← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃ -ပါးရိုက်ခံရခြင်းနှင့် ဆုလာဘ်များ သိမ်းကျုံးရရှိခြင်း။

ဖြောင်း ဖြောင်းးး

မမြင်ကွယ်ရာကနေ ကျန်းရှန့်နဲ့ စွန်းလီတို့ဟာ ၎င်းတို့ရဲ့ မျက်နှာကို တစ်ချက်စီ ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခြင်း ခံလိုက်ရသလို ခံစားလိုက်ရသည်။

မျက်နှာတစ်ခုလုံး ပူထူသွားပြီး အလွန်အမင်း နာကျင်လှပေသည်။

သူတို့နှစ်ဦးစလုံးရဲ့ မျက်နှာအမူအရာဟာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရသည်။

သူတို့ တကယ့်ကို အရှက်ကွဲသွားခဲ့ရပြီ။

သူတို့ဟာ ယဲ့ချန်နဲ့ လင်းယွီရှီးတို့ကို နေ့လယ်စာ ဖိတ်ကျွေးဖို့ ဦးနှောက်ခြောက်အောင် ကြံစည်ခဲ့ကြတာဖြစ်ပြီး ရည်ရွယ်ချက်က ယဲ့ချန်ရဲ့ မျက်နှာကို ဖြတ်ရိုက်ပြီး သိက္ခာချဖို့ ဖြစ်သော်လည်း အခုတော့ သူတို့ကိုယ်တိုင် ပြန်လည်ပြီး ပါးရိုက်ခြင်း ခံလိုက်ရရှာသည်။

"ဒီ... ဒီစီးကရက်က အတုဖြစ်ရမယ်ယဲ့ချန်... နင်က ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်ပဲဟာ ဒီလောက် ဈေးကြီးတဲ့ စီးကရက်မျိုးကို ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။"

စွန်းလီ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ စကားလုံးတွေကို အော်ဟစ်ကာ သူမရဲ့ ရုပ်ဆိုးလှတဲ့ သဘာဝအမှန်ကို ထုတ်ဖော်လိုက်တော့သည်။

"ပါးစပ်ပိတ်စမ်း။"

ကျန်းရှန့် စွန်းလီအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"စကားမပြောရင် ဘယ်သူမှ မင်းကို ဆွံ့အအလို့ မထင်ဘူး။ အပိုတွေ လျှောက်မပြောနဲ့။"

အတု ဟုတ်လား။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ကျန်းရှန့်ကတော့ ဒီစီးကရက်ဟာ အစစ်အမှန်ဖြစ်ကြောင်း ရာနှုန်းပြည့် သေချာနေခဲ့သည်။

သူသည် စီးကရက်ကို အလွန် ရူးသွပ်သူဖြစ်ရာ တစ်ချက်ကြည့်ရုံ၊ယ အနံ့တစ်ချက် ရှူရုံမျှဖြင့် အစစ်နှင့်အတုကို ကွဲပြားစွာ ခွဲခြားနိုင်သူ ဖြစ်သည်။

"ယဲ့ချန်... ဒီစီးကရက်က တခြားတစ်ယောက်ယောက်က မင်းကို လက်ဆောင်ပေးထားတာ မဟုတ်လား။"

ကျန်းရှန့်က မတင်မကျပုံစံဖြင့် စမ်းသပ်မေးမြန်းလိုက်သည်။ ယဲ့ချန်ကမူ ဝန်လည်းမခံငြင်းလည်းမငြင်းဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။

သို့သော်လည်း ကျန်းရှန့်နှင့် စွန်းလီတို့ရဲ့ အမြင်မှာတော့ ယဲ့ချန်က တိတ်တဆိတ် ဝန်ခံလိုက်သည်ဟု ထင်မှတ်သွားကြသည်။

ထို့ကြောင့် သူတို့နှစ်ဦးစလုံး သက်ပြင်းတစ်ချက် ချနိုင်သွားကြတော့သည်။

"လက်ဆောင်ရတာကိုး ဒါမှမဟုတ် သူခိုးလာတာလည်း ဖြစ်နိုင်တာပဲ။"

စွန်းလီက မိမိကိုယ်ကိုယ် အသာစီး ပြန်ရသွားသကဲ့သို့ မထီမဲ့မြင် လေသံဖြင့် ဆိုသည်။

"စွန်းလီ... နင် စကားပြောတာ တကယ်ကို လွန်လွန်းပြီနော် နင်ဒီလိုမျိုး ထပ်ပြောမယ်ဆိုရင် ငါနဲ့ ယဲ့ချန် အခုချက်ချင်း ပြန်တော့မယ်။"

စွန်းလီက ယဲ့ချန်အား သူခိုးဟု စွပ်စွဲလိုက်သဖြင့် လင်းယွီရှီးမိမိရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ချေ။

"ရှောင်လီ... လျှောက်ပြီး မပြောနဲ့တော့။ ကဲ... ဟင်းပွဲတွေလည်း ရောက်လာပြီပဲ စားကြ သောက်ကြရင်း စကားပြောကြတာပေါ့။"

ကျန်းရှန့် သူ၏ မျက်နှာအမူအရာကို မပျက်စေဘဲ စွန်းလီအား အကြည့်တစ်ချက် ပေးလိုက်သည်။

ထိုအကြည့်ရဲ့ ဆိုလိုရင်းကတော့စိတ်မလောနဲ့ဖြည်းဖြည်းချင်း ကစားရမှာ အချိန်တွေ အများကြီး ရှိသေးတယ် ဆိုတဲ့ သဘောပင်။

တီ...အိမ်ရှင်သည် တာဝန်ဖြစ်သော ကျန်းရှန့်၏ မျက်နှာကို ပါးရိုက်ရန် ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။

Zegnaအမျိုးသားဝတ် ရှပ်အင်္ကျီ တစ်ဒါဇင် (၁၂ ထည်) ကို ရရှိခဲ့ပြီး စနစ်၏ သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။ Ferragamoအမျိုးသားဝတ် သားရေဖိနပ် ၂ ရံကို ရရှိခဲ့ပြီး သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

စနစ်ပြုပြင်ရေး စွမ်းအင် ၀ ရရှိသည်။ စနစ်ပြုပြင်မှု ပြီးစီးမှု ၁.၃% ဖြစ်သည်။

'ဟားဟားဟား ပါးဖြတ်ရိုက်တဲ့တာဝန်က ဒီလိုလေးတင် ပြီးသွားတာလား။ တကယ့်ကို လွယ်ကူလွန်းလှတယ်။'

ယဲ့ချန် ရင်ထဲတွင် တခိခိ ရယ်မောမိသွားသည်။

မကြာသေးခင်က ယဲ့ချန်သည် တာဝန်များစွာကို လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ စနစ်မှ ပေးအပ်သော ဆုလာဘ်များမှာလည်း များပြားလှပြီး ပုံစံမျိုးစုံ ရှိနေခဲ့သည်။

နေ့စဉ်သုံးပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ဒစ်ဂျစ်တယ် ထုတ်ကုန်များ၊ မှော်လက်ဖွဲ့များနှင့် ဂါထာမန္တန် အတတ်ပညာများ ၎င်းတို့တွင် အရာအားလုံး ပါဝင်နေခဲ့ပြီး၊ မရှိတာမရှိ အကုန်လုံး ရရှိထားခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ သိုလှောင်ခန်းမှာ တော်တော်လေး ကျယ်ဝန်းပြီး (စတုရန်းမီတာ ၁၀၀ ခန့်ရှိသော အခန်းလွတ်တစ်ခုနှင့် ညီမျှသည်) မဟုတ်ပါက ပစ္စည်းများမှာ အထပ်လိုက် ပုံနေသဖြင့် ဆံ့တော့မည် မဟုတ်ချေ။

ယဲ့ချန်သည် ထိုစဉ်က ဤစီးကရက်ကိုသေတ္တာကို ထူးထူးခြားခြား ဂရုမစိုက်ခဲ့မိချေ။ သူသည် ဆေးလိပ်သောက်တတ်သော်လည်း စီးကရက်ကိုမူ မကြိုက်နှစ်သက်လှချေ။ သို့သော်လည်း ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် ၎င်းက ကျန်းရှန့်၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်ရန် အကူအညီ ဖြစ်စေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

ဒီထက်မက ထပ်လာစမ်းပါ။

တီ... တာဝန်တစ်ခု ထွက်ပေါ်လာသည်။ တာဝန်အကြောင်းအရာ အိမ်ရှင်သည် ကျန်းရှန့်၏ မျက်နှာကို ဆက်လက်၍ ဖြတ်ရိုက်ရမည်။ ဆုလာဘ် စနစ်သည် တာဝန်၏ ခက်ခဲမှုကို တွက်ချက်နေဆဲဖြစ်ပြီး ဆုလာဘ်ကို နောက်မှ ရှင်းလင်းပေးပါမည်။

စားပွဲထိုးသည် ဟင်းပွဲများကို စတင် တည်ခင်းလာခဲ့သည်။ သူတို့၏ လုပ်ဆောင်မှုမှာ လျင်မြန်ပြီး ထိရောက်လှသဖြင့် မကြာမီအချိန်အတွင်းမှာပင် စားပွဲတစ်ခုလုံးတွင် အလွန် သပ်ရပ်လှပသော ဟင်းပွဲများ ပြည့်နှက်သွားခဲ့ရသည်။

ကျန်းရှန့်သည် စားပွဲထိုးအား မောက်ထိုင် အရက်တစ်ပုလင်းကိုလည်း ဖွင့်ခိုင်းလိုက်သည်။

"လာပါ ယွီရှီး... ယဲ့ချန်... အားမနာကြပါနဲ့ စားကြပါ။"

ကျန်းရှန့်၏ မျက်နှာပေါ်ရှိ အပြုံးမှာ အလွန် သဘောကောင်းဟန် ရှိနေခဲ့သည်။

"ကဲ... ဒီနေ့ မင်းတို့ကို ကျွေးဖို့အတွက် ငန်းအသည်း၊ မှိုဥနက်နဲ့ ငါးဥခြောက်တို့ကို မှာပေးထားတာ။ ဒီအစားအစာ သုံးမျိုးက ဥရောပသားတွေရဲ့ အမြင်မှာတော့ ကမ္ဘာ့အကောင်းဆုံး အရသာ သုံးမျိုးအဖြစ် သတ်မှတ်ခံထားရတာလေ ငါ ကြွားနေတာ မဟုတ်ပါဘူး ယန်မြို့တော်မှာရှိတဲ့ တခြားဟိုတယ်တွေမှာတော့ ဒီလို ထိပ်တန်းအရသာ ၃ မျိုးကို ရနိုင်မှာ မဟုတ်ဘူး။"

"ဟုတ်တယ်... အများကြီးစားနော် နင်တို့အတွက်တော့ ဒီလိုမျိုး ဇိမ်ခံအစားအစာတွေကို စားဖို့ အခွင့်အရေးဆိုတာ တော်တော့်ကို ရှားပါလိမ့်မယ်။"

စွန်းလီက မမူမနပ် လေသံဖြင့် ဆိုသည်။

"ဒီစားပွဲက အခုတင်ပဲ ရောက်တာ အနည်းဆုံးတော့ ယွမ် သောင်းဂဏန်းလောက် ကျမှာဖြစ်ပြီး ဒါကလည်း ငါတို့ ကျန်းရှန့်ရဲ့ အဆက်အသွယ်ကြောင့် ဟိုတယ်ရဲ့ ဝန်ထမ်းလျှော့ဈေးနဲ့ ရခဲ့လို့ပေါ့။"

ထိုစကားကို ကြားလိုက်ရသဖြင့် ယဲ့ချန်ကမူ ပြုံးရုံသာ ပြုံးလိုက်မိသည်။

ယွမ် သောင်းဂဏန်းလောက်နဲ့ ငန်းအသည်းမှိုဥနက်နဲ့ ငါးဥခြောက်တွေကို စားရတယ် ဟုတ်လား။ မင်းတို့ အနောက်တိုင်းရဲ့ အကောင်းဆုံး အစားအစာ သုံးမျိုးအပေါ်မှာ တစ်ခုခု အထင်လွဲနေတာ မဟုတ်လား။

လင်းယွီရှီးသည် ဟင်းခပ်တူကိုပင် မကိုင်ဘဲဘမကျေမနပ်ဖြင့် ဆိုသည်။

"နင်တို့မှာ ပိုက်ဆံရှိတာ ငါသိပါတယ် ပိုက်ဆံရှိတာက ဒီလောက်အထိ အံဩစရာကောင်းနေလို့လား။"

"ဟားဟားဟားဟား"

ကျန်းရှန့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ယွီရှီး... မင်းပြောတာက တကယ့်ကို ကလေးဆန်လွန်းရာ ကျနေပြီ။ ဒါပေမဲ့ မင်းက ကျောင်းတက်နေတုန်းဖြစ်ပြီး လူမှုပတ်ဝန်းကျင်ထဲကို ခြေမချရသေးတော့မင်း နားမလည်တာတွေ အများကြီး ရှိနေဦးမှာပါ။ ဒီနေ့ ငါ မင်းနဲ့ ယဲ့ချန်ကို သင်ခန်းစာတစ်ခု ပေးမယ် ပိုက်ဆံရှိရင် တကယ်ပဲ မင်းဖြစ်ချင်တာမှန်သမျှ အကုန်လုံးကို လုပ်လို့ရတယ်ဗျ။"

"ဒါလည်း ဖြစ်နိုင်တာပါပဲ။"

ယဲ့ချန်က စကားဝိုင်းကို ဖြတ်ပြောလိုက်ပြီးသူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေခဲ့သည်။

"ဒါပေမဲ့... ပိုက်ဆံက အရာအားလုံးကိုတော့ မတတ်နိုင်ပါဘူး။"

"ဟားဟားကလေးဆန်လိုက်တာ တကယ့်ကို ရယ်စရာကောင်းအောင် ကလေးဆန်လွန်းတယ်။ ပိုက်ဆံက ဘာလို့ အရာအားလုံးကို မတတ်နိုင်ရမှာလဲ။ အနည်းဆုံးတော့ ငါက ပိုက်ဆံရဲ့ အကျိုးကျေးဇူးတွေကိုပဲ သိတာပိုက်ဆံရဲ့ ဆိုးကျိုးတွေကိုတော့ တစ်ခါမှ မကြားဖူးသေးဘူး။"

ကျန်းရှန့်သည် သူ၏ စကားလှံချက်ကို ယဲ့ချန်ထံသို့ တိုက်ရိုက်ပစ်လွှတ်လိုက်ပြီး သူ၏ မျက်လုံးများကို အနည်းငယ် မှေးစိုက်ကာ မျက်နှာတွင် သိသာထင်ရှားသော မထီမဲ့မြင်ပြုမှုများကို ထုတ်ဖော်လျက်လမ်းပေါ်တွင် ဖုန်မှုန့်တိမ်တိုက်တစ်ခု ထလာသည့်အလား ရှိနေခဲ့သည်။

"ဥပမာပြောရရင်တော့... ပိုက်ဆံက အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဝယ်နိုင်ပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ အချစ်စစ်ကိုတော့ ဝယ်လို့မရဘူးလေ။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယောကျာ်းများစွာကို ပေးအပ်နိုင်ပေမယ့်အမျိုးသမီးတစ်ယောက်ရဲ့ အချစ်စစ်ကိုတော့ ယောကျာ်းတစ်ယောက်တည်းကိုပဲ ပေးအပ်နိုင်တာမျိုးပေါ့။"

ယဲ့ချန်က သာမန်ကာလျှံကာ ပြောဆိုလိုက်သော်လည်း သူ၏ အကြည့်များကမူ စွန်းလီအား တိုက်ရိုက် စိုက်ကြည့်နေခဲ့သည်။

ယဲ့ချန် ဤကဲ့သို့ ပြောသည်ကို ကြားလိုက်ရသဖြင့် လင်းယွီရှီးလည်း ခေါင်းငြိမ့်ပြကာ ထောက်ခံကြောင်း ပြသလိုက်မိသည်။

"နင် နင် နင် ငါ့ကို ဘာလို့ လာကြည့်နေတာလဲ။ နင်က အရူးလား။"

စွန်းလီသည် ကင်းမြီးကောက် အတုပ်ခံလိုက်ရသည့်အလား စူးစူးဝါးဝါး အော်ဟစ်တော့သည်။

ကျန်းရှန့်၏ မျက်နှာအမူအရာမှာလည်း ချက်ချင်းပင် မည်းမှောင်သွားခဲ့ရသည်။

ယဲ့ချန်၏ စကားလုံးများက သူ့ကို တကယ့်ကို ထိုးနှက်လိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စွန်းလီသည် အပျိုစင်တစ်ယောက် မဟုတ်သောကြောင့်ပင်။

သူသည် စွန်းလီအား အမျိုးမျိုး မေးမြန်းချော့မော့ပြီး သိရှိခဲ့ခြင်း ဖြစ်သည်။

စွန်းလီ၏ ပြောကြားချက်အရ သူမသည် ကျန်းရှန့်နှင့် မတွဲမီက ရည်းစား သုံးယောက် ထားခဲ့ဖူးသည်ဟု ဆိုသည်။

သို့သော်လည်း ဒါက သူမဘက်က ပြောတာသက်သက်သာဖြစ်ပြီး ကျန်းရှန့် ၎င်းကို လုံးဝ မယုံကြည်ချေ။

ဖြစ်နိုင်တာကတော့ သုံးယောက်ထက်မက အဆပေါင်းများစွာ ရှိနေနိုင်သည်။

ယဲ့ချန်ပြောသည့် စကားအတိုင်းဆိုလျှင် စွန်းလီ၏ ခန္ဓာကိုယ်ကို ယောကျာ်းများစွာထံ ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း သူမရဲ့ အချစ်စစ်ကတော့ ကျန်းရှန့်ထံ ပေးအပ်ထားခြင်း ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

စွန်းလီအပေါ် ရွံရှာစက်ဆုပ်ဖွယ် စိတ်ကူးတစ်ခု ကျန်းရှန့်၏ ရင်ထဲတွင် လှိုင်းထလာခဲ့သည်။

သူသည် ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး အော့နှလုံးနာ သွားခဲ့ရသည်။

တီ...အိမ်ရှင်သည် တာဝန်ဖြစ်သော ကျန်းရှန့်၏ မျက်နှာကို ဆက်လက်၍ ဖြတ်ရိုက်ရန် ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။

Fandini၃.၅ ကာရက်ရှိသော စိန်လက်စွပ် တစ်ကွင်းကို ရရှိခဲ့ပြီး စနစ်၏ သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။ စနစ်ပြုပြင်ရေး စွမ်းအင် ၀ ရရှိသည်။ စနစ်ပြုပြင်မှု ပြီးစီးမှု ၁.၃% ဖြစ်သည်။"

'ဖူးးးကျန်းရှန့်ရဲ့ မျက်နှာကို ထပ်ပြီး ပါးရိုက်လိုက်ပြန်ပြီလား။ ဟားဟားဟားဟား လန်းတယ်ဗျာ ရိုးရှင်းပြီး ရက်စက်လှတယ် မမြင်ကွယ်ရာကနေ ကြွားဝါတာက အထိရောက်ဆုံးပဲ ဒီနေ့ ဒီထမင်းစားပွဲကနေ ကျန်းရှန့်က ငါ့ကို ဆုလာဘ်တွေ အများကြီး ပံ့ပိုးပေးပြီး ငါ့ကို ချမ်းသာအောင် လုပ်ပေးတော့မှာပဲ... ဒီကျန်းရှန့်ရဲ့ IQကတော့ တကယ့်ကို ချီးကျူးစရာပဲဘယ်လောက်တောင် ရိုးသားတဲ့ လူသားလေးလဲ။'

ကောင်းပြီ! ဒီထက်မက ထပ်လာစမ်းပါ။

တီ...တာဝန်တစ်ခု ထွက်ပေါ်လာသည်။ တာဝန်အကြောင်းအရာ အိမ်ရှင်သည် ကျန်းရှန့်၏ မျက်နှာကို ထပ်မံ၍ ဆက်လက် ဖြတ်ရိုက်ရမည်။ ဆုလာဘ် စနစ်သည် တာဝန်၏ ခက်ခဲမှုကို တွက်ချက်နေဆဲဖြစ်ပြီး ဆုလာဘ်ကို နောက်မှ ရှင်းလင်းပေးပါမည်။

ယဲ့ချန်သည် အလွန်အမင်း စိတ်အခြေအနေ ကောင်းမွန်နေခဲ့သဖြင့် အားနာမနေတော့ဘဲဟင်းခပ်တူကို ကိုင်ကာ အားရပါးရ စားသောက်တော့ရာ ပါးစပ်တစ်ခုလုံး ဆီများ ပေကျံနေခဲ့သည်။

"ယွီရှီး... နင်လည်း စားလေ အရသာက တကယ့်ကို မဆိုးဘူး။"

"အော်..."

လင်းယွီရှီးက ပြန်လည်ဖြေကြားခဲ့သော်လည်းဟင်းခပ်တူကိုမူ မကိုင်ခဲ့ချေ။

"လာပါ ယွီရှီး... ဒီငါးဥခြောက်ကို မြည်းစမ်းကြည့်ပါဦး ငါတို့ ကုမ္ပဏီမှာ လမ်းကြောင်းရှိလို့ရုရှားကနေ တိုက်ရိုက်တင်သွင်းထားတာဂရမ် ၁၀၀ ကို ယွမ် ၂၀၀ ကျော်တောင် ပေးရတာ။"

ကျန်းရှန့်သည် အလွန် ဂရုစိုက်ဟန်ပြလျက် လင်းယွီရှီးအတွက် ငါးဥခြောက် တစ်ဇွန်း ခပ်ပေးလိုက်သည်။

"ယွီရှီး... ဒီလိုမျိုး စျေးပေါတဲ့ ငါးဥခြောက်တွေကို မစားနဲ့။"

ယဲ့ချန်သည် ကြက်သားတစ်တုံးကို ကိုက်ဝါးရင်းနှင့် တစ်လုပ်တည်း မျိုချကာ ပြောလိုက်သည်။

"ကမ္ဘာပေါ်မှာ အဈေးကြီးဆုံး ငါးဥခြောက်ဆိုရင် တစ်ဇွန်းတည်းတင် တရုတ်ငွေ ယွမ် ၂၅၀,၀၀၀ တောင် ပေးရတာ ငါတို့ ယန်မြို့တော်က သာမန်ရုံးဝန်ထမ်းတွေဆိုရင် တစ်နှစ်စာ လစာအပြည့်ပေးရင်တောင် တစ်ဇွန်းစာ ဝယ်နိုင်ဖို့ မလွယ်ဘူး။ အတိုချုပ်ပြောရရင်တော့...အမေရိကန်ဒေါ်လာ ၇၀၀ ကျော်မှသာ ထိပ်တန်းအဆင့်မြင့် ပစ္စည်းလို့ ခေါ်တာ။ ဂရမ် ၁၀၀ ကို ယွမ် ၂၀၀ ကျော်ပဲပေးရတဲ့ ဒီငါးဥခြောက်ကတော့ အောက်ခြေအဆင့်နိမ့် ပစ္စည်းသက်သက်ပဲမို့ ဘာအရသာမှ ရှိမှာ မဟုတ်ဘူး။"

All Chapters