← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄ - တံခါးကို ပြန်ခေါက်နေပြန်ပြီ။

"ဟင်..."

ရှယန်နန်မိမိထံ လွှဲပေးလိုက်သော ယွမ် ၅,၀၀၀ အား ကြည့်ရင်း ယဲ့ချန် အနည်းငယ် ကြောင်အသွားရသည်။

တကယ်ကြီးလား။ စကားမပြောရသေးခင် ပိုက်ဆံအရင်လွှဲတယ် ဟုတ်လား။ ဒါက ဘယ်လို အကွက်မျိုးလဲ။

ပုံမှန်ဆိုရင်တော့ လူယုတ်မာတစ်ယောက်ရဲ့ အနင်းခံလိုက်ရလို့ ဝမ်းနည်းစရာ ပုံပြင်လေးတစ်ပတ်ရိုက် ပြီးမှ လက်ဖက်စိုက်ခင်းထဲကနေ ဗီဒီယိုတိုလေးတွေ ပို့ပြီး အဖိုးဖြစ်သူရဲ့ လက်ဖက်ခြောက်လုပ်ငန်းအကြောင်း စကားပလ္လင်ခံရမှာ မဟုတ်ဘူးလား။

ကြည့်ရတာ ဒီအမျိုးသမီးက ပိုက်ဆံကို ရေလိုသုံးနိုင်တဲ့ပုံပဲ။ အိမ်မှာ ရွှေတွင်း ငွေတွင်းများ ရှိနေတာလား။

သို့သော် ယဲ့ချန် လောလောဆယ်တွင် ထိုပိုက်ဆံကို လက်မခံသေးချေ။ သူသည် ယခုအချိန်တွင် ဆရာကြီးတစ်ဦးအဖြစ် ဟန်ပန်ထုတ်နေခြင်းဖြစ်ရာပညာရှင်တစ်ဦး၏ သိက္ခာကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ ပိုက်ဆံမြင်တာနဲ့ မျက်လုံးအဝိုင်းသားဖြစ်သွားရင် ကြည့်ရတာ သိက္ခာမရှိလှချေ။ အဲ့ဒါက အောက်တန်းစား အောက်လမ်းဆရာတွေနဲ့ လိမ်လည်လှည့်ဖြားသူတွေပဲ လုပ်တဲ့ အလုပ်မျိုး ဖြစ်သည်။

၎င်းအပြင် ယဲ့ချန်တွင် ယခုအချိန်၌ ပိုက်ဆံလည်း မရှားပါးချေ။

"ဒီလိုလုပ်တာ ဘာအဓိပ္ပာယ်လဲ။ မင်းက ငါ့ရဲ့ သိက္ခာကို စော်ကားနေတာလား။"

"တောင်းပန်ပါတယ် ဆရာကြီး။ ကျွန်မ အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူးရှင့်။ ဒါက ကျွန်မရဲ့ ရိုးသားတဲ့ စေတနာ အနည်းငယ်မျှသာ ဖြစ်ပါတယ်။ ဆရာကြီးအနေနဲ့ သဘောထားကြီးစွာနဲ့ လက်ခံပေးဖို့ မျှော်လင့်ပါတယ်ရှင့်။"

ရှယန်နန်နှင့် WeChat တွင် စကားပြောရသည်မှာ တကယ်တော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ သူမသည် ယဲ့ချန်၏ ဟန်ပန်ထုတ်လိုသော စိတ်ဆန္ဒကိုကောင်းကောင်းကြီး ဖြည့်ဆည်းပေးနေသည် မဟုတ်ပါလား။

"မင်း သရဲနဲ့ ကြုံတွေ့နေရတာလား။"

"ဟုတ်မယ် ထင်ပါတယ်ရှင့်။ ဒါပေမဲ့ ကျွန်မရဲ့ အလုပ်အကိုင်ကြောင့် ဒါကို အပြင်မှာ အများသိအောင် မပြောရဲပါဘူး။ လုပ်ငန်းခွင်ထဲမှာ လှောင်စရာ ဖြစ်သွားမှာလည်း စိုးရိမ်မိသလို တကယ်လို့ ဒီကိစ္စက အကြီးအကျယ် ဖြစ်သွားရင် ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေကိုပါ ထိခိုက်နိုင်လို့ပါရှင့်။ ဆရာကြီးရယ်... ကျွန်မကို သေချာပေါက် ကူညီပေးပါဦးနော်။"

【စိတ်ပိုင်းဆိုင်ရာ ဖြစ်ရပ်အထွေထွေ မှတ်တမ်း】 ကို ရရှိထားပြီးနောက်တွင် ယဲ့ချန်၏ သရဲတစ္ဆေ နတ်ဘုရားများအပေါ် သိနားလည်မှုမှာ အလွန်ပင် နက်ရှိုင်းလှသည်ဟု ဆိုရမည်။ သူက ချက်ချင်းပင် အတွေးတစ်ချက် လှည့်လိုက်ပြီး မေးလိုက်သည်။

"မကြာသေးမီက နင် ခဏခဏ ချမ်းသလို ခံစားရပြီး အအေးမိတာ ဒါမှမဟုတ် ဖျားနာတာမျိုး မရှိဘဲနဲ့ နှာချေနေတတ်လား။ ပြီးတော့ တစ်ခါတလေကျရင် ခန္ဓာကိုယ်ထဲကို အေးစက်တဲ့ လေအေးတစ်ခု ဖြတ်သန်းသွားသလိုမျိုး ခံစားရပြီး နင့်ရဲ့ တင်ပါးပိုင်း မှာ ရုတ်တရက် တင်းခနဲ ဖြစ်သွားတတ်လား။ အလုပ်ခွင်နဲ့ လူမှုဘဝထဲမှာလည်း အသေးအဖွဲ ကိစ္စလေးတွေနဲ့ သူတပါးကို အကြောင်းမဲ့ ဒေါသထွက် ရန်ဖြစ်မိပြီး ပြီးသွားတဲ့အခါကျမှ ကိုယ့်ကိုယ်ကိုယ် ဘာလို့ အဲ့လို ဖြစ်သွားလဲဆိုတာ တွေးလို့မရဘဲ ဝေဝေဝါးဝါး ဖြစ်နေတတ်လား။"

ရှယန်နန်၏ ပြိုင်ဘက်ကင်းပြီး မည်သူမျှ မချဉ်းကပ်ရဲသော မျက်နှာလှလှလေးထက်တွင် တစ်ခါမှ မဖြစ်ဖူးသေးသည့် ရှက်သွေးဖြာမှုများ ယှက်သန်းသွားရသည်။

ဘုရားရေ... သူမက ရေခဲတုံးစီးပွားရေး ဘုရင်မ ရှယန်နန် လေ ယန်မြို့ ရဲ့ အထက်တန်းလွှာ လောကထဲက နတ်သမီးတစ်ပါး မည်သည့်အမျိုးသားက သူမကို ဤကဲ့သို့သော စကားလုံးမျိုးဖြင့် ပြောဆိုဖူးသနည်း။

သို့သော် သူမ လုံးဝ ဒေါသ မထွက်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ယဲ့ချန်၏ စကားများမှာ ကွက်တိ မှန်ကန်နေသောကြောင့် ဖြစ်သည်။ ဒေါသထွက်ဖို့ နေနေသာသာ သူမ ယဲ့ချန်အား ပို၍ပင် ကြည်ညိုလေးစား သွားမိတော့သည်။

"ဟုတ်ပါတယ် ဆရာကြီး ကွက်တိပါပဲ ဆရာကြီးက တကယ့် ပညာရှင်ကြီးပဲ။ ဒါကို ဘယ်လိုလုပ် သိတာလဲရှင့်။ တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ။"

"အင်း... ချမ်းသလို ခံစားရတာ အကြောင်းမဲ့ နှာချေတာ လေအေး ဖြတ်သန်းသွားတာနဲ့ ဖင်ပိုင်း တင်းသွားတာတွေက မင်းဆီကို ယင်စွမ်းအင် လေညင်း ဝင်ရောက်နေလို့ပဲ။ မင်းရဲ့ စိတ်ဆိုးဒေါသထွက်လွယ်တဲ့ စရိုက်ကတော့ သရဲတစ္ဆေတွေက လူသားတွေရဲ့ စိတ်ခံစားချက် အပျက်သဘောဆောင်တာတွေကို ဆွပေးနိုင်လို့ပဲ ဖြစ်တယ်။ ကြည့်ရတာ မင်း တကယ့်ကို မစင်ကြယ်တဲ့ အရာတစ်ခုခုနဲ့ ငြိစွန်းနေပြီပဲ။"

ယဲ့ချန်သည် ရှယန်နန်အား တမင် စနောက်နေခြင်း မဟုတ်ဘဲသူမအတွက် ပြဿနာကို အလေးအနက် ခွဲခြမ်းစိတ်ဖြာပေးနေခြင်း ဖြစ်သည်။ ထိုအချိန်တွင် ရှယန်နန်သည် ဆိုဖာပေါ်တွင် တစ်ကိုယ်လုံး ကွေးကွေးလေး ထိုင်နေမိပြီး၊ သူမ၏ မျက်နှာထက်ရှိ ကြောက်ရွံ့မှုများက ပိုမို ပြင်းထန်လာခဲ့သည်။

တစ်စုံတစ်ခုက ရုတ်တရက် အတင်းဝင်ရောက်လာမည်ကို စိုးရိမ်နေသကဲ့သို့ ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက်တစ်ချက် လှမ်းကြည့်နေမိသည်။

"ဒါပေမဲ့ ပြန်တွေးကြည့်ရင်... မင်းက သရဲနဲ့ ကြုံနေရမှန်း ဘယ်လိုလုပ် သိတာလဲ။ နင့်မှာ သရဲမြင်ကွင်းရှိလို့လား။"

ယဲ့ချန်က စာပို့၍ မေးလိုက်သည်။

"မဟုတ်ပါဘူး ဆရာကြီးရှင့် ကျွန်မ ပြောပြတာကို နားထောင်ပါဦး။ ဒီလလဆန်းကတည်းက တစ်ခုခု မှားယွင်းနေတယ်လို့ ကျွန်မ ခံစားခဲ့ရတာပါ။ ညဘက် လမ်းလျှောက်တဲ့အခါ ကျောပြင်မှာ အေးစက်စက်နဲ့ တစ်စုံတစ်ယောက်က ကျွန်မရဲ့ ကျောချင်းကပ် မတ်တပ်ရပ်နေသလိုမျိုး ခံစားချက်ကို ရုတ်တရက် ခံစားရတတ်ပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်း ညသန်းခေါင်ကျော်တွေမှာ တံခါးကို လာလာခေါက်တဲ့ အသံတွေကို ခဏခဏ ကြားနေရပါတယ်ရှင့်။ ကျွန်မ ချက်ချင်း ကင်မရာ တွေကို စစ်ဆေးကြည့်ပေမဲ့ တံခါးအပြင်ဘက်မှာ ဘယ်သူမှ ရှိမနေပါဘူး... ဆရာကြီးရယ်၊ ကျွန်မကို သေချာပေါက် ကူညီပေးပါဦးနော်။"

သရဲတံခါးခေါက်တာ ဟုတ်လား။

ယဲ့ချန် စဉ်းစားလိုက်သည်။

'တကယ်ကြီးလား။ ဒီရှယန်နန်က တကယ်ပဲ သရဲနဲ့ ကြုံနေရတာလား။ သူမ ပြောပြတဲ့ လက္ခဏာတွေ အားလုံးကို ခြုံငုံကြည့်ရင်တော့ တကယ်ကြီး ဖြစ်နိုင်ခြေ ရှိတယ်။'

"ဆရာကြီးရှင့်... ဆရာကြီးရယ်... (သနားကယား မျက်နှာပေး အီမိုဂျီအချို့၊ ငိုနေတဲ့ အီမိုဂျီအချို့)"

ကြည့်ရတာ ဒီမိန်းကလေးက တကယ့်ကို ချစ်ဖို့ကောင်းတာပဲ။

လှပပြီး ချစ်စနိုး နေတတ်ကာ၊ လက်ဖက်ခြောက်လည်း လာမရောင်းသလို၊ တွေ့တွေ့ချင်း ပိုက်ဆံတန်းလွှဲတဲ့ မိန်းကလေးတစ်ယောက်ကို ကူညီပေးဖို့ ယဲ့ချန်အနေနဲ့ ငြင်းပယ်စရာ အကြောင်းမရှိချေ။ ၎င်းအပြင် ယဲ့ချန်သည် ယခုအခါတွင် သရဲတစ္ဆေများကို လုံးဝ မကြောက်တော့ချေ။ မကြောက်ရုံတင်မကဘဲ သူသည် အကျိုးကျေးဇူး ခံစားခွင့် ရရှိထားသူ ဖြစ်သည်။

Huidong Grand Hotelတုန်းကလည်း အမျိုးသမီးသရဲကို ဝင်္ကပါထဲကနေ လွှတ်ပေးပြီး ကျွတ်လွတ်အောင် လုပ်ပေးလိုက်ရုံနဲ့တင်ဂိမ်းထဲမှာ ဘော့စ် သတ်လိုက်ရသလို ဆုလာဘ်တွေ အများကြီး ထွက်ကျလာခဲ့သည် မဟုတ်ပါလား။

တကယ်လို့ သူသာ ရှယန်နန်ကို သရဲနှင်ထုတ်ဖို့ ကူညီပေးနိုင်ရင် ဆုလာဘ်တွေ အများကြီးနဲ့ အကြီးအကျယ် မြတ်ဦးမှာ သေချာသည်။

"မကြောက်ပါနဲ့။ သရဲတွေက မင်းထင်သလောက် မကြောက်ဖို့ မကောင်းပါဘူး။ သာမန် သရဲအသေးအဖွဲလေးတွေက တကယ်တော့ လူကို ပိုကြောက်ကြတာပါ။ သူတို့က လူကို အန္တရာယ်ပြုဖို့ အလွန် ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ လူသားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ မီးတောက်သုံးခု ရှိလို့ပဲ။ အထူးသဖြင့် ယန်စွမ်းအင် အားကောင်းတဲ့သူတွေဆိုရင် အဲ့ဒီ မီးတောက်သုံးခုက တောက်လောင်နေတာမို့ သာမန် သရဲလေးတွေက အဝေးကနေ ရှောင်ကွင်းသွားကြရတယ်။ မင်းပြောပြတဲ့ အခြေအနေအရဆိုရင် အဲ့ဒီသရဲက နင့်ကို နှောင့်ယှက်နေတာ ရိုးရိုးလေးပဲ အမွှေးတိုင်နဲ့ စက္ကူပိုက်ဆံ တောင်းချင်လို့ ဖြစ်နိုင်သလို ဒါမှမဟုတ် သူ့ရဲ့ ကျင့်ကြံမှု အဆင့်အတန်းက အလွန် နိမ့်ပါးလွန်းလို့ ဖြစ်လိမ့်မယ်။"

ယဲ့ချန်က သူမအား နှစ်သိမ့်ပေးလိုက်သည်။

ယဲ့ချန် ထိုသို့ ပြောသည်ကို ကြားမှ ရှယန်နန် သက်ပြင်းချနိုင်သွားသော်လည်း ကြောက်စိတ်ကတော့ ရှိနေဆဲပင်။

"ဆရာကြီးရှင့်... ကျွန်မ ဒီညလည်း တံခါးလာခေါက်မှာကို ကြောက်နေမိတယ်။ အခုဆို စိတ်တွေပါ ပျက်စီးတော့မလို ဖြစ်နေပါပြီ။"

"ဘာကို ကြောက်နေတာလဲ။ သရဲတွေကလည်း လူမိုက်တွေကို ကြောက်တတ်ကြတာပဲ။ဒါ့အပြင် ငါ ဒီမှာ ရှိနေတာပဲ မင်းဘာမှမဖြစ်စေရဘူးလို့ ငါ အာမခံတယ်။ တကယ်လို့ အဲ့ဒီလောက်တောင် ကြောက်နေတယ်ဆိုရင်တော့ ဒီလိုလုပ်မင်း အိမ်က မီးတွေအားလုံးကို လင်းနေအောင် ဖွင့်ထားလိုက်။"

"ဆရာကြီးရှင့်... မြေအောက်ခန်းအပါအဝင် မီးတွေအကုန်လုံး ဖွင့်ထားပါတယ်ရှင့်။ ကျွန်မ မီးပိတ်ပြီး မအိပ်ရဲလို့ပါ။"

"အင်း... ပြီးတော့ ညသန်းခေါင်ယံမှာ အဝတ်အစားတွေကို အပြင်မှာ သွားမလှန်းပါနဲ့။ ဝိညာဉ်တွေက စိုစွတ်တဲ့ အဝတ်အစားတွေမှာ ကပ်တွယ်ရတာကို သဘောကျတတ်ကြတယ်။"

"မလှန်းပါဘူးရှင့်။"

"မင်းဆီမှာ ခြေအိတ်အနီရောင် ရှိလား။ ရှိရင် အခုချက်ချင်း ခြေအိတ်အနီ အလွှာအနည်းငယ်ကို ဝတ်ဆင်ထားလိုက်။ လူတစ်ယောက်ရဲ့ အခြေခံ အမြစ်တွယ်မှုက ခြေဖဝါးကနေ စတာဖြစ်ပြီး အဲ့ဒီအထဲမှာ ဝိညာဉ်လည်း အပါအဝင်ပဲ။ ခြေဖဝါးက မြေပြင်နဲ့ ထိတွေ့နေတာမို့ သရဲက နင့်ကို ပူးကပ်ချင်ရင် ခြေဖဝါးကနေပဲ အဓိက စတင်လေ့ရှိတယ်။ တကယ်လို့ မင်း ခြေအိတ်အနီကို ထပ်ပြီး ဝတ်ထားမယ်ဆိုရင်တော့ ဘေးအန္တရာယ်တွေကို ကာကွယ်ပေးနိုင်လိမ့်မယ်။"

"အော်... ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်မ အခုချက်ချင်း သွားဝတ်လိုက်ပါ့မယ်။"

ယခုအချိန်တွင် စီးပွားရေးလောက၌ လှပခြင်း၊ တည်ငြိမ်ခြင်း၊ ဉာဏ်ပညာရှိခြင်းနှင့် အေးစက်ခြင်းဂုဏ်ပုဒ်များဖြင့် ပြည့်နှက်နေသော အမျိုးသမီးကြီးသည် ယဲ့ချန် ပြောသမျှ စကားတိုင်းကို ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ လိုက်နာလုပ်ဆောင်နေခဲ့ရသည်။ ဒါကိုပဲ ဘူးသီးနဲ့ ငပိ၊ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဟု ခေါ်ဆိုရမည်လား မသိချေ။

မကြာမီမှာပင် ရှယန်နန်သည် သူမ၏ ဗီရိုထဲမှ ဆောင်းရာသီဝတ် ခြေအိတ်အနီ ထူထူအချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ကို သူမ၏ ခြေထောက်တွင် ထပ်ကာထပ်ကာ ဝတ်ဆင်လိုက်တော့သည်။ ဤကဲ့သို့ ပူအိုက်သော ရာသီဥတုတွင် ၎င်းက အတော်လေး နေရထိုင်ရ ခက်ခဲလှပေသည်။

သို့သော် ခြေအိတ်များကို ဝတ်ဆင်ပြီးနောက်တွင် စိတ်ကူးကြောင့်လား မသိဘဲ သူမ တကယ်ပဲ စိတ်သက်သာရာ ရသွားခဲ့ပြီး အရင်လောက် မကြောက်တော့ချေ။

"မင်းအိမ်မှာ ပဲပိစပ်နဲ့ ကြက်သွေးရှိလား။"

ယဲ့ချန်က စာပို့မေးလိုက်သည်။

"မရှိပါဘူးရှင့်။"

"ပဲပိစပ်က မကောင်းတဲ့ စွမ်းအင်တွေကို ဖယ်ရှားပေးနိုင်ပြီး ဘေးအန္တရာယ်ကို ကာကွယ်ပေးနိုင်တယ်။ ကြက်သွေးအကြောင်းကတော့ ငါ အထူး ရှင်းပြနေစရာ မလိုတော့ဘူး ထင်တယ်။"

"ကောင်းပါပြီ ဆရာကြီး၊ မနက်ဖြန်ကျရင် ပဲပိစပ်အချို့နဲ့ ကြက်သွေးကို သွားဝယ်လိုက်ပါ့မယ်ရှင့်။"

ဤကဲ့သို့ပင် ယဲ့ချန်သည် ရှယန်နန်နှင့် WeChat တွင် အပြန်အလှန် စကားပြောဆိုနေခဲ့ကြသည်။ ၎င်းက တကယ့်ကို စိတ်ဝင်စားစရာကောင်းပြီး ပျင်းစရာ လုံးဝ မရှိချေ။ သူ အချိန်ကို စစ်ဆေးလိုက်ရာ ညသန်းခေါင်ယံသို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ယဲ့ချန် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး ချက်ချင်းပင် စာပို့လိုက်သည်။

"မင်းရဲ့ Period က ပုံမှန်ဆိုရင် ဘယ်အချိန်မှာ လာတတ်လဲ။"

"အာ..."

ရှယန်နန် မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။ သူမ၏ Period အကြောင်း ဟုတ်လား။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။ မည်သည့်အမျိုးသားကမျှ သူမအား ဤကဲ့သို့သော ပုဂ္ဂလိက ကိစ္စရပ်များကို မမေးမြန်းဖူးချေ။ အထူးသဖြင့် ယောက်ျားတစ်ယောက်ကပေါ့။

သို့သော် ရှယန်နန်သည် ဆရာကြီးအား အလွန်အမင်း ယုံကြည်ဆဲပင် ဖြစ်သည်။ ဆရာကြီးသည် ကာမရူးတစ်ယောက် မဟုတ်ကြောင်းနှင့် ၎င်းကို မေးမြန်းရခြင်း၌ အကြောင်းပြချက် တစ်ခုခု ရှိရမည်ဖြစ်ကြောင်း သူမ သိရှိနေခဲ့သည်။

"ဆရာကြီးရှင့်... ကျွန်မ... ကျွန်မရဲ့ Periodက ဒီနေ့ပဲ စပြီး လာတာပါရှင့်... (ရှက်နေတဲ့ အီမိုဂျီအချို့၊ ရယ်ရမလို ငိုရမလို မျက်နှာပေး အီမိုဂျီအချို့)"

"ဟင်..."

ယဲ့ချန် ကုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်မိပြီး သူ၏ မျက်နှာပေးက အနည်းငယ် တည်တံ့သွားခဲ့သည်။

"သူမရဲ့ Period စတင်လာတဲ့ ပထမဆုံးနေ့က ဒီလအတွင်းမှာ သူမရဲ့ ယန်စွမ်းအင် အားအနည်းဆုံးဖြစ်ပြီး ယင်စွမ်းအင အားအကောင်းဆုံး နေ့ပဲ။ တကယ်လို့ သရဲက ရှယန်နန်ကို အန္တရာယ်ပြုချင်တယ်ဆိုရင် ဒီနေ့ကိုပဲ ရွေးချယ်လိမ့်မယ်။"

ယဲ့ချန် လျင်မြန်စွာပင် စာပြန်လိုက်သည်။

"အခုချက်ချင်း မင်းရဲ့ ပိုက်ဆံအိတ်ကို ဖွင့်ပြီး အကြွေစေ့တွေကို ရေတွက်ကြည့်စမ်း။ နောက်ဆုံး ဂဏန်းက ၇ ဖြစ်နေလား..."

ရှယန်နန် ဆိုဖာပေါ်ရှိ Hermès အမျိုးသမီးသုံး ပိုက်ဆံအိတ်ကို ကပျာကယာ ကောက်ကိုင်လိုက်ပြီး ပိုက်ဆံအားလုံးကို ထုတ်ယူကာ သုံးကြိမ်တိုင်တိုင် သေသေချာချာ ရေတွက်လိုက်သည်။

"ဆရာကြီးရှင့် တကယ့်ကို အံ့ဩဖို့ကောင်းလိုက်တာ ဆရာကြီးက နတ်ဘုရားတစ်ပါးလို အရာအားလုံးကို ကြိုသိနေတာပဲ! ကျွန်မရဲ့ ပိုက်ဆံအိတ်ထဲမှာ စုစုပေါင်း ၂၅၆၇ ယွမ် ရှိနေပြီး နောက်ဆုံး ဂဏန်းက တကယ်ပဲ ၇ ဖြစ်နေပါတယ်ရှင့်။"

ယဲ့ချန် ကုတင်ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်တော့သည်။

"သွားပြီ... ၇ ဆိုတာက စိတ်ပိုင်းဆိုင်ရာ ဂဏန်းတစ်ခုပဲ ပြီးတော့ မင်းရဲ့ ပိုက်ဆံအကြွေ နောက်ဆုံးဂဏန်းကလည်း ၇ ဖြစ်နေပြန်တယ်... ဒါက ကံမကောင်းတဲ့ လက္ခဏာပဲ။"

"နေဦး... ရှယန်နန် ငါပြောတာကို သေသေချာချာ နားထောင်။ နောက်ပိုင်းကျရင် အဲ့ဒီသရဲက မင်းတံခါးကို ပြန်လာခေါက်လိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်။ မင်းလုံးဝ လုံးဝ စိတ်မလှုပ်ရှားပါနဲ့၊ ပြီးတော့ ပိုပြီးတော့တောင် မကြောက်ပါနဲ့ဦး။မင်း ဘယ်နားမှာ နေတာလဲ။"

ယဲ့ချန်က လိပ်စာကို အသည်းအသန် စာပို့မေးလိုက်သည်။ ယဲ့ချန် ထိုသို့ ပြောသည်ကို မြင်သောအခါ ရှယန်နန်၏ ရင်ဘတ်တစ်ခုလုံး ဒိန်းခနဲ ဖြစ်သွားရပြီး ကပျာကယာပင် ပြန်လည် ဖြေကြားလိုက်သည်။

"ဆရာကြီးရှင့်... ကျွန်မ NH ရပ်ကွက်မှာ နေတာပါရှင့်။"

NH ရပ်ကွက် ဟုတ်လား။ ယဲ့ချန် ရင်ထဲ၌မလွယ်တော့ဘူး ဟု အော်ဟစ်လိုက်မိသည်။ သူ နေထိုင်သည်က DA ရပ်ကွက် ဖြစ်ပြီး NH ရပ်ကွက်နှင့် ဆိုလျှင် ကီလိုမီတာ ဆယ်ဂဏန်းမက ကွာဝေးလှပေသည်။ ကားလမ်း မပိတ်လျှင်ပင် မောင်းနှင်ပါက ၄၀ မိနစ်ခန့် ကြာမြင့်မည် ဖြစ်သည်။

ထိုအချိန်တွင် ညသန်းခေါင်ယံ အချိန်သို့ ကွက်တိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ရုတ်တရက် ရှယန်နန်သည် ဗီလာအိမ်ကြီး၏ အပြင်ဘက် အရပ်မျက်နှာ အသီးသီးမှနေ၍ လေအေး အလွန်ပြင်းထန်စွာ တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

ဝူး ဝူး ဝူး ဝူး ဝူး ဝူး ဝူး

ဗီလာတစ်ခုလုံး၏ အပူချိန်မှာ ချက်ချင်းပင် ထိုးကျသွားခဲ့ရသည်။ မကြာမီမှာပင် ဗီလာအိမ်ကြီးမှာ ရေခဲတိုက်တစ်ခုကဲ့သို့ အေးစက်သွားခဲ့ရသည်။ ၎င်းအပြင် ယင်စွမ်းအင်များမှာ မြူခိုးများကဲ့သို့ ဗီလာအိမ်အတွင်းသို့ တိုးဝင်လာခဲ့ပြီး နေရာအနှံ့အပြားသို့ ပျံ့နှံ့ကာ လွင့်မျောနေခဲ့ရာ မြင်ကွင်းမှာ အလွန် မှုန်ဝါးသွားခဲ့ရသည်။

"အားးးး"

ရှယန်နန် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်မိသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ လက်ထဲတွင် ဖုန်းကို ကိုင်ထားဆဲဖြစ်၍ ယဲ့ချန်ထံသို့ WeChat မှတစ်ဆင့် လျင်မြန်စွာ စာရိုက်၍ ပေးပို့လိုက်သည်။

ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း

လေးလံပြီး ဖိနှိပ် ချောက်ချားဖွယ်ကောင်းသော တံခါးခေါက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်!

"ဆရာကြီးရှင့်... ကျွန်မ အရမ်းချမ်းနေပါပြီ သူ... သူ တံခါးကို ပြန်လာခေါက်နေပြန်ပြီရှင့်... ကယ်ပါဦး..."

All Chapters