← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁ - ရိုးရာလက်မှုပညာရပ်တွေ ပျောက်ပျက်မသွားစေနဲ့။

ယန်မြို့တော် ၏ ညဥ့်နက်ပိုင်းသည် စိတ်တိုင်းမကျဖြစ်နေသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦးကဲ့သို့ပင်။ သင့်ထံသို့ တွယ်ကပ်နေပြီး ခါထုတ်ပစ်ရန် မလွယ်ကူလှချေ။

ထို့ကြောင့် ဤအချိန်မျိုးတွင် မြို့လယ်ခေါင်၌ ကားမောင်းရခြင်းသည် တကယ့်ကို စိတ်ပျက်စရာ ကောင်းလှသည်။

မီးပွိုင့်မိလို့ စောင့်ဆိုင်းနေရခြင်း သို့မဟုတ် ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ခံနေရခြင်း နှစ်မျိုးထဲမှ တစ်မျိုးမျိုးပဲ ဖြစ်ရမည်။

၎င်းက ယဲ့ချန်၏ ကားမောင်းလိုသော စိတ်ဝင်စားမှုကို လျင်မြန်စွာ ပျောက်ကွယ်သွားစေခဲ့သည်။ ထို့ကြောင့် သူ အိမ်သို့သာ မောင်းပြန်လာခဲ့တော့သည်။ အိမ်ရာဝင်းထဲတွင်မူ အခမဲ့ ကားပါကင်နေရာများ ရှိနေခဲ့သည်။

ဤပြန်လည်နေရာချထားရေး အိမ်ရာဝင်းအတွင်း၌ ကိုယ်ပိုင်ကား ပိုင်ဆိုင်သော နေထိုင်သူ အလွန်နည်းပါးသဖြင့် ကားပါကင်နေရာ အများအပြားမှာ အလွတ်အတိုင်း ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။ ယဲ့ချန် အတော်အတန် ကျယ်ဝန်းသော ပါကင်နေရာတစ်ခုကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့ပြီး ကားကို ရပ်တန့်လိုက်သည်။

အိမ်သို့ ပြန်လာခဲ့ပြီ။

တံခါးမှာ အနည်းငယ် ပွင့်နေဆဲဖြစ်ပြီး အခန်းတွင်းမှ နွေးထွေးသော အလင်းရောင်များ ဖြာထွက်နေခဲ့သည်။

ယဲ့ချန် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူ မြင်တွေ့လိုက်ရသည်မှာ အိမ်တွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မိတ်ကပ်မပါဘဲ လှပနေဆဲဖြစ်သော စန်းယွီသည် အနည်းငယ် စိုးရိမ်ပူပန်နေသော မျက်နှာပေးဖြင့် ဆိုဖာပေါ်တွင် ထိုင်နေခြင်း ဖြစ်သည်။

ယဲ့ချန် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ၊ စန်းယွီ အမြန်ပင် ထရပ်လိုက်သည်။

"ရှောင်ချန်... မင်းအိမ်တံခါးသော့က ဘာလို့ ဖျက်ဆီးခံထားရတာလဲ။ ဒါပေမဲ့ ငါ သေချာ စစ်ဆေးကြည့်ပြီးပြီဘာပစ္စည်းမှ မပျောက်သလို မွှေနှောက်ထားတဲ့ အရိပ်အယောင်လည်း မရှိဘူး ဒါကြောင့် သူခိုးဝင်တာတော့ မဟုတ်လောက်ဘူး ထင်တယ်နော်။"

"အစ်မယွီ... အဲ့ဒီတံခါးသော့ကို ငါကိုယ်တိုင် ဖျက်ဆီးလိုက်တာပါ၊"

ယဲ့ချန် အမြန်ပင် လိမ်ညာပြောဆိုလိုက်သည်။

"နင်က ဘာအကြောင်းပြချက်မှမရှိဘဲ တံခါးသော့ကို ဘာလို့ သွားဖျက်ဆီးရတာလဲ။"

စန်းယွီ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။

"အော်... စမတ် အီလက်ထရောနစ် တံခါးသော့တွေက ပိုကောင်းတယ်လို့ ငါကြားဖူးလို့လေညအဲ့ဒါကြောင့် သော့အသစ်လဲဖို့ စီစဉ်နေတာ။"

ယဲ့ချန် ဆင်ခြေတစ်ခု ပေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသဖြင့် စန်းယွီ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားခဲ့ပြီး ယဲ့ချန်အား ဆွဲဆောင်မှုရှိစွာဖြင့် တစ်ချက် မျက်စောင်းထိုးလိုက်သည်။

"နင်ကလည်း စောစောက ပြောပါလား။ ငါ့မှာ စိုးရိမ်လိုက်ရတာ။ အခန်းထဲမှာ လူမရှိတာ မြင်တော့ သူခိုးဝင်သွားပြီ ထင်လို့ နင်ပြန်လာမယ့်အချိန်ကိုပဲ စောင့်နေတာ။"

စန်းယွီ ဤကဲ့သို့ ပြောသည်ကို ကြားလိုက်ရသဖြင့်ယဲ့ချန်လည်း အစ်မအရင်းတစ်ယောက်ထံမှ ရရှိသော ဂရုစိုက်မှုမျိုးကို ခံစားလိုက်ရသည်။

သူ၏ ရင်ထဲတွင် နွေးထွေးသွားခဲ့ရသည်။ တကယ့်ကို သက်တောင့်သက်သာ ရှိလှပေသည်။

"ကဲ... ရှောင်ချန်... ငါ အိမ်ပြန်တော့မယ်။ ငါ မင်းပေးထားတဲ့ ဆေးရွက်ကြီးကုမ္ပဏီရဲ့ စာမေးပွဲမေးခွန်းနဲ့ အဖြေတွေကို ဆက်ပြီး ကျက်မှတ်ရဦးမယ်၊"

စန်းယွီ အနည်းငယ် ရှက်ပြုံး ပြုံးလျက် ဆိုသည်။

"ဒါနဲ့... ရှောင်ချန် နင့်ကို အကူအညီတစ်ခု တောင်းချင်လို့။"

"အစ်မယွီ... တစ်ခုခု လိုအပ်ရင် ဒီအတိုင်းပဲ ပြောပါဗျာ။"

ယဲ့ချန် ထမင်းစားပွဲထံသို့ လှောက်လှမ်းသွားပြီး ရေတစ်ဖန်ခွက် ငှဲ့ယူကာ သောက်လိုက်သည်။

"မနက်ဖြန်ည နင်အားလားဟင်။"

"အားပါတယ်ဘဘာလို့လဲဗျ။"

"ရှောင်ချန်... ဒီလိုပါ၊ မနက်ဖြန်က ငါ့ရဲ့ မွေးနေ့လေ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ ငါ့မွေးနေ့ကို ငါကိုယ်တိုင် မေ့နေတတ်ပြီး ဘာမှမကျင်းပဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ဒီနှစ်မှာတော့ ငါ အရင်လုပ်ခဲ့တဲ့ ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တစ်စုက ငါ့အတွက် မွေးနေ့ပွဲ လုပ်ပေးမယ်ဆိုပြီး အတင်းအကျပ် ပြောနေကြလို့ ငါ တကယ်ပဲ ငြင်းရခက်နေတာ။ ပြီးတော့လည်း..."

ဤနေရာသို့ ရောက်သောအခါ၊ စန်းယွီ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားခဲ့ပြီး အတိုင်းအဆမဲ့ ဆွဲဆောင်မှုရှိနေခဲ့သည်။

"ရှောင်ချန်... အဲ့ဒီကုမ္ပဏီရဲ့ သူဌေးကလည်း မနက်ဖြန် လာလိမ့်မယ်... သူ... သူက ငါ့နောက်ကို လိုက်နေတာလေ။ ငါ သူ့ကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ဖူးပေမယ့် သူက ပိုပိုပြီး ဆိုးလာတယ်။ ညသန်းခေါင်ယံအချိန်တွေမှာ ငါ့ဆီကို ခဏခဏ ဖုန်းဆက်ပြီး ဖွင့်ပြောတာတွေနှောင့်ယှက်တာတွေ လုပ်တတ်တာ။ အဲ့ဒါကြောင့်ပဲ ငါ အလုပ်ထွက်ခဲ့တာလေ။ မနက်ဖြန်ညကျရင် သူ တစ်ခုခု လွန်လွန်ကျူးကျူး ထပ်လုပ်လာမှာကို ငါ ကြောက်မိတယ် အဲ့ဒါကြောင့်... အဲ့ဒါကြောင့် ရှောင်ချန်ကို ငါနဲ့အတူ လိုက်ခဲ့ပေးဖို့ အကူအညီတောင်းချင်တာ။"

ထိုအခိုက်တွင် စန်းယွီ သတ္တိကို မွေးမြူကာ ပြောလိုက်တော့သည်။

"ရှောင်ချန်... နင်စိတ်မရှိဘူးဆိုရင် မနက်ဖြန်ညကျရင် ငါ့ရဲ့ ရည်းစားအဖြစ် ဟန်ဆောင်ပေးလို့ ရမလားဟင်။ ငါ တွေးမိတာကတော့ အဲ့ဒီလူက ငါ့မှာ ရည်းစားရှိနေပြီဆိုတာ သိသွားရင် နောက်နောင်ကျရင် ငါ့ကို လာပြီး မနှောင့်ယှက်တော့ဘူး ထင်လို့ပါ... ငါ သူ့ကို တကယ် စိတ်ကုန်နေပြီ။"

"ရည်းစားအဖြစ် ဟန်ဆောင်ရမယ် ဟုတ်လား။"

ယဲ့ချန်၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။

"ရတာပေါ့ ဘာပြဿနာရှိလို့လဲဗျာ။ ဒါက အသေးအဖွဲ ကူညီပေးရုံတင်ပဲဟာ။"

ယဲ့ချန် ချက်ချင်းပင် သဘောတူလိုက်တော့သည်။

ဟီးဟီး... အစ်မယွီမင်း ငါ့အပေါ်မှာ တစ်ခုခု စိတ်ကူးရှိနေတာလား။

ရည်းစားအဖြစ် ဟန်ဆောင်ရမယ် ဟုတ်လား။ ဒါက တကယ့် ဇာတ်ကွက်ဟောင်းကြီးပဲ။

မရေမတွက်နိုင်တဲ့ မိန်းမများစွာပါတဲ့ ဝတ္ထုတွေထဲမှာ ရည်းစားအဖြစ် ဟန်ဆောင်ရတဲ့ ဇာတ်ကွက်တွေက အမြဲတမ်း ပါဝင်နေကျ ဖြစ်သည်။

၎င်းက ဟန်ဆောင်ရင်းနှင့် သံယောဇဉ်ဖြစ်သွားတာတွေ မလိုချင်ယောင် ဆောင်ရင်းနှင့် အမှန်တကယ် ဖြစ်သွားတာတွေ ပြီးတော့ တားမြစ်ထားတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ လူသားတွေရဲ့ မူလဆန္ဒတွေ ပြည့်နှက်နေတာဖြစ်ရာ ၎င်းက တကယ့်ကို အပြင်လူတွေကို ဝေမျှလို့ရတဲ့အရာမျိုး မဟုတ်ချေ။

"အစ်မယွီ... စိတ်မပူပါနဲ့ မနက်ဖြန်ည ငါအတူ လိုက်ခဲ့ပါ့မယ်။ အကယ်၍ အဲ့ဒီကောင်က လာပြီး ပြဿနာရှာဖို့ ရဲဝံ့ရင် ငါ သူ့ကို ရိုက်နှက်ပစ်မယ်။"

ယဲ့ချန် မိမိ၏ ပျော်ရွှင်နေသော စိတ်ကို ထိန်းချုပ်လိုက်ပြီး လက်သီးကို ပြင်းထန်စွာ ဝှေ့ယမ်းပြလိုက်သည်။

"အစ်မပြောတဲ့ လူမျိုးဆိုရင် ငါ လူတစ်ရာလောက်ကိုတောင် တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်တယ်။"

စန်းယွီ သက်ပြင်းချနိုင်သွားခဲ့ပြီး ပြုံးလိုက်သည်။

"ရှောင်ချန်... ငါ နင့်ကို သွားပြီး ရန်ဖြစ်ခိုင်းတာ မဟုတ်ပါဘူး..."

"အင်း ကျေးဇူးတင်ပါတယ် ရှောင်ချန်ရယ်။ နင် သဘောမတူမှာကို ငါ တကယ် ကြောက်နေခဲ့တာ။ ကဲ... ဒါဆိုရင် အဲ့ဒီအတိုင်း ဆုံးဖြတ်လိုက်ပြီနော်။ ရှောင်ချန်... ငါ အိမ်ပြန်ပြီး စာဆက်ကျက်တော့မယ်။ နင်လည်း စောစော နားလိုက်ဦးနော်။ မနက်ဖြန်မှ တွေ့ကြမယ်။"

စန်းယွီ သူမ၏ ခါးလေးကို လှုပ်ခါလျက် တံခါးဝထံသို့ လျှောက်လှမ်းသွားခဲ့ပြီး ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သည်။

"ဒါနဲ့... ရှောင်ချန် နောက်ထပ် တစ်ခုရှိသေးတယ်။"

"အစ်မယွီ... ပြောလေဗျာ။"

"အဲ့ဒါကတော့...ရှောင်ချန်... ငါ အမှန်အတိုင်း ပြောပြမယ် စိတ်တော့မရှိပါနဲ့နော်။ နင်... အဲ့ဒီလိုမျိုး အရာတွေအပေါ်မှာ စွဲလန်းမနေပါနဲ့တော့..."

စန်းယွီ၏ မျက်နှာလေးမှာ ပိုမို နီမြန်းသွားခဲ့သည်။

"အဲ့ဒီလိုမျိုး အရာတွေက ရေနွေးပူထဲက ဖားတစ်ကောင်လိုပဲ နင်ရဲ့ ခန္ဓာကိုယ်ကို အချိန်မတိုင်မီ ပျက်စီးစေလိမ့်မယ်။ နင်... နင်...နင် စောင့်စည်းတာ ပိုကောင်းပါတယ်ညဘာပဲဖြစ်ဖြစ် နင်က ငယ်သေးတာပဲဟာ။"

"???"

ယဲ့ချန် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

"အစ်မယွီ... မင်းက ဘယ်လိုအရာမျိုးကို ပြောနေတာလဲ။"

"ဒီနေ့ ငါ နင်ရဲ့ အတွင်းခံတွေကို လျှော်ပေးရင်းနဲ့ ငါ... ငါ သိလိုက်တာပါ။ ရှောင်ချန်... ဒီလိုမျိုး အရာတွေက အမှန်အတိုင်း ပြောရရင် သဘာဝတရားပဲဆိုပေမယ့် နင့်အနေနဲ့ စောင့်စည်းမှု ရှိရမယ် လွန်လွန်ကျူးကျူး မလုပ်ရဘူး။ အကယ်၍ နင်တကယ်ပဲ မအောင့်နိုင်ဘူးဆိုရင် ရည်းစားတစ်ယောက်ပဲ သွားရှာလိုက်ပါလား။"

စန်းယွီ ဘေးအိမ်က အစ်မကြီးတစ်ယောက်ကဲ့သို့ စိတ်ရှည်လက်ရှည် လမ်းညွှန်ပြသပေးရှာသည်။

"ဖူး..."

ယဲ့ချန် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီး ရေသောက်လက်စကို သီးသွားခဲ့ရသည်။

"အာ... ဒါ... ဒါကတော့... အစ်မယွီ... ငါ နားလည်ပါပြီ။ အစ်မရဲ့ အကြံဉာဏ်ကို ငါ နာခံပါ့မယ်။ တကယ့်ကို အရှက်ခွဲခံရသလိုပဲ..."

"အင်း။"

စန်းယွီ ထို့နောက် ထွက်ခွာသွားခဲ့တော့သည်။

"ဟေး အစ်မယွီ... အစ်မက တကယ့်ကို အလွယ်တွေးတာပဲ။ ငါ ရည်းစားတစ်ယောက် ရလိုက်ရုံနဲ့ အဲ့ဒါကို တကယ်ပဲ ဖြတ်နိုင်ပါ့မလား။ အစ်မနားမလည်ပါဘူး ကာမဆန္ဒကို ဖြတ်ရတာက လွယ်ကူပေမယ့် တစ်ကိုယ်ရေအာသာဖြေတာကို ဖြတ်ရတာက ခက်ခဲတယ်ဗျဒါ့အပြင်... ရိုးရာလက်မှုပညာရပ်တွေ ပျောက်ပျက်မသွားစေနဲ့လေ။"

ယဲ့ချန် ပြုံးလိုက်မိသည်။ ထို့နောက် သူ ကုလားထိုင်တစ်လုံးကို ရွှေ့ယူကာ တံခါးဝတွင် ယာယီ ပိတ်ဆို့ထားလိုက်သည်။

ရေချိုးသည်။

အိပ်စက်လိုက်သည်။

နောက်တစ်နေ့။ သူ့မိဘတွေကို သော့လာလဲဖို့ ဖုန်းဆက်ခေါ်လိုက်သည်။

လက်ဗွေမှတ်တမ်းတင်နိုင်တဲ့ စမတ် အီလက်ထရောနစ် တံခါးသော့အဖြစ် လဲလှယ်လိုက်ခြင်း ဖြစ်သည်။ ကျောင်းတက်ရမည်။ ယဲ့ချန် ကျောင်းသို့ ကားမောင်းမသွားခဲ့ချေ။ ရုတ်တရက် ဇိမ်ခံကားကြီးတစ်စီးကို ရရှိခဲ့သဖြင့် သူ မကျွမ်းကျင်သေးသလိုလောလောဆယ်တွင်လည်း ကြွားဝါရန် အစီအစဉ် မရှိသေးချေ။

ဘာပဲဖြစ်ဖြစ်... ဆင်းရဲမွဲတေမှုဒဏ်ကို နှစ်ရှည်လများ ခံစားလာခဲ့ရပြီးနောက် တစ်ညတည်းနှင့် ချမ်းသာလာခြင်းက ၎င်းကို အစာကြေညက်ရန် အချိန်ကာလတစ်ခု လိုအပ်သေးသည်။

အကယ်၍ မင်း ၎င်းကို ကောင်းကောင်း မကိုင်တွယ်နိုင်ပါက မင်းက ရုတ်တရက် ချမ်းသာလာပြီး မာနထောင်လွှားတတ်တဲ့ လူမိုက်တစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ယဲ့ချန်သည် ယခင်ကထက် စာသင်ခန်းထဲတွင် စာကို အသည်းအသန် မလိုက်တော့ချေ။

စိတ်အာရုံများ အနည်းငယ် ပျံ့လွင့်နေခဲ့သည်။

၎င်းက စာဖတ်ခြင်းက အလကားပဲဆိုတဲ့ သီအိုရီကြောင့် မဟုတ်ဘဲသူ စိတ်အားထက်သန်မှု မရှိတော့ခြင်း ဖြစ်သည်။

ထားလိုက်ပါတော့ ဘွဲ့လက်မှတ်တစ်ခုရရင် သူ့မိဘတွေကို ကျေနပ်စေနိုင်တာမို့ သူတို့ တစ်နေ့လုံး လာပြီး ပွစိပွစိ လုပ်မနေတော့ဘူးပေါ့။

ယဲ့ချန်သည် လင်းယွီရှီး၏ ကျောင်းတက်စဉ်အတွင်း နေ့လယ်စာဖိုးကို သူ တာဝန်ယူမည်ဟု ပြောခဲ့ဖူးသဖြင့်သူ ဘယ်တော့မှ ကတိဖျက်မည့်သူ မဟုတ်ချေ။

နေ့လယ်တွင် အတန်းဆင်းခဲ့သည်။

ယဲ့ချန်နှင့် လင်းယွီရှီးကျောင်းအပြင်ဘက်တွင် တွေ့ဆုံခဲ့ကြသည်။

ဒီတစ်ခါတော့ ကျောင်းကန်တင်းမှာ မစားဖို့ သဘောတူထားခဲ့ကြသည်။ အဓိကကတော့ လင်းယွီရှီးသည် မနေ့က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့် ထိတ်လန့်နေဆဲဖြစ်ပြီး အကယ်၍ သူတို့ ကျောင်းကန်တင်းမှာ စားသောက်ပါက တစ်စုံတစ်ယောက်က ယဲ့ချန်ကို ထပ်မံလာရောက် ပြဿနာရှာမှာကို စိုးရိမ်နေခြင်း ဖြစ်သည်။

"ယဲ့ချန်... ငါတို့ ဒီအတိုင်း စားသောက်ဆိုင်တစ်ဆိုင်ပဲ ရှာရအောင် ခေါက်ဆွဲ သို့မဟုတ် ဝန်တန်တစ်ခုခု စားရင် ရပါပြီ၊"

လင်းယွီရှီးက အလေးအနက် အကြံပြုသည်။

အကယ်၍ အခြားယောကျာ်းလေးတွေက သူမကို ညစာဖိတ်ကျွေးပါက သူမ သေချာပေါက် ငြင်းပယ်မိမည် ဖြစ်သည်။ ထို့အပြင် သူမ ညစာစားရသည်မှာလည်း အလွန် အနေရခက်စေပြီး ရင်ထဲတွင် အခြားသူအပေါ် အကြွေးတင်နေသကဲ့သို့ ခံစားရပေလိမ့်မည်။

သို့သော်လည်း မသိနိုင်သော အကြောင်းပြချက်ကြောင့် ယဲ့ချန်က သူမကို ညစာဖိတ်ကျွေးသည့်အခါတွင်မူ သူမသည် ၎င်းက အလွန် သဘာဝကျပြီး ဖြစ်သင့်ဖြစ်ထိုက်သောအရာတစ်ခုအဖြစ် ခံစားရစေသည်။

သို့သော်လည်း သူမ ယဲ့ချန်ကို ပိုက်ဆံအများကြီး အကုန်အကျခံခိုင်းမှာ မဟုတ်ချေ။ သူမ၏ ဗိုက်ကို ဖြည့်တင်းနိုင်သရွေ့၊ ဘာပဲစားစား ကိစ္စမရှိချေ။

တစ်နည်းအားဖြင့် ပြောရလျှင် သူမ၏ မသိစိတ်ထဲတွင် လင်းယုရှီသည် ယဲ့ချန်အား အခြားယောကျာ်းလေးများနှင့် ခွဲခြားသတ်မှတ်ထားပြီး ဖြစ်သည်။

"ရတာပေါ့၊ ငါတို့ အရင်ဆုံး လမ်းလျှောက်ရင်းနဲ့ ပြီးမှ သန့်ရှင်းတဲ့ စားသောက်ဆိုင်တစ်ဆိုင် ရှာကြတာပေါ့၊"

ယဲ့ချန် ပြုံးလိုက်သည်။ ထို့ကြောင့် သူတို့နှစ်ဦး လမ်းဘေးရှိ သစ်ပင်ရိပ်အောက်တွင် ယှဉ်တွဲလျက် လျှောက်လှမ်းလာခဲ့ကြသည်။

သူတို့ လမ်းလျှောက်နေစဉ်အတွင်းရုတ်တရက် နောက်ကွယ်မှ တစ်စုံတစ်ယောက်က လင်းယွီရှီးကို လှမ်းခေါ်လိုက်သည်။

"ယွီရှီး... ခဏစောင့်ဦး။"

"အာ...ဒီအသံက အတော်လေး ရင်းနှီးနေသလိုပဲ..."

ယဲ့ချန် စဉ်းစားကြည့်လိုက်ပြီး သတိရသွားခဲ့သည်။ ဒီဇာတ်ကွက် ဒီအနံ့အသက်ပဲ။

စွန်းလီ...

စွန်းလီကတော့ ယခင်က လမ်းပေါ်တွင် ယဲ့ချန်၏ ပါးရိုက်ခြင်းကို ခံခဲ့ရပြီး အရှုံးသမားတစ်ယောက်လို ဖြစ်ခဲ့ရသူ ဖြစ်သည်။

လင်းယွီရှီး၏ အထက်တန်းကျောင်းက အတန်းဖော်တစ်ယောက်ပေါ့။

"သူ ထပ်ပေါ်လာပြန်ပြီလား။"

ယဲ့ချန် စိတ်လည်းတိုမိသလို ရယ်လည်းရယ်ချင်မိသွားသည်။ နောက်သို့ လှည့်ကြည့်လိုက်သည်။ စွန်းလီသည် ထူထပ်လှသော မိတ်ကပ်များကို ဝတ်ဆင်ထားပြီး လျှပ်ပေါ်လော်လီစွာ ဝတ်ဆင်ထားလျက် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏ လက်မောင်းကို ဖက်တွယ်ကာ လင်းယွီရှီးထံသို့ သုတ်ခြေတင် လျှောက်လှမ်းလာခဲ့သည်။

ပြောရလျှင် စွန်းလီ၏ မျက်နှာအမူအရာမှာ ပြီးခဲ့တဲ့အကြိမ်ထက် ပိုမို ကောင်းမွန်နေခဲ့ပြီးအတော်လေး နုပျိုဝင်းပနေပုံရသည်။ ပြီးတော့ ဒူးပေါ်က ဒဏ်ရာတွေကလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း သူမ၏ ဒူးပေါ်တွင်မူ မသိနိုင်သော ညိုမည်းစွဲနေသည့် အရိပ်အယောင်အချို့ ရှိနေခဲ့သည်။

"ယဲ့ချန်... စွန်းလီ ထပ်ပေါ်လာပြန်ပြီ ငါတို့ ဘာလုပ်ကြမလဲ။"

လင်းယုရှီလည်း အလွန်အမင်း အကူအညီမဲ့နေသော ပုံစံမျိုး ဖြစ်သွားခဲ့ရသည်။

"ကိစ္စမရှိပါဘူး။ ငါတို့ သူ့ကို သွားပြီး မနှောင့်ယှက်ခဲ့ပါဘူး။ ဒါပေမဲ့ ငါ သူ့ကို လျှော့တွက်မိသွားတာပဲ သူအရေထူလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။"

ယဲ့ချန် သာမန်ကာလျှံကာ ပြုံးလိုက်သည်။

မကြာမီ စွန်းလီသည် ထိုအမျိုးသား၏ လက်မောင်းကို ဖက်တွယ်လျက် လျှောက်လှမ်းလာခဲ့သည်။

ထိုအမျိုးသားသည် ရင့်ကျက်ပြီး သပ်ရပ်စွာ ဝတ်ဆင်ထားကာ စတုရန်းပုံစံ မျက်နှာရှိပြီးနဖူးအနည်းငယ် ပြောင်နေကာ မျက်လုံးလေးများက သေးငယ်ပြီး ရွှေရောင်ကိုင်း မျက်မှန်တစ်စုံကို ဝတ်ဆင်ထားသည်။

"ဟိဟိ... ယွီရှီး... သူက မင်းရဲ့ ရည်းစားအစစ်ပဲ မဟုတ်လား။ ပြီးခဲ့တဲ့အကြိမ်တုန်းကတော့ မင်း မဝန်ခံချင်ဘူးလေ။"

စွန်းလီ ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်လျက် လင်းယွီရှီးအား ပြုံးကာ ပြောလိုက်ပြီးထို့နောက် ယဲ့ချန်ကို စိုက်ကြည့်လိုက်သည်။

"ငါတို့ ပြန်တွေ့ကြပြန်ပြီနော်။"

ယဲ့ချန် စွန်းလီ၏ မျက်ဝန်းအိမ်အနက်ပိုင်းမှ နာကျည်းမုန်းတီးမှု အရိပ်အယောင်အချို့ကို သတိထားမိလိုက်သည်။ သို့သော်လည်း သူမ ၎င်းကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားခဲ့သည်။

"လာပါ ယွီရှီး... ငါ မင်းကို မိတ်ဆက်ပေးမယ်။ ဒါက ငါ့ရဲ့ ရည်းစား ကျန်းရှန့်တဲ့။"

သူမ၏ ရည်းစားအကြောင်းကို ပြောလိုက်သည့်အခါတွင်စွန်းလီ၏ မျက်ဝန်းများထဲ၌ အထင်အရှား ဂုဏ်ယူဝါကြွားမှုများနှင့် အသာစီးရလိုမှုများ ဖြာထွက်နေခဲ့သည်။

"မကြာသေးခင်ကပဲ ကုမ္ပဏီသူဌေးက ကျန်းရှန့်ကို ရာထူးတိုးပေးခဲ့တာ။ စက်မှုတက္ကသိုလ် အနီးနားမှာရှိတဲ့ စားသောက်ဆိုင်တွေ ကဖေးတွေနဲ့ လက်ဖက်ရည်ဆိုင် အတော်များများက ကျန်းရှန့်ရဲ့ ကုမ္ပဏီအောက်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေလေ။ အခုဆိုရင် ဒီဧရိယာတစ်ခုလုံးကို ကျန်းရှန့်ကပဲ စီမံခန့်ခွဲနေတာ။ ဒါက ဒေသဆိုင်ရာ မန်နေဂျာတစ်ယောက်နဲ့ အတူတူပဲပေါ့၊ ဟိဟိဟိ။"

စွန်းလီ သူမအကြောင်းကို ဂုဏ်ယူဝါကြွားနေသည်ကို ကြားလိုက်ရသဖြင့်ကျန်းရှန့်၏ မျက်ဝန်းထဲတွင် ကျေနပ်ပီတိဖြစ်မှု အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့သည်။

"ရှောင်လီ...အဲ့လောက် မကြွားပါနဲ့။ ကိုယ်က အဆင့်မြင့် ဝန်ထမ်းတစ်ယောက်ရုံပါပဲ ပြောပလောက်စရာ မရှိပါဘူး။"

သူ စကားပြောနေစဉ်အတွင်း ကျန်းရှန့်၏ အကြည့်များမှာ လင်းယွီရှီးထံသို့ မသိမသာ ရောက်ရှိသွားခဲ့သည်။

ထိုထူထဲလှသော မျက်မှန်အနောက်ကွယ်မှ သူ၏ ကျဉ်းမြောင်းသော မျက်ဝန်းများထဲတွင် အံ့အားသင့်မှုနှင့် လောဘရမ္မက် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။

သူ လင်းယွီရှီးထံသို့ ဦးအောင် လက်ကမ်းပေးလိုက်သည်။

"မင်္ဂလာပါ ယွီရှီး... ရှောင်လီက မင်းအကြောင်းကို ကိုယ့်ကို ခဏခဏ ပြောပြဖူးတယ်။ ဒီနေ့တော့ လူကိုယ်တိုင် တွေ့ရပြီပေါ့။ မိတ်ဆွေဖွဲ့ကြရအောင် ကိုယ်က ကျန်းရှန့်ပါ။နောက်နောင်ကျရင် စက်မှုတက္ကသိုလ် ဧရိယာပတ်ဝန်းကျင်မှာ တစ်ခုခု ပြဿနာကြုံရရင်ကိုယ့်ဆီကို တိုက်ရိုက် ဖုန်းဆက်လိုက်ပါ။ ကိုယ် ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ် ကိုယ့်မှာ အဆက်အသွယ်အချို့ ရှိနေတာမို့ပါ။"

"အော်... ကျေးဇူးတင်ပါတယ်။"

လင်းယွီရှီး မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းရှန့်နှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုခဲ့ချေ။

ဤကျန်းရှန့်၏ ပထမဦးဆုံး အထင်အမြင်မှာ လင်းယွီရှီးအတွက် မကောင်းခဲ့သဖြင့် သူမ မသိစိတ်ထဲတွင် ယဲ့ချန်၏ ဘေးနားသို့ ပိုမို ကပ်လိုက်မိသည်။

ဤအခြေအနေကို မြင်တွေ့လိုက်ရသဖြင့် ယဲ့ချန် စွန်းလီနှင့် သူမ၏ ရည်းစားဖြစ်သူတို့သည် ဒီနေ့ ပြဿနာလာရှာဖို့ ကြံစည်နေကြကြောင်း သိရှိလိုက်သည်။

သို့သော်လည်း ကိစ္စမရှိချေ။ ပြီးခဲ့တဲ့အကြိမ်တုန်းက ယဲ့ချန် စွန်းလီကို အရှုံသမားဖြစ်အောင် လုပ်ရမယ့် တာဝန်ကို ပြီးမြောက်ခဲ့စဉ်ကလည်း ဆုလာဘ်တစ်ခု ရရှိခဲ့ဖူးသည်။

ဒီနေ့ ဤခွေးစုံတွဲက လာပြီး ဂုဏ်ယူဝါကြွားဖို့ ပူးပေါင်းလာကြခြင်းက ယဲ့ချန်အား ဆုလာဘ် နှစ်ဆ ရရှိစေရန် ဖန်တီးပေးနေခြင်း ဖြစ်ပေလိမ့်မည်။

"အော်... ကျန်းရှန့် မင်္ဂလာပါ။ ဒါနဲ့... စွန်းလီရဲ့ မျက်နှာအမူအရာက ဒီနေ့ တော်တော်လေး ကောင်းမွန်နေတာပဲ။ အဲ့ဒီ ကျိုးပဲ့နေတဲ့ ကျောက်စိမ်းလက်ကောက်ကို မင်း ပေးခဲ့တာ မဟုတ်လား။"

ယဲ့ချန်က ပြုံးလျက် ဆိုသည်။

"ကံကောင်းလို့ ငါ စွန်းလီရဲ့ ပြဿနာကို ထောက်ပြပေးခဲ့ပြီး အဲ့ဒီလက်ကောက်ကို လွှတ်ပစ်ခိုင်းလိုက်လို့ပေါ့ မဟုတ်ရင် သူမ အခုထက်ထိ ကံဆိုးမှုတွေနဲ့ ကြုံတွေ့နေရဦးမှာ။"

ထိုစကားကို ကြားလိုက်ရသဖြင့် ကျန်းရှန့်၏ မျက်ဝန်းထဲတွင် အေးစက်လှသော အဓိပ္ပာယ်တစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့ပြီးသူ နောက်ဆုံးတွင် ယဲ့ချန်ကို စိုက်ကြည့်လိုက်တော့သည်။

ကျန်းရှန့်၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ရှိနေခဲ့သည်။

"မင်းက နာကျင်စရာ နေရာကို လာပြီး ပွတ်သပ်နေတာပဲ ရှောင်လီနဲ့ ငါ့ကြားမှာ လာပြီး ရန်တိုက်ပေးဖို့ ကြံစည်နေတာလား။"

All Chapters