← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀ - သရဲဖုံးကွယ်ခြင်း။

ယဲ့ချန်မှာမူ စိုးရိမ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိပါ။ မနေ့ညက ကြုံတွေ့ခဲ့ရသည့် ထူးဆန်းသော ဖြစ်ရပ်များကြောင့် ယဲ့ချန်၏ စိတ်အာရုံမှာ ပိုမိုခိုင်မာလာခဲ့ပြီ ဖြစ်သည်။

“သေစမ်း အခု နေ့ခင်းကြီး ဖြစ်နေလို့ တော်သေးတယ်။ ညဘက်သာဆိုရင် သရဲမကို လွှတ်ပြီး မင်းတို့အားလုံးကို ဝါးစားပစ်လိုက်မှာ။”

“ဒီလူတွေနဲ့အတူပဲ ကားပေါ်က ဆင်းလိုက်တော့မယ်။ အခုက နေ့ခင်းကြီး အကုန်လုံး ကြည်လင်နေတာဆိုတော့ သူတို့ ငါ့ကို ဘာမှ မလုပ်ရဲပါဘူး။ ကျေးဇူးတင်ပါတယ်။ ရှင်က တကယ့်ကို ရဲရင့်တာပဲ။”

လင်းယွီရှီးက ယဲ့ချန်၏ အင်္ကျီလက်ကို ဆွဲရင်း စိုးရိမ်တကြီး ပြောသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူမိုက်က ယဲ့ချန်ရှေ့သို့ ရောက်လာပြီး လှောင်ပြောင်သည့်အကြည့်ဖြင့်ဆိုသည်။

“ဟေ့ကောင် ငါ နောက်ဆုံးအနေနဲ့ အခွင့်အရေးပေးမယ်။ ဒူးထောက်ပြီး ငါ့ကို ဆရာလို့ သုံးခါ ခေါ်လိုက်စမ်း။”

စကားပင် မဆုံးသေးခင် ယဲ့ချန်က အရင်လက်ဦးမှုယူကာ ထိုလူမိုက်၏ ဘယ်ဘက်ပခုံးကို အသာလေး ပုတ်လိုက်သည်။ ယဲ့ချန်၏ လှုပ်ရှားမှုမှာ တိုက်ခိုက်နေသည့်ပုံစံ မဟုတ်ဘဲ သူငယ်ချင်းအချင်းချင်း ယုံကြည်မှုပြသသည့် ပုံစံမျိုး ဖြစ်သည်။ ထိုလူမိုက်မှာ ခဏတာ ကြောင်သွားသည်။ ယဲ့ချန်က သူငယ်ချင်းလုပ်နေခြင်း မဟုတ်ပေ။ သူသည် လက်ဝါးထဲတွင် ဝှက်ထားသော သရဲဖုံးကွယ်ခြင်း တံဆိပ်ကို ထိုလူ၏ ပခုံးပေါ်သို့ အသာလေး ကပ်လိုက်ခြင်း ဖြစ်သည်။

ချက်ချင်းပင် ထိုတံဆိပ်မှာ ကွဲအက်သွားပြီး ထူးဆန်းသော သရဲစွမ်းအင်အဖြစ် ပြောင်းလဲကာ ထိုလူ၏ ကိုယ်ခန္ဓာထဲသို့ စီးဝင်သွားသည်။

“အားးးး”

ထိုလူမိုက်မှာ တုန်ခါသွားပြီး ဇွန်ဘီကဲ့သို့ ငြိမ်သက်သွားသည်။ အကယ်၍ ထူးခြားသောအမြင်အာရုံရှိသူတစ်ယောက်သာ ရှိနေမည်ဆိုလျှင် ယဲ့ချန်၏ လက်ချက်ဖြင့် ထိုလူ၏ ပခုံးပေါ်ရှိ မီးတိုင်တစ်ခု ငြိမ်းသွားသည်ကို မြင်ရမည်ဖြစ်သည်။ ထိုအချိန်မှစ၍ ထိုသူ၏ ကံကြမ္မာမှာ အလွန်ညံ့သွားတော့မည် ဖြစ်သည်။

“ဟေ့ကောင် ၃ ဒီကောင်လေးကို မြန်မြန် သတ်လိုက်စမ်း။ ဘာရပ်လုပ်နေတာလဲ။”

ခေါင်းပြောင်သူက ဒေါသတကြီး အော်ဟစ်သည်။

“အစ်ကိုကြီး၊ ကျွန်တော် ကြည့်လိုက်မယ်။”

အခြားလူမိုက်တစ်ယောက်က သံသယဖြစ်ဖွယ် အကြည့်ဖြင့် ယဲ့ချန်ဆီ လာသည်။ ယဲ့ချန်က သူ့ဆီသို့ တည့်တည့်လျှောက်သွားပြီး ဒါကို ကြည့်စမ်း ဟု ပြောလိုက်သည်။

ထိုလူမိုက်မှာ ကြောင်သွားသည်။ ယဲ့ချန်က သူ၏ ပခုံးပေါ်သို့လည်း တံဆိပ်ကို ကပ်လိုက်သည်။

ထိုလူမှာလည်း တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးထဲသို့ ကျရောက်သွားကာ ငြိမ်ကျသွားသည်။

ဒီတံဆိပ်က တကယ်ကို သုံးလို့ကောင်းတာပဲ။

ယဲ့ချန်၏ ယုံကြည်မှုမှာ တိုးတက်လာသည်။ သူသည် ခေါင်းပြောင်သူဆီသို့ ဆက်လျှောက်သွားသည်။ သူ၏ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်မှာ သစ်တုံးကြီးများကဲ့သို့ ငြိမ်သက်နေသည်ကို မြင်သောအခါ ခေါင်းပြောင်သူမှာ ထိတ်လန့်လာသည်။

ဒီကောင်လေးက ထူးဆန်းလိုက်တာ ဒီနေ့တော့ ငါတို့ပဲ အမှားလုပ်မိပြီလား။

“မင်း... မင်း ဘာလုပ်လိုက်တာလဲ...”

ခေါင်းပြောင်သူက မေးရန် ပြင်သည်။ ယဲ့ချန်က စကားများမနေတော့ဘဲ လျှပ်တစ်ပြက်အတွင်း သူ၏ ပခုံးပေါ်သို့ တံဆိပ်တစ်ခုကို ထပ်ကပ်လိုက်သည်။ နောက်ဆုံးကျန်ရှိသော လူမိုက်ကိုလည်း ခေါင်းပေါ်သို့ တံဆိပ်ကပ်လိုက်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် မီးတိုင် သုံးတိုင်ရှိသည့်အနက် ဦးခေါင်းပေါ်ရှိ မီးတိုင်မှာ အသက်ကို ကိုယ်စားပြုသည်။ ထိုနေရာကို သရဲစွမ်းအင် ပေကျံသွားလျှင် ထိုသူမှာ သေသည်ထက်ပင် ဆိုးရွားသော ဒုက္ခကို ခံစားရမည် ဖြစ်သည်။

“ပြီးပြီ။”

ယဲ့ချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထိုအချိန်တွင် လူမိုက်လေးယောက်၏ မျက်လုံးထဲတွင် ကားထဲရှိ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားသည်။ မီးရောင်များမှာ ညဘက်ကားတစ်စီးကဲ့သို့ မှောင်မိုက်သွားသည်။

“ဒါ... ဒါ ဘာတွေ ဖြစ်နေတာလဲ ငါတို့ ဘယ်ရောက်နေတာလဲ။”

ခေါင်းပြောင်သူမှာ အလွန်အေးစက်လာပြီး အရိုးထဲထိ စိမ့်ဝင်သွားသည်။ သူသည်ဘတ်စ်ကားစီးနေခြင်း မဟုတ်ဘဲ ရေခဲသေတ္တာထဲ ရောက်နေသလို ခံစားရသည်။ ရုတ်တရက် ပြတင်းပေါက်နားရှိ အမျိုးသမီးခရီးသည်တစ်ယောက်က မတ်တပ်ထရပ်ကာထပြောသည်။

"ဘာတွေ လာအော်နေတာလဲတိတ်ကြစမ်း။"

လူမိုက်လေးယောက်က သူမကို လှည့်ကြည့်ရာ ကြောက်လန့်လွန်း၍ ဆီးပင် ပေါက်ကုန်ကြသည်။ သူမ၏ မျက်နှာမှာ သေသူကဲ့သို့ ဖြူဖျော့နေပြီး တစ်ဖက်မှာ သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ထို့နောက် သူမသည် မျက်နှာပေါ်ရှိ ဖန်စကို ဆွဲထုတ်လိုက်ရာ သွေးများမှာ လူမိုက်များ၏ မျက်နှာပေါ်သို့ စင်လာသည်။

“အားးးး သရဲ အား အား အားးး”

လူမိုက်များမှာ ကြောက်လန့်လွန်း၍ စိတ်ဓာတ်ကျသွားကြသည်။ ယာဉ်မောင်းမှာလည်း ခေါင်းကို ၃၆၀ ဒီဂရီ လှည့်ကာ သူ့ဦးခေါင်းခွံထဲမှ ထွက်နေသော အမှုန်အမွှားများကို အနံ့ခံပြီး ငါ့ဦးနှောက်က အရသာရှိတယ် စားကြည့်မလားဟု ပြောလိုက်ရာ လူမိုက်များမှာ ရူးသွပ်လုနီးပါး ဖြစ်သွားသည်။

ဤသည်တို့မှာ ထိုလူမိုက်များ ခံစားနေရသော ကြောက်မက်ဖွယ် ထင်ယောင်ထင်မှားမှုများသာ ဖြစ်သည်။ အခြားခရီးသည်များအတွက်မူ ထိုအရာများ မရှိပါ။ သူတို့ မြင်ရသည်မှာ လူမိုက်လေးယောက်သည် မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး ကြောက်လန့်တကြား အော်ဟစ်နေခြင်း ဖြစ်သည်။ မကြာမီတွင် ကားထဲ၌ ဆီး ဝမ်းနံ့များ ပျံ့နှံ့လာသည်။

ခရီးသည်များက ယဲ့ချန်ကို ဝိုင်းကြည့်ကြသည်။

“ဒီလူငယ်က ရှေးခေတ်က အတွင်းအားပညာကို တတ်တာလား။

” အဘိုးအိုတစ်ယောက်က အံ့ဩတကြီး မေးသည်။

“ဟဲဟဲ သူတို့ဘာသာ သူတို့ အရူးထတာပါ။”

ယဲ့ချန်က စိတ်ကျေနပ်စွာ တွေးလိုက်သည်။

“ဘာတွေ ဖြစ်သွားတာလဲ။”

လင်းယွီရှီးကလည်း ယဲ့ချန်ဘေးသို့ ကပ်ကာ သိလိုစိတ်ဖြင့် မေးသည်။ ကားက ရပ်တန့်သွားသည်။

“ကားပေါ်က အရင်ဆင်းကြမယ်။”

ယဲ့ချန်သည်မရှင်းပြချင်သဖြင့် နောက်တံခါးမှ ဆင်းသွားလိုက်သည်။ လင်းယွီရှီးကလည်း ထမင်းချိုင့်ကို ကောက်ကိုင်ပြီး ယဲ့ချန်နောက်သို့ လိုက်ဆင်းသွားသည်။

All Chapters