အခန်း ၈
Vol. 1 Ch. 8
အခန်း ၈ - ကျောင်းသူလေး။
ယဲ့ချန်သည် ယွမ် ၂၀၀,၀၀၀ ဆုကြေးကို အလွယ်တကူ လက်လွှတ်မခံနိုင်ပါ။ ၎င်းမှာ မတရားသဖြင့် ရရှိလာသော ငွေကြေးဖြစ်သော်လည်း သူ ယူသင့်သလောက် ယူရမည်ပင်။
“ကောင်းပါပြီ ခဏလောက် စောင့်ပေးပါ။”
စားပွဲထိုးမလေးက စကားပြောစက်ဖြင့် အခန်း ၂၀၃၅ ကို စစ်ဆေးရန် ဝန်ထမ်းများကို အကြောင်းကြားလိုက်သည်။
“ဒီသရဲမရဲ့ သရဲဖုံးကွယ်ခြင်းက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား... အခန်းကို ငါ ဖျက်ဆီးထားတာ ဟိုတယ်ဘက်က သိသွားရင်တော့ ပြဿနာပဲ…”
ယဲ့ချန် စိတ်ထဲမှ စိုးရိမ်နေမိသည်။ သို့သော် သူ၏ စိုးရိမ်မှုမှာ မလိုအပ်ပေ။ ဟိုတယ်ဝန်ထမ်းများမှာ အလွန်ထိရောက်ပြီး မိနစ်ပိုင်းအကြာတွင် အခန်းတွင်း ဘာပြဿနာမျှ မရှိကြောင်း အကြောင်းပြန်လာသည်။ စောင့်ကြည့်ကင်မရာမှတ်တမ်းအရလည်း ယဲ့ချန်သည် မနေ့ညက အခန်းထဲ ဝင်သွားပြီးနောက် တစ်ကြိမ်မျှ အပြင်ထွက်မလာကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူသည် အခန်းထဲတွင် တစ်ညလုံး တကယ်နေခဲ့ခြင်း ဖြစ်သည်။
“ရှင်က တကယ့်ကို ကံကောင်းတာပဲ။ ဒီနှစ်တွေအတွင်း ဒီအခန်းမှာ ဘာမှမဖြစ်ဘဲ နေနိုင်တဲ့သူ ရှင်က ပထမဆုံးပဲ။ တစ်ခုခု ထူးခြားတာမျိုး မတွေ့မိဘူးလား။”
စားပွဲထိုးမလေးက အံ့ဩတကြီး မေးသည်။
“မတွေ့ပါဘူး။”
ယဲ့ချန်က လိမ်ညာလိုက်သည်။
“ဘာအသံမှတောင် မကြားရပါဘူး။ ဒီ သရဲခြောက်တဲ့ အခန်း ဆိုတာ ဟိုတယ်ဘက်က ဖန်တီးထားတဲ့ လှည့်ကွက်သက်သက်ပဲ။ ဆုကြေးပေးမှာလား မပေးဘူးလား။”
“ပေးမှာပေါ့ရှင်။ ကျွန်မတို့ ဟိုတယ်က ဂုဏ်သတင်းကိုပဲ အဓိကထားတာပါ။ ညနေ ၅ နာရီ မတိုင်ခင် ငွေလွှဲပေးပါ့မယ်။ ဘဏ်အကောင့်နံပါတ်လေး ချန်ထားပေးပါ။”
သူမအမြင်တွင် ယဲ့ချန်မှာ အလွန်ကံကောင်းသူတစ်ဦး ဖြစ်သည်။ အခန်းခ ယွမ် ၃၀,၀၀၀ ကို နှုတ်လိုက်လျှင်ပင် သူသည် ယွမ် ၁၇၀,၀၀၀ ကို အလကားရလိုက်ခြင်းနှင့် တူသည်။ ဤကဲ့သို့သော ကံမျိုးမှာ တစ်ထောင်တွင် တစ်ယောက်သာ ရှိတတ်သည်။
ညနေ ၅ နာရီလား။ ဟီးဟီး သရဲဖုံးကွယ်ခြင်းရဲ့ အာနိသင်က နောက်တစ်နေ့ မနက်အထိ ကြာမှာလေ ဒီဆုကြေးကတော့ ငါ့အတွက် သေချာသွားပြီ။
ယဲ့ချန်သည် ဘဏ်အကောင့်နံပါတ်ကို ချရေးပေးပြီး ဟိုတယ်မှ ထွက်လာခဲ့သည်။ သူသည် အနီးနားရှိ ဘတ်စ်ကားမှတ်တိုင်ဆီသို့ အပြေးသွားသည်။ တစ်ညလုံး ကုန်ဆုံးခဲ့သော်လည်း သူ၏ နုပျိုသော မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် လုံးဝမရှိပါ။
နံပါတ် ၃၈ ဘတ်စ်ကားပေါ်သို့ တက်လိုက်ပြီး ပြတင်းပေါက်ဘေးတွင် နေရာယူလိုက်သည်။ ခရီးသည်များ တဖြည်းဖြည်း များလာပြီး ကားပေါ်တွင် လူစည်ကားလာသည်။ ထိုအချိန်တွင် ယဲ့ချန်သည် အလွန်အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ မလှမ်းမကမ်းတွင် အသက် ၃၀ ကျော် လူမိုက်လေးယောက်သည် အလွန်လှပသော မိန်းကလေးတစ်ယောက်ကို ဝိုင်းရံထားသည်။ မိန်းကလေးမှာ နွေရာသီမို့ စကတ်တိုတိုလေး ဝတ်ဆင်ထားပြီး ခြေတံသွယ်သွယ်လေးများ ပေါ်နေသည်။
လူမိုက်လေးယောက်အနက် ခေါင်းပြောင်သောသူက မိန်းကလေး၏ ခြေထောက်ကို လှမ်းကိုင်လိုက်သည်။ မိန်းကလေးမှာ တုန်လှုပ်သွားပြီး ဒေါသထွက်ကာ လှည့်ကြည့်သည်။
သို့သော် ခေါင်းပြောင်သူက ဘာကြည့်တာလဲ။သေချင်နေတာလား ဟု ခြိမ်းခြောက်လိုက်ရာ မိန်းကလေးမှာ ကြောက်လန့်ပြီး ခေါင်းပြန်လှည့်လိုက်ရသည်။
နောက်တစ်ယောက်ကလည်း မိန်းကလေး၏ တင်ပါးကို လှမ်းကိုင်ပြန်သည်။ မိန်းကလေးမှာ အော်ဟစ်လိုက်သော်လည်း လူမိုက်များ၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များကြောင့် ခရီးသည်အားလုံး တိတ်ဆိတ်သွားကြသည်။
ယဲ့ချန်မှာ ဤမြင်ကွင်းကို ကြည့်ပြီး အလွန်အံ့ဩနေသည်။
“ဒါက တကယ့် ဘတ်စ်ကားပေါ်က လူမိုက်တွေပဲလား။ ဒီကောင်တွေက တကယ့်အမှိုက်တွေပဲ ဒီလို အချိန်ဖြုန်းနေမယ့်အစား ပြည့်တန်ဆာဆီ သွားတာကမှ ပိုကောင်းဦးမယ်…”
တွေးရင်း သူရဲကောင်းလုပ်ပြီး ဝင်ကူညီမလားဟု စဉ်းစားလိုက်သည်။
“လူငယ်လေး၊ ဝင်မပါနဲ့။ ဒီလူတွေက ထောင်ထွက်တွေ လူမိုက်တွေ။ သူတို့နဲ့ မပတ်သက်တာ အကောင်းဆုံးပဲ။”
သူ၏ ဘေးတွင် ထိုင်နေသော အလယ်အလတ်အရွယ် လူတစ်ယောက်ကတိုးတိုးလေး သတိပေးသည်။ ဘတ်စ်ကားမှတ်တိုင် ရောက်လာပြီး မိန်းကလေးမှာ ငိုယိုလျက် ကားပေါ်မှ အလောတကြီး ဆင်းသွားသည်။ ထိုလူမိုက်လေးယောက်မှာလည်း အောင်ပွဲခံသည့်ဟန်ဖြင့် ရယ်မောနေကြသည်။ ထိုစဉ် ကားပေါ်သို့ မိန်းကလေးငယ်တစ်ယောက် ထပ်တက်လာသည်။
သူမမှာ မိတ်ကပ်မလိမ်းထားသော်လည်း အလွန်လှပသည်။ သူမသည် ကျောင်းလွယ်အိတ်နှင့် ထမင်းချိုင့်တစ်ခုကို ကိုင်ထားသည်။ သူမမှာ ပညာရေးတက္ကသိုလ်မှ နာမည်ကြီး ကျောင်းတော်သူလေး လင်းယွီရှီး ဖြစ်သည်။
သူမသည် အလွန်ဆင်းရဲသော်လည်း စိတ်ဓာတ်မြင့်မြတ်သူ ဖြစ်ပြီး ကြွယ်ဝချမ်းသာသူများ၏ နောက်ယောင်ခံခြင်းကို မည်သည့်အခါမျှ လက်မခံခဲ့ဖူးသူ ဖြစ်သည်။ လင်ယွီရှီးမှာ အရပ်သား ကျောင်းသူလေးဟု လူသိများသည်။
ယဲ့ချန်သည် လင်းယွီရှီးကို အလွန်လေးစားသည်။ ဤကဲ့သို့ ရှုပ်ထွေးသော လောကကြီးတွင် သူမသည် ကြည်လင်သော ရေစီးကြောင်းလေးတစ်ခုကဲ့သို့ နေထိုင်သည်။ ထိုအချိန်တွင် လူမိုက်လေးယောက်သည် လင်းယွီရှီးကို မြင်လိုက်ရပြီး ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ဝိုင်းရံလိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင် တစ်ခုတည်းသော အကြံအစည်မှာ ဘယ်လိုပဲဖြစ်ဖြစ် သူမကို ပိုင်ဆိုင်ရမည်ဆိုသည့် ရမက်စိတ်သာ ရှိတော့သည်။