← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃ - ကျွန်တော် လမ်းမှားပြီး လွဲချော်ခဲ့ဖူးတယ်။

"ထန်မော့ရွှေ..."

အစ်ကိုအကြီးဆုံးနှင့် ထန်ကျိကွမ်တို့က တစ်ပြိုင်နက်တည်း အော်ခေါ်လိုက်ကြသည်။

"အစ်ကိုကြီး ဒုတိယအစ်ကိုကျွန်မရဲ့ ကိစ္စအတွက် စိတ်မပူပါနဲ့။ ကျွန်မ ဘာလုပ်ရမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်မှာပါ နောင်တရမှာ မဟုတ်ဘူး။"

ထန်မော့ရွှေက တောက်ပစွာ ပြုံးပြလိုက်သည်။ သို့သော် သူမ၏ နှလုံးသားထဲတွင်မူ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ မျက်လုံးများမှာလည်း မျက်ရည်များ ဝဲနေပြီ ဖြစ်သည်။

"ကောင်းပြီ ကောင်းပြီ ကိုယ့်ကိုယ်ကို စတေးတာလား။"

ယဲ့ချန် ထရပ်လိုက်ပြီး ထန်မော့ရွှေကို အထပ်ထပ် စူးစိုက်ကြည့်သည်။ သူသည် ရုပ်ရှင်ထဲက လူဆိုးတစ်ယောက်လို လူကောင်းတစ်ယောက်ကို အကျပ်ကိုင်နေသလိုမျိုး ခံစားလိုက်ရသည်။ ထန်မော့ရွှေမှာ အလွန်လှပပြီး ဂုဏ်ရှိန်မြင့်မားသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သော်လည်း ယဲ့ချန်မှာမူ စိတ်ဝင်စားမှု မရှိပေ။

သူသည် သူတစ်ပါး၏ အားနည်းချက်ကို အခွင့်ကောင်းယူရန် သို့မဟုတ် လှည့်စားရန် မလိုလားပေ။ သူမ၏ ခန္ဓာကိုယ်ကို ရသော်လည်း နှလုံးသားကို မရပါက မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။ သူသည် ရုတ်တရက် အတွေးတစ်ခု ရလိုက်သည်။

"ထန်မော့ရွှေ အရင်ဆုံး အရွယ်ရောက်လာအောင် ကြိုးစားပြီး ကလေးဆန်တာ ရပ်လိုက်တော့။ မင်း အရမ်းလှတယ်ဆိုတာတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါက မင်း ဘယ်တော့မှ မရနိုင်တဲ့ ယောက်ျားတစ်ယောက်ပဲ။"

ယဲ့ချန်က ဖြောင့်မတ်သော လေသံဖြင့် ပြောသည်။

"သရုပ်ဆောင်တာ ဆက်လုပ်လေ ဆက်လုပ်။"

ထန်ကျိကွမ်က သူ့ကို မထီမဲ့မြင်ပြုသည်။

"အစ်ကိုလေး ခင်ဗျား ကြွားချင်တာ ကြွားပေမဲ့ အလွန်အကျွံတော့ မလုပ်ပါနဲ့။"

"ဟား အစ်ကိုလေး ခင်ဗျားရဲ့ သရုပ်ဆောင်ချက်နဲ့ ကျွန်တော့်ကို လှည့်စားဖို့ ကြိုးစားနေတာလား။"

"ထန်မော့ရွှေ သေချာနားထောင်။ ပျောက်ကင်းခြင်း အဆောင်ကို လိုချင်ရင် ငါပြောတဲ့အတိုင်း လုပ်ရမယ်။ မင်း တကယ်လိုချင်ရင် ငါ့ကို လူတွေရှေ့မှာ ဖွင့်ပြောရမယ်။ ငါ အရင်က ပြောဖို့ မေ့သွားတယ်။ ငါလည်း စက်မှုနည်းပညာတက္ကသိုလ် မှာပဲ တက်တာပါ။ မင်း ပျောက်ကင်းခြင်း အဆောင် လိုအပ်တဲ့အခါတိုင်း ကျောင်းကို လာပြီး လူတွေရှေ့မှာ ငါ့ကို ဖွင့်ပြောပါ။ စိတ်ရင်းနဲ့ ဖြစ်ရမယ် ဒါပေမဲ့ စိတ်မပူပါနဲ့ ငါ မင်းကို အခါတိုင်း ငြင်းပယ်မှာပါ။ ငါငွေလည်း မလိုချင်သလို မင်းရဲ့ ခန္ဓာကိုယ်ကိုလည်း မလိုချင်ဘူး။ မင်း အချစ်ဖွင့်တိုင်း ငါက မင်းကို ငြင်းပယ်မယ် ပြီးရင် ပျောက်ကင်းခြင်း အဆောင် တစ်ခု ပေးမယ်။ နားလည်လား။"

ယဲ့ချန်က မျက်လုံးများ အရောင်လက်လျက် ပြောသည်။ ထန်မော့ရွှေမှာ အံ့အားသင့်သွားသည်။ သူမ၏ ခန္ဓာကိုယ်ကို မလိုချင်ဘဲ ဒီလိုမျိုး စနောက်ချင်နေတာလား။ သို့သော် သူမမှာ စိတ်သက်သာရာ ရသွားသည်။ သူမ မနှစ်သက်သော ယောက်ျားတစ်ယောက်နှင့် အတူနေရန် မလိုတော့ပေ။ သူမ မခံစားရတဲ့သူတစ်ယောက်ကို ပေးအပ်ဖို့ မလိုတော့တာဟာ အကောင်းဆုံး ရလဒ်ပါပဲ။

"ကောင်းပြီ ကျွန်မ နားလည်ပါတယ်။ ကျွန်မ အစ်ကိုလေးရဲ့ စည်းကမ်းချက်တွေကို သဘောတူပါတယ်။"

ထန်မော့ရွှေက ခေါင်းညိတ်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့။ အချိန်နောက်ကျနေပြီ ငါအိမ်ပြန်တော့မယ်။"

ယဲ့ချန်က သမ်းဝေလျက် ထွက်သွားသည်။

"အော်... နောက်တစ်ခု ကျောင်းမှာဆိုရင် ငါ့ကို အစ်ကိုလေးလို့ မခေါ်ပါနဲ့။ ငါ့နာမည် ယဲ့ချန်ပါ။ ငါ အရင်က လမ်းမှားပြီး လွဲချော်ခဲ့ဖူးတယ်။"

"ဒီအစ်ကိုလေး ဘာကို ဆိုလိုတာလဲ။"

ထန်ကျိကွမ်က တွေးတောသည်။

"ထန်မော့ရွှေကို စနောက်ချင်ရုံသက်သက်လား။ ဒါမှမဟုတ် သူ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တာလား။ သူ ဘာဖြစ်ခဲ့လဲဆိုတာ အရမ်းသိချင်မိတယ်။"

"ဟားဟားဟား..."

ညွှန်ကြားရေးမှူးလော့က ရယ်မောလိုက်သည်။

"ခင်ဗျားတို့ နားမလည်ပါဘူး။ သူက ငွေလည်း မလိုချင် ခန္ဓာကိုယ်လည်း မလိုချင်ဘူး။ သူလိုချင်တာက ထန်မော့ရွှေရဲ့ နှလုံးသားကိုပဲ။ ရှေ့ဆက်ဖို့အတွက် နောက်ဆုတ်ပေးလိုက်တဲ့ နည်းဗျူဟာပဲ။ လူငယ်တွေကတော့ တကယ်ကို အရည်အချင်းရှိကြတယ်။"

ထန်မော့ရွှေက တည်ငြိမ်စွာ ပြောသည်။

"ကျွန်မက အကျိုးအမြတ် ရနေတာပါ။ ကျွန်မရဲ့ ဂုဏ်သိက္ခာက ဘာမှမဟုတ်ပါဘူး။ အဖေ့အသက်ကသာ အရေးအကြီးဆုံးပါ။ ဒါကို ကျွန်မ ဖြေရှင်းပါ့မယ်။"

"ကောင်းပြီ။ ထန်မော့ရွှေ ဂုဏ်သိက္ခာဆိုတာ အရေးအကြီးဆုံး မဟုတ်ဘူးဆိုတာ မင်း နားလည်လာပြီဆိုရင် မင်း တကယ်ကို ရင့်ကျက်သွားပြီပေါ့။"

ညွှန်ကြားရေးမှူးလော့က ချီးကျူးသည်။

ယဲ့ချန် ထန်မိသားစုအိမ်တော်မှ ထွက်လာပြီးနောက် စီးကရက်ကို အေးဆေး ဖွာလိုက်သည်။ ထန်ကျိကွမ်က သူ့ကို မြို့ထဲသို့ ပြန်ပို့ရန် ကားတစ်စီး စီစဉ်ပေးလိုက်သည်။ ကားပေါ်တွင် ယဲ့ချန်သည် ဆေးပညာကျွမ်းကျင်မှု ထူးဆန်းပြီး ရှားပါးသော ရောဂါများ စာအုပ်ကို သင်ယူလိုက်သည်။ သို့သော် ဤကျွမ်းကျင်မှုမှာ သာမန်ရောဂါများကို မကုသနိုင်ဘဲ အလွန်ရှားပါးသော ရောဂါများကိုသာ ကုသနိုင်သည်ဖြစ်ရာ ယဲ့ချန်မှာ စကားမပြောနိုင်အောင် ဖြစ်သွားရသည်။

ထိုအချိန်တွင် ဖုန်းမြည်လာသည်။ ရှယန်နန် ဖြစ်သည်။

"ရှယန်နန် သရဲနောက်တစ်ခါ ထပ်တွေ့ပြန်ပြီလား။"

"ဆရာကြီး.. မစပါနဲ့။ ကျွန်မ အခု အလုပ်ကပြန်လာတာ တစ်ယောက်တည်း မပြန်ရဲဘူး။ ဆရာကြီးအချိန်ရရင် လိုက်ပို့ပေးပါလား။ ဒီနေ့လည်း တစ်ယောက်ယောက်က ကျွန်မနောက်ကို လိုက်နေသလို ခံစားရတယ်..."

ရှယန်နန် မင်းကတော့ တကယ့်ကို ပြဿနာ အိုးပဲ။

All Chapters