အခန်း ၅၅
Vol. 6 Ch. 55
အခန်း ၅၅ - တောင်းပန်ပါတယ် မင်းမှာ ဇာတ်လိုက်ကျော်ရဲ့ အရှိန်အဝါ မရှိဘူး။
ထိုအချိန်တွင် အခန်းတံခါး ပွင့်လာသည်။ အသက်နှစ်ဆယ်ကျော်အရွယ် ဝတ်စားဆင်ယင်မှု သေသပ်သော လူငယ်တစ်ဦး တစ်ယောက်တည်း ဝင်လာသည်။ ထိုလူငယ်မှာ အရပ်ရှည်ပြီး မတ်မတ်ရပ်နေသည်။ ရုပ်ရည်က သိပ်မချောမောသော်လည်း သူ၏ အမူအရာတွင် မောက်မာသော အရိပ်အယောင်များ ပေါ်လွင်နေသည်။ ယ
ဤမောက်မာမှုမှာ အတင်းအကျပ် လုပ်ယူထားခြင်းမဟုတ်ဘဲ သဘာဝအတိုင်း ပါလာခြင်းဖြစ်သည်။
"တော်တော့။"
ထိုလူငယ်က ယဲ့ချန်ကို အေးစက်စွာ ပြောသည်။
"ဒီလောက် ရှုပ်ထွေးအောင် လုပ်တာက ငါ့ကို အနှောင့်အယှက် ဖြစ်စေတယ်။ Jinjiang Grand Hotel မှာ ရန်ဖြစ်ခွင့်မရှိဘူးဆိုတာ ဘယ်သူမှ မပြောပြထားဘူးလား။ ဒါမှမဟုတ် စည်းကမ်းကို သိလျက်နဲ့ ချိုးဖောက်နေတာလား။"
သူ၏ အသံမှာ အထက်စီးဆန်ပြီး အမိန့်ပေးနေသည့် လေသံဖြစ်သည်။
"အားးး သခင်လေးရွှီ သခင်လေးရွှီ ကျွန်တော့်ကို ကယ်ပါဦး ယဲ့ချန်ဆိုတဲ့ ဒီကောင်လေးက ရူးနေတာ။ သူက အရင်စတာ ကျွန်တော့် သူငယ်ချင်းကိုလည်း ထိုးကြိတ်ထားတယ်။ သူက သခင်လေးရွှီကို လုံးဝ အထင်မကြီးဘူး။"
ချူးဟန်သည် ထိုလူငယ်ကို မြင်သည်နှင့် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ အော်ဟစ်လိုက်သည်။
"ယဲ့ချန် ဒီကောင်စုတ် မင်းကိုယ်မင်း ဘာမှတ်နေလဲ။ ဒီနေ့ သခင်လေးရွှီရဲ့ ရှေ့မှာ မင်း ငါ့ကို ထိရဲရင် ထိကြည့်စမ်း။"
ချူးဟန်သည် ကြောက်စိတ်များ ပျောက်ကွယ်သွားပြီး ပိုမို မောက်မာလာသည်။
"သခင်လေးရွှီဆိုတာ ဒီ ဟိုတယ်ရဲ့ ပိုင်ရှင်ရဲ့ သားပဲ ရွှီအုပ်စု ကယန်မြို့မှာ ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှု ရှိတယ် မင်းလို အမှိုက်ကောင်က သူ့ဖိနပ်တောင် မသုတ်ပေးနိုင်ဘူး။"
အခန်းထဲရှိ လူများကလည်း ထိတ်လန့်စွာဖြင့် တီးတိုး ပြောဆိုနေကြသည်။
"ဒါက ရွှီအုပ်စုရဲ့ သခင်လေး ရွှီကုန်းပဲ သူက ယန်မြို့ရဲ့ တကယ့် လူကုံထံပဲ။"
သူတို့အားလုံးက ရွှီကုန်းကို ရိုသေစွာဖြင့် ကြည့်နေကြသည်။ သူတို့အတွက် ရွှီကုန်းကဲ့သို့ ပုဂ္ဂိုလ်ကို တွေ့မြင်ရခြင်းမှာပင် ဂုဏ်ယူစရာ ကိစ္စဖြစ်သည်။
စန်းယွီကလည်း ရွှီကုန်း၏ နာမည်ကို ကြားဖူးသဖြင့် ယဲ့ချန်အတွက် စိုးရိမ်လာသည်။
"ချူးဟန် မင်း တကယ်ကို အသုံးမကျတာပဲ ဒီလောက်အထိ အနိုင်ကျင့်ခံရတယ်ပေါ့။"
ရွှီကုန်းက ချူးဟန်ကို ကြည့်ပြီး ရယ်မောသည်။
"စိတ်မပူပါနဲ့ ငါ ရှိနေသရွေ့ သူ မင်းကို ထိရဲမှာ မဟုတ်ဘူး။"
ယဲ့ချန်က ခေါင်းလှည့်ပြီး မောက်မာနေသော ရွှီကုန်းကို ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။
"ဘာလဲ မင်းက မတောင်းပန်သေးဘူးလား ငါ ပြောတာ မကြားလိုက်ဘူးလား ဒါမှမဟုတ် နားကန်းနေတာလား။"
ရွှီကုန်းက ယဲ့ချန်ကို ရွံရှာသော အကြည့်ဖြင့် ကြည့်သည်။
"တောင်းပန်ရမလား။ ဘယ်သူ့ကို တောင်းပန်ရမှာလဲ။"
ယဲ့ချန်က ပြုံးပြီး မေးသည်။
"ကောင်းပြီ ငါ ဒေါသထွက်မခံဘဲ မင်း ဘာလုပ်ရမလဲဆိုတာ သည်းခံပြီး ပြောပြမယ်။"
ရွှီကုန်းက ဆက်ပြောသည်။
"ပထမအချက် ဒီမှာ ရန်ဖြစ်တာက ဟိုတယ်ရဲ့ စည်းကမ်းကို ချိုးဖောက်တာပဲ။ ဒီစည်းကမ်းကို ငါ့ဖခင်က ချမှတ်ထားတာ။ မင်း စည်းကမ်း ကျူးလွန်တဲ့အတွက် အဖိုးအခ ပေးရမယ်။ တောင်းပန်ပြီး လျော်ကြေး ပေးလိုက်။ ဒုတိယအချက် ချူးဟန်က ငါ့ သူငယ်ချင်းပဲ။ မင်း သူ့ကို ရန်ရှာတာက ငါ့ကို မျက်နှာမပေးတာပဲ။ မင်းအတွက်တော့ အသက်ရှင်ရတာ ခက်ခဲနေမှာမို့လို့ ငါ အများကြီး မပြောတော့ဘူး။ ချူးဟန်ကို တောင်းပန်ပြီး လျော်ကြေးပေးလိုက်။"
ရွှီကုန်း၏ မောက်မာမှုမှာ အတိုင်းအဆ မရှိပေ။ သူ၏ ကမ္ဘာအမြင်အရ လူတန်းစား ခွဲခြားမှုမှာ မွေးရာပါပင် ဖြစ်သည်။ ယဲ့ချန်မှာမူ သူ၏ အသိုင်းအဝိုင်းထဲမှ မဟုတ်သည့်အတွက် သူ ကြိုက်သလို နင်းချေနိုင်သည်ဟု ထင်နေသည်။
"ဟားဟားဟား တောင်းပန်ရမလား။လျော်ကြေးပေးရမလား။"
ယဲ့ချန်က ရယ်မောသည်။
"ဒါတွေကလွဲရင် တခြား ရွေးချယ်စရာ မရှိဘူးလား။"
"လုံးဝ မရှိဘူး။ မင်း ငါပြောတဲ့အတိုင်း မလုပ်ရင် ဒီည မင်း အထဲကို ဝင်လာသလို အပြင်ကို အလောင်းနဲ့ ထွက်သွားရလိမ့်မယ်။"
ရွှီကုန်းက မထီတရီ ပြုံးသည်။
"ငါ့ အသိုင်းအဝိုင်းထဲက မဟုတ်တဲ့ အောက်တန်းစားတွေကို မရှင်းချင်ပေမဲ့ သူတို့က အလွန်အကျွံ လုပ်လာရင်တော့ ငါ နင်းချေပစ်ဖို့ ဝန်မလေးဘူး။ ငါ သုံးမိနစ် အချိန်ပေးမယ်။"
ယဲ့ချန်က ရွှီကုန်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်သည်။ အရင်ကဆိုလျှင် ဘီလီယံချီ ပိုင်ဆိုင်သော ရွှီကုန်းမှာ ယဲ့ချန်အတွက် တောင်ကြီးတစ်လုံးသဖွယ် ဖြစ်နေမည်။
သို့သော် ယခုတော့ သူ မကြောက်တော့ပေ။
"ကောင်စုတ် မင်း မထင်ထားဘူးမလား။သခင်လေးရွှီက ငါ့သူငယ်ချင်းဆိုတာ မင်း မထင်ထားမိဘူး မဟုတ်လား။ ဟားဟားဟား... အခုတော့ ကြောက်နေပြီလား။ ဒူးထောက်လိုက်စမ်း။"
ချူးဟန်က ရူးသွပ်စွာ ရယ်မောသည်။
ရုတ်တရက်။
ဖြောင်းးး
ယဲ့ချန်၏ လက်ဝါးချက်က ချူးဟန်၏ မျက်နှာပေါ်သို့ အပြင်းအထန် ကျရောက်သွားသည်။
"မင်းရဲ့ သခင် ရောက်လာတိုင်းမှာ ငါက မင်းလို ခွေးတစ်ကောင်ကို မထိုးရဲဘူးလို့ ထင်နေတာလား။"
ချူးဟန်မှာ နေရာမှာပင် ၃၆၀ ဒီဂရီ လည်သွားပြီး နံရံကို ဆောင့်ဝင်သွားသည်။ သူ၏ သွားတစ်ချောင်းက သွေးနှင့်အတူ ကြွေကျသွားသည်။
"မင်းးး"
ဒီရိုက်ချက်က ရွှီကုန်း၏ မျက်နှာကို ရိုက်လိုက်သကဲ့သို့ပင်။ သူ ဒေါသထွက်ပြီး မျက်နှာများ နီရဲလာသည်။
"မင်း ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့။"
ရွှီကုန်းထံမှ အေးစက်သော ဖိအားများ ပေါ်ထွက်လာသည်။
တီ...ဂုဏ်ယူပါတယ်။ တာဝန်အကြောင်းအရာ- 【ချူးဟန်ကို အကြမ်းဖက် ထိုးကြိတ်ခြင်း】 အောင်မြင်စွာ ပြီးဆုံးသည်။
ရရှိသော ကျွမ်းကျင်မှုစာအုပ်: နပန်းအတတ် (နိုင်ငံအဆင့်ချန်ပီယံ) စနစ်၏ သိုလှောင်ခန်းထဲမှာ အလိုအလျောက် သိမ်းဆည်းထားသည်။
ရရှိသော စနစ် ပြင်ဆင်မှု 0။ စနစ် ပြင်ဆင်မှု 1.3% ပြီးစီးပြီ။
"ကိုယ့်ကိုယ်ကိုယ် အရေးပါတယ်လို့ ထင်နေတဲ့သူတိုင်းက ဒီလောကရဲ့ ဇာတ်လိုက်ကျော်လို့ ထင်နေကြတာပဲ။ မင်းလည်း အဲ့ဒီလို လူစားမျိုးပဲ ဖြစ်မယ်။"
"တောင်းပန်ပါတယ် ငါ့မျက်လုံးထဲမှာတော့ မင်းက မဟုတ်ဘူး။ မင်းမှာ ဇာတ်လိုက်ကျော်ရဲ့ အရှိန်အဝါမရှိဘူး။"