အခန်း ၂၀
Vol. 2 Ch. 20
အခန်း ၂၀ - နင်က မိစ္ဆာတစ်ကောင်လား။
ကတုံးကြီးသည် ဤရိုက်ချက်အတွက် သူ၏ အားအင်အားလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဝူချန်သည် အရှိန်ပြင်းပြင်းဖြင့် ပါးရိုက်ခံလိုက်ရသဖြင့် နေရာတွင်တင် ၃၆၀ ဒီဂရီ လည်ထွက်သွားပြီး လုံးဝ ကြောင်အသွားတော့သည်။
ဝူချန်သည် ပူလောင်နေသော သူ၏ ပါးပြင်ကို အုပ်ကိုင်ထားရင်း စိတ်ထဲတွင် ရှုပ်ထွေးနောက်ကျိသွားရသည်။
"အစ်... အစ်... အစ်ကိုကြီး...မင်း လူမှားရိုက်မိပြီ ထင်တယ်... ငါ့ကို ဘာလို့ လာရိုက်တာလဲ။ ငါ မင်းကို ပိုက်ဆံတွေ အများကြီး ပေးထားတာလေ... ဒါက သစ္စာမရှိရာ ကျမနေဘူးလား..."
"ပါးစပ်ပိတ်ထားစမ်း တိရစ္ဆာန်ကောင်။"
ကတုံးကြီးသည် ဒေါသကြောင့် တုန်ရင်နေပြီး ဝူချန်အား ဓားဖြင့် ခုတ်သတ်ပစ်ချင်သည့်အလား သွေးအေးပြီး ကြောက်မက်ဖွယ်ကောင်းသော လူမိုက်အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
"သူက ဘယ်သူလဲဆိုတာ မင်းသိလို့လား။ မင်းက သူ့ကို စော်ကားရဲတယ် ဟုတ်လား။ သူက မင်းလက်ကို ချိုးပစ်တာ ထားလိုက်ဦး သူက မင်းအမေနဲ့ အတူအိပ်ရင်တောင် နင်က ကုတင်ဘေးမှာ ရပ်ပြီး အားပေးရမှာကွ သူတို့အတွက် ရေနဲ့ အကာအကွယ်ပါ အဆင်သင့် ပြင်ပေးရမှာ။"
နောက်တစ်စက္ကန့်တွင်ကတုံးကြီးသည် ယဲ့ချန် ဘက်သို့ လှည့်လိုက်ပြီး သူ၏ မျက်နှာပေးမှာ စာအုပ်စာမျက်နှာကို လှန်လိုက်သကဲ့သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူသည် အလွန်အမင်း ဖားယားပြီး ကြောက်ရွံ့နေဟန်ဖြင့် ခါးကို ညွှတ်ကာ သတိထား၍ စကားဆိုလိုက်သည်။
"အစ်... အစ်ကိုကြီး... မရီး... နင်... နင်တို့ နေကောင်းကြရဲ့လားဗျာ..."
ဘာကြီးလဲ။
အစ်ကိုကြီး။ မရီး။
ဝူချန် လုံးဝ ဆွံ့အသွားရသော်လည်း မကြာမီမှာပဲ ပြင်းထန်သော ကြောက်ရွံ့မှု အရိပ်အယောင်များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
"ဘယ်သူက မင်းရဲ့ အစ်ကိုကြီးနဲ့ မရီးလဲ။ မင်း ဆေးမှားသောက်လာတာလား။"
ယဲ့ချန်က ရယ်မောကာ အော်ငေါက်လိုက်သည်။
မရီး ဟုတ်လား။
လင်းယွီရှီး ၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ ခရမ်းချဉ်သီးတစ်လုံးလို ရဲတက်သွားရသည်။ သို့သော် သူမ၏ ရင်ထဲတွင်မူ ပျားရည်အိုး မှောက်ကျသွားသကဲ့သို့ အလွန်အမင်း ချိုမြိန်နေခဲ့သည်။ ဤကာမရူး လေးယောက်မှာ ယခုအခါ ယဲ့ချန်အား နတ်ဘုရားတစ်ပါးကဲ့သို့ ရိုသေကိုးကွယ်နေကြပြီး သူ့ကို အဖေဟုပင် ခေါ်ချင်နေကြပြီ ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် သူတို့လို လူမိုက် အန္တရာယ်ကောင်များမှာ ထောင်ထဲသို့ အကြိမ်ကြိမ် ဝင်ထွက်ဖူးသဖြင့် ထောင်ကျခြင်းမှာ သူတို့အတွက် ရိုးအိနေပြီ ဖြစ်သည်။
သူတို့သည် အရိုက်ခံရခြင်း ဓားပြားတိုက်ခံရခြင်း၊ ထောင်ကျခြင်း သို့မဟုတ် သေဒဏ်ပေးခံရခြင်းတို့ကိုပင် မကြောက်ကြချေ။
ဒါပေမဲ့သူတို့က သရဲကိုတော့ ကြောက်ကြသည်။
ယနေ့ ဘတ်စကားပေါ်က အတွေ့အကြုံကတော့ သူတို့၏ ဘဝတစ်ခုလုံးအတွက် ဘယ်တော့မှ ဖျောက်ဖျက်၍မရမည့် အရိပ်မည်းကြီး ဖြစ်သွားခဲ့ရသည်။ သူတို့ နောက်တစ်ကြိမ် ထပ်မံ ကြုံတွေ့ရမည့်အစား သေရတာကိုပဲ ရွေးချယ်ကြပါလိမ့်မည်။
သူတို့၏ မျက်လုံးထဲတွင် အသက် ၂၀ ကျော်သာ ရှိဦးမည့် ဤလူငယ် ယဲ့ချန်သည် သာမန်လူတို့ စိတ်ကူး၍မရနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းများကို ပိုင်ဆိုင်ထားသဖြင့် သူ့ကို မိစ္ဆာ သို့မဟုတ် သွေးစုပ်ဖုတ်ကောင်ကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းသော အထင်အမြင်မျိုး ပေးစွမ်းနေခဲ့သည်။
ဒီည သူတို့သည် ဝူချန်ဆီမှ ပိုက်ဆံယူပြီး လူတစ်ယောက်ကို ဆုံးမပေးရန် လာခဲ့ခြင်း ဖြစ်သည်။ ဒါက သေးငယ်တဲ့ ကိစ္စတစ်ခု ဖြစ်သင့်သော်လည်း ဝူချန် ဆုံးမခိုင်းသည့် လူမှာ သူတို့ဘဝတွင် အကြောက်ဆုံးသော လူ ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
"အစ်ကိုကြီး... စိတ်မဆိုးပါနဲ့ဗျာ ကျွန်တော်တို့ကို ရှင်းပြခွင့်ပေးပါဦး... ဝူချန်ဆိုတဲ့ တိရစ္ဆာန်ကောင်က အစ်ကိုကြီးကို ပြဿနာရှာဖို့ လုပ်နေတာကို ကျွန်တော်တို့ လုံးဝ မသိလို့ပါ။တကယ်လို့သာ သိခဲ့ရင် ကျွန်တော်တို့မှာ သတ္တိအဆတစ်ရာ ရှိနေပါစေဦးတော့လုံးဝ လာရဲမှာ မဟုတ်ပါဘူးဗျာ။"
အိုးစောက်ကေနှင့် အခြား ကာမရူးတစ်ယောက်က ကလေးတစ်ယောက်လို ငိုယိုကာ ပြောရှာသည်။
"အစ်ကိုကြီး... အမိန့်တစ်ခုပဲ ပေးလိုက်ပါ။"
ကတုံးကြီးက သွားကို ကြိတ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်းများ တောက်ပလာခဲ့သည်။
"ဒီကောင် ဝူချန်ကို မသန်မစွမ်း ဖြစ်အောင် လုပ်ရမလား ဒါမှမဟုတ် အသေသတ်ရမလား။ အစ်ကိုကြီး အမိန့်တစ်ခုပဲ ပေးလိုက်ပါ။ ကျွန်တော်တို့ သူ့ကို ခုတ်ထစ်ပြီး မုန့်ဟင်းခါးထဲ ထည့်ပြီးခွေးကျွေးပစ်မယ်။ အဆိုးဆုံးဖြစ်လာရင်တော့ တို့တွေ ယန်မြို့ မှာ ဆက်မနေတော့ဘဲ ဝရမ်းပြေးအဖြစ်ပဲ လှည့်လည်နေထိုင်တော့မယ်။"
ဤစကားကို ကြားသောအခါ ဝူချန် ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ ဆီးထွက်သွားတော့သည်။ သူသည် ယဲ့ချန်၏ ရှေ့တွင် ဒူးထောက်၍ ဘုန်းခနဲ လဲကျသွားခဲ့သည်။
"ယဲ့... အစ်ကိုကြီး ယဲ့ချန်... ကျွန်တော် မှားခဲ့ပါတယ်။ ကျွန်တော် မှားခဲ့ပါတယ်... တောင်းပန်ပါတယ်... အစ်ကိုကြီးက ဒီလောက် အစွမ်းထက်မှန်း ကျွန်တော် မသိခဲ့လို့ပါ... ကျွန်တော် မသေချင်သေးဘူး တကယ် မသေချင်သေးပါဘူး... ကျွန်တော့်ကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါဦး..."
"ယဲ့ချန်... မလုပ်နဲ့... သူတို့ကို လူမသတ်ခိုင်းပါနဲ့... ကြောက်စရာကြီး..."
လင်းယွီရှီးက ဘေးနားမှနေ၍ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
တကယ်တော့ ယဲ့ချန်အနေဖြင့်လည်း ထိုလူမိုက်များကို ဝူချန်အား သတ်ခိုင်းရန် မလိုအပ်ချေ။ ခဏမျှ စဉ်းစားပြီးနောက် ယဲ့ချန်က ရုတ်တရက် ပြုံးလိုက်သည်။
ချက်ချင်းပင် ယဲ့ချန်သည် နောက်ပြောင်လိုစိတ်ဖြင့် တာဝန်တစ်ခုကို ဖန်တီးလိုက်သည်။
တီ။ တာဝန်တစ်ခု ဖန်တီးလိုက်ပါပြီ။ အကြောင်းအရာ — ဝူချန်အား ဒူးထောက်ခိုင်းပြီး အောင်နိုင်သူ သီချင်းကို သီဆိုခိုင်းရမည်။ ဆုလာဘ် — စနစ်မှ မစ်ရှင်၏ ခက်ခဲမှုကို ခွဲခြမ်းစီစစ်နေဆဲဖြစ်ပြီး၊ ဆုလာဘ်ကို နောက်မှ သတ်မှတ်ပေးပါမည်။
"ဝူချန်... မင်း ငါ့ကို အခွင့်အရေး ပေးဖို့ တောင်းဆိုနေတာဆိုတော့ ငါ မင်းကို အခွင့်အရေး တစ်ကြိမ် ပေးမယ်။ ဒါက မင်းအလေးထား မထားပေါ်မှာပဲ မူတည်တယ်။ မှတ်ထားပါ... မင်းမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ် အဲ့ဒါက ခဏလေးပဲ။ တကယ်လို့ မင်းအမိအရ မဆုပ်ကိုင်နိုင်ရင်တော့ မင်းသေရလိမ့်မယ်။"
ယဲ့ချန်က မောက်မာစွာ ပြောလိုက်သည်။
"ဒူးကို သေသေချာချာ ထောက်ပြီး ငါ့အတွက် 'အောင်နိုင်သူ' သီချင်းကို အသံကျယ်ကျယ်နဲ့ ဆိုစမ်း။"
"ဟင်..."
ဝူချန် ခဏမျှ ကြောင်အသွားရသည်။
"တောက်... မင်းက အသုံးမကျတဲ့ကောင်ပဲ ဆိုစမ်း ငါ့ရဲ့ အစ်ကိုကြီးနဲ့ မရီးအတွက် သေသေချာချာ ဆိုစမ်း။"ယ
ကတုံးကြီးက ဝူချန်၏ ခေါင်းကို ဖြတ်ရိုက်လိုက်သည်။
"မရိုက်ပါနဲ့, မရိုက်ပါနဲ့... နာတယ်... ကျွန်တော် ဆိုပါ့မယ်, ဆိုပါ့မယ် ဟုတ်ပြီလား။"
ဝူချန်သည် သူ၏ စိတ်ခံစားချက်ကို ခဏမျှ စုစည်းလိုက်သည်။
"နောက်ဆုံးတော့... နင်က အနိုင်အရှုံးကို ဆုံးဖြတ်ဖို့ နည်းလမ်း ရှာတွေ့ခဲ့ပြီ... အနိုင်အရှုံးရဲ့ အဖိုးအခက... ငါတို့နှစ်ယောက်စလုံး တစ်စစီ ကြေမွသွားဖို့ပဲ... ကျန်းမာသန်စွမ်းပုံရတဲ့ နင့်ရဲ့ ရင်ထဲမှာတော့။"
"မဆိုးဘူး။"
ယဲ့ချန် ခေါင်းညိတ်လိုက်သည်။
"သီဆိုတဲ့ ပုံစံက အဆင်ပြေပါတယ်။ ခံစားချက်အပြည့်နဲ့ ဆိုသွားတာပဲ၊ ငါတောင် အနည်းငယ် စိတ်လှုပ်ရှားသွားရတယ်။"
"အသံမြင့်ပိုင်းတွေမှာတော့ အားနည်းချက် ရှိနေတုန်းပဲ အတင်းအကျပ် အော်ဆိုနေရသလိုပဲ။ အသံအနိမ့်အမြင့်ကတော့ ပုံမှန်ပါပဲ။"
လင်းယွီရှီးသည် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဂီတဌာနမှ ဖြစ်သောကြောင့် သူမ၏ ဝေဖန်ချက်က တကယ့်ကို ကျွမ်းကျင်ပညာရှင် ဆန်လှသည်။
"ကဲ... တော်ပြီ ဆိုတာ ရပ်လိုက်တော့။"
ယဲ့ချန် လက်ဝှေ့ယမ်းပြလိုက်သည်။
တီ.. အိမ်ရှင်သည် တာဝန်ဖြစ်သော 【ဝူချန်အား ဒူးထောက်ခိုင်းပြီး အောင်နိုင်သူသီချင်း သီဆိုခိုင်းခြင်း】 ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ Philips တရားဝင် အထူး အရောင်းဆိုင်ထွက် S5571 အမျိုးသားသုံး အားပြန်သွင်းနိုင်သော လျှပ်စစ်မုတ်ဆိတ်ရိတ်စက် တစ်လုံးကို ရရှိခဲ့ပြီး ၎င်းအား စနစ်၏ သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းပေးလိုက်ပါပြီ။ Apple iPod touch6 MP3/4 အိတ်ဆောင်တေးဂီတနှင့် ဂိမ်းကစားစက် (64GB) တစ်လုံးကို ရရှိခဲ့ပြီး ၎င်းအား စနစ်၏ သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းပေးလိုက်ပါပြီ။
စနစ် ပြုပြင်ရေး စွမ်းအင် ၀ ရရှိပါသည်။
စနစ် ပြုပြင်မှု ၀.၉% ပြီးမြောက်ပါပြီ။
အိုဟိုး... ဆုလာဘ်တွေက မဆိုးဘူးပဲ အားလုံးက နာမည်ကြီး တံဆိပ်တွေချည်းပဲ ယုံကြည်စိတ်ချရတယ် ငါ ဒီလို အဆင့်မြင့် ကုန်ပစ္စည်းတွေကို တစ်ခါမှ မသုံးဖူးဘူး ဒါက တကယ့်ကိုငါ့ အကြိုက်ပဲ။
"အစ်ကိုကြီး ယဲ့ချန်... ကျွန်တော် အခု သွားလို့ရပြီလားဗျာ။"
ဝူချန်က ငိုယိုကာ အသနားခံလိုက်သည်။
"အင်း... ဒီလောက်ဆို ရပါပြီ။ အခု မင်းတို့တွေ"
ယဲ့ချန်က ကတုံး လေးယောက်အား လှမ်းကြည့်လိုက်သည်။
"သူ့ကို Wanda Plaza ဆီ ခေါ်သွားပြီး သေသေချာချာ စောင့်ကြည့်ထားစမ်း ပြီးတော့ သူ့ကိုWanda Plazaပတ်ပတ်လည်မှာ အဝတ်ဗလာနဲ့ ပတ်ပြေးခိုင်းလိုက်။ အဲ့ဒါဆိုရင် ဒီကိစ္စကို ပြီးပြတ်ပြီလို့ မှတ်လိုက်မယ်။"
"အားးး"
ဝူချန်၏ မျက်လုံးများ မျက်တွင်းထဲမှ ပြုတ်ထွက်လုနီးပါး ဖြစ်သွားရသည်။
Wanda Plazaကို သွားပြီး အဝတ်ဗလာနဲ့ ပတ်ပြေးရမယ် ဟုတ်လား။
ဒါက လူမှုကွန်ရက်ပေါ်မှာ ရေပန်းအစားဆုံး သတင် ဖြစ်သွားမယ့်အကွက်ပဲ မဟုတ်လား။
ယဲ့ချန် မင်းက တကယ်ကို ရက်စက်လွန်းတယ်။
မင်းက မိစ္ဆာတစ်ကောင်လား။
"သွားကြစို့။"
ကတုံးလေးယောက်က ဘာမှ ထပ်မပြောဘဲ ဝူချန်အား ဆွဲခေါ်ကာ Wanda Plazaရှိရာဆီသို့ အပြင်းအနှင် ထွက်ခွာသွားကြတော့သည်။
တီ။ တာဝန်တစ်ခု ဖန်တီးလိုက်ပါပြီ။ အကြောင်းအရာ — ဝူချန်အား Wanda Plazaတွင် အဝတ်ဗလာဖြင့် ပတ်ပြေးခိုင်းရမည်။ ဆုလာဘ် — စနစ်မှ တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစီစစ်နေဆဲဖြစ်ပြီး၊ ဆုလာဘ်ကို နောက်မှ သတ်မှတ်ပေးပါမည်။
လင်းယွီရှီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်နေအောင်အထိ ရယ်မောလိုက်မိသည်။
"ယဲ့ချန်... နင်... နင်က ဝူချန်ကိုWanda Plazaမှာ အဝတ်ဗလာနဲ့ သွားပြေးခိုင်းတယ် ဟုတ်လား။ ဒါက တကယ်ကို ရက်စက်လွန်းတယ်။ ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ။"
လင်းယွီရှီးအနေဖြင့် ရဲရဲကြီး အာမခံရဲသည်မှာ သူမ တစ်နှစ်ပတ်လုံး ရယ်ခဲ့ရသည့် အကြိမ်အရေအတွက်အားလုံးကို ပေါင်းလိုက်လျှင်ပင် ယနေ့ ရယ်ခဲ့ရသလောက် မများချေ။
"ဒါက ဘာမှမဟုတ်ပါဘူး။"
ယဲ့ချန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"သေးငယ်တဲ့ ပြစ်ဒဏ်တစ်ခုပါပဲ။ လင်းယွီရှီး... နင်လည်း မြင်သားပဲ ဝူချန်က ငါ့ကို သတ်ဖို့အထိ လုပ်ခဲ့တာလေ။ ငါက သူ့ကို အဝတ်ဗလာနဲ့ပဲ ပြေးခိုင်းတာပါ ဟူး... ငါ့ရဲ့ အားနည်းချက်က တကယ်ကို သဘောကောင်းလွန်းတာပဲ။"
"အင်းအင်း... နင်က အကောင်းဆုံး အသဘောကောင်းဆုံးသူပါပဲ။"
လင်းယွီရှီးက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သူမ ရင်ထဲတွင် ယဲ့ချန် ဘာပြောပြော အားလုံး မှန်ကန်နေသည်ဟု အလိုလို ခံစားနေရသည်။ ဒီခံစားချက်က တကယ်ကို ထူးဆန်းလှပေသည်။
သူတို့နှစ်ဦး ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့သည် လင်းယွီရှီး နေထိုင်ရာ အိမ်အောက်သို့ ရောက်ရှိလာခဲ့ကြသည်။ ယဲ့ချန်သည် သူမ အဆောက်အအုံအတွင်းသို့ ဝင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ ရုတ်တရက် လင်းယွီရှီး နောက်သို့ လှည့်ကြည့်လိုက်သည်။
အိမ်အဝင်ဝ မီးရောင်အောက်တွင် သူမ၏ ပုံစံလေးမှာ လောကပြင်ပမှ နတ်သမီးလေးတစ်ပါးအလား အလွန်အမင်း သပ္ပာယ်လွန်းလှသည်။ ဤမြင်ကွင်းလေးက ယဲ့ချန်၏ စိတ်ထဲတွင် ရိုက်နှက်ပုံဖော်သွားခဲ့သည်။ ယဲ့ချန် မနေနိုင်ဘဲ သူ၏ ဖုန်းကို ထုတ်ကာ ဓာတ်ပုံတစ်ပုံ ဖြတ်ခနဲ ရိုက်လိုက်မိသည်။ ဤဓာတ်ပုံလေးက လူငယ်အနုပညာ ရုပ်ရှင်တစ်ခု၏ ပိုစတာတစ်ခုကဲ့သို့ အလွန်အမင်း သဘာဝကျကျနှင့် နူးညံ့ပျော့ပျောင်းသော အလှတရားကို ပေးစွမ်းနေခဲ့သည်။
၎င်းက အနုပညာဆန်ဆန် ပြီးပြည့်စုံလွန်းလှသည်။ လင်းယွီရှီးလည်း စိတ်မဆိုးသည့်အပြင် သူမက ပို၍ပင် လှပသော ပုံစံလေးများ ထုတ်ပြကာ ယဲ့ချန်အား နောက်ထပ် ဓာတ်ပုံအချို့ကို ရိုက်ခွင့်ပေးခဲ့ပြီးမှ ချိုမြိန်စွာ ပြုံးပြရင်း ပြောလိုက်သည်။
"ယဲ့ချန်... ဒီနေ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်နော် ပြီးတော့ တို့ အခု သေချာပေါက် ပြောနိုင်ပါပြီ ဒါက တို့ရဲ့ ဘဝမှာ အပျော်ရွှင်ဆုံး နေ့တစ်နေ့ပါပဲ နောက်ပိုင်းကျရင် တို့နဲ့အတူ ထပ်ပြီး လာကစားဦးမလား။"
"အာ..."
ယဲ့ချန်သည် မိန်းကလေး အရှုပ်အထွေးများတွင် ကျွမ်းကျင်သူတစ်ယောက် မဟုတ်သော်လည်း ငတုံးတစ်ယောက်တော့ မဟုတ်ချေ။ ထို့အပြင် မကြာသေးမီက သူများတွေ စုံတွဲခုတ်ပြီး ချိုမြိန်ပြနေကြတဲ့ အချစ်ဇာတ်လမ်း မြင်ကွင်းမျိုးစုံကို အများကြီး တွေ့မြင်ဖူးထားသဖြင့် အတွေ့အကြုံ အနည်းငယ် ရှိနေခဲ့သည်။ သူ ချက်ချင်းပင် ရယ်မောကာ ပြောလိုက်သည်။
"သေချာတာပေါ့။ လင်းယွီရှီး... ငါ နင်နဲ့ ကစားဖို့ ခဏခဏ လာခဲ့ပါ့မယ်။ ပြီးတော့ ငါ အရင်က ပြောခဲ့ဖူးသလိုပဲ ငါ နင့်ကို အမြဲ ကာကွယ်ပေးသွားမှာပါနင်က ငါ့ရဲ့ အဖိုးတန် အသည်းကျော် သကြားလုံးလေးပဲလေ။"
လင်းယွီရှီး ရှက်လည်းရှက်၊ ဝမ်းလည်းသာသွားသဖြင့် နောက်သို့ လှည့်ကာ ပြေးဝင်သွားတော့သည်။ သူမ၏ ခြေသံများနှင့်အတူ စကားသံလေးတစ်ခုကိုသာ လှမ်းကြားလိုက်ရသည်။
"ယဲ့ချန်... နောက်ဆိုရင် ငါ့ကို ယွီရှီး လို့ပဲ ခေါ်ပါတော့။"
"အာ... ဒါက အချစ်ရဲ့ ခံစားချက်လား မသိဘူး။"
ယဲ့ချန် နေရာတွင်တင် အကြာကြီး မတ်တပ်ရပ်နေမိသည်။
"လှပလိုက်တာ။"
မကြာမီ ယဲ့ချန်သည် သီချင်းလေး တဟန်ဟန်ဖြင့် အိမ်အပြန်လမ်းသို့ ထွက်ခွာလာခဲ့သည်။
သူ တက္ကစီတစ်စီးကို ငှားစီးလိုက်သည်။ သူ နေထိုင်ရာ အိမ်ရာဝင်း အဝင်ဝသို့ ရောက်၍ ကားပေါ်မှ ဆင်းလိုက်သည်နှင့်တစ်ပြိုင်နက်။
တီ...အိမ်ရှင်သည် တာဝန်ဖြစ်သော 【ဝူချန်အား Wanda Plaza တွင် အဝတ်ဗလာဖြင့် ပတ်ပြေးခိုင်းခြင်း】 ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ Cohiba နှစ် ၄၀ ပြည့် အထိမ်းအမှတ်Behikeစီးကရက် တစ်သေတ္တာကို ရရှိခဲ့ပြီး ၎င်းအား စနစ်၏ သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းပေးလိုက်ပါပြီ။ Armani တံဆိပ် နွေရာသီ အမျိုးသားသုံး လက်တို တီရှပ်အသစ်တစ်ထည်ကို ရရှိခဲ့ပြီး ၎င်းအား စနစ်၏ သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းပေးလိုက်ပါပြီ။ Xiaomi ၆၅ လက်မ အလွန်ကြည်လင်ပြတ်သားသော AI လျှပ်စစ် မျက်နှာပြင်ပြား တီဗီတစ်လုံးကို ရရှိခဲ့ပြီး ၎င်းအား စနစ်၏ သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းပေးလိုက်ပါပြီ။ စနစ် ပြုပြင်ရေး စွမ်းအင် ၀ ရရှိပါသည်။ စနစ် ပြုပြင်မှု ၀.၉% ပြီးမြောက်ပါပြီ။"
'ဟူး... ဝူချန်ရေ၊ ဒီနေ့ မင်း အောင်နိုင်သူသီချင်းလည်း ဆိုရတယ်။ အဝတ်ဗလာနဲ့လည်း ပြေးရတယ်။ ဒါပေမဲ့ ငါ့အတွက်တော့ ယွမ် သောင်းဂဏန်း တန်ဖိုးရှိတဲ့ ဆုလာဘ်တွေကို ရရှိအောင် ကူညီပေးခဲ့တာပဲ။ ငါ တကယ်ကို စိတ်လှုပ်ရှားမိရပါတယ်။ မင်းက ငါ့ရဲ့ ငွေထုတ်စက်ပဲ၊ နောက်ပိုင်းကျရင်လည်း မင်းကို ပြန်ရှာရဦးမယ်။'
ယဲ့ချန် အလွန် ဝမ်းသာသွားသည်။
'တကယ်လို့ ငါ နင့်ကို နေ့တိုင်း တစ်ကြိမ်စီ အဝတ်ဗလာနဲ့ ပြေးခိုင်းရင် နင့်ဆီကနေ ပစ္စည်းတွေထုတ်ပြီး ငါ လူလတ်တန်းစား ဖြစ်သွားနိုင်တယ်! လန်းလိုက်တာ။'
သူ အပေါ်ထပ်သို့ တက်လာခဲ့သည်။ အပေါ်ထပ်သို့ တက်လာစဉ်အတွင်း ယဲ့ချန်သည် ဆွဲဆောင်ခြင်း အင်းစာသား ကျွမ်းကျင်မှုစာအုပ်ကို သင်ယူလိုက်သည်။ ၎င်းက ဂါထာအတတ်ပညာတစ်မျိုး ဖြစ်သည်ကို သူ သိရှိလိုက်ရသည်။ ၂၄ နာရီအတွင်း ဤဂါထာဖြင့် တိုက်ခိုက်ခြင်း ခံရသူသည် ကရုဏာစိတ်များ ပြည့်နှက်လာပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် စိတ်အားထက်သန်လာလိမ့်မည် ဖြစ်သည်။
သူတို့သည် ကြက်တစ်ကောင်ကို သတ်မိလျှင်ပင် ဒူးထောက်၍ နောင်တရနေတတ်ပြီး ထမင်းမေ့ ဟင်းမေ့ ဖြစ်ကာ မိမိတို့၏ အပြစ်များကို ဆေးကြောရန်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်များပင် ပေါ်ပေါက်လာတတ်သည်။ ဘယ်လောက်ပဲ ရက်စက်ယုတ်မာသော လူဆိုးကြီး ဖြစ်နေပါစေ ချက်ချင်းပင် သားသတ်ဓားကို ချပစ်ကာ ဘုန်းကြီး ဖြစ်သွားနိုင်လောက်သည့် အစွမ်းမျိုး ဖြစ်သည်။
ဤဂါထာ၏ သက်ရောက်မှုက တစ်ရက်သာ ခံပြီး ဂါထာကို အသုံးပြုသူ၏ စွမ်းအင်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း အတိုင်းအတာတစ်ခုအထိ ကုန်ခမ်းစေနိုင်ပါသည်။
'အင်း လက်ဝှေ့အတတ်တို့ နပန်းအတတ်တို့လို သာမန် ကျွမ်းကျင်မှုတွေနဲ့ နှိုင်းယှဉ်ရင် ဒီဂါထာတွေကတော့ စိတ်ပိုင်းဆိုင်ရာလမ်းစဉ်တစ်ခုလိုပါပဲ။'
ယဲ့ချန် စဉ်းစားလိုက်သည်။
'ဒါပေမဲ့ ကျွမ်းကျင်မှုတွေ ပိုများလေလေ မနစ်နာလေပါပဲ အရာအများကြီး သင်ယူထားတာက အမြဲတမ်း ကောင်းပါတယ်။ ဒီခေတ်ကြီးထဲမှာ အရာအားလုံးက ကိုယ်ကျင့်တရား ဉာဏ်ပညာနဲ့ ရုပ်ပိုင်းဆိုင်ရာ အားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တာလေ။ ရုပ်ရည်ချောမောရုံနဲ့တင် မလုံလောက်ဘူး ပါရမီလည်း ရှိဖို့ လိုသေးတယ်။'
ယဲ့ချန် မိမိ၏ အိမ်တံခါးဝသို့ ရောက်ရှိလာစဉ်မှာပင် မျက်နှာချင်းဆိုင်ရှိ စန်းယွီ ၏ အိမ်ထဲမှ ပစ္စည်းများ ပစ်ပေါက်သံကို ကြားလိုက်ရသည်။
"ဟင်..."
ယဲ့ချန် လှမ်းကြည့်လိုက်ရာ စန်းယွီ၏ အိမ်တံခါးမှာ အနည်းငယ် ဟဟလေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အထဲမှ သူမ၏ စကားသံကို ကြားနေရသည်။ ၎င်းက ငိုသံ ဖြစ်သည်။ သူမ ရှိုက်ကြီးတငင် ငိုနေခြင်း ဖြစ်သည်။ တကယ့်ကို သနားစရာ ကောင်းလှပေသည်!
'အစ်မ စန်းယွီက ဘယ်သူနဲ့ ရန်ဖြစ်နေတာလဲ။ တောက်... အစ်မ စန်းယွီကို ငိုအောင်အထိ လုပ်ရဲတယ်။ သူတို့က တကယ်ကို နှလုံးသားမရှိတဲ့လူတွေပဲ။'
ယဲ့ချန် ဘာမှ ထပ်မစဉ်းစားတော့ဘဲ ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့တိုးကာ စန်းယွီ၏ အိမ်တံခါးကို တွန်းဖွင့်၍ အထဲသို့ တည့်တည့် လျှောက်လှမ်း ဝင်ရောက်သွားတော့သည်။