← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄ - ချမ်းသာတဲ့မမကြီးရယ်။ ကျွန်တော့်ကို ဖက်ထားပေးပါ။

ရှယန်နန်က သူ့ကို ဆရာကြီး"ဟု လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရုံမျှဖြင့် ယဲ့ချန်တစ်ယောက် မသိစိတ်မှ တုန်ရင်သွားခဲ့ရသည်။ မနေ့ညကလည်း ဤ ဆရာကြီးဟူသော ခေါ်သံကို ကြားရစဉ်က သူ၏ နှလုံးသားမှာ ကြောင်တစ်ကောင်က ကုတ်ခြစ်နေသကဲ့သို့ တဆစ်ဆစ်နှင့် ယားကျိကျိ ခံစားခဲ့ရဖူးသည် မဟုတ်ပါလား။

မမှားနိုင်တော့ဘူး ဒီအရသာက အတူတူပဲ။ သူမပဲ တကယ်ကို သူမပဲ ဖြစ်ရမယ်။

တောက်... သူမ အဝတ်အစားတွေ ဝတ်ထားလိုက်တော့ ငါ တောင်မှ မမှတ်မိတော့မလို့။

ထိုအခိုက်တွင် ယဲ့ချန်သည် အဝတ်အစားများ ပြည့်စုံစွာ ဝတ်ဆင်ထားသော ရှယန်နန်အား နောက်တစ်ကြိမ် သေချာ စိုက်ကြည့်မိပြန်သည်။

ရေတံခွန်ကဲ့သို့ နက်မှောင်သော ဆံနွယ်ရှည်များမှာ သူမ၏ မွှေးပျံ့သော ပုခုံးလေးများပေါ်သို့ နူးညံ့စွာ ဝဲကျနေပြီး သွယ်လျသော ခန္ဓာကိုယ်အချိုးအစားက ဂုဏ်အင်္ဂါရှိစွာ မတ်တတ်ရပ်နေခဲ့သည်။ သူမသည် တကယ့်ကို ဖူးပွင့်စ နှင်းပန်းတစ်ပွင့်ကဲ့သို့ပင်သန့်စင်ခြင်း၊ နူးညံ့ခြင်းများနှင့်အတူ မွှေးရနံ့များ လှိုင်လှိုင်ထွက်ပေါ်နေခဲ့သည်။ ထို့အပြင် သူမ၏ ကိုယ်ပေါ်မှ အနှိုင်းမဲ့ ယုံကြည်မှုနှင့် မြင့်မြတ်သော အရှိန်အဝါများလည်း ဖြာထွက်နေခဲ့သည်။

ဤကဲ့သို့သော ယုံကြည်မှုနှင့် မြင့်မြတ်မှုမျိုးသည် အဆင့်မြင့် အဝတ်အစားအချို့ကို ဝတ်ဆင်ရုံမျှဖြင့် ရရှိနိုင်သော အရာမျိုး မဟုတ်ချေ။ ၎င်းက မျိုးရိုးဗီဇ၊ ဘဝအတွေ့အကြုံ၊ လူမှုရေးအဆင့်အတန်း စသည်တို့မှ မြစ်ဖျားခံလာခြင်း ဖြစ်ပြီး၊ တစ်ခုမျှ ချန်လှပ်ထား၍ မရနိုင်သော အရာများ ဖြစ်သည်။

ယဲ့ချန်၏ ဦးနှောက်ထဲတွင် ထိုဓာတ်ပုံ ၁၀ ပုံမှာ နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ယခုအချိန်ကျမှသာ သူသည် မိမိကိုယ်ကိုယ် မည်မျှအထိ ကံကောင်းလွန်းလှသည်ကို တကယ်ပဲ သဘောပေါက်သွားခဲ့တော့သည်။

သူမကို ကြေးဝါအဆင့်မျှသာ ထင်မှတ်ထားခဲ့သော်လည်း သူမက ဘုရင်အဆင့်ဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိချေ။

ငါ တကယ်ပဲ ဒီလိုနတ်သမီးလေးရဲ့ ဗလာကျင်းဓာတ်ပုံတွေကို ရရှိခဲ့တာလား။ တောက် ငါအရင်ဘဝက ကမ္ဘာကြီးကို ကယ်တင်ခဲ့လို့ ထင်တယ်။

ယဲ့ချန်၏ အကြည့်များမှာ ရှယန်နန်၏ မပြစ်ဆိုဖွယ်ရာ လှပလွန်းလှသော မျက်နှာလေးပေါ်တွင် အချိန်အတော်ကြာ လည်ပတ်နေခဲ့ပြီး မျက်မှောင်ပင် မခွာနိုင်အောင် ဖြစ်နေခဲ့ရသည်။

ရှယန်နန်သည်လည်း သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေး အနည်းငယ် တောင့်တင်းသွားခဲ့ပြီး မနေ့ညက ဖြစ်ပျက်ခဲ့သမျှနှင့် သူမကိုယ်တိုင် ရိုက်ခဲ့သော ဓာတ်ပုံများကို မတတ်သာဘဲ ပြန်လည် တွေးတောမိသွားခဲ့သည်။

ရုတ်တရက်ာယဲ့ချန်၏ အကြည့်အောက်တွင် ရှယန်နန်သည် မိမိကိုယ်ကိုယ် အဝတ်အစား ဗလာကျင်း ဖြစ်နေသကဲ့သို့ ရှက်ရွံ့စိတ်များ ခံစားလိုက်ရတော့သည်။ ထူးဆန်းသော ရှက်သွေးများမှာ သူမ၏ မျက်နှာပေါ်သို့ ချက်ချင်းပင် ဖြတ်သန်းသွားခဲ့သည်။ သူမ မြေကမ္ဘာပေါ်တွင် အက်ကြောင်းတစ်ခု ရှာပြီး တိုးဝင် ပုန်းအောင်းလိုက်ချင်စိတ်ပင် ပေါက်သွားခဲ့ရသည်။

သို့သော်လည်း ရှက်ရွံ့ခြင်းနှင့် အရှက်ရခြင်းတို့အပြင် ရှယန်နန်၏ ရင်ထဲတွင် ကြီးမားသော အံ့အားသင့် ဝမ်းမြောက်မှုမျိုးလည်း ရှိနေခဲ့သည်။ ၎င်းက တကယ့်ကို ရူးသွပ်နေသော ဖန်မလေးတစ်ယောက်က သူမ အကြိုက်ဆုံးနှင့် အကိုးကွယ်ဆုံး အိုင်ဒေါကို တွေ့လိုက်ရသည့်အလားပင်။

"ဥက္ကဋ္ဌရှ... ဥက္ကဋ္ဌက..."

ကျောင်းအုပ်ကြီး၏ ရင်ထဲတွင် ရုတ်တရက် မကောင်းသော နိမိတ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် တစ်ရှူးတစ်ရွက်ကို ထုတ်ယူကာ ချွေးများကို သုတ်လိုက်ပြီး သတိကြီးစွာဖြင့် လှမ်းမေးလိုက်သည်။

"ဥက္ကဋ္ဌက... ယဲ့ချန်ကို သိနေတာလား ခင်ဗျာ။"

နည်းပြချင်းနှင့် သူ၏ ကျောင်းသားများမှာလည်း ယခုအခါတွင် လုံးဝ ဝေခွဲမရ ဖြစ်သွားကြတော့သည်။

ဆရာကြီး ဟုတ်လား။

ဥက္ကဋ္ဌရှက ယဲ့ချန်ကို ဆရာကြီးလို့ ခေါ်လိုက်တာလား။

ဒီ ဆရာကြီးဆိုတာက ဘာကို ဆိုလိုတာလဲ။

"အင်း... ကျောင်းအုပ်ကြီးလု၊ ရှင်နဲ့ နည်းပြချင်းတို့ အပြင်ကို ခဏ ထွက်ပေးကြပါ။"

ရှယန်နန်က သူမ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။

"ငါ ဒီနေ့ ကျောင်းကိစ္စအချို့ကို ဆွေးနွေးစရာ ရှိလို့ပါ။ ဒီလိုလုပ်ပါ၊ နောက် ၁၀ မိနစ်နေရင် ပြန်ဝင်လာခဲ့ကြ။"

"ကောင်းပါပြီ ကောင်းပါပြီ၊ ဥက္ကဋ္ဌရှ။ ကျွန်တော် အပြင်ထွက်ပေးပါ့မယ် ကျွန်တော်တို့ အရင် ထွက်သွားပေးပါ့မယ်။ အေးအေးဆေးဆေး ဆွေးနွေးပါ ခင်ဗျာ..."

ကျောင်းအုပ်ကြီးလုက နည်းပြချင်းနှင့် အခြားသူများကို မျက်စိမှိတ်ပြလိုက်ပြီး ကျောင်းအုပ်ကြီးရုံးခန်းထဲမှ အမြန်ဆုံး ထွက်ခွာသွားခဲ့ကြသည်။ ရုံးခန်းထဲတွင်မူ ယဲ့ချန်နှင့် ရှယန်နန် နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။ လေထုမှာ ပိုမို အရှက်ရစရာ ကောင်းလာခဲ့သည်။

တိတ်ဆိတ်ခြင်း။

တစ်မိနစ် အပြည့် ကြာမြင့်သွားပြီးနောက်..

"မင်း..."

ယဲ့ချန်က စတင် ပြောဆိုလိုက်သည်။

"ဆရာကြီး..."

တစ်ချိန်တည်းမှာပင် ရှယန်နန်ကလည်း ပြိုင်တူ စကားစလိုက်မိသည်။ ယဲ့ချန်သည် မိမိကိုယ်ကိုယ် ရုပ်ရှင်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး တကယ့်ကို ထူးဆန်းနေခဲ့သည်။

"ဆရာကြီး အရင်ပြောပါ။"

ရှယန်နန်က ဆိုသည်။ ခဏမျှ ယဲ့ချန် မည်သို့ပြောရမှန်း မသိဖြစ်သွားခဲ့သည်။

"မင်းက အဝတ်အစား ဝတ်ထားတော့ ပိုကြည့်ကောင်းပြီး မင်းရဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုပြီး ပေါ်လွင်စေတာပဲ။"

"အမ်..."

ရှယန်နန် ဆို့နင့်သွားခဲ့ပြီး သူမ၏ လှပသော မျက်နှာလေးမှာ ပိုမို ရဲတက်သွားခဲ့သည်။ သူမ တိုးတိုးလေး ပြောရှာသည်။

"ဆရာကြီး... ဒါက ကျွန်မတို့ နှစ်ယောက်ကြားက လျှို့ဝှက်ချက်လေ ပြီးတော့... ဒါကို ကျွန်မရဲ့ မျက်နှာချင်းဆိုင်မှာ လာပြီး မပြောပါနဲ့နော် ဟုတ်ပြီလား။ တကယ်ကို အရှက်ရလွန်းလို့ပါ။"

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါ နားလည်ပါတယ်။ နောက်နောင် ငါ စိတ်ထဲကပဲ တိတ်တဆိတ် ပြန်လည် သုံးသပ်ပါ့မယ် ဘယ်တော့မှ ထုတ်မပြောတော့ဘူး။"

ယဲ့ချန်က ကတိပေးလိုက်သည်။ ထို့နောက် သူသည် စကားလမ်းကြောင်းကို အမြန် ပြောင်းလိုက်သည်။

"မင်းက နည်းပညာတက္ကသိုလ်ရဲ့ ဥက္ကဋ္ဌတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ တကယ်ကို မျှော်လင့်မထားခဲ့ဘူး။ မနေ့က ငါ့ဆီက ဆက်သွယ်ရန် လိပ်စာ တောင်းသွားတာ မင်း မဟုတ်ဘူးပဲ။"

"ဟုတ်ပါတယ်အဲ့ဒါက ကျွန်မရဲ့ အတွင်းရေးမှူး ရှောင်ဟုန် ပါ။ ဆရာကြီး... ဆရာကြီးက နည်းပညာတက္ကသိုလ်က ကျောင်းသားတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ကျွန်မလည်း မထင်ထားခဲ့ဘူး။ ဒါနဲ့... ဆရာကြီး ဒီနေ့ သရဲဘုရင်ကို သွားပြီး မနှိမ်နင်းတော့ဘူးလား ဟင်။"

ရှယန်နန်က အတည်ပေါက် မေးမြန်းလိုက်သည်။

"အဟွတ် အဟွတ်" ယဲ့ချန်တစ်ယောက် လွှတ်ခနဲ ရယ်မိတော့မလို ဖြစ်သွားခဲ့သည်။

သရဲဘုရင် ဟုတ်လား။ ဘယ်က လာတဲ့ သရဲဘုရင်လဲကွ။

"မသွားတော့ဘူး။"

ယဲ့ချန်က မျက်နှာသေဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူ၏ ဦးနှောက်မှာမူ အပြင်းအထန် အလုပ်လုပ်နေခဲ့ပြီ ဖြစ်သည်။

ဥက္ကဋ္ဌ ဟုတ်လား။ ကြည့်ရတာ ဒီရှယန်နန်က တကယ့်ကို အလွန်အမင်း ချမ်းသာတဲ့သူ ဖြစ်ရမယ်။ ချမ်းသာတဲ့ မမကြီးပဲ။ ငါ ဆက်ပြီး မရုန်းကန်ချင်တော့ဘူး။ ချမ်းသာတဲ့မမကြီးရယ် ကျွန်တော့်ကို ဖက်ထားပေးပါတော့။

"ဆရာကြီး... ကျွန်မ ဆရာကြီးရဲ့ အကြံပြုချက်ကို နားထောင်ပြီး ကျောင်းနားမှာ နေရာတစ်ခု ရှာချင်လို့ ဒီနေ့ လာကြည့်တာပါ။"

"ဒါနဲ့ ဆရာကြီး... အဲ့ဒီ တံခါးခေါက်သရဲက လုံးဝ ပျောက်ကွယ်သွားပြီလား မသိဘူး... သူ မသေဘဲ ကျွန်မဆီ နောက်တစ်ကြိမ် ပြန်လာမှာကို စိုးရိမ်မိလို့ပါ။"

"အော်... ဒီကိစ္စကို မင်း စိတ်ပူစရာမလိုပါဘူး။ ငါ အားတဲ့အချိန်ကျရင် မင်းရဲ့ အိမ်ကို လိုက်သွားပြီး သူ့ကို အမြစ်ပြတ်အောင် သုတ်သင်ပေးပါ့မယ်။"

ယဲ့ချန်က တရားမျှတဟန်ဖြင့် ပြောလိုက်သည်။ ရှယန်နန်က သူ့အား ဆရာကြီးတစ်ဦးအဖြစ် မှားယွင်းစွာ ထင်မှတ်နေခဲ့ပြီ ဖြစ်ရာယဲ့ချန်သည်လည်း ဤအတိုင်း ဇာတ်မျောလိုက်ပြီးဆက်လက် သရုပ်ဆောင်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် ဆရာကြီး။"

ရှယန်နန်က ဝမ်းသာအားရ ပြောလိုက်သည်။

"ဆရာကြီး... ကျွန်မ ဒီနေ့ အလုပ်ကိစ္စလေးတွေ ရှိသေးလို့ ကျွန်မ..."

ရုတ်တရက် သူမ စကားမဆုံးသေးမီမှာပင် ရှယန်နန်၏ လှပသော မျက်နှာလေးမှာ စက္ကူကဲ့သို့ ဖြူဖျော့သွားခဲ့သည်။ သူမသည် အနည်းငယ် ကိုင်းညွှတ်သွားခဲ့ပြီး သူမ၏ ညာလက်ဖြင့် ဝမ်းဗိုက်အောက်ပိုင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် မျက်နှာတစ်ခုလုံး နာကျင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

"ရှယန်နန်... ဘာဖြစ်တာလဲ။ ဘယ်နားက ဘာဖြစ်လို့လဲ။"

ယဲ့ချန်က အလန့်တကြား မေးလိုက်သည်။

"ဆရာကြီး..."

ရှယန်နန်က နာကျင်မှုကြောင့် သွားများကို တင်းကြပ်စွာ ကတ်လိုက်မိသည်။ သူမ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။

"ဒီ... ဒီနေ့က ဒုတိယမြောက်နေ့မို့လို့ပါ..."

ယဲ့ချန် အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။

ဒုတိယမြောက်နေ့ ဟုတ်လား။

ဘာ ဒုတိယမြောက်နေ့လဲ တတိယမြောက်နေ့လဲ။

"ဆရာကြီး... မေ့သွားပြီလား။ မနေ့ညက ကျွန်မ ပြောခဲ့တယ်လေ... ကျွန်မ... ကျွန်မရဲ့ Period လာနေတာ။ ဒီနေ့က ဒုတိယမြောက်နေ့ဆိုတော့ အနာကျင်ဆုံးနေ့ပဲ။ ဒါက ရောဂါဟောင်းပါ။ လတိုင်း ရာသီလာတဲ့ ဒုတိယမြောက်နေ့ဆိုရင် အရမ်းကို နာကျင်ရပါတယ်..."

ရှယန်နန်က သွားခဲကာ အောင့်ခံနေရှာသည်။

အော်။ ဟုတ်သားပဲ အဲ့ဒီလို ကိစ္စမျိုး ရှိတာပဲ။

သူမက မီးယပ်ကိုက်ခဲတဲ့ ဝေဒနာကို ခံစားနေရတာပဲ ဖြစ်သည်။.ယဲ့ချန်သည် ယခင်က အင်တာနက်ပေါ်တွင် အမျိုးသမီးများ၏ မီးယပ်ကိုက်ခဲမှု ဖော်ပြချက်များကို ဖတ်ဖူးခဲ့သည်။

ကြားဖူးသည်မှာ နာကျင်မှုအဆင့်ကို သုံးဆင့် ခွဲခြားထားသည်။ အပျော့စား မီးယပ်ကိုက်ခဲမှုက ဝမ်းဗိုက်အောက်ပိုင်း အနည်းငယ် နာကျင်ရုံသာ ရှိပြီး အလယ်အလတ် မီးယပ်ကိုက်ခဲမှုက မတ်တတ်ရပ်ရပ် လှဲလှဲ ထိုင်ထိုင် မည်သို့ပင်နေနေ နာကျင်နေတတ်ကာအားအင်ကုန်ခမ်းခြင်း ချွေးစေးများထွက်ခြင်း စိတ်ခံစားချက် ဆိုးရွားခြင်းနှင့် အစားအသောက်ပျက်ခြင်းတို့ တွဲဖက်ဖြစ်ပွားတတ်သည်။

အပြင်းစား မီးယပ်ကိုက်ခဲမှုမှာမူ အသက်ရှူရခက်ခဲလောက်အောင် နာကျင်ရပြီးသေချင်စိတ်ပင် ပေါက်သွားတတ်ကာ တစ်ခါတစ်ရံတွင် အော့အန်ခြင်းအကြောဆွဲခြင်းနှင့် သတိလစ် မေ့မြောခြင်းတို့အထိ ဖြစ်ပွားစေတတ်သည်။ ယဲ့ချန်သည် ရှယန်နန် မည်သည့်အဆင့် မီးယပ်ကိုက်ခဲမှုကို ခံစားနေရသည်ကို မသိသော်လည်း သူမ၏ ပုံစံကို ကြည့်ရုံဖြင့် တကယ့်ကို အလွန်အမင်း နာကျင်နေသည်ကို သိနိုင်သည်။

သူသည် ရှယန်နန် ဆိုဖာပေါ်သို့ လျှောက်လှမ်းသွားကာ ထိုင်ချလိုက်သည်ကို မြင်တွေ့လိုက်ရပြီးာသူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ လိပ်ခွေနေကာ မျက်နှာပေါ်မှ ချွေးစေးများမှာ ရေတံခွန်ကဲ့သို့ စီးကျနေခဲ့သည်။ တကယ့်ကို သနားစရာကောင်းလှပေသည်။

ယဲ့ချန်သည် မူလက ရှယန်နန်အတွက် ကျောင်းကျန်းမာရေးဆရာမကို လှမ်းခေါ်ပေးရန် ပြင်ဆင်လိုက်သော်လည်း ရုတ်တရက် မနေ့ညက တာဝန်ပြီးမြောက်ပြီးနောက် စနစ်မှ 【အနာပြေစေသော အဆောင်လက်ဖွဲ့】 ၂၀ ကို ပေးအပ်ခဲ့သည်ကို သတိရသွားခဲ့သည်။

အနာပြေစေသော အဆောင်လက်ဖွဲ့သည် အမည်အတိုင်းပင် ရောင်ရမ်းမှုကို လျှော့ချပေးပြီး နာကျင်မှုကို ပြေပျောက်စေကာ အကိုက်အခဲပျောက်ဆေးများနှင့် ဆင်တူသော်လည်း ဘေးထွက်ဆိုးကျိုး လုံးဝမရှိသလိုလူနာအား ဆေးစွဲခြင်းမျိုးလည်း ဖြစ်ပွားစေလိမ့်မည် မဟုတ်ချေ။

စိတ်အာရုံတစ်ခုဖြင့် ယဲ့ချန်၏ လက်ထဲတွင် ဝါကျင်ကျင် လျှော်စက္ကူ အဆောင်လက်ဖွဲ့တစ်ခု ထွက်ပေါ်လာခဲ့သည်။

'ဒီအနာပြေစေသော အဆောင်လက်ဖွဲ့က ဘယ်လောက်အထိ ထိရောက်မှုရှိမလဲတော့ မသိဘူး ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရတာပေါ့။ ရှယန်နန် ဒီမှာတင် နာကျင်လို့ သေတော့မယ့်ပုံစံကို ငါ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ပါဘူး။'

တစ်ချိန်တည်းမှာပင်။

"တီ...တာဝန် စတင်ထုတ်လုပ်လိုက်ပါပြီ။ တာဝန် အကြောင်းအရာ - အိမ်ရှင်က ရှယန်နန်၏ နာကျင်မှုကို ပြေပျောက်အောင် ကူညီပေးရမည်။ ဆုလာဘ် - စနစ်မှ တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲ ဖြစ်ပြီး ဆုကြေးများကို နောက်မှ တွက်ချက်ပေးပါမည်။

"ရှယန်နန်... စိတ်မလှုပ်ရှားပါနဲ့။ ငါ အခု မင်းရဲ့ နာကျင်မှုကို ပြေပျောက်အောင် ကူညီပေးမယ်။"

ယဲ့ချန်က လျှောက်လှမ်းသွားခဲ့သည်။

"ပြေပျောက်အောင်... ဟုတ်လား။ ဆရာကြီး... ကျွန်မရဲ့ ဒီမီးယပ်ကိုက်ခဲတဲ့ ဝေဒနာက ဆယ်နှစ်နီးပါး ရှိနေပါပြီ။ ကျွန်မ Ibuprofen ၊ Tramadol၊ Oxycodone တွေအားလုံး သုံးဖူးပေမယ့် ဘာမှ မထူးခြားခဲ့ပါဘူး..."

ရှယန်နန်က တုန်ရီသောအသံဖြင့် ပြောရှာသည်။

"မင်းအပေါ်ကို ဘယ်သူက ဆေးဝါးတွေ သုံးမယ်လို့ ပြောလို့လဲ။ ငါ့ရဲ့ ဒီအဆောင်လက်ဖွဲ့ကို စမ်းကြည့်လိုက်။ ဒါက ငါကိုယ်တိုင် ရေးဆွဲထားတာ။"

ယဲ့ချန်က ဆရာကြီးစတိုင်ဖြင့် အတည်ပေါက် ပြောလိုက်သည်။

"အဆောင်လက်ဖွဲ့ ဟုတ်လား။"

ရှယန်နန်၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ သူမသည် ဤကဲ့သို့သော ထူးဆန်းဆန်းပြားသော အရာများကို အလွန် စိတ်ဝင်စားသူ မဟုတ်ပါလား။ ယဲ့ချန်၏ လက်ထဲရှိ အနာပြေစေသော အဆောင်လက်ဖွဲ့ကို ကြည့်ရင်း၊ ရှယန်နန်သည် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလားပင်။

"ဆရာကြီး... ဒါက တကယ့် အဆောင်လက်ဖွဲ့ အစစ်အမှန်လား ဟင်။"

"ဒါပေါ့... အစစ်ပေါ့ အဆောင်လက်ဖွဲ့ပေါ်မှာ မှော်စွမ်းအင်တွေ ရှိတယ် ကဲ... အခု ငါ အဆောင်လက်ဖွဲ့ရဲ့ စွမ်းအင်ကို အသက်သွင်းပြီး မင်းရဲ့ နာကျင်မှုကို ပြေပျောက်စေတော့မယ်။"

ယဲ့ချန်က တည်ငြိမ်စွာဖြင့် အတည်ပေါက် ပြောလိုက်သည်။

"ဘယ်နားက နာနေတာလဲ။"

"အာ..."

ရှယန်နန် အနည်းငယ် ရှက်ရွံ့သွားခဲ့ရတော့သည်။

All Chapters