အခန်း ၃၁
Vol. 4 Ch. 31
အခန်း ၃၁ - ဤမျှကြီးမားသော စွမ်းအား။
"နည်းပြချင်း... ဆရာက ဆရာတစ်ယောက်ဖြစ်ပြီးတော့ကျောင်းသားတစ်ယောက်အပေါ် ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း စော်ကားမော်ကား စကားတွေ လုပ် ပြောရက်ရတာလဲ။"
လင်းယွီရှီးက တရားမျှတမှုကို လိုလားသော ဒေါသစိတ်များဖြင့် ပြင်းထန်စွာ ဝေဖန်ရှုတ်ချလိုက်သည်။ ယဲ့ချန်က လင်းယွီရှီးအား ဤကိစ္စတွင် ဝင်ရောက်မပတ်သက်ရန် အကြည့်တစ်ချက်ဖြင့် အချက်ပြလိုက်သည်။
"ကဲ... ဒါဆိုရင် နည်းပြချင်း ဒီကိစ္စကို ဘယ်လိုဖြေရှင်းရင် အဆင်ပြေမလဲလို့ ဆရာ ထင်ပါသလဲ။"
ယဲ့ချန်က နည်းပြချင်းကို ပြောင်ချော်ချော် မျက်နှာပေးဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
"မင်းက တောင်းပန်ချင်သေးတယ်ပေါ့။ ကောင်းပြီာသေသေချာချာ နားထောင်စမ်း။"
နည်းပြချင်းက သရော်ပြုံး ပြုံးလိုက်သည်။
"ပထမဆုံးအနေနဲ့ မင်းရဲ့ မိဘတွေကို ဒီကို ခေါ်လာရမယ်။ ပြီးတော့ မင်းတို့ မိသားစုတစ်ခုလုံးက ဝူချန်ကို လူကိုယ်တိုင် လာရောက် တောင်းပန်ပြီး သူ မင်းကို ခွင့်လွှတ်မလွှတ်ဆိုတာ စောင့်ကြည့်ရမယ်။ ဒုတိယအချက်အနေနဲ့ာမင်း ဝူချန်ကို လျော်ကြေး ယွမ် ၅ သန်း ပေးရမယ်တကယ်လို့ မင်းမှာ ပိုက်ဆံမရှိရင် မင်းရဲ့ အိမ်ကိုရောင်း၊ သွေးကိုရောင်း၊ ကျောက်ကပ်ကိုရောင်းပြီး ပေးရမယ်။ ဒါတင်မကသေးဘူး နောင်အနာဂတ်မှာဝူချန်ရဲ့ ညာလက်ဒဏ်ရာကြောင့် သူ့ရဲ့ ကစားသမားဘဝ ထိခိုက်ပြီး NBA မှာ သွားမကစားနိုင်တော့ဘူးဆိုရင် မင်း သူ့ကို ထပ်ပြီး လျော်ကြေးပေးရမယ် မင်း တစ်သက်လုံး သူ့အတွက် အစေခံ ကျွန်ခံပြီး လုပ်ကျွေးရမယ်။ ဒါပေါ့... မင်းလို အမှိုက်ကောင်မျိုးက နည်းပညာတက္ကသိုလ်မှာ ဆက်ပြီး ပညာသင်ကြားဖို့ မထိုက်တန်တော့ဘူး။ မင်းကို ကျောင်းကနေ တိုက်ရိုက် ထုတ်ပစ်ဖို့ ကျောင်းအုပ်ကြီးကို ငါ ပြောလိုက်မယ် မင်းသဘောပေါက်လား။"
နည်းပြချင်း၏ စကားများကို ကြားလိုက်ရသည့်အခါကျောင်းကန်တင်အတွင်း ပွဲကြည့်နေကြသော ကျောင်းသားများအားလုံး မှင်သက်အံ့အားသင့်သွားကြသည်။ ရှင်းလင်းလှသည်မှာ နည်းပြချင်းသည် ဒေါသကြောင့် စိတ်အာရုံများ ကွယ်ပျောက်ကာ ရူးသွပ်နေခဲ့ပြီ ဖြစ်သည်။
ယဲ့ချန်၏ ရိုက်နှက်ခြင်းကို ခံထားရသော ကာယပညာမေဂျာမှ ကျောင်းသားလေးဦးမှာမူ ယခုအခါ သူတစ်ပါး ပျက်စီးခြင်းကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတော့သည်။
"ဟာဟားဟားဟား"
ရုတ်တရက် ယဲ့ချန်က အော်ဟစ်ရယ်မောလိုက်တော့သည်။
"နည်းပြချင်း... ဆရာ တကယ်ပဲ ရူးသွားပြီ ထင်တယ် အိမ်ပြန်ပြီး ဉာဏ်ကောင်းအောင် ငါးရှဉ့်တစ်ပိဿာလောက် ဝယ်စားလိုက်ပါဦး။ မဟုတ်ရင်တော့ ဆရာ မကြာခင်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ လက်မှတ် သွားလုပ်ရလိမ့်မယ်။"
နည်းပြချင်း၏ စကားများက ယဲ့ချန်ကို တကယ့်ကို ဒေါသထွက်လွန်း၍ ရယ်ချင်စိတ်ပေါက်စေခဲ့သဖြင့် ဤကဲ့သို့ သရော်စာစကားဖြင့် ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
ဝူချန်ကို ယွမ် ၅ သန်း လျော်ရမယ် ဟုတ်လား။ အိမ်၊ သွေးနဲ့ ကျောက်ကပ်ကို ရောင်းရမယ်။ တစ်သက်လုံး ကျွန်ခံရမယ်။ ဆရာက ဆရာတစ်ယောက်လား လူမိုက်ဂိုဏ်းစတားလား။
"မင်းလို တိရစ္ဆာန်ကောင်!ခွေးသူတောင်းစားလေးမင်းက ငါ့ကို ဘယ်လိုတောင် ဆဲရဲတာလဲ။"
နည်းပြချင်း၏ မျက်ဝန်းများထဲမှ မုန်းတီးမှု မီးတောက်များ အရှိန်အဟုန်ဖြင့် လောင်ကျွမ်းလာခဲ့သည်။ သူသည် ဒေါသအိုး ပေါက်ကွဲနေပြီဖြစ်ရာယဲ့ချန်၏ သရော်မှုကို ခံလိုက်ရသည့်အခါ ယဲ့ချန်အား သတ်ပစ်ချင်စိတ်ပင် ပေါက်လာခဲ့သည်။
"ကောင်းပြီ တကယ့်ကို ကောင်းတယ်။ မင်းလို အဆုံးအမမရှိတဲ့ ကောင် မင်းရဲ့ မိဘတွေက မင်းကို လူလိုသူလို မမွေးထားဘူးထင်တယ်။ ဒီနေ့တော့ ငါက မင်းရဲ့ မိဘတွေနေရာမှာ အစားဝင်ပြီး မင်းကို ဆုံးမပေးမယ် ခွေးသူတောင်းစားလေး။"
"လစ်စမ်း မင်းက ဘာကောင်မို့လို့ ငါ့မိဘတွေကို လာပြီး စော်ကားနေတာလဲ။"
ယဲ့ချန်လည်း အတိုင်းထက်အလွန် ဒေါသထွက်သွားခဲ့ရသည်။ နည်းပြချင်းက သူ့အား တိရစ္ဆာန်ကောင်၊ ခွေးသူတောင်းစားလေး ဟု တတွတ်တွတ် ဆဲရေးနေသည့်အပြင်၊ နောက်ဆုံးတွင် သူ၏ မိဘများကိုပါ စော်ကားလာခဲ့ပြီ။
ဤအရာက ယဲ့ချန်၏ စိတ်ထဲတွင် ကျန်ရှိနေသော နောက်ဆုံး ကျိုးကြောင်းဆင်ခြင်တုံတရား အရိပ်အယောင်ကိုပင် လေထဲသို့ လွှင့်ပစ်လိုက်စေခဲ့သည်။
အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဂရုမစိုက်တော့ဘူး။ မကျေနပ်ရင် ချလိုက်ရုံပဲ။ အဆိုးဆုံးဖြစ်ရင် ကျောင်းထွက်လိုက်ရုံပေါ့။
ကျောင်းတက်တယ်ဆိုတာ ကျောင်းပြီးရင် အလုပ်ကောင်းကောင်းရဖို့ပဲ။ အခု ယဲ့ချန်မှာ စနစ် ရှိနေပြီ ဖြစ်ရာာသူ အိမ်သာတက်ရုံနဲ့တင် စိုစွတ်တဲ့ တစ်ရှူးတစ်ထုပ် ရနိုင်သလို မိန်းကလေးတစ်ယောက်နဲ့ ထမင်းအတူစားရုံနဲ့တင် okamoto 001ကို ရနိုင်နေပြီ ဖြစ်ရာသူ ဘာဖြစ်လို့ ကျောင်းဆက်တက်နေရဦးမှာလဲ။
နည်းပြချင်းသည် လက်သီးများကို တင်းတင်းဆုပ်လျက် ယဲ့ချန်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ သူ၏ လက်ဆစ်များ ချိုးလိုက်သည့် ကလောက်... ကလောက် ဟူသော အသံမှာ ပဲစေ့များ ပေါက်ကွဲသံကဲ့သို့ ထွက်ပေါ်လာပြီးသူ၏ ၂ မီတာ မြင့်မားသော အရပ်အမောင်းနှင့် ပေါင်းစပ်လိုက်သည့်အခါ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ယဲ့ချန်နှင့် နည်းပြချင်းတို့၏ ထိပ်တိုက်ရင်ဆိုင်မှုမှာ တင်းမာလွန်းလှပြီးယမ်းငွေ့ အနံ့အသက်များ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့သည်။ ၎င်းက ပွဲကြည့်နေကြသော ကျောင်းသားများအား ကြက်သီးမွေးညင်းထစရာ ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။ သို့သော်လည်း မည်သူမျှ ယဲ့ချန် နိုင်လိမ့်မည်ဟု မထင်ကြချေ။
တစ်ဦးက ဆရာဖြစ်ပြီး တစ်ဦးက ကျောင်းသားဖြစ်သည်ဟူသော အချက်ကို ခေတ္တဖယ်ထားဦးတော့။ ခွန်အားချင်း ယှဉ်လျှင်ပင်၊ သူတို့သည် တူညီသောအဆင့်တွင် ရှိမနေကြချေ။
နည်းပြချင်းသည် ယန်မြို့၏ Sanshouချန်ပီယံ ဖြစ်သည်။ ၎င်းက ခိုင်မာသော မှတ်တမ်းတစ်ခုဖြစ်ပြီးာပြိုင်ပွဲအဆင့်ဆင့်ကို ဖြတ်ကျော်ကာ ဗိုလ်လုပွဲတွင် ပြိုင်ဘက်ကို အလဲထိုး ပြီး ချန်ပီယံ ဖြစ်ခဲ့ခြင်း မဟုတ်ပါလား။ ယဲ့ချန် ရန်ဖြစ်တတ်သည်ဆိုဦးတော့ သူက အားနည်းတဲ့သူတွေကိုပဲ ဗိုလ်ကျနိုင်တာ ဖြစ်သည်။
တကယ့် ခွန်အားကြီးသူနှင့် ရင်ဆိုင်ရသည့်အခါ၊ သူ ဒူးထောက်ရမှာ သေချာသည်။ ထိုအခိုက်အတန့်တွင် ယဲ့ချန်၏ စိတ်အာရုံ လှုပ်ရှားသွားခဲ့ပြီး သူ ခုနကတင် ရရှိထားသော ကျွမ်းကျင်မှုစာအုပ် နှစ်အုပ်ကို ချက်ချင်းပင် လေ့လာလိုက်တော့သည်။
"လက်ဝှေ့ - ခရိုင်ချန်ပီယံအဆင့်"
"နပန်း - ခရိုင်ချန်ပီယံအဆင့်"
ချက်ချင်းပင် အလွန် သန်မာထွားကြိုင်းသော စွမ်းအင်တစ်ခု ယဲ့ချန်၏ ခန္ဓာကိုယ်အတွင်းမှ ရုန်းကြွလာခဲ့ပြီးသူ၏ တည်ရှိမှုတစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ဆောင်ကျဉ်းသွားခဲ့ရသည်။
ဤကျွမ်းကျင်မှုစာအုပ်နှစ်အုပ်ကို လေ့လာပြီးနောက်လူဦးရေ သန်းပေါင်းများစွာ ရှိသော ခရိုင်ကြီးတစ်ခုလုံးတွင်ပင် သူသည် လက်ဝှေ့နှင့် နပန်းလောက၏ ထိပ်ဆုံးစင်မြင့်ထက်တွင် ရပ်တည်နိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ သူ မြို့နယ်အဆင့် ချန်ပီယံတစ်ယောက်ကို ကြောက်နေစရာ လိုအပ်ဦးမည်လော။
တီ..တာဝန် စတင်ထုတ်လုပ်လိုက်ပါပြီ။ တာဝန်အကြောင်းအရာ- အိမ်ရှင်က နည်းပြချင်းကို အနိုင်ယူရမည်။ ဆုလာဘ်- စနစ်မှ တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲ ဖြစ်ပြီး ဆုကြေးများကို နောက်မှ တွက်ချက်ပေးပါမည်။
"မင်းကို သတ်ရတာ ခရုတစ်ကောင်ကို နင်းခြေရသလိုပဲ ယဲ့ချန်... မင်းလို တိရစ္ဆာန်ကောင်က ငါ့ရဲ့ ကျောင်းသားကို ရိုက်ရဲတယ်ပေါ့။ ဒီနေ့တော့ ငါ မင်းကို သွားတစ်ချောင်းအတွက် သွားတစ်ချောင်း သွေးတစ်စက်အတွက် သွေးတစ်စက် ပြန်လည် ပေးဆပ်စေရမယ်။"
နည်းပြချင်း ယဲ့ချန်အရှေ့သို့ ရောက်ရှိလာပြီး၊ သူ၏ မျက်နှာကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ဤလက်သီး၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှရာ လူများအနေဖြင့် လက်သီးကို မမြင်ရဘဲ ရိပ်ခနဲ အရိပ်ကိုသာ မြင်တွေ့လိုက်ရသည်။ လေထုကို ဖြတ်သန်းသွားသော လေတိုးသံပင် ထွက်ပေါ်လာခဲ့သည်။ ကျောင်းသားအများအပြား အံ့အားသင့်ကာ အသက်ရှူမှားသွားခဲ့ကြရသည်။ ခွန်အားကြီးသူကို လေးစားအားကျတတ်သော ကျောင်းသားများစွာ၏ မျက်ဝန်းများထဲတွင်လည်း အားကျမှုများ တောက်ပလာခဲ့သည်။
လင်းယွီရှီးမှာမူ သူမ၏ မျက်လုံးနှစ်လုံးကို လက်နှစ်ဖက်ဖြင့် တင်းတင်းပိတ်ကာ မကြည့်ရဲတော့ဘဲ တရှုံ့ရှုံ့ပင် ငိုကြွေးလာခဲ့တော့သည်။ဤလက်သီးတစ်လုံးဖြင့် ယဲ့ချန်၏ နှာခေါင်းရိုး ကျိုးသွားကာ သွားများပါ ပြုတ်ထွက်သွားလိမ့်မည်ကို မည်သူမျှ သံသယမရှိကြချေ။
ရက်စက်ပြီး ကျေနပ်အားရနေသော အပြုံးတစ်ခု နည်းပြချင်း၏ နှုတ်ခမ်းထောင့်တွင် ချိတ်ဆွဲထားပြီး ဖြစ်သည်။ သူသည် သူ၏ လက်သီးနှင့် အသားချင်း ထိခိုက်မိမည့် အရသာကိုပင် ကြိုတင် ခံစားနေရပြီ ဖြစ်သည်။
သူသည် ယဲ့ချန်၏ မျက်နှာတစ်ခုလုံး ပုံပျက်သွားကာ ပါးစပ်မှ သွေးများ ပန်းထွက်လာမည့် သနားစရာ အခြေအနေကို ကြိုတင် မြင်ယောင်နေခဲ့ပြီ။ ရိပ်ခနဲ အချိန်အတွင်းမှာတင် ယဲ့ချန်၏ လက်သီးမှာ လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ထွက်ပေါ်လာပြီး ပြေးဝင်လာသော နည်းပြချင်း၏ လက်သီးဆီသို့ ပြင်းထန်စွာ တိုးဝင်သွားခဲ့တော့သည်။
ယဲ့ချန်၏ လက်သီးမှာ နောက်မှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း ပြိုင်ဘက်ထံသို့ အရင် ရောက်ရှိသွားခဲ့သည်။ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားများသည် တစ်စက္ကန့်လျှင် လက်သီး ၃ လုံးမှ ၅ လုံးအထိ ထိုးနိုင်ကြသည်။ Tyson၏ တွဲဖက်လက်သီးများမှာ ဟဲဗီးဝိတ်တန်းတွင် ထိပ်တန်းအဆင့်ဖြစ်ပြီး တစ်စက္ကန့်လျှင် ၅ လုံး ထိုးနိုင်သည်။
Bruce Leeကတော့ တစ်စက္ကန့်လျှင် ၆ လုံး ထိုးနိုင်သည်။ ကမ္ဘာ့ဂင်းနစ်စံချိန် အရ အမြန်ဆုံး လက်သီးထိုးနှုန်းမှာ တစ်စက္ကန့်လျှင် ၁၄ လုံး ဖြစ်ပြီး Aliတင်ထားခဲ့သော စံချိန် ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် Aliသည် မျက်တောင်တစ်ခတ်အတွင်းမှာတင် သူ၏ လက်ဝှေ့ထိုးနှက်မှုကို ပြီးဆုံးအောင် လုပ်ဆောင်နိုင်သည်။
မြို့နယ်အဆင့် ဒါချန်ပီယံ ဖြစ်သော နည်းပြချင်းအတွက်မူသူသည် တစ်စက္ကန့်လျှင် လက်သီး ၃ လုံးခန့်သာ ထိုးနိုင်သည်။ ယဲ့ချန်ကတော့ ယခုအခါ ခရိုင်အဆင့် ချန်ပီယံတစ်ဦးဖြစ်ပြီး သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း အဆင့်မြှင့်တင်ထားပြီး ဖြစ်သဖြင့် အိုလံပစ်အဆင့်မီ အားကစားသမားတစ်ဦးနှင့် နှိုင်းယှဉ်နိုင်ကာ သူသည် တစ်စက္ကန့်လျှင် လက်သီး ၅ လုံး ထိုးနိုင်စွမ်း ရှိသည်။
လက်သီးအရှိန်အဝါပိုင်းတွင်ာသူသည် နည်းပြချင်းကို အပြတ်အသတ် ဖိနှိပ်ထားခဲ့ပြီးလက်သီးနှစ်လုံးစာ ကွာခြားချက်ကို အထင်မသေးပါနှင့်ာလက်ဝှေ့လောကတွင် ဤအရာက ကျော်ဖြတ်ရခက်သော ချောက်ကမ္ဘားကြီး ဖြစ်သည်။
တစ်နည်းအားဖြင့် နည်းပြချင်း၏ လက်သီးခွန်အား အပြည့်အဝ မပေါက်ကွဲနိုင်ခင်မှာပင်ယဲ့ချန်၏ လက်သီးက ကြားဖြတ် တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။ ထို့အပြင် သူတို့နှစ်ဦး၏ လက်သီးခွန်အားချင်းမှာလည်း နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကွာခြားလှပေသည်။
ဒုန်းးးး
လက်သီးချင်း ထိပ်တိုက်ဆုံတွေ့သွားခဲ့ပြီလူတိုင်းကို ကြက်သီးမွေးညင်းထစေသော ကြောက်မက်ဖွယ် ကျယ်လောင်သည့် အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ အရိုးကျိုးသွားသည့် ဂလတ်ဟူသော အသံ ထွက်ပေါ်လာခဲ့ပြန်သည်။ ပွဲကြည့်နေသော ကျောင်းသားများ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"သွားပါပြီ ယဲ့ချန်ရဲ့ လက်ကျိုးသွားပြီ။ တကယ့်ကို သနားစရာကောင်းလိုက်တာ။ ဒါက နည်းပြချင်းကို သွားပြီး စိန်ခေါ်တဲ့ အကျိုးဆက်ပဲ။"
သို့သော်လည်း။
"အားးးးး"
နည်းပြချင်း၏ ရင်ကွဲမတတ် အော်ဟစ်ညည်းတွားသံကြီး ထွက်ပေါ်လာခဲ့ပြီးသူ၏ ခန္ဓာကိုယ်ကြီးမှာ နောက်သို့ မရပ်မနား ဆုတ်ခွာသွားခဲ့ရသည်။ သူ၏ ညာလက် လက်ချောင်း ငါးချောင်းလုံးမှာ လုံးဝကို ကျိုးကြေသွားခဲ့ရပြီး သူ၏ တံတောင်ဆစ်အဆစ်ပါ ပြုတ်ထွက်သွားခဲ့ရပြီ ဖြစ်သည်။ ယဲ့ချန်၏ လက်သီးတစ်လုံးတည်း၏ စွမ်းအားမှာ ဤမျှအထိ ကြီးမားလှပေသည်။
"တိရစ္ဆာန်ကောင် မင်း မင်း ငါ့ကို ရိုက်တယ်ပေါ့။ မင်းက ဆရာတစ်ယောက်ကို ရိုက်ရဲတယ်ပေါ့။"
နည်းပြချင်းသည် အလွန်အမင်း နာကျင်လွန်းလှသဖြင့် သူ၏ မျက်နှာရိုးများပင် ကွဲအက်တော့မည့်အလား ခံစားနေရသည်။ သူ၏ မျက်ဝန်းများထဲတွင် ဒဏ်ရာရထားသော သားရဲတစ်ကောင်ကဲ့သို့ မုန်းတီးမှုများ ပြည့်နှက်နေသော်လည်းသူ၏ အသံမှာမူ သနားစရာကောင်းလောက်အောင် တုန်ရီနေခဲ့သည်။
ခြေလှမ်း တစ်ဆယ်ကျော်ခန့် နောက်သို့ ဆုတ်ခွာသွားပြီးနောက်နည်းပြချင်း နောက်ဆုံးတွင် အရှိန်သတ်ကာ မတ်တပ်ရပ်နိုင်ခဲ့သော်လည်းသူ၏ ခန္ဓာကိုယ်ကြီးမှာ အရက်မူးနေသူတစ်ဦးကဲ့သို့ ယိမ်းထိုးနေခဲ့သည်။ာယဲ့ချန်ကတော့ မူလနေရာတွင်တင် တုန်လှုပ်ခြင်းမရှိဘဲ မတ်မတ်ရပ်နေဆဲပင်။
ရှုံးနိမ့်သွားခဲ့ပြီ။ ယဲ့ချန်သည် နည်းပြချင်းကို လက်သီးတစ်လုံးတည်းဖြင့် အနိုင်ယူလိုက်ပြီ ဖြစ်သည်။ ၎င်းကို အပြတ်အသတ် အောင်နိုင်မှုဟု ခေါ်ဆိုနိုင်ပေသည်။
ကြီးမားလှသော ကျောင်းကန်တင်းကြီးတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့ရသည်။ လေထုတစ်ခုလုံးမှာ ဖိအားများပြားပြီး ထူးဆန်းခြောက်ခြားနေခဲ့သည်။ ပွဲကြည့်နေကြသော ကျောင်းသားများအားလုံး ကျောက်ရုပ်များကဲ့သို့ မှင်သက်သွားကြပြီး သူတို့၏ ပါးစပ်များမှာ လက်သီးတစ်လုံးဝင်လောက်အောင် အံ့အားသင့်ကာ ကျန်ရစ်ခဲ့ကြသည်။ လူတိုင်း ဤရက်စက်ပြီး ပြင်းထန်လှသော မြင်ကွင်းကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့ကြရသည်။
"မင်းလို တိရစ္ဆာန်ကောင် မင်းက နည်းပညာတက္ကသိုလ် စတင်တည်ထောင်ချိန်ကစလို့ ဆရာတစ်ယောက်ကို ပထမဆုံးအကြိမ် ရိုက်ရဲတဲ့သူပဲ။"
နည်းပြချင်းက ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်သည်။
"မင်း ကျောင်းထုတ်ခံရမှာ သေချာတယ် ကျောင်းထုတ်ခံရရုံတင်မကဘူးမင်း ထောင်ပါကျရမယ် မင်းကို ငါ ထောင်ထဲအထိ အရောက်ပို့ပစ်မယ်။"