← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀ - နည်းပြ။

ယဲ့ချန် အခု တကယ်ပဲ ဒေါသထွက်နေပြီတကယ့်ကို အကြီးအကျယ် ဒေါသထွက်နေပြီ ဖြစ်သည်။သူသည် ကြမ်းပြင်ပေါ်တွင် ဖိတ်စင်ကာ ပရမ်းပတာ ဖြစ်နေသော အစားအစာများနှင့် စွပ်ပြုတ်များကို တိတ်ဆိတ်စွာ ကြည့်နေရင်းသူ၏ နှလုံးသားထဲတွင် ရက်စက်လိုစိတ် အရိပ်အယောင်တစ်ခု ရုန်းကြွလာခဲ့သည်။

ဝူချန်နှင့် သူ၏ အသင်းဖော်များမှာ တကယ့်ကို လွန်လွန်းလှပြီ။ သူသည် ကြီးပြင်းလာသည့် သက်တမ်းတစ်လျှောက် ဤကဲ့သို့ နှိမ်ချဆက်ဆံခံရမှုကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။

ရွှံ့ရုပ်တောင်မှ အပူပေးရင် ကွဲတတ်သေးတာပဲ လူဆိုရင်တော့ ပြောနေစရာ လိုဦးမလား။

ပိုပြီး အရေးကြီးတာက၊ယဲ့ချန်သည် စနစ်ကို ပိုင်ဆိုင်ထားသည့် လူသားတစ်ယောက် မဟုတ်ပါလား။

လူတစ်ယောက်ဟာ ထူးခြားတဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်လာတဲ့အခါ သူ့စိတ်ထဲက မကောင်းဆိုးဝါးကို နှိုးဆွဖို့ ပိုလွယ်ကူသွားတတ်ပြီးလူသားသဘာဝရဲ့ မကောင်းတဲ့ အလိုဆန္ဒတွေကလည်း အချိန်မရွေး ပေါက်ကွဲထွက်လာဖို့ အသင့်ဖြစ်နေတတ်သည်။

ယဲ့ချန်အနေဖြင့် အခြားသူများကို လိုက်လံ မပတ်သက်ဘဲ နေနေသည်ကပင် တော်လှလှပြီ ဖြစ်သော်လည်း ယခုမူ တစ်စုံတစ်ယောက်က သူ့ကို လာရောက် စိန်ခေါ်ရဲနေပြီ။

"မင်းတို့ လေးယောက်လုံးကို ငါ တစ်ယောက်တည်း ချမယ်။"

ယဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဤစကားမှာ ကာယပညာမေဂျာမှ ကျောင်းသားလေးဦး ကြားစေရန် ပြောလိုက်ခြင်း မဟုတ်ချေ။

တီ... တာဝန် စတင်ထုတ်လုပ်လိုက်ပါပြီ။ တာဝန်အကြောင်းအရာ- အိမ်ရှင်က လူလေးယောက်ကို ရင်ဆိုင်ရမည်။ ဆုလာဘ်- စနစ်မှ တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲ ဖြစ်ပြီး ဆုကြေးများကို နောက်မှ တွက်ချက်ပေးပါမည်။

"တောက် မင်းက ဘာကောင်မို့လို့လဲကွ မင်းတစ်ယောက်တည်းနဲ့ ငါတို့ လေးယောက်လုံးကို ယှဉ်ချင်တယ် ဟုတ်လား။"

ခေါင်းဆောင်ဖြစ်သော ထိုအသားညိုညို လူကောင်ကြီးက လက်ညှိုးဖြင့် ယဲ့ချန်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးဆွလိုက်သည်။ ယ

"မင်း ဝူချန်ကို နိုင်ခဲ့ရုံနဲ့ မင်းကိုယ်မင်း ပြိုင်ဘက်မရှိလို့ မထင်လိုက်နဲ့။ ငါတို့ ဘတ်စကတ်ဘောအသင်းမှာ ဝူချန်က ရန်ပွဲဆိုရင် အကြောက်တတ်ဆုံးနဲ့ အားအနည်းဆုံးကွဒါကြောင့် လူမိုက်မလုပ်စမ်းနဲ့ တကယ်လို့ မင်းမှာ သတ္တိရှိရင် ငါ့ကို လက်ဖျားနဲ့တို့ကြည့်စမ်း။"

ရုတ်တရက်။

ယဲ့ချန်၏ ညာလက်မှာ လျှပ်စီးလက်သလို ထွက်ပေါ်လာပြီးထိုလူကောင်ကြီး၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် လက်ညှိုးကို ဖမ်းဆုပ်ကာ မည်သည့်စကားမျှ မဆိုဘဲ လိမ်ချိုးပစ်လိုက်သည်။

ဂလတ်

အရိုးကျိုးသွားသည့် ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုလူကောင်ကြီး၏ လက်ညှိုးမှာ ချက်ချင်းပင် ကျိုးသွားခဲ့ရပြီ။ ထို့နောက် ယဲ့ချန်သည် ယုန်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ထရပ်လိုက်ပြီး ထိုလူကောင်ကြီး၏ ဝမ်းဗိုက်ကို ကန်ကျောက်လိုက်ရာ သူသည် လွင့်ထွက်သွားခဲ့တော့သည်။

သူသည် စတင်လှုပ်ရှားလိုက်ပြီ ဖြစ်ရာ ယဲ့ချန် ဘယ်တော့မှ လက်ညှာလိမ့်မည် မဟုတ်ချေ။

သူသာ ရက်ရက်စက်စက် မလုပ်လျှင်နောက်ဆုံး ဒုက္ခရောက်မည့်သူမှာ သူကိုယ်တိုင်သာ ဖြစ်လိမ့်မည်။ ထိုလူကောင်ကြီး၏ အသင်းဖော်များ သတိမထားမိခင်မှာပင် ယဲ့ချန်သည် ဘယ်ဝှေ့လက်သီးဖြင့် အခြားတစ်ဦး၏ မေးစေ့ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

ထိုလူမှာ မေးရိုးပြုတ်ထွက်လျက် နေရာတွင်ပင် ဝဲလည်သွားခဲ့ရာ ကြည့်ရသည်မှာ အလွန် သနားစရာ ကောင်းလှပေသည်။ ထိုအခိုက်အတန့်တွင် ကျန်ရှိနေသော ကာယပညာမေဂျာမှ ကျောင်းသားနှစ်ဦးမှာ နောက်ဆုံးတွင် သတိဝင်လာခဲ့ကြပြီးအော်ဟစ်ကာ လက်သီးများကို လွှဲယမ်းလျက် ယဲ့ချန်အား ဘယ်ညာညှပ်ပိတ် တိုက်ခိုက်လာကြတော့သည်။

သူတို့ ထိုးနှက်လိုက်သော လက်သီးများမှာ အားပါပြီး ပြင်းထန်သည်ဟု ယူဆနိုင်သော်လည်း

ယဲ့ချန်၏ မျက်ဝန်းထဲတွင်မူ ၎င်းတို့မှာ အဟာကွက်များစွာဖြင့် ပြည့်နှက်နေခဲ့သည်။

ဤကာယပညာမေဂျာမှ ကျောင်းသားများသည် သူတို့၏ ငယ်ရွယ်မှု ကောင်းမွန်သော ခန္ဓာကိုယ် ကြံ့ခိုင်မှု ထွားကြိုင်းသော အရွယ်အစားနှင့် ခွန်အားတို့ကိုသာ အားကိုး၍ လက်သီးများကို ရမ်းထိုးနေကြခြင်းဖြစ်ရာ သာမန်လူဆိုလျှင်တော့ အထိုးခံရမှာ သေချာသည်။

သော်လည်း ယဲ့ချန်သည် ယခုအခါ ခရိုင်အဆင့် နပန်းနှင့် လက်ဝှေ့ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို ပိုင်ဆိုင်ထားပြီး ဖြစ်သဖြင့်ဤအမှိုက်များကို ကိုင်တွယ်ရသည်မှာ ခရုကို လက်သုံးချောင်းနဲ့ ညှပ်သလိုပင်။

သူသည် အသာအယာ ဘေးသို့ ရှောင်တိမ်းလိုက်ပြီး ခါးလှည့်ပစ်ပေါက်နည်းကို အသုံးပြုကာ ပထမတစ်ယောက်ကို အရင် လှဲချလိုက်သည်။ ထို့နောက် လက်သီးတစ်လုံးဖြင့် နောက်ဆုံးတစ်ယောက်ကို နောက်သို့ ယိုင်ထွက်သွားစေခဲ့ရာ သူ၏ နှာခေါင်းမှ သွေးများ ပန်းထွက်သွားခဲ့ရသည်။

ပြီးဆုံးသွားခဲ့ပြီ။

ကျောင်းတွင် အမြဲတမ်း ဗိုလ်ကျစိုးမိုးတတ်သော ကာယပညာမေဂျာမှ ကျောင်းသားလေးဦးမှာ ယခုအခါ ကြမ်းပြင်ပေါ်တွင် မရပ်မနား အော်ဟစ်ညည်းတွားနေကြရသည်။ သူတို့ ယဲ့ချန်ကို ကြည့်လိုက်သည့် အကြည့်များထဲတွင် မုန်းတီးမှုသာမက ကြောက်ရွံ့တုန်လှုပ်မှုများပါ ပြည့်နှက်နေခဲ့သည်။

သူတို့ ယဲ့ချန် ရန်ဖြစ်တတ်သည်ကို သိသော်လည်း ဤမျှအထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ခဲ့ကြချေ။ ဤကာယပညာမေဂျာမှ ကျောင်းသားများသည် ရန်ပွဲများစွာကို ဆင်နွှဲဖူးသော်လည်း ယဲ့ချန်ကဲ့သို့ ကောင်းမွန်စွာ တိုက်ခိုက်နိုင်သူနှင့် ဆုံတွေ့ဖူးခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။

သူတို့သည် စက္ကန့်ပိုင်းအတွင်းမှာတင် အပြတ်အသတ် အနိုင်ယူခံလိုက်ရပြီးကြမ်းပြင်ပေါ်တွင် စနစ်တကျ နှိပ်စက်ခြင်းကို ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ တစ်ထပ်လုံးရှိ ကျောင်းကန်တင်းတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ရသည်။

ကျောင်းသားအားလုံး ယဲ့ချန်ကို ကြောက်ရွံ့သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။

"တောက်... သူက တကယ်ပဲ လေးယောက်ကို တစ်ယောက်တည်းနဲ့ နိုင်အောင် ချလိုက်တာလား။ ဒါ ရန်ပွဲအတုလား။ ငါ အိပ်မက်မက်နေတာလား။"

မရှေးမနှောင်းက ယဲ့ချန်ကို လက်ညှိုးထိုး ကဲ့ရဲ့ခဲ့ကြပြီး ကံဆိုးမိုးမှောင်ကျနေချိန်တွင် ဝိုင်းဝန်း နှိမ်ချခဲ့ကြသော ကျောင်းသားများမှာ ယခုအခါ အလွန် ရှက်ရွံ့နေကြပြီး သူ့အပေါ်တွင်လည်း အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေကြတော့သည်။ မိန်းကလေး အများအပြား၏ မျက်ဝန်းများထဲတွင်ပင် လေးစားအားကျမှုများ တောက်ပလာခဲ့ကြပြီး ယဲ့ချန်အပေါ်တွင် ထူးခြားသော စိတ်ကူးစိတ်သန်းလေးများ ဝင်ရောက်လာခဲ့ကြသည်။

သူက ရုပ်လည်းချောပြီး လူလေးယောက်ကိုလည်း တစ်ယောက်တည်း ချနိုင်တယ်။ ဒါက ကာတွန်းစာအုပ်ထဲက စူပါဟီးရိုးလိုပဲ မဟုတ်လား။

တကယ်လို့ ဤကဲ့သို့သော အမျိုးသားတစ်ဦး၏ ရည်းစား ဖြစ်ခွင့်ရမယ်ဆိုရင်နောင်အနာဂတ်မှာ အနိုင်ကျင့်ခံရမှာကို ကြောက်စရာမလိုတော့တဲ့အပြင် သူ့ကို အပြင်ခေါ်သွားရင်လည်း တကယ့်ကို မျက်နှာပွင့်စရာ ဂုဏ်ယူစရာကြီး ဖြစ်မှာပဲ။

လင်းယွီရှီးက ယဲ့ချန်ကို ကြည့်နေသည့် အကြည့်များထဲတွင်လည်း ဖုံးကွယ်မထားနိုင်သော အားကျနှစ်သက်မှုများ ထင်ဟပ်နေခဲ့သည်။ သို့သော်လည်း သူမသည် ယခုအချိန်တွင် ယဲ့ချန်အတွက် အလွန် စိုးရိမ်ပူပန်နေမိသည်။ ယဲ့ချန်သည် ရန်ပွဲကို စတင်ခဲ့သူ မဟုတ်သော်လည်း ကျောင်းတွင်းတွင် ရန်ဖြစ်ခြင်းသည် အရေးယူ အပြစ်ပေးခံရမှုကို ဖြစ်ပေါ်စေနိုင်သည် မဟုတ်ပါလား။

ယဲ့ချန် သူ၏ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သူ၏ နှလုံးသားထဲတွင် ရင်ခုန်စိတ်လှုပ်ရှားမှုနှင့် အောင်နိုင်ခြင်း ခံစားချက်တို့ ရုန်းကြွလာခဲ့သည်။ အတိတ်တုန်းက နည်းပညာတက္ကသိုလ်မှ ယဲ့ချန်သည် လုံးဝကို သာမန်ကာလျှံကာနှင့် သတိမပြုမိလောက်သူ ဖြစ်ခဲ့ပြီး သူ၏ စရိုက်မှာလည်း အနည်းငယ် ကြောက်တတ်ရွံ့တတ်ခဲ့သည်။

ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါတိုင်း သူသည် အခြေခံအားဖြင့် ပြဿနာကြီးကို အသေးအဖွဲဖြစ်အောင် ပြဿနာသေးကို မရှိအောင်သာ အမြဲတမ်း ဖြေရှင်းတတ်ခဲ့သည်။

ကောင်းကောင်းပြောရရင်တော့ ဒါက သာမန်လူတစ်ယောက်ရဲ့ ဘဝရှင်သန်မှု ပညာပေါ့။ အမှန်အတိုင်း အဆိုးမြင်ပြောရရင်တော့ အကြောက်တရားပဲ ဖြစ်သည်။

ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ။ မည်သူမဆို ယဲ့ချန်ကို အနိုင်ကျင့်ရဲလျှင် ထိုနေရာတွင်တင် ချက်ချင်း သွန်သင်ဆုံးမခြင်းကို ခံရမည်ဖြစ်ပြီးကလဲ့စားချေခြင်းကို နောက်တစ်နေ့အထိ ရွှေ့ဆိုင်းထားလိမ့်မည် မဟုတ်ချေ။

တီ... အိမ်ရှင်အနေဖြင့် တာဝန် ဖြစ်သော 【လူလေးယောက်ကို ရင်ဆိုင်ခြင်း】အား အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ လက်ဝှေ့ကျွမ်းကျင်မှုစာအုပ် ခရိုင်ချန်ပီယံအဆင့်ကို ရရှိပြီး၊ သိုလှောင်ခန်းထဲသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။ နပန်းကျွမ်းကျင်မှုစာအုပ် (ခရိုင်ချန်ပီယံအဆင့်)ကို ရရှိပြီး သိုလှောင်ခန်းထဲသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။ ပြုပြင်ရေးစွမ်းအင် ၀ ရရှိပါသည်။ စနစ်ပြုပြင်မှု ၁.၂% ပြီးမြောက်ပါပြီ။"

"အော် ဒီရန်ပွဲအပြီးမှာ ထွက်လာတဲ့ ကျွမ်းကျင်မှုစာအုပ်တွေက လက်ဝှေ့နဲ့ နပန်းရဲ့ အဆင့်မြင့်ဗားရှင်းတွေပေါ့။ ခရိုင်ချန်ပီယံအဆင့်။ ဒါက တကယ့်ကို မိုက်လွန်းတယ်! တန်တယ် တောက်... ဒီရန်ပွဲက တကယ့်ကို တန်လွန်းတယ်။"ယ

ယဲ့ချန် အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့သည်။

ကွက်တိ ထိုအခိုက်အတန့်မှာတင်။

အပေါ်ထပ်မှ အခြားလူတစ်ယောက် လျှောက်ဆင်းလာခဲ့သည်။

သူသည် အသက်သုံးဆယ်ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး အားကစားဝတ်စုံကို ဝတ်ဆင်ထားကာ စတုရန်းပုံစံ မျက်နှာထားနှင့် သူ၏ မျက်မှောင်များကြားတွင် အရှိန်အဝါတစ်ခု ထင်ဟပ်နေခဲ့သည်။

ထို့အပြင် သူ၏ အရပ်အမောင်းမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ၂ မီတာအထိ မြင့်မားပြီး.ခန္ဓာကိုယ်မှာ နွားသိုးတစ်ကောင်ကဲ့သို့ သန်မာထွားကြိုင်းကာ ကြည့်လိုက်သည်နှင့် လူသားပုံစံ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ထင်မှတ်ရစေသည်။ ယခုအချိန်တွင် သူသည် အလွန် ဆိုးရွားစွာ အရိုက်ခံထားရသော ကာယပညာမေဂျာမှ ကျောင်းသားလေးဦးကို မြင်လိုက်ရသည့်အခါသူ၏ မျက်နှာမှာ ချက်ချင်းပင် ဒေါသကြောင့် တွန့်ရှုံ့ ပုံပျက်သွားခဲ့တော့သည်။

"နည်းပြချင်း။"

ထိုအသားညိုညို လူကောင်ကြီးက ငိုညည်းလိုက်သည်။

"ဆရာက သူ့ကို သွားခေါ်ခိုင်းလို့ ကျွန်တော်တို့ သွားခေါ်တာကို သူက ဆရာ့မျက်နှာကို မထောက်ထားတဲ့အပြင် ကျွန်တော်တို့ကိုပါ ဒီလို လုပ်လိုက်တာပါ နည်းပြချင်းကျွန်တော်တို့အတွက် ကလဲ့စားချေပေးပါဦး။"

"ယဲ့ချန် မင်းလို အသိတရားမရှိတဲ့ ကောင် တိရစ္ဆာန် အမှိုက်ကောင် လူယုတ်မာ မင်းက ငါ့ရဲ့ ကျောင်းသားတွေကို ဘယ်လိုတောင် ရိုက်ရဲတာလဲ။ နည်းပညာတက္ကသိုလ်မှာ မင်းလို လူယုတ်မာတစ်ယောက် ရှိနေတာက ယန်မြို့ရဲ့ ပညာရေးလောကအတွက် တကယ့်ကို အရှက်ရစရာပဲ။"

နည်းပြချင်းသည် အားပါသော အသံနှင့် ကျယ်လောင်သော ဟိန်းဟောက်သံကို ပိုင်ဆိုင်ထားရာ ထိုဟောက်သံတစ်ခုတည်းဖြင့်ပင်ကျောင်းကန်တင်းထဲရှိ ကျောင်းသားများမှာ ကြောက်ရွံ့မှုကြောင့် ခြေထောက်များပင် တုန်လှုပ်သွားခဲ့ကြရသည်။

ဤနည်းပြချင်းမှာ နည်းပညာတက္ကသိုလ် ကာယပညာမေဂျာတွင် အကျော်ကြားဆုံး ဆရာတစ်ဦးဖြစ်ပြီး ကျောင်းဘတ်စကတ်ဘောအသင်း၏ အဓိက နည်းပြချုပ်လည်း ဖြစ်သည်။

ဟိုးအရင်တုန်းက နည်းပြချင်း အသက်နှစ်ဆယ်ကျော်အရွယ်တွင် သူသည် ပြည်တွင်း CBA စင်မြင့်ထက်တွင် နာမည်ကျော်ကြားခဲ့ပြီး ထိုခေတ်ထိုအခါက ဘတ်စကတ်ဘော ပါရမီရှင်တစ်ဦးအဖြစ် ချီးကျူးခံခဲ့ရကာ နောင်အနာဂတ်တွင် NBA တွင် ကစားခွင့်ရရန် အခွင့်အလမ်း အလွန်များပြားခဲ့သူ ဖြစ်သည်။

သို့သော်လည်း ဒဏ်ရာတစ်ခုကြောင့် သူ၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပျက်စီးသွားခဲ့ရသည်။ ထို့ကြောင့် သူသည် အသက် ၂၃ နှစ်မပြည့်မီမှာပင် အနားယူခဲ့ရပြီး နည်းပညာတက္ကသိုလ်တွင် ကာယပညာဆရာနှင့် ဘတ်စကတ်ဘောအသင်း၏ နည်းပြချုပ်တာဝန်ကို ယူခဲ့ရခြင်း ဖြစ်သည်။

နှစ်အနည်းငယ်အတွင်းမှာပင် နည်းပြချင်း၏ ပညာရေးလုပ်ငန်းများမှာ အလွန် ထူးချွန်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘော ကစားသမား အတော်များများကို မွေးထုတ်ပေးနိုင်ခဲ့ကာ ဝူချန်မှာမူ သူ အလေးအနက်ဆုံး သတ်မှတ်ထားသော ပါရမီရှင် ဖြစ်သည်။ နည်းပြချင်းသည် ဝူချန်၏ ကိုယ်ပေါ်တွင် သူ၏ အတိတ်က အရိပ်အယောင်ကိုပင် ပြန်လည် မြင်တွေ့နေရခြင်း ဖြစ်သည်။

သူသည် ဝူချန်ကို အားသွန်ခွန်စိုက် လေ့ကျင့်ပေးခဲ့ပြီး တစ်နေ့တွင် ဝူချန် NBA သို့ ဝင်ရောက်နိုင်ကာ သူ၏ အိပ်မက်ကို အစားထိုး အကောင်အထည်ဖော်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ ထို့အပြင် ဝူချန်သာ NBA သို့ သွားရောက်ကစားနိုင်လျှင်၎င်းက နည်းပြချင်း၏ မျက်နှာကို ရွှေချပေးလိုက်သလို ဖြစ်လိမ့်မည် မဟုတ်ပါလား။ ၎င်းက သူ့အတွက် တစ်သက်လုံး ကြွားလုံးထုတ်လို့ရမယ့် ကျောင်းသားတစ်ယောက် ဖြစ်လာလိမ့်မည်။

နောင်အနာဂတ်တွင်ာဝူချန်က စီးပွားရေးအရ အနည်းငယ်မျှ ထောက်ပံ့ပေးရုံမျှဖြင့်နည်းပြချင်းတစ်ယောက် သက်တောင့်သက်သာ နေထိုင်သွားနိုင်ရန် လုံလောက်ပေသည်။

ဒါက သားကြောင့် မိခင် ဂုဏ်တက်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပင်။

သို့သော်လည်းမနေ့ကဝူချန် ယဲ့ချန်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ သူ၏ ညာလက်မှာ တိုက်ရိုက် ကျိုးသွားခဲ့ရပြီ။

ဤအရာက ဝူချန်၏ အနာဂတ် ဘတ်စကတ်ဘော ကစားသမားဘဝအပေါ် တွက်ချက်မရနိုင်သော ထိခိုက်မှုများကို မလွဲမသွေ ဖြစ်ပေါ်စေလိမ့်မည်။ နည်းပြချင်းသည် တကယ့်ကို ဒေါသတကြီးဖြင့် ရူးသွပ်မတတ် ဖြစ်နေခဲ့ပြီး ယဲ့ချန်အား အပိုင်းပိုင်း ဆုတ်ဖြဲပစ်ကာ အရေခွံဆုတ်ပစ်ချင်စိတ်တောင် ပေါက်နေခဲ့သည်။

ဒီနေ့တွင် နည်းပြချင်းနှင့် သူ၏ ကျောင်းသားများသည် ကျောင်းကန်တင်းး၏ တတိယထပ်တွင် ထမင်းစားနေခဲ့ကြသည်။ ယဲ့ချန် ကျောင်းကန်တင်းသို့ ရောက်ရှိလာကြောင်း ကြားသိရသဖြင့် သူသည် ကျောင်းသားလေးဦးကို စေလွှတ်ကာ ယဲ့ချန်အား အတင်းအကြပ် ခေါ်ဆောင်ခိုင်းခဲ့သော်လည်း ရလဒ်မှာမူသူတို့အားလုံး ယဲ့ချန်၏ ရိုက်နှက်ခြင်းကို ထပ်မံ ခံလိုက်ရခြင်း ဖြစ်သည်။

နည်းပြချင်း ကျိန်ဆိုလိုက်သည် ဤတစ်ကြိမ်တွင်မူ၊ သူ ယဲ့ချန်ကို ချက်ချင်း ဖျက်ဆီးပစ်မည်။ ကျောင်းကနေ ထုတ်ပစ်အောင် လုပ်ရုံတင်မကဘဲ သူ့ကို အသေသတ်တာ ဒါမှမဟုတ် ဒုက္ခိတဖြစ်အောင်ပါ လုပ်ပစ်မည်။

နည်းပြချင်း ကိုယ်တိုင် ပါဝင်ပတ်သက်လာပြီ ဖြစ်သဖြင့် ကျောင်းကန်တင်တွင် ပွဲကြည့်နေကြသော ကျောင်းသားဦးရေမှာ ပိုမိုများပြားလာခဲ့ပြီး ဒုတိယထပ်နှင့် တတိယထပ်တွင် ထမင်းစားနေသော ကျောင်းသားများအားလုံး ပထမထပ်သို့ ပြေးဆင်းလာခဲ့ကြသည်။

ကျောင်းကန်တင်း၏ ဝင်ပေါက်ပင် ပိတ်ဆို့သွားခဲ့ရသည်။ နည်းပြချင်း၏ ထွက်ပေါ်လာမှုက ပွဲကြည့်ပရိသတ်များအား ယဲ့ချန်အတွက် နာရေးသီချင်း ဆိုပေးရတော့မည့်အလား ခံစားရစေသည်။.အားလုံး သိကြသည့်အတိုင်း နည်းပြချင်းသည် ပေါက်ကွဲလွယ်သော ဒေါသကြီးသည့် စရိုက်နှင့် ရက်စက်သော နည်းလမ်းများကြောင့် လူသိများပြီး မည်သည့်ကျောင်းသားမဆို သူ၏ စကားကို မနာခံလျှင် ပြင်းထန်စွာ ဆုံးမသွန်သင်တတ်သည်။

သူကိုယ်တိုင်ကလည်း ပေါက်ကွဲအားပြင်းတဲ့ အားကစားပါရမီကို ပိုင်ဆိုင်ထားပြီး ယန်မြို့တွင် ကျင်းပခဲ့သော Sandaပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးသူ ဖြစ်သည်။ သူသည် မိမိလူကို အလွန်အမင်း ကာကွယ်တတ်သူလည်း ဖြစ်သည်။

ယခုအခါ ယဲ့ချန်သည် နည်းပြချင်း၏ အချစ်ဆုံး တပည့်အချို့ကို ဒဏ်ရာရစေခဲ့ပြီ ဖြစ်ရာ သူ ယဲ့ချန်ကို အသေသတ်တော့မှာ သေချာသည်။ ယဲ့ချန်သည် နည်းပြချင်းကို ကြည့်လိုက်သော်လည်း၊ သူ၏ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်ပြီးကြောက်ရွံ့ခြင်း အရိပ်အယောင် လုံးဝ မရှိခဲ့ချေ။

"နည်းပြချင်း ဆရာ့ရဲ့ ကျောင်းသားတွေက ကျွန်တော့်ကို အရင် လာရောက် ရန်စခဲ့တာပါ။ ကျွန်တော်က ငြိမ်ခံနေပြီး အထိုးခံနေရမှာလား။ ဝူချန်နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ကြားက ပဋိပက္ခက ကျောင်းပြင်ပမှာ ဖြစ်ပွားခဲ့တာပါ။ ပြီးတော့ သူက အရင် စတင်တိုက်ခိုက်ခဲ့တာမို့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခဲ့ရုံ သက်သက်ပါ။ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်လို့ ဝူချန် ကိုယ်တိုင်ကတောင် မပတ်သက်တော့တာကို ဆရာတို့က မဆိုင်တဲ့နေရာမှာ လာပြီး နှာခေါင်းရှုပ်နေကြတာ မဟုတ်ဘူးလား။"

"ပါးစပ်ပိတ်စမ်း မင်းလို အမှိုက်ကောင်ကများ။"

နည်းပြချင်း၏ မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

"မင်း သိလား ဝူချန်က တစ်ကျောင်းလုံးအတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာ။ သူက NBA မှာ သွားကစားမယ့် အလားအလာရှိတဲ့ ပါရမီရှင်ကွ သူက နည်းပညာတက္ကသိုလ် စတင်တည်ထောင်ချိန်ကစလို့ နံပါတ်တစ် လူသားပဲ မင်းရဲ့ ခွေးလက်သည်း အခုတစ်ရာ ရှိရင်တောင် သူ့ရဲ့ ညာလက်တစ်ဖက်ကို မမှီဘူးကွ။"

All Chapters