အခန်း ၂၉
Vol. 3 Ch. 29
အခန်း ၂၉ - ငါတို့နဲ့ လိုက်ခဲ့စမ်း။
ယဲ့ချန်သည် မျက်နှာထက်တွင် ပြုံးဖြဲဖြဲဖြင့် ကျောင်းသို့ လျှောက်လှမ်းလာခဲ့သည်။
မနေ့က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ယဲ့ချန်အတွက် ပြန်လည်တွေးတော လွမ်းဆွတ်စရာ ကောင်းလှပေသည်။စနစ် သာ ရှိနေရင်သူ တကယ်ပဲ ဘာမဆို စိတ်တိုင်းကျလုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
ယခုအခါ သူသည် ကမ္ဘာကြီးတစ်ခုလုံးကို သူ့အတွက် ဂိမ်းတစ်ခုလို ခံစားနေရပြီး
သူကိုယ်တိုင်ကတော့ဂိမ်းထဲမှာ ဆော့ဝဲလ်ခိုးသုံး နေတဲ့သူပေါ့။
အဟက်... တကယ့်ကို လန်းလွန်းတယ်။
သူ ကျောင်းသို့ ရောက်ရှိလာခဲ့သည်။ ဒီနေ့တွင် ကျောင်းထဲရှိ လူများက သူ့အား လှည့်ပတ်ကြည့်ရှုကြသည့် နှုန်းထားမှာ အရင်ကထက် သိသိသာသာ မြင့်မားနေသည်ကို ယဲ့ချန် ရှင်းလင်းစွာ ခံစားလိုက်ရသည်။ အထူးသဖြင့် မိန်းကလေး အများအပြားမှာ ယဲ့ချန်ကို ကြည့်လိုက်သည့်အခါ သူတို့၏ မျက်ဝန်းများထဲတွင် မရေမရာ ဖြစ်နေသော အရိပ်အယောင်များဖြင့် တောက်ပနေကြသည်။ ဤအတွေ့အကြုံမှာ အရင်ကနှင့် ယှဉ်လျှင် မိုးနှင့်မြေလို ကွာခြားလှပေသည်။ ဟိုးအရင်တုန်းကဆိုလျှင်ကျောင်းထဲတွင် လှပကျော့ရှင်းသော မိန်းကလေးတစ်ဦး သူ့ဘေးမှ ဖြတ်လျှောက်သွားတိုင်း သူက မျက်လုံးထောင့်မှ ကပ်ကြည့်ခဲ့ရသော်လည်း၊းထိုမိန်းကလေးများကတော့ သူ့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ကြချေ။
နေပါဦး... သူ့ကို အာရုံတောင် မစိုက်ခဲ့ကြတာ မဟုတ်ပါလား။
'ဟဲဟဲ... ဒါက ငါ အခု ပိုပြီး ခန့်ညားလာလို့ပဲ။ ကြည့်ရတာ ရုပ်ချောရင်လည်း ဘာမဆို စိတ်တိုင်းကျ လုပ်လို့ရတာပဲ။'
ယဲ့ချန် အနည်းငယ် ဘဝင်မြင့်သွားမိသည်။
'သူတို့ ပြောကြတာတော့ တက္ကသိုလ်ဆိုတာ အလှပဂေးလေးတွေ ပေါများတဲ့နေရာ ပြီးတော့ စော်ကြည်ဘုံဗိမာန်ကြီးပေါ့... အခုကြည့်ရတာ တကယ်ပဲ အဲ့ဒီလို ဖြစ်နေပြီထင်တယ်...'
မနက်ခင်း စာသင်ချိန်များမှာ ပုံမှန်အတိုင်းပင် ပျင်းစရာကောင်းလှပြီး ယဲ့ချန်အတွက် လုပ်ဆောင်ရန် ထိုက်တန်သော တာဝန်တစ်ခုမျှ ထွက်မလာခဲ့သဖြင့် သူ အလွန် ပျင်းရိ ငြီးငွေ့နေခဲ့သည်။ ထို့ကြောင့် သူသည် လင်းယွီရှီး ထံသို့ WeChatမှတစ်ဆင့် မက်ဆေ့ခ်ျပို့ကာ မနက်စာ/နေ့လယ်စာ အတူစားရန် ဖိတ်ခေါ်လိုက်သည်။ လင်းယွီရှီးက ချက်ချင်းပင် သဘောတူခဲ့သည်။
ဤနည်းပညာတက္ကသိုလ်တစ်ခုလုံးတွင် ကျောင်းကွင်း ဖြစ်သော လင်းယွီရှီးကို ဤမျှ လွယ်ကူစွာ ချိန်းဆိုနိုင်သူမှာ ယဲ့ချန်တစ်ယောက်တည်းသာ ရှိလိမ့်မည် မဟုတ်ပါလား။
မွန်းတည့်ချိန်တွင် ယဲ့ချန်နှင့် လင်းယွီရှီးတို့ ဆုံတွေ့ခဲ့ကြသည်။ဒီနေ့တွင်လည်း လင်းယွီရှီးသည် အလွန် ရိုးရှင်းစွာပင် ဝတ်ဆင်ထားဆဲဖြစ်သည်။ ရိုးရှင်းလွန်း၍ သာမန်ကာလျှံကာ နိုင်လှသည်။ အရောင်လွင့်နေသော ဂျင်းဘောင်းဘီနှင့် ဈေးပေါသော တီရှပ်လက်တိုလေးကို ဝတ်ဆင်ထားသော်လည်း လင်းယွီရှီး၏ ကိုယ်ပေါ်တွင်မူ ဖက်ရှင်ကျကျ ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့သည်။ သူမသည် နေရောင်ခြည်အောက်တွင် လွင့်ပျံနေသော သစ်ရွက်လေးများကဲ့သို့ တောက်ပလွန်းလှသည်။
သူမသည် မိတ်ကပ်ပါးပါးလေးကိုပင် တမင် ပြင်ဆင်လာခဲ့သေးရာ တကယ့်ကို လှပလွန်း၍ စိုပြည်နေခဲ့သည်။
"ယဲ့ချန်... ငါ ထမင်းချိုင့် ယူလာခဲ့သားပဲ... မင်း ပိုက်ဆံကုန်ခံနေစရာ မလိုပါဘူး။"
လင်းယွီရှီးက ယဲ့ချန်ကို ပြုံး၍ ပြောလိုက်သည်။
ယဲ့ချန် သိသည်မှာ လင်းယွီရှီး ယူလာတတ်သော ထမင်းချိုင့်ဆိုသည်မှာ အများအားဖြင့် ထမင်းအေးနှင့် ဟင်းသီးဟင်းရွက် အနည်းငယ်သာ ဖြစ်သည်။ စာသင်ခန်းထဲတွင် ရေပူစက် ရှိသည်။ မွန်းတည့်ချိန်တိုင်း လင်းယွီရှီးသည် ရေနွေးဖြင့် ထမင်းအေးကို ပြန်နွှေကာ ရိုးရှင်းသော ဟင်းသီးဟင်းရွက်လေးများနှင့် ဝမ်းရေးကို မဖြစ်စလောက် ဖြေရှင်းတတ်သည်။
ဤကဲ့သို့ ရေရှည်စားသောက်ခြင်းသည် အာဟာရမဖြစ်ရုံသာမက၊း သူမ၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သည်။
မနေ့ညက Dateလုပ်ခဲ့ရမှုက ယဲ့ချန်အား အချစ်ရေးတစ်ခုထဲ ရောက်ရှိနေသလို ခံစားချက်မျိုး ပေးစွမ်းခဲ့သည်။ ထို့ကြောင့် သူ၏ စိတ်မသိစိတ်ထဲတွင် လင်းယွီရှီးအား သူ၏ အနာဂတ် ရည်းစားလောင်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် လင်းယွီရှီး ဤကဲ့သို့ ဆက်လက် ဆင်းရဲဒုက္ခရောက်နေသည်ကို သူ မကြည့်ရက်တော့ချေ။
"ယွီရှီး... ငါ့ကို အားနာမနေပါနဲ့။ နင်လည်း သိသားပဲ ငါ ဆုကြေးငွေ ယွမ် ၂ သိန်း ရထားတာမို့ ငါ့မှာ ပိုက်ဆံရှိပါတယ်။ အမှန်အတိုင်း ပြောရရင် ဒီဆုကြေးငွေရဲ့ တစ်စိတ်တစ်ပိုင်းက နင်နဲ့လည်း ဆိုင်တာပေါ့။ တကယ်လို့ နင် သာ ငါ့ကိုWanda Plaza နားမှာ ထမင်းစားဖို့ မဖိတ်ခဲ့ဘူးဆိုရင် ငါလည်း အဲ့ဒီ ဝရမ်းပြေးနဲ့ ဆုံမှာမဟုတ်ဘူး။ ဒါဆိုရင် ဒီဆုကြေးငွေက ငါနဲ့ ဘာမှသက်ဆိုင်လာမှာ မဟုတ်တော့ဘူးလေ။"
ယဲ့ချန်က သဘာဝကျကျပင် ပြောလိုက်သည်။
"ဒါကြောင့် ဒီနေ့ကစပြီး နင့်ရဲ့ ကျောင်းက နေ့လယ်စာကို ငါ တာဝန်ယူတယ်! မင်း ကျောင်းပြီးတဲ့အထိပဲ။"
"အာ နင်က... ငါ့ကို တာဝန်ယူမလို့လား။"
လင်းယွီရှီး ခေတ္တမျှ မှင်သက်သွားခဲ့ပြီး သူမ၏ ရင်ထဲတွင်မူ ချိုမြိန်သော ခံစားချက်များ ယှက်နွှယ်သွားခဲ့ရသည်။ သူမ မျက်နှာလေး နီမြန်းလျက် ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။
"အဲ့ဒါက အားနာစရာကြီး..."
"ကဲ... ဒါဆိုရင် အတည်ပဲနော်။ အနှစ်တစ်ရာအပြီး မပြောင်းလဲကြေး နင်ဘာစားချင်လဲ။"
"ကျောင်းကန်တင်းထဲမှာပဲ စားကြရအောင်လေ။"
လင်းယွီရှီး ခဏမျှ တွေးတောပြီးနောက် အကြံပြုလိုက်သည်။
"ကောင်းပြီ ဒါဆို ကျောင်းကန်တင်းကို သွားကြစို့။"
ယဲ့ချန် လင်းယွီရှီး၏ သဘောထားကို အပြည့်အဝ လေးစားလိုက်နာလိုက်သည်။ နည်းပညာတက္ကသိုလ်တွင် ကျောင်းကန်တင်းတစ်ခုတည်းသာ ရှိပြီး စုစုပေါင်း သုံးထပ် ရှိသည်။
ပထမထပ်နှင့် ဒုတိယထပ်ရှိ အစားအစာများမှာ ဈေးနှုန်း သက်သာပြီး အများအားဖြင့် အစုလိုက်ချက်သော အစားအစာများ ဖြစ်ကြသည်။ ကျောင်းသားအများစုမှာ ဤအထပ်များတွင်သာ စားသောက်ရန် ရွေးချယ်ကြသည်။
တတိယထပ်မှာမူ ဈေးနှုန်း ပိုမိုကြီးမားပြီး လစာမြင့်မားသော စားဖိုမှူးများက စုံလင်စွာ ချက်ပြုတ်ပေးကြသည်။ အရာအားလုံး ရရှိနိုင်ပေသည်။ ထို့ကြောင့် တတိယထပ်တွင် စားသောက်နိုင်သူများမှာ ချမ်းသာသော မိသားစုမှ လာသည့် ကျောင်းသားများ သို့မဟုတ် ကျောင်းက ဆရာ ဆရာမများသာ ဖြစ်ကြသည်။
ယဲ့ချန်သည် မူလက လင်းယွီရှီးအား တတိယထပ်သို့ ခေါ်ဆောင်သွားချင်ခဲ့သော်လည်းသူမက ငြင်းပယ်ခဲ့သဖြင့် သူတို့နှစ်ဦး ပထမထပ်ရှိ အလွတ်ဖြစ်နေသော စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။ ယဲ့ချန်သည် အသားဟင်း ငါးပွဲ၊ ဟင်းသီးဟင်းရွက်ဟင်း သုံးပွဲ၊ စွပ်ပြုတ်တစ်ပွဲနှင့် ထမင်း နှစ်ပန်းကန် သွားရောက် ဝယ်ယူခဲ့သည်။
ဤတစ်ကြိမ်တွင်မူ သာမန် ထမင်းစားရုံသက်သက်သာ ဖြစ်သည်။ ယဲ့ချန် မည်သည့် တာဝန်ကိုမျှ မစီစဉ်ခဲ့ချေ။ မနေ့ညက လင်းယွီရှီးနှင့် ထမင်းစားခဲ့စဉ်က စနစ်မှ okamoto 001 အများအပြား ရရှိထားခဲ့ရာ ၎င်းတို့ကို မည်သည့်နေရာတွင် အသုံးပြုရမည်ကိုပင် သူ မသိသေးချေ။
"အာ ယဲ့ချန်... ဟင်းတွေ ဒီလောက်အများကြီးကို ငါတို့ ကုန်အောင် စားနိုင်ပါ့မလား။"
လင်းယွီရှီး အံ့အားသင့်သွားသည်။
"ဒီလောက်အထိ အလေအလွင့် မလုပ်ပါနဲ့လား။"
"ငါက အခုမှ အရွယ်ဆရာက်ခါစဆိုတော့ အစားကြီးတယ်လေ။ ပြဿနာမရှိပါဘူး။"
ယဲ့ချန်က ရယ်မောလိုက်သည်။
ယခုအချိန်တွင် ပထမထပ်၌ ထမင်းစားနေသော ကျောင်းသား အတော်များများ ရှိနေသည်။ ကျောင်းကွင်း လေးဦးထဲမှ တစ်ဦးဖြစ်သော လင်းယွီရှီးသည် ယောက်ျားလေးတစ်ဦးနှင့်အတူ ထမင်းစားနေသည်ကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး တိုးတိုးတိတ်တိတ် ပြောဆိုလာကြတော့သည်။
"မဖြစ်နိုင်တာ အဲ့ဒါ လင်းယွီရှီး မဟုတ်လား ဘာတွေ ဖြစ်နေတာလဲ။ သူမက ဘယ်တုန်းကမှ ယောက်ျားလေးတွေနဲ့ အတူ ထမင်းမစားဖူးပါဘူးဆို။"
"အဲ့ဒီကောင်က ဘယ်မေဂျာကလဲ။ သိတဲ့သူ ရှိလား။"
"လင်းယွီရှီးမှာ ရည်းစားရသွားပြီပေါ့ ဟာ... မိုက်တယ် သတင်းကြီးပဲဟေ့။"
"သိပ်ပြီး လျှောက်မတွေးပါနဲ့ာမောင်နှမတွေ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် လင်းယွီရှီး ရည်းစားထားမယ်ဆိုတာ ငါ မယုံဘူး။"
"မောင်နှမ ဟုတ်ရမလား ငါ အဲ့ဒီကောင်ကို မြင်ဖူးတယ်။ မနေ့က ကျောင်းအပြင်ဘက်မှာ၊ သူက လင်းယွီရှီးအတွက် သဝန်တိုပြီး ဝူချန်နဲ့ ရန်ဖြစ်တာ နောက်ဆုံး ဝူချန်ရဲ့ လက်ကိုပါ ရိုက်ချိုးပစ်လိုက်တာလေ။"
"အဲ့လောက်တောင် ကြမ်းတာလား။ မဖြစ်နိုင်တာမင်း ကြွားနေတာ နေမှာပါ။ ဝူချန်က ဘယ်လိုလုပ် အရိုက်ခံရမှာလဲ။"
"အဟမ်း... တကယ်တော့ အထီးကျန်နေတဲ့ အလှပဂေးလေးတစ်ယောက်က သူမ တကယ် ထူးချွန်တဲ့ အမျိုးသားတစ်ယောက်နဲ့ မဆုံခင်မှာထမင်းကျွေးမယ့်သူနဲ့ အခြွေအရံတစ်ယောက် ရှာထားတာက ပုံမှန်ပါပဲ။"
"သွားစမ်းပါ ငါ့ရဲ့ နတ်သမီးလေး လင်းယွီရှီးက အဲ့ဒီလို မိန်းကလေးမျိုး မဟုတ်ဘူး။"
ဤဆွေးနွေးချက်များကို ကြားလိုက်ရသဖြင့် လင်းယွီရှီး မျက်နှာလေး နီမြန်းလျက် ခေါင်းငုံ့ကာ ထမင်းကို တမြုံ့မြုံ့ စားနေခဲ့သော်လည်းသူမ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ချေ။ ဆန့်ကျင်ဘက်အားဖြင့် သူမ၏ ရင်ထဲတွင် ချိုမြိန်မှုနှင့် လုံခြုံမှု ခံစားချက်တို့ကိုပင် ရရှိနေခဲ့သည်။ ယဲ့ချန်ကတော့ အရေထူသူဖြစ်၍ ၎င်းတို့ကို လုံးဝ ဂရုမစိုက်ချေ။
သူသည် ဂုဏ်ယူဝင့်ကြွားမှု ခံစားချက်ကိုပင် ရရှိနေသေးသည်။
သူတို့ စားသောက်နေဆဲတွင် ဒုန်း... ဒုန်း... ဒုန်း ဟူသော ခြေသံများနှင့်အတူ အရပ်ရှည်ရှည်နှင့် ထွားကြိုင်းသော ယောက်ျားလေးတစ်စု အပေါ်ထပ်မှ ဆင်းလာခဲ့ကြသည်။ ဤယောက်ျားလေးတစ်စုမှာ ရန်လိုသော အသွင်အပြင်ရှိပြီး ကြမ်းကြုတ်သော မျက်နှာထားများဖြင့် တစ်စုံတစ်ဦးကို ရှာဖွေနေသည့်အလားပင်။ သူတို့သည် ယဲ့ချန်နှင့် လင်းယွီရှီးတို့ကို မြင်လိုက်ရသည့်အခါ အချင်းချင်း ခေါင်းငြိတ်ပြကာ အတူတူ လျှောက်လှမ်းလာခဲ့ကြသည်။
"မင်းက ယဲ့ချန် မဟုတ်လား။"
ခေါင်းဆောင်ဖြစ်ပုံရသော ကောင်လေးမှာ ဝူချန်နှင့် အရပ်အမောင်း တူညီပြီး 1.9 မီတာခန့် မြင့်မားသော လူကောင်ကြီး ဖြစ်ကာ အသားညိုညိုကြွက်သားအဖုအထစ်များနှင့် ကျောက်ပေါက်မာန်ထနေသော မျက်နှာက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း ကြမ်းကြုတ်သော အလင်းတန်းများ တောက်ပနေခဲ့သည်။
"အမ်"
ယဲ့ချန် မော့ကြည့်လိုက်သည်။ ယဲ့ချန် ဤကောင်များကို မြင်ဖူးသည်။ သူတို့သည် ဝူချန်၏ အသင်းဖော်များဖြစ်ကြပြီး ကာယပညာမေဂျာမှ ထိပ်တန်း ကျောင်းသားများနှင့် နည်းပညာတက္ကသိုလ် ဘတ်စကတ်ဘောအသင်း၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။
"ဟုတ်တယ်၊ ငါက ယဲ့ချန်ပဲ။ ဘာကိစ္စရှိလို့လဲ။"
ယဲ့ချန်က ပြုံး၍ မေးလိုက်သည်။
"တောက် ဝူချန်ရဲ့ ညာဘက်လက် ကျိုးသွားပြီကွ။"
ထိုအသားညိုညို လူကောင်ကြီးက ယဲ့ချန်အား ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ပထမထပ် ကျောင်းကန်တင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရသည်။
ထမင်းစားနေသော ကျောင်းသားအားလုံး စားသောက်ခြင်းကို ရပ်တန့်လိုက်ကြပြီး သူတို့၏ အကြည့်များကို ယဲ့ချန်တို့ ရှိရာဘက်သို့ လွှဲပြောင်းလိုက်ကြသည်။
"အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ မင်းက ငါ့ကို ဘာလို့ လာပြောနေတာလဲ။"
ယဲ့ချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်းက ငါ သူ့ကို သနားလိမ့်မယ်လို့ ထင်နေတာလား။ ဟာဟားဟား ငါ တဟားဟား ရယ်ချင်စိတ်တောင် ပေါက်လာပြီ။"
ယဲ့ချန် ကောင်းကောင်း သိပါသည်။ဤကောင်များသည် ဝူချန်အတွက် ကလဲ့စားချေရန် လာရောက်ကြခြင်း ဖြစ်ကြောင်း သို့သော်လည်း
ဘာဖြစ်လဲ ငါက စနစ်ရှိတဲ့ လူသားတစ်ယောက်ပဲမင်းတို့လို အမှိုက်တွေကို ငါက ကြောက်နေရမှာလား။
ယဲ့ချန်၏ သရော်စာစကားများကို ကြားလိုက်ရသည့်အခါ ထိုကောင်များ၏ မျက်နှာများမှာ တွန့်ရှုံ့သွားခဲ့ရသည်။ သူတို့အားလုံး လက်သီးများကို တင်းတင်းဆုပ်လျက် ယဲ့ချန်အား အစိမ်းလိုက်ဝါးစားမတတ် စူးစိုက်ကြည့်နေကြသည်။ ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့မှ ကျောင်းသားအချို့ကလည်း တိုးတိုးတိတ်တိတ် ရေရွတ်လာကြတော့သည်။
"ဟာ... သွားပြီ ဒါတွေက ကာယပညာမေဂျာရဲ့ နတ်ဘုရား လေးပါးပဲဟေ့ တစ်ယောက်ထက်တစ်ယောက် ပိုပြီး ရက်စက်ကြတာ အဲ့ဒီကောင်က နတ်ဘုရား လေးပါးအရှေ့မှာ ဒီလောက်အထိ လေလုံးထွားနေတုန်းပဲ သူကတော့ သေတွင်းတူးနေတာပဲ။"
"ကြည့်ရတာ ဝူချန် တကယ်ပဲ သူ့လက်ချက်နဲ့ အရိုက်ခံလိုက်ရတာ ထင်တယ် သူက ဝက်ဝံနှလုံးနဲ့ ကျားသစ်သည်းခြေကို စားထားလို့ ဒီလောက် သတ္တိကောင်းနေတာလား။"
"ဝူချန်ရဲ့ လက်ကို ရိုက်ချိုးနိုင်ခဲ့တာကတော့ စွမ်းဆောင်ရည် ရှိလို့ပါပဲ။ ဒါပေမယ့် အဲ့ဒါက မင်း စိတ်ကြိုက် သောင်းကျန်းလို့ရမယ့် အရင်းအနှီးတော့ မဟုတ်ဘူးလေ။"
"ကာယပညာမေဂျာက ကျောင်းသားတွေက တကယ့်ကို စည်းလုံးကြတာ။ သူတို့က ရန်ပွဲဆို ဘယ်တော့မှ နောက်မဆုတ်ဘူးပြီးတော့ အုပ်စုလိုက်ပဲ ချတတ်ကြတာ။ ဒီကောင် ဝူချန်ကို ထိလိုက်တာက ကာယပညာမေဂျာတစ်ခုလုံးကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ... သနားစရာပဲ သူ့ရဲ့ နိဂုံးကတော့ ကြည့်ရဆိုးမှာ သေချာတယ်။"
"မနှစ်တုန်းက ကာယပညာမေဂျာက ကျောင်းသားတွေ ကျောင်းပြင်ပက လူမိုက်ဂိုဏ်းတစ်ခုနဲ့ အုပ်စုလိုက် ချကြတာအပြတ်အသတ် နိုင်ခဲ့တယ်လေ။ ကြားဖူးတာတော့ သူတို့က လူမိုက်နှစ်ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့တာတောင် နောက်ဆုံး ပိုက်ဆံအနည်းငယ် ပေးလိုက်ရုံနဲ့ ဘာမှမဖြစ်ခဲ့ဘူးတဲ့။"
"လူတစ်ယောက်တည်းနဲ့ ကာယပညာမေဂျာတစ်ခုလုံးကို ယှဉ်မလို့လား။ ဟာဟားဟား ပွဲကောင်းကြည့်ရတော့မယ် အဲ့ဒီကောင် ဘယ်လိုသေမလဲဆိုတာ စောင့်ကြည့်ကြရအောင် တောက်... သူက ငါတို့ရဲ့ ကျောင်းကွင်း လင်းယွီရှီးကိုပါ လက်ဖျားနဲ့တောင် တို့ရဲတယ်ပေါ့လေ အခုတော့ ဝဋ်လည်ပြီ ခံရမှာပဲ။"
"ဟာဟားဟား ငါထင်တာတော့ ဒီကောင် ယမမင်းကို ပိုက်ဆံပေးပြီး ယမမင်းက သေစာရင်းထဲကနေ သူ့နာမည်ကို ဖျက်ပေးထားလို့ သူ ဘာမဆို လုပ်လို့ရတယ်လို့ ထင်နေတာ နေမှာပါ။"
"နင်တို့ ဘာလုပ်ချင်ကြတာလဲ။ မနေ့က ဝူချန်က အရင် စပြီး တိုက်ခိုက်ခဲ့တာလေ။ နင်တို့က အကျိုးအကြောင်း မရှိကြဘူးလား။"
လင်းယွီရှီးက အော်ဟစ်လိုက်သည်။
"လင်းယွီရှီး... ပါးစပ်ပိတ်ထားစမ်း နင်က မြွေဟောက်မပဲ။"
ခေါင်းဆောင်ဖြစ်သော ထိုအသားညိုညို လူကောင်ကြီးက လင်းယွီရှီးအား အော်ငေါက်လိုက်သည်။
"ဝူချန် အရိုက်ခံရတဲ့ ကိစ္စကနင့်မှာလည်း အပြစ်ရှိတယ် နင်သိပ်ပြီး ဝမ်းမသာနေနဲ့ဦး ဒီကောင်ကို ရှင်းပြီးတာနဲ့ နင်ကိုလည်း ငါတို့ အေးအေးဆေးဆေး စာရင်းရှင်းမယ်။"
စကားပြောပြီးနောက် သူသည် ယဲ့ချန်ကို ထပ်မံ ကြည့်လိုက်သည်။
"ထစမ်း ငါတို့နဲ့ လိုက်ခဲ့။"
သူ စကားပြောပြီးသည်နှင့် သူ၏ ဘေးတွင် ရပ်နေသော ကောင်များက အတူတူ လှုပ်ရှားလိုက်ကြပြီး စားပွဲပေါ်ရှိ အစားအသောက် လင်ဗန်းများအားလုံးကို ကြမ်းပြင်ပေါ်သို့ ရိုက်ချပစ်လိုက်ကြသည်။ အစားအစာများနှင့် စွပ်ပြုတ်များ ကြမ်းပြင်အနှံ့ ဖိတ်စင်သွားခဲ့ရသည်။
ယဲ့ချန် တစ်လုံးမှ ပြန်မပြောခဲ့သော်လည်း သူ၏ မျက်ဝန်းအစုံထဲမှ အလွန် အန္တရာယ်ရှိသော အလင်းတန်းနှစ်ခု ချက်ချင်း ဖြာထွက်သွားခဲ့လေသည်။