အခန်း ၄၅
Vol. 5 Ch. 45
အခန်း ၄၅ - ကျဉ်းမြောင်းသော လမ်းဆုံ။
"သခင်လေးယဲ့။"
ဒီအချိန်မှာ လင်းယွီရှီး၊ကျန်းရှန့်နဲ့ စွန်းလီတို့အားလုံးဟာ အောက်ဆီဂျင် ပြတ်တောက်သွားသလို ခံစားလိုက်ရပြီး တစ်ကမ္ဘာလုံး ဂျာနယ်ပတ်လည် ရိုက်သလို မူးဝေသွားကြတော့သည်။
သို့သော်လည်း လင်းယွီရှီးရဲ့ ရင်ထဲမှာတော့ အံ့ဩဝမ်းသာမှုတွေနဲ့အတူ ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်လေးတောင် ဖြတ်ပြေးသွားခဲ့သည်။
ကျန်းရှန့်နဲ့ စွန်းလီတို့အတွက်ကတော့ သူတို့ရဲ့ စိတ်ထဲမှာ တုန်လှုပ်မှု၊ ကြောက်ရွံ့မှု၊ နိမိတ်မကောင်းမှုနဲ့ မယုံကြည်နိုင်မှုတွေ ပြည့်နှက်သွားခဲ့ရသည်။
အထူးသဖြင့် ကျန်းရှန့်ပင် ဖြစ်သည်။ သူသည် အစ်ကိုကျန်နှင့်အတူ လက်တွဲလုပ်ကိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သော်လည်းအစ်ကိုကျန်တစ်ယောက် ငရဲမင်းကို မြင်လိုက်ရသည့်အလား ဤမျှအထိ ထိတ်လန့်ကြောက်ရွံ့နေတာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ထို့ပြင် လူကြီးမိဘတစ်ဦးကို အရိုအသေပေးနေသည့်အလား ဤမျှအထိ ရိုသေကိုင်းညွတ်နေတာမျိုးကိုလည်း မကြုံဖူးခဲ့ချေ။
'မ... မဖြစ်နိုင်ဘူး... တစ်ခုခု မှားနေလို့ ဖြစ်ရမယ်...'
ကျန်းရှန့်ရဲ့ ဦးနှောက်ထဲမှာတော့ တစ်စုံတစ်ယောက်က လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်လိုက်သလို တဝုန်းဝုန်းနဲ့ မြည်ဟီးနေခဲ့ပြီးသူသည် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်မိသည်။
"မလုပ်ပါနဲ့ အစ်ကိုကျန် ရှင်က အစ်ကိုကျန်လေ ရှင်... ရှင်လူမှားသွားတာ ဖြစ်ရမယ်။ ဒီကောင် ယဲ့ချန်က ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်စုတ်ပြတ်သတ်နေတဲ့ ကောင်တင်ဟာ... သူက ဘယ်လိုလုပ်ပြီး သခင်လေးယဲ့ ဖြစ်နိုင်မှာလဲ။ အစ်ကိုကျန်... ရှင်မှားနေပြီ။"
စွန်းလီတစ်ယောက် စိတ်ဖောက်ပြန်မတတ် စူးစူးဝါးဝါး အော်ဟစ်တော့သည်။
အစ်ကိုကျန်ကမူ စွန်းလီကို လုံးဝ လျစ်လျူရှုထားပြီးယဲ့ချန်အား ထိတ်လန့်တုန်လှုပ်နေသော အကြည့်ဖြင့်သာ စိုက်ကြည့်နေခဲ့သည်။
သူသည် ယဲ့ချန် စိတ်မကျေမနပ်ဖြစ်ပြီး သရဲတစ္ဆေတစ်ကောင်ကို စေလွှတ်ကာ သူ့ကို ဝါးမြိုခိုင်းလိုက်မည်ကို အလွန် ကြောက်ရွံ့နေမိသည်။
အစ်ကိုကျန်တွင် အလွန် ထင်ရှားပြီး ဆန်းကြယ်လှသော ခံစားချက်တစ်ခု ရှိနေသည်။ သူ၏ အသက်မှာ ယဲ့ချန်၏ လက်ခုပ်ထဲတွင် ရောက်နေခြင်း ဖြစ်သည်။ သူ သေမလား ရှင်မလား ဆိုတာ ယဲ့ချန်၏ အတွေးတစ်ချက်အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေပေသည်။
ထိုအချိန်တွင် ယဲ့ချန် စကားပြောလာခဲ့သည်။
"ကဲ... ထတော့ ဒီမှာ ဒူးမထောက်နေနဲ့။ ဒီနေ့ကိစ္စက မင်းနဲ့ မဆိုင်ဘူး။"
ယဲ့ချန် ဤကဲ့သို့ ပြောသည်ကို ကြားလိုက်ရသည့်အခါ၊ အစ်ကိုကျန်သည်လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား ခံစားလိုက်ရပြီး ငရဲတံခါးဝကနေ တစ်ပတ်လှည့်ပြန်လာသကဲ့သို့ တုန်တုန်ရင်ရင်ဖြင့် မတ်တတ်ရပ်လိုက်သည်။
"သခင်လေးယဲ့... ဒါဆို သူတို့ကိုကော ဘယ်လိုလုပ်ရမလဲ ခင်ဗျာ။"
အစ်ကိုကျန်သည် မျက်လုံးထောင့်ကနေ ကျန်းရှန့်နဲ့ စွန်းလီတို့ကို လှမ်းကြည့်လိုက်သည်။
ဒီအချိန်မှာ ကျန်းရှန့်ရဲ့ ရင်ထဲမှာတော့ ပြင်းထန်တဲ့ လှိုင်းတံပိုးတွေ ရိုက်ခတ်နေခဲ့ပြီ။
အခုကြည့်ရတာတော့ အစ်ကိုကျန်က ယဲ့ချန်အပေါ် ရိုသေကိုင်းညွတ်နေတာ၊ အညံ့ခံနေတာဟာ သံသယဖြစ်ဖွယ် မရှိတော့ချေ။ ဒါဟာ လုံးဝ လူမှားတာမဟုတ်သလိုသရုပ်ဆောင်နေတာလည်း မဟုတ်ပေ။
ယဲ့ချန်က ကျားကိုစားဖို့ ဝက်ယောင်ဆောင်နေတဲ့ ထိပ်တန်းဆရာကြီးတစ်ယောက်ပေါ့။သာမန်ကောလိပ်ကျောင်းသားတစ်ယောက်လို ဟန်ဆောင်နေပြီး ဆင်းရဲချို့တဲ့ဟန်အထိ ဆောင်နေတာ သူ့ရဲ့ လျှို့ဝှက်နိုင်မှုက တကယ့်ကို ကြောက်စရာကောင်းလှသည်။
ပြီးတော့ သူ့ရဲ့ လိမ္မာပါးနပ်မှုကလည်း ထပ်တူပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ချက်ချင်းပင် တကယ့်ကို ရင်ဘတ်ထဲထိ အသည်းခိုက်မတတ် နောင်တရမှုကြီးက ကျန်းရှန့်ရဲ့ ရင်ထဲမှာ မြွေဆိုးတစ်ကောင်လို ကိုက်ခဲဝါးမြိုလာခဲ့တော့သည်။
ဒီနေ့ ယဲ့ချန်နဲ့ တွေ့တဲ့အချိန်မှာ သူသာ ယဲ့ချန်ကို သေသေချာချာ ဖားပြီး မျက်နှာလိုမျက်နှာရ လုပ်ခဲ့မယ်ဆိုရင် ဖြစ်နိုင်တာက ဒီလို တောင့်တင်းခိုင်မာတဲ့ ပေါင်ကြီးကို ဖက်ထားနိုင်ပြီး အဲ့ဒီကနေတစ်ဆင့် ရာထူးအာဏာတွေ တက်လာကာ ကောင်းကင်ယံကို ပျံသန်းသွားနိုင်မှာ ဖြစ်သည်။
ဒါပေမယ့် သူကတော့ သူ့ကို လာပြီး ရန်စဖို့နဲ့ မောက်မာပြဖို့ကိုပဲ ရွေးချယ်ခဲ့မိသည်။ အခုပြန်ကြည့်တော့ တကယ့်ကို ရယ်စရာကောင်းလှပေသည်။ ဒါဟာ သေမင်းကို မကြောက်တဲ့ နှံကောင်တစ်ကောင်က ခြင်္သေ့ကြီးတစ်ကောင်ရဲ့ ရှေ့မှာ အမြဲတမ်း ကြွားဝါပြီး ခုန်ပေါက်နေသလိုမျိုးကိုယ့်သေတွင်းကိုယ် တူးခဲ့တာ ဖြစ်သည်။
"ယဲ့... သခင်လေးယဲ့..."
ကျန်းရှန့်သည် ရတနာသိုက်ကြီးကို လက်လွတ် ဆုံးရှုံးလိုက်ရသည့် မျက်နှာပေးမျိုးဖြင့် ယဲ့ချန်အား ကြောက်ကြောက်လန့်လန့် လှမ်းကြည့်လိုက်သည်။
"ငါ ဒီလူနှစ်ယောက်ကို တကယ် မကြိုက်ဘူး။"
ယဲ့ချန်က အစ်ကိုကျန်အား ရိုးရိုးရှင်းရှင်းနှင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။
"သူတို့ရဲ့ စိတ်ဓာတ်က လုံးဝ မကောင်းဘူး။"
"ကောင်းပါပြီ သခင်လေးယဲ့ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါပြီ။"
အစ်ကိုကျန် ခေါင်းငြိမ့်လိုက်ပြီး သူ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်လာကာ မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။
"ကျန်းရှန့်... ဒီနေ့ကစပြီး မင်းကို ကုမ္ပဏီကနေ ထုတ်ပယ်လိုက်ပြီ။ ဒါ့အပြင် မင်းကို သခင်လေးယဲ့ရဲ့ ရှေ့မှာ နောက်ထပ်ပေါ်လာပြီး ပြဿနာရှာတာမျိုး ငါ ထပ်မမြင်ချင်တော့ဘူး။ ဒါကြောင့်မို့... မင်းဘေးက ဒီမိန်းမယုတ်ကို ခေါ်ပြီး ယန်မြို့ကနေ အခုချက်ချင်း ထွက်သွားစမ်းဘယ်တော့မှ ပြန်မလာနဲ့။ နားလည်လား။"
"အစ်ကိုကျန်..."
ကျန်းရှန့် တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ပြီးသူ၏ မျက်နှာမှာ ချက်ချင်းပင် လူသေတစ်ယောက်လို မီးခိုးရောင် သန်းသွားခဲ့ရသည်။
ကျန်းရှန့် ကောင်းစွာ သိရှိသည်မှာ အစ်ကိုကျန်သည် စကားတည်သောလူဖြစ်ပြီး သူပြောပြီးသား စကားကို ပြန်မပြင်တတ်ချေ။
သူသည် လက်သီးကို တင်းတင်းဆုပ်ထားခဲ့ရာ လက်သည်းများက လက်ဖဝါးထဲအထိ စိုက်ဝင်သွားပြီး သွေးများပင် ထွက်လာခဲ့သည်။
သူ ဘဝပျက်သွားခဲ့ပြီ။ မူလက သူသည် ယန်မြို့မှာ အတော်လေး အဆင်ပြေနေခဲ့တာဖြစ်သော်လည်းတစ်ရက်အတွင်းမှာပဲ အောက်ခြေကို ပြုတ်ကျသွားပြီး ခွေးတစ်ကောင်လို ဖြစ်သွားရလိမ့်မည်ဟု မထင်ထားခဲ့မိချေ။ ဘာမှ မကျန်တော့ချေ။
"သခင်လေးယဲ့... ဒီလိုမျိုး ကိုင်တွယ်လိုက်တာကို စိတ်ကျေနပ်မှု ရှိရဲ့လားခင်ဗျာ။ စိတ်မကျေနပ်သေးရင်လည်း တစ်ချက်လောက် မိန့်ကြားပေးပါ၊ ကျွန်တော် ဒီလို အရှက်မရှိတဲ့ လူတစ်စုကို သေသေချာချာ ရှင်းလင်းပေးပါ့မယ်။"
အစ်ကိုကျန်သည် ယဲ့ချန်အား အလွန်အမင်း နှိမ့်ချစွာ မေးမြန်းလိုက်သည်။
"ရပါတယ်။ ဒီလောက်နဲ့ပဲ ထားလိုက်ပါတော့။"
ယဲ့ချန်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူတို့က သာမန်လူပုဂ္ဂိုလ် သေးသေးလေးတွေပဲဟာ ငါ သူတို့အတွက် စွမ်းအင်တွေ ထပ်ပြီး ဖြုန်းတီးမနေချင်တော့ဘူး။"
"မင်းတို့ အခုထိ ထွက်မသွားသေးဘူးလား။"
အစ်ကိုကျန် ကျန်းရှန့်အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"မလုပ်ပါနဲ့ အစ်ကိုကျန် ရှင်မှားနေတာ သေချာပါတယ်။ ကျေးဇူးပြုပြီး ထပ်ပြီး စစ်ဆေးပေးပါဦး။ ရှင်သေချာပေါက် လူမှားနေတာပါ။"
စွန်းလီ အခုထိ အော်ဟစ်နေတုန်းပင်။
ဒီမိန်းမ စိတ်ရူးပေါက်နေပြီ ဖြစ်သည်။ သူမ လက်မခံနိုင်ချေ။ တောင်းစားတဲ့လူလို ဖြစ်နေတဲ့ ယဲ့ချန်က ဧကရာဇ်မင်းတစ်ပါးအဖြစ် ပြောင်းလဲသွားတာကို သူမ တကယ်ကို လက်မခံနိုင် ဖြစ်နေခဲ့သည်။
ကျန်းရှန့် နောက်ဆုံးတွင် စွန်းလီထံသို့ အကြည့်ကို လွှဲလိုက်သည်။ သူ၏ မျက်လုံးများမှာ လူတစ်ယောက်ကို ဝါးမြိုတော့မည့်အလား နီမြန်းနေခဲ့ပြီးသူ၏ တစ်ကိုယ်လုံးမှလည်း အကြမ်းဖက်ပြီး ရက်စက်လှသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
နောက်တစ်စက္ကန့်မှာပင်။
ဘုန်းးးး
ကျန်းရှန့်သည် သူ၏ အားရှိသမျှကို အသုံးပြုကာ စွန်းလီ၏ နှာခေါင်းကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်တော့သည်။
"မင်းလို မိန်းမယုတ် သေစမ်း။ မင်းလို မိန်းမယုတ်က ငါ့ကို ဖျက်ဆီးလိုက်တာပဲ။ အားလုံးက မင်းကြောင့် အားလုံးက မင်းလို မိန်းမယုတ်ကြောင့် ဖြစ်ရတာ အတွင်းစိတ်တွေပါ မည်းပုပ်နေတဲ့ကောင်မ မင်းကိုသတ်မယ်။"
ကျန်းရှန့်သည် စွန်းလီကို မြေပြင်ပေါ်သို့ လဲကျအောင် ထိုးချလိုက်သော်လည်း အားမရသေးဘဲအပေါ်ကနေ တက်ခွကာ စွန်းလီအား ရူးသွပ်စွာ ကန်ကျောက်တော့သည်။
"ယဲ့ချန်..."
လင်းယွီရှီးသည် နောက်ဆုံးတော့ စိတ်နှလုံး နူးညံ့သူဖြစ်ရာစွန်းလီတစ်ယောက် အရိုက်ခံရလွန်းလို့ သေတော့မည့်အလား မြင်တွေ့ရသည့်အခါသူမသည် ယဲ့ချန်အား တောင်းပန်တိုးလျှိုးသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်မိသည်။
ယဲ့ချန်က အစ်ကိုကျန်အား တစ်ချက် ကြည့်လိုက်သည်။ အစ်ကိုကျန်သည် ချက်ချင်းပင် လုံခြုံရေး ဝန်ထမ်းများကို ဝင်လာခိုင်းပြီးကျန်းရှန့်နဲ့ စွန်းလီတို့ကို ဆွဲဖယ်ကာ အပြင်သို့ ဆွဲထုတ်သွားစေခဲ့သည်။
"သခင်လေးယဲ့... ဒီဟိုတယ်က ကျွန်တော်တို့ သူဌေးရဲ့ လက်အောက်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုပါပဲ။ နောင်ကျရင် လာစားချင်တဲ့အခါ တစ်ချက်လောက် မိန့်ကြားပေးရုံပါပဲ။ သခင်လေးအနေနဲ့ ဟိုတယ်ရဲ့ အကောင်းဆုံးနဲ့ အဈေးအကြီးဆုံး အစားအစာတွေကို အခမဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိအိမ်လိုမျိုး ခံစားရစေမယ့် ဝန်ဆောင်မှုတွေကိုလည်း ရရှိမှာပါ။"
အစ်ကိုကျန်သည် ခါးကိုညွှတ်ကာ ဖားယားရင်း စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်ကာ လောတကြီး ဆိုသည်။
"ဒီလိုမျိုး ကြမ်းတမ်းတဲ့ အစားအစာတွေက သခင်လေးယဲ့ရဲ့ ပါးစပ်ထဲကို ဘယ်လိုလုပ် ဝင်နိုင်မှာလဲ ခင်ဗျာ။ အကယ်၍ သခင်လေး စိတ်မရှိဘူးဆိုရင် ကျွန်တော် သီးသန့်အခန်းတစ်ခု ပြောင်းပေးပြီး စားဖိုမှူးချုပ်ကို ကိုယ်တိုင် အကောင်းဆုံး စားပွဲတစ်ပွဲ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်။"
"ရတာပေါ့ ဘာပဲဖြစ်ဖြစ် ငါ ဗိုက်မဝသေးဘူး။"
ယဲ့ချန် ရယ်မောလိုက်သည်။
"ယွီရှီး... နင်လည်း အများကြီး မစားရသေးတာ ငါတွေ့ပါတယ်။ အခုတော့ အစားအသောက် ပျက်စေတဲ့ ယင်ကောင်တွေကို မောင်းထုတ်လိုက်ပြီဆိုတော့ ငါတို့ အားရပါးရ အဝစားကြတာပေါ့။"
ချက်ချင်းပင် ယဲ့ချန်နှင့် လင်းယွီရှီးတို့သည် အစ်ကိုကျန်၏ စီစဉ်ပေးမှုဖြင့် ဟိုတယ်၏ အဆန်းပြားဆုံးနှင့် အဆင့်မြင့်ဆုံး သီးသန့်အခန်းအတွင်းသို့ ရောက်ရှိသွားခဲ့ကြသည်။
မကြာမီအချိန်အတွင်းမှာပင် အမျိုးမျိုးသော ထိပ်တန်း ဇိမ်ခံအစားအစာများကို တည်ခင်းလာခဲ့သည်။ ယဲ့ချန်နှင့် လင်းယွီရှီးတို့သည်လည်း ယခင်က ပြောခဲ့သော အထူးငါးဥခြောက်ကို မြည်းစမ်းခွင့် ရရှိခဲ့ကြသည်။၎င်းက Albino Sturgeon၏ ငါးဥများနှင့် ၂၂ ကာရက်ရှိသော ရွှေမှုန်များကို ရောစပ်ထားခြင်းဖြစ်ပြီး တစ်ဇွန်းတည်းကိုတင် အမေရိကန်ဒေါ်လာ ၄၀,၀၀၀ ခန့် (သို့မဟုတ် တရုတ်ငွေ ယွမ် ၂၅၀,၀၀၀ ခန့်) ကျသင့်ကာကမ္ဘာပေါ်တွင် အဈေးအကြီးဆုံး ငါးဥ ဖြစ်ပေသည်။
"ယဲ့ချန်... နင့်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေသလိုပဲနော်။"
လင်းယွီရှီးသည် စုစုစမ်းစမ်း မျက်လုံးများဖြင့် ယဲ့ချန်အား စိုက်ကြည့်လိုက်သည်။
"အဲ့ဒီအစ်ကိုကျန်ဆိုတဲ့လူက နင့်ကို သခင်လေးယဲ့လို့ ခေါ်နေတာ... ဖြစ်နိုင်တာက... နင်က တကယ်ပဲ ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုကြီးတစ်ခုခုကနေ ဆင်းသက်လာတဲ့ သခင်လေးတစ်ယောက်ဖြစ်ပြီး သာမန်လူတစ်ယောက်လို ဟန်ဆောင်ကာ လောကကြီးထဲမှာ လာပြီး ကစားနေတာလား။"
"ယွီရှီး... နင့်ရဲ့ စိတ်ကူးက တကယ်ကို ကြောက်စရာကောင်းလှတယ်။ ဒါက ပုံပြင်တစ်ပုဒ်လို့ ထင်နေတာလား။"
ယဲ့ချန် ရယ်မောလိုက်သည်။
"ကဲ... လျှောက်ပြီး မခန့်မှန်းနဲ့တော့။ ငါက ဘယ်လိုမျိုး ချမ်းသာတဲ့ သခင်လေးမှ မဟုတ်ပါဘူး။ ငါက အမှတ်မထင်ပဲ ထိုအစ်ကိုကျန်ရဲ့ သူဌေးကို သိနေရုံသက်သက်ပါပဲ။"
"အော်..."
လင်းယွီရှီးထပ်ပြီး မမေးတော့ချေ။ ယဲ့ချန်၏ စကားလုံးများမှာ ဆန်းကြယ်နေပြီး သူမကို တစ်ခုခု ဖုံးကွယ်ထားသော်လည်း သူမသည် စိတ်ထဲမထားခဲ့ချေ။
ထို့ပြင် အခြေအနေမှန်ကို သိရှိရအောင် အတင်းအကျပ် မေးမြန်းနေမည့် အရူးတစ်ယောက်လည်း မဟုတ်ပေ။
လင်းယွီရှီးသည် တစ်ခါမှ အချစ်ရေးကို မကြုံဖူးခဲ့သော်လည်း ဒါဟာ သူမရဲ့ EQနိမ့်ကျနေသည်ဟု မဆိုလိုပေ။ ဘာပဲဖြစ်ဖြစ်ယဲ့ချန်နှင့်အတူ ရှိနေရသည့် ခံစားချက်မှာ တစ်ခါမှ မပြောင်းလဲခဲ့ချေ။
၎င်းသည် အမြဲတမ်း သဘာဝကျပြီးပျော်ရွှင်ရကာသက်တောင့်သက်သာရှိပြီး စိတ်အေးချမ်းရသည်ဒါဆိုလျှင် လုံလောက်လှပြီ ဖြစ်သည်။
တီ...အိမ်ရှင်သည် တာဝန်ဖြစ်သော 【ကျန်းရှန့်၏ မျက်နှာကို ထပ်ခါတလဲလဲ ပါးရိုက်ရန်】 ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ Wedgwood လက်ဖက်ရည်ပန်းကန်အစုံကို ရရှိခဲ့ပြီး စနစ်၏ သိုလှောင်မှုနယ်မြေအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။ Steinway အနက်ရောင် စန္ဒရားတစ်လုံးကို ရရှိခဲ့ပြီး သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။ စနစ်ပြုပြင်ရေး စွမ်းအင် ၀ ရရှိသည်။ စနစ်ပြုပြင်မှု ပြီးစီးမှု— ၁.၃% ဖြစ်သည်။
'အော်... စန္ဒရားတစ်လုံး ကျလာတာလား...'
ယဲ့ချန် အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။
'ဟုတ်သားပဲ ယွီရှီးက ဂီတဌာနကဆိုတော့သူမ စန္ဒရားတီးရတာကို သေချာပေါက် ကြိုက်လိမ့်မယ်။ ပြီးတော့ သူမရဲ့ မိသားစု အခြေအနေကလည်း မကောင်းတော့ စန္ဒရားတစ်လုံးကို ဝယ်နိုင်မှာ မဟုတ်ဘူး။ တကယ့်ကို ကွက်တိပဲငါ ဒီစန္ဒရားကို သူမကို လက်ဆောင်ပေးလိုက်လို့ ရတာပဲ။'
ယဲ့ချန်သည် လင်းယွီရှီးအား လက်ဆောင်အချို့ ပေးရန်အတွက် သင့်တော်သော အချိန်တစ်ခုကို ရွေးချယ်ရန် လိုအပ်နေပြီး တစ်လက်စတည်း သိုလှောင်ခန်းကိုလည်း ရှင်းလင်းရမည် ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း သိုလှောင်မှုနယ်မြေထဲတွင် စုပုံနေသော ဆုလာဘ်များမှာ တကယ်ကို များပြားလှသဖြင့် နောက်ဆိုလျှင် ဆုလာဘ်အသစ်များ ထည့်စရာ နေရာရှိတော့မည် မဟုတ်ချေ။
သူတို့နှစ်ဦးသည် အချစ်ဇာတ်လမ်းတွေရဲ့ ချိုမြိန်လှတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ နေ့လယ်စာကို စားသောက်ပြီးနောက်ဟိုတယ်ကနေ ထွက်ခွာခဲ့ကြသည်။ ပြီးတော့ အတန်းတက်ဖို့အတွက် ကျောင်းကို ခြေကျင် ပြန်လာခဲ့ကြသည်။
ကွက်တိပင် Maybach S-Classကားတစ်စီးသည် နောက်ကနေ မောင်းနှင်လာခဲ့ပြီးဘရိတ်အုပ်ကာ အရှိန်လျှော့လိုက်ပြီးနောက်ယဲ့ချန်နှင့် လင်းယွီရှီးတို့၏ ရှေ့ရှိ လမ်းဘေးတွင် ရပ်တန့်လိုက်တော့သည်။
ထိုကားသည် အရေးပေါ်မီးများ လင်းထိန်နေခဲ့ပြီး နောက်ဘက်တံခါး ပွင့်လာကာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အလတ်တန်းစား အမျိုးသားတစ်ဦး ဆင်းလာခဲ့သည်။
သူသည် စတုရန်းပုံစံ မျက်နှာရှိပြီး အတော်လေး ယဉ်ကျေးသိမ်မွေ့ဟန် ရှိကာစီးပွားရေးလောကမှ ထိပ်တန်းလူတစ်ဦး၏ အငွေ့အသက်များ ရှိနေခဲ့သည်။
သို့သော်လည်း သူ၏ မျက်လုံးများထဲတွင်မူ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ရံဖန်ရံခါ ဖြတ်ပြေးနေခဲ့သည်။
ကားပေါ်က ဆင်းလာပြီးနောက် ထိုလူသည် ယဲ့ချန်ထံသို့ တိုက်ရိုက် လျှောက်လှမ်းလာခဲ့သည်။
"သူပဲလား။"
ယဲ့ချန်၏ မျက်စိသူငယ်အိမ် အနည်းငယ် ကျုံ့ဝင်သွားခဲ့သည်။ ဖြစ်ရလေခြင်း ဒီအလတ်တန်းစား အမျိုးသားဟာ ထိုနေ့ညက စန်းယွီရဲ့ နေအိမ်ထဲကို အတင်းအကျပ် ဝင်ရောက်ပြီး အကြွေးလာတောင်းတဲ့ ဘဏ္ဍာရေးကုမ္ပဏီရဲ့ သူဌေးကြီး ဖြစ်နေခဲ့သည်။
သူသည် ယဲ့ချန်ထံမှ ဂါထာ၏ တိုက်ခိုက်မှုကို ခံခဲ့ရသဖြင့်ပိုက်ဆံလည်း မရရှိခဲ့ဘဲ အကြွေးစာချုပ်ကိုပါ မီးရှို့ဖျက်ဆီးကာရင်ဘတ်ကို ထုရိုက်ရင်း ငိုယိုကာ နောင်တရလျက် ထွက်ခွာသွားခဲ့သူ ဖြစ်သည်။
သို့သော်လည်း ဂါထာ၏ သက်ရောက်မှုမှာ ၂၄ နာရီသာ ခံပေသည်။ သူ့ရှေ့က ဘဏ္ဍာရေးကုမ္ပဏီ သူဌေးသည် သေချာပေါက် သတိပြန်လည်နေပြီဖြစ်ကာသူ၏ ရက်စက်ပြီး ယုတ်မာလှသော သဘာဝအမှန်အတိုင်း ပြန်လည် ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
ဒါပေမယ့် ယဲ့ချန် ယုံကြည်သည်မှာ မကောင်းမှုလုပ်သူသည် နောက်ဆုံးတော့ ဝဋ်လည်ရမည်ဖြစ်ပြီး ဒီလို လူမှုပတ်ဝန်းကျင်ရဲ့ အမှိုက်သရိုက်မျိုးဟာ စောစောစီးစီးပဲ ဆိုးရွားတဲ့ အဆုံးသတ်နဲ့ တွေ့ကြုံရလိမ့်မည် ဖြစ်သည်။
"အမ်... ယွီရှီး နင်ကျောင်းကို အရင်သွားနှင့်လိုက်နော် ငါ ဖြေရှင်းစရာ ကိစ္စလေးတစ်ခု ရှိလို့။"
ယဲ့ချန် လင်းယွီရှီးအား လောတကြီး တိုးတိုးလေး ပြောလိုက်တော့သည်။