အခန်း ၅၁
Vol. 6 Ch. 51
အခန်း ၅၁ - စွဲမက်ဖွယ်ကောင်းခြင်း။
ချူးဟန်က စန်းယွီကို ဒီလိုမျက်မှန်မျိုးကို အလကားပေးလိုက်တာတော့ မဟုတ်ပါ။ တန်ဖိုး ယွမ် ၇ သောင်း ၈ သောင်းရှိတဲ့ ပစ္စည်းတစ်ခု ဖြစ်သည်။ သူ၏ ကုမ္ပဏီက နှစ်စဉ် အမြတ်ငွေ သန်းပေါင်းများစွာ ရတယ်လို့ ကြွေးကြော်ထားပေမဲ့ အဲ့ဒီထဲမှာ ဟန်ဆောင်မှုတွေ ပါနေသည်။
သူရတဲ့ ပိုက်ဆံရဲ့ အများစုကို ကုမ္ပဏီမှာ ပြန်ရင်းနှီးရပြီး စီးပွားရေးလုပ်ငန်းအရ အဘက်ဘက်က လူတွေကိုလည်း နေရာတကာမှာ အဆင်ပြေအောင် လုပ်ပေးရသေးသည်။
ဒါကြောင့် နှစ်ကုန်တဲ့အခါ သူ့လက်ထဲမှာ တကယ်တမ်း ကျန်တာက ယွမ် ၁.၂ သန်း ဝန်းကျင်လောက်ပဲ ရှိသည်။ ဒီလောက်ဈေးကြီးတဲ့ မျက်မှန်ကို ဝယ်ပေးရတာ သူ့အတွက်လည်း အတော်လေး နာကျင်ရသည်။ ဒါပေမဲ့ မြေခွေးမဖမ်းရင် သားမပေါက်ဆိုသည့်အတိုင်း ဒီမျက်မှန်ကို ပေးပြီးရင် စန်းယွီနဲ့ တစ်ညနှစ်ညလောက် အိပ်ရမယ်ဆိုရင်တော့ တန်ပါလိမ့်မည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ စန်းယွီ။"
ချူးဟန်က အောင်မြင်သူတစ်ယောက်၏ မာန်ဟုန်ဖြင့် စန်းယွီဆီသို့ ကြွရွစွာ လျှောက်သွားလိုက်သည်။
"မလုပ်ပါနဲ့ ဒီလက်ဆောင်က အရမ်းဈေးကြီးလွန်းတယ် ကျွန်မ မလက်ခံနိုင်ဘူး။"
စန်းယွီ ခေါင်းခါပြီး ငြင်းလိုက်သည်။ သူမက လူ့လောကထဲ အခုမှ ဝင်လာတဲ့ ကလေးမလေး မဟုတ်တော့ပါ။ ချူးဟန် ဘာကြံနေလဲဆိုတာ သူမ ဘယ်လိုလုပ် မသိဘဲ ရှိမလဲ။ ဒီလောက်ဈေးကြီးတဲ့ မျက်မှန်ကို ပေးတာက သူမနဲ့ အိပ်ချင်လို့မှန်း သိသာလှသည်။
ဒါက လောကရဲ့ လျှို့ဝှက်စည်းမျဉ်းပဲ။ သူမသာ လက်ခံလိုက်ရင် ချူးဟန်ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်တာနဲ့ အတူတူပဲ။ စန်းယွီမှာ ညဘက်အမျိုးသမီးတွေလို ဆွဲဆောင်မှု ရှိပေမဲ့ သူမက ဟန်ဆောင်တတ်တဲ့ သူမျိုး မဟုတ်ပေ။
သူမသာ အလှတရားကို ရောင်းစားချင်ရင် အကြာကြီးကတည်းက လုပ်ခဲ့မှာပေါ့။
"စန်းယွီ ငါ့မျက်နှာကို ထောက်ထားပြီး လက်ခံပေးပါလား။ မင်းငြင်းရင် ငါ့နှလုံးသားကို ဓားနဲ့ ထိုးလိုက်သလို ခံစားရလိမ့်မယ်။"
ချူးဟန်က ချွဲနွဲ့စွာ ပြောသည်။
"တကယ်တော့ ယွမ်သောင်းဂဏန်းလောက်က ငါ့အတွက် ဘာမှ မဟုတ်ပါဘူး။ အနာဂတ်မှာ ကုမ္ပဏီကြီးထွားလာရင် မင်းကို သိန်းဂဏန်း သန်းဂဏန်း တန်တဲ့ လက်ဆောင်တွေတောင် ပေးနိုင်ပါသေးတယ်။"
"အော် အစ်မယွီ သူ ဒီလောက်ပြောနေမှတော့ လက်ခံလိုက်ပါတော့။"
စန်းယွီ ထပ်ငြင်းဖို့ လုပ်နေတုန်း ယဲ့ချန်က ရှေ့ကနေ ဝင်ပြီး ချူးဟန် လက်ထဲက မျက်မှန်ဘူးကို ယူလိုက်သည်။ စန်းယွီက ယဲ့ချန်ကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
'ရှောင်ချန် မင်း အစ်မကို သူ့အိပ်ရာထဲ တွန်းပို့နေတာလား ဒီလက်ဆောင်ကို လက်ခံလို့ ဖြစ်ပါ့မလား။'
ယဲ့ချန်ကတော့ ပြုံးပြီး စန်းယွီကို မျက်မှိတ်ပြလိုက်သည်။
"စန်းယွီ လက်ဆောင်ရပြီဆိုတော့ ဆုတောင်းပြီး ဖယောင်းတိုင် မှုတ်လိုက်တော့မယ်နော်။"
တစ်ယောက်ယောက်က ချက်ချင်း လက်ခုပ်တီးပြီး ပြောသည်။
"နေဦး။"
ချူးဟန်က ယဲ့ချန်ကို မျက်စောင်းထိုးပြီး လှောင်ပြောင်သည့် အမူအရာဖြင့် ပြောသည်။
"စန်းယွီအတွက် မင်းပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင်ကရော ဘယ်မှာလဲ။ ငါတို့အားလုံး ပေးပြီးပြီ၊ မင်းပဲ ကျန်တော့တယ်။ စန်းယွီရဲ့ ရည်းစားအနေနဲ့ မွေးနေ့မှာ တစ်ခုခုတော့ ပြရမှာပေါ့။ မင်း လက်ဗလာနဲ့ ရောက်လာတာဆိုတော့ လက်ဆောင်တောင် မပြင်ဆင်ထားဘူးလား။"
စန်းယွီလည်း ယဲ့ချန် ဒီနေ့ လက်ဗလာနဲ့ ရောက်လာမှန်း သိပေမဲ့ သူမကတော့ ဂရုမစိုက်ပါ။ ဒါပေမဲ့ ချူးဟန်ကတော့ ဒီအချက်ကို အကြောင်းပြပြီး ယဲ့ချန်ကို အကြီးအကျယ် လှောင်ပြောင်တော့မှာ ဖြစ်သည်။
စန်းယွီက ယဲ့ချန်ဘက်ကနေ ကြားဝင်ဖြေရှင်းပေးဖို့ ပြင်လိုက်စဉ် ယဲ့ချန်က ဝင်ပြောလိုက်သည်။
"ကျွန်တော် မွေးနေ့လက်ဆောင် ပြင်ဆင်ထားတာပေါ့ ကားထဲမှာ မေ့ကျန်ခဲ့လို့ပါ။ ညစာစားပြီးမှ အစ်မယွီကို ပေးမလို့ပါ။"
ယဲ့ချန် အမှန်အတိုင်း ပြောလိုက်သည်။ သူသိထားတာက စန်းယွီရဲ့ မွေးနေ့ဆိုတာပါ။ နောက်ဆုံးမှာ အိမ်ပြန်တဲ့အခါ စန်းယွီကို အံ့သြသွားအောင် လုပ်ပေးဖို့ စီစဉ်ထားခြင်းဖြစ်သည်။ ဒါပေမဲ့ အခုတော့ ချူးဟန်က ပစ်မှတ်ထားခံလိုက်ရပြီ။
"ဟားဟားဟား"
ချူးဟန်က အော်ဟစ် ရယ်မောလိုက်သည်။ ပုဂ္ဂလိကပိုင်အခန်းထဲရှိ သူတွေအားလုံးလည်း ရယ်မောနေကြသည်။
"မွေးနေ့လက်ဆောင် ကားထဲမှာ ကျန်ခဲ့တယ်။ လျှပ်စစ်စကူတာလား စက်ဘီးလား ဟားဟား... တကယ်ကို ရယ်စရာပဲ။ ဒီအမှိုက်ကောင်က တကယ်ကို အမှိုက်ပဲ။"
"အစ်မယွီ ခဏစောင့်ပါဦး။ ဖယောင်းတိုင် မမှုတ်သေးပါနဲ့။ ကျွန်တော် အောက်ဆင်းပြီး လက်ဆောင်ယူလာခဲ့မယ် ပြီးမှ အတူတူ မှုတ်ကြမယ်။"
ယဲ့ချန်က ချူးဟန်ကို ဂရုမစိုက်ဘဲ စန်းယွီကို ပြောလိုက်သည်။
"အာ..."
စန်းယွီ အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။
"မင်း... တကယ်ပဲ အောက်ဆင်းပြီး လက်ဆောင် ယူလာမှာလား။"
"နေဦး။"
ချူးဟန်ကုမ္ပဏီရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် အန်း က ယဲ့ချန်ကို တည့်တည့် ထောက်ပြလိုက်သည်။
"မင်း အောက်ဆင်းပြီး အခု ဝယ်ဖို့ ကြံနေတာမလား။ နောက်ကျသွားပြီ။ ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ တစ်ခုက မင်း အမှိုက်ကောင်ဆိုတာ ဝန်ခံပြီး ထွက်သွားတော့စန်းယွီကို ထပ်မနှောင့်ယှက်နဲ့။ နောက်တစ်ခုက ၅ မိနစ်၅ မိနစ်အတွင်း လက်ဆောင်ယူလာခဲ့။ ဓာတ်လှေကားနဲ့ အောက်ဆင်းပြီး ယူလာဖို့ ၅ မိနစ်ဆို လုံလောက်တယ်။ ဘာမှ လှည့်ကွက် မလုပ်နဲ့နော်။"
"ခေါင်းဆောင်အန်း စိတ်မပူပါနဲ့ဒီနားမှာ ဈေးဝယ်စင်တာတွေ မရှိဘူးသူ ဘာမှ ဝယ်လို့ မရဘူး။"
ချူးဟန်က လှောင်ပြုံးပြသည်။
"ကြားလား။ ထွက်သွားမလား ဒါမှမဟုတ် ၅ မိနစ်အတွင်း လက်ဆောင်ယူလာမလား။"
ယဲ့ချန် စန်းယွီကို ခေါင်းညိတ်ပြပြီး အခန်းထဲကနေ ထွက်သွားသည်။ ယဲ့ချန်၏ တည်ငြိမ်မှုက စန်းယွီကို စိတ်လှုပ်ရှားစေသည်။
'ရှောင်ချန် တကယ်ပဲ ငါ့အတွက် လက်ဆောင် ပြင်ဆင်ထားတာများလား။'
ဒီအချက်ကို တွေးမိတော့ စန်းယွီ၏ နှလုံးသား ထဲမှာ နွေးထွေးမှုတွေ ဖြစ်ပေါ်လာသည်။
ယဲ့ချန် အိမ်သာသွားပြီး ပြန်လာတဲ့အခါ လက်ထဲမှာ အိတ်တစ်အိတ် ကိုင်လာသည်။
Diorအိတ်တစ်အိတ်။ ယဲ့ချန် ပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင်က စနစ်ကနေ ပေးတဲ့ Dior အမျိုးသမီး ညနေခင်း ဝတ်စုံ အသစ်စက်စက်ပါ။
ဒီဝတ်စုံကို ယဲ့ချန် စနစ်ထဲက ထုတ်လိုက်တဲ့အခါ အသေးစိတ် အချက်အလက်တွေက သူ့ဦးနှောက်ထဲ ရောက်လာသည်။
ဒီဝတ်စုံက ယဲ့ချန် မျှော်လင့်ထားတာထက် အများကြီး ပိုဈေးကြီးသည်။
ဒါပေမဲ့ စန်းယွီနဲ့ တော်မလား ဆိုတာတော့ မသိပါ။ မတော်ရင်တော့ အပ်ချုပ်ဆိုင် သွားပြင်ရမှာပေါ့။
၅ မိနစ်အတွင်း ယဲ့ချန် ပြန်ရောက်လာသည်။
"အော် မင်း တကယ်ပြန်လာရဲတာလား။"
ချူးဟန် အံ့အားသင့်သွားသည်။ ယဲ့ချန် လက်ထဲက အိတ်ကို သူ မြင်လိုက်သည်။
"Dior...တကယ် Dior ဟုတ်လား။"
"အစ်မယွီ ဒါက ကျွန်တော် ပြင်ဆင်ထားတဲ့ လက်ဆောင်ပါ ကြိုက်လား ကြည့်ပေးပါဦး။"
ယဲ့ချန် အိတ်ကို စန်းယွီဆီ ပေးလိုက်သည်။
"အင်း။"
စန်းယွီ၏ မျက်နှာတွင် စွဲမက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူမ အိတ်ကို ယူပြီး ဝတ်စုံကို ထုတ်လိုက်သည်။ ဒါက အနက်ရောင် ဝတ်စုံဖြစ်ပြီး တောက်ပသော ပုလဲ အသုံးအဆောင်များဖြင့် တန်ဆာဆင်ထားကာ စကတ်တွင် ဇာပန်းထိုးများ ပါရှိသည်။
ထိုအထည်က လျှို့ဝှက်ဆန်းကြယ်ပြီး မြင့်မြတ်သော ခံစားချက်ကို ပေးသည်။ ဆွဲဆောင်မှုနှင့် လှပမှု ပေါင်းစပ်ထားသော ဒီဝတ်စုံက တကယ်ကို လှပသည်။
"အရမ်း လှတာပဲ ရှောင်ချန် ဒီလောက် လှတဲ့ ဝတ်စုံမျိုး တစ်ခါမှ မမြင်ဖူးဘူး တကယ်ကို လှလွန်းတယ်။"
စန်းယွီ အံ့အားသင့်ပြီး ပြောလိုက်သည်။ အခန်းထဲက အမျိုးသမီးတွေလည်း အံ့အားသင့်နေကြသည်။
"အစ်မယွီ ဒီဝတ်စုံကို ဝတ်လိုက်ရင် အစ်မ တကယ်ကို လှသွားမှာပါ။"
ယဲ့ချန် ပြုံးပြီး ပြောသည်။
"အင်း ရှောင်ချန် ဒီည အိမ်ပြန်ရင် အစ်မ ဝတ်ပြမယ် အစ်မ ဒီဝတ်စုံကို အရမ်း ကြိုက်တယ်။"
စန်းယွီ ပြုံးပြီး ပြောသည်။
"ဒါနဲ့... ဒါက Diorအစစ် ဟုတ်လား။"
"အစစ်။"
ယဲ့ချန် ခေါင်းညိတ်သည်။
"ဟွန့် အစစ် ဟုတ်လား။"
စန်းယွီနဲ့ ရွယ်တူ မိန်းကလေးတစ်ယောက်က လှောင်ပြုံးပြသည်။
"Dior ဆိုတာ ဘာလဲ သိရဲ့လား ၁၉၄၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီပြင်သစ် အမှတ်တံဆိပ်က ကမ္ဘာ့ဇိမ်ခံ ပစ္စည်းတွေထဲမှာ ထိပ်ဆုံးမှာ ရှိတာ။ ဒီလို ဝတ်စုံမျိုးက အနည်းဆုံး ယွမ် ၁ သိန်းကနေ စတာ။ မင်း လေမကျယ်နဲ့။"
"ကိုယ်တိုင်လည်း မဝယ်နိုင်ဘဲ အတုရှာနေတာပေါ့။ မင်း တကယ်ကို ရေပေါ်ဆီဆန်တာပဲ။"
ချူးဟန်က လှောင်ပြောင်သည်။ ချူးဟန် အမြင်မှာ ယဲ့ချန်လို သူတောင်းစားမျိုးက Dior တစ်ထည်ကို ဘယ်တော့မှ ဝယ်နိုင်မှာ မဟုတ်ပေ။
ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်က စန်းယွီဆီ လျှောက်သွားပြီး ဝတ်စုံကို ကိုင်ကြည့်လိုက်သည်။
"ဝိုး အထည်က အရမ်း သက်တောင့်သက်သာ ရှိတာပဲ ပုလဲတွေကလည်း အရမ်း လှတယ်။" သူမက ယဲ့ချန်ကို လှည့်ကြည့်သည်။
"ဘယ် online shop က ဝယ်တာလဲကျွန်မလည်း ဝယ်ချင်လို့။"
"ဝယ်ချင်လို့။"
ယဲ့ချန် ပြုံးပြီး ဘာမှ မပြောပါ။
ဒီအချိန်မှာ နောက်ထပ် မိန်းကလေးတစ်ယောက်က အိတ်ထဲမှာ ပါတဲ့ Dior စစ်မှန်ကြောင်း အသိအမှတ်ပြု လက်မှတ်ကို တွေ့သွားသည်။ သူမက ဖုန်းနဲ့ QR code ကို စကင်ဖတ်ပြီး Dior တရားဝင် ဝဘ်ဆိုက်ကို ဝင်လိုက်သည်။ ထို့နောက် serial number ကို ရိုက်ထည့်လိုက်သည်။
မိနစ်ဝက်လောက် ကြာတဲ့အခါ။
"ဝိုးး"
သူမ မျက်လုံးတွေ ပြူးကျယ်သွားသည်။
"ရှောင်မေ ဘာဖြစ်တာလဲ။"
ဘေးက မိန်းကလေးက မေးသည်။
"ဒါ... ဒါ တကယ်ပဲ...ဘုရားရေ ဒီဝတ်စုံက တကယ်အစစ်ပဲ ဒီနှစ်ရဲ့ နောက်ဆုံးပေါ် မော်ဒယ် ကမ္ဘာမှာ အထည်တစ်ရာပဲ ရှိတာ။"
ရှောင်မေ အော်လိုက်သည်။
"အို ဘုရားရေ ကမ္ဘာမှာ အထည်တစ်ရာပဲ ရှိတာ ဈေးက... ဈေးက ယူရို ၁ သိန်း ယွမ် ၈ သိန်း ၆ သောင်းနဲ့ ညီမျှတယ် ငါ... ငါ မူးချင်လာပြီ..."
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ချူးဟန်အပါအဝင် အားလုံး၏ အကြည့်တွေက စန်းယွီ လက်ထဲက ဝတ်စုံပေါ် ရောက်သွားသည်။
ယူရို ၁ သိန်း။ ဝတ်စုံတစ်ထည်။
ချက်ချင်းပင် အခန်းထဲက လေထုက ပါးလွှာသွားပြီး ချူးဟန်တို့အားလုံး အသက်ရှူရတာ ခက်ခဲသွားသည်။
ယဲ့ချန် ပြုံးလိုက်သည်။
"ဘာလဲ အံ့သြနေကြတာလား။ Dior ဝတ်စုံတွေက ဈေးသက်သာရင် ယွမ် ၁ သိန်းလောက် ရှိပြီး ဈေးကြီးရင် သန်းပေါင်းများစွာ တန်ဖိုးရှိတယ်။ ကျွန်တော် အစ်မယွီကို ပေးတာက အကန့်အသတ်နဲ့ ထုတ်တဲ့ ဝတ်စုံပါ။ တကယ်လို့ သီးသန့် အဆင့်မြင့် ဝတ်စုံဆိုရင် ပိုပြီး ဈေးကြီးဦးမှာ။"
ယဲ့ချန်က ချူးဟန် ခုနက ပြောတဲ့ လေသံအတိုင်း ပြန်ပြောလိုက်သည်။
"ဒီဝတ်စုံက ယွမ် ၈ သိန်းကျော် တန်ဖိုးရှိတယ်။ ချူးဟန် ယွမ် ၈ သိန်းကျော် တန်တဲ့ ဝတ်စုံရဲ့ သဘောတရားကို မင်း နားလည်ရဲ့လား။"
ဒီအချိန်မှာ ချူးဟန် စကားမပြောနိုင်တော့ပေ။
သူက မွေးနေ့လက်ဆောင် ပေးပြီး ကြွားလုံးထုတ်ချင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ယဲ့ချန်က သူ့ထက် ပိုပြီး အံ့သြဖွယ်ကောင်းအောင် ပြန်လုပ်ပြလိုက်ပြီ။ အလွန်ကို နာကျင်စရာကောင်းလိုက်တာ ယွမ် ၈ သိန်းကျော်နဲ့ ဝတ်စုံဝယ်ဖို့ဆိုတာ ချူးဟန် အတွေးထဲမှာတောင် မရှိခဲ့ဖူးပါ။
ချူးဟန် စကားမပြောတော့တာကို မြင်တော့ ယဲ့ချန်က ပြုံးပြီး ပြောလိုက်သည်။
"ဟုတ်ပြီ မင်း နားမလည်ရင် ငါ ပြောပြမယ်။ ယန်မြို့ရဲ့ အကောင်းဆုံး Hot Pot ဆိုင်မှာ တစ်ယောက်ကို ယွမ် ၃၀၀ ကျရင် ဒီဝတ်စုံ တန်ဖိုးနဲ့ လူ ၃ ထောင်လောက် တစ်ပြိုင်နက်တည်း စားလို့ရတယ်။ ယန်မြို့ရဲ့ အဆင့်မြင့် ကလပ်မှာ Massage တစ်ခါလုပ်ရင် ယွမ် ၁,၈၈၈ ကျရင် ဒီဝတ်စုံ တန်ဖိုးနဲ့ လူ ၅၀၀ လောက် တစ်ပြိုင်နက်တည်း အဆင့်မြင့် Massage လုပ်လို့ရတယ်..."
အံ့သြဖို့ကောင်းလိုက်တာ။
ဒီလောက်ထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
မင်းက ဆိုရှယ်လစ်စနစ်ရဲ့ အကောင်းဆုံး ဆက်ခံသူပဲ။