← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆ - အသည်းအသန် ပျာယာခတ်သွားခြင်း။

ရှယန်နန်၏ မျက်နှာတစ်ခုလုံး ပျာယာခတ်သွားခဲ့ပြီးသူမသည် ရုံးခန်းထဲရှိ ရေချိုးခန်းထဲသို့ ချက်ချင်းပင် ပြေးဝင်သွားတော့သည်။ နှစ်မိနစ်ခန့် ကြာပြီးနောက် သူမသည် စိတ်ပျက်အားလျော့သော မျက်နှာပေးဖြင့် ပြန်လည် ထွက်လာခဲ့သည်။

သွားပြီ ငါတော့ သွားပြီပဲ... တကယ့်ကို အရှက်ရစရာကြီး... ဒီလောက်အထိ အကြီးအကျယ် ပေကျံသွားတာ အဲ့ဒီသွေးကွက်ကြီးက အရမ်းကို သိသာလွန်းနေတယ်။

"ဒုက္ခပါပဲ ဆရာကြီးရယ် အချိန်က မရှိတော့ဘူး။"

ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးလှသော ဥက္ကဋ္ဌရှတစ်ယောက် ယခုအချိန်တွင်မူ လုံးဝ ပျာယာခတ်နေခဲ့ပြီ ဖြစ်သည်။

"ကျွန်မက နည်းပညာမြင့် ပျိုးထောင်ရေးဥယျာဉ် ကို အစည်းအဝေးတက်ဖို့ အမြန်သွားရဦးမှာ နောက်ကျလို့ မဖြစ်ဘူး။ ဒီပုံစံနဲ့ ဘယ်လိုလုပ် သွားလို့ရမှာလဲ။ တစ်ယောက်ယောက် မြင်သွားရင် တကယ့်ကို အရှက်ခွဲခံရမှာကုမ္ပဏီရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေလိမ့်မယ်။"

"ဒါဆို မင်း အဝတ်အစားအသစ် တစ်စုံကို ချက်ချင်း သွားဝယ်ခိုင်းလိုက်ရင်ရော..."

ယဲ့ချန်က ပြောလိုက်သော်လည်း သူကိုယ်တိုင်ပင် ခေါင်းခါယမ်းမိသွားသည်။

"ဒါပေမဲ့ အချိန်က နည်းနည်း ကပ်နေသလိုပဲ။"

"ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ..."

ရှယန်နန်တစ်ယောက် ထိုနေရာတွင်တင် ခြေဦးတည့်ရာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့မိသည်။

တစ်ချိန်တည်းမှာပင်ယဲ့ချန်၏ အိမ်တွင်မူ စန်းယွီသည် အချိန်အတော်ကြာ အလုပ်ရှုပ်နေခဲ့ပြီးနောက် နောက်ဆုံးတွင် ရှုပ်ပွနေသော အခန်းကို ဖုန်တစ်စမကျန် သန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းပြီးစီးသွားခဲ့သည်။.သူမ၏ နဖူးပြင်ပေါ်တွင် ကြည်လင်သော ချွေးစက်လေးများ စိမ့်ထွက်နေခဲ့ပြီးကျောက်စိမ်းကဲ့သို့ ဖြူစင်သော ပါးပြင်လေးနှစ်ဖက်မှာလည်း တက်ကြွသော အနီရောင်များဖြင့် ရဲတွတ်နေခဲ့သည်။

နောက်တစ်ဆင့်အနေဖြင့် စန်းယွီသည် ရေချိုးခန်းသို့ သွားကာ လိမ်မာသော ဇနီးကောင်းမိခင်ကောင်းတစ်ဦးကဲ့သို့ ယဲ့ချန် ပလတ်စတစ်ပုံးထဲ ပစ်ထည့်ထားခဲ့သော အဝတ်အစားနှင့် ဘောင်းဘီများကို ထုတ်ယူ၍ တစ်ထည်ချင်းစီ စိတ်ရှည်လက်ရှည် လက်ဖြင့် လျှော်ဖွပ်ပေးနေခဲ့သည်။

သူမ ယဲ့ချန်၏ အတွင်းခံဘောင်းဘီကို လျှော်ဖွပ်ပေးနေစဉ်

'ဟင်။ ဘာလို့ ထူးဆန်းတဲ့ အနံ့တစ်ခု ရနေတာလဲ။'

စန်းယွီ နှာခေါင်းလေး ရှုံ့ကာ နမ်းရှိုက်ကြည့်ရင်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ရုတ်တရက် သူမ တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။

'အား ရှောင်ချန်... သူက... သူက... ငါတော့ ရှက်လို့ သေတော့မှာပဲ။'

စန်းယွီတစ်ယောက် ဆွံ့အသွားခဲ့ရသည်။ သူမသည် ယဲ့ချန်၏ အတွင်းခံကို အထပ်ထပ်အခါခါ သေချာစွာ စစ်ဆေးကြည့်ပြီးနောက် သူမ၏ သံသယကို ပိုမို အတည်ပြုနိုင်ခဲ့သည်။ သူမ၏ မျက်နှာလေးမှာ ချက်ချင်းပင် ရဲတောက်သွားခဲ့တော့သည် သို့သော်လည်း စန်းယွီ စိတ်ထဲမထားခဲ့ချေ။ သူမသည် အတွင်းခံပေါ်သို့ လျှော်ဖွပ်ဆေးရည် အမြောက်အမြားကို ချက်ချင်း ညှစ်ထည့်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် စတင် လျှော်ဖွပ်ပေးလိုက်တော့သည်။

"ရှယန်နန်... လျှောက်မနေနဲ့တော့။ စိတ်အေးအေးထားစမ်းပါ။"

ခဏမျှ ယဲ့ချန်လည်း မည်သည့် ကောင်းမွန်သော ဖြေရှင်းနည်းကိုမျှ မတွေးမိဘဲ ဖြစ်နေခဲ့သည်။

တီ...အိမ်ရှင်အနေဖြင့် တာဝန် ဖြစ်သော 【စန်းယွီအား အိမ်ရှင်၏ အတွင်းခံကို လျှော်ဖွပ်ခိုင်းခြင်း】အား အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ 【သန့်စင်စေသော အဆောင်လက်ဖွဲ့ 】 ၂၀ ကို ရရှိပြီးသိုလှောင်ခန်းထဲသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

ပြုပြင်ရေးစွမ်းအင် ၀ ရရှိပါသည်။ စနစ်ပြုပြင်မှု ၁.၂% ပြီးမြောက်ပါပြီ။

'ဟင်။ အဆောင်လက်ဖွဲ့ ဟုတ်လား။'

ယဲ့ချန် စိတ်အာရုံတစ်ခု လှုပ်ရှားလိုက်ပြီး သိုလှောင်ခန်းထဲမှ အသစ်ရရှိထားသော အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။ ချက်ချင်းပင် သတင်းအချက်အလက် စီးကြောင်းတစ်ခု ယဲ့ချန်၏ ဦးနှောက်ထဲသို့ စိမ့်ဝင်လာခဲ့သည်။

【သန့်စင်စေသော အဆောင်လက်ဖွဲ့ - ဤအဆောင်လက်ဖွဲ့ထဲတွင် မှော်ရေစင်များ ပါရှိသည်။ အကယ်၍ အဝတ်အစား သို့မဟုတ် ခန္ဓာကိုယ် ညစ်ပတ်ပေကျံနေပါက ဤအဆောင်လက်ဖွဲ့ကို အသုံးပြုခြင်းဖြင့် မှော်ရေစင်များကို မြူခိုးများအဖြစ် ပြောင်းလဲစေကာ ၎င်းက လွှမ်းခြုံသန့်စင်ပေးပြီး ညစ်ပတ်မှုများကို ချက်ချင်း ဖယ်ရှားပေးကာ အဝတ်အစား သို့မဟုတ် ခန္ဓာကိုယ်ကို အသစ်အတိုင်း သန့်ရှင်းလတ်ဆတ်စေမည် ဖြစ်သည်။】

'တောက်... တိုက်ဆိုင်လိုက်တာကွာ... တကယ့်ကို ကျေးဇူးတင်ပါတယ်။'

ယဲ့ချန်သည် ပျာယာခတ်ပြီး စိုးရိမ်နေသော ရှယန်နန်အား မော့ကြည့်လိုက်ကာ

"ရှယန်နန်... မင်းရဲ့ စကတ်ကို ချွတ်လိုက်။"

"ရှင်..."

ရှယန်နန် မှင်တက်သွားခဲ့သည်။

"ဆရာကြီး... ဒါက... ဒါက ဘာကို ဆိုလိုတာလဲ ဟင်။"

အမှန်အတိုင်း ပြောရလျှင် ရှယန်နန်တစ်ယောက် ဤကဲ့သို့သော ယုတ္တိမရှိသည့် တောင်းဆိုမှုကို ပထမဦးဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

"နားလည်မှုမလွဲပါနဲ့။ ငါက အဆောင်လက်ဖွဲ့ကို သုံးပြီး မင်းရဲ့ ပေကျံနေတဲ့ စကတ်ကို သန့်ရှင်းပေးဖို့ စမ်းကြည့်မလို့ပါ။"

ယဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်း ဘာတွေ တွေးနေတာလဲ။ ငါက အဲ့ဒီလို ညစ်ပတ်တဲ့ လူမျိုး ဟုတ်လို့လား။"

"တောင်းပန်ပါတယ် ဆရာကြီး... ကျွန်မ စိတ်လှုပ်ရှားသွားလို့ပါ..."

ရှယန်နန်က ချစ်စနိုးဖြင့် လျှာလေး ထုတ်ပြလိုက်သည်။ ရေခဲပြင်လို အေးစက်တဲ့ အမှုဆောင်အရာရှိချုပ် မမကြီးမှာလည်း ဤကဲ့သို့သော မသိသေးသည့် တစ်ဖက်ခြမ်း ရှိနေပါသေးလား ချစ်စရာကောင်းလိုက်တာ။

"ဆရာကြီး... ဒါဆို ကျွန်မ အခု ရေချိုးခန်းထဲသွားပြီး စကတ် ချွတ်လိုက်မယ်နော်။ ဆရာကြီး ကျွန်မကို ကူညီပြီး လျှော်ပေးပါဦး ပြီးသွားရင် ကျွန်မကို လှမ်းခေါ်လိုက်နော် ဟုတ်ပြီလား။"

"ကောင်းပြီ... အမြန်လုပ်။"

ယဲ့ချန်က တိုက်တွန်းလိုက်သည်။

တီ... တာဝန် စတင်ထုတ်လုပ်လိုက်ပါပြီ။ တာဝန်အကြောင်းအရာ - အိမ်ရှင်က ရှယန်နန်၏ ပေကျံနေသော စကတ်ကို လျှော်ဖွပ်ပေးရမည်။ ဆုလာဘ် - စနစ်မှ တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲ ဖြစ်ပြီး၊ ဆုကြေးများကို နောက်မှ တွက်ချက်ပေးပါမည်။

ချက်ချင်းပင် ရှယန်နန် ရေချိုးခန်းထဲသို့ အပြေးအလွှား ဝင်သွားပြီး တံခါးကို ဂျက်ထိုးလိုက်သည်။ မကြာမီမှာပင် ရေချိုးခန်းတံခါး အနည်းငယ် ပွင့်ဟလာပြီ ရှယန်နန်၏ ဖြူဖွေးသော လက်မောင်းလေး ထွက်ပေါ်လာကာ ပေကျံနေသော စကတ်တိုကို ကိုင်ဆောင်လျက်အားနည်းသောအသံဖြင့် လှမ်းပြောရှာသည်။

"ဆရာကြီး... ဒုက္ခပေးမိပြန်ပြီနော်။"

ယဲ့ချန် လျှောက်လှမ်းသွားပြီး စကတ်ကို လှမ်းယူလိုက်သည်။ သူ ဆိုဖာပေါ်တွင် ထိုင်ကာ အဆောင်လက်ဖွဲ့ကို အသုံးပြု၍ စကတ်ကို သန့်စင်ရန် ပြင်ဆင်လိုက်စဉ်ရုံးခန်းတံခါး ခေါက်သံ ထွက်ပေါ်လာခဲ့သည်။

"ဝင်ခဲ့။"

ယဲ့ချန်က သာမန်ကာလျှံကာပင် ပြောလိုက်သည်။

တံခါးပွင့်သွားပြီး ကျောင်းအုပ်ကြီးလုက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခေါင်းလေး ပြူးထွက်လာခဲ့သည်။ သူသည် ယဲ့ချန် ဆိုဖာပေါ်တွင် အမိန့်ပေးနိုင်သော ပုံစံမျိုးဖြင့် သက်တောင့်သက်သာ ထိုင်နေပြီး လက်ထဲတွင် စကတ်တစ်ထည်ကို ကိုင်ထားသည်ကို မြင်တွေ့လိုက်ရသည်။

ဟာ... ဥက္ကဋ္ဌရှရဲ့ စကတ်ကြီးပါလားးး

တောက်... အတည်ပြုနိုင်ပြီ.ဥက္ကဋ္ဌရှနဲ့ ယဲ့ချန်က သိရုံတင်မကဘူး တကယ့်ကို အဲ့ဒီလို ဆက်ဆံရေးမျိုး ရှိနေကြတာပဲ သူတို့ ရုံးခန်းထဲမှာတင် အဲ့ဒီလို အလုပ်မျိုးတောင် လုပ်ကြတာလား။ ရင်ခုန်စရာတွေ ရှာဖွေနေကြတာလား။

ဘုရားရေ... ဥက္ကဋ္ဌရှက ပုံမှန်အားဖြင့် မြင့်မြတ်တဲ့ နတ်သမီးတစ်ပါးလို အဆင့်အတန်းမျိုး ရှိတာကို၊ ဘယ်သူက ထင်မှာလဲ စိတ်ထဲမှာတော့... ဟူး... လူ့မျက်နှာ ကြည့်ရုံနဲ့ စိတ်ကို မသိနိုင်ဘူးဆိုတာ ဒါမျိုးပဲ။

"ယဲ့... ယဲ့ချန်... ဥက္ကဋ္ဌရှက ဘယ်ရောက်သွားလဲ။"

ကျောင်းအုပ်ကြီးလုက သူ၏ စိတ်ကို ထိန်းချုပ်ကာ အလွန် ရိုသေနှိမ့်ချစွာဖြင့် လှမ်းမေးလိုက်သည်။

"အော်... သူမ ရေချိုးခန်းထဲမှာ။ ခဏနေမှ ဝင်ခဲ့ဦး။"

ယဲ့ချန်က ပြန်လည် ဖြေကြားလိုက်သည်။

"အော်... ပြီးသွားပြီ... သန့်ရှင်းရေး လုပ်နေတာပေါ့... အော် မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော် ဘာမှမသိဘူး ကျွန်တော် ဘာမှမမြင်ဘူး ကျွန်တော် အရင် ထွက်သွားပါ့မယ်... မင်းတို့ အေးအေးဆေးဆေး ရှင်းလင်းပြီးမှ ပြောကြတာပေါ့..."

ကျောင်းအုပ်ကြီးလုက အလွန် လျင်မြန်စွာ စကားပြောလိုက်ပြီး အပြင်သို့ မထွက်ခွာမီ ယဲ့ချန်အား ဖော်လံဖားသော မျက်နှာပေးဖြင့် ကြည့်ကာ

"ယဲ့ချန်... ခုနက ကိစ္စက တကယ့်ကို နားလည်မှုလွဲတာပါ။ မင်းက ငါတို့ နည်းပညာတက္ကသိုလ်ရဲ့ အထူးချွန်ဆုံး ကျောင်းသားတွေထဲက တစ်ယောက်ပါမင်းက ကျောင်းရဲ့ ဂုဏ်ဆောင်ပဲ.ကျောင်းတော်ကြီး ဒီနေ့ ဒီအချိန်ထိ တိုးတက်လာတာက မင်းရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် အများကြီး ပါဝင်ပါတယ်.အဲ့ဒီ ကျောင်းထုတ်မယ့် ကိစ္စကတော့ ငါ မင်းကို စနောက်လိုက်တာပါ။ ဟားဟားဟား ရယ်ရတယ် မဟုတ်လား။"

ယဲ့ချန်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။

ကျောင်းတော်ကြီး တိုးတက်လာတာက ငါ့ရဲ့ ပံ့ပိုးမှုတွေကြောင့် ဟုတ်လား။ ငါက သာမန် ငါးပိကောင် တစ်ယောက်ပဲဟာကို ဘာ ပံ့ပိုးမှု ရှိမှာလဲကျောင်းအုပ်ကြီး... မင်း ရူးသွားပြီလား။

သို့သော်လည်း နောက်တစ်ကြိမ် ပြန်လည် တွေးတောမိသောအခါ ယဲ့ချန် သဘောပေါက်သွားခဲ့သည်။

ရှယန်နန်... ရှယန်နန်က နည်းပညာတက္ကသိုလ်၏ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မဟုတ်ပါလား ဤကျောင်းအုပ်ကြီးလု၏ မာနထောင်လွှားမှုမှ ဖော်လံဖားမှုသို့ ပြောင်းလဲသွားသော အမူအရာမှာ ရှယန်နန်ကြောင့်သာ ဖြစ်ရမည်။

"ထွက်သွားတော့... ငါ အလုပ်လုပ်စရာ ရှိသေးတယ်။"

ယဲ့ချန်က စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။ ကျောင်းအုပ်ကြီးလုက တံခါးကို အမြန်ပိတ်ပြီး ထွက်ခွာသွားခဲ့တော့သည်။

ကျောင်းအုပ်ကြီး ရုံးခန်းအပြင်ဘက်။ ကျောင်းအုပ်ကြီးလုသည် နည်းပြချင်းထံသို့ အပြေးအလွှား လျှောက်လှမ်းသွားခဲ့ပြီး၊ သူ၏ ရင်ထဲတွင် အနည်းငယ် နှာခေါင်းရှုံ့မိသွားသည်။

'ဟွန်း... ယဲ့ချန်... ဒီလောက် ငယ်ငယ်လေးနဲ့ ၁၀ မိနစ်တောင် မပြည့်ဘဲ ပြီးသွားတာလား... ငါ့ထက် ၅ မိနစ် ၆ မိနစ်လောက်ပဲ ပိုကြာတာပဲ... အမှိုက်ပဲ။

'

"ဆရာချင်း... အခု ငါ့စကားကို သေချာနားထောင်စမ်းာမင်းကို အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာ ရှိတယ်။"

ကျောင်းအုပ်ကြီးလုက နည်းပြချင်းအား တည်ကြည်သော မျက်နှာပေးဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ကျောင်းအုပ်ကြီးလု... မင်း ပုံစံက တကယ့်ကို တည်ငြိမ်နေတာပဲ ဘာပြောချင်လို့လဲ။"

နည်းပြချင်း၏ ရင်ထဲတွင် ရုတ်တရက် အကြောင်းပြချက်မရှိဘဲ စိုးရိမ်စိတ်များ ဝင်ရောက်လာခဲ့သည်။

"ခဏနေရင်... မင်း ယဲ့ချန်ဆီ သွားပြီး တောင်းပန်ရမယ်။"

ကျောင်းအုပ်ကြီးလု၏ လေသံမှာ အေးစက်သွားခဲ့ပြီး မည်သည့် လူသားဆန်သော နွေးထွေးမှုမျှ မရှိတော့ချေ။

"ဘာလဲ။ မင်း မှားနေတာလား။... ငါက သူ့ကို တောင်းပန်ရမယ် ဟုတ်လား။ သူက ငါ့လက်ကို ချိုးခဲ့တဲ့အပြင် ကြမ်းပြင်ပေါ်က စားကြွင်းစားကျန်တွေကိုတောင် လျှာနဲ့ ယက်ခိုင်းခဲ့တာ။ သူက ဆရာသမားကို လေးစားရမှန်း လုံးဝမသိတဲ့ တိရစ္ဆာန်လို အပြုအမူမျိုး လုပ်ခဲ့တာလေ။ အခု မင်းက ငါ့ကို သူ့ဆီ သွားတောင်းပန်ခိုင်းတယ် ဟုတ်လား။ ဘာအကြောင်းပြချက်နဲ့လဲ။ ငါ ဒီကျောင်းမှာ အလုပ်လုပ်လာတာ ဆယ်နှစ်မကတော့ဘူး ငါ့မှာ အောင်မြင်မှု မရှိရင်တောင်မှ အပင်ပန်းခံ စွမ်းဆောင်ခဲ့တာတွေတော့ ရှိတယ်။ မင်း ငါ့အပေါ်ကို ဒီလိုမျိုး ဆက်ဆံတာလား။"

နည်းပြချင်းတစ်ယောက် မကျေမနပ်ဖြင့် အော်ဟစ်လိုက်တော့သည်။

"ဆရာချင်း... ငါ မင်းကို ဘာမှ ဖုံးကွယ်မထားတော့ပါဘူး။ အမှန်အတိုင်း ပြောပြမယ်။ မင်း ယဲ့ချန်ကို သွားပြီး မပြစ်မှားရဲသင့်ဘူး။ မင်းတင် မပြစ်မှားရဲတာ မဟုတ်ဘူး ငါသာ သူ့ကို သွားပြီး ပြစ်မှားမိရင်ယုံချင်ယုံ မယုံချင်နေ၊ မနက်ဖြန် ငါ အထုပ်အပိုးသိမ်းပြီး ထွက်သွားရလိမ့်မယ်။"

ကျောင်းအုပ်ကြီးလုက တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

".. မင်း ငါ့ကို နောက်နေတာမလား။"ယ

နည်းပြချင်းတစ်ယောက် တကယ့်ကို ဘဝကို သံသယဝင်သွားခဲ့ရပြီ ဖြစ်သည်။

"ငါ့ပုံစံက နောက်နေတဲ့ ပုံစံ ပေါက်လို့လား။ ဟူး... ဒီတစ်ခါတော့ မင်းရဲ့ ကျိုးသွားတဲ့ သွားတွေကိုပဲ မြိုချလိုက်ရုံ ရှိတော့မယ် မင်းရဲ့ သားကလည်း မူလတန်း စတက်တော့မှာ မဟုတ်လား။ ပုဂ္ဂလိကကျောင်းရဲ့ လစဉ်ကြေးကလည်း မနည်းဘူးမလား။ မင်းက အိမ်အသစ်တစ်လုံး ဝယ်ထားတာဆိုတော့ အိမ်ချေးငွေကလည်း သေးသေးမွှားမွှား မဟုတ်ဘူးမလား။ လူလတ်ပိုင်းအရွယ် ရောက်လာရင်တော့ တစ်ခါတစ်ရံမှာ ဘယ်အရာက အမြတ် ဘယ်အရာက အရှုံးဆိုတာကို ခွဲခြားတတ်ရမယ် အကျိုးနဲ့ အပြစ်ကို ချိန်ဆပြီး အခြေအနေအရပ်ရပ်ကို ဦးစားပေးရမယ်။ စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး။"

ကျောင်းအုပ်ကြီးလုက စိတ်ရင်းမှန်ဖြင့် ရှင်းပြရှာသည်။

နည်းပြချင်း တစ်ခုခုကို ရိပ်မိသွားခဲ့သည်။

"ကျောင်းအုပ်ကြီးလု... ငါ့ကို လာပြီး မခြောက်ပါနဲ့ အမှန်က ဘာဖြစ်နေလို့လဲ။"

ကျောင်းအုပ်ကြီးလုက ဘယ်ညာကို ဝှေ့ယမ်းကြည့်ရှုပြီး အနီးနားတွင် မည်သူမျှ မရှိသည်ကို အတည်ပြုပြီးနောက်သူ၏ အသံကို တိုးညှပ်လိုက်သည်။

"ယဲ့ချန်နဲ့ ဥက္ကဋ္ဌရှက... အဲ့ဒီလို ဆက်ဆံရေးမျိုး ရှိနေကြတာ..."

"ဘာ... ဘာဆက်ဆံရေးမျိုးလဲ။"

"ဟဲဟဲ... သူတို့ ခုနတင် ငါ့ရုံးခန်းထဲမှာတင် အတူတူ အိပ်ခဲ့ကြတာ။ ငါ ဝင်သွားတော့ အဲ့ဒီနှာဘူးယဲ့ချန်က ဥက္ကဋ္ဌရှရဲ့ စကတ်ကို လက်ထဲကိုင်ပြီး တဏှာရာဂစိတ်တွေနဲ့ မတင်းတိမ်နိုင်သေးတဲ့ မျက်နှာပေးမျိုး လုပ်နေတာ ဥက္ကဋ္ဌရှကတော့ ရေချိုးခန်းထဲမှာ သန့်ရှင်းရေး လုပ်နေတုန်းပဲ... သူတို့က ဘာဆက်ဆံရေးမျိုး ဖြစ်မလဲ။"

"ဘာ..."

နည်းပြချင်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။ ထို့နောက် သူ၏ ရင်ထဲတွင် လုံးဝကို ပျာယာခတ်သွားခဲ့ပြီး အသည်းအသန် ပျာယာခတ်သွားခဲ့ရတော့သည်။

All Chapters