← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈ - အပြန်အလှန် မှီခိုနေကြရသော အဖေနှင့်သား။

ရွှီဝေ၏ မျက်နှာမှာ မရေမရာ ဖြစ်သွားပြီး မျက်လုံးများမှာလည်း တစ်ချက်တစ်ချက် ရွေ့လျားနေသည်။

"ငါ ကိုယ်တိုင်ဆင်းပြီး ကြည့်လိုက်မယ်။"

ခဏမျှ ရပ်လိုက်ပြီးနောက် ယဲ့ချန်ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"ကောင်လေး မင်း ငါ့နောက်ကို လိုက်ခဲ့။ မင်း ထွက်ပြေးလို့ မရဘူး နားလည်လား မင်းကို ငါပေးထားတဲ့ အပြစ်ဒဏ်က အနည်းဆုံးပဲရှိသေးတယ်။"

"ကောင်းပြီ။ ခင်ဗျားနောက်ကို လိုက်ခဲ့မယ်။"

ဤအချိန်တွင် ယဲ့ချန်မှာ အလွန်တရာ အေးဆေးတည်ငြိမ်နေသည်။ သူသည် သရုပ်ဆောင်နေခြင်း မဟုတ်ပေ။

ချက်ချင်းပင် ရွှီဝေနှင့် သူ၏သား ရွှီကုန်းတို့သည် အခန်းထဲမှ ဦးစွာ ထွက်သွားကြသည်။ လက်အောက်ငယ်သားများကလည်း သူတို့နောက်မှ ကပ်ပါလာကြသည်။ ယဲ့ချန်ကလည်း သူတို့နောက်သို့ တကယ်ပင် လိုက်သွားသည်။ စန်းယွီကလည်း သူ၏နောက်မှ ကပ်ပါသွားသည်။

"သွားကြစို့ အဲ့ဒီကောင်စုတ် ဘာဖြစ်မလဲဆိုတာ အားလုံး သွားကြည့်ရအောင်။"

ချူးဟန်က မဲ့ပြုံးဖြင့် ပြောပြီး အခန်းထဲမှ အလောတကြီး ထွက်သွားသည်။

"ဟွန့် လက်နှစ်ဖက် ချိုးလိုက်ရုံနဲ့ အဲ့ဒီကောင်စုတ်ကို လွှတ်ပေးလိုက်တာပဲ။"

အန်းတာလုံမှာ မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး အရိုးများ အက်ကွဲနေသော်လည်း ဆေးရုံမသွားဘဲ ယဲ့ချန်ကို ရွှီမိသားစုက အနိုင်ကျင့်နေသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် အတင်းအကျပ် ထွက်လာခဲ့သည်။

ဟိုတယ်ဧည့်ခန်း။

ဧည့်ခန်းထဲတွင် လူများဖြင့် ပြည့်ကျပ်နေသည်။ ဧည့်သည်အများစုမှာ စားသောက်ပြီးနောက် ကားများကို ထုတ်မရသဖြင့် အပြင်ဘက်တွင် ဘာတွေဖြစ်နေသလဲဟု လည်ပင်းဆန့်ကြည့်နေကြသည်။

သို့သော် အပြင်ဘက်သို့ ထွက်ကြည့်ရန်ကား မဝံ့ရဲကြပေ။ အပြင်ဘက်ရှိ အခြေအနေမှာ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းနေသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် ယဲ့ချန်သည် ရွှီဝေနှင့်သူ၏သားအခြားသူများနှင့်အတူ ဧည့်ခန်းကို ဖြတ်ကျော်ပြီး အပြင်ဘက်သို့ ရောက်လာသည်။ ဧည့်ခန်းအပြင်ဘက်တွင် ကားများမှာ အုတ်ခဲများပုံထားသကဲ့သို့ ပုံနေသည်။

Bugatti, Lamborghini, Ferrari, Bentley အစရှိသည့် ဈေးကြီးသော ကားအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ ကားတိုင်း၏ အရေးပေါ် မီးများမှာလည်း လင်းလက်နေသည်။ ကားအစီးရေ ရာပေါင်းများစွာရှိပြီး အနည်းဆုံး လူတစ်ထောင်ခန့် ရှိနေသည်။

ဤမျှကြီးမားသော မြင်ကွင်းကို ရွှီဝေပင် တစ်ခါမျှ မမြင်ဖူးသဖြင့် ကြောက်လန့်စပြုလာသည်။

"အမ် ဘာတွေလဲ ကားပြပွဲလား။"

ယဲ့ချန်က ပြုံးစစဖြင့် မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ..."

စန်းယွီ၏ စိတ်ထဲတွင် ဝေဝါးသွားသည်။

မကြာမီ လူနှစ်ယောက်က ရွှီဝေထံသို့ လျှောက်လာကြသည်။ ယဲ့ချန်က သူတို့ကို ဝေးဝေးကပင် မှတ်မိလိုက်သည်။ သူတို့မှာ ထန်မိသားစုမှ ထန်ကျိကွမ်တို့ ဖြစ်သည်။

"အစ်ကိုကြီး ဒီနေ့ ကျွန်တော်တို့ အစ်ကိုလေးကို စော်ကားမိသလို ဖြစ်သွားတယ်။ အစ်ကိုလေးက စိတ်ဆိုးလွယ်သူဖြစ်လို့ ကျွန်တော်တို့ တောင်းပန်သင့်တယ်။"

ထန်ကျိကွမ်က တိုးတိုးပြောသည်။

"ဟုတ်တယ် တန်မိသားစုတစ်ခုလုံး အစ်ကိုလေးကို ဖိတ်ခေါ်ဖို့ လာခဲ့တာပါ။ ဒီလောက် ရိုးသားတဲ့ စေတနာကို အစ်ကိုလေး ပစ်ထားမှာ မဟုတ်ပါဘူး။"

ထန်ကျိကွမ်က ပြုံး၍ ပြောသည်။

ရွှီဝေက သူတို့ကို မြင်သည်နှင့် သူ၏ အမူအရာမှာ ယဉ်ကျေးသိမ်မွေ့သွားပြီး အလိုလိုပင် ခေါင်းငုံ့သွားသည်။ ထန်မိသားစုမှာ ရွှီမိသားစုထက် များစွာ အင်အားကြီးမားသည်။ ရွှီမိသားစုမှာ တန်မိသားစု၏ လက်အောက်ခံသဖွယ်ပင်။

"ထန်သခင်ကြီး ထန်သခင်လေးဘယ်သူ့ကို ရှာနေတာလဲ မသိဘူး။"

ရွှီဝေက မျက်နှာချိုသွေးကာ မေးသည်။

ထန်ကျိကွမ်က မဝေးလှသော နေရာတွင် ရပ်နေသော ယဲ့ချန်ကို တွေ့လိုက်သည်။

"ကောင်းပြီ လူကို တွေ့ပြီ။ မင်း ဆက်မလုပ်ပေးရတော့ဘူး။"

"ဟင် တွေ့ပြီလား။ သူက ကျွန်တော့်ဟိုတယ်မှာ စားနေတာလား။"

ရွှီဝေ အံ့အားသင့်သွားသည်။

"အစ်ကိုလေးကို နှုတ်ဆက်ကြ။"

ထန်ကျိကွမ်က လက်အောက်ငယ်သားများကို အမိန့်ပေးသည်။

ချက်ချင်းပင်။

"အစ်ကိုလေး မင်္ဂလာပါ အစ်ကိုလေးကို ကြိုဆိုပါတယ်။"

ကားများအနီးတွင် ရပ်နေသော လူတစ်ထောင်ကျော်က တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြသည်။ အသံမှာ ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည်။

"ဒီလောက်တောင် အစွမ်းထက်တာလား ငါသာ ဒီလို အစွမ်းထက်ရင် ဘဝက တန်ဖိုးရှိမှာပဲ။"

ရွှီကုန်းမှာ တပ်မက်စွာ တွေးနေသည်။

"ဟက်..."

ယဲ့ချန်က ရယ်မောလိုက်သည်။

အစ်ကိုလေးလား ဒီ ထန်ညီအစ်ကိုနှစ်ယောက်တော့ တကယ်ကို အံ့ဩစရာပဲ။

"အစ်ကိုလေး ဒီနေ့ကိစ္စအတွက် ကျွန်တော် တကယ် တောင်းပန်ပါတယ်။ စိတ်ထဲ မထားပါနဲ့။"

အကြီးဆုံးသားက ယဲ့ချန်ကို အဝေးကပင် ခေါင်းငုံ့အရိုအသေပေးသည်။

"အစ်ကိုလေးကို ကြိုဆိုပါတယ်။"

လူတစ်ထောင်ကျော်က ထပ်မံ အော်ဟစ်ကြသည်။ ယဲ့ချန်က ထန်ညီအစ်ကိုနှစ်ယောက်ဆီသို့ လျှောက်သွားသည်။

"မင်း ဘာလုပ်နေတာလဲ။ ရပ်လိုက်။"

ချူးဟန်က ဘေးမှ အော်သည်။

"ဒါက ထန်မိသားစုလေ မင်းသေချင်ရင်လည်း ငါတို့ကို မဆွဲထည့်ပါနဲ့။"

ယဲ့ချန်မှာ ထန်ညီအစ်ကိုနှစ်ယောက်ဆီသို့ ရောက်သွားသည်။

"အစ်ကိုလေး။"

ထန်ညီအစ်ကိုနှစ်ယောက်က လေးစားစွာဖြင့် တစ်ပြိုင်နက် ပြောသည်။

"အင်း ခင်ဗျားတို့က အရင်က ကျွန်တော့်ကို မောင်းထုတ်ခဲ့တာလေ။ အခု ဘာလိုချင်လို့လဲ။"

ယဲ့ချန်က ပြုံးပြီး မေးသည်။

"အစ်ကိုလေး စိတ်မဆိုးပါနဲ့။ ကျွန်တော်တို့ တောင်းပန်ဖို့ လာတာလေ။"

ထန်ကျိကွမ်က မျက်နှာချိုသွေးပြီး ပြောသည်။

"အစ်ကိုလေးကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။"

လူတစ်ထောင်ကျော်က ထပ်အော်သည်။

"အစ်... အစ်... အစ်ကိုလေး..."

ရွှီဝေမှာ တစ်ကိုယ်လုံး ချွေးများ ပြန်သွားပြီး ဦးနှောက်ထဲတွင် အောက်စီဂျင် ပြတ်တောက်သွားသလို ခံစားရသည်။ သူ လဲကျလုနီးပါး ဖြစ်သွားသည်။

ရွှီကုန်းက သူ့ဖခင်ကို အလောတကြီး ထိန်းပေးလိုက်သည်။ သို့သော် သူ၏ ခြေထောက်များမှာလည်း တုန်ယင်နေသည်။

"ဖေဖေ... ဒါ... ကျွန်တော်တို့... သံပြားကို သွားခွမိတာပဲ..."

ထို့ကြောင့် ဖခင်နှင့်သားနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် မှီခိုရင်း အသက်ဆက်ရန် အပြန်အလှန် ဖက်တွယ်ထားကြရတော့သည်။

All Chapters