အခန်း ၆၁
Vol. 7 Ch. 61
အခန်း ၆၁ - ဆေးပညာ၏ အံ့ဖွယ်ဖြစ်ရပ်။
"အဘိုးထန် ကျွန်တော် ကြိုးစားကြည့်ပါ့မယ်။ ဒါပေမဲ့ အာမခံချက်တော့ အပြည့်အဝ မပေးနိုင်ဘူးနော်။"
ယဲ့ချန်က ဖြေလိုက်သည်။
"ကိစ္စမရှိပါဘူး။ လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ ကံတရားပါပဲ။ အခု ငါ့ဘေးမှာ သားမြေးတွေ ရှိနေပြီ... နာကျင်မှုတွေလည်း မရှိတော့ဘူးဆိုတော့ ငါ ကျေနပ်ပါတယ်။ အခုလိုပဲ အေးဆေး ထွက်သွားရမယ်ဆိုရင်တောင် ငါ ပြုံးပြီး ထွက်သွားနိုင်ပါတယ်။"
အဘိုးထန်က စိတ်အေးလက်အေး ပြောသည်။
"အဘိုး အဲ့လို စိတ်ဓာတ်ကျတဲ့ စကားတွေ မပြောပါနဲ့။ အစ်ကိုလေးက အဘိုးကို သေချာပေါက် ကုသပေးနိုင်မှာပါ။"
ထန်မော့ရွှေက မျက်ရည်များကြားမှ တုန်ယင်စွာ ပြောလိုက်သည်။
"သမီး... ပြောရရင်တော့ အဖေအခုထိ စိတ်မချနိုင်တာ သမီးပဲ။ အဖေက သမီး အိမ်ထောင်ပြုပြီး သားသမီးရတာကို ကိုယ်တိုင် မြင်ချင်ခဲ့တာ... ဒါပေမဲ့ အဲ့ဒီနေ့ကိုအဖေ မြင်ရတော့မှာ မဟုတ်တော့ဘူး..."
အဘိုးထန်၏ မှုန်ဝါးနေသော မျက်လုံးများထဲတွင် နောင်တတရားများ လွှမ်းမိုးနေသည်။
"အဖေ မြင်ရမှာပါ အဖေ သေချာပေါက် မြင်ရမှာပါ။ သမီး အိမ်ထောင်ပြုတဲ့နေ့ကျရင် အဖေက သမီးလက်ကို ကိုင်ပြီး သမက်ဆီ အပ်နှံရမှာ။ အဲ့ဒီနေ့ကိုအဖေ သေချာပေါက် ရောက်လာမှာပါ။"
ထန်မော့ရွှေမှာ ငိုရှိုက်နေပြီး သူမ၏ နှလုံးသားမှာ ကွဲကြေလုမတတ် ဖြစ်နေသည်။
"အစ်ကိုလေး ကျွန်မ တောင်းပန်ပါတယ် အဖေ့ကို ကယ်တင်ပေးပါ။"
သူမက ယဲ့ချန်ကို အလွန်အမင်း ရိုသေစွာဖြင့် တောင်းဆိုလိုက်သည်။
"ကောင်းပြီ။"
ယဲ့ချန်သည် အတွေးတစ်ခုဝင်လာကာ သူ၏ သိုလှောင်ခန်းထဲမှ ရောဂါပျောက်ကင်းခြင်း အဆောင်ကို တည်ငြိမ်စွာ ထုတ်လိုက်သည်။
ထိုအချိန်မှာပင်။
"တီ...တာဝန် ထွက်ပေါ်လာသည်။
တာဝန်အကြောင်းအရာ: အဘိုးထန်၏ အသက်ကို ရှည်စေရန်။
ဆုလာဘ်: စနစ်သည် တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေသည်။
"အဘိုးထန်ရဲ့ အင်္ကျီကို ချွတ်လိုက်ပါ။"
ထန်ကျိကွမ်က ချက်ချင်းပင် အဘိုးထန်၏ အင်္ကျီကြယ်သီးများကို ဖြည်းညှင်းစွာ ဖြုတ်ပေးလိုက်ရာ အရိုးပေါ်အရေတင် ဖြစ်နေသော ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။
'မဖြစ်မနေ လုပ်မှရမယ် ဒီတစ်ခါတော့ အောင်မြင်ကို အောင်မြင်ရမယ်။'
ယဲ့ချန်သည် အဆောင်ကို အဘိုးထန်၏ ဗိုက်ပေါ်သို့ ဖိကပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် နွေးထွေးသော စွမ်းအားများက အဘိုးထန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ပျက်စီးနေသော အစာအိမ်နှင့် အလုပ်မလုပ်တော့သော အင်္ဂါအစိတ်အပိုင်းများကို ပြန်လည် နုပျိုစေသည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အဘိုးထန်မှာလည်း ပူနွေးသော ရေနွေးထဲတွင် စိမ်ထားရသလိုမျိုး သက်သောင့်သက်သာ ခံစားလာရသည်။ သူ၏ ဖြူဖျော့နေသော မျက်နှာမှာလည်း ပန်းရောင်သမ်းလာသည်။
"သက်သာလိုက်တာ အရမ်း သက်သာတယ်အရမ်း နွေးထွေးတယ်..."
အဘိုးထန်က သက်ပြင်းချရင်း သက်သာရာရသွားသည့်ပုံဖြင့် ပြုံးလိုက်သည်။ ညွှန်ကြားရေးမှူးလော့နှင့် ထန်မိသားစုဝင်များမှာ ယဲ့ချန်အပေါ် ယုံကြည်မှု တိုးပွားလာကြသည်။ ဆယ်မိနစ်အကြာတွင် အဆောင်မှာ ပြာဖြစ်သွားသည်။
"အောင်မြင်ပါပြီ။"
ယဲ့ချန်က လက်ကို ခါလိုက်သည်။ ညွှန်ကြားရေးမှူးလော့က အောက်တွင် ကျနေသော အဆောင်ပြာများကို သေချာစွာ စုသိမ်းလိုက်သည်။
"အစ်ကိုလေး အခြေအနေ ဘယ်လိုရှိလဲ။"
ထန်မော့ရွှေက တုန်ရီသော အသံဖြင့် မေးသည်။
"ပြောဖို့ ခက်တယ်။"
ယဲ့ချန်က ဝေဝါးစွာ ဖြေသည်။
"စစ်ဆေးမှု ရလဒ် ထွက်လာမှပဲ အဖြေမှန်ကို သိရမှာပါ။"
ညွှန်ကြားရေးမှူးလော့က ချက်ချင်းပင် အပြည့်အစုံ စစ်ဆေးရန် ပြင်ဆင်သည်။
"တစ်နာရီလောက်ပဲ ကြာပါမယ်။"
"အစ်ကိုကြီး အစ်ကိုလေးကို စာကြည့်ခန်းမှာ လက်ဖက်ရည်နဲ့ ဧည့်ခံထားပေးပါ။ ကျွန်မ ညွှန်ကြားရေးမှူးလော့နဲ့အတူ စစ်ဆေးမှုပြီးအောင် လုပ်လိုက်ဦးမယ်။"
စာကြည့်ခန်းတွင် ယဲ့ချန်သည် ပန်းချီကားများကို ကြည့်ရင်း လက်ဖက်ရည် သောက်နေသည်။
"ဒါက ဝူယီတောင်တန်းက မာရွက်တာါဟုန်ပေါင်းလက်ဖက်ရည်ပါ။ တစ်ကီလိုကို ငွေ ၅ သန်းကျော် ပေးရတာပါ။ အစ်ကိုလေး မြည်းကြည့်ပါဦး။"
ထိုအချိန်တွင်။
"တီ...ဂုဏ်ယူပါတယ်။ တာဝန်အကြောင်းအရာ: 【စန်းယွီ၏ ရည်းစားအဖြစ် ညစာစားပွဲတွင် သရုပ်ဆောင်ခြင်း】 အောင်မြင်စွာ ပြီးဆုံးသည်။
ရရှိသော 【ရပ်မရဆေးပြာလေးများ】 ၁၀၀ လုံး။
'ဘာဖြစ်တာလဲ ဒီဆုက ဘာကြီးလဲ။'
ယဲ့ချန် တုန်လှုပ်သွားသည်။
'ဒီဟာမျိုး ငါမလိုဘူးလေ။'
အခြားတစ်ဖက်တွင် ညွှန်ကြားရေးမှူးလော့မှာ စစ်ဆေးချက် စာရွက်များကို ကိုင်ရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"လူတွေက အဖြစ်နိုင်ဆုံးလို့ ထင်ထားတဲ့ ဆေးပညာ ရလဒ်တွေထက် ပိုလွန်နေတယ်။ အစ်ကိုလေး ကုသပေးလိုက်တဲ့ အစာအိမ်ကင်ဆာက ကမ္ဘာ့ထိပ်တန်း ဆေးပညာ အံ့ဖွယ်ဖြစ်ရပ်တွေထဲမှာ ထည့်သွင်းရလောက်အောင်ပဲ။"