← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆ - ကြေးစားစစ်သည်တွေမှာ ခံစားချက်မရှိဘူး။

"လခွမ်းပဲ... ကြည့်ရတာ ရှယန်နန်က ဆိုရှယ်လစ်စနစ်ရဲ့ အနှစ်သာရတန်ဖိုးတွေကို တကယ့်ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားတာပဲ။"

ယဲ့ချန်သည် ရှယန်နန်၏ အော်ဟစ်သံကို ကြားပြီးနောက် သူ၏ဖုန်းကို ကိုင်ရင်း ဆွံ့အသွားခဲ့ရသည်။ ရှယန်နန်၏ ဗီလာအိမ်ကြီးအတွင်း၌မူ သူမသည် ၂၄ လုံးပါသော ဆောင်ပုဒ်မန္တန်ကို အော်ဟစ်ကာ ပြည်သူ့ငွေစက္ကူများကို ပစ်ပေါက်လိုက်ပြီးနောက်သူမ၏အရှေ့ မလှမ်းမကမ်းတွင် အသံတစ်ချက်နှင့်အတူ စူးရှသောအနံ့ဆိုးများ ထွက်ပေါ်နေသည့် စိမ်းဖျော့ဖျော့ မီးခိုးငွေ့တစ်ချက် ထွက်ပေါ်လာခဲ့သည်။

နောက်တစ်စက္ကန့်တွင်မူ ဗီလာအိမ်အတွင်း ငြိမ်းသတ်သွားခဲ့သော မီးများအားလုံး ချက်ချင်း ပြန်လည်လင်းထိန်လာခဲ့တော့သည်။ အရိုးကွဲမတတ် အေးစက်နေသော အပူချိန်မှာလည်း လျင်မြန်စွာပင် ပြန်လည်မြင့်တက်လာခဲ့သည်။ မကြာမီမှာပဲ နွေရာသီညဉ့်ဦး၏ ပူအိုက်စွတ်စိုသော လေထုက ဗီလာအိမ်ကြီး၏ နေရာအနှံ့အပြားသို့ ပြန်လည်လွှမ်းမိုးသွားခဲ့သည်။ယ

ရှယန်နန်၏ တင်းမာနေသော အာရုံကြောများမှာ နောက်ဆုံး၌ လုံးဝ လျော့ပါးသက်သာသွားခဲ့ရပြီ ဖြစ်သည်။ ထို့နောက်တွင်မူ သူမ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းဆဲလ်တိုင်း၌ ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်လာခဲ့ရသည့် ခံစားချက်နှင့်အတူ ယဲ့ချန်အပေါ် စကားလုံးဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြည်ညိုခြင်း၊ ယုံကြည်ခြင်း၊ လေးစားခြင်းနှင့် ကျေးဇူးတင်ခြင်း ခံစားချက်များက တရိပ်ရိပ် တိုးပွားလာခဲ့တော့သည်။

"ဟူး ငါမသေဘူးပဲ အသက်ရှင်နေရတာ ကောင်းလိုက်တာ။"

ရှယန်နန်သည် လူ့လောကကြီး၏ လေထုကို အငမ်းမရ ရှူသွင်းလိုက်မိရင်း ၎င်း၏အသံများမှာ တုန်ရင်နေခဲ့သည်။

"ဆရာကြီး အဲ့ဒီသရဲက ကျွန်မ မောင်းထုတ်လိုက်လို့ ထွက်ပြေးသွားပြီ ထင်တယ်ရှင့်။ ဆရာကြီးက... ဆရာကြီးက တကယ်ပဲ ယန်နန်ကို အသက်သခင် ဘဝသစ်တစ်ခု ပေးလိုက်တာပါပဲရှင့် ဒီနေ့သာ ဆရာကြီး မရှိရင် ယန်နန် သေချာပေါက် သေရမှာပါ။"

ရှယန်နန် ထိုသို့ ပြောသည်ကို ကြားမှ ယဲ့ချန် အရာအားလုံး အဆင်ပြေသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ တစ်ကိုယ်လုံး လျော့ချလိုက်ကာ ကုတင်ပေါ်တွင် ပြန်လည်လဲလျောင်းရင်း နဖူးထက်က ချွေးစေးများကို သုတ်လိုက်တော့သည်။ တကယ့်ကို သီသီလေး ကပ်လွတ်ခဲ့ခြင်း ဖြစ်သည်။

'တောက်... ငါက တကယ်ကို အံ့ဩစရာကောင်းတာပဲ ဖုန်းပြောနေရုံတင်နဲ့ သူတပါးကို သရဲနှင်ထုတ်ဖို့ ကူညီပေးနိုင်တယ်... ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ပြီး ကြည်ညိုလာမိပြီ။'

ယဲ့ချန် ရုတ်တရက် ဂုဏ်ယူဝင့်ကြွားစိတ်များ ဝင်လာခဲ့သည်။

တီ...တာဝန်ကို အောင်မြင်စွာ ပြီးဆုံးခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်။ 【ကိုရှယန်နန်အား သရဲနှင်ထုတ်ရန် ကူညီပေးပါ】

မကောင်းမှုချေမှုန်းရေး အင်းပြား အချပ် ၂၀ ရရှိပြီး စနစ်၏ သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။ သရဲဖော်ထုတ်ခြင်း အင်းပြား အချပ် ၂၀ ရရှိပြီး စနစ်၏ သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။ ဝိညာဉ်ဆက်သွယ်ရေး မီးအိမ် တစ်လုံး ရရှိပြီး စနစ်၏ သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။ စနစ်ပြုပြင်ရေး စွမ်းအင် ၀.၂ ရရှိပါသည်။ စနစ်ပြုပြင်မှု ပြီးစီးမှုနှုန်း ၁.၂% ဖြစ်ပါသည်။

ယဲ့ချန် ခန့်မှန်းထားသည့်အတိုင်းပင် ဤအကြိမ်တွင် သရဲနှင်ထုတ်ခြင်းကို အောင်မြင်စွာ ကူညီပေးခဲ့သည့်အတွက် ရရှိသော ဆုလာဘ်များမှာ အလွန် ထိုက်တန်လှပေသည်။ တကယ့်ကို တန်ဖိုးရှိလှသည်။ ထိုအချိန်တွင် ရှယန်နန်သည် အောက်ထပ်သို့ ဆင်းလာခဲ့ပြီး ကြောက်ရွံ့စိတ်များ အနည်းငယ် သက်သာသွားကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

"ဆရာကြီး... ဆရာကြီးရဲ့ အကူအညီကြောင့် အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမဲ့ ကျွန်မ စိတ်ထဲမှာတော့ ကြောက်နေတုန်းပဲ နှလုံးတွေလည်း တဒိန်းဒိန်း ခုန်နေတုန်းပါပဲရှင့်။"

ရှယန်နန်က ပြောလိုက်သည်။

ယဲ့ချန်သည် ယခင်ကတည်းက အလွန်ပင်ပန်းနေခဲ့ပြီး ယခုအခါတွင် သမ်းဝေခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။

"ရပါတယ် ကြောက်စရာ ဘာမှမရှိတော့ပါဘူး။ မှတ်ထားပါ... သန်မာအောင် နေစမ်းပါ။ မုန်တိုင်းကို မဖြတ်ကျော်ဘဲ ဘယ်လိုလုပ် သက်တံကို မြင်ရမှာလဲ။ မျက်ရည်ကျဖူးတဲ့ မျက်ဝန်းတွေက ပိုပြီး တောက်ပတတ်ကြသလို သွေးထွက်ဖူးတဲ့ နှလုံးသားတွေကလည်း ပိုပြီး သန်မာတတ်ကြပါတယ်။ ငါ ဖုန်းချတော့မယ်နော်။ တကယ်လို့ မင်းတကယ်ပဲ စိုးရိမ်နေသေးတယ်ဆိုရင်တော့ အိမ်ပြောင်းလိုက်ပေါ့။ ကျောင်းတစ်ကျောင်းရဲ့ အနီးအနားကို ပြောင်းတာက အကောင်းဆုံးပဲ ဘာလို့လဲဆိုတော့ ကျောင်းဝင်းတွေက သမိုင်းတစ်လျှောက်မှာ ပညာရှိတွေရဲ့ ဖြောင့်မတ်တဲ့ စွမ်းအင်တွေနဲ့ ပြည့်နှက်နေတတ်လို့ပဲ။ နေ့စဉ် အရုဏ်တက်ချိန်မှာ ကျောင်းက လူတွေ စာဖတ်သံတွေ ထွက်လာတာနဲ့ အဲ့ဒီ ဖြောင့်မတ်တဲ့ စွမ်းအင်တွေက နိုးထလာပြီး သရဲတစ္ဆေတွေအားလုံး ဆုတ်ခွာသွားကြလိမ့်မယ်။"

ယဲ့ချန် ဖုန်းချတော့မည်ကို ကြားသောအခါ ယန်နန် ပျာယာခတ်သွားပြီး ကပျာကယာပင် ပြောလိုက်သည်။

"မလုပ်ပါနဲ့ ဆရာကြီး ဖုန်းမချပါနဲ့ဦး ကျွန်မနဲ့ ခဏလောက် စကားပြောပေးလို့ ရမလားဟင်။ ကျွန်မနဲ့ အဖော်လုပ်ပြီး စကားစမြည် ပြောပေးပါဦးရှင့်။ ကျွန်မ အခု အပြင်ကို မထွက်ရဲသေးဘူး။ တကယ်လို့ ဆရာကြီးက ကျွန်မနဲ့ စကားမပြောပေးရင် ကျွန်မ တစ်ယောက်တည်း ရူးသွားလိမ့်မယ် ထင်တယ်။ ကူညီပါနော်... နော်... "

ကိုရှယန်နန်၏ လေသံမှာ နူးညံ့ပျော့ပြောင်းပြီး ချိုသာလှကာ ချစ်စနိုး ပုံစံလေး ဖြစ်သွားခဲ့ရသည်။ သူမသည် တကယ့်ကို ကလေးတစ်ယောက်လို ဂျီကျ ညုတုတု လုပ်နေခြင်း ဖြစ်သည်။

တကယ်လို့ ယန်မြို့ရဲ့ အထက်တန်းလွှာ လောကထဲက ရှယန်နန်ကို သိတဲ့သူတစ်ယောက်ယောက်သာ သူမ ယောက်ျားတစ်ယောက်ကို ဒီလိုလေသံမျိုးနဲ့ စကားပြောနေတာကို ကြားရင် အံ့ဩလွန်းလို့ မေးရိုးတွေ မြေကြီးပေါ် ပြုတ်ကျသွားကြမှာ သေချာသည်။

သူမသည် ယန်မြို့၏ အထက်တန်းလွှာ လောကတွင် စည်းကမ်းကြီးသူ မြင့်မားသော တောင်ထိပ်ပေါ်က ပန်းတစ်ပွင့် ရေခဲနတ်သမီးအဖြစ် ကျော်ကြားသူ ဖြစ်ရာသူမက ဘယ်တုန်းက ဤကဲ့သို့ ညုတုတု လုပ်ဖူးသနည်း။ ယဲ့ချန်လည်း ရှယန်နန်၏ အသံကြောင့် ရင်ထဲတွင် ကြောင်ကုတ်ခံရသလိုမျိုး တစ်ချက်တစ်ချက် ယားကျိကျိ ဖြစ်သွားရသည်။

"ဟူး... ဒါဆိုရင် ဘာအကြောင်းအရာ ပြောချင်လို့လဲ။"

ယဲ့ချန်က မတတ်သာဘဲ မေးလိုက်သည်။

"ဆရာကြီး... ဘာပဲဖြစ်ဖြစ် ရပါတယ်။"

ရှယန်နန်က သနားကယား လေသံလေးဖြင့် ပြောလိုက်သည်။

"ဆရာကြီးရဲ့ အသံကို ကြားနေရရင်ပဲ ကျွန်မ စိတ်အေးရပါတယ်ရှင့်။"

ထိုသို့ ကြားလိုက်ရသောအခါ ယဲ့ချန် ရင်ထဲတွင် လှောင်ပြောင်လိုက်မိသည်။

ဟဲ... မိန်းမတွေကတော့ အမြဲတမ်း တစ်မျိုးပြောပြီး တစ်မျိုးလုပ်တတ်ကြတာပဲ။ ဘာပဲဖြစ်ဖြစ် ရတယ် ဟုတ်လား။ ဒါဆိုရင် ငါက ညစ်ညမ်းတဲ့ အကြောင်းအရာတွေ ပြောချင်ရင်ကော ရမှာလား။

ဤသို့ တွေးမိစဉ်တွင် ယဲ့ချန်၏ ဉာဏ်ပညာထဲတွင် အတွေးတစ်ချက် ဖြတ်ခနဲ ပေါ်လာခဲ့ပြီး မကြာသေးမီက အင်တာနက်ပေါ်တွင် အလွန် ခေတ်စားနေခဲ့သည့် ဟာသတစ်ခုကို သတိရသွားခဲ့သည်။ ၎င်းက ကြေးစားစစ်သည် ဟာသ ပင် ဖြစ်သည်။

ချက်ချင်းပင် သူ၏ နောက်ပြောင်လိုသော စိတ်ဆန္ဒများက လွှမ်းမိုးသွားခဲ့တော့သည်။

"ကောင်းပါပြီ။"

ယဲ့ချန်က သေသေချာချာ စဉ်းစားပြီးမှ ပြောလိုက်သည်။

"ငါတို့ ဆုံတွေ့ရတာကလည်း ကံကြမ္မာတစ်ခုပဲ။ ငါ မင်းနဲ့ ခဏလောက် စကားပြောပေးပါ့မယ်။ ဖြစ်နိုင်တာကတော့ နောင်မှာ ဒီလိုမျိုး အခွင့်အရေးတွေ အများကြီး ရှိတော့မှာ မဟုတ်ဘူး။ မနက်ဖြန်ကျရင် ငါ သရဲသွားဖမ်းရတော့မှာ၊း ငါ အသက်ရှင်လျက်နဲ့ ပြန်လာနိုင်ပါ့မလားတောင် မသိဘူး။"

"ဟင်"

ရှယန်နန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ဆရာကြီး... မနက်ဖြန် ဆရာကြီး သရဲသွားဖမ်းမလို့လား။ ဘယ်လို သရဲမျိုးလဲဟင်။ အန္တရာယ် အများကြီး ရှိလား။"

"စွမ်းရည်ကြီးမားလေလေ တာဝန်ကြီးမားလေလေပါပဲ။ ဒီလောကကြီးက မင်းထင်သလောက် မရိုးရှင်းဘူး အလွန် အန္တရာယ်များတယ်။ ငါတို့ ယန်မြို့ကိုပဲ နမူနာကြည့်စမ်းအပေါ်ယံမှာတော့ စည်းစိမ်ယစ်မူးပြီး ညစဉ် ပျော်ပါးစရာ နေရာတစ်ခုလို ထင်ရပေမဲ့အမှောင်ထုထဲမှာတော့ အားကောင်းတဲ့ ယင်ဝိညာဉ် စွမ်းအားတွေ ပုန်းကွယ်နေကြတယ်။ အမှန်အတိုင်း ပြောရရင်တော့ သရဲတစ္ဆေတွေက မရေမတွက်နိုင်အောင် ရှိနေတာ။ ဖုတ်ကောင် ဖြစ်ရပ်တွေ၊ သရဲပန်းချီကား လူသတ်မှုတွေ၊ ရက်စက်တဲ့ သရဲဆိုး အရေခွံခွာတဲ့ ဖြစ်ရပ်တွေက အဆုံးမရှိဘူး ငါ ဒါကို အသက် ၁၆ နှစ်ကတည်းက စလုပ်ခဲ့တာ အခုဆို တင်းတင်းပြည့် ငါးနှစ်ရှိပြီ။ ဟူး... ဒါက အသက်နဲ့ ရင်းရတဲ့ အလုပ်မျိုးပါ မင်း နားလည်မှာ မဟုတ်ပါဘူး။"

ယဲ့ချန် သူ၏ ပြဇာတ်ကို စတင်ကပြလိုက်တော့သည်။ သူသည် စိတ်ကြိုက် လိမ်ညာလှည့်ဖြား၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယဲ့ချန်၏ စကားများက ရှယန်နန်၏ ရင်ထဲကို ထိခိုက်စေခဲ့ပြီး သူမ မသိမသာ ရင်ထဲတွင် နာကျင်သွားရသည်။

"ဆရာကြီးရယ်... ဆရာကြီး တခြား အလုပ်တစ်ခုခုကို ပြောင်းလုပ်လို့ မရဘူးလားဟင်။"

"အလုပ်ပြောင်းဖို့ ဟုတ်လား။ ပြောသလောက် မလွယ်ကူပါဘူး။ ဒီလောကကြီးထဲမှာ လူတိုင်းက မိမိရဲ့ ကံကြမ္မာကို မိမိ ကိုယ်တိုင် မပိုင်ဆိုင်နိုင်ကြဘူး။ ဒါ့အပြင် သရဲတစ္ဆေတွေက လူ့လောကကြီးကို ဖျက်ဆီးနေတာကို ငါ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး။ ငါ့ရဲ့ အသက်က ဒီမြို့ကြီးကို ကာကွယ်ဖို့အတွက် မွေးဖွားလာတာပဲ။"

စကားပြောနေစဉ်အတွင်း ယဲ့ချန်သည် ထိုဇာတ်ကောင်ထဲသို့ လုံးဝ စီးမျောသွားခဲ့ပြီး မိမိကိုယ်ကိုယ် တကယ့်ကို သူရဲကောင်းကြီးတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။

"မနက်ဖြန်ကျရင် ငါ တကယ့်ကို ရက်စက်တဲ့ သရဲဆိုးတစ်ကောင်ကို သွားရောက်နှိမ်နင်းရမယ်။ သူ့ရဲ့ အဆင့်အတန်းက သရဲဘုရင် အဆင့်ပဲ။ ငါ ဒီလို ရှင်းပြရရင်တော့... လူသားတွေမှာ ရာထူးအဆင့်အတန်း ရှိသလိုပဲ သရဲတွေမှာလည်း အဆင့်အတန်း ကွဲပြားမှု ရှိကြတယ်။ သရဲဘုရင်ဆိုတာ သရဲတွေကြားထဲမှာ အထွတ်အထိပ်ပဲ သရဲတွေရဲ့ ဧကရာဇ်ပေါ့။ သရဲဘုရင်တစ်ကောင် အမျက်ဒေါသ ထွက်လာပြီဆိုရင် သွေးချောင်းစီးတတ်တယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ငါ့ရဲ့ ရဲဘော်ရဲဘက် ရှစ်ယောက် အော်... မဟုတ်ပါဘူး ငါ့ရဲ့ တာအိုကျင့်ကြံဖော် ရှစ်ယောက် သေဆုံးသွားခဲ့ရတယ်အဲ့ဒီအထဲက နှစ်ယောက်ဆိုရင် ငါ့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့သူတွေပေါ့။"

"ငါ ပြောခဲ့သလိုပဲ... ဒါက ငါ သူစိမ်းတစ်ယောက်နဲ့ နောက်ဆုံးအကြိမ် စကားပြောခြင်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မနက်ဖြန် ငါသွားမယ့် ခရီးက အလွန် အန္တရာယ်များပြီး အသက်နဲ့ ရင်းရမယ့် လောင်းကစားတစ်ခုမို့လို့ပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါ နောင်တ မရပါဘူး။ ငါ ဒီလမ်းကြောင်းပေါ်ကို စတင် ခြေချခဲ့တဲ့ နေ့ကတည်းက နောက်ပြန်လှည့်လို့မရတော့မှန်း ငါ သိထားပြီးသားပါ။"

ယဲ့ချန်၏ အသံမှာ တကယ့်ကို ရဲရင့်ပြတ်သားပြီး မဆုတ်မနစ်သော စစ်သည်တော်ကြီးတစ်ဦး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့သည်။

"ဆရာကြီးရယ် မလုပ်ပါနဲ့ မသွားပါနဲ့ဦး။"

ရှယန်နန်သည် ကျယ်လောင်စွာ ငိုကြွေးလိုက်မိတော့သည်။

"မငိုပါနဲ့။ ငါ ပြောပြီးပြီပဲ... သန်မာအောင် နေစမ်းပါ။"

ယဲ့ချန် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ မျက်လုံးများက ဘယ်ညာသို့ အကြိမ်ကြိမ် လည်ပတ်နေခဲ့သည်။ ဇာတ်လမ်းဆင်တာကတော့ ပြီးဆုံးလုနီးပါး ဖြစ်သွားခဲ့ပြီဖြစ်ပြီး အခြေအနေကလည်း ကွက်တိ ဖြစ်သွားခဲ့ပြီ။ အခုအချိန်က အဓိက အချက်ကို သွားရမည့် အချိန်ပင် ဖြစ်သည်။

"ဒါပေမဲ့လည်း... ငါ့မှာ နောင်တတစ်ခုတော့ ကျန်ရှိနေသေးတယ်။ မင်း ငါ့ကို ကူညီပေးနိုင်မလား။"

"ဆရာကြီး ဘာနောင်တ ရှိလို့လဲဟင်။ ကျွန်မကို ပြောပါ ပြောပြပါရှင့် ကျွန်မ ရှယန်နန် အသက်နဲ့ ရင်းပြီးတော့ ဖြစ်ဖြစ် ဆရာကြီးရဲ့ နောင်တကို ဖြည့်ဆည်းပေးဖို့ ကူညီပေးပါ့မယ်လို့ ကျိန်ဆိုပါတယ်ရှင့်။"

ရှယန်နန် ငိုရင်းဖြင့် ကျိန်ဆိုလိုက်သည်။

"အာ... ဒါက ဒီလိုမျိုးပါ ငါ ပြောပြရင်လည်း ငါ့ကို မရယ်ပါနဲ့နော်။"

ယဲ့ချန် သူ၏ စိတ်ခံစားချက်ကို မြှင့်တင်လိုက်သည်။

"ငါ ဒီလောက်အထိ ကြီးပြင်းလာတဲ့အထိ ရည်းစားတစ်ယောက်မှ မထားဖူးသေးဘူး မိန်းကလေးတစ်ယောက်ကိုလည်း မထိတွေ့ဖူးသေးဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အလုပ်အကိုင်က အသက်အန္တရာယ်များလွန်းလို့ သူတပါးကို ဒုက္ခမပေးချင်တာလည်း ပါတာပေါ့။ ငါ... ငါက အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုပုံစံမျိုး ရှိလဲဆိုတာကိုပဲ မြင်ဖူးချင်တာပါ... နောက်ပိုင်းကျရင် ငါ့မှာ အခွင့်အရေး မရှိတော့မှာကို တကယ် ကြောက်မိလို့ပါ။"

"ဒီလို ရုတ်တရက် ဆင်ခြင်တုံတရားမဲ့တဲ့ စကားတွေကို ပြောမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ ဒါက တကယ်ပဲ ငါ့ဘဝရဲ့ အကြီးမားဆုံး နောင်တနဲ့ အကြီးမားဆုံး ဆန္ဒတစ်ခု ဖြစ်လို့ပါ။ ဘာလို့လဲဆိုတော့ ငါက အသက် ၂၁ နှစ်ပဲ ရှိသေးတာမို့ ယောက်ျားနဲ့ မိန်းမ ကြားထဲက ကိစ္စရပ်တွေကို မကြုံတွေ့ဖူးသေးဘဲ တော်တော်ကြာအောင် အောင့်အည်းထားခဲ့ရတာ။ ဖြစ်နိုင်တာကတော့ ဒါက ငါ လူတစ်ယောက်ယောက်နဲ့ နောက်ဆုံးအကြိမ် ဆက်သွယ်ခြင်း ဖြစ်နိုင်ပါတယ်။ မနက်ဖြန်ကျရင် ငါ သရဲဘုရင်ကို သွားရောက်နှိမ်နင်းရတော့မှာလေ။ ဒါက ပုရွက်ဆိတ်က သစ်ပင်ကြီးကို လှုပ်ခါသလိုမျိုးမို့ ငါ သေချာပေါက် သေရမှာပါ။"

"မင်းက ငါ့ထက် အသက်ကြီးတဲ့ပုံပဲဆိုတော့ ငါ မင်းကို အစ်မလို့ ခေါ်ပါ့မယ်။ အစ်မ... ကျွန်တော့်ရဲ့ ဒီဆန္ဒလေးကို ဖြည့်ဆည်းပေးဖို့ ကူညီပေးနိုင်မလားဟင်။ တကယ်လို့ အစ်မ အလိုမရှိဘူးဆိုရင်လည်း အတင်းအကျပ် မတောင်းဆိုပါဘူး။"

"..."

ရှယန်နန် လုံးဝ ဆွံ့အသွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ယဲ့ချန်သည် သူ၏ ရယ်ချင်စိတ်ကို အတင်းအကျပ် အောင့်အည်းထားလိုက်ပြီး မိမိကိုယ်ကိုယ်အတွက် တာဝန်တစ်ခုကို ဖန်တီးလိုက်သည်။

တီ...တာန်တစ်ခု ထွက်ပေါ်လာပါပြီ။ အကြောင်းအရာ - ရှယန်နန်၏ ဓာတ်ပုံ ကို ရယူပါ။ ဆုလာဘ် - စနစ်မှ တာဝန်၏ ခက်ခဲမှုအဆင့်ကို ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်ပြီး ဆုလာဘ်အား နောက်ပိုင်းတွင် တွက်ချက်ပေးပါမည်။

All Chapters