အခန်း ၂၈
Vol. 3 Ch. 28
အခန်း ၂၈ - အရမ်းချောတာပဲ။
ထိုအလယ်အလတ်အရွယ် အမျိုးသား ကွမ်းထျန်ရှောင်းသည် ဤ Huidong Grand Hotel ၏ ပိုင်ရှင် ဖြစ်သည်။ ၎င်းအပြင် သူသည် ယန်မြို့ တွင် အခြားသော စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်ထားသေးသည်။ တွေးကြည့်မည်ဆိုလျှင် ကွမ်းထျန်ရှောင်းကို အောင်မြင်ကျော်ကြားသော လူကုံထံတစ်ဦးအဖြစ် သတ်မှတ်၍ရပေသည်။
ယနေ့ မနက်အစောပိုင်းတွင် သူသည် သူ၏ ရွှေအိုးကြီးဖြစ်သော အခန်းအမှတ် ၂၀၃၅ မှာ အမှန်တကယ်ပင် ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ရုတ်တရက် ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ ကွမ်းထျန်ရှောင်းသည် ရူးသွပ်မတတ် ဒေါသထွက်သွားခဲ့ပြီး ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာခဲ့ရာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ လဲကျမတတ်ပင် ဖြစ်သွားခဲ့ရသည်။
ယခုအချိန်တွင် ကွမ်းထျန်ရှောင်း၏ အကြည့်များမှာ ရက်စက်ကြမ်းကြုတ်ပြီး နာကျည်းမှုများဖြင့် ပြည့်နှက်နေကာသူ၏ မျက်နှာမှာ အရိုးများ ကွဲအက်တော့မတတ် တင်းမာတွန့်ရှုံ့နေပြီး သူ၏ ရင်ထဲတွင် လူသတ်လိုသော စိတ်ဆန္ဒများက ဆက်တိုက်ပင် ဆူပွက်နေခဲ့သည်။
Huidong Grand Hotel ၏ စီးပွားရေး ဤမျှလောက် ကောင်းမွန်နေရခြင်း အကြောင်းရင်းမှာ သရဲခြောက်တဲ့ ဟိုတယ်ဟူသော ၎င်း၏ ကျော်ကြားမှုက အလွန် ကျယ်လောင်လွန်းသောကြောင့် ဖြစ်သည်။ ထိုသို့ အောင်မြင်ရသည့် လျှို့ဝှက်ချက်မှာ အပေါ်ယံ လှည့်ကွက်များ ကြော်ငြာအမွှန်းတင်မှုများ သို့မဟုတ် ပျင်းစရာကောင်းသော သရဲပုံပြင်များကို လုပ်ကြံဖန်တီးခြင်းအပေါ် အခြေခံထားခြင်း မဟုတ်ချေ။
ဆန့်ကျင်ဘက်အားဖြင့် ၎င်းက တကယ့်အစစ်အမှန်ကြီး ဖြစ်နေခြင်းကြောင့်ပင်။ ဤနေရာတွင် သရဲတစ္ဆေများ တကယ်ရှိနေခြင်း ဖြစ်သည်။ ကြောင်များတွင်သာ စုစုစမ်းစမ်းလိုစိတ် ပြင်းထန်တတ်သည် မဟုတ်ဘဲ လူသားများတွင်လည်း စူးစမ်းလိုစိတ် အလွန် ပြင်းထန်တတ်ကြသည်။
အချို့သောလူများသည် သရဲကြောက်တတ်ကြသော်လည်း မိမိတို့၏ မျက်စိဖြင့် တပ်အပ်မြင်ဖူးချင်ကြသေးသည်မှာ ထူးခြားသော အတွေ့အကြုံတစ်ခု မဟုတ်ပါလား။ လူသားများသည် ကြောက်မက်ဖွယ်ကောင်းပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပတ်ဝန်းကျင်တစ်ခုထဲတွင် ရောက်ရှိနေသည့်အခါ သူတို့၏ ကြွက်သားများနှင့် စိတ်အာရုံများက အလွန် တင်းမာသွားတတ်ကြပြီး ၎င်းကို တစ်ခါ ပြန်လည်ဖြေလျှော့လိုက်သည့်အခါတွင်မူ နှိပ်နယ်မှုတစ်ခု ပြီးဆုံးသွားသကဲ့သို့ တိုတောင်းသော အချိန်ကာလတစ်ခုအတွင်း ဖော်ပြ၍မရနိုင်လောက်သော စိတ်ကျေနပ်မှုကို ဖြစ်ပေါ်စေတတ်သည်။
ယခုမူ အခန်းအမှတ် ၂၀၃၅ မှာ ဖျက်ဆီးခြင်း ခံလိုက်ရပြီဖြစ်ပြီး သရဲများကို ပိတ်လှောင်ရန် ကွမ်းထျန်ရှောင်း အခန်းထဲတွင် ကပ်ထားခဲ့သော အင်းပြားများအားလုံးလည်း မီးလောင်ပြာကျသွားခဲ့ကာ ကြိုးဆွဲချသေသည့်သရဲမလည်း လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
သူ့ထံသို့ စီးဆင်းလာမည့် အဆုံးမရှိသော လာဘ်လမ်းကြီးမှာ ပိတ်ဆို့ခံလိုက်ရပြီ ဖြစ်သည်။
Huidong Grand Hotel ၏ စီးပွားရေးသည်လည်း တိုတောင်းသော ကာလအတွင်း ထိုးဆင်းသွားတော့မည်မှာ သေချာသည်။
ခဏအကြာတွင် ကွမ်းထျန်ရှောင်း၏ စိတ်ရှည်မှုများ လုံးဝ ကုန်ဆုံးလုနီးပါး ဖြစ်နေဆဲတွင် လက်အောက်ငယ်သားတစ်ဦးသည် နောက်ဆုံး၌ ပျာပျာသလဲ ပြေးဝင်လာခဲ့ပြီး တုန်ရင်နေသော အသံဖြင့် ပြောလိုက်သည်။
"သူဌေး... ကျွန်တော်တို့... ကျွန်တော်တို့ စုံစမ်းလို့ ရပါပြီ။"
"ပြောစမ်းးး"
ကွမ်းထျန်ရှောင်း သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်ရာ သူ၏ လက်ဆစ်များဆီမှ တဖြောက်ဖြောက် အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ တကယ်လို့ ယဲ့ချန်သာ သူ၏ လက်ဖဝါးထဲတွင် ရှိနေပါက မုန့်ညက်ကဲ့သို့ လုံးခြေပစ်ခြင်း ခံရမည်မှာ သေချာသည်။
"သူဌေး... ဒီဖြစ်ရပ်က မနေ့ညက ဖြစ်ပွားခဲ့တာပါ။ အခန်းကို ဘိုကင်လုပ်ခဲ့တဲ့သူရဲ့ နာမည်က ဝမ်ကျိလို့ ခေါ်ပြီး ကြည့်ရတာ စာရေးဆရာတစ်ယောက် ထင်ပါတယ်။ ဒါပေမဲ့ အခန်းထဲကို ဝင်ရောက်တည်းခိုခဲ့တဲ့သူကတော့ ဝမ်ကျိမဟုတ်ဘဲ ယဲ့ချန်လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။ ဒီမနေ့မနက်ကပဲ သူက ဧည့်ကြိုကောင်တာမှာ သူ့ရဲ့ ဘဏ်အကောင့်နံပါတ်ကို ဗြောင်ကျကျ ချန်ထားခဲ့ပြီး ဆုကြေးငွေ ၂ သိန်းကို ထုတ်ယူသွားခဲ့ပါတယ်။"
လက်အောက်ငယ်သားက လျင်မြန်စွာပင် အစီရင်ခံလိုက်သည်။
"ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ယဲ့ချန်က နည်းပညာတက္ကသိုလ်ရဲ့ ဒုတိယနှစ် ကျောင်းသားတစ်ယောက်ဖြစ်ပြီး သာမန်မိသားစုက ဖြစ်ကာ DA ထဲက ပြန်လည်နေရာချထားရေး အိမ်ရာဝင်းတစ်ခုမှာ နေထိုင်ပါတယ်ခင်ဗျာ။"
"ယဲ့ချန်..."
ကွမ်းထျန်ရှောင်း၏ ပါးပြင်ကြွက်သားများမှာ ရူးသွပ်မတတ် တွန့်ရှုံ့သွားခဲ့ရသည်။
"ကောင်းတယ် တကယ့်ကို ကောင်းတယ် မင်းက ငါ့ရဲ့ လာဘ်လမ်းကို ပိတ်ဆို့ရုံတင်မကဘဲ ငါ့ရဲ့ ဆုကြေးငွေကိုပါ ထုတ်ယူသွားတယ်ပေါ့လေ ငါ သူ့ကို သေစေချင်တယ် သူ သေရုံတင်မကဘဲ။ သူ့ရဲ့ မိသားစုတစ်ခုလုံးကိုပါ မြေမြှုပ် သင်္ဂြိုဟ်ပစ်ရမယ်။"
"ငါ ကွမ်းထျန်ရှောင်းက ဘာမှမရှိဘဲနဲ့ ဘဝကို စတင်ခဲ့ပြီး ယန်မြို့ကို နှစ်ပေါင်း ၂၀ တိုင်တိုင် လွှမ်းမိုးလာခဲ့တာ။ ငါ ဘယ်တုန်းက ဒီလိုမျိုး အရှုံးမျိုး ကြုံဖူးလို့လဲ။"
ကွမ်းထျန်ရှောင်းက ရက်စက်စွာ ပြောလိုက်သည်။
"ဟိုးအရင်တုန်းက ငါ့ရဲ့ လက်သီးတွေ ခြေထောက်တွေနဲ့ နယ်မြေလုပွဲတွေ တိုက်ခိုက်ခဲ့တုန်းက ယန်မြို့က ဘယ်လို လူကုံထံကြီးကပဲဖြစ်ဖြစ် ငါ့ကို မျက်နှာသာ မပေးဘဲ နေဖူးလို့လဲ။ ဟွန်း... ဒီနှစ်တွေအတွင်းမှာ ငါက ကိုယ်ကျင့်တရားကို ထိန်းသိမ်းပြီး အေးအေးဆေးဆေး နေထိုင်နေခဲ့တာကို အခုတော့ လမ်းဘေးက ခွေးအ ကြောင်အတွေရဲ့ အနိုင်ကျင့်တာကို ခံရတယ်ပေါ့လေ။ မင်းတို့က တကယ်ပဲ ငါ ကွမ်းထျန်ရှောင်းကို နေမကောင်းတဲ့ ကြောင်အိုကြီးလို့ ထင်နေကြတာလား။ ယဲ့ချန်... ဒီတစ်ခါတော့ မင်းရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ် မင်း သေချာပေါက် တန်ဖိုးပေးဆပ်ရလိမ့်မယ် ဒီနေ့ည ငါ သူ့ကို တွေ့ချင်တယ်ာသူ့ကို ငါ့လက်နဲ့ကိုယ်တိုင် နှိပ်စက်ပြီး သတ်ပစ်မယ်။"
ပြင်းထန်လှသော လူသတ်ငွေ့အရှိန်အဝါများ နေရာအနှံ့ ပျံ့လွင့်သွားခဲ့သည်။ အခန်းထဲရှိ လက်အောက်ငယ်သားများ အားလုံးမှာ ကွမ်းထျန်ရှောင်းနောက်သို့ ရေရှည် လိုက်ပါလာခဲ့ကြသည့် ယုံကြည်စိတ်ချရသော လူယုံများဖြစ်ကြပြီး ကွမ်းထျန်ရှောင်း ဤကဲ့သို့ စိတ်အထိန်းအကွတ်မဲ့ကာ ဒေါသပေါက်ကွဲသည်ကို မမြင်တွေ့ရသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်သည်။
သူတို့ သိလိုက်ရသည်မှာ ဤတစ်ကြိမ်တွင် ကွမ်းထျန်ရှောင်းသည် သွေးချောင်းစီးမည့်လူသတ်ပွဲကြီးကို စတင်တော့မည် ဖြစ်ကြောင်းပင်။ သူတို့၏ ရင်ထဲတွင်မူ ထို ယဲ့ချန် နှင့် သူ၏ မိသားစုတစ်ခုလုံးအတွက် ကြိုတင်၍ပင် ဝမ်းနည်းကြေကွဲမိနေကြပြီ ဖြစ်သည်။
မနက်အစောပိုင်း။
ယဲ့ချန် နိုးထလာခဲ့သည်။
"အား....စွမ်းအင်တွေ ပြည့်နှက်နေတဲ့ နေ့သစ်တစ်ခုပေါ့။"
ယဲ့ချန် ကုတင်ပေါ်မှ ထလိုက်ပြီး အကြောဆန့်လိုက်သည်။ညက ပင်ပန်းနွမ်းနယ်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့ပြီး၊ ၎င်းတို့အစား တက်ကြွရွှင်လန်းမှုများနှင့် ဝင်းပနေသော မျက်နှာအသွင်အပြင်တို့က အစားထိုး ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
မနေ့ညက ရှယန်နန်၏ အနုပညာမြောက် ဓာတ်ပုံများက နောက်ဆုံးတွင် သူ့အား စိတ်မထိန်းနိုင်အောင် ဖြစ်စေခဲ့သည်။ သူသည် တိတ်တဆိတ်ပင် ဖော်ပြ၍မရနိုင်သော ကိစ္စအချို့ကို ပြုလုပ်ခဲ့မိသည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ခန္ဓာကိုယ်သန့်စင်ဆေးလုံးကို မျိုချပြီးနောက်တွင် ယဲ့ချန်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ ထိပ်တန်း အိုလံပစ်ချန်ပီယံ အားကစားသမားတစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်နေပြီဖြစ်၍မနက် ထလိုက်သည့်အခါ မည်သည့် ကြွက်သားနာကျင်ကိုက်ခဲမှုကိုမျှ မခံစားရချေ။
သူ ထလိုက်ပြီး မျက်နှာသစ် သွားတိုက်လိုက်သည်။ ဒီနေ့ သူ ကျောင်းတက်ရန် သွားရမည် ဖြစ်သည်။ သူ ရေချိုးခန်းထဲက ထွက်လာရုံရှိသေးသည်။
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
သူ တံခါးကို ဖွင့်လိုက်သည်။
စန်းယွီ သည် မနက်စာကို ကိုင်ဆောင်လျက်လှပချောမောသော ပုံစံလေးဖြင့် တံခါးအပြင်ဘက်တွင် ရပ်နေခဲ့သည်။ ဒီနေ့ သူမသည် အလွန် တင်းကျပ်သော ညဝတ်ဘောင်းဘီရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး မိတ်ကပ် လုံးဝ ပြင်ဆင်မထားသော်လည် သူမကတော့ အလွန် ဆွဲဆောင်မှုရှိကာ ရင့်ကျက်ပြီး ညှို့ဓာတ်ပြည့်ဝနေဆဲပင်။
သူမ၏ မက်မွန်ပွင့် မျက်ဝန်းအစုံမှာလည်း ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ရှောင်ချန်... ကျောင်းမသွားရသေးဘူးမလား။ အတော်ပဲ အစ်မ မင်းအတွက် မနက်စာ အချို့ ဝယ်လာခဲ့တယ်။"
စန်းယွီ၏ မျက်ခုံးလေးများ ကွေးညွတ်သွားခဲ့ပြီး ချိုသာစွာ ပြုံးပြလိုက်သည်။
"အာ... အစ်မယွီ ဒီလောက်အထိ အားနာစရာကြီးဗျာ။"
ယဲ့ချန် ကပျာကယာပင် ဘေးသို့ တိမ်းပေးလိုက်ပြီး **စန်းယွီ**အား အခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။ သူတို့နှစ်ဦး စားပွဲတွင် ထိုင်ကာ မနက်စာ အတူတူ စားသောက်လိုက်ကြသည်။
"အစ်မယွီ... ဒီနေ့ အလုပ်မသွားဘူးလား။"
ယဲ့ချန် အီကြာကွေးကို ဝါးရင်း မေးလိုက်သည်။
"ဒီနေ့ မသွားတော့ဘူး။"
စန်းယွီယဲ့ချန် စားသောက်နေသည်ကို တိတ်တဆိတ် ကြည့်ရှုရင်း ပြောလိုက်သည်။
"အစ်မ အဲ့ဒီအလုပ်ကို သိပ်ပြီး သဘောမကျတော့လို့ အလုပ်ထွက်ပြီး အလုပ်အသစ်တစ်ခု ရှာဖို့ ပြင်ဆင်နေတာ။"
"အော်... ဒါဆို အစ်မယွီ ဘယ်လို အလုပ်မျိုးကို ပြောင်းလုပ်ဖို့ စဉ်းစားထားလဲ။"
ယဲ့ချန်က မေးလိုက်သည်။
"မသိသေးပါဘူးညတစ်လှမ်းချင်းပဲ သွားရမှာပေါ့။"
စန်းယွီစိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
ယခုအခါ ယဲ့ချန် သိရှိလိုက်ရသည်မှာ စန်းယွီသည် ကြီးမားသော ငွေကြေးဆိုင်ရာ ဖိအားများအောက်တွင် ရှိနေပြီး တည်ငြိမ်သော အလုပ်တစ်ခုပင် မရှိသေးဘဲ အမြစ်မရှိသော ဗေဒါပင်တစ်ပင်ကဲ့သို့ ဖြစ်နေသည်ကို သိလိုက်ရသဖြင့် သူ၏ ရင်ထဲတွင် ကရုဏာစိတ်များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် ယဲ့ချန်၏ ရင်ထဲတွင် အတွေးတစ်ခု လှုပ်ခတ်သွားခဲ့သည်။
"ဒါနဲ့ အစ်မယွီ... ဆေးရွက်ကြီး ကုမ္ပဏီ မှာ အလုပ်လုပ်ရတာကို ဘယ်လိုထင်လဲ။"
"အာ...ဆေးရွက်ကြီး ကုမ္ပဏီ ဟုတ်လား။"
စန်းယွီခဏမျှ မှင်သက်သွားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
"ဒါက နိုင်ငံတော်ပိုင် အဖွဲ့အစည်းတစ်ခုလေ ခံစားခွင့်တွေနဲ့ လစာတွေ တကယ့်ကို ကောင်းမွန်တယ်လို့ ကြားဖူးတယ် သာမန်လူတွေကတော့ ခေါင်းကွဲမတတ် ကြိုးစားရင်တောင် ဝင်ဖို့ မလွယ်ဘူး။ ဆေးရွက်ကြီး ကုမ္ပဏီက နှစ်တိုင်း အလုပ်ခေါ်တာ မှန်ပေမယ့်အစ်မက လူတွေ့စစ်ဆေးခြင်းအဆင့်ကို ထားဦး... စာမေးပွဲ အဆင့်ကိုတောင် အောင်မြင်အောင် ဖြေနိုင်မှာ မမဟုတ်ဘူး။ အစ်မက ဒီလိုမျိုး အလုပ်ကို အိပ်မက်တောင် မမက်ရဲပါဘူး။ ဒီဘဝမှာ ဒီလို ကံမျိုး မပါလာခဲ့ဘူး ထင်ပါရဲ့။ ရှောင်ချန်... မင်းက ဘာလို့ ရုတ်တရက် ဆေးရွက်ကြီး ကုမ္ပဏီအကြောင်းကို ပြောလာရတာလဲ။"
သူမ စကားပြောနေစဉ်အတွင်းစန်းယွီ၏ မျက်နှာထက်တွင် အားကျခြင်း ခံစားချက်များကို မသိမသာ မြင်တွေ့လိုက်ရသည်။ ဆေးရွက်ကြီး ကုမ္ပဏီကဲ့သို့သော နေရာမျိုးသည် သူမ၏ ဘဝတစ်လျှောက်လုံးတွင် လှမ်းမမှီနိုင်သော အိပ်မက်တစ်ခု ဖြစ်နေသည့်အလားပင်။
"အော်... ဘာမှမဟုတ်ပါဘူး။ အစ်မယွီ... အစ်မအနေနဲ့ ဝင်ရောက် ဖြေဆိုကြည့်သင့်တယ်လို့ ကျွန်တော် ထင်လို့ပါ။ တကယ်လို့ အစ်မရဲ့ စာမေးပွဲ အမှတ်တွေက ကောင်းမွန်ပြီး အမှတ်ပြည့် ရခဲ့မယ်ဆိုရင် အခြေခံအားဖြင့် လူတွေ့စစ်ဆေးခြင်း မလိုဘဲနဲ့ တန်းပြီး အလုပ်ရနိုင်တယ်လေ။"
ယဲ့ချန်က ပြုံး၍ ပြောလိုက်သည်။
စန်းယွီမအောင့်နိုင်ဘဲ တဟားဟား ရယ်မောလိုက်တော့သည်။
"စာမေးပွဲမှာ အမှတ်ပြည့် ရရမယ် ဟုတ်လား။ ရှောင်ချန်... မင်းကတော့ တကယ့်ကို တွေးရဲတာပဲ ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စကြီးပါနော်။"
"အဲ့ဒါက ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ။"
ယဲ့ချန် စားပွဲပေါ်မှ တစ်ရှူးတစ်ခုကို ကောက်ကိုင်လိုက်ပြီး သူ၏ လက်များကို ပေါ့ပေါ့ပါးပါး သုတ်လိုက်သည်။
"အစ်မယွီ... ခဏလေး စောင့်နော်။"
စကားပြောပြီးနောက် ယဲ့ချန် လှည့်ထွက်ကာ အိပ်ခန်းထဲသို့ ပြန်ဝင်သွားခဲ့ပြီး မနေ့က စနစ်၏ သိုလှောင်ခန်းထဲမှ ရရှိခဲ့သော ဆုလာဘ်တစ်ခုကို ထုတ်ယူလိုက်သည်။ ဆေးရွက်ကြီး ကုမ္ပဏီ၏ နှစ်ဝက် အလုပ်ခေါ်စာမေးပွဲ မေးခွန်းများနှင့် အဖြေများ တစ်စုံ
ယဲ့ချန် အပြင်သို့ လျှောက်ထွက်လာပြီး ထိုစာရွက်စာတမ်းများကို စန်းယွီ၏ လက်ထဲသို့ ကမ်းပေးလိုက်ကာ တည်ကြည်စွာ ပြောလိုက်သည်။
"အစ်မယွီ... ဒါတွေက ဆေးရွက်ကြီး ကုမ္ပဏီရဲ့ အလုပ်ခေါ်စာမေးပွဲ မေးခွန်းတွေနဲ့ အဖြေတွေပဲ။ အချိန်ပေးပြီး သေသေချာချာ အလွတ်ကျက်ထားလိုက်ပါ။ မမရဲ့ ပညာအရည်အချင်းက သိပ်မမြင့်မားပေမယ့် တကယ်လို့ ဒီမေးခွန်းတွေနဲ့ အဖြေတွေကို အလွတ်ရနေမယ်ဆိုရင်တော့ လမ်းညွှန်ချက်အတိုင်း လိုက်ဖြေရုံနဲ့ သေချာပေါက် အမှတ်ပြည့် ရမှာပါ။ ကျွန်တော် ကြည့်ပြီးပြီ ၎င်းတို့က အခြေခံအားဖြင့် အဖြေမှန်ရွေးရတဲ့မေးခွန်းတွေကြီးပဲမို့ အရမ်း ရိုးရှင်းပါတယ်။"
"အာ..."
စန်းယွီတစ်ယောက် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
"ရှောင်ချန်... မင်းက ဒီမေးခွန်းတွေနဲ့ အဖြေတွေကို ဘယ်ကနေ ရလာတာလဲ။ ဒါက လျှို့ဝှက်ချက်ကြီးလေ။"
"အစ်မယွီ... အဲ့ဒါတွေကို စိုးရိမ်မနေပါနဲ့။ အစ်မ သေသေချာချာသာ လေ့လာထားလိုက်ပါ။ ဆေးရွက်ကြီး ကုမ္ပဏီထဲ ရောက်သွားတဲ့အခါကျမှ ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ထမင်းတစ်နပ် ပြန်ကျွေးပေါ့။"
ယဲ့ချန် ထိုစာရွက်စာတမ်းများကို စန်းယွီ၏ လက်ထဲသို့ အတင်း ထည့်ပေးလိုက်သည်။။
"ဒါဆိုရင်လည်း ကောင်းပါပြီ ရှောင်ချန်ရယ် သေသေချာချာ ကြိုးစားပြီး လေ့လာပါ့မယ်။ အစ်မ မင်းရဲ့ မျှော်လင့်ချက်တွေကို ပျက်စီးအောင် မလုပ်ပါဘူး။"
စန်းယွီကယဲ့ချန်အား ဆွဲဆောင်မှုရှိသော အကြည့်တစ်ချက် ဖြင့် ကြည့်လိုက်သည်။
"ကဲ... ရှောင်ချန်, မင်း ကျောင်းတက်ဖို့ သွားတော့လေ။ အစ်မ ဒီနေ့ အချိန်ရတာမို့ မင်းရဲ့ အခန်းကို ကူညီပြီး သန့်ရှင်းရေး လုပ်ပေးမယ်။ မင်း တစ်ယောက်တည်း နေတာဆိုတော့ အခန်းထဲမှာ တကယ့်ကို ညစ်ပတ်ပြီး ရှုပ်ပွနေတာပဲ။"
ယဲ့ချန် ချက်ချင်းပင် ငြင်းပယ်ရန် ပြင်လိုက်သော်လည်း
ရုတ်တရက်။
'ဟင်... ရေချိုးခန်းထဲမှာ ငါ မနေ့ညက ကိစ္စပြီးတုန်းက လဲထားတဲ့ အဝတ်အစားတွေနဲ့ ညစ်ပတ်နေတဲ့ အတွင်းခံဘောင်းဘီ ရှိနေသေးတာပဲ... ဒါဆိုရင်တော့... ဟဲဟဲ... မစ်ရှင်တစ်ခု ဖန်တီးလိုက်ရအောင်။'
တီ...တာဝန်တစ်ခု ထွက်ပေါ်လာပါပြီ။ တာဝန်အကြောင်းအရာစန်းယွီအား အိမ်ရှင်၏ အတွင်းခံဘောင်းဘီကို လျှော်ဖွတ်ခိုင်းပါ။
ဆုလာဘ် စနစ်မှ တာဝန်၏ ခက်ခဲမှုအဆင့်ကို ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်ပြီး ဆုလာဘ်များကို နောက်ပိုင်းတွင် တွက်ချက်ပေးပါမည်။
"ဒါဆိုရင်လည်း... အစ်မယွီကို ဒုက္ခပေးရတော့မှာပဲဗျာ။ ရေချိုးခန်းထဲက ပလတ်စတစ် ပုံးထဲမှာ ကျွန်တော် လဲထားတဲ့ အဝတ်အစား အချို့ ရှိပါတယ် အစ်မ ကူညီပြီး လျှော်ပေးလို့ ရမလားဟင်။"
ယဲ့ချန်က ရှက်ကိုးရှက်ကန်း ပုံစံဖြင့် ပြောလိုက်သည်။
စန်းယွီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး။ ကဲ... ရှောင်ချန် မင်း ကျောင်းသွားတော့လေ အစ်မ သန့်ရှင်းရေး လုပ်ပြီးတာနဲ့ မင်းရဲ့ အဝတ်အစားတွေကို လျှော်ပေးပါ့မယ်။ မှတ်ထားနော်... နောင်ကျရင် အစ်မအရှေ့မှာ ဒီလိုမျိုး အားနာမနေနဲ့ ဟုတ်ပြီလား။ တကယ်လို့ အစ်မ ကူညီပေးစေချင်တာ ရှိရင်လည်း တန်းပြီး ပြောလိုက်။"
"ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ် အစ်မယွီ။"
ယဲ့ချန် အိပ်ခန်းထဲသို့ ပြေးဝင်သွားပြီး အပြင်သွားဝတ်စုံကို လဲလှယ်လိုက်သည်။
ယဲ့ချန်၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ယခုအခါ ပိုမို ကြီးမားထွားကျိုင်းလာခဲ့ပြီဖြစ်၍ သူ၏ အဝတ်အစားဟောင်းများနှင့် ဘောင်းဘီများမှာ အလွန် သေးငယ်နေခဲ့ပြီ ဖြစ်သော်လည်း မနေ့က စနစ်မှ ရရှိခဲ့သော Armaniနွေရာသီ တီရှပ်လက်တိုအသစ်ကို ထုတ်ယူကာ စမ်းဝတ်ကြည့်လိုက်သည်။
ကွက်တိ ဖြစ်နေခဲ့သည်။
သူ၏ အောက်ပိုင်းအတွက်မူ သာမန် အားကစားဘောင်းဘီရှည်တစ်ထည်ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်လိုက်သည်။
"အစ်မယွီ... ကျွန်တော် ကျောင်းသွားပြီနော်။"
ယဲ့ချန် စားပွဲခုံကို ရှင်းလင်းနေသည့် စန်းယွီအား နှုတ်ဆက်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ စန်းယွီသည် ယဲ့ချန် ထွက်ခွာသွားသည်ကို ငေးမောကြည့်ရှုရင်း မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ဟင်... ရှောင်ချန်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက အရင်ကထက် ပိုပြီး ကောင်းလာသလိုပဲ ပြီးတော့ ပိုပြီးတော့လည်း ခန့်ညားလာတယ်... အရမ်းချောတာပဲ..."