Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄ - ဆန္ဒလေးတစ်ခု။

"ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးနဲ့ အချိန်အကြာကြီး အနှောင့်အယှက် ခံနေရရင် ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာပါ အကြီးအကျယ် ထိခိုက်လိမ့်မယ်။ ကံကြမ္မာတွေ ပျက်စီးပြီး ဘာလုပ်လုပ် အဆင်မပြေဖြစ်မယ်။ သတိမထားမိရင် သူက ခင်ဗျားကို ပူးကပ်သွားပြီး သက်တမ်းတိုသွားနိုင်တယ်။"

ယဲ့ချန်က ခဏစဉ်းစားပြီးနောက် ပြောသည်။

"ဒါပေမဲ့ မကြောက်ပါနဲ့။ မင်းကို နှောင့်ယှက်နေတဲ့ သရဲက ဝိညာဉ်ရေးရာ အားနည်းပါတယ်။ မဟုတ်ရင် မင်းကို ပူးကပ်ပြီးနေလောက်ပြီ။ ကိစ္စမရှိပါဘူး ငါအစအဆုံး ကူညီပေးပါ့မယ်။ ဒီနေ့ညတော့ မင်းနဲ့အတူ ရှိနေပေးမယ်။ သူ ထပ်ပေါ်လာရဲရင် ငါ သူ့ရဲ့ ဝိညာဉ်ကို ပြန့်ကျဲသွားအောင် လုပ်ပစ်မယ်။"

"မင်း ဘယ်မှာလဲ။"

ယဲ့ချန်က မေးသည်။

"ဆရာကြီး.. Academy လမ်းမပေါ်က 24 နာရီ 7-Eleven ဆိုင်ရှေ့မှာပါ။ သိလားရှင့်။"

"သိပါတယ်။"

"ကျွန်မ အဲ့ဒီဆိုင်အပေါက်ဝမှာပဲ စောင့်နေပါ့မယ်။"

"ကောင်းပြီ အခုပဲ လာခဲ့မယ်။"

ဖုန်းချပြီးနောက် ယဲ့ချန်သည် ကားကို Academy လမ်းမသို့ မောင်းခိုင်းလိုက်သည်။ သူမ၏ ကိုယ်လုံးတီးပုံတွေကို မြင်ဖူးထားသည်ဖြစ်၍ သူ တာဝန်ယူရမည်။ သူက အခြားသူတွေကို စွန့်ပစ်သွားမည့် သဘောထားမျိုးမရှိသော စိတ်ထားကောင်းရှိသူတစ်ယောက် ဖြစ်သည်ဟု ယဲ့ချန်က သူ့ကိုယ်သူ တွေးမိသည်။

ထို့အပြင် ဤခရီးစဉ်တွင် တာဝန်တစ်ခုကိုလည်း ပြီးမြောက်အောင် လုပ်နိုင်ဦးမည်။ ယေဘုယျအားဖြင့် ဝိညာဉ်များနှင့် သရဲတစ္ဆေများ ပါဝင်သော တာဝန်များတွင် ဆုလာဘ်ကောင်းကောင်း ရလေ့ရှိသည်။

ကား Academy လမ်းမပေါ် ရောက်သောအခါ ယဲ့ချန်သည် ဆိုင်ရှေ့တွင် ရပ်နေသော ရှယန်နန်ကို မြင်လိုက်ရသည်။ သူမသည် အနက်ရောင် Lolita စတိုင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လျှို့ဝှက်ဆန်းကြယ်ကာ နုပျိုလန်းဆန်းနေသည်။

သူမကို ကြည့်လိုက်သည်နှင့် ယဲ့ချန် စိတ်ထဲတွင် ကာကွယ်ပေးချင်စိတ် ပေါ်လာသည်။

ရှယန်နန်မှာ ယဲ့ချန်ရှေ့တွင်မူ အလုပ်ရှင် သူဌေးမတစ်ယောက်၏ ခံ့ညားသော ပုံစံမျိုးမဟုတ်ဘဲ ရှက်ရွံ့ပြီး ပျော်ရွှင်နေသော မိန်းကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

"မင်း ငှားထားတဲ့ အိမ်က ဘယ်နားမှာလဲ။"

ယဲ့ချန်က မေးသည်။

"Urban Forest လူနေအိမ်ရာမှာပါ။ ဒီရှေ့က မီးပွိုင့်ကျော်လိုက်ရင် ရောက်ပါပြီ။"

ရှယန်နန်က ပြုံး၍ ပြောသည်။

"ဆရာကြီး ဒီနေ့ အလုပ်မှာ ထမင်းစားထားလို့ ဗိုက်က နည်းနည်းလေး ပြည့်နေတယ်။ ပြီးတော့ ရုံးမှာ တစ်နေကုန် ထိုင်နေရလို့ ဗိုက်လေး နည်းနည်း ပူလာသလိုပဲ အရမ်း ရုပ်ဆိုးတယ်နော်။"

"မပူပါဘူး မပူပါဘူး။"

ယဲ့ချန်က ချက်ချင်း ဖြေသည်။

"ငါ မင်းကို နာကျင်မှု သက်သာစေတဲ့ အဆောင် ကပ်ပေးတုန်းက ထိမိသေးတယ်ဘယ်မှာ ပူနေလို့လဲ။"

"အာ..."

ရှယန်နန်မှာ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ရာ သူမ၏ မျက်နှာမှာ ပန်းရောင်သမ်းသွားသည်။

"ဆရာကြီးကို ကျေးဇူးတင်ပါတယ်။ အဆောင်ပေးပြီးကတည်းက ကျွန်မ ရာသီလာရင် နာတာတွေ သက်သာသွားရုံတင်မကဘဲ ကောင်းကောင်းအိပ်ပျော်တယ်။ အလုပ်ကပြန်လာရင် ခန္ဓာကိုယ်ပေါ်မှာ ဘာတွေ လေးလံနေသလိုမျိုး မဖြစ်တော့ဘူး။"

စက္ကန့်အနည်းငယ် အကြာတွင်။

"ဒါနဲ့ ဆရာကြီးငယ်ငယ်ကတည်းက ကျွန်မ ဆန္ဒလေးတစ်ခု ရှိခဲ့တယ် ကူညီပေးနိုင်မလား။"

"ဘာဆန္ဒလဲ။"

ယဲ့ချန်က စိတ်ဝင်တစား မေးသည်။

"ကျွန်မ သရဲဆိုတာ ဘာပုံစံလဲဆိုတာ ကိုယ်တိုင် မြင်ဖူးချင်တယ်။"

ရှယန်နန်က ပြောသည်။

"ဖြစ်နိုင်ပါ့မလား ခုနက တံခါးခေါက်သရဲကို ကြောက်လွန်းလို့ အသက်တောင် မနည်းရုန်းခဲ့ရတာ မဟုတ်လား။"

ယဲ့ချန်မှာ အံ့ဩသွားသည်။

"ဆရာကြီးရှိနေရင် ကျွန်မ မကြောက်ပါဘူး။ ကျွန်မက ငယ်ငယ်ကတည်းက သရဲတွေ ဝိညာဉ်တွေအကြောင်း စိတ်ဝင်စားတာ။ အဲ့ဒီသရဲက ဘယ်လို ပုံစံလဲဆိုတာ မမြင်လိုက်ရလို့ပါ။"

နှစ်ယောက်သား မီးပွိုင့်ဆီ ရောက်လာသည်။ လမ်းမပေါ်တွင် လူသူရှင်းလင်းနေသော်လည်း နှစ်ယောက်စလုံးက မီးပွိုင့်စည်းကမ်းကို လိုက်နာကြသည်။

"ဒါနဲ့ ရှယန်နန် တကယ်တော့... အခု ဒီအချိန်မှာပဲ ငါတို့ဘေးမှာ မီးပွိုင့်စောင့်နေတဲ့ သူတွေ အများကြီး ရှိနေတယ်။"

ယဲ့ချန်က ရုတ်တရက် ပြောသည်။

"အခုက သန်းခေါင်ယံနီးနေပြီ။ ဝိညာဉ်တွေက သူတို့ အသက်ရှင်တုန်းက အကျင့်အတိုင်း မီးနီရင် ရပ် မီးစိမ်းရင် သွား လုပ်နေကြတာလေ။ ဟိုကြည့်ပါဦး ငါတို့ ဘေးမှာ အများကြီးပဲ