီပီ တကယ်ကို အံ့မခန်းပဲ..."

နောက်လိုက်များမှာ ဤကဲ့သို့သော ထူးခြားသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် အဆုံးအစမဲ့သော အံ့အားသင့်မှုများ ဖြစ်ပေါ်နေကြလေသည်။

သေချာပေါက် ဤအရာများ အားလုံး ပြီးဆုံးသွားခြင်း မရှိသေးချေ။

ရောင်စုံ အလင်းတန်း တံခါးကြီး အတွင်းရှိ မြူခိုးငွေ့များ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီးနောက် ၎င်းအတွင်းမှ နန်းတော် တစ်ခု ထွက်ပေါ်လာလေသည်။

နန်းတော် ၏ အသွင်အပြင်မှာ ရွှမ်ယွမ် နန်းတော် နှင့် အနည်းငယ်မျှပင် ကွာခြားခြင်း မရှိဘဲ ရွှေရောင် အလင်းတန်းများ လွှမ်းခြုံထားလေသည်။ သို့သော် အရွယ်အစားပိုင်းတွင်မူ များစွာ သေးငယ်ပြီး အပေါ်ရှိ အထပ်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။

အထပ် တစ်ထပ် မှ ကိုးဆယ့်ကိုး ထပ် အထိ အထပ်တိုင်းတွင် အလင်းစက် လေးတစ်ခုစီ ရှိနေလေသည်။

ကျိုးဟန် အာရုံစူးစိုက်ကာ ကြည့်ရှုလိုက်ရာ အလင်းစက် များ၏ အပေါ်တွင် အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာလေသည်။

[လေဟာနယ် တယ်လီပို့ နေရာ - ရွှမ်ယွမ် နန်းတော် တွင် အသုံးပြုရန် သင့်လျော်ပါသည်... အထပ်တိုင်းတွင် တယ်လီပို့ နေရာ တစ်ခုစီ ပြသထားမည် ဖြစ်ပြီး ၎င်းကို အသက်သွင်းပြီးနောက် မိမိသွားရောက်လိုသော တယ်လီပို့ နေရာ ကို အာရုံစိုက်ကာ တယ်လီပို့ ဟု စိတ်ထဲမှ ရေရွတ်လိုက်ရုံဖြင့် သက်ဆိုင်ရာ အထပ်သို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်ပါသည်]

ကျိုးဟန် စမ်းသပ် ကြည့်လိုက်ရာ ယခုအခါ တယ်လီပို့ နေရာများ အားလုံး အသက်ဝင်နေပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။

မည်သည့် အထပ်သို့ သွားရောက်လိုသည်ဖြစ်စေ ကျိုးဟန် အနေဖြင့် စိတ်ထဲမှ တွေးတောလိုက်ရုံဖြင့် ရောက်ရှိနိုင်မည် ဖြစ်ရာ အလွန် အဆင်ပြေလှပေသည်။ အမြင့်ဆုံး ဖြစ်သော အထပ် ကိုးဆယ့်ကိုး သို့ပင်လျှင် ကျိုးဟန် အလွယ်တကူ သွားရောက်နိုင်ပြီး မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီ ဖြစ်လေသည်။

သို့သော် သူသည် မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အလျင်စလို မရှိခဲ့ချေ။

အကယ်၍ မစ်ရှင် ပြီးမြောက်သွားပြီးနောက် တစ်စုံတစ်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာကာ အခြား အထပ်များသို့ ဝင်ရောက်ခွင့် မရှိတော့ပါက အလွန် ဆိုးရွားသွားမည် ဖြစ်လေသည်။

အတွင်း၌ မရှာဖွေရသေးသော ကံကြမ္မာ အခွင့်အရေး များစွာ ကျန်ရှိနေသေးရာ ဤကဲ့သို့ အလဟဿ အဆုံးရှုံးခံ၍ မဖြစ်နိုင်ချေ။

"စနစ်... အသက်သွင်းပြီးတာနဲ့ အထဲက ကံကြမ္မာ အခွင့်အရေး တွေကို ရနိုင်မယ်လို့ ပြောခဲ့တယ် မဟုတ်လား..."

"ဘာလို့ အခု ဘာမှ မတွေ့ရတာလဲ..."

ကျိုးဟန်က အနည်းငယ် သံသယဖြင့် မေးမြန်းလိုက်လေသည်။

[စနစ် အသိပေးချက် - တယ်လီပို့ နေရာများ ၏ ခြားနားချက်များကို သေချာစွာ ခံစားကြည့်ပါ... စုစုပေါင်း ကွဲပြားသော အရှိန်အဝါ ဆယ့်နှစ်ခု ရှိနေပြီး ၎င်းတို့မှာ ကံကြမ္မာ အခွင့်အရေး များပင် ဖြစ်ပါသည်]

"ကွဲပြားတဲ့ အရှိန်အဝါ..."

"ဒါမျိုးကို ပြောတာများလား..."

ကျိုးဟန် အလျင်စလို စမ်းသပ်ကြည့်လိုက်ရာ မကြာမီ ဒုတိယ အထပ် တွင် ကွဲပြားသော စွမ်းအင်လှိုင်း တစ်ခုကို ခံစားမိသွားလေသည်။

သူ အသက်သွင်းထားသော [သွေးသတ်ဖြတ်မှု မြင်ကွင်း] မှတစ်ဆင့် ဤ တယ်လီပို့ နေရာ ၏ တောက်ပနေသော အလင်းရောင်များမှာပင် အနည်းငယ် ကွာခြားနေကြောင်း တွေ့ရှိလိုက်ရသည်။ ရွှေရောင် အလင်းတန်းများ အတွင်း၌ အလွန် သေးငယ်သော ရောင်စုံ အရောင်များ ရောယှက် ပါဝင်နေလေသည်။

"သေချာတယ်... ဒါပဲ ဖြစ်ရမယ်..."

'အရင်ဆုံး သွားကြည့်ရအောင်လေ...'

ဤသို့ တွေးတောပြီးနောက် ကျိုးဟန် သည် ဒုတိယ အထပ် ၏ တယ်လီပို့ နေရာသို့ အာရုံစိုက်ကာ စိတ်ထဲမှ တယ်လီပို့ ဟု ရေရွတ်လိုက်လေသည်။

...

ဒုတိယ အထပ် တွင် ဒန်နီရယ် နှင့် သူ၏ လက်အောက်ခံ စစ်သူကြီး နှစ်ဦး တို့သည် ဘေးကင်း ဇုန် အတွင်း၌ ဝိညာဉ် မြက်ပင်များကို စုဆောင်းနေကြလေသည်။

အခြားသော နောက်လိုက်များမှာ စွမ်းအား အလွန် အားနည်းလွန်းသဖြင့် ဝင်ရောက်ခွင့် အရည်အချင်း ပင် မရှိခဲ့ကြချေ။

"ဆိုးရွားလိုက်တာကွာ..."

"နဂါးနိုင်ငံ က ကျိုးဟန် က ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ... သူ ဘယ်လို လုပ်လိုက်တာလဲ..."

ဒန်နီရယ် က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်ပြီး ရင်ထဲတွင် အလွန် ဝမ်းနည်း ညည်းညူနေလေသည်။ မကြာသေးမီက သူသည် ကျိုးဟန် ၏ အစွမ်းထက်သော ခွန်အားများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး အမှန်တကယ်ပင် ကြောက်ရွံ့ ထိတ်လန့်သွားခဲ့လေသည်။

"ငါ လုံးဝ မကျေနပ်ဘူး..."

"ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားမျိုးက ငါ ဒန်နီရယ် ပဲ ပိုင်ဆိုင်သင့်တာ..."

ထို့နောက် ဒန်နီရယ် သည် တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး ထိုစဉ်က ကျိုးဟန် ၏ အရှေ့တွင် ကြောက်ရွံ့ နောက်တွန့်သွားခဲ့မိသည့် မိမိကိုယ်ကို အလွန် ဒေါသထွက်နေမိလေသည်။

အစွမ်းထက်သော လွတ်လပ်သော နိုင်ငံ မှ မွေးဖွားလာသူ တစ်ဦး ဖြစ်ရာ သူ၏ မောက်မာမှု နှင့် လွှမ်းမိုးချုပ်ချယ်လိုမှု များက ဤကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်ပေါ်လာခြင်းကို ခွင့်မပြုနိုင်ဘဲ လည်ချောင်းတွင် အရိုးစူးနေသကဲ့သို့ ခံစားနေရလေသည်။

"ခေါင်းဆောင်... စိတ်ဓာတ်မကျပါနဲ့... ကျိုးဟန် ဆိုတဲ့ ကောင်က ကံကောင်းပြီး အစွမ်းထက်တဲ့ ကံကြမ္မာ အခွင့်အရေး တစ်ခုခု ရသွားလို့ နေမှာပါ..."

"အကယ်လို့ ခေါင်းဆောင်သာ ကံကြမ္မာ အခွင့်အရေး တစ်ခုခုကို ရလိုက်မယ် ဆိုရင် သေချာပေါက် သူ့ထက် ပိုပြီး အစွမ်းထက်လာမှာပါ... အဲဒီအချိန်ကျရင် ကျွန်တော်တို့ လွတ်လပ်သော နိုင်ငံ ကို ဦးဆောင်ပြီး နဂါးနိုင်ငံ ကို ခြေဖဝါးအောက်မှာ အသေအလဲ နင်းခြေပစ်လို့ ရပြီလေ..."

နောက်လိုက် နှစ်ဦးက အလျင်စလို မျက်နှာချိုသွေးကာ ပြောလိုက်ကြလေသည်။

"မင်းတို့ ပြောတာ မှန်တယ်... [ရွှမ်ယွမ် နန်းတော်] ထဲမှာ ကံကြမ္မာ အခွင့်အရေး တွေ အများကြီး ရှိတယ်... ဒါက ငါတို့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ အကောင်းဆုံး အချိန်ပဲ..."

ဒန်နီရယ် သည် မိမိကိုယ်ကို ယုံကြည်မှုများ ပြန်လည် ရရှိလာပြီး ကျိုးဟန် ကို အနိုင်ယူမည့် နေ့ရက်ကို စိတ်ကူးယဉ် တွေးတောနေလေသည်။

သူတို့ သုံးဦး စကားပြောနေစဉ်မှာပင် အရိုးထဲထိ စိမ့်ဝင်သွားစေလောက်သော အအေးဓာတ်ကြီး တစ်ခုက ကောင်းကင်သို့ ထိုးတက်လာလေသည်။

မှောင်မိုက်သော အပြာရောင် အလင်းတန်းများ ကောင်းကင်ယံ တွင် ထင်ဟပ်လာပြီးနောက် မျက်စိတစ်မှိတ် အတွင်း လေဟာနယ် တစ်ခုလုံး အေးခဲသွားသည့်အလား လူတိုင်း၏ လှုပ်ရှားမှုများမှာ အလွန် နှေးကွေးသွားလေတော့သည်။

All Chapters