အခန်း ၂၇
Vol. 3 Ch. 27
အခန်း ၂၇ - သူတပါး၏ လာဘ်လမ်းကို ပိတ်ဆို့ခြင်းသည် မိဘကို သတ်သည်နှင့် တူ၏။
ဘုရားသခင်ပဲ သိပါလိမ့်မည်။ ယဲ့ချန် သည် အမှန်တကယ်တော့ မည်သည့်အရာကိုမျှ ရယူရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ သူသည် ရှယန်နန် အား ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်းမှာ သက်သက် နောက်ပြောင်ကျီစယ်လိုရုံ သက်သက်သာ ဖြစ်သည်။
ဒီလူ့အဖွဲ့အစည်းကြီးက တကယ့်ကို ဂယောက်ဂယက် ဖြစ်လွန်းပြီး လူမှုဘဝရဲ့ ဖိအားတွေကလည်း ကြီးမားလှပေသည်။ တစ်ခါတရံ ဤကဲ့သို့ စနောက်ကျီစယ်လိုက်ရခြင်းက လူကို အလွန် ပျော်ရွှင်စေပြီး မိမိ၏ စိတ်ဖိအားများကိုလည်း အကြိမ်ကြိမ် လျော့ပါးသက်သာသွားစေနိုင်သည် မဟုတ်ပါလား။
၎င်းအပြင် သိက္ခာရှိပြီး အိန္ဒြေရှိသော မိန်းကလေးတစ်ယောက်သည် သူမ၏ အဝတ်ဗလာ ဓာတ်ပုံများကို မည်သည့်အခါမျှ ပို့ပေးလိမ့်မည်မဟုတ်ကြောင်းလည်း သူ ကောင်းကောင်းကြီး သိရှိထားသည်။
တွေ့တွေ့ချင်းမှာတင် အသိပညာ ဗဟုသုတရှိပြီး ယဉ်ကျေးသိမ်မွေ့ကာ အထက်တန်းကျလှသည့် ရှယန်နန်ကဲ့သို့ လုပ်ငန်းခွင် အလှမျိုးဆိုလျှင် ပို၍ပင် မဖြစ်နိုင်ချေ။ ထို့ကြောင့် ယဲ့ချန်သည် ဤတာဝန်ကို အောင်မြင်လိမ့်မည်ဟုလည်း လုံးဝ မျှော်လင့်မထားခဲ့ချေ။
ထိုအချိန်တွင်ရှယန်နန်သည်သူမ၏ ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
သူမ၏ တစ်ကိုယ်လုံးမှာ အတွင်းစိတ်၏ ပြင်းထန်သော လွန်ဆွဲပွဲကြီးတစ်ခုအကြား ပိတ်မိနေခဲ့ရသည်။ သူမ၏ လှပသော မျက်နှာလေးမှာ သွေးကဲ့သို့ နီမြန်းနေခဲ့ပြီး၊ ခေါင်းကို ငုံ့ထားကာ မျက်ရည်များ ဝဲလျက သူမ၏ အဝတ်အစားစကိုသာ လက်ချောင်းလေးများဖြင့် လိမ်ကျစ်နေမိသည်။ ထိုကဲ့သို့သော နူးညံ့သိမ်မွေ့ပြီး ရှက်သွေးဖြာနေသည့် ပုံစံလေးမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှပေသည်။
ရင်ထဲရှိ အမှန်တရားကို ပြောရမည်ဆိုလျှင်ရှယန်နန်သည် မိမိကိုယ်ကိုယ် အမြဲတမ်း ဖြူစင်သန့်ရှင်းအောင် ထိန်းရှိမ်းနေထိုင်ခဲ့သည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် အိန္ဒြေကြီးမားပြီး လောကီအညစ်အကြေးများနှင့် မငြိစွန်းဘဲ ရေခဲနှင့် ကျောက်စိမ်းပမာ ဖြူစင်ကာ လောကီရွှံ့နွံများအကြား မစွန်းထင်းခဲ့သူ ဖြစ်သည်။
လက်တွေ့ဘဝတွင် မည်သည့်အမျိုးသားကမျှ သူမအား ဤကဲ့သို့သော တောင်းဆိုမှုမျိုး မပြုလုပ်ဖူးရုံတင်မကဘဲ တကယ်လို့ အမျိုးသားတစ်ယောက်ယောက်က သူမအား ရိုးရိုးလေးထက် ပို၍ စိုက်ကြည့်မိပါက ၎င်း၏ အကြည့်များဖြင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရသကဲ့သို့ ခံစားရပြီး ရွံရှာမိတတ်သူ ဖြစ်သည်။
၎င်းအပြင် သူမသည် ယနေ့ထက်တိုင် အပျိုစင်ဘဝကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ရည်းစားတစ်ယောက်မျှပင် မထားဖူးသေးချေ။
သို့သော် ယခုမူ...
နတ်သမီးတစ်ပါးအနေဖြင့် သူမတွင် နတ်သမီးတစ်ပါး၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ ရှိသင့်ပြီး ပြတ်ပြတ်သားသား ငြင်းပယ်သင့်သည် မဟုတ်ပါလား။
သို့သော်လည်း။
ယခင်က ဖုန်းထဲတွင် ယဲ့ချန်က သရဲကို မောင်းထုတ်ရန် ညွှန်ကြားခဲ့စဉ်က သူမသည် လုံးဝ လိုက်နာလုပ်ဆောင်ခဲ့ပြီး အရာအားလုံးကို အောင်မြင်ခဲ့သည်။ သူမ၏ မသိစိတ်ထဲတွင် ယဲ့ချန်၏ စကားလုံးများက သူမအတွက် မငြင်းဆန်နိုင်သော မှော်ဆန်သည့် အစွမ်းသတ္တိများ ရှိနေခဲ့ပြီ ဖြစ်သည်။
'ငါ့ရဲ့ အသက်ကို ဆရာကြီးက ကယ်တင်ပေးခဲ့တာ။ ဒါ့အပြင် ဆရာကြီးက မနက်ဖြန် သရဲဘုရင်ကို သွားရောက်နှိမ်နင်းရတော့မှာ သူ့ရဲ့ အသက်ကလည်း သေချာတာ မဟုတ်ဘူး။ သူက ဒီဆန္ဒတစ်ခုတည်းကိုပဲ တောင်းဆိုခဲ့တာလေ... ငါ ဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်မှာလဲ။'
'ငါ ဆရာကြီးကို မငြင်းပယ်နိုင်ဘူး မဟုတ်ရင် တကယ်လို့ ဆရာကြီးသာ တကယ်ပဲ တစ်ခုခုဖြစ်ပြီး ပြန်မလာတော့ဘူးဆိုရင် ငါ တစ်ဘဝလုံး နောင်တရပြီး ရင်ကျိုးနေရမှာ မဟုတ်ဘူးလား။ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နဲ့ နောင်တတွေကြားထဲမှာ ရှင်သန်နေရမှာလား။'
တွေဝေခြင်း ဒွိဟဖြစ်ခြင်းနှင့် ပဋိပက္ခများအကြား ရုန်းကန်နေရခြင်း။
'ငါ တစ်ဖက်ကလည်း ငါ့ရဲ့ ကိုယ်ကျင့်တရား စံနှုန်းကို မချိုးဖောက်ဘဲ နောက်တစ်ဖက်ကလည်း ဆရာကြီးရဲ့ နောင်တကို ဖြည့်ဆည်းပေးနိုင်မယ့် နှစ်ဖက်လုံးအတွက် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုကို စဉ်းစားရမယ်... စဉ်းစားစမ်း... သေသေချာချာ စဉ်းစားစမ်း။'
ရုတ်တရက်ရှယန်နန်၏ ဉာဏ်ပညာထဲတွင် အတွေးတစ်ချက် ဖြတ်ခနဲ ပေါ်လာခဲ့သည်။
'ရပြီ။'
ရှယန်နန်သည် သူမ၏ စိတ်ထဲတွင် ပေါ်လာသော ထိုအတွေးစလေးကို လျင်မြန်စွာပင် ပုံဖော်လိုက်ပြီး မျက်နှာလေးကို ချစ်စနိုး ပုံစံလုပ်လိုက်သည်။
'ရှယန်နန်... နင် တကယ့်ကို ဉာဏ်ကောင်းတာပဲ။'
ရှယန်နန် အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယဲ့ချန်သည် သူမ ယဉ်ကျေးစွာ ငြင်းပယ်ရန် စကားလုံး ရှာနေသည်ဟု ထင်မှတ်လိုက်သည်။ သူသည် အရာအားလုံးကို ကြိုတင်တွက်ဆထားပြီးသားဖြစ်၍ စိတ်ပျက်စရာ ဘာမှမရှိသလို ဆက်လက်၍လည်း လိမ်ညာပြောဆိုရန် မပြင်ဆင်တော့ချေ။
"အာ... ရှယန်နန် အစ်မအကျပ်ရိုက်နေမှန်း ကျွန်တော်သိပါတယ် ကျွန်တော့်ရဲ့ တောင်းဆိုမှုကလည်း တကယ်ကို လွန်သွားခဲ့ပါတယ်။ ထားလိုက်ပါတော့... ကျွန်တော်ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။"
ယဲ့ချန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
"တကယ်တော့ ကျွန်တော် စနောက်လိုက်တာပါ။"
"ဆရာကြီးရှင့်..."
ရှယန်နန်၏ အသံမှာ အလွန်ပင် နူးညံ့သွားခဲ့ပြီး လေထဲက တိုးတိုးလေး ပြောလိုက်သည့်အလား ဖြစ်သွားသည်။
"ခဏလောက် စောင့်ပါဦးရှင့်... ကျွန်မ... ကျွန်မ တစ်နေ့လုံး အလုပ်လုပ်ထားလို့ တစ်ကိုယ်လုံး ညစ်ပတ်နေပြီ။ အခု ရေချိုးခန်းထဲ သွားပြီး ရေချိုးလိုက်ဦးမယ်... ပြီးရင်... ပြီးရင် ဓာတ်ပုံတစ်ပုံ ရိုက်ပြီး WeChat ကနေ ပို့ပေးပါ့မယ်ရှင့်... ဒါပေမဲ့ ဆရာကြီး ကြည့်ပြီးသွားရင်တော့ သေချာပေါက် ဖျက်ပစ်ပေးရမယ်နော်။"
စကားပြောပြီးသည်နှင့် ကိုရှယန်နန်သည် ဖုန်းကို ကပျာကယာပင် ချလိုက်တော့သည်။
ယဲ့ချန် တစ်ယောက် အံ့ဩဆွံ့အသွားရသည်။
မဖြစ်နိုင်တာ။
ငါ ဘာတွေ ကြားလိုက်ရတာလဲ။
ငါ စိတ်ချောက်ချားပြီး ထင်ယောင်ထင်မှား ဖြစ်နေတာလား။
သူမက တကယ်ကြီး တကယ်ကြီး ငါ့အတွက် ဓာတ်ပုံရိုက်ပေးမလို့ ဟုတ်လား။
တစ်ယောက်ယောက်က ငါ့ကို အမှန်တရားသိအောင် လာပြီး ရိုက်နှိုးပေးကြပါဦး ငါ အခုထိ အိပ်မက်မက်နေတုန်းပဲ ထင်တယ်။
"မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်တာ။"
ယဲ့ချန် ခေါင်းကို အတင်း ခါယမ်းလိုက်ပြီး ကုတင်ပေါ်မှထကာ ဧည့်ခန်းသို့သွား၍ ရေတစ်ဖန်ခွက်ကို ငှဲ့ပြီး တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။
"သူမမှာ ဒီလိုလုပ်စရာ အကြောင်းပြချက် မရှိဘူး။ အော်... ငါသိပြီ ဒါက အချိန်ဆွဲတဲ့ နည်းဗျူဟာပဲ။ ခဏနေရင် သူမက ရှက်လို့ပါဆိုပြီး ဟန်ဆောင်စကားတွေ ပြောလာလိမ့်မယ်။ ဖြစ်နိုင်တာက ဆိုရှယ်လစ်စနစ်ရဲ့ အနှစ်သာရတန်ဖိုးတွေကို သုံးပြီး ငါ့ကို ပြန်ပြီး ဆုံးမဦးမှာ။ ဒါက ထောင်ချောက်ပဲ အားလုံးက ထောင်ချောက်တွေကြီးပဲ။"
ဒါတွေက အတုအယောင်တွေ ခဏတာတွေ စိတ်ကူးယဉ်တွေပဲ။
မိနစ် ၂၀ ကြာပြီးနောက်။
ယဲ့ချန် သူ၏ ဖုန်းကို ကောက်ကိုင်လိုက်ပြီး WeChat ကို ဖွင့်လိုက်သည်။
ဒိန်းးးး
ကိုရှယန်နန်သည် ဓာတ်ပုံပေါင်း ၁၀ ပုံတိတိကို ပို့ထားခဲ့ပြီ ဖြစ်သည်။ ယဲ့ချန် ထိုဓာတ်ပုံများကို မြင်လိုက်ရသည်နှင့် တဟားဟား ရယ်မောလိုက်မိတော့သည်။
လခွမ်းပဲ... မြို့ပြက လူတွေကတော့ တကယ်ကို ကစားတတ်တာပဲ။
ရှယန်နန်... တခြားသူတွေက အတုအယောင် သားရေတွေဆိုရင် မင်းကတော့ တကယ့်ကို အစစ်အမှန်ပဲ။
ဓာတ်ပုံများ အားလုံးကို ရေချိုးခန်းထဲတွင် ရိုက်ကူးထားခြင်း ဖြစ်သော်လည်း— ရေချိုးခန်း မီးကို ဖွင့်မထားချေ။ ထို့ကြောင့် ယဲ့ချန် မြင်တွေ့ရသည်မှာ မှောင်မည်းနေသော လူသားတစ်ဦး၏ ပုံရိပ်သာ ဖြစ်သည်။ ရေချိုးခန်း အပြင်ဘက်မှ သိမ်မွေ့ပြီး ဝေဝေဝါးဝါး ဖြစ်နေသော အလင်းရောင်တစ်ခုက အတွင်းသို့ ဖြာကျနေပြီး ထိုကိုယ်ထည် ပုံရိပ်ကို ရေချိုးခန်း နံရံပေါ်သို့ ထိုးဟပ်စေကာ ကောက်ကြောင်းလှပပြီး ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခုကို ဖန်တီးထားခြင်း ဖြစ်သည်။
သို့သော်လည်း ခန္ဓာကိုယ်၏ ကောက်ကြောင်းပုံရိပ်လွှာကိုသာ မြင်တွေ့ရခြင်း ဖြစ်သော်လည်း ၎င်းကပင် ယဲ့ချန်အား အံ့ဩမှင်သက်သွားစေရန် လုံလောက်လှပေသည်။
ရှယန်နန်၏ ခန္ဓာကိုယ် ကောက်ကြောင်းမှာ တကယ်ကို အချိုးအစား ပြေပြစ်လွန်းလှသည်။ ယဲ့ချန်၏ အမြင်တွင်မူ ၎င်းက သူငယ်စဉ်က မြင်တွေ့ခဲ့ရသည့် လှပပြီး စိမ်းလန်းစိုပြည်ကာ အတက်အဆင်း ပြေပြစ်လှသော တောင်တန်းကြီးများကဲ့သို့ပင် ဖြစ်ပြီး ငယ်ရွယ်နုပျိုခြင်း၏ တက်ကြွမှုနှင့် စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သည်။
အလွန် စိတ္တဇဆန်ပြီး၊ ဝေဝေဝါးဝါး ဖြစ်ကာ၊ ဆွဲဆောင်မှုရှိပြီး၊ အနုပညာဆန်ကာ အလွန် လှပလှပေသည်။ တကယ့်ကို တန်ဖိုးရှိလှပေသည်။ ထိုအချိန်တွင် ကိုရှယန်နန်က WeChat စာတစ်စောင် ပို့လာခဲ့သည်။
"ဆရာကြီး ကျွန်မ ဓာတ်ပုံတွေ ပို့ပေးလိုက်ပါပြီနော်။ ... ဒါတွေက တကယ့် အဝတ်ဗလာ ဓာတ်ပုံစစ်စစ်တွေပါပဲ ဒါပေမဲ့... ကျွန်မ မီးမဖွင့်ထားဘူးလေ (လူယုတ်မာမျက်နှာပေး အီမိုဂျီအချို့၊ အူကြောင်ကြောင် ရယ်နေတဲ့ အီမိုဂျီအချို့) ဒါက ဆရာကြီးရဲ့ ဘဝတစ်လျှောက်လုံးက အကြီးမားဆုံး နောင်တကို ဖြည့်ဆည်းပေးလိုက်တာပဲ မဟုတ်လား။ ဒါက ကျွန်မရဲ့ နောက်ဆုံး ကိုယ်ကျင့်တရား စံနှုန်းပဲမို့ ဆရာကြီးအနေနဲ့ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်ရှင့်။ ဆရာကြီး ကျွန်မကို ကတိပေးပါနော်... ဒါက ကျွန်မတို့ နှစ်ယောက်တည်းရဲ့ လျှို့ဝှက်ချက် ဖြစ်ရမယ် ဟုတ်ပြီလား။ ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားက အဆင်ပြေရဲ့လားဟင်။ မကြာသေးမီက အလုပ်တွေ အရမ်းများနေလို့ Yoga နဲ့ Gym မသွားဖြစ်တာ လပေါင်းများစွာ ရှိနေပြီမို့ ဝလာသလိုပဲ (ရယ်ရမလို ငိုရမလို အီမိုဂျီအချို့)"
ယဲ့ချန် လျင်မြန်စွာပင် WeChat စာကို ပြန်လည် ရိုက်နှိပ်လိုက်သည်။
"အင်း... မြင်ပြီးပြီ။ တကယ်တော့ မီးမရှိဘဲနဲ့ ဝေဝေဝါးဝါး မှုံပျပျ ဖြစ်နေတာက ပိုပြီး အနုပညာဆန်ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် အစ်မကို ၈၇ မှတ် ပေးတယ်။ စိတ်ချပါ... ငါ ဒီဓာတ်ပုံတွေကို သေချာပေါက် လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားပါ့မယ်။ ပြီးတော့ကျွန်တော် ဆုံးဖြတ်လိုက်ပြီ မနက်ဖြန် ငါ သရဲဘုရင်ကို သွားပြီး မသတ်တော့ဘူး။"
"..." ရှယန်နန်။
ထိုအချိန်တွင် ရှယန်နန်သည် ညဝတ်အင်္ကျီကို ဝတ်ဆင်ထားလျက် ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ ကြောက်ရွံ့မှုများက သူမအား စွန့်ခွာသွားခဲ့ပြီဖြစ်ပြီး ကြီးမားသော ပင်ပန်းနွမ်းနယ်မှုများက လွှမ်းမိုးလာခဲ့ကာ သူမ၏ ရင်ထဲတွင်မူ ပင်ပန်းနွမ်းနယ်ပြီး အသိုက်သို့ ပြန်လာသည့် ငှက်ငယ်တစ်ကောင်ကဲ့သို့ တည်ငြိမ်အေးချမ်းခြင်းကို ခံစားနေရသည်။
"ကောင်းပါပြီ ဆရာကြီးရှင့်... ကျွန်မ အခု အိပ်တော့မယ်နော်။ နောက်ပိုင်းကျရင် အချိန်ရတဲ့အခါ ဆရာကြီးဆီကို အကြားအမြင် ပညာရပ်တွေနဲ့ သရဲတစ္ဆေ နတ်ဘုရားတွေ အကြောင်းကို ကိုယ်တိုင် လာရောက် မေးမြန်းပါရစေဦးရှင့်။"
တကယ်တော့ စီးပွားရေးလောကကို လွှမ်းမိုးထားသည့် ရှယန်နန်ကဲ့သို့ အမျိုးသမီးသန်မာတစ်ဦးသည် ထိုမျှလောက် အလွယ်တကူ လှည့်စား၍ရသူ မဟုတ်ချေ။ သူမသည် အသိပညာနည်းပါးပြီး မိုက်မဲသော အမျိုးသမီးတစ်ဦး မဟုတ်ဘဲ ဆန့်ကျင်ဘက်အားဖြင့် အလွန် ဉာဏ်ကောင်းသူ ဖြစ်သည်။ အဓိက အချက်မှာ ယနေ့ည အစပိုင်းကတည်းက ယဲ့ချန် သူမအား ပြောပြခဲ့သည့် စကားများနှင့် လမ်းညွှန်ချက်များ အားလုံးမှာ အမှန်တရားများ ရွှေစစ် ငွေစစ်ထက်ပင် ပိုမိုမှန်ကန်နေခြင်းကြောင့်သူမအား လုံးဝ ခြွင်းချက်မရှိ ယုံကြည်သွားစေခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ကြိုတင်ယုံကြည်မှုများ ရှိနေခဲ့ခြင်းကြောင့် ယဲ့ချန် နောက်ပိုင်းတွင် လုပ်ကြံပြောဆိုခဲ့သည့် မဟုတ်မမှန် စကားများနှင့် ဟာသများကိုလည်း သူမ အမှန်တရားဟု ထင်မှတ်သွားခဲ့ရခြင်း ဖြစ်သည်။ နောက်ဆုံး၌ သူမသည် ထိုအကွက်ထဲသို့ သက်ဆင်းသွားခဲ့ရတော့သည်။
သိုသော်လည်း ရှယန်နန်သည် သူမ၏ ကိုယ်ပိုင်ဉာဏ်ပညာကို အသုံးပြု၍ သူမ၏ ကိုယ်ကျင့်တရား စံနှုန်းကိုတော့ အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့ပေသည်။
"Good nightပါ။" ။
ယဲ့ချန် ရှယန်နန်ထံသို့ စာတစ်စောင် ပို့လိုက်ပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်းလိုက်သော်လည်း နှလုံးလှုံ့ဆော်ဆေး အရှိန်တက်နေသကဲ့သို့ အိပ်၍မပျော်နိုင်ဘဲ ဟိုလှည့်ဒီလှည့်ဖြင့် ရှယန်နန်၏ အနုပညာမြောက် ပုံရိပ်များကို တစိမ့်စိမ့် ကြည့်ရှု အမွှန်းတင်နေမိတော့သည်။
တီ... တာဝန်ကို အောင်မြင်စွာ ပြီးဆုံးခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်။ 【ရှယန်နန်၏ အဝတ်ဗလာ ဓာတ်ပုံကို ရယူပါ】။ Shuhua SH-T3300 အိမ်သုံး အပြေးစက်တစ်လုံး ရရှိပြီး စနစ်၏ သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။ အမျိုးသား ဆေးရွက်ကြီး ကုမ္ပဏီ ၏ နှစ်ဝက် အလုပ်ခေါ်စာမေးပွဲ မေးခွန်းများနှင့် အဖြေများတစ်စုံ ရရှိပြီး စနစ်၏ သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။ Hermès 24 Faubourg အမျိုးသမီးသုံး ရေမွှေးတစ်ပုလင်း ရရှိပြီး စနစ်၏ သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။ Space 7 အမျိုးသမီးသုံး အလွန်ပါးလွှာသော ဂွမ်းစစ်စစ် နေ့ခင်းနှင့် ညဘက်သုံး ဓမ္မတာသုံးဂွမ်း စုစုပေါင်း အခု ၁,၀၀၀ ရရှိပြီး စနစ်၏ သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။ စနစ်ပြုပြင်ရေး စွမ်းအင် ၀ ရရှိပါသည်။ စနစ်ပြုပြင်မှု ပြီးစီးမှုနှုန်း - ၁.၂% ဖြစ်ပါသည်။"
"ဟားဟားဟားဟား... ဒါက တာဝန်အောင်မြင်တာလို့ သတ်မှတ်လို့ရတယ် ဟုတ်လား။ ကောင်းပါပြီ ဘာပဲဖြစ်ဖြစ် ဆုလာဘ်တွေ အများကြီးရတာ အမြတ်ပဲ။"
ယဲ့ချန် ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။
တစ်ချိန်တည်းမှာပင်။
မနက်အစောပိုင်း သုံးနာရီအချိန်။
Huidong Grand Hotel၏ အခန်းအမှတ် ၂၀၃၅။
၂၄ နာရီတိတိ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ကြိုးဆွဲချသေသည့်သရဲမ၏ သရဲဖုံးကွယ်ခြင်းမှာ သက်တမ်းကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
တစ်ခုလုံးသော အခန်းအမှတ် ၂၀၃၅ ၏ မြင်ကွင်းမှာ နေရာအနှံ့အပြားတွင် အပေါက်များ ဖြစ်နေပြီး နံရံများမှာ ထိုးဖောက် ဆစ်တိုက်ခြင်း ခံထားရကာာတစ်ခုလုံး ပြာပုံအတိ ဖြစ်နေခဲ့သည်။
၎င်းက ဓားပြတိုက်ခံရသည်ထက်ပင် ပိုမို ဆိုးရွားပျက်စီးနေခဲ့သည်။
ယခုအချိန်တွင် အခန်းအတွင်းရှိ လေထုမှာ ရေများ စိမ့်ထွက်လာတော့မတတ် အလွန် မှုန်မှိုင်း ညှို့မှိုင်းနေခဲ့သည်။ အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် ဒေါသအဟုန်ကြောင့် တစ်ကိုယ်လုံး တုန်ရင်နေခဲ့ပြီး သူ၏ မျက်ဝန်းများမှာ သွေးကဲ့သို့ နီမြန်းနေကာ၊ အတိုင်းအဆမရှိသော မုန်းတီးမှုများ ကလဲ့စားချေလိုသော မီးတောက်များနှင့် မကောင်းသောအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် လူကို အရိုးပါမကျန် ဝါးမြိုပစ်မည့် ရက်စက်ကြမ်းကြုတ်သော ကျားရဲတစ်ကောင်နှင့် တူလှပေသည်။
သူ၏ လက်အောက်ငယ်သား တစ်စုမှာ သူ့ကို ဝန်းရံလျက် ခေါင်းများကိုငုံ့ထားကြပြီး ကြောက်လန့်တကြား တုန်ရင်နေကြကာ မိမိတို့၏ အကြီးအကဲ ဒေါသအမျက်သင့်ပြီး ဘေးအန္တရာယ် ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် အသက်ပင် ပြင်းပြင်းမရှူရဲကြချေ။
သုံးမိနစ်တိတိ ကုန်ဆုံးသွားပြီးနောက်။
"ဘယ်သူလဲ ဘယ်သူလုပ်တာလဲ တောက်။"
ထိုအလယ်အလတ်အရွယ် အမျိုးသားသည် မိဘနှစ်ပါးစလုံး သေဆုံးသွားသည့်အလား အသံကုန် အော်ဟစ် မြည်တမ်းလိုက်ပြီး ၎င်း၏ အသံမှာ သွေးအန်နေသည့် ဥဩငှက်၏ အော်မြည်သံ သို့မဟုတ် မျောက်လွှဲကျော်၏ အော်ဟစ်သံကဲ့သို့ပင် တစ်ခုလုံးသော အထပ်သို့ ပဲ့တင်ထပ်သွားခဲ့ပြီး နားကွဲမတတ် ပြင်းထန်လှသည်။
"ဘယ်သူ လုပ်တာလဲ။ ဘယ်သူက တကယ်ကြီး လုပ်ရဲတာလဲ။"
"သူတပါးရဲ့ လာဘ်လမ်းကို ပိတ်ဆို့တာက မိဘကို သတ်တာနဲ့ တူတူပဲ။ ဘယ်သူလဲကွာ ငါ ကွမ်းထျန်ရှောင်း လုံးဝ ခွင့်မလွှတ်ဘူး သူ သေရမယ် သူ့ရဲ့ မိသားစုတစ်ခုလုံးကို ငါ သတ်ပစ်မယ်။"
ခေတ္တမျှ ရပ်တန့်ပြီးနောက်၊ ထိုအမျိုးသား၏ မျက်လုံးများမှာ နီရဲနေခဲ့ပြီး တစ်ကိုယ်လုံးမှ အတိုင်းအဆမရှိ ပြင်းထန်လှသော လူသတ်ငွေ့အရှိန်အဝါများ ထွက်ပေါ်နေကာ အံကို ကြိတ်လျက် တစ်လုံးချင်း ပြောလိုက်သည်။
"၁၀ မိနစ်၊ ငါ မင်းတို့ကို ၁၀ မိနစ်ပဲ အချိန်ပေးမယ်။ ၁၀ မိနစ်အတွင်းမှာ အဲ့ဒီကောင်ရဲ့ အချက်အလက် အားလုံးကို ငါ့ဆီ ယူလာပေးရမယ် သူ ဘယ်သူပဲဖြစ်ဖြစ် သူ့မိသားစုတစ်ခုလုံးကို ငါ သတ်ပစ်မယ်။ ဒီအငြိုးအတေးက ကမ္ဘာပျက်ရင်တောင် မကျေဘူး။"