အခန်း ၆၀
Vol. 6 Ch. 60
အခန်း ၆၀ - ကျွန်တော် အမှတ်ပြည့် ရအောင် ယူမယ်။
"ပြောရတာ လွယ်ပါတယ်။ ဒါပေမဲ့"
ယဲ့ချန်၏ အကြည့်မှာ ရွှီဝေနှင့် ရွှီကုန်းတို့ထံ ရောက်သွားသည်။
"သူတို့က ကျွန်တော့်လက်နှစ်ဖက်ကို ချိုးမယ်တဲ့လေ။"
ယဲ့ချန်က မျက်လုံးကို အနည်းငယ်မှေးပြီး ပြောလိုက်သည်။
"မဟုတ်ပါဘူး။"
ရွှီဝေက တုန်ရီသော အသံဖြင့် အော်လိုက်သည်။
"နားလည်မှု လွဲတာပါ။ ဒါ အားလုံး နားလည်မှု လွဲတာပါ။ ကျွန်တော့်သားမိုက်က အစ်ကိုလေးရဲ့ ဂုဏ်သိခ္တာကို မသိဘဲ စော်ကားမိတာပါကျေးဇူးပြုပြီး ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ ဆိုတာ ပြောပြပေးပါ။ ကျွန်တော်တို့ တောင်းပန်ပါတယ်။"
ရွှီကုန်းသည် ချက်ချင်းပင် ဒူးထောက်လိုက်သည်။
"အစ်ကိုလေး ကျွန်တော် မှားပါတယ်။ ကျွန်တော် လူမိုက်ပါ။ အစ်ကိုလေးက ကျွန်တော့်ထက် ပိုချောလို့ ကျွန်တော် မနာလို ဖြစ်မိတာပါ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး။"
Damn ဒီကောင်က EQ မြင့်တာပဲ။
ယဲ့ချန် အနည်းငယ် အံ့ဩသွားသည်။
"ငါက မင်းထက် ပိုချောတာက ထင်ရှားတဲ့ အချက်ပဲလေ။"
"ဟင်..."
တန်မော့ရွှေ၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်သွားသည်။
အစ်ကိုလေးရဲ့ လက်ကို ချိုးမယ် ဟုတ်လား။ ဒါဆို သူ အဆောင်တွေ ရေးလို့မရတော့ဘူးပေါ့။ ခွင့်မလွှတ်နိုင်စရာပဲ။
ထန်မော့ရွှေသည် ချက်ချင်းပင် လျှောက်သွားပြီး ရွှီကုန်း၏ မျက်နှာကို ဘယ်ပြန်ညာပြန် ရိုက်ချလိုက်သည်။ ရိုက်ချက်များမှာ အရှိန်ပြင်းလှသည်။ ရွှီကုန်း၏ မျက်နှာမှာ သွေးအိုင်ထဲတွင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည်။
"ကျေးဇူး... ကျေးဇူးတင်ပါတယ် သခင်မလေး... ရိုက်ပေးလို့..."
ရွှီကုန်းက မူးဝေစွာပင် ကျေးဇူးတင်စကား ပြောလိုက်သည်။
"အစ်ကိုလေး သူ့ကိုဘယ်လိုလုပ်ရမလဲ။"
ထန်မော့ရွှေက ယဲ့ချန်ကို မေးလိုက်သည်။
"ကောင်းပြီ။"
ယဲ့ချန်က လက်ကို ဝှေ့ယမ်းလိုက်သည်။
"ချူးဟန်နဲ့ အန်းတာလုံကို သင့်လျော်သလို စီစဉ်ပေးလိုက်ပါ။ ပြီးရင် ဒီကိစ္စ ပြီးပြီ။ နောက်ပိုင်းမှာ ပိုပြီး နှိမ့်ချနေဖို့ သင်ယူပါ။ ဒီလောကမှာ ခင်ဗျားတို့ မထိရဲတဲ့သူတွေ အများကြီး ရှိသေးတယ်ဆိုတာ သိထားပါ။"
ရွှီမိသားစုမှာ သက်ပြင်းချနိုင်သွားသည်။
"ကျွန်တော် စန်းယွီကို သွားခေါ်လိုက်ဦးမယ်။"
"ရှောင်ချန်... မင်းတကယ်ကို ထူးခြားတာပဲ"
စန်းယွီက ပြောသည်။
"အဲ့ဒီ မိန်းကလေးက အရမ်းလှပြီး ဂုဏ်ရှိတယ်။ သူတောင် မင်းကို လူတွေရှေ့မှာ တောင်းပန်နေတာ။ မင်းကအံ့ဩဖို့ကောင်းတယ်။"
"အစ်မယွီ ကျွန်တော့်ကို ဘယ်နမှတ်ပေးမလဲ။"
ယဲ့ချန်က မေးသည်။
"၈၇ မှတ်"
"အိုး... မဆိုးပါဘူး... ဒါပေမဲ့ ... တစ်နေ့ကျရင် အမှတ်ပြည့် (၁၀၀) ရအောင် ယူမယ်။"
ထို့နောက် ယဲ့ချန်သည် ထန်ကျိကွမ်နှင့်အတူ ထန်အိမ်တော်သို့ အမြန်သွားခဲ့သည်။
ထန်အိမ်တော်၏ ဧည့်ခန်းတွင်။
အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အဘိုးမှာ အိပ်ရာပေါ်တွင် အသက်မရှူနိုင်လောက်အောင် ဖြစ်နေသည်။
"သခင်လေး... သခင်လေး လာပြီ။"
ထန်ကျိကွမ်က အော်ဟစ်လိုက်သည်။
ညွှန်ကြားရေးမှုးလော့ကလည်း ယဲ့ချန်ထံသို့ လျှောက်လာသည်။
"အစ်ကိုလေး... ကျွန်တော့်ရဲ့ အရင်က အပြုအမူတွေအတွက် တောင်းပန်ပါတယ်။ ကျွန်တော် တကယ်ကို ရိုးသားစွာ တောင်းပန်ပါတယ်။"
ယဲ့ချန်သည် သူပြောတာကို ဂရုမစိုက်ဘဲ အိပ်ရာဘေးသို့ တန်းသွားလိုက်သည်။ အရိုးပေါ်အရေတင် ဖြစ်နေသော အဘိုးအိုမှာ ယဲ့ချန်ကို ကြည့်ပြီး ကျေးဇူးတင်စွာဖြင့် ပြုံးပြသည်။
"လူငယ်လေး... ကျေးဇူးတင်ပါတယ်"