အခန်း ၄၄
Vol. 5 Ch. 44
အခန်း ၄၄ - မင်းကော ဘာတွေ တွက်ကပ်နေတာလဲ။
ခဏမျှ ရပ်တန့်ပြီးနောက် ယဲ့ချန်က ဆက်ပြောလိုက်သည်။
"ငန်းအသည်းအကြောင်းဆိုရင်တော့ ပိုတောင် ပြောမနေနဲ့တော့။ မွေးမြူတဲ့လူတွေက ငန်းတွေရဲ့ လည်ချောင်းထဲကို သံပိုက်လုံးတွေ တိုက်ရိုက်ထိုးထည့်ပြီး တစ်နေ့ကို သုံးကြိမ်အထိ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ အတင်းအကျပ် အစာသွတ်ကြတာလေ။ ဒါကြောင့်မို့လို့ ဒီငန်းတွေရဲ့ အသည်းက ပုံမှန်ငန်းအသည်းတွေထက် ၇ ဆကနေ ၁၀ ဆအထိ ပိုပြီး ကြီးထွားလာရတာ... တော်ပါပြီ ငါ ထပ်မပြောတော့ဘူး တကယ့်ကို ရွံစရာကြီး။"
ယဲ့ချန်သည် ဝဘ်ဝတ္ထုများကို အတော်များများ ဖတ်ဖူးပြီး သူ၏ သူငယ်ချင်းကောင်း ဝမ်ကြီးကလည်း ဗဟုသုတများကို မကြာခဏ ဝေမျှတတ်သဖြင့်သူ၏ ဗဟုသုတနယ်ပယ်မှာ အလွန်ကျယ်ပြန့်ပြီး စုံလင်လှရာ အရာအားလုံးကို အနည်းငယ်စီ သိရှိနေခြင်း ဖြစ်သည်။
"တကယ်ကို ရက်စက်လွန်းတာပဲ ငါမစားတော့ဘူး ငါ့ဘဝမှာ ငန်းအသည်းကို ဘယ်တော့မှ ထပ်မစားတော့ဘူးလို့ ကျိန်ဆိုတယ်။"
လင်းယွီရှီးလည်း ထိတ်လန့်သွားခဲ့ရသည်။
"ယွီးရှီ... ဒီဘဲကင်လေး မြည်းစမ်းကြည့်ပါဦးအရသာ တော်တော်ကောင်းတယ်။"
ယဲ့ချန်သည် ဆီများနှင့် သူ၏တံတွေးများ ပေကျံနေသော ဟင်းခပ်တူကို အသုံးပြုကာ လင်းယွီရှီးအတွက် ဘဲကင်တစ်တုံး ခပ်ပေးလိုက်သည်။
လင်းယွီရှီးကမူ ဘာမှအထွေအထူး စဉ်းစားမနေဘဲ ခေါင်းငုံ့ကာ စားလိုက်တော့သည်။ သူမသည် ကျန်းရှန့်ကို လုံးဝ အလေးမစိုက်ခဲ့ချေ။
ဇွန်းအသေးလေးကို ကိုင်ထားသည့် ကျန်းရှန့်၏ လက်မှာ လေထဲတွင် တောင့်တင်းသွားခဲ့ရပြီး အလွန်အမင်း အရှက်ရသွားခဲ့သည်။
ကျန်းရှန့်သည် မနာလိုမှုနှင့် ရန်ငြိုးများ ရောပြွမ်းနေသော အကြည့်ဖြင့် ယဲ့ချန်အား စိုက်ကြည့်နေခဲ့သည်။
ဒီနေ့ နေ့လယ်စာစားချိန်အတွင်းမှာ သူသည် အကွက်တိုင်းမှာ ဂုဏ်ယူဝါကြွားရန် ကြိုးစားခဲ့သော်လည်း ယဲ့ချန်၏ ပါးရိုက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်။
လက်ခြေတုပ်နှောင်ခံထားရသကဲ့သို့ တကယ့်ကို စိတ်ပျက်စရာကောင်းလှသည်။
"မျက်နှာလွှဲခါးခါး လုပ်တာ ခံလိုက်ရတယ် မဟုတ်လား။"
စွန်းလီက မနာလိုစွာဖြင့် ဆိုသည်။
"သူမမစားရင် ငါ့ကိုပေး။"
"ရော့ စားစမ်း။"
ကျန်းရှန့်သည် စိတ်တိုတိုဖြင့် ဇွန်းထဲမှ ငါးဥခြောက်ကို စွန်းလီ၏ ရှေ့ရှိ ပန်းကန်လုံးထဲသို့ ထိုးထည့်လိုက်တော့သည်။
တီ...အိမ်ရှင်သည် တာဝန်ဖြစ်သော 【ကျန်းရှန့်၏ မျက်နှာကို ထပ်မံ၍ ဆက်လက် ပါးရိုက်ရန်】 ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ Alessonဆိုဖာနှစ်ထိုင်တွဲ တစ်စုံကို ရရှိခဲ့ပြီး သိုလှောင်မှုနယ်မြေအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။ စနစ်ပြုပြင်ရေး စွမ်းအင် ၀ ရရှိသည်။ စနစ်ပြုပြင်မှု ပြီးစီးမှု— ၁.၃% ဖြစ်သည်။
နောက်ထပ် ဆုလာဘ်တစ်ခု ကျလာပြန်ပြီ။
ဟူး... ယဲ့ချန်ကတော့ ၎င်းကို ရိုးအီနေပြီ ဖြစ်သည်။
စနစ်တစ်ခု ရှိနေတာ တကယ့်ကို အံဩစရာကောင်းလှသည်။ လူတွေက မတ်တတ်ရပ်ရင်း ပိုက်ဆံရှာနိုင်တယ်လို့ ပြောကြပေမယ့် ယဲ့ချန်ကတော့ ကျန်းရှန့်ရဲ့ မျက်နှာကို ပါးရိုက်ရင်း ပိုက်ဆံရှာနေခြင်း ဖြစ်သည်။
အကယ်၍ ကျန်းရှန့်သာ ဝတ္ထုတစ်ပုဒ်ထဲက ဇာတ်လိုက်ဖြစ်နေရင် နှိပ်စက်ညှဉ်းပန်းခံရလွန်းလို့ စာဖတ်သူပေါင်းများစွာရဲ့ ကဲ့ရဲ့ရှုတ်ချခြင်းကို သေချာပေါက် ခံရလိမ့်မည်။
တာဝန်များကို ဆက်လက် ထုတ်ပြန်ပေးနေသည်။
တီ...တာဝန်တစ်ခု ထွက်ပေါ်လာသည်။ တာဝန်အကြောင်းအရာ အိမ်ရှင်သည် ကျန်းရှန့်၏ မျက်နှာကို ထပ်မံ၍ ဆက်လက် ပါးရိုက်ရမည်။ ဆုလာဘ်— စနစ်သည် တာဝန်၏ ခက်ခဲမှုကို တွက်ချက်နေဆဲဖြစ်ပြီး ဆုလာဘ်ကို နောက်မှ ရှင်းလင်းပေးပါမည်။
ဒီနေ့သာ ကံကောင်းရင် ကျန်းရှန့်ဆီကနေ ဆုလာဘ်တွေ သိမ်းကျုံးယူရင်းနဲ့တင် လူလတ်တန်းစားအဆင့်ကို ရောက်သွားနိုင်တယ်။
သူ့ရဲ့ ဉာဏ်ရည်ကတော့ တကယ်ကို ချီးကျူးစရာပဲ။
ကွက်တိပင်စားပွဲထိုးတစ်ဦး တံခါးခေါက်ကာ ဝင်လာခဲ့သည်။
"မန်နေဂျာကျန်း... အစ်ကိုကျန် ရောက်နေပါတယ်။ သူ မန်နေဂျာကျန်း ဒီမှာ စားသောက်နေတာကို ကြားလို့ စကားအနည်းငယ် လာပြောချင်လို့ပါတဲ့ခင်ဗျာ။"
"ဘာလဲအစ်ကို... အစ်ကိုကျန် ရောက်နေတာလား။"
ဤစကားကို ကြားလိုက်ရသည့်အခါကျန်းရှန့်၏ မျက်နှာပေါ်ရှိ မည်းမှောင်မှုများအားလုံး လွင့်စင်သွားခဲ့ရပြီး၎င်းအစား ဝင်းပသော မျက်နှာပေးနှင့် မြှောက်ပေးခြင်းခံရသည့် ခံစားချက်တို့ဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။
"တကယ့်ကို ကောင်းလိုက်တာ အစ်ကိုကျန်က ငါနဲ့ စကားပြောဖို့ ကိုယ်တိုင်တောင် လာခဲ့တာပဲ ကောင်းပြီ... ကောင်းပြီ... ငါ နားလည်ပြီအစ်ကိုကျန်ကို ပြောလိုက်ပါငါ ကျန်းရှန့် ဒီမှာပဲ စောင့်ပြီး ကြိုဆိုနေပါတယ်လို့။"
စားပွဲထိုး အပြင်သို့ ထွက်သွားခဲ့သည်။
"ရှောင်လီ... ငါ မင်းကို သူ့အကြောင်း ပြောပြဖူးတယ်မလား အစ်ကိုကျန်... ရှောင်ကျန်လေသူဌေးရဲ့ လူယုံတော် တကယ့်ကို အထာကျတဲ့လူကြီး ယခင်က ယန်မြို့တော် လမ်းမတွေပေါ်မှာ ထိပ်တန်းဆရာကြီးတစ်ယောက်ပေါ့။"
ကျန်းရှန့်က သူ၏ လက်မကို ထောင်ပြလိုက်သည်။ယ
"အခုတော့ အစ်ကိုကျန်က ကုမ္ပဏီရဲ့ အဆင့်မြင့် အမှုဆောင်အရာရှိတစ်ဦး ဖြစ်နေပြီ။ အစုရှယ်ယာတွေပါ ရှိတဲ့လူမျိုး တကယ့်ကို ကောင်းတာပဲ အစ်ကိုကျန်က ငါ့ကို အမြဲတမ်း စောင့်ရှောက်ပေးခဲ့တာ ဒီတစ်ကြိမ်တော့ သူ ငါ့ကို ရာထူး ထပ်တိုးပေးတော့မှာ သေချာတယ်ဟားဟားဟားဟား။"
ကျန်းရှန့်သည် ယခုအချိန်တွင် အောင်မြင်မှုဒီရေ တက်နေသကဲ့သို့ ရှိနေပြီး သူ၏ လုပ်ငန်းခွင်မှာ အထွတ်အထိပ်သို့ ရောက်ရှိတော့မည့်အလား မြင်ယောင်နေခဲ့သည်။
'ယဲ့ချန်... မင်းလို ကောင်စုတ်က ငါ့ရှေ့မှာ နှုတ်သီးကောင်းလျှာပါး လုပ်နေလို့ ဘာထူးမှာလဲ။ ခဏနေရင် အစ်ကိုကျန်လို လူကြီးလူကောင်းတစ်ယောက် ဝင်လာတဲ့အခါသူ့ရဲ့ အရှိန်အဝါက မင်းကို ကြောက်လို့ ဘောင်းဘီထဲ သေးထွက်ကျသွားစေရမယ်။ အဲ့ဒီအချိန်ကျမှ ပုရွက်ဆိတ်ဆိုတာ နောက်ဆုံးတော့ ပုရွက်ဆိတ်ပဲဖြစ်ပြီး ဘယ်တော့မှ စင်မြင့်ထက်ကို မတက်လှမ်းနိုင်သလိုကောင်းကင်ယံမှာ ပျံသန်းနေတဲ့ သိန်းငှက်တစ်ကောင်လည်း ဖြစ်မလာနိုင်ဘူးဆိုတာ မင်း နားလည်သွားလိမ့်မယ်။'
ယခင်က ယဲ့ချန်ထံမှ ခံစားခဲ့ရသော ဆုံးရှုံးမှုများနှင့် မကျေနပ်မှုများအားလုံးသည် လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကျန်းရှန့်သည် အစ်ကိုကျန်၏ လာရောက်မှုသည် သူ၏ အသာစီး ပြန်လည်ရရှိမည့် အချိန်ဖြစ်ပြီးယဲ့ချန်၏ မျက်နှာကို အစစ်အမှန် ပါးရိုက်နိုင်မည့် အခွင့်အရေးဖြစ်ကြောင်း ကောင်းစွာ သိရှိနေခဲ့သည်။
"တကယ်ကို ကောင်းလိုက်တာ တကယ်ကို ကောင်းလိုက်တာ... ဒီတစ်ကြိမ်တော့ အစ်ကိုကျန်က သူ့ကိုယ်သူ နှိမ့်ချပြီး နင့်ဆီ လာတွေ့တာဆိုတော့ နင့်ကို အရေးပါတဲ့ ရာထူးတစ်ခု ပေးဖို့ ကြံစည်နေတာ သေချာတာပေါ့ ဖြစ်နိုင်တာက နင်ကုမ္ပဏီရဲ့ ထိပ်တန်း စီမံခန့်ခွဲမှုအဖွဲ့ထဲကို တောင် ဝင်နိုင်တော့မှာလား။"
စွန်းလီသည်လည်း ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေခဲ့သည်။ သူမသည် ယဲ့ချန်နှင့် လင်းယွီရှီးတို့အား အကြည့်တစ်ချက် ပေးလိုက်သည်။
"နင်တို့နှစ်ယောက်... အနောက်မှာ အရူးတွေလို ဒီအတိုင်း ရပ်မနေကြနဲ့ဦး။ အစ်ကိုကျန် ဝင်လာတဲ့အခါ မင်းတို့ သူ့ကို သေချာပေါက် အရက်တိုက်ရမယ် ငါတို့ ကျန်းရှန့်ကြောင့်သာ မဟုတ်ရင် မင်းတို့ အစ်ကိုကျန်လို လူမျိုးနဲ့ တွေ့ဆုံခွင့်ရဖို့ ဘယ်လောက်တောင် ကံကောင်းလဲဆိုတာ မင်းတို့ သိမှာ မဟုတ်ဘူး သူ့ကို သေချာပေါက် ဖားထားကြဦး အစ်ကိုကျန် စိတ်အခြေအနေကောင်းလို့ မင်းတို့ကို အနည်းငယ်မျှ သတိရပေးရုံနဲ့တင်သူ ချပေးတဲ့ အစွန်းအစလေးတွေက မင်းတို့ကို တစ်ညတည်းနဲ့ အောင်မြင်ချမ်းသာ သွားစေနိုင်တယ်။"
"အင်း... အစ်ကိုကျန်က အရက်သောက်ရတာ ဝါသနာပါတာ။ မင်းတို့ရဲ့ ဖန်ခွက်တွေကို ဖြည့်ထားကြ နောက်မှ အစ်ကိုကျန်ကို အရက်ကောင်းကောင်းတစ်ခွက် ကမ်းပေးဖို့ သေချာလုပ်ကြဦး။ ဒီဘဝမှာ အခွင့်အရေးဆိုတာ ကန့်သတ်ချက်ရှိတယ် လွဲချော်သွားရင်တော့ ဆုံးရှုံးသွားပြီပဲ။"
ကျန်းရှန့်သည် ခေါင်းဆောင်တစ်ဦးကဲ့သို့ ကြီးမားသော အရှိန်အဝါများ ထုတ်ဖော်လျက် ယဲ့ချန်နှင့် လင်းယွီရှီးတို့အား ဆုံးမဩဝါဒ ပေးနေခဲ့သည်။
ယဲ့ချန်ကမူ ခေါင်းငုံ့ကာ သူ၏ အစားအစာများကိုသာ ဆက်လက်စားသောက်နေခဲ့ပြီး လင်းယွီရှီးအား ဆိုသည်။
"သူ့ကို ဂရုမစိုက်နဲ့။"
မကြာမီအချိန်အတွင်းမှာပင်ကျားသစ်တစ်ကောင်ကဲ့သို့ ဦးခေါင်းနှင့် ဝိုင်းစက်သော မျက်လုံးများရှိသည့် အလတ်တန်းစား အမျိုးသားတစ်ဦးသည် ရဲရင့်ပြတ်သားသော ဟန်ပန်ဖြင့် သီးသန့်အခန်းအတွင်းသို့ ခြေလှမ်းကြီးကြီးဖြင့် လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။
သူ့တွင် အောင်မြင်သော လူတစ်ဦး၏ အငွေ့အသက်များ ရှိနေသော်လည်း သူ၏ မျက်ခုံးနှစ်ခုကြားတွင်မူ ရက်စက်ကြမ်းကြုတ်သော အကြည့်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
တစ်ချက်ကြည့်ရုံနှင့်ပင် သူသည် ရင်ဆိုင်ရခက်ခဲသော လူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပြီး ကျန်းရှန့်ကဲ့သို့ အားနည်းသော လူမျိုးနှင့် လုံးဝ နှိုင်းယှဉ်၍မရချေ။
"အစ်ကိုကျန်"
ကျန်းရှန့် အလွန်အမင်း ချဲ့ကားကာ ခေါ်ဆိုလိုက်ပြီးနောက် အရက်အပြည့် ထည့်ထားသော ဖန်ခွက်ကို ကိုင်ဆောင်လျက်ခါးကို ညွှတ်ကာ ခွေးတစ်ကောင်ကဲ့သို့ လျှောက်လှမ်းသွားခဲ့သည်။
"အစ်ကိုကျန်... ရောက်လာပြီပဲ။ ကျွန်တော် စောစောစီးစီး လာမကြိုဆိုနိုင်တဲ့အတွက် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်အနေနဲ့ အရင်ဆုံး သုံးခွက် သောက်ပါရစေ။ ကိုယ့်ကိုယ်ကိုယ် သုံးခွက် ပြစ်ဒဏ်ပေးပါရစေ။"
ထိုသို့ပြောပြီးနောက် သူသည် ခေါင်းကို မော့ကာ ဖန်ခွက်ထဲမှ အရက်ကို တစ်ကျိုက်တည်း သောက်ချလိုက်တော့သည်။
"ကျန်းရှန့်... ဟန်ပြရုံဆို ရပါပြီ။"
ထိုအစ်ကိုကျန်၏ မျက်နှာအမူအရာမှာလည်း တော်တော်လေး ချိုသာလှသဖြင့်သူသည် ကျန်းရှန့်ကို တကယ်ပဲ တန်ဖိုးထားပုံရသည်။
"ယဲ့ချန်..."
ထိုအချိန်တွင် ကျန်းရှန့်သည် ယဲ့ချန်အား သူတစ်ပါး ပျက်စီးခြင်းကို ဝမ်းသာသော အကြည့်များဖြင့် လှမ်းအော်လိုက်ပြီးသူ၏ မျက်နှာတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေခဲ့ကာကြွက်တစ်ကောင်ကို ဖမ်းမိလိုက်သည့် ကြောင်တစ်ကောင်ကဲ့သို့ ရှိနေခဲ့သည်။
"မင်းက သူဌေးတစ်ယောက်လို ထိုင်နေတုန်းပဲလား။ မင်းကိုယ်မင်း ဘာကောင်မို့လို့လဲ။ အစ်ကိုကျန်ကို မြင်တာတောင် ငြိမ်ငြိမ်လေး ထိုင်နေနိုင်သေးတယ်ပေါ့ မတ်တတ်ရပ်ပြီး သူ့ကို အရက်တိုက်စမ်း။"
"ဟမ် ယဲ့... ယဲ့... ယဲ့ချန်။"
ထိုအစ်ကိုကျန် ယဲ့ချန်အား မကြည့်ဘဲ မနေနိုင်တော့ချေ။ ယဲ့ချန်ကမူ သူ့ကို ကျောခိုင်းထားခဲ့သည်။ သို့သော်လည်း အစ်ကိုကျန်၏ မျက်စိသူငယ်အိမ်မှာ ရုတ်တရက် ကျုံ့ဝင်သွားခဲ့ရသည်။
ယဲ့ချန်၏ ကျောပြင်ကို ကြည့်လိုက်ရသည့်အခါ အတိုင်းအဆမရှိသော ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု သူ၏ မျက်နှာပေါ်သို့ လျင်မြန်စွာ ကူးစက်သွားခဲ့သည်။
ယဲ့ချန် သူ၏ ဟင်းခပ်တူကို ချလိုက်ပြီးလှည့်ကာ နောက်သို့ ကြည့်လိုက်သည်။
"အော်..."
ယဲ့ချန် တစ်ချက်ကြည့်လိုက်ရာ ထိုဟုဆိုအပ်သော အစ်ကိုကျန်ကို သူ အရင်က မြင်ဖူးနေခဲ့သည်။
မနေ့ညက Huidong Grand Hotelရဲ့ သူဌေးဖြစ်သူ ကွမ်းထျန်ရှောင်းက ယဲ့ချန်ရဲ့ နေအိမ်ကို ဓားစာခံအဖြစ် ဖမ်းဆီးဖို့အတွက် လက်ပါးစေ သုံးယောက် စေလွှတ်ခဲ့သည်။
သူ့ရှေ့က အစ်ကိုကျန်ဆိုသူမှာ ထိုသုံးယောက်ထဲက တစ်ယောက် ဖြစ်နေခဲ့သည်။
ယဲ့ချန်နှင့် ထိုအစ်ကိုကျန်တို့ မျက်လုံးချင်း ဆုံမိသွားကြသည်။
ရုတ်တရက်ယဲ့ချန် ပြုံးလိုက်ပြီး လူတစ်ယောက်ကို လည်ပင်းညှစ်ကာ ကြိုးပေးသတ်သည့် အမူအရာမျိုး ပြုလုပ်ပြလိုက်သည်။
"အား... ဒါ... ဒါက..."
ယတစ်ခဏအတွင်းမှာပင် အေးစက်သော ချမ်းစိမ့်မှုတစ်ခု အစ်ကိုကျန်၏ ကျောရိုးမှတစ်ဆင့် နဖူးထံသို့ တိုက်ရိုက် စီးဆင်းသွားခဲ့ရသည်။
သူ၏ ခြေထောက်များ တုန်ရင်လာပြီး ဒူးများ ပျော့ခွေသွားခဲ့ကာ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ ဝိညာဉ်နှုတ်မည့် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ရှိနေခဲ့သည်။
ဘုန်း ခနဲ အသံနှင့်အတူ၊ အစ်ကိုကျန်သည် ယဲ့ချန်၏ ရှေ့မှောက်တွင် တိုက်ရိုက် ဒူးထောက်ချလိုက်တော့သည်။
"အစ်ကိုကျန်... ဘာဖြစ်လို့လဲဗျာ။"
ကျန်းရှန့် ကာယကံရှင်အား လောတကြီး တွဲထူရန် ကြိုးစားလိုက်သည်။
"ယဲ့... သခင်လေးယဲ့... ကျွန်တော်... ကျွန်တော် သခင်လေး ဒီမှာ စားသောက်နေမှန်း မသိလို့ပါ... ကျွန်တော် နှောင့်ယှက်... နှောင့်ယှက်မိသွားပါတယ်... ကျွန်တော့်ကို... ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်..."
အစ်ကိုကျန် တုန်ရင်နေသော လေသံဖြင့် ယဲ့ချန်အား ပြောလိုက်ရှာသည်။ သီးသန့်အခန်းတစ်ခုလုံးသည် ချက်ချင်းပင် သင်္ချိုင်းကုန်းကဲ့သို့ သေမင်းတမျှ တိတ်ဆိတ်သွားခဲ့တော့သည်။