← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅ - ကြွက်တို့ရေမင်းတို့ကြောင့် ငါ အသက်ရှင်ခွင့် ရလိုက်ပြီ။

ယဲ့ချန် နတ်ဆိုးနှိမ်နင်းရေး တံဆိပ်ကို မိန်းကလေးသရဲ၏ ဦးခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။

အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။ မိန်းကလေးသရဲမှာ ရုပ်ရှင်ခေတ္တရပ်ထားသလိုမျိုး လုံးဝ လှုပ်ရှားမရတော့ဘဲ တောင့်ခဲသွားသည်။ သူမက သနားစရာကောင်းပြီး ဖျော့တော့နေသည့် မျက်နှာဖြင့် ယဲ့ချန်ကို ငေးကြည့်နေသည်။

“နတ်ဆိုးနှိမ်နင်းရေး တံဆိပ်က တကယ် အလုပ်ဖြစ်တာပဲ။”

ယဲ့ချန် ထိုသရဲကို ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးရင်း သက်ပြင်းချလိုက်သည်။

“စနစ်က ထုတ်တဲ့ ပစ္စည်းဆိုတော့ တကယ် စွမ်းတာပဲ။”

“နင်... နင်... နင်က ဘယ်လိုလုပ်ပြီး တံဆိပ် ပါလာတာလဲ။”

မိန်းကလေးသရဲက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

“စကားများမနေနဲ့။”

ယဲ့ချန် သူမ၏ ဦးခေါင်းပေါ်တွင် လွင့်မျောနေသော ရွှေရောင် နှိမ်နင်း းဟူသည့် စာလုံးကို ကြည့်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ဟွန်းးး”

မိန်းကလေးသရဲက ဟိန်းလိုက်သော်လည်း သူမ၏ အတွင်းစိတ်ကတော့ ကြောက်ရွံ့နေသည်။ တကယ်တော့ ယဲ့ချန်မှာ သရဲကို ဘယ်လိုသတ်ရမှန်း မသိပါ။ ထို့အပြင် နတ်ဆိုးနှိမ်နင်းရေး တံဆိပ်က တစ်ခုပဲ ရှိတော့သည်။

‘သေစမ်း... ဒါက ၃ မိနစ်ပဲ ခံတဲ့ ပစ္စည်း။ အချိန်ကုန်သွားရင် ငါတော့ ဒုက္ခရောက်ပြီ။ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ်။’

ယဲ့ချန် အပေါ်ကို မော့ကြည့်လိုက်ရာ စာလုံး၏ အရောင်မှာ မှေးမှိန်စပြုနေပြီ ဖြစ်သည်။

အခု မထွက်ရင် ဘယ်တော့ ထွက်တော့မလဲ။

ယဲ့ချန် အဝတ်အစားတောင် မလဲနိုင်တော့ဘဲ ရေချိုးကုတ်အင်္ကျီကို ပတ်လျက် တံခါးဘက်သို့ ပြေးသွားသည်။ သို့သော် သူ ပတ်ပတ်လည် လည်နေသလို ဖြစ်ကာ အပြင်သို့ မထွက်နိုင်ပေ။ သရဲဝင်္ကပါက တကယ်ကို အစွမ်းထက်လှသည်။

ထိုစဉ်။

“ဟီးဟီးဟီး”

မိန်းကလေးသရဲက ထိတ်လန့်ဖွယ် ရယ်မောလိုက်သည်။

“ငါသိတယ် နင် ငါ့ကို မသတ်နိုင်ဘူး... နင်က ဟန်ဆောင်နေတာပဲ။ နင့်မှာ ဘာနည်းလမ်းတွေ ကျန်သေးလဲ ငါ ကြည့်ရသေးတာပေါ့။"

စာလုံးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူမက သွားများကို ဖြဲကာ ယဲ့ချန်ဆီသို့ တွားသွားလာသည်။ သူမ၏ လျှာရှည်ကြီးက မြွေတစ်ကောင်လို လှုပ်ရှားနေပြီး ကြောက်စရာကောင်းသော အသံများ ထွက်ပေါ်လာသည်။

“မလာနဲ့။"

ယဲ့ချန်မှာ တကယ်ကို အားကုန်သွားလေပြီ။

“မကြောက်ပါနဲ့ နင့်ခြေထောက်ကို နည်းနည်းလေး ကိုင်ကြည့်ရုံပါ... နာမှာ မဟုတ်ပါဘူး။”

သူမက ယဲ့ချန်နားသို့ ကပ်လာသည်။

ထိုအရေးကြီးသည့် အချိန်တွင် ယဲ့ချန်၏ စိတ်ထဲ၌ စနစ်၏ အသံ ပေါ်လာသည်။

“တီ...ဂုဏ်ယူပါတယ် အိမ်ရှင်၊ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါပြီ: 【၂၄ နာရီအတွင်း ကြွက် ၅၀၀ ကို ဖယ်ရှားခြင်း】

ဆုလက်ဆောင်များ ရရှိခဲ့သည်။

Space Gray iPhone XS Max (256GB) တစ်လုံး သိမ်းဆည်းပြီး။

52-degree Wuliangye အရက် 500ml တစ်ပုလင်း သိမ်းဆည်းပြီး။

Da Zhong Jiu စီးကရက် တစ်ကတ် သိမ်းဆည်းပြီး။

နတ်ဆိုးနှိမ်နင်းရေး တံဆိပ် ၁၀၀သိမ်းဆည်းပြီး။

ဘာ တာဝန် ပြီးသွားပြီလား။

ယဲ့ချန် ရုတ်တရက် သဘောပေါက်သွားသည်။

သူ ကြွက် ၅၀၀ သတ်နိုင်ခဲ့တာလား။ ကျေးဇူးတင်လိုက်တာ။

ယခုအခါ နတ်ဆိုးနှိမ်နင်းရေး တံဆိပ် ၁၀၀ တောင် ရရှိသွားပြီဖြစ်သည်။

‘ဟီးဟီး ငါမသေတော့ဘူးပေါ့။ ဒါက အကန့်အသတ်မရှိတဲ့ ကျည်ဆံတွေပဲ’

ယဲ့ချန်၏ ခန္ဓာကိုယ်တစ်ခုလုံး အသက်ပြန်ရှင်လာသလို ခံစားလိုက်ရသည်။

“ကြွက်တို့ရေ မင်းတို့ကြောင့် ငါ အသက်ရှင်ခွင့် ရလိုက်ပြီ စိတ်မပူနဲ့ ငါ မင်းတို့ကို ဆက်သတ်ပေးမယ်။”

မိန်းကလေးသရဲက ယဲ့ချန်ဆီသို့ ခုန်အုပ်လာသည်။

“သေစမ်းးး”

ယဲ့ချန် အော်လိုက်ပြီး တံဆိပ်ကို သူမ၏ ဦးခေါင်းပေါ်သို့ ထပ်ရိုက်ချလိုက်သည်။

"ဘုန်း"

ရွှေရောင် အလင်းတန်းက သူမ၏ မျက်နှာကို လင်းထိန်သွားစေသည်။

“နင့်မှာ... နင့်မှာ ဒါတွေ ထပ်ရှိသေးတာလား။”

မိန်းကလေးသရဲက ထိတ်လန့်တုန်လှုပ်သွားသည်။

“ဟားဟား ငါ့မှာ နည်းလမ်းမရှိတော့ဘူး ထင်နေတာလား။ ဒီတံဆိပ်တွေက ငါ့မှာ အများကြီးပဲ။ ကြောက်ပြီလား။”

“ဒါပေမဲ့... ဒါပေမဲ့ နင် ငါ့ကို သတ်လို့ မရသေးပါဘူး။”

မိန်းကလေးသရဲက စိန်ခေါ်သလို ပြောသည်။

“ဟွန်း ခေါင်းမာနေတုန်းပဲ။”

ယဲ့ချန် မျက်လုံးကို ကျဉ်းလိုက်သည်။

“ငါ့သူငယ်ချင်း ဝမ်ကျီ ပြောပြဖူးတယ်။ သရဲတွေက နေရောင်ခြည်ကို အကြောက်ဆုံးတဲ့။ ရှေးတုန်းက ရာဇဝတ်သားတွေကို နေ့လယ် ၁၂ နာရီမှာ ကွပ်မျက်တာက နေရောင်ခြည်က ဝိညာဉ်ကို ပြန့်ကျဲသွားစေလို့ပဲ။ ငါ နင့်ကို အချိန်ဖြုန်းပေးမယ် မနက်လင်းတဲ့အထိ စောင့်ကြည့်မယ်လေ။”

ယဲ့ချန် နောက်ထပ် တံဆိပ်တစ်ခု ထပ်ရိုက်လိုက်သည်။ သူ တွေးမိလိုက်သည်။

ကြွက်သတ်တာက ဒီလို ဆုတွေ ရရင် သရဲကို သတ်ရင်ရော ဘာတွေရမလဲ။ ဒါက ဗျူဟာကျတဲ့ လမ်းညွှန်ချက်ပဲ။

ထိုစဉ် မိန်းကလေးသရဲက ရုတ်တရက် ငိုချလိုက်သည်။

“ဘာလဲ ကြောက်ပြီး ငိုတာလား။”

ယဲ့ချန် လှောင်ပြောင်လိုက်သည်။

“တိတ်လိုက် ငါ့ကို ဖေဖေလို့ ခေါ်လည်း အလကားပဲ။”

“ငါ့ကို မသတ်ပါနဲ့... ငါ ဝိညာဉ် ပျက်စီးမသွားချင်ဘူး ဝါးးးး”

“အရင်က နင်ကရော ငါ့ကို နင့်နေရာမှာ အစားထိုးဖို့ ဆွဲခေါ်မလို့ မဟုတ်လား။ အခုမှတော့ နောင်တရနေတာလား။”

“ငါ့မှာ ရွေးချယ်စရာ မရှိဘူး ငါ တကယ်တော့ အရင်ကတည်းက ပြန်လည်ဝင်စားသင့်တာပါ။ ငါ လူတွေကို မထိခိုက်ချင်ပါဘူး ဒါပေမဲ့ ဒီနေ့အထိ ဒီမှာ ပိတ်မိနေတော့...”

သူမ ငိုယိုရင်း ရှင်းပြသည်။

ယဲ့ချန် သူမကို ထပ်ရိုက်လိုက်သည်။

“ဇာတ်လမ်းတွေ မဖန်တီးနဲ့။ နင့်ရဲ့ အကြံအစည် မအောင်မြင်လို့ အခုလို လုပ်နေတာ မဟုတ်လား။

”

“ငါ မလိမ်ပါဘူး။

”

နောက်တစ်စက္ကန့်တွင် အခန်းထဲက ပရိဘောဂဟောင်းများ ပျောက်ကွယ်သွားပြီး အခန်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ငါ သတ်သေခဲ့လို့ ငရဲမှာ ပိတ်မိနေတာ။ နေ့တိုင်း သတ်သေတဲ့ ဖြစ်စဉ်ကို ပြန်လုပ်နေရတာ။ ငါ့သက်တမ်း မကုန်မချင်း ပြန်လည်ဝင်စားလို့ မရဘူး။”

“ငါ ၁၉၉၆ ခုနှစ်မှာ ဒီအခန်းမှာ ကြိုးဆွဲချ သတ်သေခဲ့တာ။ အဲဒီတုန်းက ငါက ၁၇ နှစ်ပဲ ရှိသေးတယ်။ ငါ့သက်တမ်းက ၃၁ နှစ် သီအိုရီအရ ၂၀၁၀ လောက်မှာ ပြန်ဝင်စားနိုင်သင့်တာ။”

“အခုက ၂၀၁၈ ဖြစ်နေပြီလေ ဘာလို့ မဝင်စားသေးတာလဲ? စွဲလမ်းနေတာလား။”

မိန်းကလေးသရဲ၏ မျက်လုံးများတွင် အငြိုးအတေးများ ပြန်ပေါ်လာသည်။ ယဲ့ချန် ချက်ချင်း တံဆိပ်တစ်ခု ထပ်ရိုက်လိုက်သည်။

“ဟိုတယ်ပိုင်ရှင်ကြောင့် သူက ငါ့ကို ဒီအခန်းမှာ တံဆိပ်တွေနဲ့ ပိတ်လှောင်ထားတာ ငါ အပြင်ကို မထွက်နိုင်ဘူး။”

“ဟင်”

ယဲ့ချန် သဘောပေါက်သွားသည်။

“သူက ငါ့ကို ဒီမှာ ပိတ်လှောင်ပြီး လူတွေကို ငါ့ဆီ အမြဲ လွှတ်နေတာ။ သူက ငါ့ကို ငွေရှာတဲ့ ကိရိယာတစ်ခုလို သုံးနေတာ ငါ ပြန်လည်ဝင်စားချင်တယ် ငါ အသစ်တစ်ဖန် ပြန်စချင်တယ်။”

ယဲ့ချန် သဘောပေါက်သွားသည်။

“၁၉၉၀ ခုနှစ်တုန်းက ဟိုတယ်က သေးသေးလေး မင်း သတ်သေပြီးနောက်ပိုင်းမှ စီးပွားရေး ကောင်းလာပြီး ကြယ်ငါးပွင့် ဟိုတယ်အထိ ဖြစ်လာတာ။ ဆိုလိုတာက ပိုင်ရှင်က မင်းကို အသုံးချပြီး ငွေရှာနေတာပေါ့။”

ယဲ့ချန်၏ စိတ်ထဲတွင် ရွံ့ရှာမှုများ တိုးပွားလာသည်။

“သေစမ်း ဒါက တကယ်ကို ယုတ်မာလွန်းတယ်။ သေသွားတဲ့သူကိုတောင် အမြတ်ထုတ်တယ်ပေါ့။”

“မယုံရင် စဉ်းစားကြည့်လေ။ ၁၉၉၆ ကတည်းက ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး ဒီနေ့ကျမှ ငါ့ရဲ့ အငြိုးတွေကို မထိန်းနိုင်တော့လို့... တောင်းပန်ပါတယ်...”

ယဲ့ချန် ခေါင်းငြိမ့်လိုက်သည်။ ဟိုတယ် အခန်း (၂၀၃၅) နှင့် ပတ်သက်ပြီး ကောလာဟလများစွာ ရှိသော်လည်း မည်သူမျှ သေဆုံးခြင်း မရှိခဲ့သည်မှာ အမှန်ပင်။ အကယ်၍ လူတစ်ယောက် တကယ်သေဆုံးခဲ့လျှင် မည်သူမျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

“ငါ ကျိန်ဆိုပါတယ် ငါ လိမ်ပြောတာဆိုရင် မိုးကြိုးပစ်ခံရပြီး ပြာကျပါစေ။”

“ဒါဆို မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ။”

“ငါ့ကို ပြန်လည်ဝင်စားခွင့် ပေးပါ နော်။”

ယဲ့ချန် စဉ်းစားလိုက်သည်။

“ဒီနေ့ ငါ မင်းကို မလွှတ်ပေးရင် မင်းက တခြားသူတွေကို ထိခိုက်အောင် လုပ်တော့မှာပေါ့။”

“ဟုတ်တယ်။ နင် ငါ့ကို လွှတ်ပေးရင် မင်းအတွက် ကုသိုလ်ရတယ်။ ငါ နင့်ကို ကောင်းချီးပေးပါ့မယ်။ နင် နောင်ဘဝမှာ ချမ်းသာပြီး လှပတဲ့ မိန်းကလေးတွေ ဝန်းရံနေတဲ့ ဘဝမျိုး ရပါစေ...”

“တော်တော့ ကတိတွေ မပေးပါနဲ့။”

ယဲ့ချန် လက်ကာလိုက်သည်။ သို့သော် ယဲ့ချန် တုံ့ဆိုင်းနေမိသည်။

ဒီသရဲမကို လွှတ်ပေးသင့်သလား။

All Chapters