← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉ - မင်းငါ့ကို ထောင်ချောက်ဆင်တာပဲ။

ကျောက်ထယ်ကွမ်က အိတ်သွန်ဖာမှောက် ဝန်ခံခဲ့ပြီးနောက် ပြောသင့်ပြောထိုက်သမျှ အားလုံးကို ဖော်ကောင်လုပ်သွားခဲ့သည်။ယဲ့ချန် လည်း အနည်းငယ် အံ့အားသင့်သွားရသည်။

'လခွမ်းပဲ... ဒီကောင်က ထွက်ပြေးတိမ်းရှောင်နေတဲ့ အလိုရှိ ရာဇဝတ်ကောင်ကြီး ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး။ ဒီတစ်ကြိမ်တော့ ငါ တကယ်ကို ကွက်တိ ခန့်မှန်းမိသွားတာပဲ..'

ထိုအခိုက်အတန့်တွင် ယဲ့ချန်က သူ၏ လက်ချောင်းကို ထပ်မံ၍ ဖျောက်ဟု မြည်အောင် တောက်လိုက်ပြန်သည်။

ဤလက်တောက်သံက ကျောက်ထယ်ကွမ်အား ညှို့ယူခြင်း ခံထားရသည့် အခြေအနေမှ နိုးထလာစေခဲ့သည်။ သူ၏ မျက်နှာသည် အစိမ်းရောင် သန်းသွားပြီးနောက် ချက်ချင်းပင် သေလူကဲ့သို့ ပြာနှမ်းသွားတော့သည်။ သူ ဇာတ်သိမ်းသွားပြီဆိုတာကို သူ ကိုယ်တိုင် အသိဆုံး ဖြစ်သည်။

"တိရစ္ဆာန်ကောင် ငါ မင်းကို သတ်ပစ်မယ် မင်း အသေဆိုးနဲ့ သေရပါစေ။"

ကျောက်ထယ်ကွမ်က ယဲ့ချန်အား ဒေါသတကြီးဖြင့် စက်ဆုပ်ရွံရှာဖွယ် ဆဲဆိုကြိမ်းမောင်းလိုက်သည်။ သူသည် ယဲ့ချန်အား တစ်စစီ ဆွဲဖြဲပစ်ချင်သည့်အလား အတင်း ခုန်အုပ်ရန် ပြင်လိုက်တော့သည်။ သို့သော် ရဲအရာရှိများက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် သူ့ကို ထိုသို့သော အခွင့်အရေးမျိုး လုံးဝ ပေးမည် မဟုတ်ချေ။ ချက်ချင်းပင် သန်မာထွားကြိုင်းသော ရဲအရာရှိနှစ်ဦးက သူ့ကို မြေပြင်ပေါ်သို့ ဖိနှိပ်ချုပ်ကိုင်လိုက်ပြီး လက်ထိပ်ကို ကျွမ်းကျင်စွာ ထုတ်ကာ ချောက်ထယ်ကွမ်အား ခတ်လိုက်ကြတော့သည်။

ထိုအချိန်မှာပင် အခြား ရဲအရာရှိနှစ်ဦးက သူတောင်းစားလေးကို ကာကွယ်ရန် ချက်ချင်း ရှေ့သို့ တိုးလာခဲ့ကြသည်။

"ကဲ... ပြီးသွားပြီ။"

ယဲ့ချန်က ပြုံးလိုက်ပြီး လင်းယွီရှီးအား လှမ်းကြည့်လိုက်သည်။

"ဘယ်လိုလဲ လင်းယွီရှီး။ ငါ နင့်ကို ပြောသားပဲ ငါ သူ့ကို ရိုက်ရတာ အကြောင်းရှိလို့ပါ။ ငါက အကြမ်းဖက်သမား မဟုတ်ပါဘူး။ ပြီးတော့ နောင်ကျရင်လည်း ဇနီးမယားကို နှိပ်စက်မယ့်လူမျိုး မဟုတ်ပါဘူး။ အခုကော ငါ့ကို ယုံပြီလား။"

"ငါ နင့်ကို အမြဲတမ်း ယုံကြည်ပါတယ်နော်။"

လင်းယွီရှီးက ယဲ့ချန်အား နူးညံ့သိမ်မွေ့သော မေတ္တာအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"ပြီးတော့ ယဲ့ချန်... နင်က တကယ်ကို တကယ်ကို တော်လွန်းတယ်။ နင်က အစွမ်းထက်လွန်းလို့ အနိုင်မတိုက်နိုင်တဲ့သူ မရှိသလောက်ပဲ။ နင် ညှို့ယူအတတ်ကိုတောင် တတ်တာပဲလား။ တကယ်ကို မယုံနိုင်စရာပဲ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အံ့ဩဖို့ကောင်းလွန်းတယ်။ နင်က တော်လွန်းတယ်နင်က အမြဲတမ်း အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတဲ့ မျက်လှည့်ဆရာတစ်ယောက်လိုပဲ။"

မိန်းကလေးများ၏ စိတ်အခံတွင် အစွမ်းထက်သော အမျိုးသားများကို အထင်ကြီး လေးစားတတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။ ခြင်္သေ့အုပ်စုတစ်စုတွင် အရွယ်ရောက်ပြီးသား ခြင်္သေ့အထီး အများအပြား ရှိနေလျှင်ပင် အသန်မာဆုံး ခြင်္သေ့အထီးကသာ မိတ်လိုက်ခွင့် ပိုမိုရရှိတတ်သကဲ့သို့ပင်။ ဒါက သဘာဝတရား၏ နိယာမတစ်ခု ဖြစ်သည်။ ယနေ့ ယဲ့ချန်၏ စွမ်းဆောင်ရည်က တကယ့်ကို ပြီးပြည့်စုံလွန်းသည်ဟု ပြောရမည် ဖြစ်သည်။

ဝန်းရံကြည့်ရှုနေသော လူအုပ်ကြီးက ယဲ့ချန်အား တစ်ခဲနက် ချီးမွမ်းခန်းဖွင့်ကြပြီး မြှောက်ပင့်ပြောဆိုသံများနှင့် ချီးကျူးသံများက လေထဲတွင် ပျံနှံ့နေခဲ့သည်။ ယခင်က ယဲ့ချန်အား ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့သူများမှာလည်း ယခုအခါ ကပျာကယာ တောင်းပန်နေကြတော့သည်။

ဒီညတွင် ယဲ့ချန်သည် ထွက်ပြေးတိမ်းရှောင်နေသည့် အန္တရာယ်ရှိသော ရာဇဝတ်ကောင်ကြီးကို ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့အား တစ်ကိုယ်တော် ကူညီပေးခဲ့ခြင်း ဖြစ်သည်။

သူသည် အကြီးမားဆုံးသော ဂုဏ်ပြုမှုကို ရရှိရန် ထိုက်တန်ပေသည်။ ယဲ့ချန် ရင်ထဲတွင် အတော်လေး သဘောကျမိသွားသည်။

'ဒီညလည်း ငါ ထပ်ပြီး အစွမ်းပြလိုက်ပြန်ပြီ။ ဟူး... စနစ်ရှိနေတော့ အစွမ်းပြရတာက တကယ်ကို ရိုးရှင်းလွန်းတယ်။ ဒါနဲ့ နေပါဦး... ငါက ဘာလို့ အစွမ်းပြရတာကို ပိုပိုပြီး သဘောကျလာရတာလဲ။ ငါက မွေးရာပါ အစွမ်းပြချင်တဲ့ ဗီဇပါလာလို့လား မသိဘူး။'

ပုံမှန်အတိုင်းပင်ယခင်က ယဲ့ချန်အား အရှက်ခွဲရန် ရှေ့ထွက်လာပြီး သူ့ကို ဖမ်းဆီးရန် ရဲတိုင်ခဲ့သော အမျိုးသားမှာမူ ယခုအခါ လူအုပ်ကြီး၏ လှောင်ပြောင်ခြင်းနှင့် ကဲ့ရဲ့ရှုတ်ချခြင်းတို့၏ ပစ်မှတ် ဖြစ်သွားခဲ့ရသည်။ ဤကောင်သည် ရက်စက်ယုတ်မာသော ရာဇဝတ်ကောင်ကြီးကို လွတ်မြောက်အောင် လွှတ်ပေးလုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလား။ သူ ယခင်က ယဲ့ချန်အပေါ် ပြုမူခဲ့သော လုပ်ရပ်များက လူဆိုးအား ကူညီအားပေးနေခြင်းနှင့် ထပ်တူပင် ဖြစ်နေခဲ့သည်။

သူ၏ မျက်နှာထက်တွင် ပြင်းထန်သော စိတ်ပျက်အားငယ်မှုများနှင့် မကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။ သူသည် ယဲ့ချန်အား မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီးနောက် အရှက်တကွဲဖြင့် တိတ်တဆိတ် ထွက်ခွာသွားတော့သည်။

"ကျေးဇူးတင်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ် လူငယ်လေး... ယန်မြို့ ပြည်သူ့လုံခြုံရေးအဖွဲ့ကိုယ်စား ကျွန်မတို့ရဲ့ စစ်မှန်တဲ့ ကျေးဇူးတင်ရှိမှုကို ဖော်ပြအပ်ပါတယ်။"

အမျိုးသမီး ရဲအရာရှိသည် ယဲ့ချန်ထံသို့ လျင်မြန်စွာ လျှောက်လှမ်းလာခဲ့သည်။ သူမ၏ မျက်နှာထက်က ရေခဲပြင်ကြီးမှာ တိတ်တဆိတ် အရည်ပျော်သွားပြီး ပန်းတစ်ပွင့်ပွင့်လန်းလာသကဲ့သို့ လှပသော အပြုံးတစ်ခုဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။ သူမသည် ယဲ့ချန်နှင့် နှုတ်ဆက်ရန် သူမ၏ နူးညံ့သော လက်ကလေးကို စိတ်အားထက်သန်စွာ ကမ်းပေးလိုက်သည်။

"တို့တွေ မိတ်ဆက်ကြရအောင်။ တို့နာမည်က မိုချင်း ပါ။"

သူမ၏ လက်ကလေးမှာ သူမ၏ ရုပ်ရည်ကဲ့သို့ပင် လှပလွန်းလှပြီး သွယ်လျသော လက်ချောင်းလေးများမှာ ဖန်သားကဲ့သို့ ကြည်လင်ချောမွေ့နေခဲ့သည်။ ယဲ့ချန်က ပြုံးဖြဲဖြဲဖြင့် နှုတ်ဆက်လိုက်ရာ လက်ကလေး၏ အထိအတွေ့မှာ ပိုးသားကဲ့သို့ နူးညံ့ချောမွေ့နေပြီး စာဖွဲ့၍မရလောက်အောင်ပင် ကောင်းမွန်လှသည်။

မူလက ယဲ့ချန်သည် ခဏမျှ နှုတ်ဆက်ပြီးလျှင် လက်ကို လွှတ်ရန် စဉ်းစားထားသော်လည်း မမျှော်လင့်ဘဲ အမျိုးသမီး ရဲအရာရှိက သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်မည့်ပုံ လုံးဝ မရှိချေ။

"မင်းက ရှားပါးလှတဲ့ ညှို့ယူအတတ် ပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ တို့ ထင်မထားခဲ့ဘူး။"

"အာ... ဒါကတော့ ဝါသနာအရပါပဲဗျာ ပြောပလောက်တာ မဟုတ်ပါဘူး။"

ယဲ့ချန်က နှိမ့်ချစွာ ပြောလိုက်သည်။

"မင်းက အရမ်း နှိမ့်ချလွန်းတာပဲ။ ပြောရရင် တို့ မင်းကို တကယ် အထင်ကြီးမိတယ်။ သေးငယ်တဲ့ သဲလွန်စတစ်ခုတည်းကနေ ဆယ်နှစ်ပတ်လုံး ထွက်ပြေးတိမ်းရှောင်နေတဲ့ ရာဇဝတ်ကောင်ကို ဖော်ထုတ်နိုင်ခဲ့တာ။ ဒီလို စွမ်းဆောင်ရည်မျိုးက တို့ ယန်မြို့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့မှာတောင် ရှားပါတယ်။"

အမျိုးသမီး ရဲအရာရှိ၏ မျက်ဝန်းများမှာ ရေပြင်ကဲ့သို့ ကြည်လင်နေပြီး ဖြူစင်စွာ ချီးမွမ်းစကား ဆိုခဲ့သည်။

"ဒီလိုလုပ်ပါလား တို့ကို မင်းရဲ့ ဆက်သွယ်ရမယ့် လိပ်စာလေး ပေးခဲ့ပါ။ တို့တွေကျောက်ထယ်ကွမ်ကို ဖမ်းဆီးနိုင်ခဲ့တာမို့ မောင်ရင့်အတွက် ဆုကြေးငွေ ရရှိအောင် လျှောက်ထားပေးပါ့မယ်။"

"အော် ဆုကြေးငွေ ရှိသေးတာလား။ ဘယ်လောက်လဲဗျ။"

ယဲ့ချန် အလွန် ဝမ်းသာသွားသည်။

"ဆုကြေးငွေ ယွမ် ၂၀၀,၀၀၀ ပါ။"

ရဲအရာရှိ မိုချင်းက အမှန်အတိုင်း ပြောလိုက်သည်။

ဟဲဟဲ မကြာသေးခင်ကတည်းက ငါ့ရဲ့ ငွေဝင်ကိန်းက တကယ်ကို ကောင်းနေတာပဲ။နောက်ထပ် ယွမ် ၂၀၀,၀၀၀ တောင် ရဦးမှာပေါ့။ ထိုအခိုက်အတန့်တွင် ယဲ့ချန်သည် သူ၏ မိုဘိုင်းဖုန်းနံပါတ်ကို ရဲအရာရှိ မိုချင်းအား ပေးလိုက်သည်။

မကြာမီ ရဲအရာရှိများကကျောက်ထယ်ကွမ်အား တွဲခေါ်သွားပြီး ရဲကားပေါ်သို့ ပစ်ထည့်လိုက်ကြကာသူ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသော သနားစရာ သူတောင်းစားလေးကိုလည်း ခေါ်ဆောင်သွားကြတော့သည်။

ရဲကား ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်ယဲ့ချန်သည် မိုချင်း ဆုပ်ကိုင်ထားခဲ့သော သူ၏ လက်ကို နမ်းကြည့်လိုက်ရာတကယ့်ကို မွှေးပျံ့လှပေသည်!

"ယဲ့ချန်... နင် ဒီနေ့ တကယ့်ကို ကောင်းမှုကုသိုလ်ကြီးတစ်ခု လုပ်ခဲ့တာပဲ။ ပြန်ပေးဆွဲခံရတဲ့ ကလေးတွေကြောင့် ပြိုကွဲလုနီးပါး ဖြစ်နေခဲ့ရတဲ့ မိသားစုတွေ ဘယ်လောက်အများကြီးကို နင် ကယ်တင်ပေးလိုက်လဲဆိုတာ တွေးကြည့်စမ်းပါဦး။"

လင်းယွီရှီးက ဘေးနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

"တိုက်ဆိုင်သွားတာပါပဲ။"

လင်းယွီရှီး၏ ရှေ့တွင်မူ ယဲ့ချန်က လူစွမ်းပြမနေတော့ချေ။

"ကဲပါ လင်းယွီရှီး... အချိန်လည်း နောက်ကျနေပြီ။ တို့တွေ သွားကြစို့။"

တီ ...အိမ်ရှင်သည် 【သူတောင်းစားအတု၏ လိမ်လည်မှုကို ဖော်ထုတ်ခြင်း】 ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။

ဆွဲဆောင်ခြင်း အင်းစာသားကို ရရှိခဲ့ပြီး ၎င်းအား စနစ်၏ သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းပေးလိုက်ပါပြီ။"

စနစ် ပြုပြင်ရေး စွမ်းအင် ၀.၂ ရရှိပါသည်။

စနစ် ပြုပြင်မှု ၀.၉% ပြီးမြောက်ပါပြီ။

'ဟင်? ဘာကြီးလဲ... အင်းစာသား ဟုတ်လား။'

ယဲ့ချန် အနည်းငယ် ကြောင်အသွားရသည်။

'ထားလိုက်ပါဦး... လင်းယွီရှီးကို အိမ်အရင် ပြန်ပို့ပြီးမှပဲ အေးအေးဆေးဆေး လေ့လာတော့မယ်။'

သူတို့နှစ်ဦး Wanda Plaza)အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့ကြသည်။ ထိုအချိန်တွင် လင်းယွီရှီး၏ မိခင်ဖြစ်သူက အိမ်ပြန်လာရန် ဖုန်းဆက်၍ အတင်းတိုက်တွန်းနေခဲ့သည်။

"ယဲ့ချန်... အားနာလိုက်တာ ငါ့အမေက အိမ်ပြန်လာဖို့ ပြောနေလို့။" ယ

လင်းယွီရှီးက အားနာဟန်ဖြင့် ကြည့်လိုက်သည်။

"အင်း... ရပါတယ် ငါ နင့်ကို အိမ်အထိ လိုက်ပို့ပေးမယ်။"

ယဲ့ချန်က ပြုံးလိုက်သည်။

"နင် ဒီနေ့ ငါ့ကို ညစာ ကျွေးခဲ့တာဆိုတော့ နောက်တစ်ကြိမ်ကျရင် ငါ နင့်ကို ပြန်ကျွေးရမှာပေါ့။ ဒါမှ တရားမှာ။ ဟဲဟဲ... ငါ ယွမ် ၂၀၀,၀၀၀ ဆုကြေးငွေ ရဦးမှာဆိုတော့ ပိုက်ဆံရတာနဲ့ နင့်ကို ပင်လယ်စာအကောင်းစားတွေ တော်ဝင်ကဏန်းကြီးတွေနဲ့ ကာဗီယာ ငါးဥအထိ အဝကျွေးပစ်မယ်။"

လင်းယွီရှီး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

"ကောင်းပြီ ကောင်းပြီ။ ဒါဆို ငါက သူဌေးကြီး ကျွေးမယ့်ပွဲကို စောင့်နေတော့မယ်နော်။ ဒါပေမဲ့ တို့က ခေါက်ဆွဲကျွေးပြီး နင်က အရသာရှိတဲ့ စားစရာအကောင်းစားတွေ ပြန်ကျွေးမှာဆိုတော့ နင် ရှုံးနေသလိုပဲ။"

"ရှုံးတာက ကံကောင်းခြင်းတစ်ခုပါပဲ။"

ယဲ့ချန်က ရယ်မောလိုက်သည်။

"ငါ နင့်ကို ငှက်သိုက်တောင် ကျွေးဖို့ စဉ်းစားထားသေးတာ။"

ဒါက ပြက်လုံးတစ်ခုသာ ဖြစ်သည်။

ငှက်သိုက်ဆိုသည်မှာ အဆုံးစွန်၌ ငှက်၏ ပါးစပ်မှ ထွက်လာသော တံတွေးများသာ မဟုတ်ပါလား။ သေချာတာပေါ့... ယဲ့ချန်က စနောက်ကျီစယ်ရင်း ပြက်လုံးထုတ်လိုက်ခြင်းသာ ဖြစ်ပြီး နစ်နာမှုတော့ မရှိချေ။ လင်းယွီရှီးကမူ ဤပြက်လုံးကို သေချာ နားမလည်ဘဲ ခေါင်းကိုသာ ဆက်တိုက် ညိတ်ပြနေခဲ့သည်။

"ကောင်းပြီ... ငါလည်း ငှက်သိုက် မစားဖူးသေးဘူး။"

ယဲ့ချန်က အဓိပ္ပာယ်ပါပါဖြင့် ရယ်မောလိုက်သည်။ ထို့သို့ဖြင့် သူတို့နှစ်ဦး စကားတပြောပြော ရယ်မောရင်း တက္ကစီတစ်စီးကို ငှားကာ လင်းယွီရှီး နေထိုင်ရာ အရပ်သို့ ပြန်လာခဲ့ကြသည်။

ကွမ်တာလမ်း အိမ်ရာဝင်း ဒါက ယန်မြို့က ဆင်းရဲသားရပ်ကွက်တစ်ခု ဖြစ်သည်။ အိမ်အများစုမှာ လွန်ခဲ့သည့် ရာစုနှစ် ၇၀ နှင့် ၈၀ ခုနှစ်များက တည်ဆောက်ခဲ့ခြင်း ဖြစ်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်ကပ်ပြီး အုံ့မှိုင်းနေခဲ့သည်။ သူတို့ ကားပေါ်မှ ဆင်းလိုက်ကြသည်။

"ယဲ့ချန်... တို့အိမ်က ရှေ့နားတင်ပဲ။ နင် လိုက်ပို့စရာ မလိုတော့ပါဘူး ငါ့ဘာသာ ပြန်လို့ရတယ်။"

လင်းယွီရှီးက ပြောလိုက်သည်။

"ရပါတယ်... အဆောက်အအုံရှေ့အထိ လိုက်ပို့ပေးပါ့မယ်။"

ယဲ့ချန်က တည်ကြည်စွာ ပြောလိုက်သည်။

"ဒီနေရာက လုံခြုံရေး သိပ်မကောင်းဘူးလို့ ငါ ကြားဖူးတယ်။ နင် အိမ်ထဲဝင်သွားတာကို မမြင်ရရင် ငါ စိတ်မအေးနိုင်လို့ပါ။"

ဤကွမ်တာလမ်း ဆင်းရဲသားရပ်ကွက်သည် နေ့ဘက်တွင် အဆင်ပြေသော်လည်းညဘက်တွင်မူ အချို့သော လူမိုက်ကလေးများ စုဝေးရာနေရာ ဖြစ်လာတတ်သည်။ ထို့အပြင် ယဲ့ချန်တွင် အတ္တဆန်သော ရည်ရွယ်ချက်တစ်ခုလည်း ရှိနေသည်။ လင်းယွီရှီး ဘယ်မှာ နေထိုင်သည်ကို သိထားမှသာ နောက်ပိုင်းတွင် သူမထံသို့ ခဏခဏ လာလည်နိုင်မည် မဟုတ်ပါလား။

"ကောင်းပြီလေ။"

လင်းယွီရှီး ရင်ထဲတွင် ချိုမြိန်မှုကို ခံစားလိုက်ရသည်။ သူတို့နှစ်ဦး ဟောင်းနွမ်းနေသော အိမ်ရာဝင်း၏ အဝင်ဝသို့ လျှောက်လှမ်းလာခဲ့ကြသည်။ ရုတ်တရက် မှိန်ပျပျ လမ်းဘေးမီးရောင်အောက်တွင် အမြင့် ၁.၉ မီတာကျော်ရှိသော လူကောင်ကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သူ၏ ညာလက်တွင် ပတ်တီးအထူကြီးများဖြင့် စည်းနှောင်ထားသော ဂျစ်ပဆမ် ကျောက်ပတ်တီး ရှိနေပြီးလမ်းကိုလည်း ထော့နင်းထော့နင်းဖြင့် လျှောက်လာခဲ့သည်။ သူ၏ မျက်နှာထက်တွင် ပြင်းထန်သော မုန်းတီးမှုများ ပြည့်နှက်နေပြီး ဒဏ်ရာရထားသော သားရဲတစ်ကောင်နှင့် တူနေခဲ့သည်။

"ဟင် ဝူချန် ... တိုက်ဆိုင်လိုက်တာ။"

ယဲ့ချန် ခဏမျှ ကြောင်အသွားပြီးနောက် ပြုံးစိစိဖြင့် လှောင်ပြောင်ကြည့်လိုက်သည်။

"ခွေးကောင်။"

ဝူချန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

"နင် ယွီရှီးကို အိမ်ပြန်ပို့မယ်ဆိုတာ ငါ ကြိုသိနေတာကွ ဒါကြောင့် ငါ ဒီမှာ လာစောင့်နေတာ။"

"ဝူချန်... နင် ဘာလုပ်ချင်တာလဲ။ ဒီနေ့ ပြဿနာကို အရင်စတာ နင်ပဲလေ ယဲ့ချန်က သူ့ကိုယ်သူ ခုခံကာကွယ်ရုံတင်ပါ။"

လင်းယွီရှီးက ဝူချန်အား စက်ဆုပ်ရွံရှာစွာဖြင့် အော်ငေါက်လိုက်သည်။

"ယွီရှီး... နင် ဒီကိစ္စထဲ ဝင်မပါနဲ့။"

ဝူချန်၏ မျက်ဝန်းထဲတွင် ရက်စက်သော အလင်းတန်းများ ဖြတ်ပြေးသွားခဲ့သည်။

"ယဲ့ချန်... မင်းလို ကောင်စုတ် တိရစ္ဆာန်ကောင် မင်းက ကိုယ့်ကိုယ်ကိုယ် ဘာကောင်ထင်နေလဲ။ မင်း တိုက်ခိုက်ရေး တော်တယ်ဆိုတာ ငါ ဝန်ခံပါတယ် ဒါပေမဲ့ မင်းဘယ်လောက်ပဲ တော်တော် ဒီနေ့တော့ နင် ကံဆိုးပြီသာ မှတ်လိုက် ငါ့ရင်ထဲမှာ အခု အတွေးတစ်ခုပဲရှိတယ်။ အဲ့ဒါက မင်းကို တစ်စစီ ဖြစ်အောင် ရိုက်သတ်ပစ်ဖို့ပဲ။"

ယဲ့ချန်က လက်ပိုက်လိုက်ပြီး သူ၏ မျက်နှာထက်တွင် လှောင်ပြောင်မှုများ ပြည့်နှက်နေခဲ့သည်။ လင်းယွီရှီးလည်း ဘာမှ ထပ်မပြောတော့ချေ။ သူမ လုံးဝ မကြောက်ပါ။ ဘာကြောင့်လဲတော့ မသိ ယဲ့ချန်၏ ဘေးနားတွင် မတ်တပ်ရပ်နေရုံဖြင့် သူမ ရင်ထဲတွင် ကြီးမားသော လုံခြုံမှု ခံစားချက်ကို ရရှိနေခဲ့သည်။

"မင်းကတော့ အဖိုးအခ ပြန်ပေးရမယ်... ထွက်လာခဲ့စမ်း။"

ဝူချန် အော်ဟစ်လိုက်သည်။သူ၏ အနောက်မှ သန်မာထွားကြိုင်းသော လူရိပ်အချို့ ထွက်ပေါ်လာခဲ့သည်။ လရောင်အောက်တွင် သူတို့၏ အရိပ်များမှာ ရှည်လျားပြီး ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုလူများအားလုံး၏ လက်ထဲတွင် ဓားများနှင့် တုတ်များကဲ့သို့သော လက်နက်များကို ကိုင်ဆောင်ထားကြပြီး အေးစက်သော အလင်းတန်းများ တောက်ပနေခဲ့သည်။

"ဟားဟားဟား အမှိုက်ကောင် မင်းအခု ဘယ်လောက် သတ္တိရှိသေးလဲဆိုတာ ငါ့ကို ပြစမ်းပါဦး ကဲ... သတ္တိရှိပြစမ်းပါဦး ငါ့ကို ရိုက်တယ် ဟုတ်လား။ မင်းကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ။"

ဝူချန်က လှောင်ပြောင်သရော်လိုက်သည်။

"ငါ အမှန်အတိုင်း ပြောပြမယ်။ သူက တကယ့် လူမိုက်ကြီးကွ သွေးအေးပြီး ရက်စက်တဲ့ကောင်တွေ မင်းကို ငါ သတ်ပစ်မယ်။"

မကြာမီ ထိုလူရိပ်များမှာ အရိပ်ထဲမှ လျှောက်လှမ်းထွက်လာခဲ့ကြသည်။ စုစုပေါင်း လေးယောက် ရှိသည်။ အရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားနှင့် ကတုံးကြီး တစ်ယောက် ဖြစ်သည်။

"ဟင် မင်းတို့လား။"

ယဲ့ချန်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားရသည်။

"အာ သူတို့ ပြန်ဖြစ်နေပြန်ပြီလား။"

လင်းယွီရှီးလည်း အနည်းငယ် အံ့အားသင့်သွားသည်။

ဤလေးယောက်က ယနေ့ ဘတ်စကားပေါ်တွင် မိန်းကလေးများကို ကာမအိန္ဒြေပျက်အောင် နှောက်ယှက်နေခဲ့ပြီး ယဲ့ချန်၏ ဆုံးမခြင်းကို ခံခဲ့ရသည့် ကာမရူး ကတုံးကြီး လေးယောက် မဟုတ်ပါလား။ ကံကြမ္မာက တကယ်ကို ဆန်းကြယ်လှပေသည်။ ကာမရူး ကတုံးကြီးသည်လည်း ယဲ့ချန်နှင့် လင်းယွီရှီးတို့ကို ချက်ချင်း မှတ်မိသွားခဲ့သည်။ သူ၏ မျက်နှာထက်တွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသော အရိပ်အယောင်များ ချက်ချင်း ဖုံးလွှမ်းသွားပြီး ယဲ့ချန်အား မြင်တွေ့ရခြင်းက သရဲသရဲကို မြင်လိုက်ရသည့်အလား ဖြစ်နေခဲ့သည်။

"ဂလွမ်...."

ကာမရူး ကတုံးကြီး၏ လက်များ တုန်ရင်သွားပြီး ကိုင်ထားရာမှ လွတ်ကျကာ စတီးပိုက်လုံးကြီးမှာ မြေပြင်ပေါ်သို့ ဒုန်းခနဲ ကျသွားတော့သည်။ ကျန်ရှိသော ကာမရူးသုံးယောက်မှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခြေထောက်များ တုန်ရင်နေကြတော့သည်။

"ဟားဟားဟားဟား ယဲ့ချန်... အခုမှ ကြောက်သွားပြီ မဟုတ်လား။ သူတို့ ဒေါသထွက်လွန်းလို့ သူ့ရဲ့ စတီးပိုက်တောင် လွတ်ကျသွားပြီလေ။"

ဝူချန်၏ မျက်နှာထက်တွင် ကြီးမားသော ကျေနပ်အားရမှုများ ပြည့်နှက်နေခဲ့သည်။

"မင်းတို့က ငါ့ကို ရိုက်မလို့လား။"

ယဲ့ချန်က အေးဆေးစွာ မေးလိုက်သည်။

"မင်းကို ရိုက်ရုံတင်မကဘူး အစ်ကိုကြီးတို့... သူ့ကို အရင်ဆုံး ပါး ရာကျော်လောက် ရိုက်ပစ်လိုက် ပြီးရင် သူ့ရဲ့ လက်နဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်။"

ဝူချန် အလွန် စိတ်လှုပ်ရှားနေခဲ့ပြီးယဲ့ချန်သည် သူ၏ ခြေရင်းတွင် ခွေးသေတစ်ကောင်ကဲ့သို့ ဝပ်စင်းကာ သွေးများအန်ရင်း အသနားခံနေမည့် သနားစရာ မြင်ကွင်းကို ကြိုတင်မြင်ယောင်နေခဲ့ပုံရသည်။

"ဖြောင်းးးး"

ကတုံးကြီး ရုတ်တရက် ပေါက်ကွဲသွားပြီး လေထဲသို့ ခုန်တက်ကာ ဝူချန်၏ မျက်နှာအား ပါးရိုက်ချက် ပြင်းပြင်းတစ်ခု လွှဲရိုက်လိုက်တော့သည်။

"ဝူချန်... မင်းလို တိရစ္ဆာန်ကောင် မင်း ငါ့ကို ထောင်ချောက်ဆင်တာပဲ။"

ကတုံးကြီးက ငိုသံပါကြီးဖြင့် နာကျင်စွာ ဆဲရေးတိုင်းထွာလိုက်တော့သည်။

All Chapters