← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁ - စန်းယွီ၏ ဒုက္ခ။

ယဲ့ချန်အခန်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် စန်းယွီ သည် ဆိုဖာပေါ်တွင် စာကလေးတစ်ကောင်လို တွန့်လိမ်ပုအောင်းကာ ရှိုက်ကြီးတငင် ငိုကြွေးနေပြီး တကယ့်ကို သနားစရာကောင်းလောက်အောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဒီညတွင် စန်းယွီသည် အိမ်နေရင်း ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ ဆွဲဆောင်မှုရှိပြီး အချိုးအစားကျလွန်းသော ခန္ဓာကိုယ်အလှကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ လှပသော မျက်ခုံးမျက်ဝန်း ညှို့ငင်နိုင်သော အကြည့်အမြဲတမ်း နီမြန်းနေတတ်သော နှုတ်ခမ်းလွှာနှင့် မီးတောက်ကဲ့သို့ ပူလောင်စေသော ခန္ဓာကိုယ် ကောက်ကြောင်း တကယ်လို့ လင်းယွီရှီးက ပထမဦးဆုံး အချစ်ဦးရဲ့ ဖြူစင်မှုကို ကိုယ်စားပြုပြီး အမျိုးသမီး ရဲအရာရှိ မိုချင်း က ရေခဲတောင်ပေါ်က ကြာပန်းတစ်ပွင့်လို အေးစက်မြင့်မြတ်မှုကို ကိုယ်စားပြုတယ်ဆိုရင်တော့စန်းယွီကတော့ ဆွဲဆောင်မှုရှိပြီး ရင့်ကျက်တဲ့ မိန်းမသားတစ်ယောက်ရဲ့ အလှတရားကို ကိုယ်စားပြုနေတာ ဖြစ်သည်။

သူမတွင် လောကီသားတို့ကို ညှို့ယူနိုင်သော ကာမဂုဏ်အရှိန်အဝါမျိုးပင် ရှိနေသည်။ ရှေးခေတ်က ပြည့်တန်ဆာအိမ်တစ်ခုခုတွင်သာ ရှိနေခဲ့လျှင် သူမသည် သေချာပေါက် နာမည်အကြီးဆုံး မိန်းမလှတစ်ဦး ဖြစ်နေပေလိမ့်မည်။

ယဲ့ချန်နှင့် သူမသည် အိမ်နီးနားချင်းဟောင်းများဟု ပြော၍ရပြီးလွန်ခဲ့သည့် နှစ်များတစ်လျှောက် သူသည် သူမ၏ အိမ်သို့ မည်သည့်အမျိုးသားတစ်ဦးကိုမျှ ခေါ်ဆောင်လာခဲ့သည်ကို မမြင်ဖူးချေ။ စန်းယွီသည် သိက္ခာရှိပြီး သဘောထားကြီးကာ နေ့စဉ်ဘဝတွင်လည်း စနောက်ကျီစယ်မှုများကို ခံနိုင်ရည်ရှိသည့်အပြင် အခြားသူများနှင့် ဆက်ဆံရာတွင်လည်း ပြေပြစ်ပျူငှာလှသဖြင့် ယဲ့ချန်နှင့် သူမ၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်လှသည်။

အခန်းထဲတွင် စန်းယွီအပြင် အခြား အမျိုးသား သုံးဦးလည်း ရှိနေခဲ့သည်။ ထမင်းစားစားပွဲတွင် မောက်မာသော အရှိန်အဝါဖြင့် ထိုင်နေသူမှာ စမတ်ကျကျ ဝတ်ဆင်ထားသော စတုရန်းပုံစံ မျက်နှာထားနှင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး ဖြစ်ပြီး၊ယ ပညာတတ်တစ်ယောက်လို ပုံစံမျိုး ရှိသော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပုန်းကွယ်နေခဲ့သည်။ တစ်ကိုယ်လုံးက အေးစက်ပြီး လူသားစားမည့် မြွေဟောက်တစ်ကောင်ကဲ့သို့ပင်။

ယဲ့ချန်သည် သူ၏ ထံမှ အလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ဤအန္တရာယ်က ဝူချန် ကတုံး လေးယောက်နှင့် လူငါးယောက်ကို သတ်ခဲ့ပြီး ဝရမ်းပြေးဖြစ်နေသည့် ရာဇဝတ်ကောင် ကျောက်ထယ်ကွမ်တို့ထက်ပင် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

'လခွမ်းပဲ... ဒီကောင်က တကယ့် ဒေါင်ဒေါင်မြည် လူမိုက်ကြီးပဲ၊'

ယဲ့ချန်၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားရသည်။ သို့သော် ဤအရာက သူ ကြောက်ရွံ့သွားသည်ဟု မဆိုလိုချေ။ လက်ရှိ ယဲ့ချန်သည် အရှိန်အဝါအချို့ကို မွေးမြူထားပြီးဖြစ်သဖြင့်ယခင်ကလို ဖိနှိပ်ခံရပြီး သတ္တိကြောင်သော လူစားမျိုး လုံးဝ မဟုတ်တော့ချေ။ ထမင်းစားစားပွဲအနီးရှိ ကြမ်းပြင်ပေါ်တွင်မူ ကွဲအက်နေသော ပန်းအိုးများနှင့် ပန်းကန်ခွက်ယောက်များ ပြန့်ကျဲနေပြီး လုံးဝ ပရမ်းပတာ ဖြစ်နေခဲ့သည်။

'အစ်မ စန်းယွီက သာမန် အမျိုးသမီးတစ်ယောက်ပဲလေ ဘာလို့ ဒီလောက်အထိ ရက်စက်တဲ့ လူမိုက်ကြီးနဲ့ သွားပြီး ပြဿနာတက်ရတာလဲ။ ငါတော့ လုံးဝ နားမလည်နိုင်တော့ဘူး...'

ယဲ့ချန်လည်း ဝေခွဲမရ ဖြစ်နေခဲ့သည်။ ထိုသက်ကြီးပိုင်း အမျိုးသားသည် စီးကရက်ကို ညှပ်ရန်သာ အာရုံစိုက်နေပြီး ရုတ်တရက် ဝင်ရောက်လာသော ယဲ့ချန်အား အနည်းငယ်မျှပင် အာရုံမစိုက်ချေ။ သူသည် ယဲ့ချန်အား လုံးဝ ဥပေက္ခာပြုထားခြင်း ဖြစ်သည်ဟုပင် ပြော၍ရသည်။ လူတစ်ယောက်ကို လုံးဝ မမြင်ချင်ယောင်ဆောင်ပြီး ဥပေက္ခာပြုထားခြင်းက ဆဲဆိုကြိမ်းမောင်းခြင်း သို့မဟုတ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းတို့ထက်ပင် ပိုမိုနက်ရှိုင်းသော စော်ကားမှုတစ်မျိုး ဖြစ်သည်။

ထိုသက်ကြီးပိုင်း အမျိုးသား၏ အနောက်တွင်မူ ကျယ်ပြန့်သော ပခုံးနှင့် ထွားကြိုင်းသော ခါးအချိုးအစား ရှိသည့် အင်္ကျီဗလာနှင့် လူမိုက်ကြီးနှစ်ဦး မတ်တပ်ရပ်နေကြသည်။ သူတို့၏ လက်မောင်းကြီးများမှာ လူကြီးတစ်ယောက်၏ ပေါင်နံဘေးလောက်အထိ တုတ်ခိုင်လှပြီး အရောင်စုံ တက်တူးများဖြင့် ဖုံးလွှမ်းနေကာ ထွက်ပေါ်နေသော ကြွက်သားကြီးများက တကယ့်ကို အရှိန်အဝါ ပြင်းလှသည်။ သူတို့သည်လည်း အလွယ်တကူ စနောက်၍ရမည့် လူစားမျိုး မဟုတ်ချေ။

"ထွက်သွား။"

လူမိုက်ကြီးတစ်ယောက်က ယဲ့ချန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ စိုက်ကြည့်ကာ ပြောလိုက်သည်။ ယဲ့ချန်က သူ့ကို လျစ်လျူရှုလိုက်ပြီး စန်းယွီရှိရာဆီသို့ တည့်တည့် လျှောက်သွားခဲ့သည်။

"မောင်လေး ယဲ့ချန်။"

စန်းယွီသည် မျက်ရည်များဖြင့် ပြည့်နှက်နေသော သူမ၏ ညှို့မျက်ဝန်းလေးများကို ပင့်တင်ကာ ယဲ့ချန်အား အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ကပျာကယာ ပြောရှာသည်။

"မောင်လေး အိမ်ကို အမြန်ပြန်တော့... မောင်လေး ယဲ့ချန် ဒါက အစ်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ ပြန်ပါ... အမြန်ပြန် မဟုတ်ရင် သူတို့ မောင်လေးကို နာကျင်အောင် လုပ်လိမ့်မယ်..."

"ဒါက မဟုတ်သေးဘူးလေ အစ်မ စန်းယွီရဲ့။ အစ်မ အသက်ရှူကြပ်မတတ် ရှိုက်ကြီးတငင် ငိုနေတာကို ငါ မြင်နေရတာပဲ။ အမှန်အတိုင်း ဘာဖြစ်တာလဲဆိုတာ ငါ့ကို အမြန်ပြောပြစမ်းပါဦး။"

ယဲ့ချန်က အလောတကြီး မေးလိုက်သည်။

"ဒီကောင်စုတ်လေး မင်း လူစကား နားမလည်ဘူးလား။ ငါ မင်းကို ထွက်သွားဖို့ ပြောနေတယ်လေ။"

လူမိုက်ကြီး၏ အသံမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့ပြီး ယဲ့ချန်အား သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် အော်ဟစ်လိုက်တော့သည်။ထိုအခိုက်အတန့်တွင် စီးကရက် ညှပ်နေသော သက်ကြီးပိုင်း အမျိုးသားက သူ၏ လက်ကို မြှောက်ပြကာ လူမိုက်ကြီးအား စကားမပြောရန် အချက်ပြလိုက်သည်။ သူသည် နောက်ဆုံးတွင် ယဲ့ချန်အား မော့ကြည့်လိုက်သည်။

အခန်းထဲ

သို့ ဝင်လာသည့် အချိန်မှစ၍ ယဲ့ချန်သည် နှိမ့်ချလွန်းခြင်းလည်း မရှိ မောက်မာလွန်းခြင်းလည်း မရှိဘဲ ပုံမှန်အတိုင်း ပြုမူနေခဲ့သည်။ ထိုသက်ကြီးပိုင်း အမျိုးသားသည် လူပေါင်းစုံကို မြင်တွေ့ဖူးထားသူ ဖြစ်သဖြင့် ယဲ့ချန်၏ ပုံစံကို အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။ယဲ့ချန်သည် စန်းယွီ၏ ဘေးတွင် အေးဆေးစွာ ထိုင်လိုက်သည်။

"အစ်မ စန်းယွီ... ကျွန်တော့်ကိုပြောပြပါ။ စကားပုံ ရှိသားပဲ ဝေးကွာတဲ့ ဆွေမျိုးထက် နီးစပ်တဲ့ အိမ်နီးနားချင်းက ပိုအားကိုးရတယ်ဆိုတာ။ အစ်မက အရင်တုန်းက ကျွန်တော့်အပေါ် အများကြီး ဂရုစိုက်ပေးခဲ့တာဆိုတော့ ကျွန်တော်က ဒီအတိုင်း ဒီအတိုင်း ထိုင်ကြည့်နေလို့ မရဘူး မဟုတ်လား။ သူတို့ အစ်မကို အနိုင်ကျင့်နေတာလား။"

ယဲ့ချန်သည် အလွန် ဖြူစင်စွာ မေးလိုက်ခြင်း ဖြစ်သည်။ပထမအချက်အနေဖြင့် အတူတူ ရေရှည်နေထိုင်လာခဲ့သော အိမ်နီးနားချင်းများအကြားသံယောဇဉ် ရှိနေတတ်သည်။ ထို့အပြင် စန်းယွီကဲ့သို့ ပန်းတစ်ပွင့်လို နူးညံ့လှပသော အမျိုးသမီးတစ်ဦးမှာ တန်ဖိုးထားခြင်းကို ခံရရန် ထိုက်တန်ပေသည်။

ယခင်က ညပေါင်းများစွာတွင် ယဲ့ချန်၏ စိတ်ကူးထဲ၌ ညှို့ဓာတ်ပြင်းသော အစ်မ စန်းယွီ၏ ပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့ဖူးပြီး ကြက်သီးတဖျန်းဖျန်း ထသွားပြီးနောက်တွင်မှ စိတ်အေးချမ်းမှုကို ရရှိလေ့ရှိသည်။ အကူအညီ သေးသေးလေးတစ်ခုကိုပင် ကြီးမားသော ကျေးဇူးတရားဖြင့် ပြန်ဆပ်ရမည်ဟု ဆိုရိုးရှိသည် မဟုတ်ပါလား။

ထို့အပြင် စန်းယွီက ယဲ့ချန်အပေါ် ထားရှိခဲ့သော စေတနာမှာ သေးငယ်သော အရာတစ်ခုတင် မကဘဲ အနည်းဆုံးတော့ရေသန့်ဗူးတစ်ဗူးစာလောက် ပြည့်လျှံနေမည့် ကျေးဇူးတရားများ ဖြစ်သည်။ ယခု စန်းယွီ ဒုက္ခရောက်နေချိန်တွင် ယဲ့ချန် သေချာပေါက် ရှေ့ထွက် ကာကွယ်ပေးရမည် ဖြစ်သည်။ ယဲ့ချန်၏ ဖြူစင်သော စိတ်ရင်းက စန်းယွီအား ကူးစက်သွား၍လား သို့မဟုတ် သူမ၏ ရင်ထဲက ခံစားချက်များကို ရင်ဖွင့်ရန် လိုအပ်နေ၍လား မသိ

ထိုအခိုက်အတန့်တွင် စန်းယွီသည် ထပ်မံ၍ ရှိုက်ကြီးတငင် ငိုကြွေးပြန်ကာ ယဲ့ချန်အား အကြောင်းအရာ အားလုံးကို ငိုယိုရင်း ရင်ဖွင့်ပြောပြခဲ့တော့သည်။

စန်းယွီ၏ ဘဝက တကယ့်ကို ခါးသီးလွန်းလှသည်ကို သိရှိလိုက်ရသည်။ သူမ၏ ဇာတိမှာ ယန်မြို့ဆင်ခြေဖုံးရပ်ကွက်က ကျေးလက်တောရွာတစ်ခု ဖြစ်သည်။ သူမသည် ငယ်ငယ်ရွယ်ရွယ်နှင့် မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး ဆယ်ကျော်သက်အရွယ်မှာတင် မြို့ပေါ်သို့ တက်ကာ အလုပ်လုပ်ခဲ့ရသည်။ သူမ၏ ဖခင်ဖြစ်သူမှာမူ လောင်းကစားစွဲနေသော လူမိုက်တစ်ယောက် ဖြစ်ပြီး အမြဲတမ်း လောင်းကစား ရှုံးနေတတ်သည်။

လွန်ခဲ့သည့် နှစ်များတစ်လျှောက် စန်းယွီ ရှာဖွေစုဆောင်းခဲ့သော ပိုက်ဆံအားလုံးနီးပါးမှာ သူမ၏ ဖခင် ဖြစ်သူ၏ အကြွေးများနှင့် လောင်းကစား အရှုံးများကို ဆပ်ပေးရန်အတွက်သာ အသုံးပြုခဲ့ရသည်။ တစ်ယောက်တည်း အချိန်ပိုင်းအလုပ် မျိုးစုံကို လုပ်ကိုင်နေရသဖြင့် သူမ တကယ့်ကို ပင်ပန်းနွမ်းနယ်နေခဲ့ရသည်။ မကြာသေးမီက စန်းယွီ၏ ဖခင်သည် သူမအတွက် နောက်ထပ် ကြီးမားသော ပြဿနာတစ်ခုကို ဖန်တီးခဲ့ပြန်သည်။

သူသည် အတိုးနှုန်းကြီးမားလွန်းသော တရားမဝင် ငွေတိုးချေးစားခြင်း ထံမှ ပိုက်ဆံများကို သွားရောက် ချေးယူခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူက ပိုက်ဆံများကို အသုံးပြုပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီ ဖြစ်သော်လည်း စန်းယွီကိုမူ ဒုက္ခတွင်းထဲသို့ တွန်းပို့ခဲ့လေပြီ။ အကြွေးရှင်များက သူမကို ရှာဖွေတွေ့ရှိသွားပြီး အကြွေးတောင်းရန်အတွက် အိမ်တံခါးဝအထိ ရောက်ရှိလာကြခြင်း ဖြစ်သည်။

ဒီည အကြွေးလာတောင်းသော သက်ကြီးပိုင်း အမျိုးသားမှာ ယန်မြို့ရှိ အလွန်ကြီးမားသော ဘဏ္ဍာရေးကုမ္ပဏီတစ်ခု၏ သူဌေးကြီး ဖြစ်သည်။ ဘဏ္ဍာရေးကုမ္ပဏီဆိုသည်မှာ အမှန်အတိုင်း ပြောရလျှင် ကိုယ်ပိုင် ငွေတိုးချေးစားသည့် လုပ်ငန်း အတိုးကြီးစား အဖွဲ့အစည်းသာ ဖြစ်သည်။

ယဲ့ချန် ဤဘဏ္ဍာရေးကုမ္ပဏီအကြောင်းကို ကြားဖူးသည်။ ကောလာဟလများအရ ထိုသူဌေးကြီးသည် တကယ့်ကို ရက်စက်ကြမ်းကြုတ်ပြီး အကြွေးတောင်းရန်အတွက် သူ၏ လက်အောက်တွင် လူမိုက်ပေါင်း တစ်ရာကျော်ကို မွေးမြူထားသည်ဟု ဆိုသည်။

အိမ်တံခါးကို ဆေးသုတ်ခြင်း ဖုန်းများကို ဆက်တိုက် နှောင့်ယှက်ခြင်း မစင်များဖြင့် ပစ်ပေါက်ခြင်း တံခါးများကို ပိတ်ဆို့ခြင်း တရားမဝင် ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် မသန်မစွမ်းဖြစ်အောင် လုပ်ခြင်းသူတို့၏ အကြွေးတောင်းသည့် နည်းလမ်းများမှာ စုံလင်ပြီး အဆုံးမရှိလှချေ။ သူတို့သည် သာမန် ပြည်သူလူထုအနေဖြင့် ယှဉ်ပြိုင်ရဲမည့် လူစားမျိုး လုံးဝ မဟုတ်ကြချေ။

ယန်မြို့သည် စီးပွားရေးအရ အလွန် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများစွာ တည်ရှိနေသကဲ့သို့ပင်၊ အမှောင်လောက၏ အုပ်စုအချို့ကိုလည်း မွေးထုတ်ပေးထားခဲ့သည်။ ဤဘဏ္ဍာရေးကုမ္ပဏီ၏ အနောက်ကွယ်တွင်မူ ယန်မြို့၏ အကြီးမားဆုံးသော အမှောင်လောက အင်အားစုကြီးတစ်ခုက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

"လူငယ်လေး... မင်း အကြောင်းစုံကို ကြားပြီးပြီဆိုတော့ ဒီကိစ္စထဲမှာ ဆက်ပြီး ပတ်သက်ချင်သေးတာလား။"

သက်ကြီးပိုင်း အမျိုးသားက နောက်ဆုံးတွင် ယဲ့ချန်အား ပြုံးပြလိုက်သည်။

"ဒါပေမဲ့ ငါ မင်းကို အကြံပေးပါရစေတကယ်လို့ မင်းက ဒီကိစ္စထဲ ဝင်ပါချင်တယ်ဆိုရင်တော့ မင်းမှာ ဘယ်လောက် အစွမ်းရှိလဲဆိုတာ အရင်ဆုံး တွေးကြည့်သင့်တယ်။ အမှားအယွင်း တစ်ခုခု ဖြစ်သွားရင် လူသေနိုင်တယ်နော်။"

စကားပြောနေစဉ်အတွင်း ထိုသက်ကြီးပိုင်း အမျိုးသား၏ အကြည့်များက ယဲ့ချန်ထံသို့ တည့်တည့် ကျရောက်နေခဲ့သည်။ ဒါက ဘယ်လို မျက်ဝန်းမျိုးလဲ။ မောက်မာလွန်းခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ ထက်မြက်ခြင်းနှင့် အေးစက်ခြင်းတို့ ပြည့်နှက်နေခဲ့သည်။

တကယ်လို့ ယခင်ကဆိုလျှင် ယဲ့ချန်သည် ထိုသို့သော လူကြီးလူကောင်းများ၏ ရှေ့တွင် ဒူးထောက်၍ တုန်ရင်နေမိမှာဖြစ်ပြီး သတိမထားမိပါက တစ်စစီ ကြေမွသွားနိုင်သည်။ သို့သော် ယခုအခါတွင်မူ သူ့တွင် စုန်းဂါထာများ ရှိသည်။ သရဲများ ရှိသည်။ ပြီးတော့ သူ အားကိုးရမည့် ကျွမ်းကျင်မှုအချို့လည်း ရှိနေပြီ အဆိုးဆုံးဖြစ်လာရင်တော့ ချကြတာပေါ့။

"အာ... ဒါက..."

ယဲ့ချန် သူ၏ ဆံပင်ကို ကုတ်လိုက်သည်။

"စကားကို ကောင်းကောင်းမွန်မွန် ပြောကြတာပေါ့ဗျာအမျိုးသမီးတစ်ယောက်ကို ဒီလိုမျိုး အနိုင်ကျင့်ဖို့ မလိုအပ်ပါဘူး။"

"ကောင်းတယ် တကယ့်ကို ကောင်းတယ်။ လူငယ်လေး... မင်းက အတော်လေး တည်ငြိမ်တာပဲ။ မင်းအရွယ်နဲ့ ငါ့ကို ဒီလိုမျိုး စကားပြောရဲတဲ့လူက တကယ့်ကို ရှားပါတယ်။"

သက်ကြီးပိုင်း အမျိုးသားက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ငါ မင်းကို မျက်နှာသာ အနည်းငယ် ပေးပါ့မယ်။ တို့တွေ အကြောင်းပြချက် ရှိရှိ စကားပြောကြတာပေါ့။ အကြွေးဆိုတာ ဆပ်ရမယ် ဒါက သဘာဝပဲလေ။ ဒါက နိယာမပဲ မဟုတ်လား။"

"ဒါကတော့ အမှန်ပါပဲ။"

ယဲ့ချန် ငြင်းပယ်ခြင်း မရှိချေ။

"အဖေဖြစ်သူရဲ့ အကြွေးကို သားသမီးက ဆပ်ရမယ်ဆိုတာ ရှေးခေတ်ကတည်းက ရှိခဲ့တာပဲ မဟုတ်လား။"

သက်ကြီးပိုင်း အမျိုးသားက ပြုံးလိုက်သည်။

"ဒါလည်း ပြဿနာမရှိပါဘူး။"

ယဲ့ချန် ခေါင်းညိတ်လိုက်သည်။

"သူမရဲ့ အဖေက ကုမ္ပဏီဆီကနေ ပိုက်ဆံအများကြီး ချေးသွားခဲ့တာ။ ဒါကြောင့် ငါ ဒီနေ့ ကိုယ်တိုင် လာဖြေရှင်းတာ။ သူမ ကုမ္ပဏီကို ပိုက်ဆံ ဘယ်လောက် ပြန်ဆပ်ရမယ်ဆိုတာ မင်း သိလား။"

သက်ကြီးပိုင်း အမျိုးသားက သူ၏ မျက်ဝန်းများကို အနည်းငယ် မှေးစမ်းလိုက်သည်။

"ကျွန်တော် မသိဘူး။"

ယဲ့ချန် ပခုံးတွန့်လိုက်ပြီး စန်းယွီအား လှမ်းကြည့်လိုက်သည်။

စန်းယွီလည်း ခေါင်းကို အူကြောင်ကြောင်ဖြင့် ခါယမ်းပြလိုက်သည်။

"သူတို့ ပြောတာကတော့ ကျွန်မ ယွမ် သန်းပေါင်းများစွာ ပြန်ဆပ်ရမယ်တဲ့... ကျွန်မမှာ အဲ့လောက် ပိုက်ဆံမရှိပါဘူး... မောင်လေး ယဲ့ချန် ထားလိုက်ပါတော့ဝင်မပါပါနဲ့တော့။ အဆိုးဆုံးဖြစ်လာရင်တော့..."

စန်းယွီ၏ မျက်ဝန်းထဲတွင် ရုတ်တရက် ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး သူမ တစ်စုံတစ်ခုသော ကြေကွဲဖွယ် ဆုံးဖြတ်ချက်ကို ချက်ချင်း ချမှတ်လိုက်သကဲ့သို့ပင်။

"အစ်မ စန်းယွီ... စိတ်မပူပါနဲ့ဦး။"

ယဲ့ချန်က သူမ၏ ပခုံးကို ကပျာကယာ ပုတ်၍ နှစ်သိမ့်လိုက်သည်။

"အဆင်ပြေပါတယ် ငါ အစ်မကို သေချာပေါက် ကူညီပေးမှာပါ ငါ ကတိပေးတယ်။"

စန်းယွီ ခဏမျှ ကြောင်အသွားရပြီး စိတ်ထဲမှနေ၍ ခေါင်းခါယမ်းမိသည်။ သို့သော် သူမ၏ ရင်ထဲတွင်မူ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း တစ်ခါမှ မခံစားဖူးခဲ့သော စကားလုံးဖြင့် ဖော်ပြ၍မရသည့် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

"နားထောင်စမ်း ငါတို့က လူမိုက်တွေ မဟုတ်ဘူးကုမ္ပဏီတစ်ခုအနေနဲ့ လုပ်ကိုင်နေတာ။ စာရင်းဇယား အားလုံးက ကြည်လင်ပြတ်သားပြီးသားပဲ။ အရင်းနဲ့ အတိုးပေါင်း ယွမ် ၅ သန်း။"

သက်ကြီးပိုင်း အမျိုးသားက မတ်တပ်ရပ်လိုက်ရာ ရုတ်တရက် ပြင်းထန်လွန်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သဖြင့် အခန်းထဲက လေထုပင် အေးခဲသွားသကဲ့သို့ ဖြစ်သွားရသည်။

"ပိုက်ဆံကို ဒီနေ့ သေချာပေါက် ဆပ်ရမယ်။ တကယ်လို့ ပိုက်ဆံမဆပ်နိုင်ရင်၊ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပြန်ဆပ်ရလိမ့်မယ်။"

သူသည် စန်းယွီအား တောခွေးတစ်ကောင်ကဲ့သို့ ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ် ကောက်ကြောင်းက ထိပ်တန်းပဲ။ မင်းရဲ့ ဒီအလှအပအတွက် ကုမ္ပဏီက မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ဒီည ကုမ္ပဏီရဲ့ Nightclubကို သွားပြီး မင်းရဲ့ ခန္ဓာကိုယ်ကို ရောင်းစားလိုက်စမ်းမင်း ရှာလို့ရတဲ့ ပိုက်ဆံ ယွမ် ၅ သန်း ပြည့်သွားတဲ့ အခါကျမှ ငါ မင်းကို လွတ်လပ်ခွင့် ပြန်ပေးမယ်။"

ခဏမျှ နားပြီးနောက် သူသည် ယဲ့ချန်အား ထပ်မံ စိုက်ကြည့်လိုက်ပြန်ရာ သူ၏ စကားသံထဲတွင် ဖိနှိပ်မှုများ ပြည့်နှက်နေခဲ့သည်။

"မင်း သူမကို ပိုက်ဆံဆပ်ပေးဖို့ ကူညီမလား၊ ဒါမှမဟုတ် ဒီကနေ ထွက်သွားမလား။ မင်း နားလည်လား။"

ထိုအခိုက်အတန့်တွင် စန်းယွီသည် ငိုယိုခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ မျက်နှာပေးမှာ တည်ငြိမ်သွားခဲ့သည်။ သူမသည် ထိုသက်ကြီးပိုင်း အမျိုးသားအား မကြောက်မရွံ့ဘဲ စိုက်ကြည့်လိုက်သည်။

"ကျွန်မမှာ ပိုက်ဆံမရှိဘူး၊ ပြီးတော့ ကျွန်မရဲ့ ခန္ဓာကိုယ်ကိုလည်း လုံးဝ ရောင်းစားမှာ မဟုတ်ဘူး။ ကျွန်မကို သတ်ချင်ရင် သတ်ပစ်လိုက်ကြ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ပင်ပန်းနေပြီ၊ ဆက်ပြီး မရှင်သန်ချင်တော့ဘူး သေချင်ပြီ။ ကျွန်မရဲ့ အသက်နဲ့ပဲ အကြွေးကို ဆပ်ပစ်လိုက်မယ်။"

"အစ်မ စန်းယွီ... အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့ ဒါက မတန်ပါဘူး။"

ယဲ့ချန်က စန်းယွီ၏ ပခုံးကို အေးဆေးစွာ ပုတ်ပေးလိုက်သည်။

"ဒီနေ့ မင်းကို ဆပ်စရာ ပိုက်ဆံလည်း မရှိဘူး ပြီးတော့ ငါလည်း ဒီကနေ လုံးဝ ထွက်မသွားဘူး။"

ယဲ့ချန်က ရုတ်တရက် ခေါင်းခါယမ်းလိုက်ပြီး ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

"မင်းတို့တွေလည်း အများကြီး မောက်မာမနေပါနဲ့။ အတိုးကြီးစားတဲ့ လုပ်ငန်းက အစကတည်းက တရားမဝင်တာလေ။ ဒီအလုပ်ကြောင့် လူဘယ်လောက်အများကြီး ပျက်စီးခဲ့ရလဲ မိသားစုတွေ ကွဲကွာခဲ့ရလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒီလိုမျိုး မသန့်ရှင်းတဲ့ ပိုက်ဆံတွေကို ရှာဖွေနေတာဆိုတော့ မင်းတို့တွေ အေးအေးဆေးဆေးပဲ နေသင့်တယ်။ ဒီလောကကြီးထဲမှာ မင်းတို့တွေ လုံးဝ သွားပြီး ပြဿနာမရှာရဲတဲ့ လူတွေအများကြီး ရှိသေးတယ်ဆိုတာ မှတ်ထားလိုက်။"

ယဲ့ချန်၏ စကားများကို ကြားသောအခါ စန်းယွီ အနည်းငယ် ကြောင်အသွားရသည်။

ဘာဖြစ်သွားတာလဲ ဒီနေ့ရဲ့ မောင်လေး ယဲ့ချန်က အရင်တုန်းက ပုံစံနဲ့ လုံးဝ မတူတော့သလိုပဲ။

"အော်..."

သက်ကြီးပိုင်း အမျိုးသားသည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး သူ၏ မျက်ကွင်း ကြွက်သားများမှာ အကြိမ်အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသည် သူ၏ ရှေ့၌ရှိသော အန္တရာယ်မရှိပုံရသည့် ဤလူငယ်လေးမှာ တစ်စက္ကန့်အတွင်း၌ သူ လုံးဝ ခန့်မှန်း၍မရနိုင်လောက်သည့် အခြေအနေမျိုး ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

ခဏမျှ နားပြီးနောက် သက်ကြီးပိုင်း အမျိုးသားသည် သူ၏ အနောက်က လူမိုက်ကြီးနှစ်ဦးအား အမိန့်ပေးလိုက်သည်။

"အတူတူသွားပြီး အဲ့ဒီကောင်စုတ်လေးကို အရင်ဆုံး အပြင်ကို လွှင့်ပစ်လိုက်ကြစမ်း။ သတိထားဦးနော် အဲ့ဒီကောင်က နည်းနည်း ထူးဆန်းတယ်။"

All Chapters