← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇ - တမင်တကာ နာကျင်စေမှုလား။

"ငါ့ရဲ့ တန်ဖိုးတွေက ပျက်ပြားနေတာလား။"

ယဲ့ချန်က မျက်လုံးကို အနည်းငယ် စဉ်းစားဟန်ဖြင့် မှိတ်လိုက်သည်။

"မင်း မျက်စိကန်းနေတာလား။ ငါက တက်ကြွပြီး သွေးဆူနေတဲ့ လူငယ်တစ်ယောက်ပါ။ ငါ့ရဲ့ တန်ဖိုးတွေက ဖြောင့်မတ်ရုံတင်မကဘူးငါ့ရဲ့ မျက်နှာသွင်ပြင်ကလည်း တော်တော်လေးကို ဖြောင့်မတ်တည်ကြည်ပြီး ချောမောတာ။"

"အင်းအင်း ယဲ့ချန်... နင့်ရဲ့ တန်ဖိုးတွေက တကယ်ကို ဖြောင့်မတ်ပါတယ်နော်။"

လင်းယွီရှီး က ပထမဦးဆုံး ထောက်ခံလိုက်သည်။ သေချာတာပေါ့ လက်ရှိနေရာမှာ ဤအမြင်ကို ထောက်ခံသူဆိုလို့ သူမတစ်ယောက်တည်းသာ ရှိသည်။

"ညီမလေး သူ့ရဲ့ စကားတွေနောက်မှာ မျောမသွားပါနဲ့။"

ထိုအခိုက်အတန့်တွင် ထိုအမျိုးသားက လင်းယွီရှီးအား ကြည့်ကာ စိတ်နှလုံး ကြေကွဲဟန်ဖြင့် ပြောလိုက်သည်။

"ညီမလေးက အရမ်းကြင်နာပြီး ရိုးသားရှာတယ် လောကကြီးအကြောင်းကို သေချာ မမြင်ဖူးသေးတာ ထင်ရှားပါတယ်။ ကျောင်းတက်နေတုန်းပဲလား။ နင့်ရဲ့ အဖော် ဒီနေ့လုပ်ခဲ့တဲ့ လုပ်ရပ်က လူ့အဖွဲ့အစည်းရဲ့ အမှိုက်ကောင်တစ်ယောက်ရဲ့ လုပ်ရပ်ပဲ လူတွေ ရွံရှာစက်ဆုပ်စရာပဲ နင် သူ့ရဲ့ ကြံရာပါ မဖြစ်သင့်ဘူး။"

"ရှင် ဘာလို့ အဲ့ဒီလို ပြောနိုင်ရတာလဲ။ ကြံရာပါဆိုတာ ဘာကို ဆိုလိုတာလဲ။"

လင်းယွီရှီး အလွန် မကျေမနပ် ဖြစ်သွားရသည်။

"ကြည့်စမ်း ညီမလေး နင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ပဲလေ။ သူ အဲ့ဒီ လက်တစ်ဖက်ပြတ် သူတောင်းစားကို ကန်ထုတ်လိုက်တာ။ ဒါက ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းပါ။ ဒီလိုလုပ်ရပ်က တမင်တကာ နာကျင်စေမှု ပဲ။"

ထိုအမျိုးသားသည် စကားပြောလေလေ ပို၍ သွေးကြွလာလေလေ ဖြစ်ပြီး သူ၏ စကားများက မြစ်ရေစီးသကဲ့သို့ မရပ်မနား ထွက်ပေါ်လာခဲ့သည်။

"နင့်ရဲ့အဖော်က ငွေကြေး မချမ်းသာဘူးဆိုတာ ငါပြောနိုင်တယ်။ ဆင်းရဲတာက ကြောက်စရာမလိုဘူး ကြောက်စရာကောင်းတာက ဆင်းရဲပြီးတော့ အကြမ်းဖက်တတ်တယ်။ မာနကြီးတယ်။ မောက်မာတယ်။ မိမိကိုယ်ကိုယ် အမြဲမှန်တယ်ထင်ပြီး နောင်တမရတတ်တာပဲ။ ဒီလိုလူမျိုးက လက်ထပ်ပြီးရင် သေချာပေါက် ဇနီးမယားကို နှိပ်စက်မယ့်လူမျိုးပဲ။"

သူက ယဲ့ချန်အား လက်ညှိုးထိုးပြလိုက်သည်။

"ငါ မမှားဘူးဆိုရင် မင်းအဲ့ဒီ လက်တစ်ဖက်ပြတ် သူတောင်းစားကို ရိုက်ရတဲ့ အကြောင်းရင်းက သူက လိမ်လည်သူတစ်ယောက် ငါတို့ ခေါ်လေ့ရှိတဲ့ ပရော်ဖက်ရှင်နယ် သူတောင်းစား လို့ ထင်လို့ ဖြစ်လိမ့်မယ်။ ဟုတ်ပါတယ် ဒီလူ့အဖွဲ့အစည်းမှာ ဒီလိုအုပ်စုတွေ ဒုနဲ့ဒေး ရှိပါတယ်။ သူတို့က နေ့ဘက်မှာ လမ်းပေါ်မှာ သနားစရာကောင်းအောင် ဟန်ဆောင်တောင်းရမ်းကြပြီး ညဘက်ကျရင်တော့ သူဌေးတွေအဖြစ် ပြောင်းလဲသွားကြတာ။ လူတွေရဲ့ ကြင်နာတတ်တဲ့ စိတ်ကို လိမ်လည်တဲ့ သူတို့ရဲ့ လုပ်ရပ်က တကယ်ကို ဒေါသထွက်စရာ ကောင်းပါတယ်။ ဒါပေမဲ့ မင်းက အဲ့ဒီအတွက်ကြောင့်နဲ့ သူတို့ကို စော်ကားတာ ရိုက်နှက်တာအထိ လုပ်တာက မလွန်လွန်းဘူးလား ဥပဒေမဲ့လွန်းမနေဘူးလား။"

ထိုအမျိုးသားက အသံကို မြှင့်လိုက်ပြီး ယဲ့ချန်အား လက်ညှိုးထိုးကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တရားမျှတမှုများဖြင့် ပြည့်နှက်နေဟန် ပြုလိုက်သည်။

"မင်းက ဆင်းရဲလို့ သူတောင်းစားကတောင် မင်းထက် ချမ်းသာနေတော့ နင်က သူဌေးတွေကို မုန်းတီးနေတာ ဒါကြောင့် နင် ဒေါသပုံချလိုက်တာ လူမှုယဉ်ကျေးမှုက တိုးတက်နေပေမဲ့ အချို့လူတွေရဲ့ စရိုက်ကတော့ ဆုတ်ယုတ်နေတယ်။"

"ကောင်းတယ်! ကောင်းကောင်းပြောနိုင်တယ် တော်တယ်။"

ဝိုင်းကြည့်နေသူများထဲမှ အတော်များများက ချက်ချင်းပင် လက်ခုပ်တီး အားပေးကြတော့သည်။ ယဲ့ချန်တစ်ယောက် ရယ်ပင် ရယ်ချင်သွားရသည်။

"သူဌေးတွေကို မုန်းတီးတာ ဟုတ်လား။ တောက်... ဒါက တကယ့်ကို လူတစ်ယောက်ကို ပြစ်တင်ရှုတ်ချချင်ရင် အကြောင်းပြချက်က အမြဲရှာလို့ရတယ်ဆိုတဲ့ အကွက်ပဲ။ အထင်ကြီးစရာပဲ အထင်ကြီးစရာပဲ မင်းရဲ့ စိတ်ကူးစိတ်သန်းက တကယ်ကို ရူးသွပ်လွန်းတယ်။ ဒါပေမဲ့ မင်းရဲ့ စိတ်ကူးစိတ်သန်းက ဘယ်လောက်ပဲ ရူးသွပ်ပါစေ မင်းရဲ့ သနားစရာကောင်းတဲ့IQကိုတော့ ဖုံးကွယ်လို့မရပါဘူး။"

ယဲ့ချန်က လင်းယွီရှီးအား ကြည့်လိုက်သည်။

"ဒီကောင်က သောက်ပေါ ပါ။ မဟုတ်ဘူး သူ့ကို သောက်ပေါလို့ ခေါ်တာက သူ့ကို အထင်ကြီးလွန်းရာ ရောက်မယ်။ အမှန်အတိုင်း ပြောရရင် သူ့မှာ ဦးနှောက် မရှိဘူး။"

"ယဲ့ချန်... တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။"

လင်းယွီရှီး ဇဝေဇဝါ ဖြစ်နေခဲ့သည်။

"ဟားဟား သေခါနီးဖြစ်နေတာတောင် ငါ့ကို လာပြီး ဆဲဆိုနေသေးတယ် ငါ့ရဲ့ စရိုက်ကို စော်ကားနေသေးတယ်ပေါ့ မင်းမှာ သတ္တိရှိသားပဲ။ ကောင်းပြီ၊ ဖြည်းဖြည်းချင်း ကစားကြတာပေါ့။"

ထိုအမျိုးသားက ယဲ့ချန်အား စက်ဆုပ်ရွံရှာစွာဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် ညည်းတွားနေသော လက်တစ်ဖက်ပြတ် သူတောင်းစားရှိရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် သွားကာ တွဲထူပေးလိုက်သည်။

"မိတ်ဆွေ... မကြောက်ပါနဲ့။ ငါ မင်းအတွက် မတ်တပ်ရပ်ပေးမယ်။ ဒီမှာရှိတဲ့ အသိတရားရှိတဲ့သူတိုင်း မင်းအတွက် မတ်တပ်ရပ်ပေးကြလိမ့်မယ်။"

သူက စကားပြောရင်း သူ၏ ပိုက်ဆံအိတ်ကို ထုတ်ကာ ယွမ် ရာတန်စက္ကူ အချို့ကို နှိုက်ယူပြီး လက်တစ်ဖက်ပြတ် သူတောင်းစား၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

"မင်းက လိမ်လည်သူတစ်ယောက် မဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်မင်းမှာ တကယ့် အခက်အခဲတွေ ရှိနေတာပါ။ ဒါက ပိုက်ဆံအများကြီး မဟုတ်ပါဘူးငါ့ရဲ့ စိတ်ရင်းမှန်လေးပါ။ ဒါလေးယူပြီး ကလေးအတွက် စားစရာဝယ်ကျွေး၊ ပြီးတော့ ကလေးကို ဆေးကုပေးလိုက်ပါ။"

"မင်းက တကယ်ပဲ လိမ်လည်သူတစ်ယောက် ဖြစ်နေဦးတော့ာငါကတော့ မင်းကို ပိုက်ဆံပေးဖို့ လိုလားနေတုန်းပဲ ဒါက ခံယူချက်ပဲ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ဖြန့်ဝေပြီး အချစ်တွေကို လက်ဆင့်ကမ်းပေးတဲ့ ခံယူချက်မျိုးလူတိုင်းက အချစ်တွေ အနည်းငယ်စီ မျှဝေပေးကြမယ်ဆိုရင် ကမ္ဘာကြီးက လှပတဲ့ နေရာတစ်ခု ဖြစ်လာမှာပါ။"

ဝိုင်းကြည့်နေသူများက တစ်ယောက်ပြီးတစ်ယောက် လက်ခုပ်တီးကြပြီး၊ အချို့ဆိုလျှင် မျက်ရည်ပင် ဝဲနေကြပြီ ဖြစ်သည်။

"ကဲပါ... မင်းရဲ့ လူကောင်းဟန်ဆောင်မှုကို ရပ်လိုက်ပါတော့။ မင်း တကယ်ပဲ ဘာလုပ်ချင်တာလဲ။"

"အခု ငါ ရဲတိုင်တော့မယ် ဘာလို့လဲဆိုတော့ မင်းရဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်က တမင်တကာ နာကျင်စေမှု မြောက်နေလို့ပဲ။ ဒါက ရာဇဝတ်မှု ဖြစ်သွားပြီ။"

ထိုအမျိုးသားက သူ၏ ဖုန်းကို ထုတ်ရင်း ပြောလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

'မင်းလို ကောင်စုတ် အောက်ခြေကောင်က ဘာဂုဏ်ပုဒ်နဲ့ ဒီငယ်ရွယ်ချောမောတဲ့ ရည်းစားမျိုးကို ပိုင်ဆိုင်ထိုက်လို့လဲ။ ဒီတစ်ကြိမ်တော့ ငါ မင်းကို လုံးဝ ဖျက်ဆီးပစ်မယ်။ ရဲစခန်းမှာ ရာဇဝတ်မှု မှတ်တမ်းရှိသွားပြီဆိုရင် မင်းရဲ့ အနာဂတ်လမ်းက လွယ်ကူမှာ မဟုတ်တော့ဘူး! မင်းရဲ့ ရည်းစားက မင်းနဲ့ ဆက်ပြီး တွဲနေဦးမလားဆိုတာ ငါ ကြည့်ချင်သေးတယ်။'

သူသည် အလွန်ပင် စိတ်လှုပ်ရှားပြီး ဝမ်းသာနေခဲ့သည်။

ထိုအမျိုးသား ရဲတိုင်တော့မည်ကို မြင်သောအခါ လက်တစ်ဖက်ပြတ် သူတောင်းစား၏ မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူ ကပျာကယာ ပြောလိုက်သည်။

"အစ်ကိုကြီး... ဒီလိုလုပ်ပါလား... ငါတို့ ရဲမတိုင်ဘဲ နေကြရအောင်လား။ ငါ... ငါ သူ့နဲ့ပဲ သီးသန့် ဖြေရှင်းလိုက်ပါ့မယ်။"

"မရဘူး ငါတို့ သေချာပေါက် ရဲတိုင်ရမယ်။ ဒီလို အမှိုက်ကောင်မျိုးက လူ့အဖွဲ့အစည်းရဲ့ မတည်ငြိမ်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းပဲ ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။"

ထိုအမျိုးသားက ပြတ်ပြတ်သားသား ပြောဆိုကာ ၁၁၀ (ရဲဖုန်းနံပါတ်) ကို လျင်မြန်စွာ ခေါ်ဆိုလိုက်သည်။

"မိတ်ဆွေ... မကြောက်ပါနဲ့။ သူ မင်းကို ကလဲ့စားမချေရဲပါဘူး။ မတရားမှုက တရားမှုကို ဘယ်တော့မှ မနိုင်ဘူးဆိုတာ မင်း ယုံကြည်ရမယ်။"

လက်တစ်ဖက်ပြတ် သူတောင်းစား၏ နဖူးတွင် ချွေးစေးများ ပြန်လာခဲ့သည်။

"ဟားဟားဟား ရဲတိုင်တယ် ဟုတ်လား။"

ယဲ့ချန် ရယ်ချင်သွားရသည်။

"အခုမှ ကြောက်တတ်ပြီလား။"

ထိုအမျိုးသားက ယဲ့ချန်အား သနားစရာ သတ္တဝါတစ်ကောင်လို ကြည့်လိုက်သည်။

"နောက်ကျသွားပြီ။"

၁၁၀ ကို ခေါ်ဆိုပြီးနောက် ထိုအမျိုးသားသည် အခင်းဖြစ်ပွားရာနေရာရှိ အခြေအနေကို လွန်လွန်ကဲကဲ ချဲ့ကား၍ သတင်းပို့လိုက်တော့သည်။

"စောင့်နေလိုက်။ အနီးနားက ရဲစခန်းခွဲက ရဲတွေ ချက်ချင်း ရောက်လာလိမ့်မယ်။"

ထိုအမျိုးသားက လှောင်ပြောင်စွာ ရယ်မောလိုက်သည်။

"အားလုံးပဲ... သူ့ကို သေချာ စောင့်ကြည့်ထားကြပါ ထွက်ပြေးမသွားစေနဲ့။"

"ယဲ့ချန်..."

လင်းယွီရှီး အနည်းငယ် ထိတ်လန့်နေခဲ့သည်။

"ရဲတွေ... ရဲတွေ လာနေပြီ..."

"ဘာကို ကြောက်နေတာလဲ။"

ယဲ့ချန်က အေးအေးလူလူ ပြောလိုက်သည်။

"ငါတို့ ဥပဒေကို မချိုးဖောက်ထားပါဘူး။ ထားလိုက်ပါတော့ တကယ်လို့ သူ ရဲမတိုင်ရင်တောင် ငါကိုယ်တိုင် တိုင်မှာပါ။ စောင့်သာ စောင့်နေလိုက်။"

ယဲ့ချန်သည် ထွက်ပြေးရန် လုံးဝ မစဉ်းစားခဲ့ချေ။ သူသည် ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်ပြီး ပရော်ဖက်ရှင်နယ်တစ်ဦးကဲ့သို့ ဆေးလိပ်ငွေ့ဝိုင်းများကို မှုတ်ထုတ်ရင်း ပျော်ရွှင်စွာ သောက်နေခဲ့သည်။

"ဟန်ဆောင်နေတာပဲ။"

ထိုအမျိုးသားက မရပ်မနား နှာခေါင်းရှုံ့နေခဲ့သည်။ လက်တစ်ဖက်ပြတ် သူတောင်းစားနှင့် သူတောင်းစားလေးတို့သည် စိတ်အားထက်သန်သော ပြည်သူအုပ်စုကြီး၏ ဝိုင်းရံခြင်းကို ခံထားရပြီး သူတို့အား နေကောင်း မကောင်း မရပ်မနား မေးမြန်းနေကြသည်။ ရဲများကို စောင့်ဆိုင်းနေစဉ်အတွင်း ယဲ့ချန်သည် အချိန်ကို အသုံးချကာ လက်ဝှေ့အတတ် (ခရိုင်ချန်ပီယံအဆင့်) ကျွမ်းကျင်မှုစာအုပ်ကို သင်ယူလိုက်သည်။

ထို့နောက် သူသည် တည်ငြိမ်စွာဖြင့် တာဝန်တစ်ခုကို ရေးသားလိုက်သည်။

"တီ.. တာဝန်တစ်ခု ဖန်တီးလိုက်ပါပြီ။ အကြောင်းအရာ - သူတောင်းစားအတု၏ လိမ်လည်မှုကို ဖော်ထုတ်ရမည်။ ဆုလာဘ် - စနစ်မှ တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်ပြီး ဆုလာဘ်ကို နောက်မှ သတ်မှတ်ပေးပါမည်။

ထိုအချိန်မှာပင် ဝေးကွာသောနေရာမှ စူးရှသော ရဲဥဩသံများ ထွက်ပေါ်လာခဲ့သည်။

"ရဲတွေ ရောက်ပြီ။ မင်းတော့ သွားပြီ။"

ထိုအမျိုးသားက ယဲ့ချန်အား အားရကျေနပ်စွာ စိုက်ကြည့်လိုက်သည်။ မကြာမီ ဝိုင်းကြည့်နေသူများက လမ်းဖယ်ပေးလိုက်ကြသည်။ ရဲအရာရှိ အနည်းငယ် ကပျာကယာ လျှောက်လှမ်းလာခဲ့ကြသည်။ အရှေ့ဆုံးမှ လျှောက်လာသူမှာ ငယ်ရွယ်သော အမျိုးသမီး ရဲအရာရှိတစ်ဦး ဖြစ်သည်။ သူမသည် အသက် ၂၃ နှစ် သို့မဟုတ် ၂၄ နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီးသူမ၏ နွေရာသီ ရဲယူနီဖောင်းက သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာအကိတ်စားကြီးကို တင်းကျပ်စွာ ပတ်ထားသကဲ့သို့ ရှိနေသည်။

လက်တစ်ဝါးစာမျှသာရှိသော ခါးလေးနှင့်အတူ ရင်သားအစုံမှာ ထွားကြိုင်းလှပြီး ယူနီဖောင်းစကတ်ကြောင့် ပေါ်လွင်နေသော တင်ပါးဆုံ အကွေးအဆန့်မှာ တကယ့်ကို မိစ္ဆာဆန်သော 'S' လိုင်းကွေးကြီး ဖြစ်သည်။ သူမ၏ ကိုယ်လုံးကိုယ်ထည်က ကောင်းမွန်ရုံတင်မကဘဲ ရုပ်ရည်ကလည်း အလွန်အမင်း ချောမောလှပလှသည်။ သူမ၏ နူးညံ့သော မျက်နှာသွင်ပြင်က သဘာဝတရားကြီးက ထုဆစ်ထားသည့် အနုပညာလက်ရာတစ်ခုကဲ့သို့ ရှိနေပြီး အပြစ်ပြောစရာ အနည်းငယ်မျှပင် ရှာမတွေ့နိုင်ချေ။

တစ်ခုတည်းသော အပြစ်ဆိုရလျှင် သူမ၏ အကြည့်က အလွန် အေးစက်ပြီး မာနကြီးလွန်းခြင်း ဖြစ်သည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် အထီးကျန်ရိပ် အနည်းငယ် ရှိနေပြီး၊ မြင့်မားသော တောင်ပေါ်က ပန်းတစ်ပွင့်ကဲ့သို့ အဝေးကသာ ကြည့်ရှုနိုင်ပြီး အနားသို့ မကပ်ရဲစရာ ဖြစ်နေသည်။

ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ အေးစက်တဲ့ မျက်နှာထားဒါက ရေခဲနဲ့ မီးတောက် ပေါင်းစပ်ထားသလိုပဲ ယောက်ျားတိုင်းကို ရူးသွပ်သွားစေဖို့ လုံလောက်လှသည်။

ဝိုင်းကြည့်နေကြသည့် ယောက်ျားအများစုမှာ ကြောင်အကာ စိုက်ကြည့်နေကြသော်လည်း ရင်ထဲတွင်မူ သိမ်ငယ်စိတ် ဝင်နေကြရှာသည်။

'သူမက တကယ် လှတာပဲ သူမနဲ့ လင်းယွီရှီးက နွေဦးက သစ်ခွပန်းနဲ့ ဆောင်းဦးက ဂန္ဓမာပန်းလိုပဲ တစ်ယောက်တစ်မျိုးစီ အလှကိုယ်စီနဲ့ ငါ သူမကို ၈၇ မှတ် ပေးတယ် ဘာလို့လဲဆိုတော့ ကျန်တဲ့ ၁၃ မှတ် (မမြင်ရတဲ့နေရာ) ကို ငါ မမြင်ရသေးလို့။'

ယဲ့ချန်သည် လေးစားမှုပြသသည့်အနေဖြင့် အနည်းငယ် တင်းမာသွားခဲ့သည်။

"ဘယ်သူ အမှုတိုင်တာလဲ။"

အမျိုးသမီး ရဲအရာရှိက အခင်းဖြစ်ပွားရာနေရာရှိ အခြေအနေကို လျင်မြန်စွာ စောင့်ကြည့်ရင်း မေးလိုက်သည်။

"ရဲအရာရှိ... ကျွန်တော် တိုင်တာပါ။"

အမျိုးသမီး ရဲအရာရှိကို မြင်သောအခါ ထိုအမျိုးသားသည် ပို၍ပင် စွဲလန်းသွားပြီး ရင်ထဲတွင် ပန်းများ ပွင့်လန်းသွားတော့သည်။

ဤမျှ လှပသော အမျိုးသမီး ရဲအရာရှိ တကယ်လို့ ငါ ဒီည ငါ့ရဲ့ တရားမျှတတဲ့ လုပ်ရပ်ကြောင့် သူမနဲ့ ဆက်သွယ်မိပြီး ဆက်သွယ်ရန် လိပ်စာတောင်းနိုင်ရင် ပြီးတော့ နောက်မှ ဖြည်းဖြည်းချင်း ပိုးပန်းရင်... ဒါက တကယ့်ကို ကြီးမားတဲ့ အမြတ်ပဲ ငါ ဒီနေ့ ကံကောင်းခြင်းတွေ ဝင်နေတာလား။

ထိုအမျိုးသားက အမျိုးသမီး ရဲအရာရှိထံသို့ လျင်မြန်စွာ သွားရောက်ပြီး သူမ၏ လက်ကို နှုတ်ဆက်ရန် စိတ်အားထက်သန်စွာ ကမ်းပေးလိုက်သည်။

"မင်္ဂလာပါ ရဲအရာရှိ။"

အမျိုးသမီး ရဲအရာရှိက ရှေ့တည့်တည့်သို့သာ ကြည့်နေပြီး၊ သူ၏ လက်ကို နှုတ်ဆက်ရန် လုံးဝ ရည်ရွယ်ချက် မရှိချေ။

"ကျေးဇူးပြုပြီး အခြေအနေကို အကျဉ်းချုပ် ပြန်ရှင်းပြပါ။"

"အာ..."

ထိုအမျိုးသား၏ လက်မှာ လေထဲတွင် တန်းလန်းကြီး ဖြစ်သွားသော်လည်း၊ သူ ကပျာကယာ ပြန်ရုပ်သိမ်းလိုက်ရသဖြင့် အလွန်အမင်း အရှက်ရသွားရှာသည်။

"ဟို... ဒါက ဒီလိုပါ"

သူသည် ယဲ့ချန်၏ အကြမ်းဖက်မှု ဖြစ်စဉ်ကို ဆားနှင့် ရှာလကာရည် ခတ်ကာ ပိုမို ချဲ့ကား၍ ပြန်လည် ပြောပြလိုက်ပြီး ဝိုင်းကြည့်နေသူ အများအပြားကလည်း ဝင်ရောက် ထောက်ခံကြသည်။ အမျိုးသမီး ရဲအရာရှိက ခေါင်းညိတ်လိုက်သည်။ သူမ မော့ကြည့်လိုက်ရာ လက်တစ်ဖက်ပြတ် သူတောင်းစားသည် သူတောင်းစားလေးကို ဖက်ထားပြီး ခေါင်းငုံ့ကာ နာကျင်စွာ ညည်းတွားနေပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်နေသည်ကို မြင်တွေ့လိုက်ရသည်။

"အရာရှီမို ... ဒါက တမင်တကာ နာကျင်စေမှုနဲ့ ရန်စပြဿနာရှာမှု ရဲ့ ထုံးစံအတိုင်း ဖြစ်ရပ်တစ်ခုပဲ။ အခင်းဖြစ်ပွားရာနေရာမှာ သက်သေတွေ ဒီလောက်အများကြီး ရှိနေတာဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး။ သူ့ကို ဖမ်းဆီးလိုက်ကြရအောင်။"

သူမ၏ နောက်က ရဲအရာရှိတစ်ဦးက အမျိုးသမီး ရဲအရာရှိအား ပြောလိုက်သည်။ ထိုအမျိုးသားက ယဲ့ချန်အား အောင်နိုင်သူပီပီ ကြည့်လိုက်ပြီး လက်နှစ်ချောင်းထောင်ကာ "V" ပုံစံ ပြုလုပ်ပြလိုက်သည်။

"လူငယ်... သုံးနှစ်ဆိုတာ အစပျိုးရုံပဲ ရှိသေးတယ်။"

အမျိုးသမီး ရဲအရာရှိ၏ ထက်မြက်သော အကြည့်က ယဲ့ချန်ထံသို့ ကျရောက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ယဲ့ချန်သည် အေးဆေးစွာဖြင့် ရှိနေဆဲပင်။

"မင်းတို့ ရောက်လာတာ အချိန်ကိုက်ပဲ ငါကိုယ်တိုင်လည်း ရဲတိုင်ဖို့ ပြင်နေတာ။"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လက်တစ်ဖက်ပြတ် သူတောင်းစားသည် ယဲ့ချန်အား သတိမထားမိဘဲ မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ဖုံးကွယ်၍မရသော ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့တော့သည်။

All Chapters