အခန်း ၄၂
Vol. 5 Ch. 42
အခန်း ၄၂ - ဖြောင်း။
"ဟီးဟီး... ငါက ရန်တိုက်ပေးတာ မဟုတ်ပါဘူး ဒီအတိုင်း စကားအဖြစ် ပြောလိုက်တာပါ။ စိတ်ထဲ သိပ်မထားပါနဲ့ဗျာ။"
ယဲ့ချန်က ပြုံးလျက် ဆိုသည်။
"ရပါတယ်။"
ကျန်းရှန့်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း လှောင်ပြောင်သည်။
"ကျောက်စိမ်းလက်ကောက် ကိစ္စနဲ့ ပတ်သက်လို့တော့ ငါ ရှောင်လီကို ရှင်းပြပြီးသားပါ၊ အဲ့ဒါက လုံးဝကို အထင်လွဲမှားမှုတစ်ခုပဲလေ။ ဟက်... မင်းကတော့ ဖတ်စရာစာအုပ်မရှိလို့ တခြားအပိုစာပေတွေကို တော်တော်လေး ဖတ်ထားပုံရတယ်။ အဖျားအနာအကြောင်းအချို့ကိုလည်း သိနေတာပဲ။ မဆိုးပါဘူး တကယ့်ကို မဆိုးဘူး... ဒါပေမဲ့ စာအုပ်တွေ ဒီလောက်အထိ ဖတ်ထားတဲ့လူဆိုတော့ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုတဲ့ စကားပုံကိုတော့ မင်း သေချာပေါက် သိမှာပါနော်။"
"အော်... ကျန်းရှန့်ရယ် အဲ့ဒါတွေက အထင်လွဲတာတွေပါ ဘာမှ ထပ်မပြောပါနဲ့တော့။ လူဆိုတာ ခွင့်လွှတ်သင့်တဲ့အချိန်မှာ ခွင့်လွှတ်ပေးရတာပေါ့။"
စွန်းလီသည် ကျန်းရှန့်၏ လက်ကို ဆွဲလိုက်ပြီး မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။
ခွင့်လွှတ်သင့်တဲ့အချိန်မှာ ခွင့်လွှတ်ပေးရမယ် ဟုတ်လား။
ယဲ့ချန် တကယ့်ကို ဆွံ့အသွားခဲ့ရသည်။
ပညာမရှိတာ တကယ့်ကို ကြောက်စရာကောင်းလှသည်။ စကားပြောတာတောင် အဓိပ္ပာယ်မရှိတော့ချေ။
ငါက ဘာလို့ မင်းတို့ရဲ့ ခွင့်လွှတ်မှုကို လိုအပ်ရမှာလဲ။
ကျန်းရှန့် ဘာမှထပ်မပြောတော့ဘဲယဲ့ချန်အား မည်းမှောင်သော မျက်နှာပေးဖြင့် စိုက်ကြည့်နေခဲ့သည်။
"ယွီရှီး... နင်တို့ နေ့လယ်စာမစားရသေးဘူး မဟုတ်လား။"
စွန်းလီက မေးလိုက်ပြီး လင်းယွီရှီး ပြန်လည်မဖြေကြားနိုင်ခင်မှာပင် အလွန် လျင်မြန်စွာ ဆက်ပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ ငါနဲ့ ကျန်းရှန့်လည်း မစားရသေးဘူး။ ဒီနေ့ နင်နဲ့ နင့်ရဲ့ ရည်းစားကို ငါတို့ကပဲ နေ့လယ်စာ ဝယ်ကျွေးပါရစေ။"
လင်းယွီရှီး ငြင်းပယ်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းရှန့်က ပြုံးလျက် ဆိုသည်။
"ယွီရှီး... အားလုံးက ပထမဆုံးအကြိမ် ဆုံတွေ့ကြတာပဲ။ ကိုနဲ့ ရှောင်လီ့ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ အလိုက်သင့်လေး လုပ်ပေးပါဦး။"
"ကောင်းပါပြီ... အခုလို စေတနာအပြည့်နဲ့ ဖိတ်ခေါ်တာကို ငြင်းပယ်ဖို့ ခက်တာမို့ ငါတို့ပဲ ကျေးဇူးတင်ရမှာပေါ့။"
ယဲ့ချန် ချက်ချင်းပင် သဘောတူလိုက်တော့သည်။ ယဲ့ချန်ကိုယ်တိုင် သဘောတူလိုက်ပြီဖြစ်ရာ လင်းယွီရှီးလည်း ဘာမှ ထပ်မပြောနိုင်တော့ချေ။
ချက်ချင်းပင်ကျန်းရှန့်သည် သူတို့အား လမ်းပြလျက် အနီးနားရှိ ခန့်ညားထည်ဝါစွာ အလှဆင်ထားသော ဟိုတယ်ကြီးတစ်ခုထံသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ဤဟိုတယ်သည် ကြယ်ပွင့်အဆင့်သတ်မှတ်ထားသော ဟိုတယ်ကြီးတစ်ခု မဟုတ်သော်လည်း ယန်မြို့တော်တစ်ခုလုံးတွင်မူ အတော်အတန် အဆင့်မြင့်ပြီး လူသိများသော နေရာတစ်ခု ဖြစ်သည်။
၎င်းသည် တစ်ကြိမ်တည်းနှင့် ဝိုင်းဖွဲ့စားသောက်နိုင်သော စားပွဲပေါင်း ၅၀၀ ကို လက်ခံကျင်းပပေးနိုင်ပြီး အနိမ့်ဆုံး စားပွဲတစ်ဝိုင်းလျှင် ၁၈၈၈ ယွမ်မှ စတင်သည်ဟု ဆိုကြသည်။
"ဟိဟိ... ဗင်းနစ်စံအိမ်တော်တဲ့ ကြားဖူးလား။"
စွန်းလီသည် ထိုဟိုတယ်ကြီးက မိမိပိုင်ဆိုင်သည့်အလား အလွန်အမင်း ဂုဏ်ယူဝါကြွားစွာဖြင့် မိတ်ဆက်ပေးနေခဲ့သည်။
"ဒီဟိုတယ်က ငါတို့ ကျန်းရှန့်ရဲ့ သူဌေးပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုလေ။ ဒီက စားဖိုမှူးက တကယ့်ကိုတော်တာ သူ့ကို ကြယ်သုံးပွင့် စားသောက်ဆိုင်ကနေ တိုက်ရိုက် ဆွဲခေါ်လာခဲ့တာ နှစ်စဉ်လစာ ယွမ် ၂ သန်းကျော်ရတယ်လေ ယဲ့ချန်... ဟုတ်တယ်မလား။ နင် နှစ်စဉ်လစာ ၂ သန်းဆိုတာ ဘာကို ဆိုလိုလဲ သိရဲ့လား။"
စွန်းလီ၏ လေသံမှာ အလွန်အမင်း ချဲ့ကားပြောဆိုနေပြီး ဂုဏ်ယူဝါကြွားနေသကဲ့သို့ ရှိသော်လည်း ယဲ့ချန်အား လှောင်ပြောင်နေခြင်းလည်း ဖြစ်သည်။
"နင့်လို ကောလိပ်ကျောင်းသားတစ်ယောက်အတွက်တော့ ဘွဲ့ရလို့ အလုပ်ရပြီးရင်တောင် မစားမသောက်ဘဲ ဆယ်နှစ်လောက် လုပ်မှ ယွမ် ၂ သန်း စုမိမှာ မဟုတ်လား။"
ခဏမျှ ရပ်တန့်ပြီးနောက်စွန်းလီက စိတ်အားထက်သန်သော လေသံဖြင့် ဆိုသည်။
"အဲ့ဒီ စားဖိုမှူးကြီးက ငါတို့ ကျန်းရှန့်ထက်စာရင် လစာ နည်းနည်းလေးပဲ ပိုရတာပါ။"
ယဲ့ချန် အနည်းငယ် ဆွံ့အသွားခဲ့ရသည်။
တောက်... ဒီလို ကြွားဝါမှုမျိုးက တကယ့်ကို ပြုလုပ်လွန်းရာ ကျမနေဘူးလား။
ယခုအချိန်တွင် ယဲ့ချန်သည် Mercedes-Benz G-Class ဇိမ်ခံကားကြီးကို မောင်းနှင်နေသူဖြစ်ရာ သူ၏ အမြင်က ယခင်ကထက် သဘာဝကျစွာ ပြောင်းလဲနေခဲ့ပြီဖြစ်သဖြင့် ကျန်းရှန့်ကို ထူးထူးခြားခြား အထင်ကြီးမနေခဲ့ချေ။
"ရှောင်လီ... လျှောက်ပြီး မပြောပါနဲ့ ကိုဘယ်မှာ နှစ်စဉ်လစာ ၂ သန်း ရလို့လဲ။ နှစ်ကုန်ဘောနပ်စ်တွေ အားလုံး ပေါင်းထည့်မှ အဲ့ဒီပမာဏကို မနည်းမီတာပါ၊"
ကျန်းရှန့်သည် မိမိကိုယ်ကိုယ် တည်ငြိမ်ဟန်ဆောင်ကာ စွန်းလီအား ဟောက်လိုက်သည်။
"အကယ်၍ စီးပွားရေးမကောင်းလို့ ဘောနပ်စ်မရရင် ငါ့ရဲ့ နှစ်စဉ်လစာက ယွမ် ၁ သန်း ဝန်းကျင်ပဲ ရှိတာ။ ယန်မြို့တော်ရဲ့ ထိပ်တန်းလူကုံထံလွှာတွေကြားထဲမှာတော့ ဒါက ပြောပလောက်စရာတောင် မရှိပါဘူး။"
"အော်... နားလည်ပါပြီ ကျန်းရှန့်ရယ် နင်က ငါ့ကို အမြဲတမ်း အလှမပြဖို့ ဆုံးမတတ်တာကို ငါ မေ့သွားလို့ပါ။ ကဲ... ဒီအကြောင်း ထပ်မပြောတော့ဘူး အထဲဝင်ပြီး စားကြရအောင်။"
စွန်းလီသည် ကျန်းရှန့်၏ လက်မောင်းကို ဖက်တွယ်လျက် ရှေ့မှ လျှောက်လှမ်းသွားခဲ့ပြီးသူတို့နှစ်ဦး ဟိုတယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။
စွန်းလီသည် ဂုဏ်ယူဝါကြွားနေစဉ်အတွင်းယဲ့ချန်၏ တုံ့ပြန်မှုကို သိရှိနိုင်ရန် တိတ်တဆိတ် ခိုးကြည့်နေခဲ့သည်။ မျှော်လင့်မထားစွာဖြင့်အစမှအဆုံးအထိ ယဲ့ချန်၏ မျက်နှာအမူအရာမှာ အလွန် တည်ငြိမ်နေခဲ့သည်။
ကျန်းရှန့်၏ နှစ်စဉ်လစာမှာ ၁ သန်းကျော် ဖြစ်ကြောင်း သိလိုက်ရသည့်တိုင်အောင်သူသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိဘဲကျန်းရှန့်အား လုံးဝ အလေးမစိုက်သည့်အလား ရှိနေခဲ့သည်။
၎င်းက စွန်းလီအား အလွန်အမင်း မကျေမနပ် ဖြစ်သွားစေခဲ့သည်။
သူမ၏ ယဲ့ချန်အပေါ် မုန်းတီးမှုမှာ ပိုမို နက်ရှိုင်းလာခဲ့တော့သည်။
ငါ့ရည်းစားက ဒီလောက်အထိ ထူးချွန်ထက်မြက်နေတာကို မင်းလို ဆင်းရဲသား ယဲ့ချန်က ငါ့ရည်းစားရဲ့ ရှေ့မှာ ဒူးထောက်မဖားယားတဲ့အပြင် မျက်နှာချိုတောင် မသွေးဘူးလား ဒါက တကယ့်ကို အကျိုးအကြောင်းမရှိတာပဲ။
"ကျန်းရှန့်... ဒီနေ့ နင်ငါ့အတွက် သေချာပေါက် ကလဲ့စားချေပေးရမယ်နော်လင်းယွီရှီးနဲ့ အဲ့ဒီ ယဲ့ချန်ဆိုတဲ့ကောင်ရဲ့ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ပစ်စမ်းပါ၊"
စွန်းလီက ကျန်းရှန့်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ဆိုသည်။
"စိတ်မပူပါနဲ့ ဆင်းရဲတဲ့ ကောလိပ်ကျောင်းသားလေးတစ်ယောက်ပဲဥစ္စာ။ ငါ သူ့ကို နောက်မှ သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပါ့မယ်။"
ကျန်းရှန့်သည်လည်း ယဲ့ချန်အပေါ် ရန်ငြိုးများ ပြည့်နှက်နေခဲ့သည်။ ယဲ့ချန်က ပြီးခဲ့တဲ့အကြိမ်တုန်းက မိမိ စွန်းလီအား ကျိုးပဲ့နေသော ကျောက်စိမ်းလက်ကောက် ပေးခဲ့သည့်ကိစ္စကို ဖွင့်ချခဲ့ခြင်းကြောင့်သာ မဟုတ်ချေ။
ထို့ထက် ပိုမို အရေးကြီးသော အကြောင်းပြချက်တစ်ခု ရှိနေခဲ့သည်။ လင်းယွီရှီးသည် အလွန် လှပချောမောလွန်းနေသောကြောင့်ပင်။ သူမ၏ ရုပ်ရည်က တကယ့်ကို နတ်မိမယ်လေးတစ်ပါးကဲ့သို့ စင်ကြယ်လွန်းလှသည်။
သူမနှင့် နှိုင်းယှဉ်လိုက်ပါက စွန်းလီမှာ သာမန်ရုပ်ရည်မျှသာ ရှိတော့သည်။
ဘာဖြစ်လို့ ယဲ့ချန်လို ဆင်းရဲတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်က လင်းယွီရှီးလို မိန်းမလှလေးရဲ့ ရည်းစား ဖြစ်ခွင့် ရနေရတာလဲ။
ယောကျာ်းတစ်ယောက်အနေဖြင့်လူမှုပတ်ဝန်းကျင်တွင် အောင်မြင်မှုတစ်ခု ရရှိထားသော ယောကျာ်းတစ်ယောက်အနေဖြင့် ကျန်းရှန့် ၎င်းကို လုံးဝ မကျေနပ်နိုင်ချေ။
ဒီနေ့ စွန်းလီက မပြောခဲ့ရင်တောင် သူ ယဲ့ချန်၏ မျက်နှာကို ဖြတ်ရိုက်ပစ်မည်ဖြစ်သည်။
အပြင်းအထန် ရိုက်ပစ်မည်။
သူ့ကိုယ်သူ ဘဝကို သံသယဝင်သွားစေလောက်အောင်အထိ ရိုက်ပစ်မည်။
"ယဲ့ချန်... ငါတို့ အထဲမဝင်ဘဲ နေကြရအောင်လား... စွန်းလီနဲ့ သူ့ရည်းစားက တကယ့်ကို အလှပြလွန်းတယ် သူတို့ ငါ့တို့ကို အရှက်ခွဲဖို့ ကြံစည်နေတာ သိသာနေတာပဲ။"
လင်းယွီရှီး မျက်မှောင်ကြုတ်လိုက်သည်။
"ငါ လမ်းဘေးမှာ ခေါက်ဆွဲတစ်ပွဲပဲ သောက်ရပါစေ သူမနဲ့အတူတူ မစားချင်ဘူး။"
"အင်း... သူတို့ ငါ့မျက်နှာကို လာပြီးဖြတ်ရိုက်ချင်နေတာ ငါသိတာပေါ့။ ဟက်... သူတို့ကို ကြောက်နေစရာ မလိုပါဘူး။"
ယဲ့ချန်က ဂရုမစိုက်စွာဖြင့် ပခုံးတွန့်လိုက်သည်။
"သွားကြစို့... အထဲဝင်ရအောင်။ ဒီနေ့ ဘယ်သူက ဘယ်သူ့မျက်နှာကို ဖြတ်ရိုက်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။"
ကွမ်းထျန်ရှောင်း က ဒီနေ့ ယဲ့ချန်ထံသို့ ယွမ် သန်း ၂၀ လွှဲပေးတော့မှာ ဖြစ်ရာနှစ်စဉ်လစာ ၂ သန်းပဲရှိတဲ့ ကျန်းရှန့်က ဘာကောင်မို့လို့လဲ။
ထိုအချိန်မှာပင် စနစ်၏ တာဝန်တစ်ခု ထွက်ပေါ်လာခဲ့သည်။
တင်... တာဝန်တစ်ခု ထွက်ပေါ်လာသည်။ တာဝန်အကြောင်းအရာ အိမ်ရှင်သည် ကျန်းရှန့်၏ မျက်နှာကို ဖြတ်ရိုက်ရမည်။
ဆုလာဘ် စနစ်သည် တာဝန်၏ ခက်ခဲမှုကို တွက်ချက်နေဆဲဖြစ်ပြီး ဆုလာဘ်ကို နောက်မှ ရှင်းလင်းပေးပါမည်။
ဟိုတယ်အတွင်းသို့ ဝင်ရောက်ပြီးနောက်ကျန်းရှန့်သည် တကယ့်ကို မျက်နှာပွင့်လှသည်။
ဝန်ထမ်းများအားလုံး ကျန်းရှန့်ကို မြင်လိုက်ရသည့်အခါ၊ သူတို့၏ အလုပ်များကို ရပ်တန့်ကာ မန်နေဂျာကျန်းဟု ရိုသေစွာ နှုတ်ဆက်ကြသည်။
ကျန်းရှန့်သည်လည်း ခေါင်းဆောင်တစ်ဦး၏ အငွေ့အသက်ကို အပြည့်အဝ ထုတ်ဖော်လျက်ညခေါင်းကို အနည်းမျှသာ ငြိမ့်ပြပြီး အလွန် စမတ်ကျနေခဲ့သည်။
သူတို့ သီးသန့်အခန်းတစ်ခုကို ဖွင့်လှစ်လိုက်ကြသည်။
ဟင်းပွဲများ မရောက်ရှိလာမီ အချိန်ကို အသုံးချကာကျန်းရှန့်သည် သူ၏ အိတ်ထဲမှ အလွန် သပ်ရပ်လှပသော သေတ္တာတစ်လုံးကို ထုတ်ယူလိုက်ပြီး ဖွင့်လိုက်ရာ ၎င်းမှာ စီးကရက်များ ဖြစ်နေခဲ့သည်။
"ယဲ့ချန်... ဟုတ်တယ်မလား။ မင်း ပုံမှန်အားဖြင့် ဘာဝါသနာရှိလဲတော့ ငါမသိဘူး။ ငါကတော့ စီးကရက်သောက်ရတာကို ဝါသနာပါတာ။ ရော့... ဒါက Fuente စီးကရက်တွေလေ။ Fuenteက စီးကရက်လောကမှာတော့ တကယ့် ဘုရင်တစ်ပါးပဲ။ Arturo Fuenteမိသားစုရဲ့ သမိုင်းကြောင်းက ၁၉၁၂ ခုနှစ်အထိ ပြန်လိုက်လို့ရတယ်။ မိသားစုက စီးကရက်လုပ်ငန်းကို ရေရှည်လုပ်ကိုင်လာခဲ့တာဖြစ်ပြီး ဆေးရွက်ကြီးတွေကို အစပိုင်းမှာ Cubanပုံစံကို အခြေခံထားတာ... ငါ ဒီသေတ္တာကို ကမ္ဘာလုံးဆိုင်ရာ သတ်မှတ်ထားတဲ့ စီးကရက်ဆိုင်မှာ ဝယ်ခဲ့တာ။ သိပ်မဈေးကြီးပါဘူး။ တစ်လိပ်ကို ယွမ် ၅၆၀ ပဲ ရှိတာ။"
စွန်းလီသည် ပြဇာတ်တစ်ခုထဲမှ လူရွှင်တော်တစ်ယောက်ကဲ့သို့ အံ့အားသင့်ဟန်ဆောင်ကာ ဆိုသည်။
"အိုမိုင်ဂေါ့ စီးကရက်တစ်လိပ်ကို ယွမ် ၅၆၀ တောင်လား။ ကျန်းရှန့်... နင်က တကယ့်ကို သုံးနိုင်စွဲနိုင်လွန်းတာပဲ ဒီလောက်အထိ ဈေးကြီးတာ ဒီစီးကရက်ကို သောက်ရင် မသေနိုင်တော့ဘူးလား။ နင်သောက်နေတာကို ကြည့်ပြီး ငါ့ရင်ထဲ နှမြောလိုက်တာ။ တကယ့်ကို ဆင်းရဲမွဲတေမှုက စိတ်ကူးစိတ်သန်းတွေကို ကန့်သတ်ထားတာပဲ ယွီရှီး... နင် ကော အဲ့လို မထင်ဘူးလား။"
လင်းယွီရှီသခေါင်းငုံ့ထားပြီး ဘာသံမျှ မထွက်ခဲ့ချေ။
"ဒါက ကိုယ်ပိုင်ဝါသနာမို့လို့ ငွေကြေးနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။"
ကျန်းရှန့်၏ အပြုအမူမှာ အလွန် သပ်ရပ်လှသည်။
"လာပါ ယဲ့ချန်... ဒီစီးကရက်ကို မြည်းကြည့်စမ်းပါ အရသာက တကယ့်ကို စစ်မှန်တယ်။ မင်း အရင်က ဒါမျိုး မသောက်ဖူးသေးဘူး ထင်တယ်။ မြည်းစမ်းကြည့်ပါဦး နောက်နောင် တခြား ဆင်းရဲသားတွေရှေ့မှာ သွားပြီး ကြွားလို့ရတာပေါ့။"
"မလိုပါဘူး။"
ယဲ့ချန် ခေါင်းခါလိုက်သည်။
"စီးကရက်ကြီးဆိုရင်တော့... ငါ့မှာလည်း သေတ္တာတစ်လုံး ရှိပါတယ်ဗျာ။"
သူ စကားပြောနေစဉ်အတွင်း ယဲ့ချန် သူ၏ ညာဘက်လက်ကို စားပွဲအောက်သို့ ရွှေ့လိုက်ပြီး စိတ်အာရုံကို အသုံးချကာ သူ၏ သိုလှောင်ခန်း အတွင်းမှ စီးကရက်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
၎င်းက ပြီးခဲ့တဲ့အကြိမ်တုန်းက ဝူချန်အား Wanda Plaza တွင် အဝတ်ဗလာဖြင့် ပတ်ပြေးခိုင်းခဲ့သည့် တာဝန် ပြီးမြောက်ခဲ့စဉ်က စနစ်မှ ပေးအပ်ခဲ့သော ဆုလာဘ် ဖြစ်သည်။
ယဲ့ချန် စီးကရက်သေတ္တာကို ထုတ်ယူလိုက်ပြီး ကျန်းရှန့်၏ ရှေ့မှောက်တွင် ဖွင့်လိုက်တော့သည်။
ကြည့်လိုက်စမ်း။
"ဘာလဲ..."
ကျန်းရှန့် ယဲ့ချန်၏ လက်ထဲမှ စီးကရက် သေတ္တာကို စိုက်ကြည့်လိုက်ပြီး အော်ဟစ်လိုက်မိသည်။
"ဒါ... ဒါက Cohibaအမှတ်တံဆိပ်ရဲ့ နှစ် ၄၀ ပြည့် အထိမ်းအမှတ်ထုတ် Behike စီးကရက်ကြီးတွေပဲ လောလောဆယ် ကမ္ဘာပေါ်မှာ အဈေးကြီးဆုံး စီးကရက်ကြီးတွေလေ။ ကမ္ဘာတစ်ဝန်းလုံးမှာ သေတ္တာပေါင်း ၁၀၀ သာ ကန့်သတ်ထုတ်လုပ်ထားတာဖြစ်ပြီး တစ်သေတ္တာမှာ ၄၀ ပါဝင်ကာ တစ်သေတ္တာကို ယူရို ၁၅,၀၀၀ တောင် ပေးရတာ။"
ကျန်းရှန့်သည် စီးကရက်ကို အလွန်အမင်း ရူးသွပ်သူဖြစ်ရာညသူသည် စီးကရက် အမှတ်တံဆိပ် အမျိုးမျိုးကို မိမိလက်ဝါးပြင်ကဲ့သို့ ကောင်းစွာ သိရှိထားသူ ဖြစ်သည်။
ထို့ကြောင့် သူ ယဲ့ချန်၏ လက်ထဲမှ စီးကရက်ကြီးကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားခဲ့ခြင်း ဖြစ်သည်။
"အာ တစ်သေတ္တာကို ၁၅,၀၀၀...ယူရို ဟုတ်လား။"
စွန်းလီ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။
"ယူရိုကြီးတောင်လား။"
ထိုအချိန်တွင် အတိုင်းအတာတစ်ခုအထိ အောင့်အီးထားခဲ့ရသော လင်းယွီရှီးကလည်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ယူရို ၁၅,၀၀၀ ဆိုရင် တရုတ်ငွေနဲ့ တွက်ရင် ယွမ် ၁၁၇,၂၈၆.5 တောင် ရှိတာပေါ့။ တစ်သေတ္တာမှာ ၄၀ ဆိုတော့ တစ်လိပ်ချင်းစီက ယွမ် ၃,၀၀၀ ဝန်းကျင် ရှိတာပေါ့။ ဟူး... ဆင်းရဲမွဲတေမှုက တကယ့်ကို ငါ့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ကန့်သတ်ထားတာပဲ။"
ယဲ့ချန်သည် သဘောကောင်းဟန်ဆောင်လျက် စီးကရက်ကြီးတစ်လိပ်ကို ကျန်းရှန့်ထံသို့ လှမ်းပစ်ပေးလိုက်သည်။
"လာပါ ကျန်းရှန့်... မင်း ဒီစီးကရက်ကြီးကို မြည်းစမ်းကြည့်စမ်းပါ၊ အရသာက တကယ့်ကို စစ်မှန်တယ်။ မင်း အရင်က ဒါမျိုး မသောက်ဖူးသေးဘူး ထင်တယ်။ မြည်းစမ်းကြည့်ပါဦးနောက်နောင် တခြား ဆင်းရဲသားတွေရှေ့မှာ သွားပြီး ကြွားလို့ရတာပေါ့။"