← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅ - အခု မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။

ယဲ့ချန်၏ စကားကို ကြားလိုက်ရသောအခါ ရှယန်နန်၏ ရင်ထဲတွင် ရေခဲတမျှ အေးစက်သွားသည်။ သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မြင်ရလေ ကြောက်ရလေ ဖြစ်လာပြီး နောက်ဆုံးတွင် ထိန်းမရတော့ဘဲ ယဲ့ချန်၏ လက်မောင်းကို ငှက်ကလေးတစ်ကောင်လို ကပ်တွယ်မိတော့သည်။

ယဲ့ချန်သည် ထိုအဖြစ်အပျက်ကို သဘောကျနေသည်။ ထိုစဉ်မှာပင် မီးပွိုင့်၏ အချိန်ကုန်ဆုံးပြီး အစိမ်းရောင်သို့ ပြောင်းသွားသည်။

"မီးစိမ်းသွားပြီလေ။ ဘာလို့ အဲ့ဒီမှာပဲ ရပ်နေတာလဲ မြန်မြန်သွားရအောင်။"

လေးနက်သော လေသံဖြင့် တိုက်တွန်းလိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှယန်နန်မှာ ကြောက်လွန်း၍ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး တုန်ရီနေသော အသံဖြင့် မေးသည်။

"ဆရာကြီး.. ဘယ်သူ့ကို ပြောနေတာလဲ။"

"မင်း ဘယ်သူလို့ ထင်လို့လဲ။"

ယဲ့ချန်က ရယ်မောသည်။

"သူတို့ကို ပြောတာပေါ့။"

"ကျွန်မကို မစပါနဲ့။"

ရှယန်နန်မှာ ကျောရိုးထဲမှ ရေခဲတမျှ အေးစက်မှုကို ခံစားလိုက်ရသည်။ သူမသည် မျက်လုံးကို အမြန်မှိတ်လိုက်ပြီး လက်အုပ်ချီကာရေရွတ်သည်။

"ခွင့်လွှတ်ပါ၊ ကျွန်မ ရှင်တို့ကို မမြင်ရပါဘူး၊ ကျွန်မ မမြင်ရပါဘူး..."

"ကောင်းပြီ ငါတို့လည်း လမ်းကူးရအောင်။"

" လည်းဟုတ်လား။ ဆရာကြီးဘာလို့ လည်း လို့ ပြောတာလဲ။"

ရှယန်နန်သည် အနည်းငယ် တွေးတောပြီးနောက် နောက်ဆုံးတွင် သွားကိုကြိတ်ကာ ယဲ့ချန်၏ လက်မောင်းကို အတင်းဖက်တွယ်လိုက်သည်။

ယနေ့ညတွင် ယဲ့ချန်သည် လှပသော မိန်းကလေးတစ်ယောက်၏ ဖက်တွယ်ခြင်းကို ခံရသည့် ဒုတိယအကြိမ် ဖြစ်သည်။ ပထမအကြိမ်မှာ စန်းယွီ ဖြစ်သည်။ သူ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။

"မင်းက တကယ့်ကို သတ္တိမရှိတာပဲနော်။ ခုနက သရဲကို မြင်ချင်တယ်လို့ အော်နေတာ ဘယ်သူလဲ။"

ယဲ့ချန်က နောက်ပြောင်သည်။

"ကျွန်မ စိတ်မပြင်ဆင်ရသေးလို့ပါ။"

.ရှယန်နန်က ပြန်ပြောသည်။

တကယ်တော့ ယဲ့ချန်တွင် ပုံစံကို ဖော်ပြပေးသော အဆောင် ဟုခေါ်သော စနစ်ဆုလာဘ်တစ်ခု ရှိသည်။ ဤအဆောင်သည် ဝိညာဉ်များ တစ္ဆေများနှင့် မကောင်းဆိုးဝါးများကို သတ်မှတ်ထားသော အကွာအဝေးအတွင်း သုံးမိနစ်ကြာ မြင်တွေ့နိုင်အောင် ပြုလုပ်ပေးနိုင်သည်။

အကယ်၍ အနီးနားတွင် တကယ်ပဲ သရဲရှိနေပါက ယဲ့ချန်သည် ထိုအဆောင်ကို မီးရှို့ပြီး ရှယန်နန်၏ ငယ်စဉ်ကတည်းက ဖြစ်ချင်နေသော ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

သို့သော်လည်း လမ်းမပေါ်တွင် စောင့်ကြည့်ကင်မရာများနှင့် လူသွားလူလာများ ရှိနေသဖြင့် အဆင်မပြေပေ။

နှစ်ယောက်သား လမ်းကူးပြီးနောက်။

"ကောင်းပြီ မကြောက်ပါနဲ့တော့။ ငါ မင်းကို စတာပါ။ ပြီးတော့ တကယ်လို့ ဝိညာဉ်တွေ ရှိနေရင်တောင် သူတို့က အနှောင့်အယှက် မပေးကြပါဘူး။"

နှစ်ယောက်သား အကြည့်ချင်း ဆုံမိကြသည်။ ရှယန်နန်၏ ပါးပြင်များမှာ နီရဲသွားပြီး သူမ၏ မျက်လုံးများမှာ ဆောင်းဦးရာသီ ရေပြင်ကဲ့သို့ တောက်ပနေသည်။ သူမသည် ယဲ့ချန်၏ လက်မောင်းမှ လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ပြီး သူ့ကို အသာအယာ တွန်းလိုက်သည်။

ထိုသည်မှာ ရှယန်နန် သူမ၏ ဖခင်မှလွဲ၍ အခြားယောက်ျားတစ်ယောက်နှင့် ပထမဆုံးအကြိမ် အနီးကပ်ဆုံး ရှိခဲ့ခြင်း ဖြစ်သည်။ သူမ၏ နှလုံးသားမှာ သမင်ငယ်လေးတစ်ကောင်လို ခုန်နေသော်လည်း ယဲ့ချန်နှင့် နီးကပ်နေရခြင်းက သူမအား ဆောင်းရာသီတွင် မီးလှုံနေရသကဲ့သို့ နွေးထွေးပြီး လုံခြုံမှု ရှိစေသည်။

နှစ်ယောက်သား အတူတူ လမ်းလျှောက်သွားကြပြီး ရှယန်နန်မှာ ကြောက်စိတ် ပျောက်သွားသည်။

"ဆရာကြီး ဆရာကြီးက အရမ်းနွေးထွေးတာပဲ။"

"ဟုတ်တာပေါ့။ ငါ ပြောခဲ့သားပဲ ကျွန်တော် မိန်းကလေးတစ်ယောက်ရဲ့ လက်ကိုတောင် တစ်ခါမှ မကိုင်ဖူးသေးဘူး။ ကျွန်တော်က လူပျိူ ဖြစ်နေသေးလို့ ကျွန်တော့်ရဲ့ ယန်စွမ်းအားက အရမ်းကြီးမားတယ်။"

ရှယန်နန်မှာ စကားပင် မပြောနိုင်တော့ပေ။

ဆရာကြီးရေ... ဒီလို စကားမျိုး ပြောတတ်တာလား။ အခြေအနေကို အရမ်းအဆင်မပြေ ဖြစ်သွားစေတယ်။

"အဆင်မပြေ ဖြစ်သွားရင် တောင်းပန်ပါတယ်။ အသက် ၂၁ နှစ်အရွယ် လူပျို တစ်ယောက်ဖြစ်ရတာ နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်။"

ယဲ့ချန်က သူ့ကိုယ်သူ လှောင်ပြောင်ပြီး ရယ်သည်။

"ရှက်စရာ... ရှက်စရာ မဟုတ်ပါဘူး။ ကျွန်မကတော့ ဒါကို သာမန်ပဲလို့ ထင်ပါတယ်။"

ရှယန်နန်က ထောက်ခံသည်။

မသိလိုက်ခင်မှာပင် နှစ်ယောက်သား Urban Forest လူနေအိမ်ရာသို့ ရောက်ရှိလာကြသည်။ ဤအိမ်ရာမှာ လွန်ခဲ့သော နှစ်နှစ်က စတင်နေထိုင်ခြင်း ဖြစ်ပြီး ယန်မြို့တွင် အဆင့်မြင့် အိမ်ရာတစ်ခုအဖြစ် သတ်မှတ်သည်။

"ဆရာကြီး ရှောင်ဟုန် ကျွန်မအတွက် ငှားပေးထားတဲ့ အိမ်က ၂၂ လုံးမှာ..."

ရှယန်နန်သည် ယဲ့ချန်ကို အိမ်ရာအတွင်း ခေါ်သွားသည်။ လမ်းမီးအောက်တွင် ဝင်ပေါက်အနီးရှိ ပန်းခင်းတွင် အနက်ရောင်ကြောင်အချို့ကို တွေ့လိုက်ရသည်။ ကြောင်များသည် ယဲ့ချန်နှင့် ရှယန်နန်ကို အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ သူတို့မှာ မကြောက်ကြဘဲ ကျောကုန်းကို ကုန်းကာ အမွှေးများ ဖောင်းကြွပြီး သွားများကို ဖြဲကာ ဟစ်အော်နေကြသည်။

"ဒီကြောင်တွေ ဘာဖြစ်တာလဲ ချစ်ဖို့လည်း မကောင်းဘူး ကြောက်ဖို့ကောင်းလိုက်တာ။"

ရှယန်နန်သည် ယဲ့ချန်ကို အလိုလို ကပ်တွယ်လိုက်သည်။

ယဲ့ချန်သည် စက္ကန့်အနည်းငယ် တွေးလိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားသလို ရှိသော်လည်း အသေအချာ မသိပေ။

"ဘာမှ မဖြစ်ပါဘူး။ ရူးနေတဲ့ ကြောင်တွေပါ၊ သွားရအောင်။"

ယဲ့ချန်သည် ကြောင်များကို ဂရုမစိုက်ဘဲ ရှယန်နန်ကို ခေါ်၍ ဝင်ပေါက်ဆီသို့ ဝင်သွားသည်။

ရှယန်နန်က စကားဆက်ပြောသည်။

"ကျွန်မ ကြောင်တွေကို အထူးသဖြင့် အနက်ရောင်ကြောင်တွေကို မကြိုက်ဘူး။ သူတို့က လူ့လောကနဲ့ သရဲလောကကြားက သတင်းပို့သူတွေလို့ ပြောကြတယ်။ လူတစ်ယောက် သေသွားရင် သရဲ ဝိညာဉ်ကို လွမ်းဆွတ်ဖို့နဲ့ အနက်ရောင်ကြောင်တွေ အလောင်းနား မကပ်မိအောင် သုံးရက်လောက် စောင့်ကြည့်ရမယ်လို့ ပြောကြတယ်။ အနက်ရောင်ကြောင်က အလောင်းကို ကျော်သွားရင် ဆိုးရွားတဲ့ အရာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျွန်မက ခွေးလေး မွေးရတာ ပိုကြိုက်တယ်။ ခွေးတွေက ကျွန်မကို ကာကွယ်ပေးနိုင်တယ်လို့ ခံစားရတယ်။"

"အဲ့ဒါက အမြဲတမ်းတော့ မမှန်ပါဘူး။ ကြောင်တွေလည်း သူတို့ကို ဘယ်လို ဆက်ဆံလဲပေါ် မူတည်ပြီး ကျေးဇူးသိတတ်ကြပါတယ်။ အရာအားလုံးမှာ အကြောင်းနဲ့ အကျိုး ရှိပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် အားနည်းတဲ့သူတွေအတွက် ခွေးမွေးတာက ပိုကောင်းပါတယ်။"

ယဲ့ချန်က ရယ်မောသည်။

ဝင်ပေါက်ရှိ လှုပ်ရှားမှုအာရုံခံ မီးလုံးမှာ ပျက်နေသဖြင့် အလွန်မှောင်နေသည်။ မှောင်မိုက်ထဲတွင် မညီညာသော အသက်ရှူသံများကို ခပ်ရေးရေး ကြားနေရသဖြင့် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။

"ဆရာကြီး တစ်ယောက်ယောက်က ကျွန်မတို့နားမှာ ပုန်းနေသလိုပဲ။"

ရှယန်နန်သည် ယဲ့ချန်၏ လက်မောင်းကို ထပ်ဖက်လိုက်ပြီး တုန်ယင်နေသည်။

"ဘာကို ကြောက်စရာ လိုလို့လဲ။"

ယဲ့ချန်က ဂရုမစိုက်သလို ပြောသည်။

"ငါ ရှိနေတာပဲ စိတ်ချလက်ချ နေပါ ငါ့မှာ လူတစ်ယောက်ရဲ့ အသည်းနဲ့ သည်းခြေကိုတောင် ကွဲကြေသွားစေနိုင်တဲ့ နတ်ဘုရားလက်သီး ရှိတယ်။ လူပဲဖြစ်ဖြစ် သရဲပဲဖြစ်ဖြစ် ငါ့ဆီမှာ အကုန်ဒူးထောက်ရမှာပဲ ဟားဟားဟား..."

"ဆရာကြီးနဲ့ လိုက်လာလို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် အပေါ်ထပ်ကိုတောင် တက်ရဲမှာ မဟုတ်ဘူး။"

ရှယန်နန်က သူမ၏ အမြော်အမြင်ရှိမှုအတွက် ဝမ်းသာနေသည်။ နှစ်ယောက်သား ဓာတ်လှေကားဆီသို့ တရွေ့ရွေ့ သွားကြသည်။ ဓာတ်လှေကားမှာ ပထမထပ်တွင် ရှိနေသည်။

သူတို့ ဓာတ်လှေကားကို ဖွင့်လိုက်ကြသည်။

ဓာတ်လှေကားထဲရှိ မီးမှာ အနည်းငယ် မှိန်ဖျော့နေသည်။ ယဲ့ချန်နှင့် ရှယန်နန်တို့ ဓာတ်လှေကားထဲ ဝင်လိုက်ကြသည်။ ဓာတ်လှေကား တံခါး ပိတ်သွားသည်။ သို့သော် ဓာတ်လှေကား တံခါး ပိတ်သွားသည်နှင့် ယဲ့ချန်မှာ ရုတ်တရက် အေးစက်သော လေတိုက်ခတ်မှုကို ခံစားလိုက်ရသည်။

ရှယန်နန်မှာ နောက်သို့ ဆုတ်လိုက်သည်။ ယဲ့ချန်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ရင်းနှီးနေသော အနံ့တစ်ခုကို ရလိုက်သည်။

"ဆရာကြီး ကျွန်မငှားထားတဲ့ အိမ်က ၃၂ လွှာမှာပါ။ အဲဒါက နှစ်ထပ်အိမ် ပါ။ မကြာသေးခင်ကမှ ပြင်ဆင်ထားတာ။ ရှောင်ဟုန်က ရွေးပေးပြီး ဓာတ်ပုံ ပို့ပေးတယ်။ အိမ်က သန့်ရှင်းပြီး ကျွန်မလည်း သဘောကျတယ်။"

ရှယန်နန်က ယဲ့ချန်ဘေးတွင် စကားပြောနေသည်။

"အင်း..."

ဓာတ်လှေကားက ဖြည်းဖြည်းချင်း တက်သွားသည်။ ထိုစဉ်မှာပင် ဓာတ်လှေကားထဲရှိ ၂၉ လွှာ၏ ခလုတ်မီးမှာ လင်းလာသည်။

"ဟင်..."

ရှယန်နန်မှာ ရပ်တန့်သွားသည်။

"ဒီလောက် နောက်ကျနေပြီ ၂၉ လွှာမှာ ဓာတ်လှေကားကို သုံးနေတဲ့သူ ရှိနေတာလား။"

"ဟားဟား..."

ယဲ့ချန်က ရယ်သည်။ သူသည် စိတ်ထဲတွင် တစ်ချက်တွေးလိုက်ပြီး သိုလှောင်ခန်းထဲမှ ဝိညာဉ်ကို ထိန်းချုပ်သော အဆောင်၊ နတ်ဆိုးနှိမ်နင်းခြင်းအဆောင် နှင့် ပုံစံကို ဖော်ပြပေးသော အဆောင် တို့ကို ထုတ်လိုက်သည်။

"ယန်နန်..."

"ရှင် ဆရာကြီးဘာဖြစ်လို့လဲ။"

"မင်းက တကယ်ကို အရည်အချင်းရှိပြီး ဉာဏ်ကောင်းတဲ့သူ စိတ်ဓာတ်ခိုင်မာပြီး လှပတဲ့ အမျိုးသမီးတစ်ယောက်လို့ ငါထင်တယ်။"

ယဲ့ချန်က လေးနက်စွာ ပြောသည်။ ယဲ့ချန်၏ ရုတ်တရက် ချီးကျူးမှုကို ကြားလိုက်ရသော ရှယန်နန်မှာ ရှက်ရွံ့သွားသည်။

ယဲ့ချန်က လေသံကို ပြောင်းလိုက်သည်။

"ဒါပေမဲ့ မင်း အခြေခံ ဘဝဗဟုသုတ တစ်ခုတော့ သိထားသင့်တယ်။ အကယ်၍ ၂၉ လွှာက တစ်ယောက်ယောက်က ဓာတ်လှေကားကို ခေါ်လိုက်တယ်ဆိုရင် ဓာတ်လှေကားထဲက မီးခလုတ်က ဘယ်လိုလုပ် လင်းလာနိုင်မှာလဲ။"

"အာ..."

ရုတ်တရက် ရှယန်နန်မှာ ကြောက်မက်ဖွယ် ကောင်းသော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ သူမသည် အလိုအလျောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ယဲ့ချန်၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

သူမ၏ ခန္ဓာကိုယ်မှာ ယဲ့ချန်၏ ခန္ဓာကိုယ်နှင့် ကပ်နေသော်လည်း သူမ သတိမထားမိဘဲ တစ်ကိုယ်လုံး တုန်ယင်နေသည်။

ယဲ့ချန်သည် အချိန်မဆွဲတော့ပေ။ သူသည် မီးခြစ်ကို အမြန်ထုတ်ကာ ပုံစံကို ဖော်ပြပေးသော အဆောင်ကို မီးရှို့လိုက်သည်။

"ယန်နန် မင်း သရဲဆိုတာ ဘာပုံစံလဲ သိချင်တယ် မဟုတ်လား။ ကောင်းပြီ အခု မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။"

ပုံစံကို ဖော်ပြပေးသော အဆောင်မှာ ချက်ချင်း မီးလောင်ကျွမ်းသွားပြီး ရွှေရောင် အလင်းတန်းတစ်ခုသည် ကျဉ်းမြောင်းသော ဓာတ်လှေကား အတွင်းပိုင်းကို လင်းလက်သွားစေကာ အရာအားလုံးကို ထင်ရှားပြီး ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။

All Chapters