Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉ - တောင်းပန်ခြင်း။

"ဒီကောင်စုတ် မင်း... မင်း ငါ့ကို ဘယ်လောက်တောင် ဒုက္ခပေးလိုက်သလဲဆိုတာ သိလား။"

ရွှီဝေမှာ သွေးပင် အန်ထွက်တော့မလို ဖြစ်သွားသည်။ သူသည် ဤသားမိုက်ကို သတ်ပြီး ပြန်လည် မွေးဖွားခိုင်းလိုက်ချင်စိတ် ပေါက်သွားသည်။

သူ ဘယ်သူ့ကို သွားရန်စလိုက်မိတာလဲ ထန်မိသားစု၏ အလေးစားရဆုံး ဧည့်သည်တစ်ယောက်ကိုလေ။ ထန်ညီအစ်ကိုနှစ်ယောက်တောင် သူ့ရှေ့တွင် ရိုသေနေရတာ မဟုတ်လား။

"ဖေဖေ ကျွန်တော် မသိခဲ့လို့ပါ အားလုံးက အဲ့ဒီ အမှိုက်ကောင် ချူးဟန်ကြောင့်ပါကျွန်တော် သူ့ကို သတ်ပစ်မယ်။"

ရွှီကုန်းသည် ဘေးနားရှိ ချူးဟန်ကို လူသတ်ကောင်ကဲ့သို့ စိုက်ကြည့်လိုက်သည်။ သူသည် ချူးဟန်၏ ကိရိယာအဖြစ် အသုံးချခံလိုက်ရသည်ဟု ခံစားရပြီး အလွန် နောင်တရနေသည်။

ချူးဟန်နှင့် အန်းတာလုံတို့မှာမူ ကြောက်လန့်လွန်း၍ အသက်ပင် မရှူဝံ့တော့ပေ။ ယဲ့ချန်မှာ ဆင်းရဲသားတစ်ယောက်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ သူတို့က အရှင်သခင်တစ်ပါးကို စော်ကားမိသကဲ့သို့ ဖြစ်နေသည်။

ချူးဟန်မှာ ကြောက်လန့်လွန်း၍ သူ၏ အဝတ်အစားများထဲတွင်ပင် အညစ်အကြေးများ စွန်းပေသွားသည်အထိ ဖြစ်သွားသည်။

စန်းယွီမှာမူ အဝေးမှနေ၍ ယဲ့ချန်ကို ငေးကြည့်နေသည်။

ဤညသည် သူမ၏ ဘဝတွင် အမှတ်တရ အရှိဆုံး မွေးနေ့ဖြစ်လာမည်မှာ သေချာသည်။ ဒီညမှာတော့ သူက ငါ့ရဲ့ ရည်းစားပဲဟု သူမက ဂုဏ်ယူစွာ တွေးလိုက်သည်။

"အစ်ကိုလေး တကယ်တော့ ကျွန်တော် အရင်က အဆောင်အယောင်တွေ မှော်အတတ်တွေကို မယုံခဲ့ပါဘူး။ ဒါပေမဲ့ အစ်ကိုလေးက တကယ်ကို အံ့ဩစရာပါပဲ။"

"အစ်ကိုလေး ရေးပေးလိုက်တဲ့ အဆောင်ကြောင့် ညွှန်ကြားရေးမှုးလော့တောင် အံ့ဩသွားခဲ့တာပါ။ အရင်က ကိစ္စတွေကို စိတ်ထဲ မထားပါနဲ့။ အခု ကျွန်တော့်အဖေကို ကုသပေးဖို့ ထန်အိမ်တော်ကို လိုက်ခဲ့ပေးဖို့ တောင်းဆိုပါရစေ။"

ယဲ့ချန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထန်မိသားစုမှာ အလွန်ပင် ရိုသေစွာဖြင့် တောင်းပန်နေကြပြီ ဖြစ်သည်။ သူသည် ဆရာတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် လိုအပ်သေးသည်။

"ကျွန်တော်က စကားပြောရတာ လွယ်တဲ့သူပါ။ ဒါပေမဲ့ တောင်းပန်သင့်တဲ့သူက မတောင်းပန်ရသေးဘူး။ သူ ဘယ်မှာလဲ။"

"အဟမ်း နံပါတ်ခုနစ် အမြန်လာခဲ့။"

ထန်ကျိကွမ်က လှမ်းခေါ်လိုက်သည်။

စကားဆုံးသည်နှင့် နှင်းဆီဖြူကဲ့သို့ လှပပြီး အေးစက်ခန့်ညားသော ထန်မော့ရွှေသည် လူအုပ်ကြားထဲမှ ထွက်လာသည်။ သူမ၏ အလှမှာ အနုပညာရှင်များထက်ပင် သာလွန်နေသည်။

"တောင်းပန်ပါတယ်ကျွန်မ မှားခဲ့ပါတယ်။ ဒီနေ့ကစပြီး အစ်ကိုလေးကို စိတ်အနှောင့်အယှက် မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။"

တန်မော့ရွှေက ယဲ့ချန်ကို ဦးညွှတ်ကာ လေးနက်စွာ တောင်းပန်သည်။ သူမ၏ ဖခင်အသက်ကို ယဲ့ချန် လက်ထဲတွင် ရှိနေမှန်း သိသောကြောင့် သူမ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။

တီ...တာဝန် ထွက်ပေါ်လာသည်။

တာဝန်အကြောင်းအရာ- တန်မော့ရွှေကို လူအများရှေ့တွင် တောင်းပန်ခိုင်းပါ။

ဆုလာဘ်- စနစ်သည် တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေသည်။

ယဲ့ချန်သည် သူမ၏ တောင်းပန်မှုကို လက်ခံလိုက်သည်။

တီ...ဂုဏ်ယူပါတယ်။ တာဝန်အကြောင်းအရာ: 【တန်မော့ရွှေကို တောင်းပန်ခိုင်းခြင်း】 အောင်မြင်စွာ ပြီးဆုံးသည်။

ရရှိသော 【ပြန်လည်နုပျိုဆေး】 ၅ လုံး။

စနစ် ပြင်ဆင်မှု 1.4% ပြီးစီးပြီ။

'အိုဆေးလုံး ရတာလားနုပျိုဆေးဆိုတော့ အလှအတွက်ပဲ ဖြစ်မယ်။ မဆိုးဘူး။ တန်မော့ရွှေက အသုံးဝင်တာပဲ။'

"အဟမ်းကောင်းပါပြီ၊ ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ ဒီလို မဖြစ်စေနဲ့။"

"ဒါဆိုရင် ကျွန်မတို့ အိမ်ကို အမြန်လိုက်ခဲ့ပေးပါဦး အဖေက အရေးတကြီး ဖြစ်နလို့ပါ။"