← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉ - လမ်းကျဉ်း၌ တွေ့ဆုံခြင်း။

ခဏမျှ အနားယူပြီးနောက် ညစာစားချိန် နီးကပ်လာပြီ ဖြစ်သည်။ ယဲ့ချန်သည် သူ၏ သိုလှောင်ခန်းထဲမှ Zegnaအမှတ်တံဆိပ် အမျိုးသားရှပ်အင်္ကျီတစ်ထည်နှင့် Ferragamoအမျိုးသား သားရေဖိနပ်တစ်ရံကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

စနစ်၏ ဝန်ဆောင်မှုမှာ အသုံးပြုသူအတွက် တကယ်ကို အဆင်ပြေလွန်းလှသည်။ ထွက်လာသော အဝတ်အစားနှင့် ဖိနပ်များမှာ ယဲ့ချန်၏ ကိုယ်ခန္ဓာနှင့် အတိအကျပင် တိုင်းထားသလို ဖြစ်နေသဖြင့် ဝတ်ဆင်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှသည်။

၎င်းတို့အားလုံးမှာ နာမည်ကြီး ဒီဇိုင်နာ အမှတ်တံဆိပ်များ ဖြစ်ကြရာ ယဲ့ချန်၏ ထူးခြားသော ရုပ်ရည်သွင်ပြင်ကို ပိုမို ပေါ်လွင်ထင်ရှားစေသည်။

သူသည် သူနေထိုင်ရာ အိမ်ရာဝင်းသို့ သွားကာ သူ၏ Mercedes-Benz G-Class ကားကြီးကို မောင်းနှင်လျက် Chinjiang Grand Hotel ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

ဤ Chinjiang Grand Hotel မှာ ကွမ်းထျန်ရှောင်း၏ Huidong Grand Hotelကဲ့သို့ပင် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်တစ်ခု ဖြစ်သည်။

အရက်ကောင်းနှင့် ဟင်းလျာကောင်းက မိတ်ဆွေရင်းတို့ကို ကြိုဆိုကာ ကျော်ကြားသော အဆောက်အအုံရှိ ခမ်းနားသော နေရာက ဧည့်သည်တော်တို့ကို စောင့်ကြိုနေသည်။ဟူသော စကားပုံအတိုင်းပင် Chinjiang Grand Hotel မှာ အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး ဈေးနှုန်းများမှာလည်း မသေးလှချေ။

ဟိုတယ်အပြင်ဘက်သို့ ရောက်သည့်အခါ ယဲ့ချန် ကားရပ်လိုက်ပြီး စန်းယွီထံမှ ဖုန်းဝင်လာသည်။

"ရှောင်ချန် ရောက်ပြီလား။"

"အခုပဲ ရောက်ပါတယ်။"

"ကောင်းပြီ ဟိုတယ်အဝင်ဝမှာ ခဏစောင့်နေပါ။ ငါ အခုပဲ အပြင်ထွက်ပြီး မင်းကို လာခေါ်မယ်။"

ယဲ့ချန် ဟိုတယ်အဝတွင် စောင့်နေလိုက်သည်။ မကြာမီမှာပင် မွှေးပျံ့သော လေညင်းတစ်ခု တိုးဝှက်လာပြီး စန်းယွီတစ်ယောက် ယိမ်းနွဲ့သော လမ်းအမူအရာဖြင့် လျှောက်လှမလာခဲ့သည်။

သူမသည် ထိုနေ့လည်ကပင် ဆံပင်ကို အလယ်ခွဲကာ ပရော်ဖက်ရှင်နယ်ဆန်ဆန် စုတင်ထားခဲ့သည်။ သူမ၏ ဖောင်းကြွနေသော ဆံကေသာက ကြည်လင်သော စိတ်အေးချမ်းမှုကို ပေးစွမ်းပြီးအချိန်ကြာကြာ စိုက်ကြည့်လေလေ ပို၍ နက်နဲဆွဲဆောင်မှု ရှိလေဖြစ်သော သူမ၏ မျက်ဝန်းကြီးများမှာ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည်။

သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို ကောင်းကင်ပြာရောင် ဝတ်စုံစကတ်အောက်တွင် ဖုံးကွယ်ထားပြီး အနက်ရောင် ခြေအိတ်ရှည်ကို စီးထားသည့် သူမ၏ သွယ်လျသော ခြေတံများမှာ ဖိနပ်မြင့်များကို စီးနင်းထားသည်။

"ရှောင်ချန် ဒီနေ့တော့ အဝတ်အစားတွေက အတော်ကို ကြည့်ကောင်းနေပါလား။"

ယဲ့ချန် သူမ၏ အလှတရားကို ငေးမောနေစဉ် စန်းယွီကလည်း သူ့ကို တစ်ချက်ချင်း အကဲခတ်နေသည်။ သူမ၏ မျက်လုံးများ အရောင်လက်နေပြီး ယနေ့ ယဲ့ချန်၏ ပုံစံကို အလွန်ပင် ကျေနပ်နေပုံရသည်။

"ဟုတ်တာပေါ့ အစ်မယွီ ဒီလောက် ကြည့်ကောင်းအောင် မပြင်ဆင်ထားရင် အစ်မရဲ့ ရည်းစား ဖြစ်နိုင်ပါ့မလား။"

ယဲ့ချန် ရယ်ကျဲကျဲဖြင့် ဆိုသည်။

"ရှောင်ချန် မင်းက အရင်ကထက်စာရင် တကယ်ကို ပိုပြီး တက်ကြွလာတာပဲနော်။"

စန်းယွီ ချိုသာစွာ ပြုံးသည်။

"အစ်မယွီ ဝးသွားကြရအောင်။"

ယဲ့ချန်က ပြောလိုက်သည်။

"ဒီအတိုင်းပဲ လျှောက်သွားမှာလား။"

စန်းယွီက မြေခွေးတစ်ကောင်လို ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ယဲ့ချန်ကို ကြည့်သည်။

ယဲ့ချန် အနည်းငယ် နားမလည် ဖြစ်သွားသည်။ စန်းယွီ ခစ်ခစ်ရယ်ကာ ယဲ့ချန်၏ လက်မောင်းကို အလိုအလျောက် တွဲလိုက်သည်။

အရေပြားချင်း ထိတွေ့လိုက်ရသည့်အခါ စန်းယွီထံမှ ထွက်ပေါ်လာသော ရနံ့များနှင့်အတူ ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ နွေးထွေးမှုက ယဲ့ချန်၏ ရင်ထဲတွင် ယားယံသွားစေသည်။

အိုဘုရားသခင်ယဲ့ချန်တစ်ယောက် အမျိုးသမီးတစ်ဦးနှင့် ဤမျှ အနီးကပ် ထိတွေ့မှုမျိုး ပထမဆုံးအကြိမ် ဖြစ်သည်။

"မင်း စိတ်လှုပ်ရှားနေတာလား။"

စန်းယွီက မစနောက်မိသည်။

"ရှောင်ချန် စိတ်လျှော့ထားပါ။ ဒီလိုပုံစံနဲ့ဆိုရင် မင်းအကြောင်း အကုန်ပေါ်သွားလိမ့်မယ်။"

"မလှုပ်ရှားပါဘူး မလှုပ်ရှားပါဘူး။"

ယဲ့ချန် စိတ်ကို ငြိမ်အောင်ထားလိုက်ပြီး တဖြည်းဖြည်းနှင့် အသားကျလာသည်။ နှစ်ယောက်စလုံးမှာ ချစ်သူစုံတွဲများကဲ့သို့ အနီးကပ် ပုံစံဖြင့် Chinjiang Grand Hotel၏ တရုတ်စားသောက်ဆိုင်အတွင်းသို့ ဝင်သွားကြသည်။

"ရှောင်ချန် ငါ မပြောခဲ့ဘူးလား ဒီည မင်းကို ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းတာက ငါ့ရဲ့ အလုပ်ရှင်ဟောင်း ချူးဟန်ကို ဖြေရှင်းဖို့အတွက်ပဲ။"

သူမက တိုးတိုးလေး သတိပေးသည်။

"သူက ပရိဘောဂစက်ရုံတစ်ခုကို ပိုင်ဆိုင်ပြီး လုပ်ငန်းတွေလည်း အတော်လေး အဆင်ပြေတယ်။ ယန်မြို့မှာဆိုရင် သူက နေရာစုံက လူတွေကို သိကျွမ်းပြီး ပိုင်ဆိုင်မှုက သန်းပေါင်းများစွာ တန်ဖိုးရှိတယ်။ သူက မောက်မာပြီး ငါ့ကို အချိန်အတော်ကြာ လိုက်ပိုးပမ်းနေတာ။ သူက ငါ့ကို အလွယ်တကူ အိပ်ရာပေါ် ခေါ်သွားနိုင်မယ်လို့ ထင်နေတာ။ ဒါပေမဲ့ ငါကတော့ သူ့ကို လုံးဝ ဂရုမစိုက်ဘူး။ သူ ငါ့ကို လက်တစ်ချောင်းတောင် ထိခွင့် မပေးခဲ့ဘူး။"

စန်းယွီ၏ပြောတာကို ကြားလိုက်ရတဲ့အခါ ယဲ့ချန် အဲ့လောက်ထိ အထင်မကြီးမိပေ။

'ငါကတော့ တစ်စုံတစ်ယောက်သော လူကြီးမင်းလို့ ထင်နေတာ။'

လုပ်ငန်းလုပ်ကိုင်မှုအရဆိုရင် ကွမ်းထျန်ရှောင်းပဲ ဖြစ်ဖြစ် ထန်ကျိယွမ်ပဲ ဖြစ်ဖြစ် စန်းယွီရဲ့ အလုပ်ရှင်ဟောင်း ချူးဟန်ထက် ပိုပြီး အထင်ကြီးဖို့ ကောင်းကြသေးသည်။

"ရှောင်ချန် မင်း အားနည်းတဲ့ ပုံစံမျိုး မပြမိအောင် ကြိုးစားနော်။"

စန်းယွီ အားပေးသည်။

"ဟားဟား အစ်မယွီ စိတ်မပူပါနဲ့ အစ်မကို မျက်နှာငယ်အောင်လုပ်မှာ မဟုတ်ပါဘူး။"

ယဲ့ချန် ရယ်မောပြီး ပြောသည်။

"ဒီလို အဆင့်အတန်းနိမ့်တဲ့သူမျိုးကိုတောင် ငါက အလေးအနက် မထားပါဘူး... တောင်းပန်ပါတယ် အစ်မယွီ ကျွန်တော် နည်းနည်း မောက်မာမိသွားပြီ။"

စန်းယွီမှာ ယဲ့ချန်၏ စကားကြောင့် ရယ်မောရလွန်းလို့ တုန်ယင်နေတော့သည်။ သူတို့နှစ်ဦးစလုံး အလွန်လှပစွာ အလှဆင်ထားသော ကြီးမားသည့် ပုဂ္ဂလိက အခန်းအတွင်းသို့ ဝင်သွားကြသည်။

အခန်းထဲတွင် ကြီးမားသော ဝိုင်းဝိုင်းစားပွဲတစ်ခု ရှိသည်။ ဤအချိန်တွင် အမျိုးသားနှင့် အမျိုးသမီး ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်မှာ စားပွဲဝိုင်းကို ပတ်ထိုင်နေကြသည်။

သူတို့ထဲမှ အသက် ၃၀ ခန့်ရှိသည့် အမျိုးသားတစ်ဦးမှာ ထိုအုပ်စု၏ ခေါင်းဆောင် ဖြစ်ပုံရသည်။ သူသည် ဆီရွှဲနေသော ဆံပင်ပုံစံရွှေရောင်မျက်မှန် ဖက်ရှင်ကျသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။

သူသည် ယဉ်ကျေးပျူငှာဟန် ရှိသော်လည်းသူ၏ တြိဂံပုံစံ မျက်လုံးများက သူ့အဆင့်ကို လျော့ကျသွားစေသည်။ ယဲ့ချန်နှင့် စန်းယွီ ဝင်လာပြီး အနီးကပ် တွဲလျက် ရှိနေသည်ကို မြင်လိုက်ရသည့်အခါ ထိုမျက်မှန်တပ်ထားသူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသနှင့် မုန်းတီးမှုတို့ဖြင့် ပြည့်နှက်သွားသည်။

သူသည် ရုတ်တရက် ထရပ်လိုက်ပြီး ယဲ့ချန်ကို ညွှန်ပြကာ အော်ဟစ်လိုက်သည်။

"မင်းပဲ အဲ့ဒီကောင်လေးပဲ။"

"ဟင်..."

ယဲ့ချန် သေချာကြည့်လိုက်ရာ သူ့ကို မှတ်မိသွားသည်။ ဒီကောင်က နောက်ဆုံးအကြိမ် ယဲ့ချန်နှင့် လင်းယွီရှင်းတို့ ညစာစားစဉ်က ယဲ့ချန်က အတုအယောင် သူတောင်းစားကို ကန်ထုတ်လိုက်ပြီးနောက် ယဲ့ချန်ကို လူမှုရေး အမှိုက်ဟု စွပ်စွဲခဲ့သည့် ကောင်ပဲ ဖြစ်သည်။

နောက်ပိုင်းတွင် ထိုကောင်က ၁၁၀ ကို ဖုန်းဆက်ကာ ရဲခေါ်ခဲ့သော်လည်း ယဲ့ချန်၏ စွမ်းရည်ကြောင့် မျက်နှာပျက်ခဲ့ရသူ ဖြစ်သည်။

မျက်နှာပျက်ရုံတင်မကဘဲ ကြည့်ရှုသူများက သူ့ကို သူတောင်းစား၏ အပေါင်းအပါဟုပင် မှတ်ထင်ခဲ့ကြသည်။ သူသာ အမြန်မပြေးရင် အရိုက်ခံရဖို့ သေချာနေခဲ့သည်။ ဒီညမှာ မျက်မှန်တပ်ထားပေမဲ့ ယဲ့ချန်တစ်ချက်ကြည့်လိုက်တာနဲ့ မှတ်မိသွားသည်။

ဟဲ... ရန်သူဟောင်းနဲ့လမ်းကျဉ်းမှာ တွေ့ဆိုတာပဲ။

"ချူးဟန် မင်း ရှောင်ချန်ကို သိလို့လား။"

စန်းယွီက အံ့ဩစွာ မေးသည်။

'အော်... သူက အစ်မယွီကို အမြဲတမ်း နှောင့်ယှက်နေတဲ့ အလုပ်ရှင်ဟောင်း ချူးဟန်ပေါ့...'

ယဲ့ချန် ရုတ်တရက် သဘောပေါက်သွားသည်။

'အစ်မယွီ တကယ်ပဲ သူ့ကို မှန်မှန်ကန်ကန် မြင်တာပဲ ဒီကောင်က မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နေတဲ့ အမှိုက်တစ်စပဲ။'

"ရှောင်ယွီ သူက မင်းပြောတဲ့ ရည်းစားဆိုတဲ့ လူလား။"

ချူးဟန် ဒေါသထွက်နေသည်။ ဒီနေ့ ယဲ့ချန်နှင့် တွေ့ရတာကတော့ ရန်သူဟောင်းနှင့် တွေ့ဆုံခြင်းပင်။ သူသည် ယဲ့ချန်ကို အခုချက်ချင်း ခုန်အုပ်ပြီး အရိုက်ခံချင်နေမိသည်။

"ဟုတ်တယ်လေ။"

စန်းယွီ ဂုဏ်ယူစွာ ဝန်ခံသည်။

"မင်း အလိမ်ခံလိုက်ရပြီ ရှောင်ယွီမင်း သူ့ရဲ့ လှည့်စားမှုကို ခံလိုက်ရပြီ ဒီကောင်က အမှိုက်တစ်စပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ် မိန်းကလေးတစ်ယောက်နဲ့ တွဲနေတာ ငါတွေ့ခဲ့တယ်... သူက ကောင်မလေးနှစ်ယောက်နဲ့ တွဲနေတာ။"

ချူးဟန်က စွပ်စွဲသည်။ ဒါပေမဲ့ သူ၏ စိတ်ထဲတွင်တော့ မနာလိုမှုတွေ ပြည့်နှက်နေသည်။

'ဘာလို့လဲ ဒီကောင်လေးက ဘာလို့ လှပတဲ့ မိန်းကလေးတွေကို ဘယ်ညာ တွဲနေနိုင်ရတာလဲ ပြီးတော့ သူ့အနားက မိန်းကလေးတွေကလည်း အကုန် ထိပ်တန်းတွေချည်းပဲ။'

"မဆိုင်တာတွေ အော်မနေနဲ့။"

ယဲ့ချန်က အမူအရာ တစ်စက်ကလေးမျှ မပြောင်းလဲဘဲ ပြောသည်။

"မင်း နားမလည်တာပါ။ ယောက်ျားတစ်ယောက်က အရမ်းကြည့်ကောင်းလာရင်တော့ သွေးဆောင်မှုတွေနဲ့ အများကြီး ကြုံရမှာပဲ။ ငါ့လို ကြည့်ကောင်းတဲ့ ယောက်ျားတစ်ယောက်မှာ မိန်းကလေးတွေ အများကြီးနဲ့ တွဲနေတာ ထူးဆန်းလို့လား။"

"စောက်ရူးးး"

ချူးဟန် ဒေါသထွက်လွန်းလို့ အော်ဟစ်လိုက်သည်။

"ချူးဟန် နင်ဘာပြောလိုက်တာလဲ။"

စန်းယွီ မကျေမနပ်ဖြစ်ကာ ကြည့်သည်။ယ

"နင် ဒီလိုတွေ ထပ်လုပ်ဦးမယ်ဆိုရင် ရှောင်ချန်နဲ့ ငါ ပြန်တော့မယ်။"

"နေပါဦး။"

ချူးဟန်သည် ဒီနေ့ စန်းယွီ၏ မွေးနေ့ကို အကြောင်းပြကာ ကုမ္ပဏီ ဝန်ထမ်းများကို ဖိတ်ခေါ်ထားသော်လည်း သူ၏ ရည်ရွယ်ချက်က သောက်စားဖို့ မဟုတ်ပေ။ စန်းယွီ နောက်ဆုံးတော့ သဘောတူလာပြီဖြစ်ရာ သူ အလွယ်တကူ လွှတ်ပေးနိုင်မည် မဟုတ်ပေ။

"ကောင်းပါပြီ ကောင်းပါပြီ ဖြည်းဖြည်းပေါ့။"

ချူးဟန် မျက်နှာမသာယာစွာဖြင့် ပြန်ထိုင်လိုက်သည်။

"ထားလိုက်ပါ ဥက္ကဋ္ဌချူး ပုဂ္ဂလိပိုင်အခန်းထဲမှာ ရှိတဲ့လူတွေက ငါတို့လူတွေချည်းပဲ။ ဒီကောင်လေးတစ်ယောက်ကို မင်း မကိုင်တွယ်နိုင်ဘူးလို့ ထင်နေတာလား။"

ချူးဟန်ဘေးတွင် ထိုင်နေသူမှာ ဆံပင်အတိုညှပ်ထားပြီးမျက်နှာတွင် မုတ်ဆိတ်မွှေးများ ပြည့်နေကာ မျက်ခုံးကြားတွင် တင်းမာမှုများ ပြည့်နေသည့် အမျိုးသားတစ်ဦးဖြစ်သည်။ ဒီလူက ချူးဟန်၏ ကုမ္ပဏီမှ လုံခြုံရေး အဖွဲ့ခေါင်းဆောင်ဖြစ်သည်။

သူသည် အရင်က လူမိုက်လောကမှာ ပါဝင်ခဲ့ပြီး ယန်မြို့မှာ နာမည်ကြီးကာ တကယ့် တိုက်ခိုက်ရေးစွမ်းရည် ရှိသူ ဖြစ်သည်။ ချူးဟန် ထိုလူကို တစ်ချက်ကြည့်လိုက်ရာ စိတ်အနည်းငယ် သက်သာသွားသည်။ ဒေါသကို ထိန်းချုပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ကောင်းပြီ ဒါဆိုရင် ခေါင်းဆောင်အန်းကိုပဲ အားကိုးမယ်။ ဒီညကိစ္စပြီးရင် နောက်လမှာ ခေါင်းဆောင်အန်းကို လစာတိုးပေးမယ်ဆုကြေးပေးမယ်အိတ်ကြီးကြီးနဲ့ ဆုပေးမယ်။"

"နောက်ဆုံးတစ်ခါက သူ့ကို သင်ခန်းစာပေးချင်ပေမဲ့ သူ မြန်မြန် ထွက်ပြေးသွားလို့ ဒီနေ့ သူ ကိုယ့်သဘောနဲ့ကိုယ် လက်ထဲ ရောက်လာမယ်လို့ မထင်ထားဘူး။ သူ တစ်သက်လုံး မေ့မရနိုင်တဲ့ သင်ခန်းစာ မပေးရရင် ငါ ချူးဟန် မဟုတ်တော့ဘူး။"

"စိတ်ချပါ။" ယ

ထို ခေါင်းဆောင်အန်းက ယဲ့ချန်ကို ကြည့်လိုက်ပြီး မျက်လုံးကို အနည်းငယ် ကျဉ်းလိုက်ကာ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာ ပေါ်လာသည်။

"အစ်မယွီ ထိုင်ရအောင်။"

ယဲ့ချန်မှာ ထို ချူးဟန်ဆိုသူကို လုံးဝ ဂရုမစိုက်ဘဲ စန်းယွီကို ဆွဲခေါ်ကာ ထိုင်လိုက်သည်။

All Chapters